အခန်း (၃၆၄-၃၆၇)
Vol. 25 Ch. 364-366
အခန်း(၃၆၄) အနီရောင်ဝတ်ဘုန်းတော်ကြီး
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကွင်တီနာက ရင်တထိတ်ထိတ်ဖြင့် နေမထိထိုင်မသာဖြစ်နေသည်။
‘ဒီလူက ရက်စက်ပြီး ကြောက်စရာကောင်းလွန်းတယ်’
လက်ဖက်ရည်တစ်ခွက်သောက်လျက် လူတစ်ယောက်ကို သတ်၍ အခြားတစ်ယောက်ကို အနိုင်ယူကာ မိသားစုတစ်ခုလုံးကို ရုတ်တရတ် သုတ်သင်ပစ်လိုက်သည်။
ယင်းနှင့် နှိုင်းယှဥ်ကြည့်လျှင် လူသုံးယောက်၏ အပြောအဆိုနှင့် လုပ်ရပ်များသည် ဟာသတစ်ခု ဖြစ်လာခဲ့သည်။ ရွှယ်အန်းသည် ဖြည်းညှင်းစွာ လျှောက်လာကာ ကွင်တီနာကို ပြုံးလျက် ငုံ့ကြည့်လိုက်သည်။
"မင်းကိုဘာလို့မသတ်တာလဲသိလား"
“တော်ဝင်သွေးမျိုးနွယ်စုဝင်တွေက ဘယ်တော့မှ လက်အောက်မခံဘူးရှင့် ရှင့်ကို ကျွန်မ လက်အောက်ခံမယ်လို့ တွေးပြီး ကိုယ့်ကိုကိုယ် မလှည့်စားပါနဲ့..."
ကွင်တီနာသည် ရွှယ်အန်းက သူမ၏အလှ၌ နစ်မျော၍ သူမအား အမျိုးသမီးကျွန်အဖြစ် ယူလိုသည်ဟု အလိုလိုတွေးခဲ့သည်။
သို့သော် ရွှယ်အန်းက ခေါင်းခါလိုက်သည်။
"မင်းမှားနေပြီ။ ငါမင်းကို လုံးဝစိတ်မဝင်စားဘူး၊ မင်းရဲ့ သွေးမျိုးနွယ်စုကိုပဲ စိတ်ဝင်စားတယ်။"
‘သွေးမျိုးနွယ်စုကို စိတ်ဝင်စားတာလား’
ကွင်တီနာသည် လန့်ဖျပ်သွားပြီးနောက် သူမ၏ နှလုံးသားထဲတွင် ကြို့တင်ဟန့်တားနေသည့် ခံစားချက်တစ်ခုထွက်ပေါ်လာသည်။
"ငါမေးမယ်၊ ဒီလို သွေးပုလဲကို ဖြည့်တင်းဖို့ ဘယ် အဆင့်ရှိတဲ့ သွေးမျိုးနွယ်စုက လိုအပ်လဲ" ရွှယ်အန်းက မေးသည်။
ကွင်တီနာနှုတ်ခမ်းကို ကိုက်ထားကာ တစ်ခွန်းမျှမပြောပေ။
ရွှယ်အန်း အနည်းငယ် ပြုံးလိုက်သည်။
"မင်းအမြဲတမ်း ဒီလောက် သန်မာနေနိုင်မယ်လို့ ငါမျှော်လင့်တယ်"
ထိုသို့ပြော၍ ရွှယ်အန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ အနက်ရောင် အရိပ်တစ်ခုက ကွင်တီနာ၏ နဖူးထဲသို့ တိုက်ရိုက် ပျံသန်းသွားသည်။
"ဘာ... ရှင် ကျွန်မကို ဘာလုပ်လိုက်တာလဲ" ကွင်တီနာက ကြောက်လန့်တကြား ထအော်သည်။
"စိတ်ဝိဥာဉ် မန္တန်လေးတစ်ခုပါပဲ။ မင်း ကောင်းကောင်းမွန်မွန်မပြုမူရင် ဒီမန္တန်က မင်းရဲ့ဝိညာဉ်ကို ပြာချပစ်လိုက်လိမ့်မယ်!" ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။
ကွင်တီနာသည် သူမ၏ ရင်တွင်းမှ နက်ရှိုင်းသော နာကျင်ကိုက်ခဲမှုကြောင့် သူမ၏ ဂုဏ်သိက္ခာ အားလုံးကို စုတ်ပြတ်သတ်သွားသောအခါတွင် စတင်၍ စကားပြောရန် လှုပ်ရှားလာသည်။
"သတ်... ကျွန်မကို သတ်လိုက်” ကွင်တီနာက တောင်းဆို၏။
ရွှယ်အန်းက မလှုပ်မယှက်ဘဲ သူမကို ကြည့်နေသည်။
"ငါ မင်းကို အခု ရှုံးခဲ့ရင် ငါ့ကံကြမ္မာက ဆိုးသွားမှာမလား။ ဟုတ်တယ်မလား၊ မင်းဆီ သွေးစုပ်ခံရပြီး မင်းရဲ့ သွေးကျွန်ဖြစ်လာမှာမလား"
ကွင်တီနာ၏ မျက်နှာက ဖျော့တော့သွားသည်။
ရွှယ်အန်းပြောသည်ကား အမှန်တရားသာဖြစ်သည်။ ရွှယ်အန်းသာ ယခု ရှုံးနိမ့်ခဲ့မည်ဆိုလျှင် ကွင်တီနာက သူ့သွေးများကိုသောက်ပစ်ရန် တုံ့ဆိုင်းနေမည်မဟုတ်ပေ။
နောက်ဆုံးတွင် ကျင့်ကြံသူ၏ သွေးသည် သွေးမျိုးနွယ်စု၏ ကျင့်ကြံရေးအဆင့်ကို တိုးမြင့်လာစေရန်အတွက် များစွာအကျိုးရှိသည်။
"ကဲ၊ ငါမင်းကို ထပ်မေးမယ်၊ ဒီအရာတွေကို စုပ်ယူနိုင်တဲ့ သွေးမျိုးနွယ်စုက ဘယ်အဆင့်လဲ။"
"မူးမတ်အဆင့်ထက်မြင့်တဲ့ သွေးမျိုးနွယ်စုဝင်တစ်ယောက် အသက်ကြွေလွင့်သွားရင် သွေးပုလဲကို ပေါင်းစည်းနိုင်တယ်။ ဒါပေမယ့် တော်ဝင်မင်းဆက်ကတစ်ယောက်ယောက် လုပ်တဲ့ သွေးပုလဲတွေကသာ တန်ဖိုးအရှိဆုံးပဲ” ကွင်တီနာက ခက်ခက်ခဲခဲ ပြောသည်။
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ၊ ဒါက ကောင်းမွန်တဲ့ စတင်မှုပဲ"
သူစကားပြောနေစဉ်တွင် ကွင်တီနာ၏စိတ်ဝိညာဉ်မှ နာကျင်ကိုက်ခဲမှု ပျောက်ကွယ်သွားကာ ပြင်းထန်သောသက်သာရာရမှုခံစားမှုကပြန်လဲ ထွက်ပေါ်လာသဖြင့် သူမကို အိပ်ရာထဲတွင်ပင် သေဆုံးသွားနိုင်စေရန် ဆန္ဒရှိစေသည်။
သို့သော် ထိုစဉ် ရွှယ်အန်းက သူ့လက်ကို သူမ၏ နဖူးပေါ် တိုက်ရိုက် ဖိလိုက်သည်။ ကွင်တီနာ၏ လည်ချောင်းမှ ကြောက်လန့်တကြား အက်ကွဲနေသော အသံ ထွက်ပေါ်လာသည်။
"မကြောက်နဲ့ ငါ တစ်ခုခု ရှာနေတာ” ရွှယ်အန်းက ပြုံး၍ ပြောလိုက်သည်။
ဤသို့ပြော၍ သူ၏နတ်အာရုံက ကွင်တီနာ၏ အသိစိတ်ပင်လယ်ကိုတိုက်ရိုက်ကျူးကျော်ကာ သွေးမျိုးနွယ်စု နှင့်ပတ်သက်သည့်အရာအားလုံးကိုကူးယူခဲ့သည်။ သူ့လက်ကို ဖယ်လိုက်ပြီးနောက် ရွှယ်အန်းက မျက်ခုံးကို အနည်းငယ်ပင့်တင်လိုက်သည်။
ကွင်တီနာ၏ စိတ်ထဲမှ အချက်အလက်များစွာကို သူရရှိခဲ့သည်။
သွေးမျိုးနွယ်စုသည် ကမ္ဘာမြေပေါ်တွင် အချိန်အတော်ကြာ ပေါ်ထွန်းခဲ့သော မျိုးနွယ်ဖြစ်ကာ ၎င်းတို့၏ သမိုင်းကြောင်းမှာ လူသားများထက် ပိုရှည်သည်ဟု ယူဆ၍ရသည်။ ၎င်းတို့သည် တင်းကျပ်သော စနစ်များ၊ ရှည်လျားသော သက်တမ်းများဖြင့် အမှောင်ထဲတွင် လျှောက်လှမ်းခဲ့ကြသည့် လူမျိုးဖြစ်သည်။
အဆင့်သည် ၎င်းတို့၏ ခွန်အားကို ကိုယ်စားပြုသည်။
၎င်းတို့ကို မူးမတ်၊ မြို့ဝန်၊ မြို့ဝန်ပိုင်၊ မြို့စားနှင့် တော်ဝင်မြို့စားဟူ၍ အဆင့်ငါးမျိုး ခွဲခြားထားသည်။ နယ်စားကြီးရာထူးသို့ရောက်သောအခါ ၎င်းတို့၏ ခွန်အားသည် လွတ်မြောက်အင်မော်တယ် ၏အထွတ်အထိပ်တွင်ရှိနေပြီဖြစ်သည်။ နယ်စားအဆင့်အထက်၌ မင်းသားများ၊ ကြောက်မက်ဖွယ်ကောင်းသော ဒုတိယမျိုးဆက်နှင့် ပထမမျိုးဆက်တို့ ရှိသည်။
သို့သော် ကွင်တီနာအတွက်မူ ၎င်းတို့သည် ဒဏ္ဍာရီထဲက သတ္တဝါများသာဖြစ်သည်။ ဤကဲ့သို့ သူမ တစ်ခါမျှ မမြင်ခဲ့ဖူးပေ။ ရွှယ်အန်း၏ နှုတ်ခမ်းများက ပြုံးကာ တွန့်သွားသည်။
အကယ်၍ နယ်စားကြီး၏သွေးပုလဲက တံဆိပ်ကို ချိုးဖျက်နိုင်ခဲ့ပါက မြင့်မားသောအဆင့်ရှိ သတ္တဝါများ၏တည်ရှိမှုက ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဖြစ်သည်။ ဤအတွေးတွင် ရွှယ်အန်းသည် စိတ်လှုပ်ရှားမှု အရှိန်အဟုန်ကို ခံစားလိုက်ရသည်။ သူက ကွင်တီနာကို ချည်နှောင်ထားသည့် ဓားစွမ်းအင်ကို တိတ်တဆိတ် ဖြေလျော့ပေးလိုက်သည်။
ကွင်တီနာက မြေပြင်ပေါ်မှထလာကာ မျက်နှာ တစ်ခုလုံး၌ ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။
"မိန်းမ ရှန်းကျန်းမှာ ပျော်စရာ ဘာမှမရှိပါဘူး။ မင်းကို ဥရောပကို ဟန်းနီးမွန်းခရီး ခေါ်သွားမယ်"
အန်းယန်က ကန့်ကွက်ခြင်းမရှိဘဲ ခေါင်းညိတ် သဘောတူလိုက်သည်။ သို့သော် ကွင်တီနာ၏ စိတ်ထဲတွင် မယုံနိုင်လောက်အောင် မြင့်တက်လာသည့် အတွေးတစ်ခုက သူမ၏ ရိုးတွင်းခြင်ဆီများကို အေးခဲသွားစေခဲ့သည်။
ဥရောပမှာ သူဘာသွားလုပ်မှာလဲ
မဟုတ်မှလွဲရော သူ….။ .
