အခန်း (၁၀၈)
Vol. 8 Ch. 108
သို့ပေမည့် မူလန်သည် မမြင်သကဲ့သို့ပင်။ ရှမ့်လန်ကို မတွေ့သကဲ့သို့ပင်။ သူမသည် အပြင်ဘက် မှောင်မည်းနေသော နေရာကို တစ်ချက်ဝေ့ကြည့်ပြီးနောက် အကြည့်ကို လွှဲလိုက်သည်။
ရှမ့်လန်သည် ခြံစည်းရိုးတံတိုင်းပေါ်တွင် ငြိမ်သက်စွာ ပုန်းနေသည်။ ကံကောင်းထောက်မစွာဖြင့် သခင်လေးရှမ့်သည် ညဘက်သွားလာရန် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အနက်ရောင် မျက်နှာဖုံးကိုလည်း တပ်ထားမိသည်။ ဤညအမှောင်ထဲတွင် ပုန်းနေလျှင် အလွယ်တကူ ရှာတွေ့နိုင်မည် မဟုတ်ပေ။
ထို့နောက် မူလန်သည် တုံ့ဆိုင်းနေသကဲ့သို့ ဖြစ်သွားသည်။ ခုနစ်စက္ကန့်ခန့် ကြာပြီးနောက် သူမသည် ရေချိုးစည်ထဲမှ ထွက်လိုက်သည်။ ထိုအခိုက်အတန့်မှာတော့ ရှမ့်လန်၏ နှာခေါင်းထဲမှ နှာခေါင်းသွေးသည် တစိမ့်စိမ့် ယိုကျလာတော့သည်။ သူ၏ ဝိညာဉ်တစ်ခုလုံး လွင့်ထွက်သွားသည်။ တကယ့်ကို လှပလွန်းသော ခန္ဓာကိုယ်ကောက်ကြောင်းကို သူ အထင်းသား မြင်ခဲ့ရသည်။
သို့ပေမည့် လှပသော မြင်ကွင်းသည် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ အကြောင်းမှာ မူလန်သည် အဝတ်အစားလဲရန် အတွင်းခန်းသို့ ဝင်သွားသောကြောင့်ပင်။ ရှမ့်လန်သည် ခြံစည်းရိုးတံတိုင်းပေါ်မှ အလျင်အမြန် ခုန်ဆင်းပြီး အမြန်ဆုံးနှုန်းဖြင့် အခန်းသို့ ပြန်လာခဲ့သည်။ အဝတ်အစားများကို ချက်ချင်း ချွတ်ပစ်ပြီး မျက်နှာဖုံးကိုလည်း ဖယ်ရှားလိုက်သည်။ အသက်ကို ပြင်းပြင်းရှူသွင်းပြီးနောက် အပြင်ဘက်သို့ တည်ငြိမ်စွာ လျှောက်ထွက်လာခဲ့သည်။ အပြင်ဘက် ခြံဝင်းထဲတွင် သူသည် သူ၏ မိန်းမနှင့် ဆုံမိ၏။
မူလန်၏မျက်နှာသည် အနည်းငယ် နီမြန်းနေသကဲ့သို့ ရှိသည်။ သို့ပေမည့် ရေနွေးဖြင့် ရေချိုးပြီးခါစဖြစ်၍ ပုံမှန်ပင် ဖြစ်ပေမည်။ သခင်လေးရှမ့်ဖြစ်သော သူ့ကိုသာ ကြည့်ပါလေ။ ခြံစည်းရိုးပေါ်တွင် နာရီဝက်ခန့် စာကျက်ခဲ့သော်လည်း မျက်နှာမနီ၊ အသက်ရှူနှုန်းလည်း မမြန်ပေ။ တည်ငြိမ်လွန်းခဲ့ချေ။ နှာခေါင်းသွေးများ ကျန်ဦးမလားဟု တစ်ချက်တော့ စမ်းမိသေးသည်။
“ယောက်ျား... အမိန့်တော် ရောက်နေပြီ။ အမြန်သွားယူတော့” မူလန်၏ မျက်နှာအမူအရာတွင် စိုးရိမ်မှု အ ရိပ်အယောင်အချို့ ရောနှောတည်ရှိနေ၏။
...
မြို့စားကြီး၏ စံအိမ်တော်ခန်းမထဲမှာတော့ ရှမ့်လန်သည် နန်းမြို့တော်မှလာသော မိန်းမစိုးတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုမိန်းမစိုးသည် မည်သည့်အဆင့်အတန်းရှိသည်ကို ရှမ့်လန် မသိသလို ၊ သိလျှင်လည်း ဂရုလည်းမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုမိန်းမစိုး၏ အမူအရာသည် အလွန်မာနကြီးလွန်းပြီး မေးစေ့ကို မော်ထားသည်မှာ ကောင်းကင်ကို ထယ်ထွင်းတော့မည့်ဟန်ပင်။
“ဂွေးမရှိဘဲ ဘာတွေများ ဒီလောက် မာနကြီးနေရတာလဲ ဟမ့် .....”
