အခန်း (၃၅၈-၃၆၀)
Vol. 24 Ch. 358-360
အခန်း(၃၅၈) ဝက်သတ်ရန် ထောင်ချောက်
ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
“ငါ့အကြောင်း မင်းစိတ်ထဲ စွဲနေပုံရတယ်"
ကျိုးဟောက်က အေးစက်စက် ရယ်မောလိုက်၏။
"ငါ့ကို အပြစ်မတင်ပါနဲ့၊ ဒါ မင်းကိုယ်တိုင်ရွေးချယ်ထားတဲ့ ကံကြမ္မာပဲ၊ တန်ရာတန်ကြေးမရရင် မင်းမိသားစုထဲကဘယ်သူ့ကိုမှ ထွက်သွားခွင့်မပေးဘူး"
ရွှယ်အန်း၏ အကြည့်များက အေးစက်လာကာ ဤအရာကိုလည်း သူ ငြီးငွေ့လာခဲ့သည်။
ခေါ့ရှောင်းယန်ကို အချိန်ဆယ့်ငါးမိနစ်ပေးခဲ့ကာ၊ ထိုအချိန်က ၎င်းတို့၏ ကျွမ်းကျင်မှုနှင့် ဇွဲလုံ့လကြောင့်သာ ၎င်းတို့ကို အလွန်နှစ်ခြိုက်ခဲ့ခြင်းဖြစ်ကာ စတိုးဆိုင်သို့ ကိုယ်တိုင်လာရောက် ချေမှုန်းဖြိုခွင်းရန် ဆန္ဒမရှိခဲ့ပေ။
သို့သော် ယခုအချိန်တွင် သူမက ယင်းကို အချိန်မီမဆောင်ရွက်နိုင်သည့်အတွက် မယဥ်ကျေးခြင်းအတွက် သူ့အဆိုးမဆိုသင့်ပေ။
“ကောင်းပြီ ဒီလိုမျိုးလုပ်တာက မင်းရဲ့ ပထမဆုံးအကြိမ်တော့မဟုတ်လောက်ဘူး။ ဒိနေ့ မင်းကို သင်ခန်းစာတစ်ခု ပေးမယ်” ဤသို့ပြော၍ ရွှယ်အန်း၏ ရောင်ဝါများ တဖြည်းဖြည်း မြင့်တက်လာသည်။
ထိုအချိန်တွင် လူတစ်ယောက်က လန့်ဖျပ်ကာ ပြေးလာသည်။
“မစ္စတာ ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး သက်ညှာပေးပါ”
အော်သံနှင့်အတူ လူအချို့ပြေးလာကြသည်။ ကျိုးဟောက်က မူလ အစပိုင်းတွင် ပေါ့ပေါ့တန်တန်သဘောထားခဲ့သော်လည်း မည်သူရောက်လာသည်ကို မြင်သောအခါ အံ့အားသင့်သွားသည်။
ရောက်လာသူမှာ အမှန်ပင် ခေါ့ရှောင်းယန်ဖြစ်သည်။ သူမသာမက နောက်၌လည်း အသက်ကြီးကြီးယောက်ျားတစ်ယောက်ပါသည်။
“ကျိုး.. ဆရာကြီးကျိုးလား” ကျိုးဟောက်က တစ်ကိုယ်လုံး ချွေးစေးများ တင်ကပ်လျက် ကြေင်အနေသည်။
ဤဆရာကျိုးသည် ယခင်က ခေါ့ရှောင်းယန်နှင့်ပေကျန်းသို့ အတူလိုက်ပါသွားသူဖြစ်ကာ ယခုအချိန်တွင် သူသည်လည်း ချွေးစေးများကျလျက် ဤလမ်းတစ်လျှောက်လုံး ပြေးလာကြောင်း ထင်ရှားသည်။
ကျိုးဟောက်၏ အော်သံကို ကြားလိုက်သောအခါ ဆရာကျိုးက ဒေါသအမျက်ထွက်ကာ ရှေ့သို့တိုး၍ မျက်နှာကို နှစ်ချက်ရိုက်လိုက်သည်။ ကျိုးဟောက်၏ ဒဏ်ခတ်ခံရသော်လည်း တစ်ချက်မျှ မလှုပ်ဘဲ ထိုနေရာ၌ လေးလေးစားစား ရပ်နေသည်။ သူ့ကို ရိုက်ပြီးနောက် ဆရာကျိုးက ရွှယ်အန်းကို လှည့်ကြည့်ကာ ခေါ့ရှောင်းယန်ကဲ့သို့ပင် အေးခဲသွားသည်။
ထိုအခိုက်တွင် ခေါ့ရှောင်းယန်၏ မျက်နှာ၌လည်း ကြောက်ရွံ့မှုများအပြည့်ရှိနေသည်။ ဆုန်ယိထံမှ ရုတ်တရက် ဖုန်းဝင်လာသောအခါ သူမက ဆိပ်ကမ်းအနီးတွင် ဆိုင်အသစ်တစ်ခု ဖွင့်လှစ်ရန် ပြင်ဆင်နေခဲ့သည်။ ဖုန်းကိုင်ပြီးနောက် ဆုန်ယိသည် ရွှယ်အန်းက သူမ၏ ကျင်းယွမ်အဆောက်အဦ ၇ သို့ ဆယ့်ငါးမိနစ်အတွင်း ရောက်မည်ဖြစ်ကြောင်း လေးနက်စွာပြောခဲ့သည်။ ထို့ကြောင့် ခေါ့ရှောင်းယန်က အလွန် အံ့သြတကြီး ထိတ်လန့်သွားခဲ့ရသည်။
အထူးသဖြင့် ဆုန်ယိ၏နောက်ဆုံးစကားပြီးနောက်တွင် အလွန်ထိတ်လန့်ခဲ့ရ၏။
‘မင်း ဆယ့်ငါးမိနစ်အတွင်း မရောက်နိုင်ရင် ရွှယ်အန်းကို မယဥ်ကျေးဘူးဆိုပြီး အဆိုးမဆိုနဲ့”
ခေါ့ရှောင်းယန် သတိပြန်ဝင်လာသောအခါတွင် အလွန်ထိတ်လန့်တုန်လှုပ်လျက် ကျင်းယွမ် အဆောက်အဦးဆီသို့ ချက်ချင်းပြေးသွားသည်။ တစ်ချိန်တည်း၌ပင် သူမသည် ဌာနချုပ်ကို အကြောင်းကြား ဖုန်းဆက်ကာ ဆရာကျိုးကိုပါ သူမနှင့်အတူ လိုက်ပါရန် တောင်းဆိုခဲ့သည်။
ခေါ့ရှောင်းယန်သည် ထက်မြက်၍ ကျိုးမိသားစုအတွင်း ရာထူးကြီးမြင့်သောအခွင့်အာဏာကို ပိုင်ဆိုင်ထားသော်လည်း မည်သို့ပင်ဆိုစေကာမူ သူမသည် အပြင်လူဖြစ်နေဆဲဖြစ်သည်။ ဆရာကျိုးကဲ့သို့ ပုဂ္ဂိုလ်မျိုးကသာ သူ့မျိုးနွယ်စုအတွင်း လေးစားမှုအပြည့်ခံယူကာအမိန့်ပေးနိုင်သည်။ ဆရာကျိုးက ဤအခြေအနေနှင့်ပတ်သက်၍ ခေါ့ရှောင်းယန်၏ စကားကိုကြားသောအခါ ချက်ချင်းပင် အခြေအနေကို သိ၍ ကျင်းယွမ်အဆောက်အဦသို့ ကားဖြင့် အမြန်လာခဲ့သည်။
