အခန်း (၃၆၁-၃၆၃)
Vol. 25 Ch. 361-363
အခန်း(၃၆၁) ကျောက်စိမ်းချင်ဆီဝိညာဥ်ကျောက်
"လူကြီးမင်းတို့နဲ့ အမျိုးသမီးတို့ ဒီပစ္စည်းရဲ့ အရေးပါပုံကို ကျွန်တော် အသေးစိတ်ပြောနေဖို့ မလိုလောက်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် လူကြီးမင်းတို့ရဲ့ လေ့ကျင့်မှုက အမှောင်စွမ်းအင်ဘက်ကဆိုရင် ဒီပစ္စည်းက လူကြီးမင်းတို့အတွက် အဆုံးမရှိ အကျိုးရှိမှာပါ" လေလံတင်သူကပြောလိုက်သည်။
“ဒါ့အပြင် ဒီပစ္စည်းရဲ့ လေလံဆွဲမှုက တခြားပစ္စည်းတွေနဲ့ မတူပါဘူး။ ရောင်းပေးတဲ့လူက ငွေအသပြာကိုမလိုချင်ဘဲ၊ သူ့မျက်စိကို ဖမ်းစားနိုင်တဲ့ ကမ္ဘာ့ရှားပါးရတနာတွေကိုပဲ လိုချင်တာပါ။ တစ်ခုခုကို သူ သဘောကျတာနဲ့ အဲ့ပစ္စည်းနဲ့ လဲလှယ်ပေးမှာပါ”
ဤထုတ်ဖော်ပြောကြားမှုသည် ပရိတ်သတ်များအားလုံးကို တုန်လှုပ်သွားစေသည်။ အားဖေးကို အကြည့်ဖြင့် အချက်ပြလိုက်ပြီးနောက် လုရှား၏ မျက်နှာထက်၌ စိတ်လှုပ်ရှားမှုအချို့ပေါ်ပေါက်လာသည်။ အားဖေးသည် အလျင်အမြန် ထရပ်လိုက်သည်။
"မိတ်ဆွေ၊ ခင်ဗျား ဘာနဲ့လဲလှယ်ဖို့ စီစဉ်ထားလဲ" လေလံတင်သူက မေးလိုက်သည်။
အားဖေးသည် ဂုဏ်ယူစွာဖြင့် စင်မြင့်ပေါ်သို့ လျှောက်သွားကာ သူ၏လက်ကို ဆန့်ထုတ်လိုက်သည်။
"ဒါက မြောင်အင်မော်တယ်ချိုင့်ဝှမ်းက ကုဘုရင်ရဲ့ဥပါ။ ခင်ဗျားရဲ့ သွေးကို ဒီဥအပေါ်ကို ဖြန်းလိုက်ရုံနဲ့ ကုဘုရင် အကောင်ပေါက်လာတဲ့အခါ ခင်ဗျားအနားကနေ ဘယ်တော့ ထွက်မသွားဘဲ တစ်သက်လုံး နာခံလိမ့်မယ်၊ ဒါကအရမ်း အစွမ်းထက်တဲ့ စွမ်းအင်တစ်ခုပါ"
ထိုစကားသည် လူစုလူဝေးကို တုန်လှုပ်သွားစေသည်။ လူအများအပြားက ၎င်းတို့အချင်းချင်း တီးတိုး ပြောနေကြသည်။
"အင်းဆက်ချိုင့်ဝှမ်း၊ အဲဒါ အင်းဆက်ချိုင့်ဝှမ်းရဲ့ မျိုးဆက်ပဲ"
"ကုဘုရင်ဥကို ထုတ်လာတယ်ဆိုတော့၊ ကျော်ကြားတဲ့ အင်းဆက်အင်မော်တယ် ရောက်လာတာများ ဖြစ်နိုင်မလား"
ဤဆွေးနွေးမှုများကြားတွင် လုံကွမ်ယွီသည် ထောင့်စွန်းတွင်ရှိနေသော လုရှားဆီသို့ စိုက်ကြည့်ပြီးနောက် သူ၏အမူအရာ မည်းမှောင်သွားသည်။ လုံကွမ်ယွီ၏ စိစစ်ကြည့်ရှုမှုကို သတိထားမိသောအခါ လုရှားက လှည့်ကြည့်လိုက်သည်။ ၎င်းတို့အချင်းချင်း အကြည့်ချင်း ဆုံသွားကြသည်။ လုရှားသည် နုံအစွာ ပြုံး၍ အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။ လုံကွမ်ယွီသည် အေးစက်စွာ လှောင်ရယ်ပြီးနောက် စင်မြင့်ဆီသို့ ပြန်လှည့်ကြည့်လိုက်သည်။
လုရှားသည် မျက်နှာပြင်ပေါ်တွင် ပြုံးနေပုံရသော်လည်း စိတ်ထဲ၌ အနည်းငယ် ထိတ်လန့်သွားသည်။ အမှန်တကယ်ပင်၊ ၎င်းသည် နန်ယန်တွင် အနှစ်တစ်ရာအတွင်း အသန်မာဆုံး မှော်ဆရာဟု နာမည်ရထားသည့် လုံကွမ်ယွီဖြစ်သည်၊ ယနေ့ လေလံပွဲသည် နက်ရှိုင်းသော ပြဿနာများ ရှိနေပုံရသည်။ ထိုအတောအတွင်းတွင် စင်မြင့်ပေါ်ရှိ လေလံတင်သူသည် ကုဘုရင်ဥကို စင်နောက်ကွယ်သို့ ယူသွားပြီးနောက် ခဏအကြာတွင် နောင်တရနေသည့် မျက်နှာထားဖြင့် ပြန်ရောက်လာသည်။
"စိတ်မရှိပါနဲ့ ဆရာ၊ ကုဘုရင်ဥက အစွမ်းထက်ပြီး လျှို့ဝှက်ဆန်းကြယ်ပေမယ့် ပစ္စည်းလက်ခံတဲ့လူကြီးမင်းက သိပ်သဘောမကျပါဘူး"
"ဘာ" အားဖေး၏ မျက်လုံးများ ပြူးကျယ်သွားသည်။
ကုဘုရင်ဥကိုပင် မကြိုက်နှစ်သက်ခြင်းသည် မြောင်အင်မော်တယ်ချိုင့်ဝှမ်းကို အထင်အမြင်သေးခြင်းဖြစ်သည်။
အားဖေးက ဒေါသဖြင့် ပေါက်ကွဲတော့မည့်အချိန်တွင် လုရှားက လေးနက်စွာ ပြောလိုက်သည်။
"အားဖေး"
ပြီးနောက် အားဖေးသည် လေလံတင်သူကို စိုက်ကြည့်ပြီးနောက် စင်ပေါ်မှ ဒေါသတကြီး ဆင်းသွားလေသည်။
"ကုဆရာ၊ ဒီလူတွေက ရတနာကိုတောင် မသိကြဘူး။ ဒေါသထွက်ဖို့ ကောင်းလိုက်တာ"
လုရှားသည် ရယ်မောပြီးနောက် လင်းလက်သော မျက်လုံးများဖြင့် စင်မြင့်ကို မော့ကြည့်လိုက်သည်။ ဤသို့သောပစ္စည်းမျိုးကို ထုတ်ပြနိုင်သူသည် ကမ္ဘာပေါ်ရှိ မည်သို့သောအရာကို လိုချင်သည်ကို သူ သိချင်မိသည်။ ဤအခိုက်အတန့်တွင် လုံကွမ်ယွီသည် မတ်တတ်ထရပ်၍ စင်မြင့်ဆီသို့ လျှောက်သွားခဲ့သည်။
"ဒီလူက ဘယ်သူလဲ"
"ရှူး တိတ်တိတ်နေ၊ ဒီလူက မင်း ရန်ဆွလို့ရတဲ့ လူမျိုးမဟုတ်ဘူး၊ ဒါက နန်ယန်းရဲ့ မှော်အတတ်ပညာကို ဦးဆောင်နေတဲ့ လုံကွမ်ယွီပဲ"
ဟူး
မှော်ဆရာတစ်ယောက်အကြောင်း ပြောသောအခါ လူအများအပြားသည် ၎င်းတို့၏ ကျောရိုးတစ်လျှောက် အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ပြီးနောက် ထိုအရာသည် အလွန် ဆိုးရွားလွန်းသည်။ ဤသည်မှာ မဖော်ပြနိုင်သော လူသတ်မှုဖြစ်သည်။ လုံကွမ်ယွီသည် စင်မြင့်ပေါ်သို့ ဂုဏ်ယူစွာ တက်လှမ်းသွား၍ အဖြူရောင်အရိုးတစ်ချောင်းကို ထုတ်ယူကာ စားပွဲပေါ်သို့ တင်လိုက်သည်။ ဤပစ္စည်းကိုမြင်သောအခါ လူအများအပြားက အမူမထားကြပေ။ လုရှားနှင့် အခြားသော လူအနည်းငယ်တို့၏ အမူအရာများသာ တညီတညွတ်တည်း ပြောင်းလဲသွားကြသည်။