ထိုမိန်းမစိုးသည် သူ့ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။ သူသည် အမိန့်တော်များစွာကို စာပြန်ခဲ့ဖူးသည်။ မည်သည့်သူမဆို တုန်လှုပ်ချောက်ချားနေကြသည်သာ ဖြစ်၏။ သို့ပေမဲ့ သူ၏ ရှေ့မှ ချောမောသော လူငယ်လေးသည် တစ်ချက်ကလေးမှ ကြောက်ရွံ့ဟန် မရှိသည့်အပြင် နှုတ်ခမ်းထောင့်စွမ်းများ ပြုံးကာဖြင့် သူ၏ မရှိတော့သည့် ဖွားဖက်တော်နေရာဆီသို့ပင် ကြည့်နေသေးသည်။ လက်ကလည်း အငြိမ်မနေချင်ပုံဖြင့် လှုပ်ရွနေသည်။ ရှိ၊ မရှိ လာကိုင်ကြည့်ရမလား ဝေခွဲမရပုံပင်။
“သခင်လေးရှမ့်... ဘာအဓိပ္ပာယ်လဲ။ ဘုရင်မင်းမြတ်ရဲ့ အမိန့်တော်ကို ကြန့်ကြာအောင်လုပ်ပြီး ကျုပ်တို့ကို အကြာကြီး စောင့်ခိုင်းထားရသလား။ မင်းက နန်းတော်ကို မထီမဲ့မြင်ပြုနေတာလား” မိန်းမစိုးသည် အေးစက်စွာ မေးလိုက်သည်။
ရှမ့်လန်သည် အလျင်အမြန် ရှေ့တိုးလာပြီး ရွှေဒင်္ဂါးအနည်းငယ်ထည့်ထားသော ပိုက်ဆံအိတ်ကို ကပ်တိုးလေးပေးကာ မြှောက်ပင့် ပြောဆိုလိုက်၏ “ကုန်းကုန်း... စိတ်လျှော့ပါ။ ရော့ .. လက်ဖက်ရည်ဖိုး။”
ထိုမိန်းမစိုးသည် ပိုက်ဆံအိတ်ကို လှမ်းကိုင်လိုက်ပြီးနောက် လေးလံနေသည်ကို သိလိုက်ရသည်။ အတွင်း၌ အနည်းဆုံး ရွှေဒင်္ဂါး တစ်ရာကျော် ရှိပေလိမ့်မည်။ ရွှမ်ဝူမြို့စားအိမ်တော်သည် ဤမျှအထိ ရက်ရောစွာ သုံးနိုင်သည်လား။ မမျှော်လင့်ဘဲ ရွှေတွင်းတွေ့ခဲ့သည်လား။
ထိုမိန်းမစိုးသည် အလွန်ဝမ်းမြောက်သွားသော်လည်း စိတ်ထဲတွင်မူ အထင်အမြင်သေးမှုများ ရှိနေသည်။ ရှမ့်လန်သည် သူ့အတွက် ကလေးတစ်ယောက်လိုပင်။ ငယ်ရွယ်လွန်းလှသည်။
ပြီးနောက် ထိုမိန်းမစိုး၏ အမူအရာသည် အနည်းငယ် ပျော့ပျောင်းသွားပြီး ရှမ့်လန်ကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။ “ဘုရင့်အမိန့်တော်... ဒူးထောက်နာခံစေ။ ဘုရင်မင်းမြတ် အမိန့်တော်ရှိသည်မှာ... ရှမ့်လန်သည် ရှကျင်း၏ ပုန်ကန်မှုကို တိုင်ကြားရာတွင် ကူညီခဲ့သည့်အတွက် (မင်းနေပြည်) ကျောင်းတော်မှ ကျောင်းတော်သား အဆင့်အတန်းကို ချီးမြှင့်တော်မူသည်”
ဒါပဲလား။ ရှမ့်လန်သည် ဘွဲ့မှာတိုလွန်းသည်ဟု ခံစားလိုက်မိသည်။
သို့ပေမည့် ဤအမိန့်တော်ကို ကြားရချိန်မှာတော့ အတွင်းခန်းမှ မြို့စားကြီး၏မျက်နှာသည် အလွန်အမင်း အေးစက်သွားသည်။ မူလန်၏ မျက်နှာသည်လည်း ရေခဲတမျှ အေးစက်သွားသည်။
ဘာလို့လဲ။ ကျွန်မ ယောက်ျားက ဒီလောက် ပါရမီရှိတာကို ဘုရင်မင်းမြတ်က ဘာလို့ ဖျက်လိုဖျက်ဆီး လုပ်ချင်ရတာလဲ။ ကျွန်မ ယောက်ျား ရေးသားတဲ့စာအုပ်က ထျန်းနန်စီရင်စု တစ်ခုလုံးမှာ ကျော်ကြားနေပြီး မကြာခင် ရွှဲ့တိုင်းပြည်တစ်ခုလုံးမှာလည်း ကျော်ကြားလာတော့မယ်။ လူတိုင်းက အဲစာအုပ်ကို ချီးကျူးထောပနာပြုနေကြတာလေ။ အရှင်မင်းကြီးက သူ့ကို ဒီလို အရှက်ခွဲရလား။