အဝင်ဝသို့ရောက်သောအခါ နှစ်ယောက်သားတွေ့ဆုံ၍ ထိနေရာထိ ပြေးကြသည်။ သို့သော် ၎င်းတို့ အံ့သြသွားကြကာ ၎င်းတို့ မှတ်မိထားသော မစ္စတာရွှယ်နှင့်မတူသည့် သူစိမ်းတစ်ယောက်ကို တွေ့လိုက်သည်။ ဤလူ၏ အမူအရာ၊ မျက်လုံးများ ဖြစ်တည်မှု အစရှိသောအရာများအားလုံးသည် မစ္စတာရွှယ်၏ လက္ခဏာများနှင့်တူသည်။
‘ဒါဘယ်သူလဲ’
နှစ်ဦးသား စိတ်ရှုပ်စွာ ရပ်နေကြစဥ် ရွှယ်အန်း၏ အသံက ၎င်းတို့ စိတ်ထဲတွင် ထွက်ပေါ်လာသည်။
"ကျွန်တော်က ရွှယ်အန်းပါ၊ ဒါပေမယ့် သတိမထားမိပါစေနဲ့"
ခေါ့ရှောင်းယန်နှင့် ဆရာကျိုးတို့က တစ်ယောက်ကိုတစ်ယောက် အချင်းချင်းကြည့်၍ တုန်လှုပ်သွားကာ မယုံကြည်နိုင်လောက်သောအကြည့်ဖြင့် ကြည့်နေကြသည်။
‘ဒါက ဘာလဲ။ သိုင်းပညာဝတ္ထုတွေထဲကလို အသံကို လျို့ဝှက်ထုတ်လွှင့်တာမျိုးလား’
သို့သော် ၎င်းတို့မှာ လူကြီးမင်းရွှယ်ဖြစ်ကြောင်း အတည်ပြုပြီးဖြစ်၍ ရုန်းရင်းဆန်ခတ် မဖြစ်စေရန် ပြောထားသောကြောင့် နှစ်ဦးသဘောပေါက်သွားခဲ့သည်။
"မစ္စတာ ရှင် ကျွန်မကို ဒီကို ခေါ်တာ ဘာညွှန်ကြားချင်လို့များလဲ မေးလို့ရမလား” ခေါ့ရှောင်းယန်က လေးစားယဥ်ကျေးစွာမေးသည်။ သူမ၏ အမူအရာက လက်ဝတ်ရတနာဆိုင်ရှိလူတိုင်းကို ထိတ်လန့်စေခဲ့သည်။
မာနကြီးသော အသွင်အပြင်ရှိသော အမျိုးသမီး ဝန်ထမ်းက ယခုအခါ ကြောက်ရွံ့မှုဖြင့် တုန်လှုပ်သွားခဲ့သည်။
ရွှယ်အန်းက ပြုံးကာ မျက်နှာတစ်ခုလုံး ပြာမှုန်နေသည့် ကျိုးဟောက်ကို လက်ညှိုးထိုးပြလိုက်သည်။
"မင်းရဲ့ဆိုင်က ပြင်ပလူတွေကို ထောင်ချောက်ဆင်ပြီး ဆယ်သန်းထက်မပိုတဲ့ ကျောက်စိမ်းဆွဲသီးကို ရောင်းလိုက်တာ။ ဒါကို မင်းသိလား"
ဤစကားလုံးများထွက်လာသည်နှင့်တစ်ပြိုင်နက် မူလကတည်းက ထိတ်လန့်တကြားဖြစ်နေသည့် စီကျင်းသည်လည်း ရုတ်တရက် ပြာမှုန်သွားသည်။ လီဟေ်သည်လည်း လူမိုက်မဟုတ်သဖြင့် ဖြစ်ပျက်နေသည်များကို ချက်ချင်းနားလည်ကာ မျက်လုံးများက အလိုအလျောက် ပြူးကျယ်သွားသည်။ ခေါ့ရှောင်းယန်က တုန်လှုပ်ခြောက်ခြားစွာ ခေါင်းခါလိုက်သည်။
“ဆရာ ဒီအကြောင်းကို ကျွန်မ တကယ်မသိပေမယ့် ဆရာပြောနေတာဆိုတော့ အမှန်ပဲဖြစ်ရမယ်”
ရွှယ်အန်းက ခေါင်းခါလိုက်သည်။
“ငါ့အစွမ်းနဲ့ သူများကို အနိုင်ကျင့်မှာမဟုတ်ဘူး။ မင်းကိုယ်တိုင်ကြည့်လိုက်”
ဤသို့ဖြင့် ရွှယ်အန်းက စီကျင်း၏ လက်ထဲမှ ကျောက်စိမ်းဆွဲသီးကို ညွှန်ပြလိုက်သည်။
ဆရာကျိုး မျက်နှာက နီရဲလာပြီးနောက် ရှေ့သို့ လှမ်းလာကာ ကျောက်စိမ်းဆွဲသီးကို လုယူလျက် ခဏမျှ စစ်ဆေး၍ ဒေါသတကြီး လွှင့်ပစ်လိုက်သည်။
ကျောက်စိမ်းဆွဲသီးက ကျိုးဟောက်နဖူးကို ထိသွားသည်။
ချက်ချင်းပင် ကျောက်စိမ်းကွဲသွားကာ ကျိုးဟောက်၏ နှဖူးမှ သွေးများစီးကျလာသည်။ သို့ထိတိုင် ကျိုးဟောက်က မလှုပ်ရဲသေးပေ။
“မိသားစုရဲ့ အမျိုးယုတ် မိသားစုရဲ့ အမျိုးယုတ်” ဆရာကျိုးက ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်နေသည်။
"ငါတို့ ကျိုးမိသားစုက ကျိုးရှောင်ဖုကို စတည်ထောင်ပြီးကတည်းက အရည်အသွေးနဲ့ ဖောက်သည်တွေရဲ့ လေးစားမှုကို ရဖို့ အမြဲတမ်း လုံ့လဝီရိယရှိရှိ ကြိုးပမ်းခဲ့တယ်လို့ ထင်တယ် ဒါပေမယ့် ဒီ ယုတ်မာပြီး သိုင်းလောကရဲ့ တရားမဝင်နည်းလမ်းတွေသုံးတဲ့ မင်းကိုကြည့်ဦး။ ဒီနေ့ မင်းကို လည်ပင်းညှစ်သင့်ပြီ”
ဆရာကျိုးသည် ဒေါသထွက်နေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ ကျိုးဟောက်ကို သတ်ရန် ရှေ့သို့ တိုးလာသည်။ ကျိုးဟောက်က ထိတ်လန့်တုန်လှုပ်သွားကာ ချက်ချင်း မြေပြင်ပေါ်ဒူးထောက်ချလိုက်သည်။
“ဦးလေး ကျွန်တော့်အသက်ကို ချမ်းသာပေးပါ။ ဦးလေး ကျွန်တော့် အသက်ကို ချမ်းသာပေးပါ။ ခဏတာ ရူးမိတာပါ ကျွန်တော် ထပ်မလုပ်ရဲတော့ပါဘူး”
