အခန်း (၃၅၂-၃၅၄)
Vol. 24 Ch. 352-354
အခန်း (၃၅၂) ကုအင်းဆက်အင်မော်တယ်
လူကြီးမင်းရွှယ်၏မင်္ဂလာပွဲသည် ကြီးမားသောစိတ်လှုပ်ရှားမှုတစ်ခု ဖြစ်စေခဲ့သည်။ မင်္ဂလာပွဲသို့ လူအများအပြား မတက်ရောက်ခဲ့ကြသော်လည်း မရေတွက်နိုင်သော လူများက မင်္ဂလာပွဲတစ်ခုလုံးကို ရုပ်သံလိုင်းအမျိုးမျိုးဖြင့် ကြည့်ရှုနေကြဆဲဖြစ်သည်။ မင်္ဂလာပွဲ၏ ကြီးကျယ်ခမ်းနားမှုသည် အလွန်အံ့ဩဖွယ်ကောင်းလှသည်၊ သို့သော် ပို၍ မက်မောစရာကောင်းသောအရာသည် မိန်းကလေးအများအပြားကို အားကျစေသည့် ပြည့်လျှမ်းနေသော အချစ်ဇာတ်လမ်းဖြစ်သည်။
အချိန်အတော်အတန်ကြာသည်အထိ “လက်ထပ်မည်ဆိုလျှင် လူကြီးမင်းရွှယ်ကဲ့သို့သော လူမျိုးကိုလက်ထပ်ရမည်” ဟူသည်ဆောင်ပုဒ်သည် အွန်လိုင်းတွင် အလွန် ရေပန်းစားနေခဲ့သည်။ သို့သော်လည်း အပြင်လောကတွင် လှုပ်ရှားမှုများနှင့် ပြည့်နှက်နေချိန်တွင် လူကြီးမင်းရွှယ်၊ အန်းယန်နှင့် ၎င်းတို့၏ သမီးလေးနှစ်ဦးသည် အိမ်ဟောင်းထဲတွင် ပုန်းကွယ်နေကြသည်။ ဤနေရာသည် နံပါတ်တစ်ရှန်ဗီလာ၏ ခမ်းနားမှုနှင့် ကျယ်ဝန်းမှုမျိုး မရှိခဲ့ပေ သို့သော် ၎င်း၏တန်ဖိုးသည် တခြားအရာများနှင့် အစားထိုး၍ မရပေ။
အထူးသဖြင့် လူကြီးမင်းရွှယ်နှင့် ပတ်သက်သော အချက်အလက်များကို ပိုမိုရရှိရန်အတွက် မီဒီယာများက နေရာတိုင်းတွင် ဝိုင်းရံ ပိတ်ဆို့နေသောအခါ ဤနေရာ၏ ငြိမ်းချမ်းမှုသည် ပို၍ အဖိုးတန်လာသည်။ မင်္ဂလာဆောင်ပြီးသည့်နေ့တွင် ကျောက်ရွှယ်ဟွေ့နှင့် အခြားလူများက ကျုံးတုသို့ ဦးစွာ ထွက်ခွာသွားကြသည်။ ၎င်းတို့သည် ယခု ကောင်းကင်ကံကြမ္မာဆေးကုမ္ပဏီ၏ စီနီယာ ခန့်ခွဲရေးမှုများဖြစ်ကြ၍ တစ်ရက်မျှ ဝေးကွာလျှင် သိသာထင်ရှားသောဆုံးရှုံးမှုများကို ဖြစ်ပေါ်စေလိမ့်မည်။
၎င်းတို့နှင့်အတူ ထွက်ခွာသွားသည်မှာ ချန်ရှို့ဟဲ၊ ဝေ့ရူယန်နှင့် အခြားသူများဖြစ်ကြသည်။ ၎င်းတို့ထွက်ခွာသွားပြီးနောက် လူကြီးမင်းရွှယ်၏ သာယာဖွယ်ဖြစ်သော အိမ်သည် အလွန် အသက်ဝင်နေပုံရသည်။ ဥပမာအနေဖြင့် ထန်ရွှမ်းအာ၊ ဖန်းမင်ရွှယ်နှင့် ဆုန်ယိတို့သည် အစားအသောက်များ အခမဲ့စားသောက်ရန် နေ့စဉ်နေ့တိုင်းရောက်လာကြသည်။ အခန်းကျဉ်းလေးထဲတွင် ရယ်မောသံများနှင့် ရွှင်မြူးသောအသံများက အမြဲတစေ ပြည့်နှက်နေသည်။
နောက်သုံးရက်အကြာတွင် မည်သူမှမရှိသည့် နံနက်စောစောတွင် ဖန်းမင်ရွှယ်သည် ကျုံးတုမှ တိတ်တဆိတ်ထွက်ခွာ၍ ဥရောပသို့ ပြန်သွားခဲ့သည်။ ထန်ရွှမ်အာသည်လည်း အလုပ်ဆက်လုပ်ရန် ပြန်သွားခဲ့သည်။ အရာအားလုံးသည် တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်သွားလေသည်။ ဆုန်ယိတစ်ယောက်သာ ပြန်မထွက်ခွာသေးဘဲ ထိုနေ့တွင် လူကြီးမင်းရွှယ်ကို လာတွေ့ခဲ့သည်။
"အရှင်၊ ရှန်ကျန်းမြို့ လေလံပွဲက ရက်ပိုင်းပဲလိုတော့တယ်၊ ကျွန်တော်တို့ အခုသွားကြတော့မလား"
"ကောင်းပြီ" ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
ပေကျန်းမြို့ရှိ ကိစ္စများကို ကိုင်တွယ်ပြီးပြီဖြစ်သောကြောင့် သူ့ဇနီးနှင့် သမီးလေးများကို သာယာသော ဟန်းနီးမွန်းခရီးစဉ်အတွက် ခေါ်ဆောင်ရန် အချိန်တန်ပြီဖြစ်သည်။ ဆုန်ယိသည် ရှန်ကျန်းမြို့ရှိ လေလံပွဲက စိတ်ဝင်စားဖွယ်ကောင်းသည်ဟု ပြောသောကြောင့် ရှန်ကျန်းမြို့သည် ၎င်းတို့၏ပထမဆုံး ရပ်တန့်မည့်နေရာဖြစ်သည်။ လူကြီးမင်းရွှယ်နှင့် ဆုန်ယိတို့သည် ရှန်ကျန်းမြို့သို့ ခရီးထွက်ရန် ပြင်ဆင်နေကြစဉ် ဇိမ်ခံဟိုတယ်တစ်ခုတွင် လူတစ်ချို့စကားပြောနေကြသည်။
"လူကြီးမင်းလုံ၊ အင်မော်တယ် လုရှားလည်း မနေ့က ရှန်ကျန်းမြို့ကို ရောက်နေပြီဆိုတဲ့ သတင်းကို ကျွန်တော်တို့ အခုပဲ ရထားတယ်"
“နားလည်ပြီ၊ မင်း ထွက်သွားလို့ရပြီ” လုံကွမ်ယွီက လျစ်လျူရှုစွာ ပြောလိုက်သည်။
“ဟုတ်ကဲ့"
သတင်းလာပို့သူ ထွက်ခွာသွားပြီးနောက်တွင် ရှေးဟောင်းရေတွင်း သို့မဟုတ် ဗုဒ္ဓရုပ်ပွားတော်ကဲ့သို့ တည်ငြိမ်သော လုံကွမ်ယွီ၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာ ပေါ်ပေါက်လာသည်။