“အမိန့်တော်ကို လက်ခံလော့” မိန်းမစိုးသည် အေးစက်စက် ပြောလိုက်သည်။
ရှမ့်လန်သည် ရှေ့တိုးပြီး ဘုရင်မင်းမြတ်၏ အမိန့်လွှာကို လက်ခံလိုက်၏။
ပြီးနောက် ထိုမိန်းမစိုးသည် ထွက်ခွာသွားသည်။ တိတိကျကျဆိုရလျှင် အလျှင်အမြန် ထွက်ခွာသွားခြင်း ဖြစ်သည်။ အကြောင်းမှာ ရှမ့်လန် သူ့အား ငွေမည်မျှပေးလိုက်ကြောင်း သေချာ ကြည့်ရှုချင်နေသောကြောင့်ပင်။
ရွှမ်ဝူမြို့စားကြီး၏ မျက်နှာသည် ပို၍ပင် အရုပ်ဆိုးသွားသည်။ (မင်းနေပြည်) ကျောင်းတော်မှ ကျောင်းတော်သား လား။ ဤသည်မှာ မည်သို့သော အဓိပ္ပာယ်နည်း။ ဤသည်မှာ ရှမ့်လန်၏ နှာခေါင်းကို လက်ညှိုးထိုးကာ ‘အမှိုက်’ ဟု ပြောဆိုနေခြင်းနှင့် ဘာမှမခြားပေ။
အထူးချွန်ဆုံးသော ပညာရှင်များသည် ပြည်နယ်အဆင့် စာမေးပွဲကို ဖြေဆိုအောင်မြင်ပြီး အရာရှိအဖြစ် ခန့်အပ်ခံရသည်။ သို့ပေမည့် အချို့လူများသည် စာမေးပွဲမအောင်မြင်သော်လည်း ကျောင်းတော်သားဘွဲ့ကို လိုချင်ကြသေးသည်။ ထိုအခါ ဘာလုပ်ရမည်နည်း။ ထိုသူများသည် (မင်းနေပြည်) ကျောင်းတော်သို့ ဝင်ရောက်သင်ကြားကြခြင်းပင်။
(မင်းနေပြည်) ကျောင်းတော်သည် အစပိုင်းတုန်းက ကောင်းမွန်ခဲ့သည်။ အကြောင်းမှာ အစပိုင်းတွင် မင်းမျိုးမင်းနွယ်များနှင့် အရာရှိကြီးများ၏ သားသမီးများကိုသာ လက်ခံခဲ့သောကြောင့် ဖြစ်သည်။ နောက်ပိုင်းတွင် အချို့သော ချမ်းသာသော ကုန်သည်များသည်လည်း မိမိတို့သားသမီးများ၏ ဂုဏ်သိက္ခာ ရွှေရောင်လွှမ်းစေရန် လာဘ်ထိုးပြီး ကျောင်းဝင်လာကြသည်။
(မင်းနေပြည်) ကျောင်းတော်မှ မင်းမျိုးမင်းနွယ် ကျောင်းသားများက သဘောမတူကြတော့ပေ။ မင်းတို့လို သာမန်လူတန်းစားတွေက ဘာလဲ။ ပိုက်ဆံရှိတယ်ဆိုတာနဲ့ ငါတို့နဲ့ ကျောင်းတစ်ကျောင်းတည်း တက်ချင်ကြတာလား။
သို့ပေမည့် နန်းတွင်းတာဝန်ရှိသူတို့သည် ဤဝင်ငွေလမ်းကြောင်းကို မဆုံးရှုံးချင်သောကြောင့် (မင်းနေပြည်) ကျောင်းတော်၌ အရာရှိကြီးများ၏ သားသမီးများကို သင်ကြားခွင့်ပေးခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဤကျောင်းသည် ဘွဲ့လက်မှတ် ဝယ်ယူရာ နေရာတစ်ခုအဖြစ် ဂုဏ်သိက္ခာ ပျက်စီးခဲ့လေသည်။
ထို့ကြောင့် အဆင်အခြင်မရှိ ပြောရလျှင် ထိုကျောင်းတော်မှ ကျောင်းသား ရှစ်ဆယ် ရာခိုင်နှုန်းသည် ပညာမတတ်၊ ကျွမ်းကျင်မှုမရှိသော အမှိုက်များသာ ဖြစ်သည်။ လမ်းပေါ်ရန်ဖြစ်လျှင်ပင် (မင်းနေပြည်) ကျောင်းတော်သားဟု ဆဲဆိုကြ၏။
