← Chapters

အခန်း (၁၀၆)

Vol. 8 Ch. 106

အခန်း (၁၀၆)

Vol. 8 Ch. 106

အနီးအနားရှိ လူများ၏အကြည့်များသည် ရှမ့်လန်ဆီသို့သာ လုံးဝရောက်ရှိနေသည်။ အထူးသဖြင့် မူလန်၏ လှပသော နားရွက်လေးများက မသိမသာ ထောင်လို့နေပြီး၊ နူးညံ့သော လည်တိုင်လေးကလည်း မြင့်တက်လာသည်။ ဤသည်မှာ အစာလုမည့် သားရဲမလေးတစ်ကောင်နှင့် တူသည်။

ရှမ့်လန်သည် အလျင်အမြန်ပင် ပြောလိုက်၏။ “မိန်းမ.. ငါ ဘယ်တုန်းကမှ ကျန်းချွင်းဟွာဆိုတာကို မသိခဲ့ဘူး၊ သူမနဲ့ ငါနဲ့ ဘာမှမပတ်သက်ဘူး။ ငါတို့ကြားမှာ ဘာမှမရှိဘူး”

မူလန်က ပြောလိုက်သည်။ “သူမက အုပ်ချုပ်ရေးမှူး ကျန်းချုံးရဲ့သမီး၊ နုကျင်းခရိုင်ရဲ့ အရည်အချင်း အပြည့်ဝဆုံး မိန်းကလေး၊ အလှဆုံးမိန်းကလေးပဲ”

“ဟဲဟဲ… ပထမဆုံးဆိုတာ”

ရှမ့်လန်က ပြောလိုက်၏။ “မိန်းမ… ငါ ပြောပြမယ်။ ဒီလို အလှဆုံးအမျိုးသမီး၊ အရည်အချင်း အပြည့်ဝဆုံး အမျိုးသမီးဆိုတာ အတုအယောင်တွေပါ။ ငါ့ကို မှတ်ထား၊ တကယ်တမ်းမှာ ပထမဆုံး နှစ်ခုပဲ ရှိတယ်”

မူလန်၏ လှပသော မျက်လုံးများ၌ မျှော်လင့်ချက်များဖြင့် ပြည့်နေသည်။ သူမ၏ ခင်ပွန်းသည် သူမကို ချီးမွမ်းတော့မည် မဟုတ်ပါလား။

ရှမ့်လန်က ပြောလိုက်သည်။ “ပထမဆုံးအနေနဲ့ ငါ က စကြဝဠာထဲမှာ ပထမဆုံး ချောမောတဲ့ယောက်ျားဆိုတာ ပဲ။ ဒါက လုံးဝအတုအယောင် မဟုတ်ဘူး၊ ဖန်ဆင်းရှင်ရဲ့ ဆုံးဖြတ်ချက်ပဲ။ ငါတို့လို သေမျိုးတွေက ဒါကို မခုခံနိုင်ဘူး။ ဖန်ဆင်းရှင်ပြုသမျှ နုခဲ့ရတာပေါ့။ ဒါကြောင့်ပဲ ဒီလိုဖိအားတွေအများကြီးကို ငယ်ရွယ်တဲ့အချိန်မှာ ခံရတယ်”

ချက်ချင်းဆိုသလိုပဲ မူလန်နှင့် ရှောင်ပင်းတို့သည် မအီမသာ ခံစားလိုက်ရသည်။ အမှန်တရား ဖြစ်နေသော်လည်း ရှမ့်လန်သည် မတရား ပွင့်လင်းလွန်းသည်။ ထို့ကြောင့် ဆောင့်ကြွားကြွားပုံ ပေါက်၏။

မူလန်က မေးလိုက်သည်။ “နောက်တစ်ခုကရော”

ရှမ့်လန်က ပြောလိုက်သည်။ “မင်းရဲ့တင်ပါးတွေက လှတာပဲ။ ငါ မိန်းမပေါင်းများစွာကို မြင်ဖူးတယ်။ သုံးထောင် မဟုတ်ရင်တောင် ငါးထောင်လောက်ရှိမယ်။ ဒါကြောင့် မင်းရဲ့ တင်ပါးတွေက အလှပဆုံးပဲ။ တင်ပါး မှာ နံပါတ်တစ် ဆိုတာ မင်းပဲ”