အဟက်… ဒီလူက အစွမ်းထက်ပေမယ့် ဥရောပက သွေးမျိုးနွယ်၏ အခြေစိုက်စခန်းပဲ။ သူအဲဒီကိုသွားမယ်ဆိုရင် အဲ့ သွေးမျိုးနွယ်စွမ်းအားရှင်တွေရဲ့ စုတ်ဖြဲခံရနိုင်ခြေရှိတယ်။
ဤအတွေးကြောင့် ကွင်တီနာ၏ နှလုံးသားထဲတွင် တိတ်တဆိတ် ပျော်ရွှင်မှုတစ်ခု ပေါ်လာသည်။ သို့သော် နာကျင်ကိုက်ခဲမှုတစ်ခုက သူမကို တစ်ကြိမ်ထပ်နှိပ်စက်လာသဖြင့် ဤအတွေးကို သူမ ခပ်ကြာကြာ မခံစားနိုင်ခဲ့ပေ။ ကွင်တီနာသည် ဝေဒနာမှ ရုန်းမထွက်နိုင်ဘဲ မြေပြင်ပေါ်သို့ လဲကျသွားသည်။
ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်သည်။
"မင်းကို ပြောဖို့မေ့သွားတယ်၊ ငါ့ရဲ့ မန္တန်နဲ့ ကျိန်စာတိုက်ပြီးတာနဲ့ မင်း ငါပြောတဲ့အတိုင်း လုပ်ရမယ်၊ ကလဲ့စားချေဖို့ စဉ်းစားတာလောက်ကတင် မင်း အဆုံးမဲ့ နာကျင်ခံစားရလိမ့်မယ်။ ဟုတ်တယ် ငါတို့ဥရောပခရီးစဉ်မှာ မင်း ကောင်းကောင်း ကျင့်သားရသွားရင် ငါကျိန်စာ ဖြည်ရင်ဖြည်ပေးမှာပေါ့ နားလည်လား"
ကွင်တီနာသည် နတ်ဆိုးတစ်ကောင်ကို ငေးကြည့်နေသကဲ့သို့ ရွှယ်အန်းကို ကြည့်ကာ ကြောက်လန့်တကြား ခေါင်းညိတ်လိုက်သည်။
“ဟုတ်ကဲ့… သခင်”
ရှန်းကျန်း၏ ခရစ်ယာန် ဘုရားကျောင်းတစ်ခုတွင် ခရမ်းရောင်ဝတ်ရုံ ဝတ်ထားသော ဘုန်းတော်ကြီးတစ်ပါးသည် လေးစားစွာဖြင့် ကုလားထိုင်ပေါ်တွင် ထိုင်နေသော အနီရောင်ဝတ် ဘုန်းတော်ကြီးတစ်ဦးကို အရိုအသေပေးနေသည်။
အလင်းဘုရားကျောင်းအတွင်း၌ ဤအနီရောင်ဝတ်ဘုန်းတော်ကြီးသည် ပုပ်ရဟန်းမင်းကြီးနှင့် ကြီးမြတ်သော ခေါင်းဆောင်လေးပါးတို့နောက်တွင် အာဏာအကြီးဆုံးဖြစ်သည်။ ထိုသို့သော ပုဂ္ဂိုလ်များသည် နိုင်ငံငယ်လေး၏ ဘုရင်စနစ်ကို အလွယ်တကူ ပြောင်းလဲနိုင်သည်။ ယခုမူ ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးသည် ရှန်းကျန်းတွင် လူမသိသူမသိ နေထိုင်နေသည်။
ယခုအချိန်တွင် ကာဒီနယ်နီသည် သူ့လက်ထဲတွင် ကျောက်စိမ်းချင်ဆီဝိဉာဥိကျောက်တုံးဖြင့် ကစားနေကာ သူ၏မျက်နှာ၌ စိတ်လှုပ်ရှားမှုအပြည့် ဖြည်းညှင်းစွာ ပေါ်လွင်လာသည်။
"ဒီအရာက... ပုပ်ရဟန်းမင်းကြီး အသဲအသန်ရှာဖွေနေတဲ့ ကောင်းကင်ဘုံနဲ့ ချိတ်ဆက်နိုင်တဲ့ ရတနာတစ်ခုပဲ၊ ဒီနေ့ ရှန်းကျန်းမှာ ပြန်လည်ပေါ်ပေါက်လာတယ်"
အနီရောင်ဝတ် ဘုန်းတော်ကြီးက ခရမ်းရောင်ဝတ်ရုံ ဘုန်းကြီးအား လှမ်းကြည့်ကာပြောလိုက်သည်။
"မင်း သိပ်တော်တယ်!"
ခရမ်းရောင်ဝတ်ရုံ ဘုန်းကြီးသည် အလွန်စိတ်လှုပ်ရှားလျက် ရှိသည်။ သူသည် အလင်းဘုရားကျောင်းရှိ အလယ်အလတ်တန်းစား ပုဂ္ဂိုတစ်ဦး၊ ရှန်းကျန်း၏ ဂိုဏ်းအုပ်ဆရာကြီးဖြစ်ကာ အနီရောင်ဝတ်ဘုန်းတော်ကြီးကဲ့သို့ မြင့်မားသောပုဂ္ဂိုလ်နှင့် အလှမ်းဝေးနေဆဲဖြစ်သည်။
ထို့ကြောင့် အနီရောင်ဝတ်ဘုန်းတော်ကြီး၏ ချီးကျူးမှုကို ခံရပြီးနောက် သူ အလွန်စိတ်လှုပ်ရှားကာ မျက်ရည်ကျခဲ့ရသည်။
"အားလုံးက ဘုရားသခင်ရဲ့ ဂုဏ်သရေကြောင့်ပါပဲ" ခရမ်းရောင်ဝတ်ရုံဝတ်ထားသော ဘုန်းကြီးက အသက်ပြင်းပြင်းရှူ၍ လေးနက်စွာ ပြောလိုက်တယ်။
အနီရောင်ဝတ်ဘုန်းတော်ကြီး၏ အမူအရာက ပြင်းထန်လာကာ ခေါင်းညိတ်သဘောတူလိုက်သည်။
"အမှန်ပဲ အားလုံးက ဘုရားသခင်ရဲ့ ဘုန်းတော်ကြောင့်ဖြစ်လာတာ ငါတို့ပြန်တာနဲ့ ဒီကိစ္စကို တရားသူကြီးချုပ်ထံ ငါတင်ပြမယ်"
"ကျေးဇူးတင်ပါတယ် အရှင်"
"အဲ့လူက ဘယ်လိုပုံစံလဲ" အနီရောင်ဝတ်ဘုန်းတော်ကြီးက မေးသည်။
"ဘာမှမထူးခြားပါဘူး။ ပြီးတော့ ဟွာရှားကျင့်ကြံရေးလောက ဒါမှမဟုတ် နိုင်ငံခြားစွမ်းရည်အသုံးပြုသူတွေပဲဖြစ်ဖြစ်၊
သူ့ကိုခြေရာခံလို့မရဘူး" ခရမ်းရောင်ဝတ်သင်းထောက်က ပြောခဲ့သည်။
ဘုန်းတော်ကြီး၏ မျက်လုံးများက လေးနက်လာသည်။ “ဒီအရာက ဘုရားကျောင်းအတွက် အရမ်းအရေးကြီးတယ်။ ဒီလူရဲ့ နောက်ခံသမိုင်းကြောင်းကို ငါတို့ သေချာ စုံစမ်းရမယ်။ လိုအပ်ရင် ငါတို့ သူ့ကို အကျိုးအမြတ်တွေကမ်းလှမ်းရမယ်”
"ဟုတ်တယ် ဒါပေမယ့် သူက သွေးပုလဲပဲလိုချင်တယ်တဲ့"
"ဥရောပရှိ အမှောင်ကောင်စီက သိပ်မကြာခင်ကပဲ စိတ်မငြိမ်မသက်ဖြစ်ခဲ့တာ။ နတ်သူရဲကောင်းတပ်က ဥရောပမြောက်ပိုင်းက နတ်ဆိုးသခင်ကို နှိမ်နင်းနေတယ်။ ဘုရားကျောင်းမှာ သွေးမျိုးနွယ်ကို နှိမ်နင်းဖို့ အားလပ်ချိန်မရှိတဲ့အပြင် မူးမတ် ရာထူးအဆင့် ဒါမှမဟုတိ အဲ့ထက်မြင့်တဲ့ သွေးမျိုးနွယ်စုရဲ့ ဂိုဏ်းဝင်တစ်ယောက်ကို အနည်းဆုံးဖမ်းရလိမ့်မယ်"
ခဏမျှ စဉ်းစားပြီးနောက် သူကပြော၏။
"ဒီဝိညာဉ်ကျောက်စာရဲ့ မူလဇစ်မြစ်ကို အရင်ရှာတာ အကောင်းဆုံးပဲ၊ ဒီလူဟာ လျှို့ဝှက်ထားတဲ့ ရတနာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ငါယုံတယ်"
"နားလည်ပါပြီ”
ဘုန်းတော်ကြီး၏ မျက်နှာတွင် သန့်ရှင်းသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
"အရာရာက ဘုရားသခင် ပေးထားတာပဲ။ တကယ်လို့ အဲ့တာက တကယ်ပဲ ကွယ်ဝှက်ထားတဲ့ရတနာဆိုရင် ဒါလည်း ဘုရားသခင်ရဲ့ ဘုန်းတော်ပဲမလား”
အခန်း (၃၆၅) ဥရောပသို့ ဦးတည်သွားခြင်း
နန့်ယန်
လူဆိတ်ညံနေသော ကျေးတောရွာမှ ကြွေးကြော်သံတစ်ခု ထွက်ပေါ်လာသည်။
"ငါ့နတ်သားတော်ကို ဘယ်သူသတ်ရဲတာလဲ"
စကားသံ မှိန်ဖျော့လာသည်နှင့်အမျှ အနီးဆုံးနေရာရှိ ဘုန်းကြီးနှစ်ပါးသည် သွေးအိုင်ထဲလဲလျက် အော်လိုက်ကြသည်။
"အမျက်ဒေါသကို ငြိမ်းစေတော်မူပါ၊ အရှင် ဒေါသကို ငြိမ်းစေတော်မူပါ။"
ဘုန်းကြီး အများအပြားက တုန်တုန်ယင်ယင် ပြောဆိုကြကုန်၏။