ပြီးနောက် လုံကွမ်ယွီက ကျယ်လောင်စွာ ပြောလိုက်သည်။
"လူကြီးမင်းတို့ ဒါက ရှေးခေတ်က ထူးခြားဆန်းကြယ်တဲ့ သားရဲဖြစ်တဲ့ ချီလင်ရဲ့ အရိုးစစ်စစ်ပါ။ ဒီအရိုးက ဂါထာပေါင်းများစွာရဲ့ စွမ်းအင်ကို မြှင့်တင်ပေးနိုင်တဲ့အပြင် ဆုတောင်းတွေနဲ့ ကျိန်စာတွေကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်"
သူ၏မိတ်ဆက်မှုသည် လူအများအပြားကို အံ့အားသင့်သော အမူအရာများ ပေါ်ပေါက်လာစေသည်။ ရှေးခေတ်ရှိ ထူးခြားဆန်းကြယ်သော ချီလင်၏ အရိုးတစ်ချောင်း။ အခြားအရာများ မဆိုနှင့် ၎င်း၏ခေါင်းစဉ်တစ်ခုတည်းကပင် ကမ္ဘာ့ရှားပါးရတနာအဖြစ် သတ်မှတ်နိုင်ပြီဖြစ်သည်။
လေလံတင်သူက ခေါင်းညိတ်ပြလိုက်သည်။
"ခဏစောင့်ပါ"
ဤသို့ဖြင့် သူသည် အရိုးကို ကောက်ယူကာ စင်အနောက်သို့ ဆင်းသွားပြန်သည်။
လေလံတင်သူသည် ခဏအကြာတွင် ပြန်ရောက်လာ၍ ခေါင်းယမ်းလိုက်သည်။
"စိတ်မရှိပါနဲ့၊ ဒါပေမယ့် ပစ္စည်းလက်ခံတဲ့ လူကြီးမင်းက ဒီတစ်ခုကိုလည်း မကြိုက်ပါဘူး"
ယုံကြည်မှုအပြည့်ရှိသော လုံကွမ်ယွီသည် ရုတ်တရက် တောင့်တင်းသွားသည်။ သူ၏စိတ်ထဲတွင် အလွန် ဒေါသထွက်သွားလေသည်။ ထိုသို့သော ပစ္စည်းကိုပင် မလိုချင်လျှင် ပစ္စည်းပို့ဆောင်သူသည် မည်သို့သော အရာမျိုးကို အလိုရှိခြင်းဖြစ်သနည်း။ ဤသည်မှာ လူအများအပြား၏ စိတ်ထဲတွင် မေးမြန်းနေသော မေးခွန်းဖြစ်သည်။
ကွင်တီနာသည် တခဏမျှ တုံ့ဆိုင်းပြီးနောက် လက်ထဲတွင် အနက်ရောင် ဓားမြှောင်တစ်ချောင်းကို ကိုင်ဆောင်လျက် မတ်တပ်ထရပ်လိုက်သည်။
"ဒါက အမှောင်ဓားမြှောင်ပဲ၊ နည်းနည်းလေးထိရုံနဲ့ ဒဏ်ရာရတဲ့သူတိုင်းက ကျိန်စာတွေ၊ အဆိုးမြင်မှုအမျိုးမျိုးတွေနဲ့ နှိပ်စက်ညှဉ်းပန်းခံရလိမ့်မယ်။ လုပ်ကြံသတ်ဖြတ်ဖို့အတွက် အကောင်းဆုံးလက်နက်တစ်ခုပေါ့"
ထိုအရာသည် တက်ရောက်လာသူ လက်နက်ဝါသနာရှင်များစွာကို တောက်ပသွားစေသည်။ ၎င်းလက်နက်သည် ကျိန်စာများနှင့် အပျက်သဘောဆောင်သော အခြေအနေများဖြင့် အမှန်တကယ် ထိခိုက်စေနိုင်သည်။ ဤသည်မှာ နတ်လက်နက်ဟု ယူဆနိုင်သည်။
သို့သော် ယခုတစ်ကြိမ်တွင် လေလံဆွဲသူသည် ပို၍ မြန်မြန်ဆန်ဆန် ပြန်ထွက်လာကာ ခေါင်းခါ၍ ပြောလိုက်သည်။
“စိတ်မရှိပါနဲ့ မိန်းမလှလေး၊ ဒါပေမယ့် လူကြီးမင်းက ဒါကိုလည်း မကြိုက်ပါဘူး”
လေလံပွဲသည် ဤအချိန်တွင် ချောင်ပိတ်မိသော အခြေအနေသို့ ရောက်ရှိသွားသည်။ လျှို့ဝှက်ဆန်းကြယ်သော ကုန်စည်ပို့ဆောင်သူက အမှန်တကယ် အလိုရှိသည့် ပစ္စည်းနှင့် ပတ်သက်၍ လူအများအပြားက မရှင်းမလင်းဖြစ်လာကြသည်။ သူသည် ပစ္စည်းကို ကြွားဝါချင်ရုံသာဖြစ်၍ အမှန်တကယ် ရောင်းချရန် ရည်ရွယ်ချက်မရှိခြင်း ဖြစ်လေသလော။ လူအများအပြားက ၎င်းတို့၏နှလုံးသားထဲတွင် တွေးနေခဲ့ကြသည်။
ရွှယ်အန်းသည် အပြုံးဖြင့် မတ်တပ်ထရပ်၍ စင်မြင့်ဆီသို့ လျှောက်သွားလိုက်သည်။ သူ၏လှုပ်ရှားမှုများသည် လူတိုင်း၏အာရုံကို ဆွဲဆောင်သွားစေသည်။ သူ့ကို စိစစ်ကြည့်ရှု့ပြီးနောက် လူအများက ရှုံ့ချသော အငွေ့အသက်မျိုး ပြသလာသည်။ အခြားသူများအနက် လုရှားနှင့် လုံကွမ်ယွီတို့ကဲ့သို့ လွှမ်းမိုးနိုင်စွမ်းရှိသည့် အရောင်အဝါမျိုးနှင့် နှိုင်းယှဉ်ပါက ရွှယ်အန်းသည် အလွန် သာမန်ကာလျှံကာ ဖြစ်ပုံပေါ်သည်။ ထိုသို့သောလူသည် အဖိုးတန်သောအရာကို ပေးစွမ်းနိုင်ခြင်းဖြစ်လေသလော။ ထို့ကြောင့် လူအများက မျှော်လင့်ချက် သိပ်မရှိကြပေ။
စင်မြင့်ပေါ်သို့ ရွှယ်အန်း ရောက်လာသောအခါ လေလံတင်သူက မေးလိုက်သည်။
"လဲလှယ်ဖို့ ရှားပါးရတနာများ ရှိမရှိ မေးလို့ရမလား၊ လူကြီးမင်း"
ရွှယ်အန်းက ခေါင်းညိတ်ပြပြီးနောက် ကျောက်တုံးကဲ့သို့ အရာဝတ္ထုတစ်ခုကို စားပွဲပေါ်သို့ ပေါ့လျော့စွာ ပစ်ချလိုက်သည်။ လေလံတင်သူသည် ရွှယ်အန်း၏ အပြုအမူကိုကြည့်၍ ထိုအရာသည် အဖိုးတန်ခြင်းရှိလေသလောဟု တွေးတောကာ မျက်မှောင်ကြုတ်လိုက်သည်။
"ဒါက ဘာလဲဆိုတာ မိတ်ဆက်ပေးပါဦး" လေလံတင်သူက မေးလိုက်သည်။
ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"ဒါက... ခင်ဗျား ဒါကို စင်အနောက်ကို ယူသွားပြီး မေးရင် ပိုကောင်းလိမ့်မယ်။ သူသာ သူ့ပစ္စည်းအကြောင်း တကယ်သိရင် ဒါက ဘာလဲဆိုတာ သူ သိသင့်တယ်"
လေလံတင်သူသည် သံသယစိတ် အနည်းငယ်ဖြင့် ကျောက်စိမ်းအပိုင်းအစနှင့် ဆင်တူသည့် အရာဝတ္ထုကို စင်မြင့်နောက်ကွယ်သို့ ယူသွားခဲ့သည်။ ဤတစ်ကြိမ်တွင်မူ အချိန်အတော်ကြာသည်အထိ ပြန်မပေါ်လာခဲ့ပေ။ အချိန်ကြာလာသည်နှင့်အမျှ အောက်ခြေရှိ လူအုပ်ကြီးက စိတ်မငြိမ်မသက်ဖြစ်လာသည်။ ထိုမှသာ လေလံတင်သူသည် တုန်လှုပ်သော အမူအရာဖြင့် ပြန်ရောက်လာကာ ရွှယ်အန်းကို ခေါင်းညိတ်ပြလိုက်သည်။
“ပစ္စည်းလက်ခံသူက 'အရောင်းအဝယ်ဖြစ်တယ်' လို့ပြောပါတယ်"
ဘုံး
လေလံပွဲတစ်ခုလုံး မှင်သက်သွားကာ လူအများအပြားက အံ့ဩသွားကြသည်။ ဝင်စွက်ဖက်တတ်သူအချို့လျှင်ပင် ဆူဆူညံညံ ပြုလုပ်လာကြသည်။