မူလန်၏ ပါးပြင်များက နီရဲလာသည်။ သူမသည် လက်သီးလေးကို ဆုပ်လိုက်၏။

မူလန် ထရိုက်တော့မည့်အချိန်မှာတော့ ရှမ့်လန်သည် နွေးထွေးစွာ ပြောလိုက်သည်။ “မိန်းမ… မင်းရဲ့ ဒီလှပတဲ့ တင်ကပဲ ငါ့ကို အသက်ရှူရပ်စေတယ်။ အာဟာရချို့တဲ့မလိုဖြစ်စေတယ်။ ဒါကြောင့် မင်း ဘာကို စိုးရိမ်နေစရာလိုလဲ။ ငါ့ရင်ထဲမှာ … ငါ့မျက်စိထဲမှာ …. ငါ့စိတ်ထဲမှာ မင်းတစ်ယောက်ပဲရှိတယ်။ မိန်းမ.. ငါ ကတိပေးတယ်။ ငါ ပြစ်မှားမိရင်တောင် မင်းကိုပဲပြစ်မှားတယ်”

ရှမ့်လန် ဆက်ပြောချင်သော်လည်း မူလန်သည် သူ့ပါးစပ်ကို အလျင်အမြန်ပင် ပိတ်လိုက်သည်။ သူမ မခံစား နိုင်တော့ပေ။ ဤစကားလုံးများသည် နှလုံးသားတစ်ခုလုံးကို ရင်ခုန်စေ၏။

ရှမ့်လန်သည် အခွင့်အရေးယူပြီး မူလန်၏ လက်ဖဝါးကို နမ်းလိုက်သည်။

မူလန်သည် ရှမ့်လန်၏ ရင်ခွင်ထဲသို့ အသာတိုးဝင်ပြီး နူးညံ့ကြင်နာလွန်းသည့်အသံဖြင့် ပြောလိုက်၏။ “ကျွန်မတို့ ဒီနုကျင်းခရိုင်ရဲ့ အလှဆုံးမိန်းကလေးကို သွားတွေ့ကြမလား”

ရှမ့်လန်က ပြောလိုက်သည်။ “သွားမယ်။”

ဟမ့် ကျန်းချုံး.. ခင်ဗျား အကြောင်း ကျုပ်ကောင်းကောင်းသိတယ်။

...

မြို့စားစံအိမ်၏ နန်းဆောင်တွင် ရှမ့်လန်နှင့် မူလန်တို့သည် စီမံအုပ်ချုပ်ရေးမှူး ကျန်းချုံး၏ သမီးကို တွေ့လိုက် ရ၏။

ထိုအချိန်မှာတော့ ရှမ့်လန်၏ မျက်လုံးများက အနည်းငယ် စူးသွားသည်။

“ဘာလဲ… ဒီအမျိုးသမီးက အတုအယောင်မဟုတ်ဘူး၊ တကယ့် ... တကယ်ကို လှပတယ်။ သူမ၏ လှုပ်ရှားမှုတိုင်း၊ မျက်နှာအမူအရာတိုင်းက စာအုပ်ထဲက စံနှုန်းတွေလိုပဲ။ စစ်မှန်တဲ့ ဂုဏ်ရှိန်မြင့်မိသားစုရဲ့ သခင်မလေး၊ စစ်မှန်တဲ့ အရည်အချင်းပြည့်ဝတဲ့ အမျိုးသမီးပုံစံ။ မွေးရာပါ ဆွဲဆောင်မှုရှိတဲ့အသွင်အပြင်

ရှမ့်လန်သည် သူမကို ပထမဆုံးတွေ့သည့်အချိန်မှာတော့ တကယ့်ကို အံချီးနဘမ်းဖြစ်လို့နေသည်။ သဘာဝအလှ ဆိုသည်မှာ ဤအရာပေလား။ ဆွဲဆောင်နိုင်စွမ်းကြီးလွန်းလှ၏။