"လုရှား ခင်ဗျားက မြောင်အင်မော်တယ် ချိုင့်ဝှမ်းမှာ အင်းဆက်ကောင်တွေနဲ့ ကစားမယ့်အစား ရှန်ကျန်းမြို့မှာ ဘာလာလုပ်နေလဲ... မဟုတ်မှလွဲရော... ခင်ဗျားလည်း ဒီလေလံပွဲကို စိတ်ဝင်စားနေတာလား" လုံကွမ်ယွီက ရေရွတ်လိုက်သည်။
ထိုအချိန်တွင် အခြားတစ်ယောက် တံခါးလာခေါက်ခဲ့သည်။
“ဝင်လာခဲ့” လုံကွမ်ယွီက မျက်လုံးမှိတ်၍ ပြောလိုက်သည်။
တံခါးဖွင့်လိုက်သောအခါ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဝင်ရောက်လာသည်။ အမျိုးသားသည် အသက်ငါးဆယ်ကျော်ခန့်ရှိ၍ မျက်နှာကြီးကြီးနှင့် ဝဝဖိုင့်ဖိုင့် အရွယ်အစားရှိသည်။ အကယ်၍ မီဒီယာများသာရှိနေပါက၊ ထိုသူကို ရှန်ကျန်းမြို့၏ နာမည်ကြီးသူဌေးကြီး လီဟော်အဖြစ် အသိအမှတ်ပြုကြမည်မှာ သေချာသည်။ အမျိုးသမီးသည် ရှန်ကျန်းမြို့၏ နုပျိုလှပသော နာမည်ကြီး ရုပ်ရှင်မင်းသမီး စီကျင်းဖြစ်သည်။ လူကြီးမင်းလုံသည် ထိုက်ရှီကုလားထိုင်ပေါ်တွင် မျက်စိမှိတ်ထားလျက် ထိုင်နေသည်ကို မြင်သောအခါ နှစ်ဦးစလုံးက အလျင်အမြန် ဦးညွှတ်လိုက်ကြသည်။
"သခင်ကြီးကွမ်"
"ပြောပါဦး၊ ဒီကို ဘာလာလုပ်လဲ" လုံကွမ်ယွီက ဘာသိဘာသာ ပြောလိုက်သည်။
လီဟော်နှင့် စီကျင်းတို့က အချင်းချင်း ပြန်ကြည့်ပြီးနောက် စီကျင်းက မဝံ့မရဲ ပြောလာသည်။
“လူတစ်ယောက်ကို ဖြေရှင်းပေးဖို့ အကူအညီတောင်းချင်လို့ပါ သခင်ကြီး”
"အိုး ဘယ်သူ့ကိုလဲ"
"ကျွန်မကို အမြဲတမ်း နှောင့်ယှက်နေတဲ့ မိန်းမယုတ်တစ်ယောက်ပါ" ဤသို့ပြောနေစဉ် စီကျင်း၏မျက်နှာပေါ်တွင် နာကျည်းမှုများ ပေါ်ပေါက်လာသည်။
"ဆယ်သန်း" လုံကွမ်ယွီက ၎င်းတို့၏ အာဃာတများကို သိပ်ဂရုမစိုက်ဘဲ တိုက်ရိုက်ပြောလိုက်သည်။
စီကျင်း၏ မျက်နှာတွင် တုံ့ဆိုင်းနေသော အမူအရာမျိုး ဖြတ်ကျော်သွားသည်။ ငွေဆယ်သန်းသည် သေးငယ်သော ငွေပမာဏ မဟုတ်ပေ။ ပြီးနောက် သူမက လေးနက်စွာ ပြောလိုက်သည်။
“သခင်ကြီး၊ ပစ်မှတ်ကို သတ်ရင် တခြားသူတွေ သံသယ မဝင်လောက်ပါဘူးနော်"
"ခင်ဗျားက ကျုပ် အရည်အချင်းကို မေးခွန်းထုတ်နေတာလား" လုံကွမ်ယွီက မျက်မှောင်ကြုတ်လိုက်သည်။
ပြင်းထန်သော သွေးရောင် အငွေ့အသက်များ သူမကို လွှမ်းခြုံလာသည်။ ထိုအခါ စီကျင်းက တုန်တုန်ယင်ယင်ဖြင့် အလျင်အမြန် ပြောလိုက်သည်။
"အဲ့လို မဟုတ်ပါဘူး။ ဒီအတိုင်း မေးလိုက်တာပါ။ နည်းနည်းလောက် ဈေးသက်သာပေးနိုင်မလား သခင်ကြီး"
"စျေးသက်သာဖို့လား၊ ဟားဟား။ စျေးသက်သာချင်ရင် ခင်ဗျားရဲ့ပြိုင်ဘက်ကို ဖြေရှင်းဖို့ ယွမ်ငါးထောင်ပေးပြီး လူမိုက်တစ်ယောက်ကို ငှားလို့ရတယ်" လုံကွမ်ယွီက ပြောပြီးနောက် မျက်လုံးမှိတ်လိုက်သည်။
စီကျင်းက အံကြိတ်လိုက်သည်။
“ဆယ်သန်းဆိုရင်လည်း ဆယ်သန်းပေါ့၊ ပစ်မှတ်ကို သတ်ပေးသရွေ့ ကျန်တာအကုန်လုံး ညှိနှိုင်းလို့ရပါတယ်"
"ကျုပ်ကို မွေးသက္ကရာဇ်ပေး" ငွေလက်ခံရရှိပြီးနောက် လုံကွမ်ယွီက ဘာသိဘာသာဖြင့် ပြောလိုက်သည်။
ပြင်ဆင်လာသော စီကျင်းက ရန်သူ၏မွေးသက္ကရာဇ်ကို ရေးသားထားသော စာရွက်တစ်ရွက်ကို ထုတ်ပေးလိုက်သည်။ လုံကွမ်ယွီသည် ၎င်းကိုလက်ခံ၍ ကြည့်ပြီးနောက် သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုပေါ်လာသည်။
"တစ်နှစ်တာ အကောင်းဆုံး လူငယ်ဆုကို ဆွတ်ခူးခဲ့တဲ့ ရုပ်ရှင်မင်းသမီး ကုန်းရှောင်ချင်လား"
စီကျင်းသည် သူမ၏ခေါင်းကို လေးလေးနက်နက် ငုံ့ထားလိုက်သည်။
"ကောင်းပြီ၊ ခင်ဗျား အခုထွက်သွားနိုင်ပြီ။ သုံးရက်အတွင် သူ ရုတ်တရက် သေဆုံးသွားတဲ့အကြောင်း သတင်းစာမှာ ဖတ်ရလိမ့်မယ်"
စီကျင်းက တစ်ခုခုပြောချင်ဟန်ဖြင့် တုံ့ဆိုင်းနေခဲ့သော်လည်း လီဟော်က သူမကို လှမ်းဆွဲပြီးနောက် လုံကွမ်ယွီကို ပြုံးပြလိုက်သည်။
"ဒါဆို ကျွန်တော်တို့ ပြန်ပါတော့မယ် လူကြီးမင်းလုံ"
လုံကွမ်ယွီသည် သူ၏မျက်လုံးများကို မှိတ်ထားလျက် အသိအမှတ်ပြုကြောင်း ညည်းညူလိုက်သည်။ စီကျင်းနှင့် လီဟော်တို့ ဟိုတယ်မှ ထွက်ခွာလာသည်နှင့် စီကျင်းက ကိုယ့်ကိုယ်ကို မထိန်းနိုင်ဘဲ မေးလိုက်သည်။
"သူဌေး၊ ဒီသခင်ကြီး တကယ်လုပ်နိုင်တာ ဟုတ်လို့လား၊ အဲဒါက ဆယ်သန်းနော်။ တကယ် မလုပ်နိုင်ရင် ဘယ်လိုလုပ်မလဲ"