အချိန်အတော်ကြာပြီးနောက် နန့်ယန်၏ စုန်းအတတ်ကို ဦးစီးသော နတ်ဘုရားက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"ကောင်းကင်နဲ့မြေကြီးရဲ့ အငွေ့အသက်တွေ တဖြေးဖြေးပြောင်းလဲနေတာကို ငါခံစားလိုက်ရတယ်။ ဒီကမ္ဘာကြီးဆီ ရောက်ဖို့ သိပ်မလိုတော့ဘူး။ အဲ့အချိန်ရောက်ရင် ငါ့ရဲ့နတ်သားတော် လုံကွမ်ယွီကိုသတ်ခဲ့တဲ့သူက ကယ်လို့မရဘဲ ထာဝရအပြစ်ပေးခံရမယ့် ရက်စက်ကြမ်းကြုတ်တဲ့ဝိဉာဉ်အဖြစ် ပြောင်းလဲသွားလိမ့်မယ်။"
ထိုအချိန်တွင် ရှန်းကျန်း၏ အလွန်ဆိတ်ငြိမ်သောထောင့်တစ်နေရာ၌ လုရှားသည် ကုတင်ပေါ်တွင် မျက်နှာဖြူဖျော့ကာထိုင်လျက် ဘေးမှ အားဖေးကို စိုးရိမ်တကြီး ကြည့်နေသည်။ လုရှားသည် အချိန်အတန်ကြာမှ သူ့မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
"ကုသခင်" အားဖေးက အမြန်ထလိုက်သည်။
"ငါ သတိလစ်နေတာ ဘယ်လောက်ကြာပြီလဲ" လုရှားက ခပ်တိုးတိုးမေးလိုက်သည်။
"မကြာပါဘူး သုံးနာရီလောက်ပဲ”
လုရှားခေါင်းညိတ်လိုက်သည်။ သူ၏အသက်ကို ချည်နှောင်ထားသော ကုအင်းဆက်ပိုးကောင်ကို ရွှယ်အန်းက ချေမှုန်းလိုက်သောကြောင့် ဒဏ်ရာအပြင်းအထန်ရခဲ့၍ ပြန်သွားရာလမ်းတွင် သတိလစ်မေ့မြောသွားခဲ့သည်။
"ကျေးဇူးပဲ အားဖေး”
"ဘာတွေပြောနေတာလဲ ကုသခင်။ ကျွန်တော်မျိုး အရှင့်တာဝနိ ထမ်းဆောင်တာက ကျွန်တော်မျိုးတို့ မြောင်အင်မော်တယ်ဂိုဏ်းရဲ့ မြင့်မြတ်တဲ့တာဝန်ပဲ" အားဖေးက ကြေညာသည်။
ရုတ်တရက် လုရှားသည် ကုသားဥတစ်လုံးကို အားဖေး၏နဖူးပေါ်သို့ ဖိလိုက်သည်။
ဥကကွဲသွားပြီးနောက် အားဖေးက သူ့စိတ်ထဲ ရုတ်တရက် အားအင်များပြည့်ဝလာသည်ကို ခံစားလိုက်ရသဖြင့် တုန်လှုပ်သွားသည်။
"ကုသခင်" အားဖေးက နှိုးဆော်သံဖြင့် အော်ဟစ်လိုက်သည်။
လုရှားသည် ယခင်ကထက် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"ရှန်းကျန်း ကို လာရတာ ဒီလို ဒဏ်ရာအပြင်းအထန်ရသွားလိမ့်မယ်လို့ တစ်ခါမှမထင်မှတ်ထားဘူး။ ကုဘုရင်ရဲ့ သားဥက အခု ငါ့အတွက် အသုံးမဝင်တော့ဘူး၊ ဒါယူသွားတော့”
အားဖေး၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်နေသည်။
"ကုသခင် ...."
ကုဘုရင်ဥ၏ တန်ဖိုးကို သူနားလည်သည်။
"မင်းရဲ့ ကု နှလုံးသားဟာ လောကီကမ္ဘာမှာ စုတ်ပြတ်လုနီးပါးဖြစ်နိုင်ပေမယ့် မင်းမှာ အပြစ်ကင်းတဲ့နှလုံးသားရှိနေတုန်းပဲ။ ကုဘုရင်ရဲ့ ဒီဥက မင်းရဲ့ဆုလာဘ်ပဲ၊ မင်း ဒီတစ်ခါ ငါနဲ့အတူ မြောင်အင်မော်တယ်ချိုင့်ဝမ်းကို ပြန်လာသင့်တယ်”
“ဟုတ်”
အားဖေးသည် သူ့ခေါင်းကို ငုံ့ထားလျက် သေမျိူးကမ္ဘာကို တောင့်တနေတော့သည်။ နောက်ဆုံးတွင် ကုသခင်ကိုယ်တိုင်က ဤကဲ့သို့ အဖိုးတန်သော ကုဘုရင်ဥကို သူ့ကိုပေးခဲ့သဖြင့် စိတ်ပျက်စေတော့မည်မဟုတ်ပေ။
စိတ်လှုပ်ရှားစွာဖြင့် ကုန်းရှောင်ချင် သည် ရွှယ်အန်းတည်းခိုရာ ဟိုတယ်သို့ ရောက်ရှိလာသည်။ စီကျင်းနှင့် ကိစ္စ ပြေလည်သွားသည်။ ကုန်းရှောင်ချင်၏ ကုမ္ပဏီသည် အခြားသော ဖျော်ဖြေရေး ကုမ္ပဏီများစွာနှင့် ပူးပေါင်းကာ ခွဲခွာခြင်းဆိုင်ရာ ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့သည်။ တစ်ချိန်တည်း၌ပင် ကုန်းရှောင်ချင်က စီကျင်းကို တရားရုံးသို့ ခေါ်ဆောင်သွားခဲ့သည်။
ဤသို့ဖြင့် စီကျင်းသည် လုံးဝပျက်စီးသွား၏။
ဤအရာအားလုံးကို ဂရုစိုက်ပြီးနောက်၊ ကုန်းရှောင်ချင်က ရွှယ်အန်းကို လူကိုယ်တိုင် ကျေးဇူးတင်လိုသောစိတ်ဖြင့် အလျင်အမြန်သွားခဲ့သည်။
လူကြီးမင်းရွှယ်ကြောင့် မဟုတ်လျှင် သူမ ကွယ်လွန်ခဲ့သည်မှာ ကြာနှင့်ပြီဖြစ်၏။
တံခါးကို လှမ်းကြည့်လိုက်ပြီးနောက် ရွှယ်အန်းက မိသားစုနှင့်အတူ အိတ်များသယ်၍ ထွက်သွားသည်ကို တွေ့လိုက်ကာ။ ၎င်းတို့နောက်၌ ဆံပင်ရွှေရောင်၊ မျက်လုံးပြာနှင့် လှပသော အနောက်တိုင်းအမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်
"လူကြီးမင်းရွှယ်၊ ရှင်လား…” ကုန်းရှောင်ချင် အံ့သြသွားသည်။
ရွှယ်အန်းက ပြုံးလိုက်သည်။
"ရှန်းကျန်းမှာ လုပ်စရာကုန်ပြီ။ ငါ့မိသားစုနဲ့ ဥရောပကို ခရီးထွက်ဖို့ စီစဉ်နေတာ"
ကုန်းရှောင်ချင် အံ့အားသင့်သွားကာ သူမ၏ ယခင်က တက်ကြွသော စိတ်ဓာတ်များ ရုတ်တရက် မှိန်သွားခဲ့သည်။
"ရှင်ထွက်သွားတော့မှာလား ဒါဆို ရှင့်ကို အန္တရာယ်ကင်းတဲ့ခရီးလေးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်" ကုန်းရှောင်ချင်က အတင်းပြုံးကာ ပြောလိုက်သည်။
ရွှယ်အန်းက ခေါင်းညိတ်ပြပြီးနောက် သူ့မိသားစုကို ကားပေါ်ခေါ်သွားကာ လေဆိပ်ကို တည့်တည့်သွားသည်။
ကုန်းရှောင်ချင်သည် အချိန်အတော်ကြာအောင် တုံ့ဆိုင်းသွားပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့် ထွက်သွားခဲ့သည်။
ဤအခွင့်အရေးမှတစ်ဆင့် ရွှယ်အန်းကို ပိုသိခွင့်ရရန် မျှော်လင့်ခဲ့ကာ ရွှယ်အန်းက သာမန်လူတစ်ယောက်မဟုတ်ကြောင်း ကောင်းစွာသိထားသည်။ သို့သော် ယခု သူထွက်သွားတော့မည်ဖြစ်၍ စိတ်ကူးကို စွန့်လွှတ်လိုက်ရသည်။
မိသားစုသည် ဥရောပသို့ လေယာဉ်ဖြင့် လိုက်ပါခဲ့သည်။ ၎င်းတို့ အလျင်အမြန် ထွက်လာသဖြင့် ပထမတန်း လက်မှတ်များ မရတော့ပေ။ စီးပွါးရေးအတန်း၌ ထိုင်ရန်မှတပါး ၎င်းတို့တွင် ရွေးချယ်စရာ မရှိတော့ပေ။
သီးသန့်ဝန်ဆောင်မှုနှင့် ပထမတန်း၏ တစ်ဦးတည်းသော ထိုင်ခုံများနှင့် နှိုင်းယှဉ်ပါက စီးပွားရေး အတန်းအစား ထိုင်ခုံပတ်ဝန်းကျင်သည် သိသိသာသာ အဆင့်နိမ့်သွားသည်။
သို့သော် ကောင်မလေးနှစ်ယောက်က မည်သည်ကမျှ လွဲချော်နေသည်ဟု မခံစားရပေ။ ပြတင်းပေါက်နား၌ ထိုင်ကြကာ အပြင်မှ တိမ်တိုက်များနှင့် စိတ်ကူးယဉ်တိုက်ပွဲကို စတင်ခဲ့ကြသည်။
"အဲဒါက ဇောက်ထိုးရေခဲမုန့်နဲ့တူတယ်" ရွှယ်နျန်က ပြောသည်။
"ကြည့်စမ်း၊ ဒီမုန့်က နင်းထားတဲ့မုန့်နဲ့တူတယ်" ရွှယ်ရှန်းကပြော၏။
"ဟေး ဒါ ကိဘတ်(တူရကီ စားစရာတစ်မျိုး)"
"ကြည့်ရတာ ထန်ဟုလုနဲ့တူတယ်!"