ကျန်းချွင်းဟွာသည် ရှမ့်လန်ကို ပထမဆုံးတွေ့သည့်အချိန်မှာတော့ အနည်းငယ် မျက်စိလည်သွားသည်။ ချောမောလွန်းသည့် အမျိုးသားများကို သူမ အများကြီး တွေ့ဖူးသည်။ သို့ပေမည့်..ဤကဲ့သို့ ချောမောသူမှာတော့ ရှားပါးလွန်းသည်။ အမြီးဖြန့်ထားသော ဥဒေါင်းထီးတစ်ကောင် ကဲ့သို့ပင်။ သို့ပေမည့် ဤအချိန် တဲနန်းဆောင်ထဲ၌ ဥဒေါင်းမနှစ်ကောင်ရှိနေသည်။

တရားဝင်တိုက်ပွဲမျိုးဖြစ်ပေါ်မလာသော်လည်း ရှမ့်လန်သည် ဤနှစ်ဦးကြားတွင် သတ်ဖြတ်လိုစိတ် အလွန် ပြင်းထန်နေသည်ဟု ခံစားမိသည်။ တစ်ယောက်သည် တိုက်ရိုက်သတ်ဖြတ်လိုစိတ်နှင့် ခြိမ်းခြောက်နေသည်။ နောက်တစ်ယောက်မှာတော့ ဓားကို သိုဝှက်ထား၏။

“အစ်မမူလန်… ကျွန်မတို့ တစ်နှစ်ကျော် မတွေ့ခဲ့ရတာပဲ”

ကျန်းချွင်းဟွာသည် နွေးထွေးစွာ နှုတ်ဆက်လိုက်သည်။ “မနှစ်က အစ်မကို မြင်ခဲ့တယ်ဆိုပေမဲ့ အတွင်းစိတ်က ကြောက်နေတာမို့ လာမနှုတ်ဆက်ရဲခဲ့ဘူး”

မူလန်က မေးလိုက်၏။ “ဒီနေ့ ဘာလို့လာတာလဲ”

ကျန်းချွင်းဟွာက ပြောလိုက်သည်။ “မကြာသေးခင်က ကျွန်မဆေးတစ်ပုလင်းတစ်ပုလင်း ရခဲ့တယ်။ ရေခဲတောင် ဆီးနှင်းကြာပန်းရဲ့ ပဉ္စငါးပါးနဲ့ ထုတ်လုပ်ထားတာ၊ ဒါက အရမ်းရှားပါးတဲ့ ပစ္စည်းပဲ။ ဒါပေမဲ့ ဒီရွှေလိုတန်ဖိုးရှိတဲ့ ပစ္စည်းက ကျွန်မအတွက် လုံးဝ အလဟဿဖြစ်နေတယ်။ စဉ်းစားကြည့်တော့ အစ်မမူလန် တစ်ယောက်တည်းသာ သုံးဖို့သင့်တယ်ထင်လို့”

စကားပြောဆိုပုံသည် တကယ့်ကို ကျွမ်းကျင် ပါးနပ်လွန်းလှ၏။ ထို့နောက် ကျန်းချွင်းဟွာသည် ကျောက်စိမ်းကြွေပုလင်း တစ်လုံးကို ထုတ်ကာ ပေးလိုက်သည်။ အတွင်း၌ရှိနေသည်မှာ အလွန်ရှားပါးသော ဆီးနှင်းကြာပန်းဆေးအမှန်ပင်။

“ညီမက စိတ်ထားကောင်းလွန်းတယ်” မူလန်က ပြောလိုက်၏။ “ခုဏက ကျွန်မယောက်ျား ရှမ့်လန်နဲ့ တွေ့ချင်တယ်လို့ ပြောခဲ့သလားလို့။ ကိစ္စရှိလို့လား”