"နောက်တခေါက်ဟုတ်လား။ မင်းမှာ နောက်တစ်ကြိမ်အခွင့်အရေးရှိမယ်ထင်နေလား။ လူကြီးမင်းက ခေါ့ရှောင်းယန်ကြောင့် ငါ့ကို နည်းနည်းလေးလေးစားတာမဟုတ်ရင် မင်းငါ့ကိုစကားပြောဖို့ အသက်ရှင်နေဥိးမယ်လို့ မင်းထင်နေလား"
ဤသည်ကိုကြားသောအခါ ရွှယ်အန်းပြောသမျှက အမှန်များဖြစ်ကြောင်း နောက်ဆုံး၌ သဘောပေါက်နားလည်သွားသည်။
‘ဒါဆို ဒီလူရဲ့ အနေအထားက ဘယ်လိုဖြစ်နိုင်မလဲ’
‘မတုန်မလှုပ်ဘဲ စွမ်းအားကြီးတဲ့လူတွေကို ရင်ဆိုင်ခဲ့တဲ့ ဆရာကျိုးကိုတောင် ဒီလောက်လန့်သွားစေနိုင်တာလား”
ကျိုးဟောက်သည် နောင်တရလျက် စီကျင်းကို ရုတ်တရက် လက်ညှိုးထိုးပြလိုက်သည်။
"ဆရာ၊ ဒါရိုက်တာခေါ့၊ ဦးလေး၊ ဒီမိန်းမလုပ်တာပါ။ ဒီမိန်းမက ဒီနည်းအတိုင်း လုပ်ခိုင်းပြီး ပြီးတာနဲ့ ရှယ်ယာတစ်ဝက်ကျော်ကို ယူမယ်လို့ ပြောတယ်"
ကျိုးဟောက်၏စွပ်စွဲချက်ကြောင့် စီကျင်း၏ မျက်နှာက အရောင်ဖျော့သွားသည်။
“ကျွန်မ… ကျွန်မ… မဟုတ်ဘူး”
လီဟော်သည် မိမိမှာ အသတ်ခံရေသာ ဝက်တစ်ကောင်ဖြစ်ကြောင်း ယခုမှ သဘောပေါက်သွားသဖြင့် စီကျင်းကို ပါးရိုက်လိုက်သည်။
"ခွေးမ ၊ မနေ့က မင်းလုပ်ခဲ့တဲ့ ကုန်းရှောင်ချင်အတွက် ငါ ပေးချေခဲ့တယ်၊ ဒါတောင် မင်းက ငါ့ကို ဒီလို ဂွင်ဆင်တာ မင်းက တကယ် ဘယ်လောက်ကျွေးကျွေးမဝတဲ့ မြေခွေးမပဲ”
ထိုသို့ပြောပြီးနောက် လီဟော်သည် သူပြောနေသည့်အရာကို ရုတ်တရက် သဘောပေါက်သွားကာ ပါးစပ်ကို အမြန်ပိတ်လိုက်သည်။ သို့သော် အလွန်နောက်ကျသွားခဲ့ပြီဖြစ်သည်။
လူအများအားလုံး ကြားလိုက်ရပြီးဖြစ်၏။
ကုန်းရှောင်ချင်သည် ဒေါသအပြည့်ဖြင့် မတ်တပ်ထရပ်ကာ စီကျင်းကို လက်ညှိုးထိုးလိုက်သည်။
"မင်းက အရမ်းရက်စက်တာပဲ၊ ငါ့ကို တကယ်ကျိန်စာတိုက်ဖို့လုပ်ခဲ့တာ။ နင်ဒီလောက်ငါ့ကို မုန်းနေရအောင် ငါဘာများလုပ်ဖူးလို့လဲကွာ”
စီကျင်းသည် မြေပြင်ပေါ်သို့ လဲကျကာ တစ်ကိုယ်လုံးတုန်ယင်၍ စကားမပြောနိုင်တော့ပေ။
ထိုအချိန်တွင် ရွှယ်အန်းသည် ဖြည်းညှင်းစွာထရပ်ကာ သမ်းဝေ၍ အန်ယန်နှင့် သူ့သမီးနှစ်ယောက်ကို ပြောလိုက်သည်။
"ကောင်းပြီ၊ သွားကြရအောင်"
ဤသို့ဖြင့် သူ ဆိုင်ထဲမှ ထွက်သွား၏။
ကုန်းရှောင်ချင်က စိုးရိမ်တကြီးဖြင့် ပြောသည်။
“ဆရာ.. ဒီလူ”
"သူ မင်းကို ပြစ်မှားခဲ့တယ်၊ ဒါကြောင့် မင်းဘယ်လို လက်စားချေချင်တာလဲ မင်းအပေါ်မှာပဲ မူတည်တယ်" ရွှယ်အန်းက ဘာသိဘာသာပြော၏။
ဆရာကျိုးနှင့် ခေါ့ရှောင်းယန်တို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရှေ့သို့ လျင်မြန်စွာလျှောက်လာ၍ ပြင်းပြင်းထန်ထန်တောင်းပန်လိုက်သည်။
"သခင်၊ ဒီကိစ္စကို ကျိုးမိသားစုက ကြီးကြပ်ပြီး ကိုင်တွယ်လိုက်ပါမယ်။ ကျွန်တော်တို့ကို ဆက်သွယ်ပေးတဲ့အတွက် အများကြီးအကြွေးတင်သွားရပါပြီ။ ဒီကောင်က ကျုပ်တို့ဆီက ဘယ်လောက်တောင် ခိုးစားနေမလဲဆိုတာ ဘယ်သူသိနိုင်မလဲ”
အန်းယန်က ဤသည်ကို ပြုံးရုံသာပြုံးလိုက်သည်။ ဤကိစ္စကို ကိုင်တွယ်ဖြေရှင်းခြင်းသည် သူ့အတွက် အားစိုက်ထုတ်စရာလိုမည်မဟုတ်သော်လည်း ကျိုးဟောက်သည် သူ ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်ရန် မထိုက်တန်ပေ။
အခန်း(၃၅၉) သွေးမျိုးနွယ် ကွင်တီနာ
ရွှယ်အန်းက မိသားစုနှင့်အတူ ထွက်ခွာသွားပြီးနောက် ကုန်းရှောင်ချင်က ဖုန်းခေါ်ပြီး မကြာခင်၌ပင် လူများစွာက စီကျင်းကို ခေါ်သွားကြသည်။ လီဟော်သည် ကျိုးဟောက်ကို မုန်းတီးမှုဖြင့် စိုက်ကြည့်ကာ မှောင်မိုက်စွာ ကြိမ်ဖန်များစွာ ရယ်မောလိုက်ပြီးနောက်မှ နောက်လှည့်ကာ ထွက်သွားသည်။
ဆိုင်ထဲ၌ ကျိုးမိသားစုဝင်များသာ ကျန်တော့သောအခါ ဆရာကျိုး၏ အသံက ရေကဲ့သို့ အေးစက်နေသည်။
"တံခါးပိတ်လိုက်"
စောင့်ဆိုင်းနေသော ဝန်ထမ်းသည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် တံခါးကို အမြန်ပိတ်လိုက်သည်။ ထို့နောက် ဆရာကြီးကျိုးသည် သူ့ကုလားထိုင်တွင် ထိုင်ကာ မြေပြင်ပေါ်တွင် ဒူးထောက်နေသော ကျိုးဟောက်ကို စိုက်ကြည့်နေသည်။