"ဒီလောက်ကြီးတဲ့ ထန်ဟုလုရှိလို့လား"
"ဒီလောက်ကြီးတဲ့ ကီဘတ်ရော ရှိလား"
ကောင်မလေးနှစ်ယောက်သည် ခါတိုင်းကဲ့သို့ ရန်ဖြစ်ရင်း ရန်ဖြစ်လိုက်ကြသည်။ ဤသည်က ၎င်းတို့၏ နေ့စဉ်လုပ်ရိုးလုပ်စဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့သည်။
ရွှယ်အန်းနဲ့ အန်းယန်က ဤသည်ကို အသားကျနေပြိဖြစ်သည်။
သို့သော် ကျန်အခန်းကလူများ၏ မျက်နှာများတွင် အပြုံးများ ပေါ်လာသည်။ တမူထူးခြားကာ အပျော်အပါးမက်သည့် ကလေးနှစ်ယောက်ရှိခြင်းက အထီးကျန်ဆန်သည့် ခရီးကို များစွာ သက်သာစေနိုင်သည်။
သို့သော် အချို့လူများ၏ အတွေးများက ကလေးများပေါ်တွင်မဟုတ်ပေ။ တင်းကွမ်က သူ့ဘေး၌ ထိုင်နေသော ကွင်တီနာကို ကြည့်၍ မျိုချပစ်ချင်စိတ်ကို ထိန်းထားရသည်။ ရွှေရောင်ဆံပင်နှင့် မျက်လုံးပြာမိန်းကလေးသည် တင်းကွမ်၏ စံပြပုံစံ အသွင်အပြင်နှင့် လိုက်ဖက်သည်။
"ဟယ်လို၊ဥရောပသူလေးလား"
ကွင်တီနာက တင်းကွမ်ကိုကြည့်ကာ ခေါင်းညိတ်သည်။
"ဘယ်လိုမှန်းလိုက်တာလဲ"
ဤမေးခွန်းကြောင့် စကားစမြည်ပြောရခြင်း တစ်ဝက်မျှ အောင်မြင်ကြောင်း သိလိုက်ရသဖြင့် တင်းကွမ်က အလွန်ပျော်သွားသည်။
"ဟီးဟီး၊ မင်းရဲ့အဝတ်အစားနဲ့ အမူအယာကိုကြည့်တာနဲ့ ကိုပြောပြလို့ရတယ်။ ကို့နာမည်က တင်းကွမ်ပါ၊ မင်းကို သိခွင့်ရမလား"
တင်းကွမ်က သူ့လက်ကို ဆန့်တန်းကာ ပြောလိုက်သည်။
ကွင်တီနာက မတုံ့ပြန်သော်လည်း ရှေ့ဆုံးတန်းရှိ ရွှယ်အန်းကိုကြည့်ကာ ခေါင်းခါလိုက်သည်။
"တောင်းပန်ပါတယ် သူငယ်ချင်းဖွဲ့တာက ငါ့သခင်ရဲ့ ခွင့်ပြုချက်လိုတယ်"
သခင်
ဤအခေါ်အဝေါ်က တင်းကွမ်ကို အေးခဲသွားစေသည်။
တင်းကွမ်နှင့် အတူထိုင်နေသည့် ယောက်ျား မိန်းမများကလည်း တအံ့တဩဖြစ်ကုန်ကြသည်။
“ဒီနေ့ လူတွေက သခင်ကျွန်ဂိမ်းတွေကို ကစားနေကြတုန်းလား”
တင်းကွမ် သည် ရွှယ်အန်းကို ခဏတာ စိုက်ကြည့်၍ပြောပြီးနောက် ရွှယ်အန်း၏ ချောမောသော ရုပ်ရည်နှင့် မြင့်မြတ်သော အသွင်အပြင်ကို သတိပြုမိကာ အနည်းငယ် စိတ်မသက်မသာ ခံစားရလေသည်။
သို့သော် တင်းကွန်၏ညီမ တင်းရန်က မျက်မှောင်ကြုတ်လိုက်သည်။ ထက်မြက်သော အမျိုးသမီးဝါဒီတစ်ဦးအနေဖြင့် သူမသည် အမျိုးသမီးများ၏ သဘောထားကို အလေးအနက်ထားသာ်။ မိန်းကလေးများကို အိမ်ဖော်အဖြစ်သို့ ပြောင်းလဲစေသော ဂိမ်းများကို သူမ လုံးဝ စက်ဆုပ်ရွံရှာသည်။
ထို့ကြောင့် သူမသည် ရွှယ်အန်းအား တရားမျှတသောသဘောဖြင့်ပြောလိုက်သည်။
"သခင်၊ ကျွန်မ ရှင်နဲ့ စကားတစ်ခွန်းလောက် ပြောချင်ပါတယ်”
ရွှယ်အန်းက တင်းကွမ်နှင့် တင်းရန်တို့ကို ကြည့်ရန် ခေါင်းလှည့်ကာပြောလိုက်သည်။
"ဘာကိစ္စရှိလို့လဲ"
တင်းရန်က ရွှယ်အန်း၏ လျစ်လျူရှုသော အကြည့်ကြောင့် အနည်းငယ် တုန်လှုပ်သွားသော်လည်း သူမ လေးနက်စွာပြောခဲ့သည်။
"ဒီအမျိုးသမီးကို ဘယ်လိုနည်းနဲ့ ဆွဲဆောင်ထားလဲ မသိဘူး၊ ဒါပေမယ့် ရှင် ဒီပျင်းစရာကောင်းတဲ့ ဂိမ်းတွေကို ဆက်မကစားတော့ဘူးလို့ မျှော်လင့်ပါတယ်"
ဤသို့ဖြင့် တင်းရန်၏ နှုတ်ခမ်းဖျားများတွင် လှောင်ရိပ်များ ဖြတ်ပြေးသွားသည်။
“အစွမ်းအစမရှိတဲ့ ယောက်ျားတစ်ယောက်ကပဲ မိန်းကလေးတစ်ယောက်ကို သူ့ရဲ့ ပွေလီတဲ့ ဆန္ဒတွေ ဖြည့်ဆည်းပေးဖို့ သိက္ခာချတယ်”
ဤစကားအနည်းငယ်ခန့်က ရွှယ်အန်းသည် မတရားသဖြင့် တံဆိပ်ကပ်ခံနေရပြီဖြစ်သည်။
ရွှယ်အန်း ခဏမျှ အံ့အားသင့်သွားကာ အခြေအနေကို နားလည်လိုက်သည်။ အသက်နှစ်ဆယ်မျှသာရှိသော လူငယ်အုပ်စုကိုကြည့်ကာ အပြစ်ကင်းစင်သောမျက်နှာဖြင့် ရွှယ်အန်းကပြောလိုက်၏။
“အမှန်တရားကို မစူးစမ်းဘဲ မှန်းဆကြည့်ရုံနဲ့ တခြားသူတွေကို ဝေဖန်နိုင်တဲ့ အရည်အချင်းရှိတယ်လို့ မင်းထင်လား”
“ရှင်…” တင်းရန်၏ မျက်လုံးများက ဒေါသတကြီး ပြူးကျယ်သွားသည်။
ကျောင်းတွင် သူမသည် ကျောင်းသားကောင်စီ ဥက္ကဋ္ဌနှင့် စကားရည်လုပွဲ ချန်ပီယံဖြစ်ခဲ့သည်။ ယခု လူတစ်ယောက်က သူမ၏ အရည်အသွေးကို မေးခွန်းထုတ်လာ၏။
"ဒါ့အပြင် မင်းက တစ်ခုခုကို နားလည်မှုလွဲနေပြီ၊ ငါ့ကို ဒီလိုခေါ်ခိုင်းတာ မဟုတ်ဘူး၊ ဒါက သူ့စိတ်ဆန္ဒသက်သက်ပဲ၊ နားလည်လား" ရွှယ်အန်းက တည်ငြိမ်စွာပြောသည်။
တင်းရန်က ကွင်တီနာဘက်သို့ လှည့်ကြည့်လိုက်သည်။
“မကြောက်ပါနဲ့၊ ငါတို့က စစ်မှန်တဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေဖြစ်ပဲ။ သူက မင်းကို ဖိနှိပ်ရင် ငါတို့ မင်းကို ကာကွယ်ပေးနိုင်တယ်”
"မှန်တယ် မိန်းကလေး အမှန်အတိုင်းပြောပါ၊ ကိုမင်းကိုသေချာကာကွယ်ပေးမှာပါ!"