ယခု ရှမ့်လန်သည် ထိုကျောင်းသားများထဲမှ တစ်ယောက် ဖြစ်လာခဲ့သည်။ အဓိကအချက်မှာ ဤသို့သော မပြောပလောက်သည့် ကိစ္စလေးအတွက် ဘုရင်မင်းမြတ်က အထူးတမန်လွှတ်ပြီး အမိန့်တော်ကို ပေးပို့စေခြင်းပင်။ ဤသည်မှာ မကောင်းသော လက္ခဏာပင်။
ဘုရင်မင်းမြတ်သည် ရွှမ်ဝူမြို့စားအိမ်တော်၏ မျက်နှာကို လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်လိုက်သကဲ့သို့ပင် ဖြစ်သည်။ အရေးကြီးသည်မှာ ရှမ့်လန်နှင့် ရွှမ်ဝူမြို့စားကြီးတို့သည် ဤတစ်ကြိမ်တွင် အမှန်တကယ်ပင် အကျိုးဆောင် ခဲ့ကြသည်။ မင်းသမီးနင်လော့၏ အသက်ကို ကယ်တင်ခဲ့ရုံသာမက ကျင်းကျွင်း၏ အကြံအစည် ကိုလည်း ကြိုတင်ဖော်ထုတ်ပေးခဲ့သည်။ အနည်းငယ် သိက္ခာကျစရာဖြစ်ခဲ့သော်လည်း နောက်ဆုံးတွင် အကျိုးရှိသော လုပ်ရပ်ပင် ဖြစ်သည်။ သို့ပေမဲ့ ဘုရင်မင်းမြတ်သည် ကျေးဇူးမတင်သည့်အပြင် ဖင်လှန်ပြခဲ့သည်။
“ကျုပ်တို့ရဲ့ ဘုရင်မင်းမြတ်က တကယ်ကို ကြင်နာမှု မရှိဘူးပဲ”
ရှမ့်လန်က ပြုံးလျက် ပြောလိုက်၏။ “အဖေ.. စဉ်းစားမနေပါနဲ့တော့။ တိုက်ပွဲအတွက် ပြင်ဆင်ကြစို့”
ရွှမ်ဝူမြို့စားကြီးသည် မျက်နှာထား တည်တင်းစွာဖြင့် ခေါင်းညိတ်လိုက်သည်။
ရှမ့်လန်က ပြုံးလျက် ပြောလိုက်၏။ “ကျုပ်တို့မှာ ငြိမ်းငြိမ်းချမ်းချမ်း နေရမယ့်အချိန် ၅ရက်၊ ၆ရက်လောက်တော့ ရှိပါသေးတယ်။ ၅ရက်၊ ၆ရက်တာအတွင်း ကောင်းကောင်း ပျော်ရွှင်လိုက်ကြရအောင်။ ပြီးရင်တော့ ကျုပ်တို့ တိုက်ခိုက်ကြမယ်။
ကျုပ် .... လူတွေကို ဒဏ်ရာရအောင် လုပ်ရတော့မယ်။ လူသတ်ရတော့မယ်။ မျက်နှာကို ရိုက်ရတော့မယ်။ ကျုပ်လို လူကောင်းတစ်ယောက်က လက်စားချေတာနဲ့ လူတွေကို ဒဏ်ရာရအောင်လုပ်ရတာကို အမုန်းဆုံးပဲ။ ကျုပ်က ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရတာကို အကြိုက်ဆုံးပဲ။ အပြစ်တင်ရမယ်ဆိုရင် ဒီလောကကြီးကိုပဲ အပြစ်တင်ရမှာပဲ။ ကောင်းမွန်တဲ့ ကျုပ်လိုလူကို လူယုတ်မာတစ်ယောက် ဖြစ်လာအောင် တွန်းအားပေးနေတယ်”
ယောက္ခထီးသည် ထွက်ခွာသွားသလို ဇနီးသည်လည်း ထွက်ခွာသွားသည်။ သူတို့သည် နားလည်မှုရှိကြသည်။ ရှမ့်လန် ကြီးကြီးကျယ်ကျယ် စကားလုံးများကို ပြောဆိုသည့်ချိန်တိုင်း သူတို့သည် တိတ်တဆိတ် ထွက်ခွာသွား တတ်ကြသည်။ အသားကျနေပြီမဟုတ်ပါလား။
ရှမ့်လန် သူ၏ ခြံဝင်းသို့ ပြန်ချိန်မှာတော့ မူလန်လည်း အတူလိုက်လာသည်။ ရှမ့်လန်သည် နံရံပေါ်မှ ရန်သူစာရင်း ကို ကြည့်ကာ တွေဝေနေပြီး လက်ထဲမှ စုတ်တံဖြင့် ပြဿနာရှာရန် အသင့်ဖြစ်နေသည်။