"မဖြစ်နိုင်ဘူး၊ ဒါက အကြံအဖန်လုပ်ထားတာပဲ ဖြစ်ရမယ်။ ကျောက်တစ်လုံးက ကုဘုရင်ရဲ့ဥနဲ့ ချီလင်ရဲ့အရိုးစစ်စစ်ထက် ပိုပြီး တန်ဖိုးရှိနိုင်ပါ့မလား။ မင်းတို့အားလုံး တစ်ဖွဲ့တည်းပဲ ဖြစ်ရမယ်"
"အတိအကျပဲ"
လူအများက ဤစကားများကို ပဲ့တင်ထပ်၍ ပြောလာကြသည်။ ဤမြင်ကွင်းကို ရင်ဆိုင်ရသော ရွှယ်အန်းသည် သူ၏နောက်ကျောတွင် လက်နှစ်ဖက်ကို ပစ်၍ မတ်တပ်ရပ်လျက် ခပ်ပါးပါး ပြုံးလိုက်သည်။
"ကျောက်တုံးတစ်ခုတဲ့လား ဟား၊ ဒါက 'ကျောက်တုံး' သာဆိုရင်၊ ဒီကမ္ဘာမှာ ရတနာဆိုတာ လုံးဝရှိတော့မှာ မဟုတ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒါက ကျောက်စိမ်းချင်ဆီဝိညာဥ်ကျောက်တုံးပဲ"
ထိုကြေညာချက်နှင့်အတူ၊ လုံကွမ်ယွီနှင့် ရွှယ်အန်းကို ရယ်မောရန် အဆင်သင့်ဖြစ်နေသော အခြားသူများ၏ အမူအရာများ ရုတ်တရက် အရောင်ပြောင်းသွားကြသည်။ ကျောက်စိမ်းချင်ဆီဝိညာဥ်ကျောက်တုံး။ ဤနာမည်သည် လူအများအပြားနှင့် သိပ်မရင်းနှီးလှပေ။ နာမည်ကြီး ဂိုဏ်းများနှင့် ရှည်ကြာသော အမွေအနှစ်မျိုး ရှိသူများသာ ၎င်းကို သိကြသည်။ ၎င်းသည် သဘာဝတရားနှင့် မြေကြီး ရတနာတစ်ခုနှင့် ယှဉ်နိုင်သော ဖြစ်တည်မှုမျိုးဖြစ်သည်။
၎င်းကို တစ်ချိန်က လောကီလောကတွင် တူးဖော်နိုင်ခဲ့၍ လူတစ်ဦး၏ ကျင့်ကြံမှုအဆင့်ကို တိုးမြင့်လာစေရန် အသုံးပြုခဲ့ကြသည်။ သို့သော် ဝိညာဉ်စွမ်းအင်များ တဖြည်းဖြည်း လျော့ပါးလာသည်နှင့်အမျှ ၎င်းသည် အလွန် ရှားပါးလာခဲ့သည်။ မမျှော်လင့်ဘဲ ယနေ့ ဤနေရာတွင် ပေါ်ပေါက်လာခဲ့သည်။ လူများစွာသည် ရွှယ်အန်းကို အံ့အားသင့်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။ ဤမထည်ဝါလှသော အမျိုးသားသည် ကောင်းကင်နှင့် မြေကြီးရှိ အံ့ဖွယ် ရတနာမျိုးကို မည်သို့ကြောင့် ပိုင်ဆိုင်ထားနိုင်သည်ကို သိချင်နေကြသည်။
ဤအခိုက်တွင် လေလံတင်သူမှ ခပ်တိုးတိုး ပြောလိုက်သည်။
“ကျွန်တော်တို့ကို ကုန်စည်ပို့ဆောင်သူက ဒီကျောက်တုံးမျိုး အပိုရှိမရှိ မေးမြန်းခိုင်းလိုက်ပါတယ်၊ လူကြီးမင်း”
ရွှယ်အန်းက ခပ်ပါးပါး ပြုံးလိုက်သည်။
"အများကြီးရှိတယ်၊ ဒါပေမယ့် ဒီလို ပစ္စည်းမျိုးကလွဲရင် ကျုပ် တခြားဘာပစ္စည်းမှ မလိုချင်ဘူး"
အခန်း (၃၆၂) လမ်းတစ်ဝက်တွင် ချောင်းမြောင်းတိုက်ခိုက်ခြင်း
ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် သွေးပုလဲကို စင်ပေါ်မှ ယူလာကာ ထိုင်ခုံဆီသို့ ပြန်သွားခဲ့သည်။ အန်းယန်က စူးစမ်းလိုစိတ်ဖြင့် အနားသို ့မှီကာ မေးလိုက်သည်။
"ယောက်ျား ဒါကို ဘာအတွက် သုံးမလို့လဲ"
ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးပြီးနောက် အန်းယန်၏ နားထဲသို့ တီးတိုး ပြောလိုက်သည်။
"ဒီထဲက ထွက်လာတဲ့ အုပ်စိုးမှုအာဏာ တစ်စွန်းတစ်စကို ကိုယ် ခံစားလိုက်ရလို့"
အန်းယန်သည် မှင်သက်နေဆဲ အမူအရာဖြင့် တုံးအစွာ မေးမြန်းလိုက်ပြန်သည်။
“အဲဒါ ဘာအဓိပ္ပာယ်လဲ”
"ဆိုလိုတာက ဒီဟာက မင်းဆီက ချိပ်ပိတ်မှုကို ချိုးဖျက်ဖို့ ကူညီပေးနိုင်တယ်"
ရွှယ်အန်းသည် ထိုသို့ ပြောလိုက်သောအခါ သူ့အကြည့်များ အနည်းငယ် တုန်လှုပ်သွားသည်။ မှန်ကန်စွာပြောရမည်ဆိုလျှင် သူသည် ဤသွေးပုလဲကို ပထမဆုံး မြင်တွေ့လိုက်သည်နှင့် ဝမ်းသာအားရ ခုန်ပေါက်လုနီးပါးဖြစ်သွားခဲ့သည်။ ရွှေအင်မော်တယ်အဆင့်သည် ဤကမ္ဘာတွင် ရှာတွေ့ရန် မလွယ်ကူလှပေ။ ရွှေအင်မော်တယ်အဆင့် မရှိလျှင် အင်မော်တယ်ဖြစ်တည်မှုလည်း မရှိနိုင်ပေ။
ထိုသို့ဆိုလျှင် အန်းယန်၏ ချိပ်ပိတ်မှု ချိုးဖျက်ခြင်းကို ရွှေ့ဆိုင်းရပေလိမ့်မည်။ သို့မဟုတ် ၎င်းကို လုံးလုံးလျားလျား ချိုးဖျက်ရန်အတွက် ရွှယ်အန်းသည် ရွှေအင်မော်တယ်အဆင့် သို့မဟုတ် စစ်မှန်အင်မော်တယ်အဆင့် ဖြစ်လာသည်အထိ စောင့်ဆိုင်းရပေလိမ့်မည်။ ၎င်းသည် အချိန်တစ်ခု ယူရမည်ဖြစ်သည်။ သို့သော် ဤသွေးပုလဲသည် အုပ်စိုးမှုအာဏာ အငွေ့အသက်များ အမှန်တကယ် ပါရှိနေသည်။ အားနည်းသော်လည်း အုပ်ချုပ်မှုသည် အုပ်ချုပ်မှုဖြစ်နေဆဲဖြစ်သည်။
၎င်းသည် အန်းယန်၏ ချိပ်ပိတ်မှုကို ချိုးဖျက်ရန် ကူညီပေးနိုင်သည်။ ထိုထက် ပို၍ အရေးကြီးသည်မှာ ဤအရာကို လေလံတင်ရန် ဤနေရာသို့ ယူဆောင်လာနိုင်သောကြောင့် ၎င်းပစ္စည်းသည် ရှားပါးသည်မဟုတ်ကြောင်း ဖော်ပြနိုင်သည်။ ထိုသို့တွေးမိသောအခါ ရွှယ်အန်းသည် ဒုစရိုက်မြို့တော်တွင် သူသတ်ဖြတ်ခဲ့သော သွေးမျိုးနွယ်စုဝင်တစ်ဦးကို ပြန်စဉ်းစားမိသွားသည်။
ဤမျိုးနွယ်စုက အမှန်တကယ် စိတ်ဝင်စားဖွယ်ကောင်းလှသည်။ ထိုသို့တွေးနေသော ရွှယ်အန်းသည် အန်းယန်နှင့် အိပ်ငိုက်နေသော ကလေးမလေးနှစ်ဦးကို လေလံခန်းမထဲမှ ခေါ်ထုတ်သွားလေသည်။ ဆုန်ယိသည် အပြင်ဘက်တွင် စောင့်နေ၍ ရွှယ်အန်း ထွက်လာသည်ကို မြင်သောအခါ ၎င်းတို့နှင့် တွေ့ရန် အမြန်ရောက်လာခဲ့သည်။
"ဘယ်လိုဖြစ်သွားလဲ အရှင်"