တင်းကွမ်က တရားမျှတမှု အပြည့်ဖြစ်နေသောပုံစံဖြင့် ပြော၏။
ကွင်တီနာက ဤလူငယ်နှစ်ယောက်ကို လူမိုက်များကဲ့သို့ ကြည့်နေသည်။
အခန်း(၃၆၆) သူက ငါ့လက်အောက်ခံကွ
‘ငါ သူ့ကို အရှင်လို့ပဲ ခေါ်လိုက်ရုံပါဟယ် ဒီလူတွေက ဘာလို့ သူတို့ အမြှီးပဲ တက်နင်းမိသလိုလို ဆွေ့ဆွေ့ခုန်နေရတာလဲ’
သွေးမျိုးနွယ်စုတွင် သန်မာသောပုဂ္ဂိုလ်၏ အနိုင်ယူခြင်းခံရပြီးလျှင် ၎င်းတို့ကို အရှင်သခင်အဖြစ်သတ်မှတ်ခြင်းက သာမန်ထက်သာလွန်သောအရာမဟုတ်ပေ။
ရွှယ်အန်းသည် သွေးမျိုးနွယ်စုမှ မဟုတ်သော်လည်း သူ၏ ခွန်အားမှာ ကြောက်မက်ဖွယ်ကောင်းသည်မှာ ငြင်း၍ မရနိုင်ပေ။ ထို့ကြောင့် ကွင်တီနာက သဘာဝကျစွာပင် သူ့ကို သခင်အဖြစ် ရှု့မြင်လာခဲ့သည်။ ဤသည်ကိုတွေးကာ ကွင်တီနာက ခေါင်းခါလိုက်သည်။
“ရှင်တို့ ဘာတွေပြောနေတာလဲ ကျွန်မမသိဘူး။ သူငယ်ချင်းမဖွဲ့ခင် သခင်ရဲ့ သဘောတူညီချက်ကို ရှာရတာ ပုံမှန်မဟုတ်ဘူးလား”
ကွင်တီနာ၏ စကားများကြောင့် တင်းရန်နှင့် အခြားသူများအားလုံး အံ့သြသွားကြသည်။ ခဏအကြာတွင် တင်းရန်သည်အလွန် ဝမ်းနည်းဒေါသဖြစ်စွာဖြင့် ကွင်တီနာကို ကြည့်လိုက်သည်။ တင်းရန်၏ အမြင်၌ ကွင်တီနာသည် ဦးနှောက်ဆေးခံထားရခြင်းဖြစ်ကြောင်း သိသာလှသည်။
ရလဒ်အနေဖြင့် ရွှယ်အန်းဆီသို့ သူမ၏အကြည့်များက ပို၍ ရန်လိုလာသည်။
ဒီလူ၊ သေချာပေါက် လူယုတ်မာပဲ။
တင်းရန်သည် သူမ၏ စိတ်ထဲ၌ ရွှယ်အန်းကို ခေါင်းစဥ်အပြည့်တပ်လိုက်ပြီဖြစ်၏။ လေယာဥ်က ဥရောပလေဆိပ်သို့ ဆင်းသက်သောအခါ ကွင်တီနာသည် ခရီးဆောင်အိတ်အားလုံးကို သူမကိုယ်တိုင် သယ်လျက် အိတ်ကြီးအိတ်ငယ်များနှင့်အတူ ရွှယ်အန်းနောက်သို့ လိုက်သွားသည်။ ဤမြင်ကွင်းကြောင့် ရွှယ်အန်းသည် ကွင်တီနာကို ဦးနှောက်ဆေးထားခြင်းဖြစ်သည်ဟု တထစ်ချယုံကြည်လိုက်ကြသည်။
“ဒီခေတ်မီတဲ့ အနောက်တိုင်းမှာတောင် ဒီလိုအခြေအနေတွေရှိနေတုန်းပဲ။ ဒီလို ချောမောလှပတဲ့ မျက်နှာဖြူမိန်းမက ဦးနှောက်ဆေးခံရမယ်လို့ ဘယ်သူက ထင်မှာလဲ” တင်းကွမ်က ငြူစူသော မနာလိုသော အမူအရာဖြင့် ပြောလိုက်သည်။
"ကျား-မ ခွဲခြားဆက်ဆံမှုဟာ ကမ္ဘာလုံးဆိုင်ရာကိစ္စပဲ။ ငါ့ အိမ်မက်က ငါ့ဘဝတစ်လျှောက်လုံးမှာ ယောက်ျားနဲ့ မိန်းမကြား မညီမျှမှုတွေအားလုံးကို ချေမှုန်းပြီး တန်းတူညီမျှတဲ့ ကမ်ဘာတစ်ခု ဖန်တီးဖို့ပဲ” တင်းရန်က ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။
“ဒီမိန်းမကကျတော့ သူက ကယ်တင်တာကို ကျော်သွားပြီ။ အမျိုးသမီးတွေရဲ့ ဖြစ်တည်မှုကို သူကိုယ်တိုင် စော်ကားနေတာပဲ”
တင်းရန်၏ စကားများသည် အဖွဲ့ရှိမိန်းကလေးများစွာထံမှ ခိုင်မာသောသဘောတူညီချက်ရရှိခဲ့သည်။
"မမရန်ပြောတာမှန်တယ်”
“အစ်မရန်ရဲ့ အမြင်ကို ကျွန်တော် သဘောတူတယ်”
သို့သော် ဘတ်စ်ကားပေါ်သို့ တက်ရန်အချိန်သို့ရောက်သောအခါ တင်းရန်က ဦးဆောင်၍ မိန်းကလေးများကို ကားပေါ်၌ နေရာယူစေကာ ယောက်ျားလေးများကိုမူ ခရီးဆောင်အိတ်များ ရွှေ့ပေးရန် တာဝန်ပေးခဲ့သည်။
ဤသည်မှာ လန်ဒန်ရှိ သမိုင်းဝင်ဟိုတယ်တစ်ခုဖြစ်သည်။ ယခင်က နာမည်ကြီးပုဂ္ဂိုလ်အများအပြား ဤနေရာတွင် နေခဲ့ဖူးသည်။ သို့သော် လူအများ မသိသည်မှာ ဟိုတယ်ပိုင်ရှင်က လွန်ခဲ့သော အနှစ်သုံးဆယ်ခန့်ကတည်းက သွေးကျွန်ဖြစ်သွားခဲ့ပြီဟူသည့်အချက်ပင်ဖြစ်သည်။
ကွင်တီနာနှင့် ရွှယ်အန်းတို့ ဟိုတယ်တွင် ပေါ်လာသောအခါ ဟိုတယ်ပိုင်ရှင် ဘန်နီဒစ်က အမြန်ပြေးလာသည်။
“မိန်းကလေး ကွင်တီနာ မိန်းကလေးကို ဝန်ဆောင်ပေးရလို့ ဝမ်းသာပါတယ်” ဘန်နီဒစ်က စိတ်အားထက်သန်စွာပြော၍ ကွင်တီနာကို ကြည့်နေသည်။
ဤသွေးကျွန်များအတွက် သွေးမျိုးနွယ်စုသည် ၎င်းတို့၏ တစ်ခုတည်းသော နတ်ဘုရားဖြစ်သည်။ ကွင်တီနာက မာနကြီးစွာ ခေါင်းညိတ်လိုက်သည်။
“ကျွန်မ မျိုးနွယ်စုက လူတွေရောက်ပြီလား”
“မိန်းကလေးကွင်တီနာ လေးစားရတဲ့ မြို့ဝန် စီစီယယ် မရောက်သေးပါဘူး။ ဒါပေမယ့် မိန်းကလေးရဲ့ မွေးချင်းတော်တော်များများတော့ရောက်နေပါပြီ”
ဤသည်ကို ကြားသောအခါ ကွင်တီနာက မျက်မှောင်ကြုတ်၍ ခေါင်းညိတ်ပြလိုက်သည်။
“ကျွန်မသိပြီ။ ရှင်သွားလို့ရပြီ”
“ဟုတ်”ဘန်နီဒစ်က ကွင်တီနာ၏ ဖိနပ်ကိုငုံ့နမ်း၍ ဦးညွတ်ကာ ထွက်သွားသည်။ သူထွက်သွားပြီးနောက် ကွင်တီနာက ချဥ်ပြုံးပြုံးလိုက်သည်။
“မင်း မွေးချင်းတွေကို တကယ်မကြိုက်ဘူးထင်တယ်” ရွှယ်အန်းက ဘာသိဘာသာပြောလိုက်သည်။
ကွင်တီနာက ရွံ့ရှာစက်ဆုပ်နေသော အပြုံးတစ်ခု ပြုံးလိုက်သည်။
“မွေးချင်းတွေတင်မဟုတ်ဘူး။ သွေးမျိုးနွယ်စုတစ်ခုလုံးကို မကြိုက်တာ”
“နှစ်စဉ်လုပ်ရမယ့် စွန့်စားမှုတွေကြောင့်လား” ရွှယ်အန်းက ထူးမခြားနားသော လေသံဖြင့် ပြောလိုက်သည်။
ကွင်တီနာသည် ခေါင်းငုံ့ကာ တိတ်ဆိတ်နေခဲ့သည်။ ရွှယ်အန်းသည် ကွင်တီနာ၏မှတ်ဉာဏ်များထဲ၌ ဤအချက်အလက်ကိုမြင်ခဲ့သည်။ သွေးမျိုးနွယ်စုတွင် မိသားစုများစွာ၏အုပ်ချုပ်မှုသည် အလွန်သွေးထွက်သံယိုများကာ ရက်စက်သည်။ မိသားစုခေါင်းဆောင်နှင့် မျိုးနွယ်စု၏ အမြင့်ပိုင်းရှိပုဂ္ဂိုလ်အများအပြား အင်အားကောင်းစေရန်အတွက် အဖွဲ့ဝင်တိုင်းက ခြောက်လတစ်ကြိမ် သန့်စင်သော သွေးပေးရန်လိုအပ်သည်။ ကွင်တီနာ၏ မိသားစုသည်လည်း ခြွင်းချက်မဟုတ်ခဲ့ပေ။ဤအရာသည် ကွင်တီနာနှင့် အခြားသူများ ရာထူးတိုးလာခြင်းကို မသိမသာ သက်ရောက်မှုရှိသည်။ ထို့ကြောင့် ကွင်တီနာက မြို့စား၏ သွေးပုလဲကို ရနိုင်ရန် ဤမျှထိစွန့်စားခဲ့ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ ခွန်အားကို အတိုင်းအတာတစ်ခုထိ မြှင့်တင်လိုက်ရုံမျှဖြင့် ဤထိန်းချုပ်မှုများကြားမှ လွတ်မြောက်နိုင်သောကြောင့်ဖြစ်သည်။