"မင်း ဘာသိလို့လဲ လူကြီးမင်းလုံက ရှန်ကျန်းမြို့ကို လွန်ခဲ့တဲ့ သုံးလလောက်က ရောက်ကတည်းက အကြိမ်ပေါင်း တစ်ဒါဇင်ကျော်လောက် သူကတိကို မဖျက်ဘဲ လှုပ်ရှားပြီးပြီ၊ ဒါ့အပြင် သူ့နည်းလမ်းတွေက နက်နဲလွန်းတယ်။ သူက အရမ်းရက်စက် ကြမ်းကြုတ်လွန်းတဲ့ နန့်ယန်က ကျန်းထော်ပညာကို အသုံးချနေတာ။ ခုနက မင်း သူ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် ဆက်မေးနေမယ်ဆိုရင် မင်းကို သက်ညှာမှာ မဟုတ်ဘူး" လီဟော်က ရယ်မောလိုက်သည်။
စီဂျင်က အသက်ပြင်းပြင်းရှူပြီးနောက် စကားပင် မပြောရဲတော့ပေ။ ထိုအချိန်တွင် ဟိုတယ်ခန်းထဲတွင် မျက်လုံးမှိတ်လျက် အနားယူနေသော လုံကွမ်ယွီသည် သူ့လက်ထဲရှိ စာရွက်သည် တစ္ဆေမီးတောက်ဖြင့် ရုတ်တရက် လောင်ကျွမ်းသွားကြောင်း တွေ့လိုက်ရသည်။
ဤသည်မှာ ရှန်ကျန်းမြို့ရှိ ညစ်ညမ်းသော လမ်းကြားတစ်ခုဖြစ်သည်။ မြေပြင်တွင် ညစ်ညမ်းသော အမှိုက်သရိုက်များ၊ မိလ္လာမျိုးစုံတို့ဖြင့် ပြည့်နှက်နေသည်။ လုရှားသည် လမ်းကြားမှ ဖြည်းညှင်းစွာ လျှောက်လာပြီးနောက် အဆုံးရှိ တင်းကျပ်စွာ ပိတ်ထားသော အိမ်၏ တံခါးကို ညင်သာစွာ ခေါက်လိုက်သည်။
"ဘယ်သူလဲ" တံခါးပွင့်လာသောအခါ ပါးစပ်ချွန်ချွန် မျောက်မျက်နှာနှင့် အမျိုးသားက သံတိုက်နောက်မှ စိတ်မရှည်စွာ မေးလိုက်သည်။
လုရှားသည် စာရွက်တစ်ရွက် ပေးလိုက်ပြီးနောက် လေးလံသော အရပ်သား ဒေသိယစကားဖြင့် ပြောလိုက်သည်။
"ကျုပ် အားဖေးကို လာရှာတာ"
ထိုလူက လုရှားကို အကဲခတ်လိုက်သည်။ လုရှား၏အဝတ်အစားများကို အလွန် လျှော်ဖွပ်ရာမှ မီးခိုးရောင်အဖြစ် မှေးမှိန်နေသော ကြမ်းတိုက်အဝတ်မှ ဖြတ်တောက်ထားသောကြောင့် သူမကို အလွန် တောဆန်စေသည်။
ထိုလူက မထီမဲ့မြင်ပြုသွာ ကြည့်ပြီးနောက် မောက်မာစွာ ပြောလိုက်သည်။
“ကျုပ်တို့အစ်ကိုဖေးကို တွေ့ရအောင် ခင်ဗျားက ဘယ်သူလဲ”
"ချိုင့်ဝှမ်းက လူတစ်ယောက်လာရှာတယ်လို့သာ ပြောလိုက်ပါ" လုရှားသည် အလုပ်ကြမ်းလုပ်ရာမှ ကြမ်းတမ်းနေသော သူမ၏ လက်များကို ပွတ်သပ်လျက် ရိုးသားသော အပြုံးဖြင့် ပြောလိုက်သည်။
"ကောင်းပြီ စောင့်နေ" ထိုလူက စိတ်မရှည်စွာ ထွက်သွားလေသည်။
လုရှားသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီးနောက် ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
"အားဖေးက ဒီလိုနေရာမျိုးမှာ တကယ် အခြေချ နေထိုင်နေတာပဲ၊ ဒီမှာနေတာ အရမ်းကြာသွားရင် သူ့ရဲ ကုနှလုံးသားကို တဖြေးဖြေး ဆုံးရှုံးလာလိမ့်မယ်"
အားဖေးသည် အသက်နှစ်ဆယ်ကျော်သာရှိသေးသောကြောင့် သူ၏မျက်နှာတွင် အထိန်းအကွပ်မဲ့သော အံတုမှုများနှင့် ပြည့်နှက်နေသည်။ ထိုအချိန်တွင် သူသည် မြင်းပြိုင်ပွဲကို ရုပ်မြင်သံကြားမှ စေ့စေ့ကြည့်နေခဲ့သည်။ ပါးစပ်ချွန်ချွန် မျောက်မျက်နှာနှင့် အမျိုးသားက အထဲသို့ ဝင်လာသည်။
"အစ်ကိုဖေး၊ အပြင်မှာ လူတစ်ယောက်က အစ်ကို့ကို ရှာနေတယ်"
အားဖေးက မျက်မှောင်ကြုတ်၍ စိတ်မရှည်စွာ ပြောလိုက်သည်။
"ဘယ်သူလဲ၊ ငါ ဒီမှာ အလုပ်ရှုပ်နေတာ မတွေ့ဘူးလား"
"ကျွန်တော်လည်း မသိဘူး"
" မသိရင် နှင်ထုတ်လိုက်" အားဖေးက စိတ်တိုတိုဖြင့် ပြောပြီးနောက် ရှုံးသွားသော လောင်းကြေးစာရွက်ကို စုတ်ဖြဲပစ်လိုက်သည်။
“ကောင်းပါပြီ” ထိုအမျိုးသားက လှည့်ထွက်သွားသည်။
အခန်း (၃၅၃) နန့်ယန်ကျိန်စာ
အားဖေးက အမျိုးသားကို ရုတ်တရက် လှမ်းမေးလိုက်သည်။
"ခဏနေဦး၊ အဲ့လူက ဘယ်လိုပုံစံရှိလဲ"
"သူက တောဆန်ပြီး အိမ်တွင်းဖြစ် အဝတ်အစားမျိုးကို ဝတ်ထားတယ်။ ဪ၊ ဟုတ်သား ချိုင့်ဝှမ်းကလို့လည်း ပြောတယ်" ထိုအမျိုးသား၏ စကားမဆုံးမီတွင် အားဖေးသည် နေရာမှ ထ၍ ပြေးထွက်သွားလေသည်။
"အစ်ကိုဖေး" ထိုလူက မည်သည့်အရာများ ဖြစ်ပွားနေသည်ကို မသိသဖြင့် ကမန်းကတန်း ထအော်လိုက်သည်။
"ငါ ပြန်လာရင်၊ မင်းနဲ့ စာရင်းရှင်းမယ်" အားဖေးက နောက်ပြန်မလှည့်ဘဲ အော်ပြောလိုက်သည်။
တံခါးဝသို့ ရောက်သောအခါ လုရှားကိုတွေ့လိုက်သည်နှင့် အားဖေး၏မျက်နှာရှိ အံတုမှုများ ပျောက်ကွယ်သွား၍ အဆုံးစွန်သော လိုက်နာမှု၊ လေးစားမှုတို့ဖြင့်သာ အစားထိုးသွားလေသည်။
"ကုဆရာ" အားဖေးက သံတံခါးကို ဖွင့်ပြီးနောက် အလွန် ရိုသေလေးစားစွာ ပြောလိုက်သည်။
လုရှားက ပြုံးရွှင်၍ ပြောလိုက်သည်။