ဆုန်းယိ၏ အဆင့်အတန်းသည် ရှန်ကျန်းတွင် မြင့်မားနိုင်သော်လည်း လေလံဆွဲရန် ရည်ရွယ်ချက်မရှိပါက ထိုကဲ့သို့သော လေလံပွဲအတွင်းသို့ ဝင်ခွင့်မပြုကြပေ။ ထို့ကြောင့် ဆုန်ယိက အပြင်တွင်သာ စောင့်နေခဲ့သည်။
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"အကျိုးအမြတ်က မဆိုးပါဘူး"
"ကောင်းတာပေါ့ အရှင်၊ ဒါဆို သွားကြရအောင်"
အပြန်လမ်းတွင် ရွှယ်အန်း လေလံဆွဲခဲ့သော အရာကို ဆုန်ယိ သိသွားသောအခါ သူ၏အပြုံးများ ပျောက်ကွယ်၍ အမူအရာမှာ လေးနက်လာသည်။
"အရှင်၊ ဒါဆို လူတော်တော်များများက ဒီပစ္စည်းကို ရဖို့အတွက် တော်တော်လေး စိတ်အားထက်သန်နေတယ်လို့ ဆိုလိုတာလား"
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"ဒါဆို ကျွန်တော်တို့ ဒီကနေ မြန်မြန်ထွက်သွားသင့်ပြီ" ဆုန်ယိက လေးလေးနက်နက် ပြောလိုက်သည်၊ သူ၏စိတ်ထဲတွင် စိုးရိမ်မှု အရိပ်အမြွက်များရှိနေသည်။
လူများစွာနှင့် ရင်ဆိုင်ရချိန်တွင် ရွှယ်အန်းအပေါ် ယုံကြည်မှု အပြည့်ရှိသော်လည်း တတ်နိုင်သမျှ အမြန်ဆုံး ထွက်သွားခြင်းက ဉာဏ်အရှိဆုံးဖြစ်သည်။
ရွှယ်အန်းက ပြုံးရုံသာ ပြုံးလိုက်သည်။
"သွားကြမယ်တဲ့လား၊ အခုမှတော့ ကျုပ်တို့ ထွက်သွားနိုင်တော့မယ်လို့ ထင်နေတာလား"
ရွှယ်အန်း စကားပြောနေစဉ်တွင် ရက်စက်ယုတ်မာသော အသံတစ်ခု ထွက်ပေါ်လာသည်။
"မင်းက အသိစိတ်တော့ ရှိသေးတာပဲကို၊ သွေးပုလဲနဲ့ ကျောက်စိမ်းချင်ဆီ ဝိညာဥ်ကျောက်တုံးကို လွှဲပေးရင် မင်းအသက်ကို ကျုပ်တို့ချမ်းသာပေးမယ်။ ဘယ်လိုလဲ"
လုံကွမ်ယွီသည် ထိုစကားများဖြင့် အရှေ့သို့ ဖြည်းညှင်းစွာ တိုးလာသည်။
သူ၏အနောက်တွင် အရာရှိဝမ်ကုန်း လိုက်ပါလာသည်။ ရွှယ်အန်းသည် ၎င်းတို့ကိုကြည့်၍ သူ၏နှုတ်ခမ်းများကို ကွေးကောက်စွာ ပြုံးလိုက်သည်။
"ကျုပ်ကတော့ ဒီမှာ အသိစိတ်လိုအပ်နေတာက ခင်ဗျားလို့ပဲ ထင်တယ်"
လုံကွမ်ယွီ၏ အမူအရာသည် တဖြည်းဖြည်း နက်မှောင်လာသည်။ ပြီးနောက် ရွှယ်အန်းသည် အခြားဦးတည်ရာဆီသို့ လှည့်ကြည့်လိုက်သည်။
"ဆက်ပြီး ပုန်းနေချင်သေးတာလား၊ ထွက်လာခဲ့"
ရွှယ်အန်း၏ စကားအဆုံးတွင် လုရှားသည် ရိုးရှင်းသောအပြုံးဖြင့် ပေါ်ထွက်လာသည်။
"ခင်ဗျားက တကယ် မျက်စိကောင်းတာပဲ၊ ကျုပ်ကို တကယ်တွေ့သွားတာပဲ"
လုံကွမ်ယွီ၏ မျက်နှာအမူအရာ ရှုံ့မဲ့လာသည်။ လုရှား ရောက်ရှိလာခြင်းသည် အခြေအနေများကို ရှုပ်ထွေးသွားစေသည်။ မည်သို့ပင်ဆိုစေကာမူ လုံကွမ်ယွီသည် သွေးပုလဲကို ရယူရန် စိတ်ပိုင်းဖြတ်ထားသည်။
ဒါကြောင့် သူသည် လေးနက်စွာ ပြောလိုက်သည်။
"လုရှား၊ ဒီလူကို အရင်ဦးဆုံး ရင်ဆိုင်ခဲ့တာ ကျုပ်ပဲ၊ ဒီတော့ ဒီပစ္စည်းကို ကျုပ် ပိုင်သင့်တယ်"
လုရှားသည် သူ၏လက်များကို ပွတ်သပ်၍ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
"ဒါပေမယ့် သူ တံခါးကနေ ထွက်သွားကတည်းက ကျုပ်က သူ့အနောက်ကို လိုက်နေတာလေ လူကြီးမင်းလုံရဲ့။ ဒီပစ္စည်းက ကျုပ်အတွက် အရမ်းအရေးကြီးတယ်။ ကျေးဇူးပြုပြီး ကျုပ်ကို ပေးလိုက်ပါ"
လုံကွမ်ယွီသည် ထိုသို့ကြားသောအခါ ဒေါသတကြီး လှောင်ရယ်လိုက်သည်။
"ဒါဆို ခင်ဗျားက ကျုပ်နဲ့ တိုက်ချင်တယ်လို့ ပြောနေတာလား"
"ကျုပ်ရှေ့မှာ ဒီလိုရတနာမျိုးရှိနေတော့ ကျုပ်လည်း လက်မလျှော့နိုင်ဘူး" လုရှားက ဘာသိဘာသာ ပြောလိုက်သည်။
၎င်းတို့နှစ်ဦးသည် ရွှယ်အန်းကို လေထုတစ်ခုကဲ့သို့ သတ်မှတ်ကာ သူ၏အရှေ့တွင် သွေးပုလဲ၏ ပိုင်ဆိုင်မှုကို စတင် ငြင်းခုံနေကြသည်။ ရွှယ်အန်းသည် ဒေါသမထွက်ဘဲ သူ၏လက်နှစ်ဖက်ကို ပိုက်လျက် ငြိမ်သက်စွာ စောင့်ကြည့်နေလိုက်သည်။ သူသည် အချိန်တော်အတန်ကြာ နားထောင်ပြီးနောက် ငြီးငွေ့စွာဖြင့် သက်ပြင်းချလိုက်သည်။
“နောက်တစ်ယောက်ရှိသေးတယ်၊ ဘယ်အချိန်ထိ ပုန်းနေဖို့ စီစဉ်ထားတာလဲ”
ရွှယ်အန်း၏ စကားများပြီးဆုံးသွားသည်နှင့် ကွင်တီနာ၏ ပုံရိပ်သည် အနီးနားရှိ အမှောင်ထောင့်တစ်ခုမှ ဖြည်းညင်းစွာ ထွက်ပေါ်လာကာ သူမက ရယ်မောလိုက်သည်။
"တော်တော်လေး စူးရှတဲ့ ထိုးထွင်းဥာဏ်ပဲ"
သူမ၏အသွင်အပြင်သည် ကနဦးတွင် ငြင်းခုံနေကြသော လုရှားနှင့် လုံကွမ်ယွီတို့၏ အမူအရာများကို အကျဉ်းတန်သွားစေခဲ့သည်။
သို့သော် ရွှယ်အန်းသည် ကွင်တီနာကို ပြုံးပြ၍ မေးလိုက်သည်။
"ကျုပ် မမှားဘူးဆိုရင် ခင်ဗျားက သွေးမျိုးနွယ်စုက မဟုတ်လား"
ဤအမျိုးသမီးသည်လည်း သွေးမျိုးနွယ်စုမှ ဖြစ်လေသလော။ လုရှားနှင့် လုံကွမ်ယွီနှစ်ဦးစလုံး ထိတ်လန့်သွားကြသည်။
အမှန်တကယ်ပင် ကွင်တီနာသည် ပရောပရည်ပြုလုပ်၍ ပြောလိုက်သည်။
"တော်တော်ကောင်းတဲ့ မျက်လုံးတွေပဲ။ ကျွတ် ကျွတ်၊ အခု ရှင့်ကို သတ်ဖို့တောင် ဝန်လေးလာသလိုပဲ"
သူမသည် စကားပြောနေစဉ်တွင် ကွင်တီနာ၏ မျက်လုံးများ တဖြည်းဖြည်း သွေးနီရောင်သန်းလာ၍ သူမ၏နှုတ်ခမ်းများမှ အစွယ်ကြီးနှစ်ချောင်း ထွက်ပေါ်လာသည်။