ယနေ့သည် ယဇ်ပူဇော်သောနေ့ဖြစ်ကာ ပွဲက ဟိုတယ်အတွင်း၌ပင်ဖြစ်သည်။
“မြို့ဝန်နဲ့ အထက်ကလူတွေက သွေးပုလဲတွေကို လုပ်နိုင်တယ်လို့ မင်းပြောခဲ့တာ ငါမှတ်မိတယ်။ ဟုတ်လား” ရွှယ်အန်းက ဘာသိဘာသာပြောလိုက်သည်။
ကွင်တီနာက တုန်လှုပ်သွားပြီးနောက် ခေါင်းငုံ့လိုက်သည်။
“ဟုတ်ကဲ့”
“ကောင်းပြီ။ ဒီ ယဇ်ပူဇော်တယ်ဆိုတဲ့ဟာကို ငါမြင်ကြည့်ချင်သေးတယ်” ရွှယ်အန်းက ပေါ့ပါးစွာပြော၍ အခန်းထဲသို့ ပြန်သွားလိုက်သည်။
ကွင်တီနာက ရွှယ်အန်း၏ နောက်ကျောကို ကြည့်၍ ရုတ်တရက် သူမ နှလုံးသားထဲ၌ အဓိပ္ပါယ်မဲ့သော ခံစားချက်တစ်ခု တိုးလာသည်။
‘သူတကယ်ပဲ မြို့ဝန်စီစီယယ်ကို သူ့ဘာသာ ဖမ်းဖို့ စီစဥ်နေတာလား’
‘အဲ့တာ ငါတို့ ပြောနေတဲ့ မြို့ဝန်လေ’
‘ပြီးတော့ သွေးမျိုးနွယ်စုရဲ့ အစွမ်းထက်တဲ့အဖွဲ့ဝင်တွေ အများကြီးရှိနေဦးမှာပဲ’
‘ဒါဖြစ်တောင် ဖြစ်နိုင်ရဲ့လား’
ညနေပိုင်းတွင် ဟိုတယ်ရှိ သွေးမျိုးနွယ်စုအတွက်အထူးပြင်ဆင်ထားသော သီးသန့်ပွဲရုံ၌ ရွှယ်အန်းက ကွင်တီနာနောက်သို့လိုက်လာခဲ့ရာ ပွဲခန်းမထဲ၌ လူများစွာရှိနေပြီကို တွေ့လိုက်ရသည်။ အာနိုးသည် ညီအစ်ကိုအချို့နှင့် အရက်သောက်လျက် ဘားတွင်ထိုင်နေသော ကွင်တီနာကို မြင်လိုက်ရသောအခါ မျက်လုံးများ တောက်ပလာပြီးနောက် ပြုံးရယ်ကာ လမ်းလျှောက်လာသည်။
“ချစ်လှစွာသော ကွင်တီနာရေ ငါမင်းကို မတွေ့တာ တစ်နှစ်ခွဲရှိပြီနော်။ မင်း တော်တော် လှလာတာပဲ” အာနိုးက ကွင်တီနာ၏ ခန္ဓာကိုယ်ကို ငေးကြည့်နေမိသည်။
သူ့ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ကွင်တီနာ၏ အမူအရာက အလွန် အရုပ်ဆိုးရွားသွားသည်။
“အာနိုး လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က ငါ နင့်ကို ရိုက်ခဲ့သလိုမျိုး ထက်ပြီး အရိုက်ခံချင်ရင် ဆက်ပြောနေလိုက်”
အာနိုး၏ နှုတ်ခမ်းဖျားများ၌ မထီမဲ့မြင်ပြုသော အပြုံးတစ်ခု ပေါ်လာသည်။
“အိုး ငါ အဲ့တာ မေ့လုနီးပါးဖြစ်နေပြီ။ မင်းတကယ်ကို လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က ကြမ်းတမ်းခဲ့တယ်! ငါ့သက်တမ်းတစ်လလုံး အဲ့တာကို ပြန်ကုခဲ့ရတာ အခု မင်း ထက်လုပ်ချင်ရင်တောင် ထပ်မလုပ်နိုင်ဘူး။ ဘာလို့လဲဆိုတော့..."
ရုတ်တရက် အာနိုး၏နောက်တွင် အလွန်ပြင်းသော အနက်ရောင်အငွေ့အသက်များ ကိန်းအောင်းနေသည့် တောင်ပံနှစ်ခု ထွက်လာသည်။
“မြို့ဝန်ပိုင်၊ မြို့ဝန်ပိုင်ဖြစ်လာဖို့ နင် ဘယ်လိုလုပ်ခဲ့တာလဲ” ကွင်တီနာက အော်လိုက်သည်။
“ဘာလို့ မဖြစ်နိုင်ရမှာလဲ” အာနိုးက လောဘတကြီး လျှာသပ်လိုက်သည်။
“နင် ငါ့ကို တလိုတလား လက်အောက်ခံဖို့ ဆန္ဒရှိနေသရွေ့ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က နင်လုပ်ခဲ့တဲ့အရာကို ငါမေ့ပေးနိုင်တယ်”
ကွင်တီနာ၏ မျက်နှာက ဖြူဖျော့သွားသည်။ သူမသည် ဘွဲ့ခံမူးမတ်တစ်ယောက်သာဖြစ်သည်။
မြို့စား၊ မြို့ဝန်၊ မြို့ဝန်ပိုင်၊ ဘွဲ့ခံမူးမတ်၊ မူးမတ်။
ယင်းတို့သည် သွေးမျိုးနွယ်စု၏ အထက်အဆင့်ငါးခုဖြစ်သည်။ အဆင့်တစ်ခုသို့ တိုးမြှင့်ခံရခြင်းသည် ခွန်အားကို အဆများစွာ သို့မဟုတ် ဆယ်ဆကျော်ပင် တိုးလာခြင်းနှင့် ညီမျှသည်။
ယခု မြို့ဝန််ပိုင်ဖြစ်သော အာနိုး သူမအပေါ် လွှမ်းမိုးသော အားသာချက်ကို ချက်ချင်းရရှိခဲ့သည်။
ထိုအချိန်တွင် ရွှယ်အန်းက ခပ်တိုးတိုးပြုံးလိုက်သည်။
"တောင်းပန်ပါတယ် ဒါပေမယ့် မင်းနောက်ကျနေပုံရတယ်၊ သူ ငါ့လက်အောက်ခံပြီးပြီ"
ရွှယ်အန်း၏ စကားများက အာနိုးကို ခေတ္တရပ်စေပြီးနောက် သူက ရွှယ်အန်းကို ခဏတာ စူးစိုက်၍ ကြည့်လိုက်ရာ မောက်မာသော သူ့မျက်နှာထက်၌ အေးစက်နေသော အကြည့်တစ်ခု ပေါ်လာသည်။
“လူသားလား”
အာနိုးက ကွင်တီနာကို လှည့်ကြည့်လိုက်သည်။
“နင်တကယ် လူသားတစ်ယောက်ဆီ လက်အောက်ခံခဲ့တာလား”
သူ၏ ကျယ်လောင်သော အော်သံသည် ပတ်ဝန်းကျင်ရှိ လူများ၏ အာရုံကို ဆွဲဆောင်ခဲ့သည်။ မိသားစုသွေးအရ ကွင်တီနာ၏ညီအစ်ကိုညီအစ်မများဟု သတ်မှတ်ခံရသော ဤလူများအားလုံးသည် ရယ်မောကြသည်။
“ကျစ်…ကျစ် ကွင်တီနာက အရမ်းနိမ့်ကျတယ်လို့ ဘယ်သူထင်မှာလဲ။ အဆင့်နိမ့် လူသားတစ်ယောက်ရဲ့ လက်အောက်ခံဟုတ်လား။ ငါတို့ သွေးမျိုးနွယ်စုရဲ့ ဂုဏ်သိက္ခာကို ဆွဲချနေတာပဲနင်က”
“ဟားဟား ဒါကိုသာ မျိုးနွယ်စု ခေါင်းဆောင်သိသွားရင် သူ ဒီလူ့ကို အပိုင်းပိုင်းဖြတ်ပစ်လိမ့်မယ်”
ဤမထီမဲ့မြင်ပြုသောအကြည့်များကြားတွင် ရွှယ်အန်းသည် ငြိမ်သက်နေကာ
ကွင်တီနာကို အနည်းငယ်ပြုံးပြသည်။
“ညီအကိုမောင်နှမတွေ အကုန်လုံး ဒီလိုပဲလား”
အခန်း(၃၆၇) မြို့ဝန်ပိုင်အထက် မြို့ဝန်
ဘမ်း
ထိုစကားက ဗုံးတစ်လုံးကဲ့သို့ ပေါက်ကွဲသွားကာ အခန်းတစ်ခုလုံးကို တုန်လှုပ်ချောက်ချားစေခဲ့သည်။ သွေးမျိုးနွယ်စု၏ အဖွဲ့ဝင်အများအပြား၏ အမူအရာများသည် အေးစက်သွားခဲ့သည်။ အာနိုး၏ မျက်နှာက ပို၍ မှောင်မိုက်လာသည်။
"လူသား၊ မင်းငါ့ကို ဒေါသထွက်အောင်လုပ်နိုင်ခဲ့တာပဲ။ သွေးမျိုးနွယ်စုရဲ့ မြို့ဝန်ပိုင်တစ်ယောက်ရဲ့ အမျက်ဒေါသကို ရင်ဆိုင်ဖို့ မင်းပြင်ထားစမ်း”