"မင်းကိုခေါ်ဖို့ စဉ်းစားနေတာ၊ ဒါပေမယ့် မင်း ဖုန်းနံပါတ်ကို ငါမေ့သွားလို့။ ကံကောင်းချင်တော့ ငါ့မှာ မှတ်စုရှိနေတော့ လမ်းမေးပြီး လာခဲ့တာ"
အားဖေးသည် လုရှား၏လက်ထဲရှိ အထုပ်ကို စိတ်အားထက်သန်စွာ ယူလိုက်ပြီးနောက် လုံ့လဝီရိယရှိစွာ လမ်းပြလိုက်သည်။ ဤမြင်ကွင်းကို မြင်သူတိုင်းက အံ့အားသင့်သွားကြသည်။ နာမည်ဆိုးနှင့် ကျော်ကြားသော အစ်ကိုဖေး၏ ဤမျှ နာခံနေမှုကို ယခင်က မမြင်တွေ့ဖူးကြပေ။ ပိန်ပါးသော မျောက်မျက်နှာနှင့် အမျိုးသားသည် ကြောက်ရွံ့စွာ တုန်လှုပ်နေသည်။
မည်သည့် ဆန်းပြားမှုမှ မရှိသော ဤလူသည် အလွန် အရေးပါသူတစ်ဦး ဖြစ်နေလေသလော။ သန့်ရှင်းသပ်ရပ်သော အခန်းလွတ်သို့ ရောက်ရှိလာသောအခါ အားဖေးက ရိုသေကိုင်းရှိုင်းစွာ ဒူးထောက်လိုက်သည်။
“ကုဆရာ၊ ရှန်ကျန်းမြို့မှာ အလုပ်ကိစ္စရှိလို့ပါလား”
လုရှားက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ "ငါတို့ ချိုင့်ဝှမ်းထဲမှာ မဟုတ်တော့ ဒီလိုစည်းမျဥ်းစည်းကမ်းတွေ လိုက်နာစရာ မလိုအပ်ပါဘူး။ ဒီတစ်ခေါက် ငါ ရှန်ကျန်းမြို့ကို ပစ္စည်းတစ်ခုအတွက် လာခဲ့တာ"
"အဲဒါက လေလံပွဲက ပစ္စည်းလား" အားဖေးက မေးလိုက်သည်။
"ဟုတ်တယ်၊ မင်း ဒီအကြောင်းကို ဘယ်လိုသိတာလဲ"
"ကျွန်တော်မှာ ရှန်ကျန်းမြို့က လေးစားရတဲ့ ပုဂ္ဂိုလ်တွေကို သိတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်၊ သူတို့အားလုံးက လေလံပွဲအကြောင်း ပြောဖူးကြတယ်။ နောက်ပြီး ကျော်ကြားနေတဲ့ လုံကွမ်ယွီက ဒီပစ္စည်းကြောင့် ဒီကို ရောက်နေတယ်တဲ့"
လုရှားက ပြုံးလိုက်သည်။
"ဒီပစ္စည်းက နန့်ယန်နတ်ဝိဇ္ဇာမျိုးရိုးအတွက် ပိုအရေးကြီးတာမို့လို့ သူရောက်လာတာ မဆန်းပါဘူး"
“ဟုတ်ကဲ့” အားဖေးက ဦးညွှတ်၍ ပြန်ဖြေလိုက်သည်။
အားဖေးကို ခေတ္တလေ့လာပြီးနောက် လုရှားက မျက်မှောင်ကြုတ်လိုက်သည်။
"မင်းရဲ့ ကုလမ်းစဉ်ရော ဘယ်လိုလဲ၊ ငါ့ကိုပြပါဦး"
အားဖေးက တုန်ရင်သွားပြီးနောက် သူ၏ မွေးရာပါ ကုနည်းပညာကို ထိတ်လန့်တကြား လုပ်ဆောင်လိုက်သည်။
အခန်းတွင်း၌ ကျောက်စိမ်းရောင် မြွေငယ်လေး ပေါ်ပေါက်လာ၍ အခန်း၏ အပူချိန်ကို အလွန် လျှော့ချလိုက်သည်။
လုရှားက မျက်မှောင်ကြုတ်လိုက်သည်။
"ဒါပဲလား"
အားဖေးက မချိပြုံး ပြုံးကာ ခေါင်းညိတ်လိုက်သည်။
"မင်းရဲ့ ကုလမ်းစဉ်ကို တိုးတက်အောင် မလုပ်ရင် မင်းဘဝရဲ့လမ်းစဉ်က လုံးဝ အလဟသဖြစ်သွားလိမ့်မယ်" လုရှားက စိတ်ပျက်အားငယ်သော အရိပ်အမြွက်များဖြင့် ပြောလိုက်သည်။
အားဖေးသည် မည်သည့်စကားမျှ ပြန်မပြောဘဲ ခေါင်းငုံ့ထားလိုက်သည်။
“ကောင်းပြီ လေလံပွဲမရောက်ခင် ရက်ပိုင်းလောက် လိုသေးတယ်၊ မင်းကို ကုမှော်ပညာ သင်ပေးမယ်” လုရှားက ကြေညာလိုက်သည်။
အားဖေး၏ မျက်နှာသည် ညှိုးငယ်နေသော်လည်း မငြင်းဆန်ဝံ့ဘဲ ခေါင်းညိတ်လိုက်သည်။ “ဟုတ်ကဲ့”
ရွှယ်အန်း၏မိသားစုနှင့် ဆုန်ယိတို့သည် ရှန်ကျန်းမြို့သို့ ရောက်ရှိလာသောအခါ ကြိုဆိုမှုသည် အလွန် ခမ်းနားလှသည်။ သို့သော်လည်း လူအများအပြားက ဆုန်ယိအတွက် ရောက်လာခြင်းဖြစ်သည်။ ရွှယ်အန်းသည် မလိုလားအပ်သော ပြဿနာများကို ရှောင်ရှားရန်အတွက် သူအပြင် အန်းယန်နှင့် သမီးနှစ်ဦး၏ ပုံပန်းသဏ္ဍာန်ကို ဖုံးကွယ်ရန် နည်းလမ်းတစ်ခု အသုံးပြုလိုက်သည်။
ထို့ကြောင့် ၎င်းတို့သည် သာမန်မိသားစုလေးယောက်မျှသာ ဖြစ်ပုံပေါ်သည်။ ၎င်းတို့သည် အပြင်သွားတိုင်း အာရုံစိုက်ခံရမှုများ မဖြစ်ရလေအောင် အမြဲတစေ သတိမထားနိုင်ပေ။ မည်သို့ပင်ဆိုစေကာမူ၊ ၎င်းတို့သည် စူးစမ်းသော အကြည့်များစွာကို စွဲဆောင်နေဆဲဖြစ်သည်။ ဤမိသားစုသည် မည်သို့ကြောင့် ဆုန်ယိနှင့် အတူရှိနေရခြင်းကို လူအများအပြားက ပဟေဋိဖြစ်နေကြသည်။
ဆရာဆုန်၏ ဆွေမျိုးများ ဖြစ်နိုင်လေသလောဟု လူအများအပြားက ထင်ကြေးပေးနေကြသည်။ ၎င်းတို့အားလုံး ဟိုတယ်သို့ ပြန်ရောက်သည်နှင့် ဆုန်ယိကို ကြိုဆိုသည့် ဧည့်ခံပွဲကျင်းပရန် ဂုဏ်သရေရှိ မိသားစုအများအပြားက ဖိတ်ကြားချက်များ ပေးပို့လာကြသည်။
ရွှယ်အန်းက ရယ်မောလိုက်သည်။
"ခင်ဗျားက ရှန်ကျန်းမြို့မှာ နာမည်ကြီးသားပဲ"
ဆုန်ယိက ခါးသီးစွာ ပြုံးလိုက်သည်။