ရွှယ်အန်းသည် ကွင်တီနာ၏ အသွင်ပြောင်းလဲမှု မပြီးမချင်း စိတ်ဝင်တစား ကြည့်နေပြီးနောက် ခေါင်းခါလိုက်သည်။
"ခင်ဗျားက သွေးမျိုးနွယ်စုကဆိုပေမယ့် အားနည်းလွန်းတယ်"
ရွှယ်အန်း၏ အမြင်အရ ဤအမျိုးသမီးသည် ဒုစရိုက်မြို့တော်တွင် သူသတ်ဖြတ်ခဲ့သော သွေးမျိုးနွယ်စုဝင်မျှ မသန်မာပေ။
"အားနည်းတာ မနည်းတာကို ဆုံးဖြတ်ဖို့ ရှင့်ကိစ္စ မဟုတ်ပါဘူး။ သွေးပုလဲကို လက်လွှဲပေးလိုက်္| ဒါဆိုရင် ရှင့်ရဲ့သွေးကို သက်ညှာပေးရင် ပေးမှာပေါ့"
ရွှယ်အန်းသည် ၎င်းတို့ သုံးဦးကို ကြည့်၍ လက်နှစ်ဖက်ကို ကူကယ်ရာမဲ့စွာ ဖြန့်ပြလိုက်သည်။
"ကျုပ်မှာက သွေးပုလဲတစ်လုံးပဲရှိတာလေ၊ ဒါပေမယ့် ခင်ဗျားတို့က သုံးယောက်တောင်၊ ဒါဖြင့်ရင် ကျုပ်က ဘယ်သူ့ကို ပေးရမှာလဲ"
သုံးယောက်လုံးက အံ့အားသင့်သွားပြီးနောက် စကားပြောရန် ဟန်ပြင်လိုက်စဉ် ရွှယ်အန်းက သက်ပြင်းချ၍ ပြောလိုက်သည်။
"ကျုပ်က ဦးနှောက်သုံးရတာ မကြိုက်သလို ဒါနဲ့ပတ်သက်ပြီးလည်း မလုချင်ဘူး။ ဒီတော့ ဒီပြဿနာကို ဖြေရှင်းဖို့ ခင်ဗျားတို့အားလုံးကို... သတ်ပစ်ဖို့ ကျုပ် ဆုံးဖြတ်လိုက်ပြီ"
အခန်းသည် ခေတ္တမျှ တိတ်ဆိတ်သွားသည်။
"ကျုပ်တို့အားလုံးကို သတ်မယ်တဲ့လား ဟားဟား၊ ဟာသပဲ" လုံကွမ်ယွီသည် ဟာသကြီးတစ်ခုကို ကြားလိုက်ရသကဲ့သို့ ရယ်မောလိုက်ရာ၊ သူ၏မျက်နှာတွင် လှောင်ပြောင်သရော်မှုများဖြင့် ပြည့်နှက်နေသည်။
ကွင်တီနာသည်လည်း အရေးမထားဟန်ဖြင့် ပြုံးရယ်လိုက်သည်။ ရိုးရှင်း၍ ရိုးသားပုံပေါ်သည့် လုရှားလျှင်ပင် သူ၏လက်နှစ်ဖက်ကို ပွတ်သပ်၍ ရယ်မောကာ ပြောလိုက်သည်။
"မိတ်ဆွေ၊ သွေးပုလဲကို ကျုပ်ဆီ လွှဲပေးရင် ခင်ဗျားဘဝကို အပူအပင်ကင်းကင်း နေရမယ်လို့ ကျုပ် အာမခံပါတယ်"
ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"ဒါက သိပ်ကောင်းတဲ့ အကြံပြုချက်ပဲ၊ ဒါပေမယ့် ခင်ဗျားအတွက် ပိုသင့်တော်လိမ့်မယ်"
ထိုစကားဖြင့် ရွှယ်အန်းထံမှ ထွက်ပေါ်လာသော အရောင်အဝါများ ရုတ်တရက် ပြင်းထန်စွာ ပျံ့နှံ့သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် တိုက်ရိုက် ကြည့်ရှုရန် ကြောက်ရွံ့ဖွယ်ကောင်းလွန်းသည့် ဓားအိမ်မပါရှိသော ဓားတစ်ချောင်းကဲ့သို့ ခံစားရသွားစေသည်။ လုံကွမ်ယွီ၊ ကွင်တီနာနှင့် လုရှားတို့သည် အလွန် ထိတ်လန့်သွားကြသည်။
'ဒီအရောင်အဝါ…'
ရွှယ်အန်းက ၎င်းတို့ကို တွေးတောရန် သို့မဟုတ် အံ့အားသင့်ရန် အခွင့်အရေးမပေးခဲ့ပေ။ သူသည် လက်သီးကို ဖြည်းညှင်းစွာ မြှောက်တင်၍ တီးတိုး ရေရွတ်လိုက်သည်။
“ကောင်းကင်နဲ့ မြေကြီးကို ရွှေ့လျားခြင်း”
ဘုံး
အရှေ့တွင်ရပ်နေသော လုံကွမ်ယွီသည် တိုက်ရိုက်လက်သီးချက်ဖြင့် လွင့်ပျံသွားလေသည်။ သူ၏အနောက်မှ လွင့်ပျံသွားသူသည် အင်းဆက်များကို ဆင့်ခေါ်နေခဲ့သော လုရှားဖြစ်သည်။ သူသည် အသက်တစ်ရှိုက်စာမျှ ထိန်းချုပ်ထားခဲ့သော်လည်း ဗလုံးဗထွေး ညည်းတွားသံနှင့်အတူ သူသည်လည်း လွင့်ပျံသွားခဲ့သည်။ ကွင်တီနာသည် လက်သီးချက်၏ ရိုက်ခတ်မှုကြောင့် သူမ၏ ခန္ဓာကိုယ်တစ်ဖက်ခြမ်းလုံး အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားခဲ့သည်။ ရွှယ်အန်းသည် လက်သီးတစ်ချက်ဖြင့် ၎င်းတို့သုံးယောက်စလုံးကို တစ်ပြိုင်နက်တည်း အနိုင်ယူခဲ့သည်။
ထိုအချိန်တွင် ဝမ်ကုန်းက ရုတ်တရက် အံ့အားသင့်စွာ ထအော်လိုက်လေသည်။
"မင်း... မင်းက ရွှယ်အန်း"
ရွှယ်အန်း၏ လက်သီးချက်သည် အစကတည်းက ရင်းနှီးနေပုံပေါ်သည်ဟု သူ ခံစားနေမိသည်။ အထူးသဖြင့် ကောင်းကင်နှင့် မြေကြီးကို ရွှေ့လျားခြင်းဆိုသော စကားစုသည် ယခင်က တစ်နေရာရာတွင် ကြားခဲ့ဖူးပုံရသည်။ နောက်ဆုံးတွင် သူ ရုတ်တရက် သတိရသွားသည်။ သူ၏မိသားစုသည် ရွှယ်အန်းနှင့်ပတ်သက်၍ ဆွေးနွေးရန် မိသားစုတွေ့ဆုံမှု တစ်ကြိမ်ထက်မက ပြုလုပ်ခဲ့သောကြောင့် ရွှယ်အန်း၏ သိုင်းပညာ လေ့ကျင့်မှုအကြောင်း သူ ကြားသိခဲ့ရသည်။ ဤကောင်းကင်နှင့် မြေကြီးကို ရွှေ့လျားခြင်းသည် ရွှယ်အန်း၏ အထင်ကရ လှုပ်ရှားမှုမျိုးဖြစ်သည်။ ရွှယ်အန်းဟူသောအမည်သည် မှော်ဆန်နေသကဲ့သို့ လုံကွမ်ယွီနှင့် အခြားသူများ၏ မျက်နှာများကို ပြောင်းလဲသွားစေသည်။
လုံကွမ်ယွီ၏ မျက်နှာသည် ထူးဆန်းစွာ နီမြန်းလာပြီးနောက် အော်ဟစ်လိုက်လေသည်။
"ရွှယ်အန်း၊ ခင်ဗျားကိုး။ ခင်ဗျားက ကျုပ်တပည့်တွေကို သတ်ခဲ့တာ၊ ဒီနေ့ ကျုပ် သူတို့အတွက် လက်စားချေရမယ်၊ သွားသေလိုက်"
“ကမ္ဘာအဆုံးသတ်ကျိန်စာ”
လက်သီးချက်ကြောင့် ဒဏ်ရာရပြီးနောက် လုံကွမ်ယွီသည် အလွန် ဒေါသထွက်သွား၍ သူ၏ အစွမ်းထက်ဆုံး ဝိဇ္ဇာပညာရပ်ကို အသုံးပြုကာ ဟိန်းဟောက်လိုက်သည်။
အခန်း (၃၆၃) ဝမ်မိသားစုကို သတ်ဖြတ်ခြင်းကျိန်စာ
