အခန်း (၁၀၃)
Vol. 8 Ch. 103
ရှမ့်လန် မြို့စားအိမ်တော်သို့ ပြန်ရောက်ချိန်မှာတော့ မိုးသောက်ချိန် ၄ နာရီနီးပါး ရှိနေပြီဖြစ်သည်။ မြို့စားကြီးနှင့် မြို့စားကတော်တို့သည် အိပ်စက် အနားယူခြင်းမရှိသေးချေ။ နှစ်ယောက်လုံး၏ မျက်နှာများသည် အလွန်အမင်း စိုးရိမ်ပူပန်ပုံပေါ်ပြီး မျက်လုံးများမှာလည်း သွေးကြောများထင်းကာ နီရဲလျက်ရှိ၏။
ရှမ့်လန်နှင့် မူလန်တို့ မြို့စားအိမ်တော်၏ တံခါးဝမှဝင်လာသည်နှင့် တစ်ပြိုင်နက် မြို့စားကြီးနှင့် မြို့စားကတော်တို့သည် အပြေးအလွှား ထွက်လာကြသည်။ ယနေ့ည၏ ရလဒ်ကို သူတို့နှစ်ဦးလုံး သိရှိပြီး ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကျင်းဝေသည် လူလွှတ်ကာ အဖြစ်အပျက် အစအဆုံးကို အသေးစိတ် စာရေး ပို့ခဲ့သောကြောင့်ပင်။
မြို့စားကြီးနှင့် မြို့စားကတော်တို့သည် အမှန်တကယ် ထိတ်လန့်အံ့အားသင့်နေကြသည်။ သူတို့သည် ရှမ့်လန်၏ နှလုံးရည်မှာ အလွန်ကောင်းမွန်ကြောင်း သိထားသော်လည်း ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု မထင်မှတ်ခဲ့ကြပေ။ မြို့စားအိမ်တော်ကို အဖက်ဖက်မှ ဝိုင်းဝန်းတိုက်ခိုက်ရန် အကြိုပွဲသဖွယ် စီစဉ်ထားသော ပွဲဖြစ်သောကြောင့် အန္တရာယ်များလှသည်။
ရှမ့်လန်အား ဝိုင်းဝန်းတိုက်ခိုက်ကြသော တစ်ဦးချင်းစီကသည် အင်အားကြီးမားပြီး ဗျူဟာတစ်ခုချင်းစီမှာလည်း အလွန် ရက်စက်သည်။ သို့ပေမည့် ရှမ့်လန်သည် သေသပ်ကျနစွာ အနိုင်ယူခဲ့သည်။ ပွဲတစ်လျှောက်လုံး လွှမ်းမိုးအနိုင်ယူသွားသည်ဟုပင် ဆိုနိုင်၏။
မြို့စားကတော်သည် သူမ၏သမက် ဤမျှထက်မြက်ကြောင်း သိရချိန်မှာတော့ အံ့အားသင့်၊ ဝမ်းမြောက်စွာဖြင့် ဘာပြောရမှန်းပင် မသိတော့ပေ။ ရှေ့သို့တိုးလာပြီး ရှမ့်လန်၏ လက်ကို ဆုပ်ကိုင်ကာ သူမ သမက်၏ မျက်နှာကို ကြည့်ရှုနေမိသည်။
“ကျွန်မရဲ့ သမက်က တကယ့်ကို တော်တာပဲ။ သူက ထူးခြားတဲ့သူပဲ။ တချိန်လုံး ရင်တမမနဲ့ ဖြစ်ခဲ့ရတယ်။ မူလန် မင်းနဲ့ လက်ထပ်ခဲ့တာ ငါတို့မြို့စားအိမ်တော်အတွက် ကံကြမ္မာကောင်းချီးပဲ” ယောက္ခမဖြစ်သူ၏ ချီးကျူးစကားများသည် နွေးထွေးလွန်းလှ၏။
အနီးရှိ ကျင်းမူကုန်းသည် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ဝင်ပြောလိုက်၏။ “ရှမ့်လန်... အာ မဟုတ်ဘူး၊ ယောက်ဖ... အဲဒါ... အဲဒါလေ”