"ငါတို့မိသားစုရဲ့ နာမည်ပျက်ဖို့ အပြင်လူတွေနဲ့ ပူးပေါင်းတဲ့အတွက် ထိုက်တန်တဲ့ ပြစ်ဒဏ်ကို မင်းသိလား"
ဤသည်ကိုကြားသောအခါ ကျိုးဟောက်က တုန်လှုပ်သွားကာ စိတ်ပင်ပန်းနေသောပုံဖြင့်ပြော၏။
“ဒုတိယ… ဒုတိယဦးလေး”
"ငါ့ကို ဦးလေးလို့ မခေါ်နဲ့၊ ကျိုးမိသားစုကို နောက်ပြန်ဆုတ်လို့မရတဲ့ ပျက်စီးခြင်းဆီ ခေါ်ဆောင်သွားမယ့် ငါ့မျိုးဆက်မရှိဘူး" ဆရာကျိုးက ဒေါသအပြည့်ဖြင့် ပြောလိုက်သည်။
နောက်ပြန်လှည့်၍မရသော ပျက်စီးခြင်း ဤစကားစုသည် ကျိုးဟောက်ကို ထိတ်လန့်စေသည်။
“ဒါဆို… အဲ့လူက ဘယ်သူလဲ”
"သူက ဘယ်သူလဲဟုတ်လား" ဆရာကြီးကျိုး၏ မျက်နှာပေါ်တွင် အကြောက်တရားများ လွင့်ပျံလာသည်။
“သူက ဆုန်ယိရဲ့ နောက်ကွယ်က ကျောထောက်နောက်ခံပဲ ထာဝရ သတ်ဖြတ်ခြင်းနဲ့တူတဲ့ ဖြစ်တည်မှုမျိုးပဲ"
ဤသည်ကိုကြားသောအခါ ကျိုးဟောက်က မြေပြင်ပေါ် လဲကျသွားကာ သူ့မျက်လုံးထဲမှာ အားအင်များ ဆုံးရှုံးသွားကာ ဆီးနံ့များ ပျံ့လာသည်။ ဆီးများထွက်ကျလာသည်အထိ ကြောက်လန့်နေ၏။
ဤသည်ကို မြင်သောအခါ ဆရာကျိုးက အေးစက်စွာ အော်လိုက်သည်။
"မင်း အခုမှ ကြောက်နေပြီလားအရမ်းနောက်ကျသွားပြီ။ သူ့ကို ကျိုးမိသားစုထဲက နှင်ထုတ်လိုက်"
“ဟုတ်”
ရွှယ်အန်းက ဟိုတယ်သို့ ပြန်ရောက်သောအခါ ညမိုးမလင်းမီတွင်ပင် ပျံ့နှံ့သွားသည့်သတင်းကို သူကြားလိုက်ရသည်။ ဖျော်ဖြေရေးအဝန်းအဝိုင်းထဲမှ ကြယ်ပွင့် စီကျင်းသည် ထာဝရအနားယူတော့မည်ဖြစ်ကြောင်း ကြေညာခဲ့ရာတရားဝင်ရှင်းလင်းချက်မှာ ကျန်းမာရေးကြောင့်ဖြစ်သည်။
သို့သော် ရွှယ်အန်းအပါအဝင် လူအနည်းငယ်ကသာ အကြောင်းရင်းကို သိသည်။ ဤ ကုန်းရှောင်ချင်သည် သတ်ရန်မရည်ရွယ်ခဲ့ပေ။
ထိုအချိန် ဇိမ်ခံဟိုတယ်ခန်းထဲ၌ လုံကွမ်ယွီသည် သတင်းစာတွင် ထုတ်ဝေနေသော သတင်းကို ကြည့်၍ မျက်မှောင်ကြုတ်လိုက်သည်။
"ဆရာကြီးလုံ တစ်စုံတစ်ယောက်က ဆရာထားခဲ့တဲ့ အငွေ့အသက် ချိုးဖျက်လိုက်ပုံရတယ်" ဝမ်ကုန်းက ပြုံး၍ပြောလိုက်သည်။
လုံကွမ်ယွီ၏ မျက်နှာသည် ရေကဲ့သို့ အေးစက်နေ၏။
"ဒါက အံ့သြစရာတော့ မဟုတ်ပါဘူး၊ နောက်ဆုံးတော့၊ ငါက အရိုးရှင်းဆုံး နတ်ဆိုးတွေရဲ့ အငွေ့အသက်တွေပဲ ထားခဲ့တာ။ ဒါက ကြီးကြီးမားမား ပျက်သွားတာ မဟုတ်ပါဘူး။ လေလံပွဲပြီးရင် ဒီကုန်းရှောင်ချင်နဲ့ ငါစာရင်းရှင်းရမယ်"
"ဆရာကြီးလုံရဲ့ လေသံအရ လေလံပွဲမှာ ပစ္စည်းက အရမ်းအရေးကြီးပုံရတယ် မဟုတ်လား"
လုံကွမ်ယွီသည် နှုတ်ဆိတ်နေကာ မျက်လုံးမှိတ် အနားယူရန် ကုတင်ပေါ်တွင် ပြန်လှဲနေလိုက်သည်။ ဝန်ကုန်းက လျစ်လျူရှု့ခံလိုက်ရသဖြင့် အနည်းငယ် စိတ်ပျက်သွားသည်။
‘ငါသာ ရွှယ်အန်းကို ကိုင်တွယ်ရမှာမို့မဟုတ်ရင် မင်းနဲ့အချိန်ဖြုန်းမနေဘူး” ဒေါသတကြီးတွေးလိုက်သည်။
လေလံပွဲရက်နီးလာသည်နှင့်အမျှ နေကာမျက်မှန်ကြီးကြီးတပ်ထားသည့် ကွင်ဆီနာသည် လေဆိပ်ဂိတ်မှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။ သူမ၏မျက်နှာပြင်ကို နေကာမျက်မှန်က ဖုံးကွယ်ထားသော်လည်း၊ သူမ၏ သွယ်လျကျော့မော့သော ခြေထောက်များနှင့် သိမ်မွေ့သော ညှပ်ရိုးများကိုကြည့်လျှင် သူမသည် အလွန်လှပသော အနောက်တိုင်းအမျိုးသမီးတစ်ဦးဖြစ်ကြောင်း လူတိုင်းြ ပြောနိုင်သေးသည်။
"အလှမယ် ဘယ်သွားချင်လဲ မေးလို့ရမလား" တက္ကစီသမားက အင်္ဂလိပ်လို စိတ်အားထက်သန်စွာ မေးသည်။
"ကျေးဇူးပြုပြီး အနီးဆုံး၊ အတက်ကြွဆုံးဘားကို ခေါ်သွားပါ။ ကျေးဇူးတင်ပါတယ်"
ဒရိုင်ဘာသည် အံ့အားသင့်သွားပြီးနောက် ကွင်တီနာ၏ အသွင်အပြင်ကို နောင်တရသောအရိပ်အမြွက်ဖြင့် ကြည့်ရှုခဲ့သည်။
"သခင်မလေး၊ အဲဒီဘားတွေကို တစ်ယောက်တည်း မသွားပါနဲ့လို့ အကြံပေးတယ်။ သူတို့က ဖေးပိုင်ဂိုဏ်းနဲ့ အရူးကောင်တွေ မကြာခဏ သွားလေ့ရှိတယ်၊ အဲဒီကို သွားမယ်ဆိုရင်..."