ကမ္ဘာအဆုံးသတ် ကျိန်စာ ဆင်းသက်လာခဲ့သည်။ လုံကွမ်ယွီသည် အလွန် အစွမ်းထက်သော ကျိန်စာနည်းပညာ ပြီးပြည့်စုံလာစေရန် အင်အားနည်းသောနတ်ဘုရားများကို သတ်ဖြတ်ကာ ပြင်းထန်သော ကျင့်ကြံမှုများထဲတွင် နှစ်ပေါင်းများစွာကြာ မြှုပ်နှံခဲ့ရသည်။ ဆင့်ခေါ်လိုက်သည်နှင့် အင်အားကြီးမားသော တစ္ဆေများနှင့် နတ်ဘုရားများကို အော်ဟစ်ငိုကြွေးစေကာ ကမ္ဘာကြီး၏ အရောင်အဆင်းကိုပင် ပြောင်းသွားစေနိုင်သည်။
သို့တိုင်ပင် မုန်တိုင်း၏ အလယ်တွင်ရှိနေသော ရွှယ်အန်းသည် အမူအရာ ကင်းမဲ့နေဆဲဖြစ်သည်။ လုံကွမ်ယွီသည် ရက်စက်သော အပြုံးမျိုးဖြင့် အရှေ့သို့ အလျင်အမြန် ရောက်ရှိလာသည်။ ကမ္ဘာ့အဆုံးသတ် ကျိန်စာနည်းပညာ၏ ရက်စက်ကြမ်းကြုတ်မှုသည် ထိမိရုံမျှဖြင့် လူတစ်ဦး၏ ဝိညာဉ်ကို လွင့်စေကာ စိတ်နှလုံးကို သေဆုံးသည်အထိ ဖြစ်သွားစေနိုင်သည်။ သို့သော် ထိုအချိန်တွင် ကမ္ဘာ့အဆုံးသတ်ကျိန်စာသည် ရွှယ်အန်းနှင့် ထိမိတော့မည်ဖြစ်သည်။
ရွှယ်အန်းက ခေါင်းခါ၍ ပေါ့ပါးစွာ ရယ်မောလိုက်သည်။
"ကျုပ်က ထူးထူးခြားခြား လှုပ်ရှားမှုမျိုးလို့ ထင်နေတာ၊ ဒါပေမယ့်လည်း လူတစ်ယောက်ရဲ့ ကံကြမ္မာကို ပစ်မှတ်ထားတဲ့ နောက်ထပ် ဂါထာတစ်ခုပဲ ဖြစ်နေတာကိုး။ ဒါမျိုးကို ကျုပ်လည်း လုပ်နိုင်ပါတယ်။ ဒီနေ့တော့ ကျိန်စာတိုက်တဲ့နည်းပညာအစစ်က ဘာလဲဆိုတာ ခင်ဗျားကို ပြလိုက်မယ်"
ရွှယ်အန်းသည် စကားပြောနေစဉ် အလွန်လေးနက်၍ လျှို့ဝှက်ဆန်းကြယ်သော ဓမ္မစည်းတံဆိပ်ကို လေထဲသို့ ဆွဲထုတ်၍ ရုတ်တရက် အော်သံပြုလိုက်သည်။
“ကျိန်စာ ဖျက်ဆီးခြင်း”
ဘုံး
ဤအော်ဟစ်သံအပြီးတွင် ဓမ္မတံဆိပ်သည် တိုက်ရိုက် စိုက်ကြည့်၍ မရနိုင်သော အဖြူရောင် အလင်းတန်းတစ်ခုကို ရုတ်တရက် ထုတ်လွှတ်ပြီးနောက် ကြောက်လန့်နေသော လုံကွမ်ယွီ၏ နဖူးပေါ်သို့ တိုက်ရိုက် တံဆိပ်နှိပ်ချလိုက်လေသည်။ ယခင်က လှိုင်းထန်သော ကမ္ဘာအဆုံးသတ်ကျိန်စာသည် တစ်ခဏမျှငြိမ်သက်သွားပြီးနောက် ဟောက်သံနှင့်အတူ ပြိုပျက်သွားခဲ့သည်။
လုံကွမ်ယွီသည် ထိုနေရာတွင် တုန်လှုပ်ခြောက်ခြားစွာ ရပ်တန့်နေသည်။ သူသည် အချိန်အတော်အတန် ကြာပြီးနောက် “သိပ်ကောင်းတဲ့ ကျိန်စာနည်းပညာပဲ" ဟု တီးတိုး ရေရွတ်လိုက်သည်။ ထိုစကားကို ပြောပြီးသည်နှင့် လုံကွမ်ယွီ၏တစ်ကိုယ်လုံးသည် အသွေးအသား အိုင်အဖြစ်သို့ ပြောင်းလဲသွားကာ ပျော့ပြဲသွားခဲ့သည်။
ဤမြင်ကွင်းသည် လုရှားကို ထိတ်လန့်သွားစေသည်။ လုံကွမ်ယွီ၏ စွမ်းဆောင်နိုင်ရည်များကို သူ သိရှိထားသော်လည်း လှုပ်ရှားမှုတစ်ခုကိုပင် ခံနိုင်ရည်မရှိဘဲ ရွှယ်အန်း၏ကျိန်စာနည်းပညာဖြင့် သေဆုံးသွားလိမ့်မည်ဟု သူ မည်သည့်အချိန်ကမျှ မမျှော်လင့်ထားခဲ့ပေ။
အမှန်တကယ်ပင်၊ သူသည် မကြာသေးမီကမှ အလွန် ကျော်ကြားလာသည့် တမူထူးခြားသော ကျွမ်းကျင်သူအဖြစ် ထိုက်တန်လေသည်။
တွေးတောနေစဉ် လုရှား၏ အငွေ့အသက်သည် ရှေးဟောင်းဆန်၍ လျှို့ဝှက်နက်နဲလာခဲ့ရာ၊ ထိတ်လန့်သွားသော အားဖေးသည် အဝေးတစ်နေရာသို့ အလျင်စလို ပုန်းအောင်းနေလိုက်သည်။ ကုဆရာသည် ၎င်း၏ အဆုံးစွန်သော လှုပ်ရှားမှုကို အသုံးပြုတော့မည်ကို အားဖေး သိနေသောကြောင့်ဖြစ်သည်။
"ရွှယ်အန်း၊ ခင်ဗျားရဲ့အစွမ်းသတ္တိကို ကျုပ် အသိအမှတ်ပြုပါတယ်၊ ဒါပေမယ့် ဒီနေ့တော့ မြောင်အင်မော်တယ်ချိုင့်ဝှမ်းရဲ့ ကုဆရာက ခင်ဗျားနဲ့ ရင်ဆိုင်မယ်"
စကားပြောနေစဉ်တွင် မရေတွက်နိုင်သော အင်းဆက်ငယ်များစွာသည် လုရှား၏ခြေဖဝါးအောက်တွင် ရုတ်တရက် ထွက်ပေါ်လာပြီးနောက် သူ၏နဖူးတွင် အနီရောင် အဆိပ်ပြင်းသော အင်းဆက် အမှတ်အသားတစ်ခု ပေါ်ပေါက်လာသည်။ အင်းဆက်အုပ်စုကြီးသည် ရုတ်တရက် ပျံသန်းလာကာ အလွန်ပြင်းထန်သော အရောင်အဝါဖြင့် ရွှယ်အန်းဆီသို့ ဦးတည်လာကြသည်။
"အင်းဆက် ခြယ်လှယ်မှုလား" ရွှယ်အန်းက အမူမထားဘဲ ပြောလိုက်သည်။
ပြီးနောက် လုရှား၏ အော်ဟစ်သံများကြားတွင် သူသည် သူ၏လက်ကို မြှောက်တင်ကာ လက်ညှိုးကို ညင်သာစွာ တောက်လိုက်သည်။ ကုအင်းဆက်များသည် အင်အားတစ်မျိုးဖြင့် ဖိညှစ်ခံရသည့်နှယ်၊ ဖုန်မှုန့်အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားကြသည်။ လုရှားသည် ပါးစပ်မှ သွေးများ အန်ထွက်လာသည်။ အင်းဆက်များ အားလုံးသည် သူ၏အသွေးအသားများနှင့် ဆက်စပ်နေသည်။
ရွှယ်အန်းက "ခင်ဗျားက ကျုပ်အသက်ကို သက်ညှာပေးမယ်လို့ စောစောက ပြောခဲ့မှတော့ ကျုပ်လည်း ဒီနေ့ ခင်ဗျားကို သက်ညှာပေးမယ်၊ ထွက်သွားတော့"
လုရှားသည် သူ၏ရင်ဘတ်ထဲရှိ ဆူပွက်နေသော သွေးများ ချီများကို ဖိနှိပ်၍ ရွှယ်အန်းကို ကြောက်လန့်တကြား ကြည့်ပြီးနောက် အရိုအသေပေးကာ အားဖေးနှင့် အမြန်ထွက်သွားလေသည်။
"ထွက်သွားဖို့ စိတ်ကူးနေသေးတာလား" ရွှယ်အန်း၏ အသံသည် ပေါ့ပါးနေသည်။
တိတ်တဆိတ် ထွက်ပြေးရန် ကြိုးစားနေသော ဝမ်ကုန်းသည် နေရာတွင်ပင် အေးခဲတောင့်တင်းသွား၍ အနောက်သို့ လှည့်ကြည့်လာကာ မျက်နှာလိုမျက်နှာရ ပြုံးလိုက်သည်။
"မစ္စတာရွှယ်၊ ခင်ဗျားနဲ့ ကျုပ်တို့ဝမ်မိသားစုကြားမှာ ရန်ငြိုးမရှိထားပါဘူး။ ဖြစ်နိုင်ရင်…."