ရှမ့်လန်က ပြောလိုက်သည်။ “မင်းမေးချင်တာက ဒီနေ့ ပွဲတော်မှာ မာယာမျဉ်းပြိုင် စာအုပ်ကို ရေးတဲ့ တခြား စာရေးဆရာတစ်ယောက်အကြောင်း ပြောတဲ့သူရှိလား။ မင်းကို ချီးကျူးတဲ့သူရှိလားလို့ မေးချင်တာ မဟုတ်လား”
ကျင်းမူကုန်းသည် ခေါင်းကို တဆတ်ဆတ်ညိတ်ကာ ပြောလိုက်၏ “ဟုတ်တယ်၊ ဟုတ်တယ်”
၎င်းသည် မျက်လုံးကို အစွမ်းကုန်ဖွင့်ပြီး မျှော်လင့်ချက်အပြည့်ဖြင့် ရှမ့်လန်ကို ကြည့်နေသည်။
ရှမ့်လန်သည် ခဏမျှ ပြန်စဉ်းစားပြီးနောက် ပြန်ဖြေလိုက်၏။ “မရှိဘူး၊ လုံးဝမရှိဘူး”
ကျင်းမူကုန်းသည် ရင်ဝကို တစ်စုံတစ်ယောက်က လက်သီးဖြင့် အကြိမ်ကြိမ် ထိုးနှက်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။ “ဘာကြောင့်လဲ။ ဒီစာအုပ်ကို ပြင်ဆင်တည်းဖြတ်တာက ကျုပ်ပဲ။ ကျုပ် လက်တွေတောင် ကူးရေးရလွန်းလို့ ညောင်းနေပြီ။ ဘာလို့ ဘယ်သူမှ ကျုပ်ကို မချီးကျူးကြတာလဲ”
“ဘာလို့ ဘယ်မိန်းကလေးမှ ကျုပ်ကို မကြိုက်ကြတာလဲ။ ကျုပ် အချစ်ကို မယုံကြည်တော့ဘူး။ လူလိမ်တွေ... မိန်းမတွေက အရည်အချင်းကိုပဲ ကြိုက်တယ်၊ ရုပ်ရည်ကို မကြိုက်ဘူးဆိုတာ လူလိမ်တွေ ပြောတဲ့စကားပဲ။ မိန်းမတွေက အပေါ်ယံပဲ ကြည့်တတ်ကြတယ်” ကျင်းမူကုန်းသည် ရင်နာစွာဖြင့် ထွက်ပြေးသွားတော့၏။
...
မြို့စားကြီး၏ ရှမ့်လန်အား ကြည့်နေသော အကြည့်များမှာ အလွန် စိတ်လှုပ်ရှားနေသော်လည်း သူသည် ထိန်းထိန်းသိမ်းသိမ်းပင် နေထိုင်ပြုမူသည်။
ရှမ့်လန်က ပြောလိုက်၏။ “အဖေ… ဒီနေ့ ကျန်းချုံးကို မဖြုတ်ချနိုင်ခဲ့တာ စိတ်ပျက်စရာပဲ”
ရှမ့်လန်သည် ကျန်းကျင်းနှင့် ကျန်းချုံးတို့အား ထောင်ချောက်ဆင်ရန်အလို့ငှာ ကျင်းကျွင်းအကြောင်းကို စာအုပ်ထဲတွင် ဖုံးကွယ်ထားခြင်းဖြင့် ကြီးမားသော စွန့်စားမှု ပြုခဲ့ရသည်။ သူသည် ဤမိုးကြိုးကို ထိုအဖေနှင့်သား နှစ်ယောက်အပေါ်သို့ ပစ်ချလိုခဲ့၏။ သို့ပေမည့် ကျန်းချုံးသည် အလွန် ပါးနပ်လွန်းလှသည်။ ကိုယ်တိုင်လည်း မလှုပ်ရှား၊ ကျန်းကျင်းကိုလည်း မလှုပ်ရှားစေရုံသာမက ၎င်း၏လက်အောက်ငယ်သားများကိုပင် အသုံးမပြုခဲ့ပေ။
ထိုအစား လီဝမ်ကျန့်ဆိုသော လူ့အသုံးမကျသောလူကို ရှေ့တန်းတင်ကာ ကြားလူငှား၍ လူသတ်ခဲ့သည်။ လီဝမ်ကျန့်သည် ကျန်းချုံး၏ လူမဟုတ်ပေ။ ၎င်းသည် ဘုရင်မင်းမြတ်၏ လူဖြစ်၏။