ကျန်းချွင်းဟွာ၏ လှပသော မျက်နှာထက်၌ အံ့သြသင့်သည့် အရိပ်အယောင်မျိုး ပေါ်ပေါက်လာသည်။ “မဟုတ်ပါဘူး။ သခင်လေးရှမ့်က အိမ်ထောင်သည်ပဲ။ ကျွန်မတို့ မိသားစုနောက်ခံက နိမ့်ကျတယ်ဆိုပေမဲ့ ဒီလိုဂုဏ်သိက္ခာမရှိတာမျိုး ဘယ်လိုလုပ်မှာလဲ။ တွေ့ချင်တယ် မပြောပါဘူး။”

မူလန်သည် သံသယဝင်သွားမိသည်။ ကျင်းကျုံးသည် မလိမ်တတ်ပေ။

ကျန်းချွင်းဟွာက ပြောလိုက်၏။ “သတင်းပို့တဲ့ အစေခံက မှားပြီးပြောသွားပုံရတယ်။ ကျွန်မ ခုဏက ပြောခဲ့တာ သခင်လေးရှမ့်နဲ့ သခင်မမူလန် နှစ်ယောက်စလုံးကို တွေ့ချင်တယ်လို့ ပြောခဲ့တာ။ ဒါက အကြောင်းရင်းရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မ အစ်မမူလန်ရဲ့ နာမည်ကို ရှေ့မှာထားလို့မဖြစ်ဘူး။ ယဉ်ကျေးမှု မရှိသလို ဖြစ်သွားမှာပေါ့။ ကျွန်မက သခင်လေးရှမ့်ရဲ့ အဆင့်အတန်းကို နှိမ့်ချသလို ဖြစ်သွားမလား စဉ်းစားမိလို့ပါ”

ဤအကြောင်းပြချက်က လုံလောက်၏။ သို့ပေမည့် မည်သို့မှန်း မသိချေ၊ မူလန်သည် ဤအမျိုးသမီးကို မနှစ်သက်ချေ။ သူမ၏ ရင်ထဲ၌ အန္တရာယ်အငွေ့အသက်ကို ခံစားနေမိသည်။

ထို့နောက် အမျိုးသမီးနှစ်ယောက်သည် ထွေရာလေးပါး ပြောဆိုနေကြသည်။ ကျန်းချွင်းဟွာသည် အစမှ အဆုံးအထိ ရှမ့်လန်နှင့် စကားအနည်းငယ်သာ ပြောပြီး ရှမ့်လန်အား တစ်ချက်မှ မကြည့်ခဲ့ပေ။

ထိုအရာသည် ရှမ့်လန်ကို သံသယဖြစ်စေခဲ့၏။ “ငါများ အထင်မှားနေတာလား”

ရှမ့်လန်သည် ဘေးတစ်ဖက်ဆီမှ ကြိတ်ကာ နှိုင်းယှဉ်နေမိသည်။ “ငါ့မိန်းမက အလှဆုံးပဲ။ ဆွဲဆောင်မှုရှိပြီး ညို့ယူဖမ်းစားနိုင်တာကြီးကျ …”

တစ်နာရီ၏ လေးပုံတစ်ပုံလောက် စကားပြောပြီးနောက် မူလန်သည် ပွင့်ပွင့်လင်းလင်း မေးမြန်းလိုက်မိ၏။ “မိန်းကလေးကျန်း… ကိစ္စတစ်ခုခုရှိလို့လား”

ရှမ့်လန်သည် သူ့၏မိန်းမဖြစ်သူမှာ သူ့ထင်ထားသည်ထက် ပိုပွင့်လင်းကြောင်းကို တွေ့ရှိခဲ့သည်။

“ကောင်းပါပြီ၊ အစ်မမူလန်ကို သတိရလို့ လာလည်တာပါ။ ကျွန်မ ပြန်လိုက်ပါအုံးမယ်” ကျန်းချွင်းဟွာသည် သေချာ နှုတ်ဆက်လိုက်သည်။ လှုပ်ရှားမှု အသေးစိတ်တိုင်းသည် ကျက်သရေရှိ အမျိုးသမီးတစ်ယောက်ရ၏ စံနှုန်းနှင့် ကိုက်ညီနေသည်။ အရည်အချင်းပြည့်ဝသည့် အမျိုးသမီး၊ ဂန္ထဝင်ဂုဏ်ရှိန်မြင့်မိသားစု၏ သခင်မလေး ဟု ဖော်ညွှန်းနိုင်၏။