"ဒီအထက်တန်းလွှာ မိသားစုတွေက အရှင့်ရဲ့ အံ့ဩဖွယ် အစွမ်းတွေကြောင့်သာ ဒီလိုဖြစ်နေကြတာပါ အရှင်။ ကျွန်တော်က အလွန်ဆုံးရှိမှ ပြောရေးဆိုခွင့်ရှိသူပါ"
တစ်ဖက်တွင် ရွှယ်နျန်က မေးလိုက်သည်။
"ဖေဖေ၊ ပြောရေးဆိုခွင့်ရှိသူဆိုတာ ဘာလဲ ဟင်"
"ပြောရေးဆိုခွင့်ရှိသူဆိုတာတောင် မသိဘူး၊ နင်က တော်တော်တုံးတာပဲ ပြောရေးဆိုခွင့်ရှိသူက 'ဆား' ရှိတဲ့လူပေါ့" ရွှယ်ရှန်းက ပြောလိုက်သည်။
"အိုး အဲ့ဒါကို" ရွှယ်နျန်က ခေါင်းညိတ်လိုက်သည်။
ရွှယ်အန်းနှင့် အန်းယန်တို့သည် ဤစကားကိုကြားလိုက်သောအခါ ကြည်နူးမှုနှင့် စိတ်တိုမှုများ ရောနှောကာ ခံစားလိုက်ရသည်။ ဆုန်ယိက မရယ်မိသွားရန် အကောင်းဆုံးကြိုးစားနေရသည်။
ညနေပိုင်းတွင်။ ဘလဲတွန်ဟိုတယ်၏ အရှေ့၌။
"ရောက်ပြီ။ ညီမလေး ရှောင်ချင်" အေးဂျင့်ကပြောလိုက်သည်။
အတွေးနယ်ချဲ့နေသော ကုန်းရှောင်ချင်သည် ခဏအကြာမှသာ "ဪ" ဟု ပြောလိုက်နိုင်သည်။
"ညီမလေး ရှောင်ချင်၊ မင်း အဆင်ပြေရဲ့လား" အေးဂျင့်က စိုးရိမ်တကြီး မေးလာသည်။
"ပြေပါတယ်" ကုန်းရှောင်ချင်က ဖြူဖျော့သော မျက်နှာဖြင့် ခေါင်းခါ၍ ပြောလိုက်သည်။
ပြီးနောက် သူမသည် ကားပေါ်မှ ဆင်းလိုက်သည်။ တစ်စုံတစ်ခုသည် သူမ အနောက်သို့ အမြဲတစေ လိုက်နေသကဲ့သို့ ယနေ့တွင် သူမ အလွန် စိတ်မသက်မသာဖြစ်နေမိသည်။ အထူးသဖြင့် သူမ မျက်လုံးများကို မှိတ်ထားချိန်တွင် သူမ၏ စိတ်ထဲတွင် ကြောက်မက်ဖွယ်ကောင်း၍ ရက်စက်ကြမ်းကြုတ်သော သရဲတစ္ဆေများ ပေါ်ပေါက်လာတတ်သည်။ ဤခံစားချက်သည် အလွန် ဆိုးဝါးလွန်းလှသည်။
"မင်္ဂလာပါ မိန်းကလေးကုန်" ထိုအချိန်တွင် ချောမောသော အမျိုးသားတစ်ဦးက သူမထံ အပြုံးဖြင့် ချဉ်းကပ်လာသည်။
ကုန်းရှောင်ချင်သည် ထိုလူကိုကြည့်ရန်အတွက် သူမ၏ စိတ်ကိုစုစည်းပြီးနောက် ခေါင်းညိတ်လိုက်သည်။
"ဪ၊ မစ္စတာကျန်းကို"
ကျန်းတုန်သည် ရှန်ကျန်းမြို့တွင် ကျော်ကြားလာသည့် အသစ်စက်စက် သရုပ်ဆောင်တစ်ဦးဖြစ်၍ ကုန်းရှောင်ချင်နှင့်အတူ နာမည်ကြီးလာသည့် ကြယ်ပွင့်နှစ်ဦးအဖြစ် လူသိများသည်။ ယခုတစ်ကြိမ်တွင် ချမ်းသာသော မိသားစုအများအပြားက ပြုလုပ်သည့် ဧည့်ခံပွဲသို့ ဖိတ်ကြားမှုတွင် ၎င်းသည်လည်း ပါဝင်သည်။
ကျန်းတုန်၏ အကြည့်များသည် ကုန်းရှောင်ချင်၏ သွယ်လျသော ခါးကို ဖြတ်သန်းကာ ပြုံးပြ၍ ပြောလိုက်သည်။
"မိန်းကလေးကုန်၊ ဘာလို့ အရမ်း ဖြူဖျော့နေတာလဲ"
"ပြီးခဲ့တဲ့ရက်အတွင်း ကျွန်မ ကောင်းကောင်းမနားခဲ့ရလို့ ဖြစ်မှာပါ" ကုန်းရှောင်ချင်သည် ပြန်ဖြေပြီးနောက် အထဲသို့ ၀င်သွားခဲ့သည်။ သူမသည် ကျန်းတုန်ကို သိပ်မနှစ်သက်ပေ။
သူမသည် အနုပညာနယ်အတွင်းမှ လုပ်ငန်းဖော်အနေဖြင့် သူ၏ အရှုပ်တော်ပုံသတင်းများစွာကို ကြားသိခဲ့ရ၍ ကျန်းတုန်သည် ပလေးဘွိုင်တစ်ယောက်ဖြစ်နေကြောင့် သိရှိခဲ့ရသည်။ ထို့ကြောင့် သူမသည် ခပ်တန်းတန်း ဆက်ဆံရေးကိုသာ ထိန်းသိမ်းထားချင်သည်။ သို့သော်လည်း ကျန်းတုန်သည် ကုန်းရှောင်ချင်ကို အလွယ်တကူ အလွတ်ပေးရန် ရည်ရွယ်ချက်မရှိဘဲ သူမ အနောက်သို့ လိုက်သွားခဲ့သည်။
"ဟိုတလောက မိန်းကလေးကုန် ပွဲဦးထွက်တုန်းက သရုပ်ဆောင်ခဲ့တဲ့ ဇာတ်လမ်းကို ကျွန်တော် ကြည့်လိုက်သေးတယ်၊ သရုပ်ဆောင်တာ အရမ်းကောင်းတာ။ အထူးသဖြင့် ဇာတ်လမ်းအလယ်က မြင်ကွင်း... တကယ့်ကို ရင်သပ်ရှုမောစရာပဲ" ကျန်းတုန်က ပြုံး၍ ပြောသည်။
ကုန်းရှောင်ချင်၏အမူအရာသည် ကိုးရိုးကားရားဖြစ်သွားသည်။ အမှန်တကယ်ပင်၊ သူမသည် ပထမဆုံး ပွဲဦးထွက်စဉ်က ခေတ်ရေစီးကြောင်းနှင့် မညီသော ဇာတ်ကားအချို့တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ သူမသည် သူမ၏ အသက်မွေးဝမ်းကြောင်းတွင် ဤအစွန်းအထင်းများကို ဖယ်ရှားရန် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့သော်လည်း ယနေ့တွင် ကျန်းတုန်၏ ထုတ်ဖော်ပြောကြားခြင်းကို ခံလိုက်ရသည်။
"ဘာကိုဆိုလိုတာလဲ၊ မစ္စတာကျန်း" ကုန်းရှောင်ချင်သည် သူမ၏ ဒေါသကို ထိန်းသိမ်းကာ မေးလိုက်သည်။
"ဘာကိုမှ မဆိုလိုပါဘူး၊ ကျွန်တော်က မိန်းကလေးကုန်ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ချီးကျူးလိုက်တာပါ" ကျန်းတုန်က ပခုံးတွန့်လိုက်သည်။