ထိုစကားနှင့်အတူ အာနိုးက ရှေ့သို့တိုးလာသည်။ သူက ကွင်တီနာကို အချိန်အတန်ကြာ မက်မောခဲ့ရခြင်းဖြစ်ရာ ယခု သူမကို မခေါ်ခင် ရွှယ်အန်းကို သတ်ရန် စီစဥ်ခဲ့သည်။ သို့သော် လမ်းတစ်ဝက်အရောက်၌ ရွှယ်အန်းက လက်ဖျောက်တီးလိုက်သည်။ အလွန်ပြင်းထန်သော ဓားချီတစ်စင်း ထွက်ပေါ်လာပြီးနောက် အာနိုး၏ ခန္ဓာကိုယ်သည် အပိုင်းပိုင်းကွဲကြေသွားသည်။ သွေးများသည် အသားတုံးများနှင့် ရောနှောလျက် မိုးရွာချသကဲ့သို့ သွေးစိုင်သွေးခဲများ အဘက်ဘက်သို့ ပျံ့နံ့သွားသည်။
တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။
ခဏအကြာတွင် မြေပြင်ပေါ်ရှိ အသွေးအသားတို့က တွန့်လိမ်လာကာ သူ့ဘာသာ ပြန်လည်ဖွဲ့စည်းရန် ကြိုးစားလာကြသည်။ ဤသည်မှာ သွေးမျိုးနွယ်စုဝင်များ၏ စွမ်းရည်ပင်ဖြစ်၏။
အနှစ်သာရသွေးများ ကျန်ရှိနေသေးသရွေ့ ၊ မြေကြီးများနှင့် မရောထွေးသွားသေးသရွေ့ ၎င်းတို့သည် အလိုအလို ပြန်လည်မွေးဖွားလာနိုင်သည်။ ဤအခိုက်အတန့်၌ အာနိုးသည် ယခုအခါ အသားစိုင်များအဖြစ်သို့ ပြောင်းလဲ၍ ကြောက်လန့်ဖွယ်ကောင်းစွာ ခန္ဓာကိုယ်ကို ပြန်လည်ဖွဲ့စည်းလျက်ရှိသည်။
သို့သော် သူမည်သို့ပင် ကြိုးစားစေကာမူ မည်ကဲ့သို့မျှ ပြန်လည်း မဖွဲ့စည်းနိုင်တော့ပေ။ သူ့အသွေးအသားများကို ပေါင်းစပ်ရန် ကြိုးစားလိုက်သည်နှင့် ဓားချီက တောက်ပလာကာ ချက်ချင်း အရာအားလုံးကို တစ်ဖန်ပြန်လည် ဖြတ်တောက်သွားပြန်သည်။ ထို့ကြောင့် မြေပြင်ပေါ်မှ အသားများ အဆက်မပြတ် ပေါင်းစည်းရန်ကြိုးစားနေ၍ ဓားချီက အဆက်မပြတ် ခုတ်ပိုင်းပစ်နေသည်ကိုသာ လူအများက စောင့်ကြည့်နေနိုင်ကြသည်။
မကြာခင်၌ပင် အာနိုး၏ အနှစ်သာရသွေးများ ကုန်ဆုံးသွားတော့မည်ဖြစ်သည်။ နောက်ဆုံးတွင် အာနိုးသည် စစ်မှန်သော ကြောက်ရွံ့မှုကို ခံစားခဲ့ရသည်။
“မဟုတ်ဘူး။ မလုပ်နဲ့ မဖြစ်ဘူး”
သူက အော်ငို၏။
သွေးမျိုးနွယ်စုဝင်များအားလုံးက ဤမြင်ကွင်းကို ထိတ်လန့်သော အမူအရာဖြင့် ကြည့်နေကြသည်။ ထိုအချိန်၌ပင် မာနကြီးသောအမူအရာရှိသည့် အသက်လတ်ပိုင်း အမျိုးသားတစ်ဦးက အခန်းအလယ်တွင်ပေါ်လာကာ လက်ညှိုးတစ်ချောင်းကို ဆန့်တန်း၍ ရွှေရောင်သွေးတစ်စက်ကို အာနိုး၏ အသွေးအသားထဲသို့ သက်ဆင်းသွားစေခဲ့သည်။ ဤသွေးတစ်စက်ဖြင့် အာနိုး၏ ပြန်လည်ပေါင်းစည်းမွေးဖွားမှုနှုန်းက အဆများစွာ တိုးလာကာ နောက်ဆုံးတွင် ဓားချီများချက်ချင်းပျောက်ကွယ်၍ ပြန်လည်မွေးဖွားလာသည်။
“မျိုးနွယ်စုအကြီးအကဲ” ကြောက်လန့်နေသော အာနိုးက ထိတ်လန့်တုန်လှုပ်နေသောအသံဖြင့် ပြောလိုက်သည်။
အခန်းတွင်းရှိ သွေးမျိုးနွယ်စုဝင်များအားလုံးက လေးစားစွာဦးညွတ်ကြသည်။
“မိသားစုခေါင်းဆောင်ကို ကျွန်တော်တို့ တွေ့ဖူးပြီ”
ရောက်ရှိလာသူမှာ မြို့ဝန်စီစီယယ်မှလွဲ၍ အခြားလူမဟုတ်ပေ။ သူက ကွင်တီနာကို တစ်ချက်ကြည့်လိုက်သည်။
ကွင်တီနာက တုန်တုန်ယင်ယင်နှင့် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။ ထို့နောက် စီစီယယ်က ရွှယ်အန်းကို ပြုံးပြလိုက်၏။
“အားကြီးတဲ့လူသား မင်းက ငါ့သားမြေးတွေကို ဘာလို့ အနိုင်ကျင့်နေတာလဲ”
ရွှယ်အန်းက စီစီယယ်ကို ရွှင်မြူးစွာကြည့်လိုက်သည်။
“သွေးမျိုးနွယ်စု မြို့ဝန်လား”
စီစီယယ်က ဂုဏ်ယူစွာခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ် ငါက သွေးမျိုးနွယ်စုရဲ့ မြို့ဝန်ပါပဲ လူသား။ မင်း ငါ့မေးခွန်းကို မဖြေရသေးဘူး။ မင်း ဘာလို့ ငါ့မျိုးဆက်ကို အနိုင်ကျင့်တာလဲ”
ဤအခိုက်အတန့်တွင် အာနိုးက အဆိပ်ပြင်းသောအကြည့်ဖြင့် ကြည့်၍ ပြောလိုက်သည်။
“မိသားစုခေါင်းဆောင် ဒီကွင်တီနာက ဒီလူသားကို သူ့သခင်အဖြစ် တကယ်ပဲ ခစားနေတယ်”
“ဟမ်” စီစီယယ်၏ မျက်နှာက မည်းမှောင်သွားသည်။
“ကွင်တီနာ မင်းမိသားစုကို သစ္စာဖောက်ရဲလား”
ကွင်တီနာက ခေါင်းငုံ့လျက် အမူအရာသည်လည်း ဗလာကျင်းကာ နာကျင်နေသည်။ ဤသည်မှာ မျိုးရိုးအဆင့်၏ ဖိနှိပ်မှုကြောင့်ဖြစ်သည်။ စီစီယယ်၏ မျိုးဆက်အနေဖြင့် သူမသည် ခုခံနိုင်စွမ်း လုံးလုံးလျားလျား မရှိခဲ့ပေ။
ဤအချိန်တွင် ရွှယ်အန်းက ပြန်ပြော၏။
“မင်းရဲ့မေးခွန်းကို ဖြေပေးမယ်။ ငါဒီမှာ ရှိနေတာ အကြောင်းနှစ်ခုပဲရှိတယ်”
“အိုး ဟုတ်လား။ ဘာတွေလဲ” စီစီယယ်က အသံနက်ကြီးဖြင့် မေးသည်။
“ပထမအချက်က မင်းတို့အားလုံးကို သတ်ပစ်ဖို့။ ဒုတိယအချက်က မင်းကို သုံးပြီး သွေးပုလဲကို သန့်စင်ဖို့ပဲ”
ရွှယ်အန်း၏ တည်ငြိမ်သော အသံက ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။ ဤစကားများကြောင့် စီစီယယ်က ခဏမျှ ရပ်တန့်သွားကာ ဒေါသကို မထိန်းထားနိုင်တော့ပေ။
“ဒီလို မာန်တက်နေတာ။ ဒီနေ့ မင်းကို စီစီယယ်ရဲ့ မျိုးနွယ်စုစွမ်းအားကို မြည်းစမ်းကြည့်ခိုင်းမယ်”
ဤသို့ပြော၍ သူက လက်ကိုဝှေ့ယမ်းလိုက်သည်။
သွေးမျိုးနွယ်စုဝင်များက ခန်းမတစ်ခွင်လုံးသို့ ၎င်းတို့၏ တောင်ပံများကို ထုတ်ပြ၍ ပျံသန်းကာ ရွှယ်အန်းကို ဝိုင်းရံထားကြသည်။ ခန်းမ တစ်ခုလုံးတွင် နတ်ဆိုးရောင်ဝါများ ပြည့်နှက်နေ၏။
စီစီယယ်သည် လေထုအလယ်၌ ဂုဏ်ယူစွာ မတ်တပ်ရပ်လျက် သူ၏ ရွှေရောင် တောင်ပံသုံးစုံကို ထုတ်ဖော်ပြသခဲ့သည်။
ရွှယ်အန်းနှင့် ပတ်သက်၍ စိုးရိမ်မှုအချို့ရှိသည်။ သို့သော် လူသားတစ်ဦးသည် သူ့ဘက်ရှိ သွေးမျိုးနွယ်စု၏ ဤမျှ များပြားသော အဖွဲ့ဝင်များကို အနိုင်ယူနိုင်လိမ့်မည်ဟု ဘယ်သောအခါမျှ မယုံကြည်ထားခဲ့ပေ။ မဟုတ်လျှင် နတ်ဘုရားဖြစ်နေပေလိမ့်မည်။