ကွင်တီနာက သူ့ကို ပေါင်နှစ်ဆယ်တန် ငွေစက္ကူ တစ်ရွက်သာပေးလိုက်ရာ ဒရိုင်ဘာသည် နာခံမှုဖြင့် ပါးစပ်ကိုပိတ်၍ စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
‘ဒီလို လှပတဲ့ ကောင်မလေး က ဒီလို နေရာကို သွားတယ်ပေါ့..’
ထို့နောက် ဂီယာကိုနင်းလိုက်းာ ကားက အရှိန်ပြင်းပြင်း ပြေးထွက်သွားသည်။ ရှန်းလျန်၏လျှို့ဝှက် လမ်းထောင့်အချို့တွင် အလွန်ရှုပ်ထွေးသော ဘားများရှိသည်။
ဤ ဘားများတွင် နေ့တိုင်းလိုလို ရန်ပွဲများနှင့် ရန်ပွဲများရှိသည်။
ဤနေရာတွင် ရောနှောနေထိုင်ကြသူများသည် အခြေခံအားဖြင့် အနီးနားရှိ ရပ်ကွက်များမှ လူရမ်းကားများနှင့် မိမိကိုယ်ကို လေးစားမှုအနည်းဆုံး မိန်းကလေးများဖြစ်သည်။
ကွင်တီနာက ဘားတစ်ခုထဲသို့ ၀င်သွားသောအခါ၊ အများအပြား အံ့အားသင့်ခဲ့ကြသည်။
"ဘာဖြစ်ဖြစ်ပေးပါ ရေခဲထည့်ဖို့ မမေ့နဲ့နော် ကျေးဇူးပဲ" ကွင်တီနာက ဘားနားသို့လျှောက်သွားကာ ပြော၏။
မကြာမီတွင် ရွံရှာဖွယ်ကောင်းသော အရသာရှိသော အရက်တစ်ပုလင်း ပေးလိုက်သည်။
ဤအခိုက်အတန့်တွင် လူဆိုးလူမိုက် အများအပြားသည် အကြည့်ချင်းဖလှယ်ကြကာ ပြုံးပြကာ လျှောက်လာကြသည်။
"ကလေးမ တစ်ယောက်တည်း သောက်ရတာ အထီးကျန်နေတာ မဟုတ်ဘူးလား။ ငါတို့ ညီအစ်ကိုတွေကို မင်းနဲ့ ပေါင်းသင်းစေချင်သလား"
ကွင်တီနာ၏ နှတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားပြီးနောက် သူမ ခေါင်းညိတ်လိုက်သည်။
"အင်း ကျွန်မ နည်းနည်း အထီးကျန်နေတယ်"
ထိုစကားကိုကြားသောအခါ လူရမ်းကားအုပ်စုသည် ပို၍ပင် ရွှင်မြူးလာသည်။
"မိန်းကလေး၊ မင်းဘယ်ကလာတာလဲ" ရဲရင့်သောလူမိုက်၏ လက်များက မငြိမ်မသက်ဖြစ်စပြုလာသည်။
"နင်က ငါဘယ်ကလို့ထင်လဲ"
"မင်းငါ့စိတ်ထဲကဖြစ်မယ်ထင်တယ်" လူမိုက်က သူ့အပြောက အလွန် ထက်မြက်သည်ဟု ခံစားရကာ သူ့မျက်နှာသည်လည်း ညစ်ညမ်းမှုအပြည်ြရှိနေသည်။
ကွင်တီနာက ခပ်ဖျော့ဖျော့ပြုံးကာ လူမိုက်၏နဖူးကို သူမ၏လက်ချောင်းဖြင့် အသာအယာပုတ်ကာ မတ်တပ်ရပ်လိုက်သည်။
ကျွန်မ သန့်စင်ခန်းသွားမလို့ လိုက်ခဲ့မလား"
လူမိုက်က အလွန်ပျော်သွားသည်။နိုင်ငံခြားက မိန်းကလေးများသည် အမှန်ပင် ပွင့်လင်းမြင်သာမှု ရှိကြသည်မှာ သေချာသည်။
သူက စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်၏။
"ဒါပေါ့ သေချာတာပေါ့၊ ကိုယ်လည်း သန့်စင်ခန်းသုံးဖို့ စဉ်းစားနေတာပဲ"
ဤသို့ပြော၍ ကွင်တီနာ၏နောက်မှလိုက်ကာ သန့်စင်ခန်းဆီသို့ လိုက်သွားခဲ့သည်။ ကျန်လူရမ်းကား အားလုံးက မနာလိုစိတ်ဖြင့် ကြည့်လိုက်သည်။
သန့်စင်ခန်းရောက်သည်နှင့် ကွင်တီနားသည် မယုံနိုင်လောက်အောင် ညစ်ပတ်နေသောကြောင့် မျက်မှောင်ကြုတ်လိုက်သည်။
ကြမ်းပြင်တွင် စီးကရက်ဘူးများနှင့် ဆေးထိုးကိရိယာများဖြင့်ပြည့်နေသည်။ သို့သော်
လူမိုက်က အားပါးတရရယ်၍ သန့်စင်ခန်းတံခါးကို ပိတ်လိုက်သည်။ ကွင်တီနာ၏ မျက်နှာက ပြန်လည် တည်ငြိမ်သွားသည်။
"ဘေဘီ၊ ဒီနေ့ မင်းကို အချိန်ကောင်းတစ်ခုဖန်တီးပေးမယ်" လူမိုက်က ရှေ့သို့ တိုး၍ပြောသည်။
သို့သော် ထိုအချိန်တွင် ကွင်တီနာ၏ မျက်လုံးများ တဖြည်းဖြည်း နီရဲလာကာ သူမ၏ ပါးစပ်မှ အစွယ်ကြီးနှစ်ချောင်း ထွက်လာသည်။ လူမိုက်သည် မြင်နေရသောအရာကြောင့် ထိတ်လန့်ကာ အော်ဟစ်လုဆဲဆဲ ဖြစ်သော်လည်း ကွင်တီနာသည် ရှေ့သို့ ပြေးသွား၍ လည်ပင်းကို ကိုက်လိုက်သည်။
လူမိုက်၏မျက်နှာသည် ထိတ်လန့်တုန်လှုပ်နေသော အမူအရာသို့ ပြောင်းလဲသွားသော်လည်း သူ့ထံမှ သွေးများစီးကျလာသောကြောင့် သူ့မျက်လုံးထဲရှိအလင်းက မှိန်သွားသည်။