“ယောက်ျား... ပရမ်းပတာ မလုပ်ပါနဲ့” မူလန်သည် ငြင်သာသောအသံဖြင့် သတိပေးလိုက်၏။ ရှမ့်လန် ဘုရင်မင်းမြတ်၏ နာမည်ကို နံရံတွင် ရေးချင်နေခြင်းဖြစ်ကြောင်း သူမ ကောင်းကောင်းသိ၏။
ရှမ့်လန်က ပြောလိုက်သည်။ “မဟုတ်ဘူး။ ငါ ဘုရင်မင်းမြတ်ရဲ့ နာမည်ကို ရေးကိုရေးရမယ်”
မူလန်က စိုးရိမ်တကြီးဖြင့် ပြောလိုက်၏ “ယောက်ျား.. တကယ်တမ်း မြင်သွားရင် ဘေးဒုက္ခရောက်လိမ့်မယ်”
ရှမ့်လန်က ပြောလိုက်သည်။ “မဟုတ်ဘူး။ ငါ ရေးကိုရေးရမယ်။ ငါက ငယ်စဉ်တည်းက ဒီလို အနိုင်ကျင့်တာမျိုး မခံခဲ့ဖူးဘူး။ ဘယ်သူပဲဖြစ်ဖြစ် ငါ့ကို စော်ကားခဲ့ရင် သူ့နာမည်က ဒီနံရံပေါ်မှာ သေချာပေါက် ပေါ်လာရမယ်”
ထို့နောက် ရှမ့်လန်သည် သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် နံရံပေါ်တွင် စာလုံးနှစ်လုံးကို ရေးချလိုက် သည်။
“နင်ဂိုကျင်း”
...
ရှမ့်လန်က ပြောခဲ့သည်။ နောက်ငါးရက်သည် ရှားပါးသော ငြိမ်းချမ်းမှု၊ အေးချမ်းမှုတို့ဖြင့် ပြည့်နှက်နေသည်။ နောက်ပိုင်းတွင် သူသည် သောက်ခွက်ရိုင်ခြင်း လုပ်ငန်းစဉ်ကို လုပ်ကိုင်ရတော့မည်။ ဤရက်များအတွင် အကောင်းဆုံး ပျော်ပါးထားရပေမည်။
နောက်တစ်ညမှာတော့ ...
ရှမ့်လန်သည် သူ့မိန်းမ ရေချိုးသည်ကို ချောင်းကြည့်ရန် ခြံစည်းရိုးပေါ်သို့ တက်ပြန်သည်။ အလွန် ကျွမ်းကျင်စွာပင်။ မူလန်သည် ချယ်ရီဆောင်ထဲတွင် ရေချိုးနေပြီး ပြတင်းပေါက်သည် ယခင်အတိုင်း ဖွင့်ထားဆဲဖြစ်သည်။ သို့ပေမည့် ဤတစ်ကြိမ်တွင် သူမသည် ရေချိုးစည်ထဲတွင် ထိုင်နေပြီး မထသေးပေ။ ရေချိုးပြီးနောက် သူမသည် မတ်တပ်ထရပ်ပြီး ရှမ့်လန်ကို ကျောခိုင်းကာ ရေချိုးစည်ထဲမှ ထွက်သွားသည်။
ထိုအခိုက်အတန့်တွင် ရှမ့်လန်၏ သွေးများ တစ်ဖန် ဆူပွက်လာပြန်သည်။ မူလန်၏ ကိုယ်လုံးကိုယ်ပေါက်သည် အလွန် ဆွဲဆောင်မှုရှိလှသည်။ အဝတ်အစားဝတ်ထားလျှင်ပင် ဆွဲဆောင်မှုရှိသည်။ အဝတ်အစား မဝတ်ထားလျှင် ပြောနေစရာပင် လိုမည်မထင်ချေ။ ငရဲဘုံမှ နတ်မိစ္ဆာမကဲ့သို့ ယောက်ျားတို့၏ ဝိညာဉ်ကို စုပ်ယူနိုင်စွမ်းရှိသည်။ ထိုညတွင် ရှမ့်လန်သည် သုံးကြိမ်တိုင်တိုင် အာသာဖြေခဲ့မိ၏။
...
တတိယညမှာတော့ ....
မူလန်သည် ည ၁၁ နာရီခန့်တွင် ရေချိုးသည်။ ရှမ့်လန်သည် ခြံစည်းရိုးပေါ်သို့ တက်ချိန်မှာတော့ သူ၏ ဒူးနှစ်ဖက်သည် အနည်းငယ် တုန်ယင်နေသည်။ ထို့နောက် သူသည် ကမ္ဘာပေါ်တွင် အဆွဲဆောင်မှုအရှိဆုံးသော မြင်ကွင်းကို တစ်ဖန် ရှုစားခဲ့ပြန်သည်။ ထိုညတွင် ရှမ့်လန်သည် နှစ်ကြိမ်တိတိ အာသာဖြေခဲ့သည်။
စတုတ္ထနေ့...