ယနေ့ညတွင် ရှမ့်လန် သည် အပြတ်အသတ် အနိုင်ရခဲ့သော်လည်း စိတ်ထဲတွင်မူ ကျန်းချုံးကို အလွန်လေးစားမိသည်။ တော်လွန်းလှ၏။ ဤပုဂ္ဂိုလ်၏ဓားသွားသည် မည်သည့်နေရာသို့ သွားမည်ဖြစ်ကြောင်း ခန့်မှန်းရန် ခက်ခဲလှသည်။
မြို့စားကြီးက ပြောလိုက်၏။ “ကျန်းချုံးဆိုတဲ့လူက ရက်စက်ကြမ်းကြုတ်တယ်ဆိုတာ ငါ ကိုယ်တွေ့ သိတာပေါ့။ သူ့ကို ဖြုတ်ချဖို့ဆိုတာ ဘယ်လောက်တောင် ခက်ခဲလိုက်မလဲ”
ထို့နောက် ယောက္ခထီးဖြစ်သူသည် ရှမ့်လန်ကို ကြည့်ကာ ပြောလိုက်သည်။ “လန်အာ… မင်းကို အမှန်အတိုင်း ပြောရရင် အရင်က ငါ ကျန်းချုံးနဲ့ ရင်ဆိုင်ဖို့ ယုံကြည်ချက်တစ်စက်မှ မရှိခဲ့ဘူး။ ဒါပေမဲ့ အခု မင်းရောက်လာပြီဆိုတော့ မင်းနဲ့ ကျန်းချုံးက တကယ့်ကို စစ်ဘုရင်ပြိုင်ဘက်တွေလို့ပဲ ငါ ထင်မြင်မိတယ်”
ယောက္ခထီးကြီး၏ ဤစကားသည် အလွန်ကြီးမားသော ချီးကျူးဂုဏ်ပြုစကားပင် ဖြစ်၏။ ကျန်းချုံးသည် ဩဇာအာဏာ ကြီးမားသော အုပ်ချုပ်ရေးမှူးချုပ်ဖြစ်ပြီး ရှမ့်လန်မှာမူ ဇနီးသည်၏ မျိုးရိုးနာမည်ကို ယူထားရသော သမက်တစ်ယောက်မျှသာ ဖြစ်၏။
(ဇနီးသည်၏ မျိုးရိုးကို ယူထားရခြင်းဆိုသည်မှာ ရှမ့်လန်မှ ကျင်းလန် ဖြစ်သွားခြင်းမဟုတ်ပေ။ ရှမ့်လန်၏ သားသည် ကျင်းမျိုးရိုးဖြစ်ပေလိမ့်မည်)
မြို့စားကြီးက ပြောလိုက်သည်။ “ကျန်းကျင်းက ဒီညအဖြစ်အပျက်ကို ကျန်းချုံးဆီ အရင်ဆုံး သတင်းပို့လိမ့်မယ်။ ကျန်းချုံးရဲ့ တုံ့ပြန်မှုကို ငါ တကယ်ပဲ စောင့်ကြည့်ချင်နေပြီ။ လန်အာလို အရည်အချင်းရှိတဲ့လူမျိုးကို သူ အနည်းငယ်ပဲ တွေ့ဖူးလိမ့်မယ်လို့ ယုံကြည်တယ်”
ရှမ့်လန်က ပြန်ပြောလိုက်၏။ “အဖေ… အဲ့ဒီ ‘အနည်းငယ်’ ဆိုတဲ့ စကားလုံးကို ဖြုတ်ပေးပါ”
မြို့စာကြီးသည် စကားဆက်ပြောချင်စိတ်ပင်မရှိတော့ချေ။ ယခင်ခေတ်၏ ထူးချွန်သော လူငယ်များသည် နှိမ့်ချတတ်ကြသည်။ သို့ပေမည့် သူ၏ သားမက်မှာတော့ ‘ကျုပ်က အရမ်းတော်တယ်’ ဟု တစ်လောကလုံးကို ကြေညာချင်နေသည့်ပုံပင်။ ဤအပြုအမူနှင့် စိတ်နေစိတ်ထားသည် ရှေးရိုးစွဲ မြို့စားကြီးကို အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စေသည်။
စိတ်ကို တည်ငြိမ်အောင် ပြန်လည်စုစည်းပြီးနောက် မြို့စားကြီးက ပြောလိုက်၏။ “လန်အာ.. နောက်ဆက်တွဲ ကိစ္စတွေကိုတော့ အဖေ့ကိုပဲ တာဝန်ယူခွင့်ပေးပါ”