ခဏအကြာတွင် လူမိုက်၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ လဲကျသွားသည်။
ကွင်တီနာက မျက်မှောင်ကြုတ်ပြန်သည်။
ဤသွေးသည် ခါးသောအရသာရှိနေကာ ညှီလည်းညှီ သဖြင့်အ လွန်ဆိုးဝါးလှသည်။
‘ထားပါတော့ လောလောဆယ်တော့ ခံနိုင်ရည်ရှိမှာပါ’
သွေးပုလဲကို ရှာတွေ့ပြီးသည်နှင့် သူမသည် နေ့တိုင်း အစားအသောက်အတွက် စိတ်ပူနေစရာ မလိုတော့ပေ။
သူမစိတ်ထဲတွင် တွက်ချက်ကာ ကွင်တီနာ၏ အနီရောင်မျက်လုံးများက ပုံမှန်အဖြစ်သို့ ပြန်လည်ပြောင်းလဲ၍ သူမ၏ရှည်လျားသော အစွယ်များသည်လည်း ယခင်ကကဲ့သို့ ပြန်သေးသွားသည်။
မြေပြင်၌ သွေးများ စွန်းထင်းနေသည့် အလောင်းကြောင့်သာ မဟုတ်လျှငိ အဖြစ်အပျက် တစ်ခုလုံးက အိပ်မက်တစ်ခုကဲ့သိာ့ ဖြစ်နေနိုင်သည်။
ထိုအချိန်တွင် အားဖေး၏အိမ်တွင် လုရှားသည် ကုနည်းပညာလေ့ကျင့်နေသည့် အားဖေးကို အလေးအနက် စိုက်ကြည့်ပြီးနောက် ခေါင်းကို ခိုကိုးရာမဲ့ ခါလိုက်သည်။
"မင်းရဲ့ ကုနှလုံးသားဟာ လုံးလုံးပျက်စီးသွားပြီ။ မင်း ငါနဲ့အတူ တိတ်တိတ်လေး သက်သာရာရဖို့အတွက် ချိုင့်ဝှမ်းကို ပြန်မလာဘူးဆိုရင် မင်းအရင်အဆင့်ကို ပြန်ကောင်းလာမှာ မဟုတ်ဘူး"
သို့သော် အားဖေးက သက်ပြင်းတစ်ချက်ချကာ ရှက်ပြုံးပြုံးလိုက်သည်။
"ကျွန်တော်က အရမ်းမိုက်တာပဲ၊ ဒါပေမယ့် အခုအခြေအနေနဲ့ တော်တော်ပျော်နေပြီထင်တယ်"
ကုနည်းစနစ်သင်တန်းနှင့် ကုနှလုံးကို ပြုစုပျိုးထောင်ခြင်းသည် ခက်ခဲလွန်းလှသည်။ ရှန်းကျန်း၏ နေထိုင်မှုပုံစံကို ကျင့်သားရနေပြီဖြစ်သော အားဖေးသည် သဘာဝအတိုင်း ပြန်မသွားချင်ပေ။
အခန်း (၃၆၀) အမှောင်ရတနာ
လုရှားက စိတ်အားထက်သန်စွာ ခေါင်းခါလိုက်သာ်။
“မြောင် မှော်ဆရာတွေရဲ့ မျိုးဆက်တစ်ခုအနေနဲ့ ကု နှလုံးသားမရှိရင် မင်းဘယ်လိုနေနိုင်မှာလဲ။ အချိန်ကျရင် မင်းငါပြောတာ နားလည်မှာပါ"
အားဖေးချက်ခြင်း မျက်နှာပျက်သွားပြီးနောက် သူကအကြောင်းအရာကို အမြန်ပြောင်းလိုက်သည်။
"ကုဆရာ ရှန်းကျန်းလေလံပွဲတက်ဖို့ ပိုက်ဆံအလုံအလောက် ပြင်ဆင်ထားပြီလား"
"ပိုက်ဆံဟုတ်လား ဘာပိုက်ဆံလဲ" လုရှားက မေးသည်။
အားဖေး၏ မျက်လုံးများ ပြူးကျယ်သွား၏။
“ ပစ္စည်းတွေကို လေလံဆွဲဖို့ ပိုက်ဆံတွေ အစား အတင်းလုယူဖို့ စီစဉ်နေတာလား"
လုရှားက ပြုံးလိုက်သည်။
"ဟုတ်ပါတယ်၊ ငါစိတ်ဝင်စားတဲ့အရာက ငွေနဲ့တိုင်းတာလို့မရပါဘူး။ အဲဒါက လဲလှယ်မှုတစ်ခုပါပဲ။ မင်းမှာရှိတဲ့အရာတွေကို တစ်ဖက်လူက စိတ်ဝင်စားနေသရွေ့ မင်းနဲ့ အရောင်းအဝယ်လုပ်လို့ရတယ်"
"ဒါဆို အဆိပ်ဆရာ ဘာကမ်းလှမ်းဖို့ ပြင်ဆင်ထားလဲ" အားဖေးက စိတ်ဝင်တစား မေးသည်။
လုရှားရယ်မောလိုက်ပြီနောက် ရုတ်တရက် သူ့လက်ထဲ၌ ကြက်ဥအရွယ် အင်းဆက်ဥနှစ်လုံး ပေါ်လာတယ်။ သို့သော် ၎င်းတို့၌ ပါရှိသော ရောင်ဝါသည် အားဖေး၏ ရိုးတွင်းခြင်ဆီအထိ တုန်လှုပ်သွားစေသာ်။
"ဒါတွေ... ဒါတွေက ကုဘုရင်ရဲ့ဥတွေလား” အားဖေးက အော်လိုက်တယ်။
လုရှားက ဂုဏ်ယူစွာ ခေါင်းညိတ်လိုက်သည်။ "မှန်ပါတယ်၊ သူတို့က ငါကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့တဲ့ ကုဘုရင်ဥတွေပဲ"
အားဖေးတုန်လှုပ်ခြောက်ခြားသွားသည်။ ကုဘုရင်၏တန်ဖိုးကို သူအလွန်ရှင်းလင်းစွာသိသည်။ ကုဘုရင်တိုင်းသည် အလွန်အဖိုးတန်သော ရတနာတစ်ခုဟု ဆိုနိုင်သော်လည်း ဤသည်ကား ကုဆရာ လုရှားမှ ကိုယ်တိုင် မွေးမြူထားသော ကုဘူရင်များပင် ဖြစ်သည်။
ထိုကဲ့သို့သော ရတနာများကို အလဲအလှယ်လုပ်ခြင်းကိုကြည့်လျှင် အလိုရှိသည်မှာ မည်ကဲ့သို့ အံ့အားသင့်ဖွယ်ကောင်းသည့် အရာမျိုး ဖြစ်သင့်သနည်း။ အားဖေးက စူးစူးဝါးဝါး အံ့သြသွားသည်။ နောက်ဆုံး၌ လေလံပွဲနေ့ ရောက်လာာသည်.