ရွှယ်အန်းက ခေါင်းခါလိုက်သည်။
"ခင်ဗျား အလှည့်မဟုတ်သေးပါဘူး။ စိတ်မပူပါနဲ့၊ တစ်ယောက်ပြီး တစ်ယောက်ပေါ့"
ရွှယ်အန်းသည် ထိုသို့ပြောပြီးနောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ၊ ညကောင်းကင်ယံတွင် ဓားအလင်းတန်းများ ဖြာထွက်လာခဲ့သည်။ အမျိုးသမီးတစ်ဦး၏ အော်ဟစ်သံများ လေထဲ၌ ပဲ့တင်ထပ်ပြီးနောက် ကွင်တီနာသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်၊ ထိုမှတစ်ဆင့် နွယ်ပင်များကဲ့သို့ မရေတွက်နိုင်သည့် ဓားအလင်းတန်းများ သူမကို တင်းတင်းကြပ်ကြပ် ချည်နှောင်ကာ သူမ မလှုပ်ရှားနိုင်အောင် ပြုလုပ်လိုက်သည်။
"ငြိမ်ငြိမ်နေ၊ မဟုတ်ရင် ဒီဓားအလင်းရောင်တွေက ခင်ဗျားကို အပိုင်းပိုင်း ဖြတ်တောက်လိုက်လိမ့်မယ်" ရွှယ်အန်းက ပေါ့လျော့စွာ ပြောပြီးနောက် ဝမ်ကုန်းထံသို့ လှည့်ကြည့်လိုက်သည်။
ဝမ်ကုန်းသည် ကြောက်လန့်တကြား မျက်နှာထားဖြင့် အနောက်သို့ ဆုတ်သွားခဲ့သည်။
"ကျုပ်ကို... ကျုပ်ကို ဘာလုပ်မလို့လဲ၊ ကျုပ်က ကျုံးဟွိုင် ဝမ်မိသားစုထဲက အငယ်တန်း ဗိုလ်ချုပ်တစ်ယောက်ပဲ။ ကျုပ် ခင်ဗျားကို ပြောလိုက်မယ်..."
ရွှယ်အန်းက ဓမ္မစည်းတံဆိပ်ကို ဆွဲထုတ်ပြီးနောက် ခပ်တိုးတိုး ပြောလိုက်သည်။
"ကျုံးဟွိုင် ဝမ်မိသားစုလား၊ ဟား။ ခင်ဗျားက မီးဖီးနစ်ကို သိမ်းပိုက်ဖို့ လျို့မိသားစုကို လှုံ့ဆော်ခဲ့တဲ့လူ မဟုတ်လား။ ကျုပ် လေယာဉ်ကို ချုပ်နှောင်ပြီး ကျုပ်မင်္ဂလာပွဲကို နှောင့်ယှက်ဖို့ မုန်တိုင်းကို ဆင့်ခေါ်ခဲ့တာကလည်း ခင်ဗျားပဲမဟုတ်လား"
ဝမ်ကုန်း၏ ချွေးများ သကာရည်ကဲ့သို့ အဆက်မပြတ် စီးကျလာကာ ဟန်လုပ် ပြုံးလိုက်သည်။
"နားလည်မှုလွဲနေတာပါ၊ နားလည်မှုလွဲနေတာပါ"
ရွှယ်အန်းက ခေါင်းခါလိုက်သည်။
"အခုမှ နားလည်မှုလွဲနေတာလို့ ပြောရင် တကယ် ရယ်စရာကောင်းနေမှာပေါ့"
ဤသို့ဖြင့် ရွှယ်အန်းသည် သူ၏လက်ကို ဆန့်ထုတ်လိုက်ရာ၊ ဓမ္မစည်းတံဆိပ်ကို ဝမ်ကုန်း၏ နဖူးပေါ်သို့ တိုက်ရိုက် ရိုက်နှိပ်လိုက်သည်။
"ခင်ဗျား... ခင်ဗျား ဘာလုပ်ဖို့ ကြိုးစားနေတာလဲ" ဝမ်ကုန်းသည် အလွန် ကြောက်လန့်စွာ အော်ဟစ်လိုက်သည်။
ရွှယ်အန်း၏မျက်လုံးများသည် အေးစက်သောအလင်းရောင်များဖြင့် တဖျပ်ဖျပ် လင်းလက်လာ၍ သူ့နှုတ်ခမ်းပေါ်တွင် အေးစက်သောအပြုံးတစ်ခု ပေါ်ထွက်လာသည်။
"ကျုပ်က ဘာလုပ်ချင်လဲ၊ ဟားဟား... ခင်ဗျားရဲ့ ဝမ်မိသားစုကို ချေမှုန်းဖို့ပေါ့"
“မျိုးဆက်… သတ်ဖြတ်ခြင်း ကျိန်စာ”
ရွှယ်အန်းသည် စီရင်စုမြို့ကိုရောက်သည်နှင့် ရှဲ့မိသားစု၏ သားစဉ်မြေးဆက်များကို ချေမှုန်းရန်အတွက် ဤနည်းပညာကို အသုံးပြုခဲ့သည်။ ထိုအချိန်တွင် ရွှယ်အန်း၏ ကျင့်ကြံမှုအဆင့်သည် ကောင်းကင်လူသားအဆင့်မျှသာဖြစ်သည်။ သို့သော် ယခု ထပ်မံ အသုံးပြုချိန်တွင် စွမ်းအင်သည် ယခင်ကနှင့် နှိုင်းယှဉ်၍ မရတော့ပေ။
ကျိန်စာစွမ်းအင်တစ်ခုသည် ဝမ်ကုန်း၏ သွေးကြောတစ်လျှောက် အလွန်လေးနက်စွာ ဖြတ်သန်းသွားပြီးနောက် သတ်ဖြတ်မှုကျိန်စာသည် လေးနက်၍ ဖော်ပြရန် မရနိုင်သော ဆက်သွယ်မှုမှတစ်ဆင့် သူ၏ မျိုးဆက်များဆီသို့ ပျံ့နှံ့သွားသည်။
ကျုံးဟွိုင်မြို့၏ ထိပ်တန်းမိသားစုကြီးဖြစ်သော ဝမ်မိသားစု၏နေ့ရက်များသည် ပူပင်ကြောင့်ကြမဲ့၍ အဆင့်အတန်းမြင့်မားသည်ဟု ဆိုနိုင်သည်။ ယခုကဲ့သို့ ဝမ်မိသားစု၏ အသက်ကိုးဆယ်နီးပါးရှိသော ခေါင်းဆောင်အစစ်အမှန်သည် မွှေးပျံ့သော လက်ဖက်ရည်တစ်ခွက်ကို သောက်ပြီးနောက် အိပ်စက်ရန် ပြင်ဆင်နေသည်။ ထိုအချိန်တွင် ရုတ်တရက် နားမလည်နိုင်သော နှလုံးတုန်ရင်ခုန်စေသည့် ခံစားမှုမျိုး သူ့ကို ရိုက်ခတ်လာသည်။ သခင်ကြီးဝမ်က မတုံ့ပြန်နိုင်မီတွင် 'ထွီ' ဟူသော အသံဖြင့် သွေးများ အန်ထွက်သွားလေသည်။ ဤဖြစ်စဉ်ကို မြင်တွေ့လိုက်ရသော ဝန်ထမ်းများက ကြောက်လန့်တကြား အော်ဟစ်လိုက်ကြသည်။
"မြန်မြန်၊ တစ်ယောက်ယောက်လာကြပါ"
ဝမ်ကုန်း၏ဖခင်လည်းဖြစ်သော သခင်ကြီးဝမ်၏သား ဝမ်ဟန်နှင့် ဝမ်မိသားစု၏ တရားဝင်သားစဉ်မြေးဆက်များစွာတို့သည် အလျင်အမြန် ပြေးဝင်လာကြသည်။
"အဖေ၊ ဘယ်လိုဖြစ်တာလဲ" ဝမ်ဟန်သည် သခင်ကြီးဝမ်က သွေးများ အန်ထုတ်နေခြင်းကို မြင်သောအခါ စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