နောက်ဆက်တွဲ ကိစ္စများလား။ ရှမ့်လန်၏ ယနေ့ည နိုင်ပွဲသည် အစသာရှိသေးသည်။ ထို့နောက်တွင် နိုင်ငံရေး ကစားပွဲသို့ တရားဝင် ဝင်ရောက်ရပေတော့မည်။ ဥပမာအားဖြင့် မြို့စားကြီးသည် ဘုရင်မင်းမြတ်နှင့် အနည်းငယ် လက်တည့်စမ်းရပေလိမ့်မည်။
ကျင်းကျွင်း၏ ပုန်ကန်မှုကဲ့သို့ ကြီးမားသော မုန်တိုင်းကြီးသည် လူပေါင်းများစွာကို ပါဝင်ပတ်သက်စေပြီး လူတော်တော်များများကို သေကြေစေလိမ့်မည်။ အကယ်၍ မြို့စားကြီးသည် ဤအခွင့်အရေးကို အသုံးချ၍ ကိစ္စတစ်ခုလုံးကို မွှေနှောက်ခြင်း မပြုပါက ၎င်းသည် အ တွေ့အကြုံမြင့်မားသော နိုင်ငံရေးသမားတစ်ယောက် ဖြစ်ရန် မထိုက်တန်ပေ။
ရှမ့်လန်နှင့် ရွှမ်ဝူမြို့စားတို့၏ အပြုအမူသည် အပေါ်ယံအားဖြင့် မှန်ကန်သောအပြုအမူဖြစ်၏။ သူတို့သည် နင်လော့မင်းသမီးကို ကယ်တင်ပြီး ကျင်းကျွင်း၏ စိတ်နေစိတ်ထား ပုံစံအမှန်ကို ဖော်ထုတ်ခဲ့သည် ဟု ဆိုနိုင်သော်လည်း အတွင်းသဘောအားဖြင့်မူ ရွှမ်ဝူမြို့စားနှင့် ရှမ့်လန်တို့သည် ဘုရင်မင်းမြတ်၏ ဂုဏ်သိက္ခာကို အမှန်တကယ်ပင် ရိုက်ချိုးခဲ့ခြင်းဖြစ်သည်။ ထို့နောက်မှာတော့ နိုင်ငံရေးကစားပွဲတစ်ခုကို ပြုလုပ်ရန် လိုအပ်လာ သည်။
မြို့စားကြီးက ပြောလိုက်၏။ “လန်အာ… ဒီည မင်း ပင်ပန်းသွားပြီ။ ကောင်းကောင်း အနားယူတော့”
“ဟုတ်ကဲ့ပါ”
ရှမ့်လန်သည် ဦးညွှတ်အရိုအသေပေးပြီးနောက် မူလန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “မိန်းမ.. တို့တွေ အိပ်ကြစို့”
...
နောက်တစ်နေ့ မွန်းတည့်ချိန်မှာတော့ ရွှမ်ဝူမြို့၏ အကျဉ်းထောင်အမှုထမ်း ဝမ်လျှံသည် သတိပြန်လည် လာသည်။ သူ၏ခေါင်းသည် ကွဲထွက်လုမတတ် ကိုက်ခဲနေ၏။ နိုးနိုးချင်း သူ၏စိတ်ထဲတွင် မေးခွန်းသုံးခု ပေါ်လာသည်။ “ကျုပ် ဘယ်သူလဲ။ ဒီနေရာက ဘယ်နေရာလဲ။ ဘာလို့ ဒီကို ရောက်နေတာလဲ”
သို့နောက် သူ့တွင် စတုတ္ထမြောက် မေးခွန်းတစ်ခု ထပ်ပေါ်လာ၏။ “ငါ့ကိုယ်ပေါ်မှာ ဘာလို့ ဘာမှ ဝတ်မထားတာလဲ”
ထို့ပြင် သူ၏ဖွားဖက်တော်မှာလည်း ဒဏ်ရာရထားသည့်အလား ပူလောင်၍ စပ်ဖျဉ်းဖျဉ်းဖြင့် နာကျင်နေသည်။ ဝမ်လျှံသည် အလိုအလျောက်ပင် သူ၏တင်ပါးကို စမ်းကြည့်လိုက်သည်။ ကံကောင်းစွာဖြင့် နောက်ဘက်ပိုင်းတွင် နာကျင်စပ်ဖျဉ်းခြင်း မရှိချေ။ ကြောက်မက်ဖွယ်ရာ အကောင်းဆုံးကိစ္စ မဖြစ်ပွားသေးကြောင်း ဝမ်းမြောက်ဖွယ်ရာ သိရှိလိုက်ရသည်။ ငါ့ခရေလေး။
ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ဤနေရာမှာ ခမ်းနားထည်ဝါသော အခန်းတစ်ခန်းဖြစ်ပြီး ရင်းနှီး နေသကဲ့သို့ပင်။ ဟုတ်ပေ၏။ ဤသည်မှာ သူ စတည်းချရာ လျှို့ဝှက်စံအိမ်၊ သူ၏ဦးလေး ရှစ်ဝမ်ကျောင်း၏ အိမ်ဖြစ်ပြီး ဝမ်လျှံအား အထူးနေထိုင်ခွင့်ပြုထားခြင်း ဖြစ်သည်။ ဝမ်လျှံသည် မိန်းကလေးပေါင်းများစွာကို ဤနေရာသို့ အကြိမ်ကြိမ် ခေါ်ဆောင်ပြီး ကစားလေ့ရှိသည်။
“ငါ မနေ့ညက မူးသွားတာလား။ ဘာတွေဖြစ်ခဲ့လဲ မေ့နေပါလား။ ဒါပေမဲ့ ဒါကလည်း ပုံမှန်ပါပဲလေ။ အရမ်း ပျော်ခဲ့တာကိုး။ ရှမ့်လန် မကြာခင်မှာ မင်း ကိစ္စပြတ်တော့မယ်။ ရွှမ်ဝူမြို့စားအိမ်တော်လည်း ပျက်စီးတော့မယ်”
အဓိကအချက်မှာ သူ ဝမ်လျှံကိုယ်တိုင် ထောင်ချောက်ဆင်ခဲ့ခြင်း ဖြစ်၏။ ဟုတ်ပေသည်။ ဝမ်လျှံ၏ မှတ်ဉာဏ်သည် သူ ရှမ့်လန်၏ မျက်နှာကို အားရပါးရ ရိုက်ချခဲ့သည့် အခိုက်အတန့်တွင်သာ ရပ်တန့်နေသည်။ ထို့နောက်တွင်မူ မူဝါဒသစ်အုပ်စုဘက်မှ အကြီးအကဲများသည် သူ ဝမ်လျှံကို လက်ခံရပေလိမ့်မည်။ ဤအသုံးမကျသော အကျဉ်းထောင်အမှုထမ်း အလုပ်ကို သူ ဆက်မလုပ်ချင်တော့ပေ။ နောက်တစ်ကြိမ် နန်းမြို့တော်စာမေးပွဲအတွက် ပြင်ဆင်မည်။ မူဝါဒသစ်အုပ်စု၏ အကူအညီဖြင့်သာဆိုလျှင် စာမေးပွဲ အောင်မြင်ရန်မှာ ပြဿနာမရှိနိုင်ချေ။
စာမေးပွဲအောင်မြင်ပြီးနောက် သူ ဝမ်လျှံသည် ဘဝ၏ အထွတ်အထိပ်သို့ တက်လှမ်းရတော့မည်။ မနေ့ညက ကျန်းကျင်းတို့၏ နောက်ဆုံးထိုးနှက်ချက်သည် အလွန် ပြင်းထန်လွန်းသဖြင့် ရှမ့်လန် လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ရှမ့်လန် ကိစ္စပြတ်ရမည်။ ရွှမ်ဝူမြို့စားအိမ်တော်လည်း ကိစ္စပြတ်ရမည်။
ထိုအချိန်ရောက်လျှင် မာနကြီးသော ကျင်းမူလန်သည် အတောင်ကျိုးသွားသော ဖီးနစ်ငှက်၊ တော်ဝင် အဆင့်အတန်း ဆုံးရှုံးသွားသော မုဆိုးမတစ်ယောက် ဖြစ်လာပေလိမ့်မည်။ သူ ... ဝမ်လျှံကတော့ စာမေးပွဲ အောင်မြင်ပြီး ဘဝ၏ အထွတ်အထိပ်သို့ တက်လှမ်းနေမှာဖြစ်၏။ ထိုအချိန်တွင် သူသည် ကျင်းမူလန်ကို အထက်စီးမှ ကြည့်နိုင်ပေလိမ့်မည်။ ဝမ်လျှံသည် နည်းလမ်းပေါင်းစုံသုံး၍ ဤအလွန်ချောမောလှပသော မိန်းမချောလေးကို အပိုင်သိမ်းမည်။ တစ်သက်တာအတွက် ကိုယ်ပိုင်ကစားစရာအဖြစ် အခန်းထဲ၌ သိမ်းထားနိုင်လျှင် အကောင်းဆုံးပင်။
“ကျွီ...”