ချယ်ရီဆောင်မှ မီးရောင်သည် လင်းထိန်နေပြန်ပြီး ရေနွေးငွေ့များသည်လည်း ဝေ့ဝဲနေပြန်သည်။ ရှမ့်လန်၏ စိတ်ထဲမှ မကောင်းဆိုးဝါးသည် ပြဿနာရှာရန် အသင့်ဖြစ်လို့နေသည်။ ချောင်းကြည့်ခြင်းသည် လူကို စွဲလမ်း စေတတ်သည်။ စက္ကန့်ဝက်ခန့် လူနှင့်စိတ် အချင်းများပြီးနောက် လူသည် စိတ်နောက်ပါသွားတော့၏။
ခြံစည်းရိုးပေါ်သို့ တက်ရောက်ပြီးနောက် ပြတင်းပေါက်မှတစ်ဆင့် လှပသည့် ခန္ဓာကိုယ်ပိုင်ရှင် မူလန်ကို မြင်တွေ့လိုက်ရသည်။ နေ့ခင်းဘက် အဝတ်အစားဝတ်ဆင်ထားသော မူလန်နှင့် လုံးဝ ကွဲပြားခြားနားသော မူလန်ပင်။ ရှမ့်လန်သည် မှင်သက်မိပြီး ဝိညာဉ်လွင့်မတတ် ဖြစ်နေသည်။ လက်ငါးချောင်းလုံးကို ပါးစပ်ထဲ ထည့်ကာ ကိုက်ထားမိသည်။
သို့ပေမည့် ထိုအချိန်မှာပဲ လှပသော ပုံရိပ်တစ်ခုသည် အခန်းတံခါးကို ဖွင့်ကာ အလျှင်စလို ထွက်လာသည်။ ရှောင်ပင်းပင် ဖြစ်၏။ သူမသည် သေးပေါက်ရန် ထလာခြင်းဖြစ်သည်။ သို့ပေမဲ့ ဆယ်မီတာလောက် ဝေးကွာသော အိမ်သာဆီသို့ ညရေးညတာ လမ်းလျှောက်ရန် စိတ်မရှိတော့ပေ။
ထို့ကြောင့် သစ်ပင်ကြီးတစ်ပင်အောက်၌ ဆောင့်ကြောင့်ထိုင်၍ အပေါ့စွန့်လေသည်။ ထို့နောက် ရှောင်ပင်းသည် ခြံစည်းရိုးပေါ်၌ တစ်စုံတစ်ယောက် ချောင်းကြည့်ကြောင်း ရုတ်တရက် တွေ့လိုက်ရသည်။
“အား” သူမ အော်ဟစ်လိုက်မိသည်။ သို့ပေမည့် ထိုသူသည် သခင်လေး ရှမ့်လန် ဖြစ်ကြောင်း သူမ အလျှင်အမြန် မှတ်မိလိုက်သည်။ သခင်လေးသည် အနက်ရောင်မျက်နှာဖုံးကို တပ်ဆင်ထားပြီး အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း ပြာကျသွားလျှင်ပင် သူမ မှတ်မိနိုင်သေး၏။
အကြောင်းမှာ ကမ္ဘာပေါ်တွင် ဤမျှ ကျက်သရေရှိသော ပုံရိပ်မျိုး မည်သူ့ထံတွင် ရှိဦးမည်နည်း။ ချောင်းကြည့် နေသည်ပင်လျှင် ဆွဲဆောင်မှုရှိသည်။ ထို့ကြောင့် အော်ဟစ်လိုက်သော ရှောင်ပင်းသည် ပါးစပ်ကို ချက်ချင်း ပိတ်လိုက်သည်။ သို့ပေမည့် သူမ၏ အော်သံတစ်ဝက်တပျက်သည် လူပေါင်းများစွာတို့ကို လန့်နိုးသွားစေခဲ့သည်။
ရှမ့်လန်သည် ထိတ်လန့်သွားပြီး ခြေချော်ကာ ပြုတ်ကျသွား၏။
မူလန်သည်လည်း အထိတ်တလန့်ဖြင့် အပြင်ဘက်သို့ အမြန်ကြည့်ရင်း ပင်ကိုယ် အသိစိတ်ဖြင့် ရင်ဘတ်ကို ဖုံးအုပ်လိုက်သည်။
ခြံဝင်းထဲတွင် ဖယောင်းတိုင်မီးများစွာ ထွန်းလင်းလာပြီး အစေခံမလေး ဆယ်ယောက်ကျော်သည် ပြတင်းပေါက်များကို ဖွင့်လိုက်ကြသည်။
“မြောင်၊ မြောင်...”