"စိတ်မရှိပါနဲ့၊ ဒါပေမယ့် မစ္စတာကျန်းနဲ့ ကျွန်မက တစ်ယောက်နဲ့တစ်ယောက် အဲ့လောက် ရင်းနှီးကြတယ်လို့ မထင်ဘူး။ ကျေးဇူးပြုပြီး လေးစားမှုလေးတော့ရှိပါ" ထိုသို့ဖြင့် ကုန်းရှောင်ချင်သည် ဒေါသထွက်စွာဖြင့် အရှေ့သို့ လျှောက်သွားလေသည်။ ကျန်းတုန်သည် သူမ၏ နောက်ကျောကို ကြည့်၍ သူ၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခု ပေါ်ထွက်လာသည်။
“ဟား၊ ခွေးမတစ်ကောင်ကများ အခုမှ မြင့်မြတ်ချင်ယောင်ဆောင်နေတယ်"
ယနေ့ဧည့်ခံပွဲသည် အလွန် ခမ်းနားလှသည်။ အထက်တန်းလွှာ မိသားစုဝင်များသာမကဘဲ ကျန်းတုန်နှင့် ကုန်းရှောင်ချင်တို့ကဲ့သို့သော အနုပညာရှင်များသည်လည်း တက်ရောက်လာကြသည်။ လူများအဖွဲ့လိုက် စုဝေး၍ စကားစမြည်ပြောနေကြစဉ် ကျန်းတုန်သည် အစုအဝေးငယ်များကြားတွင် ရေထဲမှ ငါးတစ်ကောင်ကဲ့သို့ လှည့်ပတ်မိတ်ဖွဲ့နေသည်။ သို့သော် ဆုန်ယိတစ်ယောက် အထဲသို့ ဝင်လာသောအခါ အားလုံးက သူ့ကို အပြုံးဖြင့် နှုတ်ဆက်လိုက်ကြသည်။
"ဆရာဆုန်"
"ဆရာဆုန်"
ဆုန်ယိက ခေါင်းညိတ်၍ ပြုံးပြလိုက်သည် သူ့နံဘေးတွင် လိုက်ပါလာသော ရွှယ်အန်းကိုမူ လူတိုင်းက လျစ်လျူရှုလိုက်ကြသည်။ အဆုံးတွင် လက်ရှိ ရွှယ်အန်းသည် အလွန် မပေါ်လွင်လှသောကြောင့် မည်သူ၏ အာရုံစိုက်မှုကိုမျှ မဆွဲဆောင်နိုင်ပေ။ ဂုဏ်မောက်လေ့ရှိသောကျန်းတုန်လျှင်ပင် ဆုန်ယိကို မြင်သောအခါ မျက်နှာချိုသွေး၍ လျှောက်လာသည်။
"ဆရာဆုန်၊ ကျွန်တော့်နာမည်က ကျန်းတုန်ပါ၊ ဖုန်းရွှေပညာမှာ ဆရာရဲ့ကျွမ်းကျင်မှုကို ကျွန်တော် အမြဲတမ်းလေးစားခဲ့တာ"
အခန်း (၃၅၄) ကုန်းရှောင်ချင်
ဆုန်ယိက ပြုံးဖြီးနေသော ကျန်းတုန်ကိုကြည့်ပြီးနောက် သူ၏လက်ကိုမဆန့်ဘဲ အနည်းငယ် ခေါင်းညိတ်ပြကာ အရှေ့သို့ ဆက်လျှောက်သွားသည်။ ကျန်းတုန်သည် ခပ်ဝေးဝေးတွင် ကိုးရိုးကားရား ရပ်တန့်၍ သူ၏မျက်နှာအမူအရာသည် မသေချာမရေရာစွာ ပြောင်းလဲနေသည်။ ဤကဲ့သို့သော ပွဲမျိုးသည် အမှန်တကယ် ပျင်းရိဖွယ်ကောင်းသည်။ ထို့ကြောင့် အန်းယန်နှင့် သူ၏ သမီးလေးနှစ်ဦးက လိုက်မလာကြခြင်းဖြစ်သည်။
သို့သော် သူ၏အကြည့်များသည် ဖြူဖျော့သော အသားအရေဖြင့် ခပ်လှမ်းလှမ်းတွင် ထိုင်နေသော ကုန်းရှောင်ချင်ဆီ ရောက်ရှိသွားသည်။ ဤအမျိုးသမီး သယ်ပိုးထားသော ဝန်ထုပ်ဝန်ပိုးများက စိတ်ဝင်စားဖွယ်ကောင်းလှသည်ဟု ရွှယ်အန်းက ဝိုင်သောက်လျက် တွေးလိုက်သည်။ ကုန်းရှောင်ချင်သည် ရွှယ်အန်း၏အကြည့်ကို ခံစားရပုံဖြင့် မော့ကြည့်လိုက်လျှင် မဝေးလှသောနေရာတွင် ထိုင်နေသည့် လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။ သူ့ကိုကြည့်လာသောအခါ လူငယ်က ဖန်ခွက်ကို ပြန်မြှောက်ပြလိုက်သည်။
ကုန်းရှောင်ချင်သည် စိတ်တိုမိမည်ဟု ထင်မိခဲ့သော်လည်း သူမ၏ မျက်လုံးများ လူငယ်လေး၏ မျက်လုံးများနှင့် ဆုံမိသောအခါ နှလုံးသားတစ်ဝိုက်တွင် စွဲကပ်နေသော ပျို့အန်ချင်စိတ်နှင့် ကြောက်ရွံ့မှုတို့ ရုတ်တရက် ပျောက်ကွယ်သွားကာ အလွန်သာယာသော ခံစားချက်မျိုးရရှိလာသည်။
'ဟမ်'
ကုန်းရှောင်ချင်သည် စိတ်ထဲမှ ညင်သာသော အာမေဋိတ်သံ ပြုလုပ်မိသွားကာ ရွှယ်အန်းကို စိတ်ဝင်စားလာသောကြောင့် သူမသည်လည်း ဖန်ခွက်ကို မြှောက်ပြလိုက်သည်။ ရွှယ်အန်းသည် ခပ်ဖျော့ဖျော့ ပြုံး၍ ဝိုင်နီကို သောက်ပြီးနောက် သူမကို ဆက်မကြည့်တော့ပေ။ ကုန်းရှောင်ချင်သည် ရွှယ်အန်းကို ပို၍ပင် အနီးကပ် ဆန်းစစ်နေခဲ့သည်။ ရွှယ်အန်းသည် ဖုံးကွယ်ရန် ရုပ်ဖျက်ထားသော အသွင်အပြင်ကို အသုံးပြုနေဆဲဖြစ်သည်။
ထို့ကြောင့် သူသည် သာမန်လူတစ်ဦးကဲ့သို့ဖြစ်နေသည်။ လူငယ်သည် အလွန် အထက်တန်းလွှာကျသော အသွင်အပြင်မျိုး ရှိပုံပေါ်ခြင်းမှလွဲ၍ သူ၏ဝတ်စားဆင်ယင်မှုများသည် မည်သည့်အရာမျှ ဖော်ပြခြင်း မရှိပေ။ ကုန်းရှောင်ချင်သည် ထိုသို့တွေးပြီးနောက် နားမလည်နိုင်သော စွမ်းအားအချို့၏ လှုံ့ဆော်မှုကြောင့် မတ်တပ်ထရပ်ကာ ရွှယ်အန်းဆီသို့ လျှောက်သွားခဲ့သည်။
"ဟယ်လို" ကုန်းရှောင်ချင်က ရွှယ်အန်း အရှေ့တွင် ရပ်လိုက်ပြီးနောက် ခပ်ပြုံးပြုံး ပြောလိုက်သည်။