တံခါး ရုတ်တရက်ပွင့်လာပြီး ကျက်သရေရှိလွန်းသော ပုံရိပ်တစ်ခုသည် ဖြည်းညင်းစွာ လျှောက်လှမ်း ဝင်ရောက်လာသည်။ ထိုသူမှာ အခြားမဟုတ်ချေ။ ရှမ့်လန်ပင် ဖြစ်၏။
ဝမ်လျှံက အေးစက်သောအသံဖြင့် မေးလိုက်သည်။ “ရှမ့်လန်… မင်း မသေသေးဘူးလား”
ရှမ့်လန်သည် မထီမဲ့မြင်အမူအရာဖြင့် ပြောလိုက်၏။ “ဝမ်လျှံ… မင်း တော်တော်ရက်စက်တာပဲ။ မင်းက ကျန်းကျင်းနဲ့ ပူးပေါင်းပြီးတော့ ငါ့ကို ဒုက္ခပေးတယ်ပေါ့”
“ဟား ဟား ဟား...”
ဝမ်လျှံသည် ရယ်မောကာ ပြောလိုက်သည်။ “မင်းလို အောက်တန်းစားကောင်က ကိုယ့်ရုပ်ကိုယ် မှန်ထဲပြန်မကြည့်ဘူး။ ကျင်းမူလန်ကို လက်ထပ်ခဲ့တယ်ပေါ့လေ။ အဲဒါ မင်းကို ဘေးဒုက္ခရောက်စေခဲ့တဲ့ အကြောင်းရင်းပဲ။ မင်းလို အသိတရားမရှိတဲ့ကောင်မှ မသေရင် ဘယ်သူသေမှာလဲ။ ရှမ့်လန်.. မင်းလို အဆင့်အတန်းနဲ့ ရွှမ်ဝူမြို့စားအိမ်တော်ရဲ့ သမက်ဖြစ်ချင်တယ်ပေါ့။ ကိုယ့်သေတွင်းကိုယ်တူးတာပဲ”
ထို့နောက် ဝမ်လျှံသည် မျက်လုံးကို မှေးစင်းကာ ဘုရင်တစ်ပါးကဲ့သို့ မထီမဲ့မြင်ပြုသောအမူအရာဖြင့် မေးလိုက်၏။ “မင်းက သေခါနီးနေပြီ။ ဒီကို ဘာလာလုပ်သေးလဲ”
ရှမ့်လန်က ပြောလိုက်သည်။ “ငါက အမှုထမ်းဝမ်လျှံ ကောင်းကောင်းခံစားစေဖို့ မိန်းမလှလေးယောက် ခေါ်လာပေးတာပါ”
ဝမ်လျှံက ရယ်မောကာ ပြောလိုက်၏။ “အခုမှ ငါ့ကို လာမြှောက်ပင့်နေတယ်ပေါ့လေ။ နောက်ကျသွားပြီ။ ဟား ဟား ဟား ....”