ပုံမှန်လေလံပွဲများနှင့်မတူပေ။ ယခုတစ်ကြိမ် လေလံကို အများပြည်သူသို့ ဖွင့်မထားပေ။ ဖိတ်ကြားထားသူများသာ ဝင်ခွင့်ရရ၍ လုံခြုံရေးက အလွန်တင်းကြပ်သည်။
ရောက်ရှိလာသူတိုင်းနီးပါးသည် ၎င်းတို့၏မျက်နှာအစစ်အမှန်ကို အခြားသူများမြင်ရမည်ကို ကြောက်နေသကဲ့သို့ မျက်နှာဖုံးများနှင့် နေကာမျက်မှန်များ အပြည့်အစုံဝတ်ဆင်ထားသည်။
ယင်းကြောင့် လာရောက်ကြည့်ရှုသူ ရွှယ်အန်းသည် အနည်းငယ် ပေါ်လွင်လာခဲ့သည်။ လူများစွာက ရွှယ်အန်းကို အံ့ဩတကြီး မျက်လုံးများဖြင့် ကြည့်နေသည်။ ၎င်းမှာ ယခင်က တစ်ခါမျှ မမြင်ဖူးသည့် မျက်နှာတစ်ခုဖြစ်ကာ လူအများ၏ စူးစမ်းချင်စိတ်ကို သဘာဝအတိုင်း ဆွဲဆောင်နေသည်။
ထိုအချိန်တွင် ဝမ်ကုန်းသည် အဝေးတစ်နေရာတွင် ထိုင်နေဘျက် ရွှယ်အန်းဘေးတွင် ထိုင်နေသော အန်းယန်ကို ရံဖန်ရံခါ စိုက်ကြည့်နေသည်။ အန်းယန်က ယခုအချိန်၌ ဖုံးကွယ်ပညာတစ်ခုကြောင့် လုံးလုံးလျားလျား သာမန်ဖြစ်နေသော်လည်း ဝမ်ကုန်းသည် ဤအမျိုးသမီးနှင့် ပတ်သတ်၍ ရင်းနှီးမှုတစ်ခုခုရှိနေသည်ဟု ခံစားမိသေးသည်။
‘ထူးဆန်းတယ် ငါသူ့ကိုဘယ်မှာတွေ့ဖူးလဲ။
သို့သော် ပြီးသည်နှင့် တရားဝင် လေလံပွဲစတင်သည်။ အားလုံးက စင်ပေါ်ကို အာရုံစူးစိုက်စိုက်ကြည့်နေကြသည်။
ဆံပင်ဖြူသော်လည်း စွမ်းအားကြီးရောင်ဝါရှိသော အမျိုးသားတစ်ယောက် စင်ပေါ်တက်လာသည်။
"လူကြီးမင်းတို့၊ ယနေ့ လေလံပွဲကနေ ကြိုဆိုပါတယ်။ လေလံတင်မယ့် ပထမဆုံး ပစ္စည်းကတော့ ဒီထောင်နှစ်ရိုင်း ဂျင်ဆင်းပါ"
သူစကားပြောနေစဉ်တွင် တစ်မီတာကျော်ရှည်သော ဂျင်ဆင်းပုံးကို ဖွင့်ကြည့်လိုက်ရာ အမြစ်ပေါ်တွင် ဖျော့ဖျော့မြင်နေရသည့် မျက်နှာအသွင်အပြင်ကို တွေ့ရလေသည်။
"ဒီပစ္စည်းရဲ့ အဖိုးတန်တန်ဖိုးကို အကျယ်တဝင့် မပြောလိုပါဘူး- သေလွန်သူတွေကို အသက်ပြန်ရှင်လာဖို့ ပြောနေစရာမလိုပါဘူး၊ မင်းနဲ့အတူရှိနေတာက အပိုဘဝတစ်ခုရသလိုပါပဲ။ ဒါကြောင့် စပြီးလေလံက အနည်းဆုံး တစ်သိန်းက ဆယ်သန်းအထိ တိုးမြင့်လို့ရပါတယ်။ စလိုက်ကြရအောင်"
လေလံဆွဲသူ၏ အမိန့်ဖြင့် လေလံဆွဲခြင်းကို အောက်တွင် စတင်ခဲ့သည်။
"ဆယ့်တစ်သန်း"
"ဆယ့်နှစ်သန်း"
"ဆယ့်ငါးသန်း"
အဆုံးတွင် ဂျင်ဆင်းကို အလွန်များပြားသော ပမာဏ တစ်ဆယ့်ရှစ်သန်းဖြင့် ရောင်းချခဲ့သည်။ သို့သော် ရွှယ်အန်းသည် ပထမတစ်ချက်ကြည့်ရုံဖြင့် သက်တမ်းတစ်ထောင်ရှိပုံမပေါ်သောကြောင့် ဂရုမစိုက်အေ။ အနည်းဆုံးအနေဖြင့် နှစ်လေးငါးရာသာရှိမည်။
ရှားပါးနေသေးသော်လည်း အနှစ်တစ်ထောင်အမှတ်အသားသည် စစ်မှန်သောဝိညာဉ်ရေးဆေးဘုရင်များဖြတ်ကျော်ရမည့် စံသတ်မှတ်ချက်တစ်ခုဖြစ်သည်။ မဟုတ်ပါက၊ ၎င်းသည် အနည်းငယ်ပိုကောင်းသော ဆေးဖက်ဝင်အပင်တစ်ခုသာဖြစ်၏။ ၎င်းတို့သည် ကောင်းကင်ဘုံတာအိုဆရာကြီးမှ ကိုယ်တိုင်ကိုယ်ကျ ရေးသားခဲ့သော ဝိညာဉ်တော်အကြောင်းအရာများ သို့မဟုတ် အနောက်ပိုင်းနယ်မြေ ဒ္ဓဘာသာ ဘုရားကျောင်းကြီးများမှ နဝမမြောက်ဗုဒ္ဓမြတ်စွာဘုရား မှ ချီးမြှောက်ပေးထားသည့် ပုတီးစေ့များ စသည့် အစရှိသမျှသည် မှော်အတတ် ပစ္စည်းများနှင့်တူသည်။
လောကမှ လူများအတွက် ဤအရာများသည် တုနှိုင်း၍ မရနိုင်သော ဆန်းကြယ်သက်ရောက်မှုများရှိနှင့်ပြီးဖြစ်သည်။
သို့သော် ရွှယ်အန်းအတွက်မူ ၎င်းတို့ကို အမှိုက်ဟုသာ ယူဆနိုင်သည်။ ထို့ကြောင့်ပင် ပျင်းရိငြီးငွေ့လာသည်။
လေလံပွဲကဤအတိုင်းသာဆိုလျှင် အလွန်ညံ့ဖျင်းလွန်းလှဿည်။ ဤသို့တွေးနေစဥ်
လေလံဆွဲသူရဲ့ အသံက ရုတ်တရက် ထွက်ပေါ်လာသည်။
"လေလံတင်မယ့်ပစ္စည်းက နောက်ဆုံးရတနာပြီးရင် ဒုတိယလို့ ပြောလို့ရပါတယ်။ ကျေးဇူးပြုပြီး ကြည့်ပေးပါ"
ဤသို့ပြော၍ လေလံဆွဲသူက ပစ္စည်းကို ဖုံးထားသော အနီရောင်ပုဝါကို ဖယ်လိုက်သည်။ စင်ပေါ်၌ ပေါ်လာသည်မှာ ကျောက်မျက်ရတနာများ၏ တောက်ပမှုကို ထုတ်လွှတ်ပေးနေသော ပန်းရောင်ပုလင်းငယ်များဖြစ်သည်။