ရွှယ်အန်းက မော့ကြည့်၍ အနည်းငယ် ခေါင်းညိတ်ပြီးနောက် ဘာသိဘာသာ ပြောလိုက်သည်။
"ဟယ်လို"
ကုန်းရှောင်ချင်က အနည်းငယ် အံ့ဩသွားသည်၊ ရွှယ်အန်း၏မျက်နှာပေါ်တွင် ကြည်နူးမှုများ ပေါ်ပေါက်လာခြင်းကို မြင်ရလိမ့်မည်ဟု မျှော်လင့်ထားသော်လည်း၊ သူ၏ တည်ငြိမ်သော မျက်လုံးများတွင် လှိုင်းဂယက် အနည်းငယ်မျှပင် မရှိခဲ့ပေ။
"ဒီမှာထိုင်လို့ရမလား" ကုန်းရှောင်ချင်၏ စူးစမ်းလိုစိတ်များ ကြီးထွားလာကာ ရွှယ်အန်း နံဘေးရှိ နေရာကို ညွှန်ပြ၍ မေးလိုက်သည်။
"ရပါတယ်" ရွှယ်အန်းက ပြုံးလိုက်သည်။
ကုန်းရှောင်ချင်သည် ထိုင်ချပြီးနောက် ရွှယ်အန်းကို တစ်ဖန် အနီးကပ်ကြည့်လာပြန်သည်။ ဤသို့ ရိုးရှင်းသော အသွင်အပြင်တွင် မည်သို့ကြောင့် အလွန် တောက်ပ၍ လေးနက်သော မျက်လုံးများ ရှိနေရခြင်းကို သူမ သိချင်နေမိသည်။ တစ်ချိန်တည်းမှာပင် ရွှယ်အန်းထံမှ အလွန် သာယာသော ရနံ့တစ်ခု ထွက်ပေါ်လာသည်။ ကုန်းရှောင်ချင်သည် ထိုရနံ့ကို ရှူရှိုက်ပြီးနောက် အနည်းငယ် ထိုင်းမှိုင်းနေသော သူမ၏ ဦးခေါင်းသည် ရုတ်တရက် သိသိသာသာ ကြည်လင်လာသည်ဟု ခံစားလိုက်ရသည်။
"လူကြီးမင်းကို သိပ်မမြင်ဖူးဘူးနော်" ကုန်းရှောင်ချင်က ပြောလိုက်သည်။
"ဪ၊ ကျုပ်က ပြည်မကြီးက လာတာပါ" ရွှယ်အန်းက ပေါ့ပါးစွာ ပြန်ဖြေလိုက်သည်။
'အံ့ဩစရာ မရှိပါဘူး'
"ဒါဆို ဆရာဆုန်နဲ့ ရှင်နဲ့က..."
"သူက ကျုပ်ဆရာနဲ့ ဆွေမျိုးတော်တယ်" ရွှယ်အန်းသည် နေရာတွင်ပင် လိမ်ညာမှုတစ်ခု ပြုလုပ်လိုက်သည်။
"ဪ၊ ကျွန်မ နာမည်က ကုန်းရှောင်ချင်ပါ၊ တွေ့ရတာဝမ်းသာပါတယ်" ရွှယ်အန်းသည် အထက်တန်းလွှာ မိသားစုမှ မဟုတ်သည့်အပြင် လူချမ်းသာတစ်ဦး၏ မျိုးဆက်မဟုတ်ကြောင်းကြားလိုက်ရသောအခါ ကုန်းရှောင်ချင်က အနည်းငယ် စိတ်ပျက်သွားသော်လည်း ပြုံးလျက် လက်ကို ဆန့်ထုတ်လိုက်ဆဲဖြစ်သည်။
ရွှယ်အန်းသည် လှုပ်ရှားခြင်းမရှိဘဲ သူမ၏နူးညံ့သိမ်မွေ့သော လက်ကို တစ်ချက်ကြည့်ပြီးနောက် ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။
"မိန်းကလေးကုန်က ကျော်ကြားမယ့်ပုံပဲ"
ကုန်းရှောင်ချင်သည် သူမ၏ လက်ကို အနည်းငယ် ကိုးရိုးကားရားဖြစ်စွာ ပြန်ရုပ်သိမ်းလိုက်သည်။
“ဟုတ်ပါတယ်”
"ဪ၊ မထူးဆန်းတော့ပါဘူး" ရွှယ်အန်းက ရေရွတ်လိုက်သည်။
"ဟမ်၊ ပြဿနာတစ်ခုခု ရှိလို့လား" ကုန်းရှောင်ချင်က နားမလည်စွာ မေးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး" ရွှယ်အန်းက ခေါင်းခါလိုက်သည်။
ကုန်းရှောင်ချင်သည် ရွှယ်အန်းနှင့် စကားစမြည်ပြောရန် ဝီရိယရှိရှိ ကြိုးစားနေချိန်တွင် ကျန်းတုန်က မပျော်ရွှင်သော မျက်နှာထားဖြင့် အဝေးမှ ကြည့်နေသည်။
'ကုန်းရှောင်ချင်နဲ့ ပျော်ပျော်ပါးပါး စကားစမြည်ပြောနေတဲ့ ဒီလူက ဘယ်သူလဲ။ တစ်ခါမှမမြင်ဖူးတဲ့ မျက်နှာပဲ။ သူက ဆရာဆုန်နဲ့ ရောက်လာတာများလား' ကျန်းတုန်က ထိုသို့တွေးပြီးနောက် လျှောက်လာခဲ့သည်။
"မိန်းကလေးကုန်၊ ဘာလို့ ဒီမှာ လာထိုင်နေတာလဲ"ကျန်းတုန်က ပြုံးစိစိဖြင့် ပြောလိုက်သည်။
သူ့ကိုတွေ့သောအခါ ကုန်းရှောင်ချင်၏ မျက်နှာအမူအရာ ပျက်ယွင်းသွားသည်။
"မစ္စကျန်း၊ ကျွန်မ ဘယ်မှာ ထိုင်ထိုင် ရှင့်ကို သတင်းပို့နေစရာ မလိုပါဘူး"
"ဟုတ်ပါတယ်"ကျန်းတုန်က ပြန်ပြောသော်လည်း သူ၏အကြည့်များသည် ရွှယ်အန်းဆီသို့ ရောက်နေသည်။
ဤသို့သော သာမန်အသွင်အပြင်နှင့် အမျိုးသားက မည်သူဖြစ်သနည်း။
"ဒီကမိတ်ဆွေ၊ တွေ့ရတာ ဝမ်းသာပါတယ်၊ ကျုပ်က ကျန်းတုန်ပါ"ကျန်းတုန်သည် သူ၏လက်ကို အထက်စီးဆန်စွာ ဆန့်ထုတ်ပြီးနောက် ရွှယ်အန်းကို ငုံ့ကြည့်လိုက်သည်။
သူ့အထင်တွင် သူ၏နာမည်ကို ကြေငြာလိုက်ရုံဖြင့် ဤအမျိုးသားကို တုန်လှုပ်သွားစေမည် ဖြစ်သည်။ သို့သော် သူသည် စိတ်ပျက်သွားခဲ့သည်။ ရွှယ်အန်းသည် သူ့ကိုကြည့်ရန်အတွက် ခေါင်းပင်မမော့ဘဲ ဆိုဖာပေါ်တွင် သက်တောင့်သက်သာထိုင်၍ ဝိုင်နီကို သောက်နေလိုက်သည်။ ကျန်းတုန်၏ မျက်နှာအမူအရာ ဆိုးရွားလာ၍ သူ့လက်ကို အလွန်ဒေါသထွက်စွာ ပြန်ရုပ်သိမ်းပြီးနောက် ခပ်တင်းတင်း ပြောလိုက်သည်။
"ဒီလူကြီးမင်းက အကြားအာရုံမှာ ပြဿနာရှိနေတာလား။ မဟုတ်ရင် လူတွေပြောနေတာကို ဘာလို့ မကြားရတာလဲ"