အဝင်ဝကိုရောက်ချိန်မှာတော့ ကျန်းချွင်းဟွာက ရုတ်တရက်ပြောလိုက်သည်။ “ဟုတ်သားပဲ အစ်မမူလန် …. ကျွန်မ မကြာသေးခင်က ကဗျာတစ်ပုဒ်ရေးခဲ့တယ်။ အနည်းငယ်လောက် အကဲဖြတ်ပေးပါအုံး။ မကောင်းရင်တော့ မရယ်ရဘူးနော်”

မူလန်က ပြောလိုက်၏။ “ကျွန်မ ကဗျာ နားမလည်ဘူး”

မူလန်က စာအုပ်စာပေ အများအပြားကို ဖတ်ခဲ့သော်လည်း ကဗျာကို မနှစ်သက်ချေ။ သို့ပေမည့် သူမ ကြိုက်ရပေတော့မည်။ ဥပမာအားဖြင့် သူမ၏ ယောက်ျား ရေးသောကဗျာများကို သူမ ကြိုက်နှစ်သက်၏။ သူမ နားမလည်သည့် အသိပညာအများအပြား ကျန်ရှိနေသေးသောကြောင့် သူမယောက်ျား၏ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းကဗျာများမှ သင်ယူရပေမည်။

ကျန်းချွင်းဟွာက ပြောလိုက်သည်။ “ကျွန်မလည်း အကြမ်းဖျဉ်း ရေးထားတာပါ၊ အစ်မကို ဒါလေးပဲ ဖတ်ပြမယ်နော်”

မူလန်က ပြောလိုက်၏။ “အင်း … ဖတ်ချင်ရင် ဖတ်လေ”

ကျန်းချွင်းဟွာသည် ကဗျာကို ရွတ်ဖတ်လိုက်သည်။

“မြောက်ဆီမိုးမှိုင်း မြင့်တောင်ကုန်းထက်၊

လှည့်၍ငိုချင်း ညဉ့်လမင်းရယ်၊

ဘုရင့်အရိပ်မှ ဝူယွဲ့ခွဲခြား၊ နောက်မှာကျန်ရစ် ထီးအရိပ်လယ်၊

ညဉ့်အိမ်အနီး လှောင်ပိတ်သည့်နှယ်၊

ဆင်ဝင်မှာခွေ အိပ်စက်တယ်။

အတိတ်ကိုလွမ်း၍ ဟိုတခါက၊

ဝိညာဉ်လွင့်ပါး နွေဦးဆီသို့ ကူးပြောင်းဆဲ။”

ဖတ်ပြပြီးနောက် ကျန်းချွင်းဟွာသည် မူလန်ကို မျှော်လင့်ချက်အပြည့်နှင့် ကြည့်ကာ မေးလိုက်သည်။ “အစ်မ မူလန် ဘယ်လိုခံစားရလဲ”

မူလန်က ပြောလိုက်၏။ “ကျွန်မ သိပ်မကြိုက်ပေမဲ့ ကောင်းတယ်လို့ ခံစားရတယ်”

“ချီးကျူးတာ ကျေးဇူးအများကြီးတင်ပါတယ်”

ကျန်းချွင်းဟွာသည် နူးညံ့သောလေသံဖြင့် ပြောလိုက်သည်၊ “နှုတ်ဆက်ပါတယ်။ အားရင် အစ်မမူလန်ဆီကို နောက်တစ်ခါ လာလည်ပါ့မယ်”

ထို့နောက် ကျန်းချွင်းဟွာသည် လျှောက်ထွက်သွားသည်။ ရှမ့်လန်အား စကားလုံးတစ်လုံးမှ မပြောခဲ့ချေ။ အကြည့်ချင်း ဖလှယ်မှုတောင် မရှိခဲ့ပေ။

...