သခင်ကြီးဝမ်သည် စကားပြောရန် ကြိုးစားပြီးနောက် သူ၏မျက်လုံးများတွင် ဒေါသများဖြင့် ပြည့်နှက်စေသော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။ ဝမ်ဟန်နှင့် သားစဉ်မြေးဆက်များစွာတို့သည် တစ်ပြိုင်နက်တည်း သွေးများ အန်ထုတ်နေခြင်းကို မြင်တွေ့လိုက်ရ၍ ၎င်းတို့၏ အသက်ဓာတ်များသည်လည်း လျင်မြန်စွာ ယုတ်လျော့သွားလေသည်။
“မြန်မြန်၊ အိမ်မှာရှိနေတဲ့ ဧည့်သည်အကြီးအကဲတွေကို ခေါ်လိုက်" သခင်ကြီးဝမ်သည် သူ၏ နောက်ဆုံး ခွန်အားကို စုစည်း၍ အော်ဟစ်လိုက်သည်။
တစ်စုံတစ်ယောက်သည် ဝမ်မိသားစုအပေါ် အလွန် ဆိုးရွားသော ကျိန်စာတစ်ခု ချလိုက်ခြင်းဖြစ်ကြောင်း သိသာထင်ရှားနေသည်။ မကြာမီတွင် ကျန်းဟူမှ မှော်ဆရာတစ်ချို့ အလျင်စလို ရောက်ရှိလာကြသည်။
သို့သော် ထိုအချိန်တွင် သခင်ကြီးဝမ်က မတောင့်ခံနိုင်တော့ပေ။ သူသည် ဤလူများကို သူ၏မျက်လုံးများဖြင့်သာ ကြည့်နေနိုင်သည်။ ဤပုဂ္ဂိုလ်များသည်လည်း မြင်ကွင်းကြောင့် ကြောက်လန့်သွားကြသော်လည်း အမှန်တကယ် တတ်ကျွမ်း၍ စွမ်းရည်ပြည့်ဝသူများဖြစ်သောကြောင့် ၎င်းတို့အားလုံးက မျက်ခုံးပင့်လိုက်ကြသည်။
"ကျိန်စာဖြစ်နိုင်မလား"
"ဖြစ်ပုံမပေါ်ဘူး၊ မန္တန်ဆင်းသက်မှုတစ်ခုနဲ့တူတယ်လို့ ထင်တာပဲ"
"ဘာပဲဖြစ်ဖြစ်၊ သတ်ဖြတ်မှု ကျိန်စာကို ဖယ်ရှားဖို့ တာအိုစိတ်နှလုံးသန့်စင်ရေး မန္တန်ကို အရင်ဆုံး သုံးကြည့်ရအောင်"
၎င်းတို့သည် လျင်မြန်စွာ သဘောတူညီမှု ရရှိသွားကြ၍ စိတ်နှလုံးသန့်စင်ရေး မန္တန်ကို အတူတကွ အသုံးပြုလိုက်ကြသည်။ ဤသည်မှာ အခြေခံကျသော တာအိုမန္တန်တစ်ခုဖြစ်၍ ၎င်းတို့၏ ပူးပေါင်းကြိုးပမ်းမှုများကြောင့် ၎င်း၏စွမ်းအင်သည် အံ့အားသင့်ဖွယ်ကောင်းလှသည်။ သခင်ကြီးဝမ်သည် သူ၏ရင်ဘတ်တွင် ဖိနှိပ်ခံနေရသော ခံစားချက်များ ပိုမို ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရကာ သူ၏ အသက်ရှူသံသည်လည်း ပို၍ ချောမွေ့လာသည်။ ဝမ်ဟန်နှင့် အခြားသူများလည်း အေးဆေးတည်ငြိမ်လာကြသည်။
သို့သော ခက်ခဲသော အခြေအနေကို ဖြတ်သန်းခဲ့ပြီဟု ထင်မြင်မိကြသောအခါ သတ်ဖြတ်မှု ကျိန်စာ၏ စွမ်းအားသည် ယခင်ကထက် ဆယ်ဆပို၍ ပြင်းထန်လာကာ ၎င်းတို့ဆီ တိုးဝင်လာသည်။ ၎င်းနှင့် ထိတွေ့လိုက်သောအခါ စိတ်နှလုံးသန့်စင်မန္တန်၏ ငွေရောင်အလင်းတန်းသည် လုံးလုံးလျားလျား ကွဲအက်သွားလေသည်။ ပြီးနောက်တွင် တသီးတခြားဆန်သော အသံတစ်ခု ထွက်ပေါ်လာသည်။
"ကိုယ်နဲ့ မဆိုင်ရင် ဝင်မပါကြနဲ့"
ထိုမှတစ်ဆင့် ဤသတ်ဖြတ်မှုကျိန်စာအောက်တွင် သခင်ကြီးဝမ်သည် ဦးစွာပထမ ဆိုးရွားစွာ အော်ဟစ်ငိုကြွေးကာ သူ၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ အိုမင်းရင့်ရော်၍ အရိုးစုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူ၏အနောက်တွင် ဝမ်ဟန်နှင့် ဝမ်မိသားစု၏ သားစဉ်မြေးဆက်များစွာတို့သည် မြေပြင်ပေါ်သို့ တစ်ပြိုင်နက်တည်း လဲကျသေဆုံးသွားကြသည်။
ဤမြင်ကွင်းသည် မှော်ဆရာသုံးဦးလုံးကို တုန်လှုပ်သွားစေသည်။သတ်ဖြတ်မှုကျိန်စာ၏ နောက်ကွယ်ရှိ ကျင့်ကြံသူသည် နားမလည်နိုင်လောက်အောင် လေးနက်သော ကျင့်ကြံမှုအဆင့်ကို ပိုင်ဆိုင်ထားကြောင်း ၎င်းတို့ သိရှိသွားကြသည်။
"သက်ညှာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲ၊ ကျွန်တော်တို့ အခုချက်ချင်းထွက်သွားပါ့မယ်"
၎င်းတို့သုံးဦးစလုံးသည် လေထုထဲသို့ အော်ဟစ်ပြီးသည်နှင့် အနောက်လှည့်ကာ ခြေထောက်ကြားတွင် အမြီးဝှက်လျက် ထွက်ပြေးသွားကြသည်။ တစ်ချိန်တည်းမှာပင် ရွှယ်အန်းသည် သူ၏မိသားစု လုံးလုံးလျားလျား ပျက်ဆီးသွားခြင်းကို ခံစားသိရှိခြင်းကြောင့် အတွင်းပိုင်းမှ ကွဲအက်နေသော ဝမ်ကုန်းကိုကြည့်၍ ညင်သာစွာ ပြောလိုက်သည်။
"ခင်ဗျားရဲ့အကြီးမားဆုံးအမှားက ကျုပ်ကို ထပ်ခါထပ်ခါ ရန်စတာပဲ"
ထိုစကားများပြောပြီးသည်နှင့် ဝမ်ကုန်းသည် အလွန်အမင်း ကြောက်လန့်တကြား အော်ဟစ်လိုက်ရာ၊ သူ၏ကိုယ်ခန္ဓာတစ်ခုလုံးသည် မျိုးဆက် သတ်ဖြတ်မှုကျိန်စာကြောင့် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။