စကားပြောနေစဉ် ကျန်းတုန်၏ မျက်နှာပေါ်တွင် ကဲ့ရဲ့သော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။ ကျန်းတုန်သည် စကားဆက်ပြောချင်သော်လည်း ရွှယ်အန်းက သူ့ကို မော့ကြည့်လိုက်သည်။ ကျန်းတုန်သည် ထိုခံစားချက်ကင်းမဲ့သော အကြည့်များကြောင့် ခန္ဓာတစ်ခုလုံး အေးခဲသွားသကဲ့သို့ ခံစားလိုက်ရကာ မျက်တောင်ပင် မခတ်နိုင်တော့ပေ။
ပြီးနောက် ရွှယ်အန်းသည် သူ့ကို ငုံ့ကြည့်ကာ ငြိမ်သက်သော လေသံဖြင့် စကားတစ်ခွန်း ပြောလိုက်သည်။
"ထွက်သွားစမ်း"
ကျန်းတုန်၏ရင်ဘတ်သည် လေးလံသော တူတစ်စင်းဖြင့် ရိုက်နှက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ခြေလှမ်းပေါင်းများစွာ နောက်ပြန်ဆုတ်သွား၍ သူ၏ ဖြူဖျော့သွားကာ ရွှန်းအန်းကို ကြောက်ရွံ့နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ရွှယ်အန်းသည် ထိုအမှိုက်သရိုက်မျိုးကို အာရုံမစိုက်နိုင်ဘဲ အံ့အားသင့်နေသော ကုန်းရှောင်ချင်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။
"မိန်းကလေးကုန်၊ ခင်ဗျား ဒီရက်တွေအတွင်း စိတ်မငြိမ်မသက်ဖြစ်နေလား"
ကုန်းရှောင်ချင်သည် ထိတ်လန့်မှုများမှ ပြန်လည်ကောင်းမွန်လာကာ ပြင်းပြင်းထန်ထန် ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ကဲ့၊ မနေ့ညက စဖြစ်တာ။ ကျွန်မ ကောင်းကောင်း အိပ်မပျော်ဘူး၊ အိပ်ပျော်ရင်တောင် အိပ်မက်ဆိုးတွေ ဆက်တိုက်မက်နေခဲ့တယ်။ ဒါကို ဖြေရှင်းပေးနိုင်လား ဆရာ"
ကုန်းရှောင်ချင်၏မျက်နှာတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။
ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်သည်။
"ဖြေရှင်းချက်က ရိုးရှင်းပါတယ်၊ ကျုပ် အခု လုပ်နိုင်တယ်၊ ဒါပေမယ့် ခင်ဗျားရဲ့ အတွင်းထဲက အရာက တော်တော်လေး ထူးခြားတယ်။ ကျုပ် သိချင်တာက ခင်ဗျား တစ်ယောက်ယောက်ကို စော်ကားခဲ့ဖူးလား"
ကုန်းရှောင်ချင်က စကားစလုဆဲဆဲတွင် ကျန်းတုန်က မထိန်းချုပ်နိုင်ဘဲ လှောင်ရယ်လိုက်သည်။
"ဒါဆို ဒီမှာ တတ်ယောင်ကားတွေ ရောက်နေတာကိုး၊ လှည့်စားမခံရအောင် သတိထားဦး ရှောင်ချင်။ ပိုက်ဆံဆုံးရှုံးတာက ကိစ္စမရှိပေမယ့် တခြားနည်းနဲ့ လှည့်စားခံရရင်တော့ ဟား..."
ကျန်းတုန်၏ စကားများသည် အလွန် ဆိုးရွားလှသည်။ ကုန်းရှောင်ချင်သည် ဒေါသကို မထိန်းချုပ်နိုင်တော့ဘဲ အော်ပြောလိုက်သည်။
"သူက ဆရာဆုန်ရဲ့ တူပဲ၊ ပြီးတော့ ကျွန်ကိစ္စက ရှင်နဲ့ဘာဆိုင်အလို့လဲ၊ ရှင် ထပ်ပြီး ပေါက်ကရတွေပြောနေမယ်ဆိုရင် ကျွန်မ လုံခြုံရေးကို ခေါ်လိုက်မှာ"
"လုပ်လိုက်လေ၊ ဘယ်သူ နှင်ထုတ်ခံရမလဲ ကြည့်လိုက်ချင်သေးတယ်" ကျန်းတုန်က လှောင်ပြောင်လိုက်သည်။
ရွှယ်အန်း၏ နှုတ်ဖြင့် လျစ်လျူရှုခံရခြင်းကို မကျေမနပ်ဖြစ်နေဆဲဖြစ်သော ကျန်းတုန်သည် စူးစိုက်စွာ ကြည့်နေသည်။ ရွှယ်အန်းသည် လမ်းပေါ်ရှိ လူလိမ်တစ်ဦးမှလွဲ၍ အခြားလူမဟုတ်ကြောင်း ကျန်းတုန်က ယုံကြည်နေသည်။ မည်သည့် ပညာရှင်များက အသက်လေးဆယ် ငါးဆယ်ခန့်သော အင်မော်တယ် အငွေ့အသက်နှင့် ပုဂ္ဂိုလ်များ မဟုတ်ကြသလော။ ဤလူသည် လုံးလုံးလျားလျား ရိုးရိုးပုံပေါ်သောကြောင့် သူ့တွင် မည်သို့သော အရည်အချင်းမျိုး ရှိနိုင်မည်နည်း။
ထိုအတောအတွင်း ၎င်းတို့၏ အငြင်းပွားမှုသည် ကြည့်ရှုသူအများအပြား၏ အာရုံစိုက်မှုကို ဆွဲဆောင်စေသည်။ ဆုန်ယိနှင့် အထက်တန်းလွှာ မိသားစုများရှိ အကြီးအကဲအများအပြားက စကားစမြည်ပြောနေကြစဉ် ဤနေရာ၌ ရုန်းရင်းဆန်ခတ်ဖြစ်သံများကို ကြားလိုက်ရသောအခါ အားလုံးက လှမ်းကြည့်လာသည်။ ဆုန်ယိသည် ရွှယ်အန်းဖြစ်နေကြောင်း မြင်လိုက်ရသောအခါ အနည်းငယ် အံ့ဩသွားပြီးနောက် သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။ တစ်စုံတစ်ယောက်သည် ကံမကောင်းအကြောင်းမလှပုံပေါ်သည်။
သူနှင့်အတူ ရှိနေသော မိသားစုရှိ အကြီးအကဲများက မေးလိုက်မိသည်။
“ဆရာဆုန်၊ ဒီလူငယ်က ဆရာနဲ့အတူ လာခဲ့တာမဟုတ်လား။ ဝင်ပြီး ဖျန်ဖြေကြည့်မလား”
ဆုန်ယိက ခေါင်းခါလိုက်သည်။
"မလိုအပ်ပါဘူး၊ သူ့ဘာသာသူ ကိုင်တွယ်နိုင်ပါတယ်"