ရှမ့်လန်သည် အလျင်အမြန် ဝပ်ချလိုက်ပြီး ကြောင်လိုအော်လေသည်။ သင်းကွပ်မထားသော ကြောင်ထီးတစ်ကောင်၏ အသံနှင့် အလွန်တူလှ၏။
အစေခံမလေး ဆယ်ယောက်ကျော်သည် ခြံစည်းရိုးဆီသို့ တစ်ချက်ကြည့်လိုက်ကြသည်။
“ဘာတွေကြည့်နေကြတာလဲ။ တောကြောင်တစ်ကောင်ကြောင့် ငါလန့်သွားတာ” ရှောင်ပင်းသည် လှမ်းကာ အော်ပြောလိုက်၏။
ချက်ချင်းပင် အစေခံမလေး ဆယ်ယောက်ကျော်သည် ပြတင်းပေါက်ကိုပိတ်ပြီး ဖယောင်းတိုင် မီးကို ငြိမ်းသတ်လိုက်ကြသည်။ ဘာမှမဖြစ်ခဲ့သကဲ့သို့ပင်။
ရှောင်ပင်းသည် ရှမ့်လန်ကို စူးစိုက်ကြည့်ရင်း ဒေါသတကြီး ပြောလိုက်သည်။ “သခင်လေး... ရှင်က တကယ့်လူပဲ။ ညသန်းခေါင်ကြီး သူများ အပေါ့သွားတာကို ချောင်းကြည့်ဖို့ ဒီမှာ လာထိုင်နေတယ်။ နောက်ဆို ရှင့်ကို အဖက် မလုပ်တော့ဘူး။ ဟွန့်....”
ထို့နောက် သူမသည် မျက်နှာကို အုပ်ကာ ပြေးထွက်သွား၏။
ရှမ့်လန်သည် သူမကို သတိပေးလိုက်ချင်သည်။ “ရှောင်ပင်း... မင်း ရှက်ပြီးပြေးတာ ဖင်ပြောင်ကြီးဖြစ်နေပြီ။ အဝတ်ကို ဆွဲချအုံး”
...
ငါးရက်မြောက်နေ့ ညနေခင်း
“မိန်းမရေ ... ဒီညတော့ ရေမချိုးပါနဲ့တော့လား။ ရေချိုးရင်တောင် ပြတင်းပေါက်ကို ပိတ်ထားပေးလို့ မရဘူးလား။ ငါ ဒီည စောစောအိပ်မှဖြစ်မယ်။ ဒီည ခြံစည်းရိုးပေါ် တက်လို့မဖြစ်ဘူး”
စွဲလမ်းမှုကို ဖြတ်တောက်ရန် ရှမ့်လန်သည် စောစော အိပ်ရာဝင်ခဲ့သည်။ သို့ပေမည့် မည်သို့ပင် လူးလွန့်နေပါစေ အိပ်မပျော်နိုင်ဘဲ အရေးကြီးသော တာဝန်တစ်ခု မပြီးမြောက်သေးသကဲ့သို့ ခံစားနေရသည်။
ည ၁၁ နာရီခန့်တွင်...
မူလန်၏ ချယ်ရီဆောင်မှ မီးရောင် လင်းလာပြန်ပြီး ရှမ့်လန်သည် ရေပန်းသံကို နားထဲ၌ သဲ့သဲ့ကြားနေရသလိုပင်။ မိန်းမ... ရေချိုးနေပြီလား။
စိတ်ထဲမှ မကောင်းဆိုးဝါးသည် တစ်ဖန် နိုးထလာပြီး ပြဿနာရှာရန် အသင့်ဖြစ်နေသည်။ ဤသည်မှာ ဆေးလိပ်ဖြတ်ခြင်းထက်ပင် ပို၍ခက်ခဲသည်။ ရှမ့်လန်သည် မနေနိုင်ဘဲ အိပ်ရာမှ ထလိုက်သည်။
ငါ လုံးဝ ချောင်းမကြည့်ဘူး။ ငါ အပြင်ထွက်ပြီး လမ်းလျှောက်ရုံပဲ။ အခန်းထဲမှာ အရမ်းအိုက်လွန်းလို့ လေကောင်းလေသန့် ထွက်ရှူဖို့ လိုအပ်တယ်။
ထို့နောက် ရှမ့်လန်သည် အနက်ရောင်ဝတ်စုံကို လဲဝတ်ပြီး အနက်ရောင်မျက်နှာဖုံးကို တပ်ဆင်လိုက်သည်။ လေကောင်းလေသန့် ထွက်ရှူရန် မျက်နှာဖုံး တပ်ရခြင်းမှာ အနည်းငယ်တော့ ဆန်း၏။
လက်နက်ပစ္စည်းအပြည့်အစုံကို တပ်ဆင်ပြီးနောက် ရှမ့်လန်သည် တံခါးအပြင်သို့ ထွက်လိုက်သည်။
သို့ပေမည့် ခဏအကြာတွင် ရှမ့်လန်သည် ခြံစည်းရိုးပေါ်သို့ ရောက်သွားသည်။ သို့သော်ငြား ဘာမှမမြင်ရချေ။ ချယ်ရီဆောင်၏ ရေချိုးခန်းတံခါး ပိတ်ထားသောကြောင့်ပင်။
ပိတ်ထားတယ်။ ပိတ်ထားတယ်တဲ့လား။ သွားပြီ။
ရှမ့်လန် ချက်ချင်း ဒေါသထွက်သွား၏။ “ကျင်းမူလန် .... မင်း ဘာသဘောလဲ။ ပြတင်းပေါက်ကို ဘာလို့ ပိတ်ထားရတာလဲ”
...