အိပ်ခန်းသို့ပြန်လာပြီးနောက် ရှမ့်လန်သည် အနည်းငယ် သံသယဝင်နေမိ၏။ “တကယ်ကို ငါ အတွေးလွန်နေတာလား။ ဒီ ကျန်းချွင်းဟွာက မူလန်ကို လာတွေ့တာလား။ ကျန်းချုံးရဲ့ လျှို့ဝှက်စကားကို လာပို့ တာလား။ ငါ့ကို လာဆွဲဆောင်တာ မဟုတ်ဘူးလား။”

ငါ့အပေါ် စိတ်ဝင်စားမှု မပြခဲ့ဘူး။ ကြည့်တောင် တစ်ချက်မကြည့်ခဲ့ဘူး။ မူလန်နဲ့ပဲ စကားပြောနေခဲ့ပြီး၊ ပြောတဲ့စကားလုံးတိုင်းက ဂုဏ်ရှိန်မြင့်မိသားစုရဲ့ လေးစားရတဲ့ အဆင့်အတန်းနဲ့ ကိုက်ညီနေတယ်။”

သို့ပေမည့် ရှမ့်လန်သည် မူမမှန်သလို ခံစားနေသည်။ ဘယ်နေရာ မှားနေသနည်း ဆိုသည်ကို ချက်ချင်း ရှာမတွေ့ နိုင်ခဲ့ချေ။ ရုတ်တရက် သူ့ရဲ့ ဦးနှောက်က လင်းလက်သွားသည်။ ရေးမှတ်ထားတဲ့ စာများကို ထုတ်လိုက်သည်။ ကျန်းချွင်းဟွာ ထွက်သွားခါနီး ဖတ်ပြသွားသည့် ကဗျာကို သူ ကူးရေးထားခြင်းပင်။

“မြောက်ဆီမိုးမှိုင်း မြင့်တောင်ကုန်းထက်၊

လှည့်၍ငိုချင်း ညဉ့်လမင်းရယ်၊

ဘုရင့်အရိပ်မှ ဝူယွဲ့ခွဲခြား၊ နောက်မှာကျန်ရစ် ထီးအရိပ်လယ်၊

ညဉ့်အိမ်အနီး လှောင်ပိတ်သည့်နှယ်၊

ဆင်ဝင်မှာခွေ အိပ်စက်တယ်။

အတိတ်ကိုလွမ်း၍ ဟိုတခါက၊

ဝိညာဉ်လွင့်ပါး နွေဦးဆီသို့ ကူးပြောင်းဆဲ။”

ကဗျာဖတ်သည်ကို နားထောင်ရုံဆိုပါက ဘာမှသိရှိမည် မဟုတ်ချေ။ သို့ပေမဲ့ ရေးချလိုက်သည့်အချိန်မှာတော့ လုံးဝရှင်းရှင်းလင်းလင်း နားလည်သွား၏။

ရှမ့်လန်သည် လီဝမ်ကျန့်ကို ဝှက်စာကဗျာနှင့် ချောက်တွန်းပြီး ကျန်းကျင်း၏ စေ့စပ်ပွဲ၌ အနိုင်ယူခဲ့သည်။ သို့ပေမည့် ကျန်းချွင်းဟွာကလည်း တူညီသည့်နည်းလမ်းဖြင့် ရောက်ရှိလာသည်။ ဝှက်စာကဗျာပင်။

စုံဂဏန်းစာကြောင်းရဲ့ ဒုတိယစာလုံး၊ မစုံဂဏန်းစာကြောင်းရဲ့ တတိယစာလုံး၊ ဒီစာလုံးရှစ်လုံးကို သီးသန့် စီစဉ်လိုက်သည့် အချိန်မှာတော့ စကားလုံးအနည်းငယ် ပေါင်းစပ်သွားသည်။

(ညသန်းခေါင်းကျော် ၁ နာရီ မှ ၃ နာရီအတွင်း .. ဆယ်လီ အကွာအဝေးရှိ တံတားဆီ)

All Chapters