‘နောက်ပြီး ဒီလူကို ငါအနိုင်ယူပြီးတာနဲ့ သူ့သွေးအနှစ်သာရအားလုံးကို စုပ်ထုတ်ပစ်မယ်’
‘သူ့ ကြွယ်ဝတဲ့ သွေးအနှစ်သာရက ငါ့ ကြီးထွားမှုအဆင့်ကို မြှင့်တင်နိုင်တယ်’
ဤအတွေးဖြင့် စီစီယယ်၏ နှုတ်ခမ်းဖျားများတွင် အပြုံးတစ်ခု ပေါ်လာသည်။ သို့သော် သူ၏ စိတ်ကူးယဥ်အတွေးက မကြာမီ၌ပင် ပျက်ပြယ်သွားသည်။ ရုတ်တရက် ရွှယ်အန်းက စူးစူးရဲရဲ မော့ကြည့်လိုက်ရာ မျက်လုံးများက မီးအလင်းများတောက်နေသည်ကို မြင်လိုက်ရသည်။
သူ့အကြည့်ရောက်သွားသောနေရာတိုင်းတွင် သွေးမျိုးနွယ်စုဝင်များက မီးတောက်ဖြူများအဖြစ်သို့ပြောင်းလဲကာ ၎င်းတို့နောက်သို့ အရိပ်များကဲ့သို့ လိုက်လာ၍ ဤစွမ်းအားကြီး သွေးစုပ်ဖုတ်ကောင်များကို ကျယ်လောင်စွာ အော်ဟစ်စေကုန်သည်။ ထို့နောက်တွင် ၎င်းတို့က ဗလာနတ္ထိအဖြစ်သို့ပျောက်ကွယ်သွားသည်။
လေထုအလယ်၌ ရပ်နေသော စီစီယယ်သည် လဲကျလုမတက် ထိတ်လန့်မှုအပြည့်ဖြင့် အော်လိုက်၏။
“မီးလျှံတွေ အလင်းဘုရားကျောင်းမှာ မင်းဘယ်ရာထူးရထားတာလဲ”
ရွှယ်အန်းသည် သူ့ကို မည်သည့်စိတ်ထဲလုံးဝ မထည့်ထားပေ။ ဤအမှိုက်များကို ကိုင်တွယ်ဖြေရှင်းရန် သူသည် မည်သည့် သိုင်းပညာကိုမျှ အားကိုးရန်မလိုအပ်ဘဲ ဓားချီမျှဖြင့်သာ ၎င်းတို့ကို သတ်ပစ်လိုက်သည်။ စီစီယယ်က လှုပ်လှုပ်ရွရွဖြင့် ရှောင်ကာ ထိတ်လန့်တကြားဖြစ်နေသည်။
ရွှယ်အန်းက ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ရာ သူ့နောက်၌ ချက်ချင်းပေါ်လာ၍ သူ့ကို မြေပြင်ပေါ်သို့ ကန်ချလိုက်သည်။
စီစီယယ်က စူးစူးဝါးဝါး အော်လိုက်သည်။ ကွင်တီနာက တစ်ကိုယ်လုံး တုန်ယင်သွားပြီးနောက် အော်လိုက်သည်။
“သခင် သတိထားပါ”
အလွန် ပြိုးပြိုးပြက်ပြက်တောက်ပနေသော သွေးရောင်အလင်းတန်းတစ်ခုက ရွှယ်အန်းဆီသို့ တည့်တည့် တိုးဝင်လာသည်။
ဤသည်ကား စီစီယယ်၏ အသက်ကယ် လှည့်ကွက်ဖြစ်သည်။ သို့သော် ရွှယ်အန်းသည် လုံဂလုံးလျားလျား မတုန်လှုပ်ဘဲ သူ့လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။
သွေးအလင်းတန်းများ ချက်ချင်းပြန့်ကျဲသွားသည်။ စီစီယယ်၏ မျက်လုံးက ပြူးထွက်လုမတက်ဖြစ်နေ၏။
သူ၏ လှုပ်ရှားမှုသည် အလွန်ပြင်းထန်လွန်းလှသဖြင့် မြို့စားကပင်လျှင် ဂရုတစိုက်ကိုင်တွယ်ရပေလိမ့်မည်ဖြစ်သည်။
“မင်းက ကမ္ဘာပေါ်က ဘယ်သူလဲ” စီစီယယ်က ကြောက်လန့်တကြား အော်လိုက်သည်။
ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်၏။
“မင်းရဲ့ သွေးမျိုးနွယ်စုကို မျိုးဖြုတ်ပစ်မယ့်လူပဲ”
၎င်းနှင့်အတူ စီစီယယ်၏ ခြေဖဝါးအောက်မှ အဖြူရောင်မီးလုံးကြီးတစ်ခု ထွက်ပေါ်လာကာ လျင်မြန်စွာ လောင်ကျွမ်းသွားသည်။ စီစီယယ်က ဝမ်းနည်းစွာ အော်ဟစ်နေ၏။
“မဖြစ်ဘူး… မလုပ်နဲမလုပ်နဲ့…”
အော်ဟစ်သံက ရုတ်တရတ် ရပ်သွားသည်။ မည်သည့် အပျက်အဆီးမျှ မရှိဘဲ ရှင်သန်နေထိုင်ခဲ့သည့် ဤသွေးမျိုးနွယ်စုမှ မြို့ဝန်သည် ရွှယ်အန်း၏ လက်ထဲ၌ လောင်ကျွမ်းသွားခဲ့သည်။
ထို့နောက် ရွှယ်အန်း၏ လက်ထဲ၌ ကြက်သွေးရောင် သွေးပုလဲတစ်လုံး ပေါ်လာသည်။ ၎င်းက စီစီယယ်၏ သွေးအနှစ်သာပုလဲပင်ဖြစ်သည်။ ရွှယ်အန်းက ယင်းကို ကိုင်လျက် စိတ်ပျက်စွာ ခေါင်းခါလိုက်သည်။
“စွမ်းအင်က မဆိုးပါဘူး။ ဒါပေမယ့် အုပ်ချုပ်ရေးစွမ်းအား အားနည်းတယ်”
ထို့နောက် ၎င်းကို ကွင်တီနာဆီသို့ ပစ်ပေးလိုက်သည်။ ကွင်တီနာက ပျာယာခတ်စွာဖြင့် ဖမ်းလိုက်၏။
အစမှ အဆုံးထိ ရွှယ်အန်းက အလွန် လျင်မြန်လှလွန်းသောကြောင့် သူမ၏ စိတ်ထဲ၌ မှင်တက်နေမိသည်။ လက်ဖက်ရည်တစ်ခွက်သောက်ရန် အချိန်တစ်ခုမကြာမီ၌ပင် အခန်းအပြည့်ရှိနေသော သွေးမျိုးနွယ်စုဝင်များအားလုံးက ယခုအခါ ဖယ်ထုတ်ခံလိုက်ရပြီဖြစ်သည်။
စီစီယယ်သည် သူ့ကိုယ်သူ သွေးပုလဲအဖြစ်ပေါင်းစပ်ပစ်လိုက်ပြီဖြစ်သည်။ ကွင်တီနာက ရွှယ်အန်း၏ စွမ်းအားကို သူမ၏ ခေါင်းထဲ၌ တတ်နိုင်သမျှ အမြင့်ဆုံးမှန်းထားသော်လည်း နောက်ဆုံးတွင်မူ သူမခံစားရသော ထိတ်လန့်မှုက ကြီးမားနေဆဲဖြစ်သည်။ ရွှယ်အန်းက သူမအားသွေးပုလဲကို ပေးလိုက်သောအခါ သူမ ပို၍ ပင် အံ့သြသွားခဲ့ရသည်။
“သခင်…”
“ဒီသွေးပုလဲက ငါ့အတွက်အသုံးမဝင်ပါဘူး။ မင်းပဲ စားလိုက်ပါ”
“ကွင်တီနာက အတန်ကြာမျှ ငြိမ်သက်သွားပြီးနောက် သူမ၏ လက်ထဲတွင်ရှိနေသော သွေးပုလဲကို စိတ်ရှုပ်ထွေးနေသော ခံစားချက်များဖြင့် ကြည့်နေသည်။ နှစ်ပေါင်းများစွာ အမြတ်ထုတ်ခံခဲ့ရသောကြောင့် သူမသည် ဤမိသားစုကို ချစ်ခင်ခြင်း အလျင်းမရှိခဲ့ပေ။ ယခု မိသားစုခေါင်းဆောင် ကွယ်လွန်သွားပြီဖြစ်၍ သူ၏ အာဏာကို အမွေဆက်ခံရန် အခွင့်အရေးရပြီဖြစ်သည်။ ခဏမျှ စဥ်းစားပြီးနောက် ကွင်တီနာက သွေးပုလဲကို မျိုချလိုက်သည်။
ဘမ်း
ကွင်တီနာဆီမှ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါတစ်ခု စတင်ဖြာထွက်လာသည်။ ထို့နောက် သူမ၏ နောက်ကျော်မှ ရွှေရောင်တောင်ပံနှစ်စုံထွက်ပေါ်လာသည်။ တတိယအတောင်က တစ်ဝက်မျှသာ ကြီးထွားပြီးနောက် ရပ်တန့်သွားသည်။ ကွင်တီနာက သူမ၏ မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်၍ ကြက်သွေးရောင်စွမ်းအင်များ တောက်ပလာသည်။
ဤသည်ကား မြို့ဝန်ပိုင်အဆင့် အထက်၌သာရှိသေးကာ မြို့ဝန်အဆင့်ထိ မရောက်သေးပေ။