နောက်တစ်နေ့ မနက်စာ စားချိန်...
ရှမ့်လန်သည် မျက်နှာတစ်ခုလုံး မဲမှောင်လို့နေသည်။ တစ်စုံတစ်ယောက်သည် သူ့အား ရွှေဒင်္ဂါး တစ်သောင်း အကြွေးတင် နေသကဲ့သို့ပင်။ အစာစားချိန်တွင် တူကို ပစ်ချလိုက်၊ ပန်းကန်ကို ထုလိုက်ဖြင့် ပြုလုပ်နေသည်။ ရှောင်ပင်းသည် သခင်လေး၏ ဤအမူအရာကို မြင်ပြီး သံသယအချို့ ဝင်လာသည်။
“ဟွန်း”
ထမင်းပန်းကန်တစ်ဝက် စားပြီးနောက် ရှမ့်လန်သည် တူကို စားပွဲပေါ်သို့ ခပ်ပြင်းပြင်းချပြီး မကျေမနပ်ဖြင့် ပြော လိုက်၏။ “မစားတော့ဘူး”
မူလန်သည် လက်ပြပြီး ရှောင်ပင်းကို အပြင်ထွက်ခိုင်းလိုက်သည်။ ပြီးနောက် နွေးထွေးစွာ မေးလိုက်သည်။ “ယောက်ျား.. ဘာဖြစ်လို့လဲ”
ရှမ့်လန်သည် မူလန်ကိုကြည့်ကာ မေးလိုက်၏။ “ငါက သာမန်လူတန်းစားမလို့ မင်း ငါ့ကို ခွဲခြား ဆက်ဆံတာလား”
မူလန်သည် အံ့အားသင့်သွား၏။ ပြီးနောက် ခေါင်းခါကာ ပြောလိုက်သည်။ “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မဟုတ်ပါဘူး”
ရှမ့်လန်က ဝမ်းနည်းသောအသံဖြင့် ပြောလိုက်၏။ “မင်းတို့အိမ်မှာ လာကပ်စားနေတဲ့အတွက် ငါ့ကို ခွဲခြား ဆက်ဆံနေတာလား”
မူလန်သည် စိုးရိမ်လာမိသည်။ သူမ ဘာလုပ်မိသည် ဆိုသည်ကိုလည်း တရစပ် စဉ်းစားနေမိသည်။ “ယောက်ျား.. စိတ်ထဲရှိရာ လျှောက်မတွေးပါနဲ့”
ရှမ့်လန်သည် ဝမ်းနည်းစိတ်ပျက်သောအသံဖြင့် မေးလိုက်၏။ “ငါက ကြက်တစ်ကောင်ကိုတောင် လည်မလိမ်နိုင်အောင် အားနည်းလို့၊ သိုင်းပညာမတတ်လို့၊ ပညာတတ်ဘွဲ့မရှိလို့၊ အနာဂတ်မရှိလို့ ငါ့ကို ခွဲခြားဆက်ဆံနေတာလား”
မူလန်၏ မျက်ဝန်းများ နီရဲလာပြီး မျက်ရည်များ ပြည့်လျှံလာသည်။ ရင်ထဲမှ စကားကို အလျင်အမြန် ထုတ်ပြောလိုက်၏။ “ယောက်ျား ရှင့်မှာ ဒီလိုအတွေးတွေ ရှိနေလိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။ ယောက်ျား... ကျွန်မ... ကျွန်မ ရှင့်ကို ဒီအတိုင်းလေးပဲ အရမ်းကြိုက်တာပါ။ ကျွန်မ ဘယ်နေရာမှာများ ကောင်းကောင်းမလုပ်မိလို့ ရှင့်ကို အထင်လွဲစေခဲ့တာလဲ”
ရှမ့်လန်သည် ဝမ်းနည်းဒေါသထွက်စွာ ပြောလိုက်သည်။ “မင်း ငါ့ကို ခွဲခြားမဆက်ဆံဘူးဆိုရင် ရေချိုးရင် ဘာလို့ ပြတင်းပေါက်တံခါး ပိတ်ထားရတာလဲ။ မင်းက ငါချောင်းကြည့်မယ်လို့ ထင်နေတာလား။ မင်းက ငါ့ကို ကိုယ်ကျင့်တရားပျက်ပြားတဲ့လူလို့ ထင်နေတာလား။ ကျင်းမူလန်... ငါတို့ လင်မယားနှစ်ယောက်ကြားမှာ အနည်းဆုံးတော့ ယုံကြည်မှု ရှိသင့်တယ် မဟုတ်လား”