ရွှယ်အန်းအနည်းငယ် အံ့သြသွားပြီးနောက် ရယ်လိုက်သည်။
‘ဒါ ကောင်းကင်ကံကြမ္မာမဟုတ်ဘူးလား။ လေလံပွဲရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်မယ်လို့ ဘယ်သူထင်မှာလဲ’
ထို့နောက် လေလံတင်သူမှ စိတ်လှုပ်ရှားစွာဖြင့်ပြောသည်။
"ဂုဏ်သရေရှိ လူကြီးမင်းတို့၊ ကောင်းကင်ကံကြမ္မာကို မိတ်ဆက်ပေးဖို့ မလိုပါဘူး၊ ဒီပုလင်းတွေက ပိုထူးခြားပါတယ်၊ သူတို့က အသစ်ထွက်ရှိလာတဲ့ တရုတ်ရဲ့ Limited Edition တွေပါ။ 'limited edition' က ဘာကိုဆိုလိုတာလဲ။ ကောင်းကင်ကံကြမ္မာကုမ္ပဏီရဲ့ အဆိုအရ၊ စွမ်းအားက ပုံမှန်ထက် အများကြီး ပိုပြင်းထန်ပြီး သန့်ရှင်းတဲ့အတွက် limited edition လို့ခေါ်ပါတယ်"
"ဒါကြောင့် ဒီlimited edition တွေထွက်လာတဲ့အခါ ချက်ချင်းဆိုသလိုအတင်းလုဝယ်ခဲ့ကြတယ်"
ရွှယ်အန်းသည် ပရိသတ်အကြားမှ ရယ်လိုက်မိသည်။
ဤသည်က သူ့ညီသုံးယောက်၏ စိတ်ကူးဖြစ်မည်ထင်ရသည်။ အမှန်ပင် limited edition ဖြစ်၏။ ဤအရာများအားလုံးက နိုင်ငံခြားသူဌေးကြီးများကို လှည့်စားရန်သာဖြစ်သည်။
မှန်သည်။ သူက ဤအချက်ကို ဖော်ထုတ်မည်မဟုတ်ပေ။
တစ်ချိန်တည်းတွင်၊ လေလံရောင်းချသူသည် ကောင်းကင်ကံကြမ္မာ၏အကျိုးသက်ရောက်မှုများကို အသေးစိတ်ဖော်ပြခဲ့သည်။
"ပုံမှန် ကောင်းကင်ကံကြမ္မာက လူတစ်ဦးကို ပြန်လည်နုပျိုစေနိုင်တယ်၊ ဒါပေမယ့် ဒီ ကန့်သတ်ထုတ်ကုန်တွေက အဲ့အစွမ်းရဲ့ အမြင့်ဆုံးကို ထုတ်ပေးနိုင်တယ်။ ဒါ့ကြောင့် အရမ်းအရေးပါတယ်။ အခု လေလံက သန်းငါးဆယ်က စမှာဖြစ်ပါတယ်။ ဆေးတစ်ပုလင်းစီတိုင်းက သန်းငါးဆယ်ထက် မနည်းပါဘူး"
နားထောင်ရင်း ရွှယ်အန်းလည်း အံ့အားသင့်သွားသည်။
ကောင်းကင်ကံကြမ္မာက ဒီလောက်ဈေးကို ရောက်နေပြီလား။
သို့သော် လေလံဆွဲသူက စကားမဆုံးသေးခင်၌ အခန်းတွင်း၌ ပွက်ပွက်ဆူနေသော အိုးတစ်လုံးပေါက်ကွဲသွားသည့်အလားဖြစ်သွား၏။
"သန်း ၆၀"
"သန်း ၇၀"
…
နောက်ဆုံးတွင် အဆိုပါ ကောင်းကင်ကံကြမ္မာပုလင်းအနည်းငယ်ကို သန်း ၁၃၀ ဖြင့် ရောင်းချခဲ့သည်။
ရွှယ်အန်းက ချောင်လဲ့တို့ကို နောင်တွင် ပိုများသော စျေးနှုန်းသတ်မှတ်ပေးရန် စိတ်ထဲမှ တွေးလိုက်သည်။ မဟုတ်လျှင် ပိုက်ဆံများအားလုံးကို ဤလက်ဝါးကြီးအုပ်သူများက လုယူသွားပေလိမ့်မည်။
ထိုအချိန်တွင် လေလံဆွဲသူသည် အခန်းကိုကြည့်၍ လူအုပ်ကြီး တိတ်ဆိတ်သွားစေရန် စောင့်ဆိုင်းလိုက်သည်။
"ကဲ၊ ငါတို့ရဲ့ နောက်ဆုံးပစ္စည်းတွေ၊ တစ်နေ့တာရဲ့ အဖိုးတန်ဆုံး ပစ္စည်းကို လေလံတင်မယ်"
ဤသို့ပြော၍ လေလံဆွဲသူက လှပစွာပြုလုပ်ထားသော သေတ္တာလေးကို ဖွင့်လိုက်သည်။
အဖုံးဖွင့်လိုက်သည်နှင့် ခန်းမတစ်ခုလုံး သွေးနီရောင်အလင်းတန်းများ လွှမ်းသွားသည်။ အတွင်းတွင် ပြင်းထန်သော စွမ်းအင်များကိန်းအောင်းနေသည့် သွေးပုလဲတစ်လုံးရှိသည်။
အခန်းထဲရှိ လူများဆီမှ ဟစ်အော်သံများ ထွက်လာသည်။
လုရှားနှင့် အားဖေးတို့သည် အထင်ရှားဆုံးသော ထောင့်တွင် တိတ်ဆိတ်စွာ ထိုင်နေကြသည်။
သို့သော် ဤအခိုက်အတန့်ရောက်လာသောအခါတွင်၊ လုရှားသည် သွေးပုလဲကို စေ့စေ့ကြည့်ကာ သူ့အမူအရာက ပိုလေးနက်လာသည်။ ဤသို့သော ပုံစံဖြစ်သွားသည်မှာ သူတစ်ဦးတည်းမဟုတ်ပေ။
လုံကွမ်ယွီ၏မျက်လုံးများသည် လောဘနှင့်ပြည့်နေသည်။ ထို့အပြင် ကွင်တီနာက အသက်ပြင်းပြင်းရှု၍ ခပ်တိုးတိုးရေရွတ်လိုက်သည်။
“သွေးဧကရာဇ်ရဲ့ အစွမ်းထက်တဲ့ အငွေ့အသက်… ဒါက အနည်းဆုံး မြို့စားကြီးဆီက ဖြစ်ရမယ်”
မှန်သည် ဤလေလံတင်ရောင်းနေသော သွေးပုလဲမှာ ဥရောပ သွေးမျိုးနွယ်စုကျရှုံးပြီးနောက် အဖွဲ့ဝင်တစ်ဦးဆီမှ ဖြစ်တည်လာသောအရာဖြစ်သည်။ ထို အမှောင်ရတနာကို တစ်ချက်ကြည့်၍ ရွှယ်အန်းက ရုတ်တရက် မတ်တပ်ထရပ်ကာ မျက်လုံးများ တောက်ပလာသည်။
စိတ်ဝင်စားစရာပဲ။