ဖြောင်း … ဖြောင်း .. ဖြောင်း …။
ရှမ့်လန်သည် လက်ခုပ်တီးလိုက်ရာ ချက်ချင်းပဲ မိန်းမလှလေးယောက် ဝင်လာကြသည်။ အမှန်တကယ်ပင် ဆွဲဆောင်မှုရှိလှ၏။ ၎င်းတို့သည် အလှဆုံး မဟုတ်သော်လည်း ရင့်ကျက်ပြည့်ဖြိုးပြီး ပျားရည်စိမ် မက်မွန်သီး ကဲ့သို့ လူကို ဆွဲဆောင်နိုင်သော အလှမျိုး ရှိကြသည်။ ဤအရာကား ဝမ်လျှံ အနှစ်သက်ဆုံး အမျိုးအစားပင်။
“ဝမ်လျှံ… ဖြည်းဖြည်းချင်း ခံစားပါ” ရှမ့်လန်က ပြောလိုက်၏။
ဝမ်လျှံသည် ပျော်ရွှင်စွာ ရယ်မောရင်း ပြောလိုက်သည်။ “အသုံးမကျတဲ့ ရှမ့်လန်… မင်း ငါ့ကို မြှောက်ပင့် နေလည်း အသုံးမဝင်တော့ဘူး။ မင်း သေရတော့မယ်”
မိန်းမလှလေး လေးယောက်သည် ဝမ်လျှံထံသို့ ပြေးဝင်သွားကြ၏။
“မလုပ်ကြနဲ့... ထွက်သွားကြ။ ကျုပ်က ပညာတတ်တစ်ယောက်၊ ကျုပ်က လူကြီးလူကောင်းတစ်ယောက်။ မလုပ်ကြနဲ့... ထွက်သွားကြ…”
မကြာခင်မှာပဲ ဝမ်လျှံသည် မိန်းမလှလေးများ၏ အသိုက်အမြုံထဲသို့ သက်ဆင်းသွားတော့သည်။ ဝါးလှည်း မြင်လျှင်ပင် ပြေးစွပ်ချင်စိတ်ကို မစိတ်ထိန်းနေရတတ်သည့် ဝမ်လျှံသည် မိန်းမလှလေးနှစ်ပါး၏ အပြိုင်အဆိုင် တေးသီမှုအောက်မှ မည်သို့ .... မည်သို့ ရုန်းထွက်နိုင်မည်နည်း။
...
ငါးမိနစ်ကြာပြီးနောက်... ဆော့မြူခြင်းနှင့် အရသာခံခြင်းအချိန်များကို ထည့်ပေါင်းလိုက်လျှင် ဤအချိန်ထက် ပိုပေလိမ့်မည်။ ဝမ်လျှံသည် မိန်းမလှလေးများ၏ ရင်ခွင်ထဲတွင် ပျင်းရိစွာ လဲလျောင်းရင်း လေသံအေးအေးဖြင့် ပြောလိုက်သည်။ “ရှမ့်လန်…. လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာ သိသင့်တယ်။ ပုရွက်ဆိတ်တစ်ကောင်လို အရာမဝင်တဲ့မင်းက ဘာလို့ ကျင်းမူလန်ကို လက်ထပ်ရဲရတာလဲ။ အခုတော့ သေရတော့မယ် .. ကဲ ...”
“မင်းကို ဘယ်သူမှ မကယ်နိုင်တော့ဘူး။ ဒါပေမဲ့ မင်းရဲ့မိဘနဲ့ ညီလေးကတော့ မင်းသာ အသိတရားရှိရင် အသက်ရှင်နိုင်ပါသေးတယ်” ဝမ်လျှံက ဆက်ပြောလိုက်၏။
ရှမ့်လန်က မေးလိုက်သည်။ “ကျုပ် ဘယ်လို အသိတရားရှိရမှာလဲ”
ဝမ်လျှံက ပြောလိုက်၏။ “ငါနဲ့ မူလန်ရဲ့ လက်ထပ်နိုင်အောင် နည်းလမ်းရှာပေး။ ဒါဆိုရင် မင်းဆီမှာ အသိတရားရှိတယ်လို့ သတ်မှတ်မယ်။ ဒီလိုသာဆိုရင် မင်းရဲ့မိဘနဲ့ ညီလေးကို ကယ်တင်ဖို့ ငါ စဉ်းစားပေးနိုင်တယ်။ မဟုတ်ရင်တော့ သူတို့ သေရလိမ့်မယ်။ အရမ်းကို ဆိုးဆိုးရွားရွား သေရလိမ့်မယ်”
ရှမ့်လန်၏အပြုံးသည် ပျောက်ကွယ်သွားသည်။ ပြီးနောက် လေသံအေးအေးဖြင့် ပြောလိုက်၏။ “တော်ပြီ၊ မကစားတော့ဘူး”
ထို့နောက် ရှမ့်လန်၏ အကြည့်များသည် ရေခဲတမျှ အေးစက်သွားသည်။ “ဝမ်လျှံ… ငါ့ကို စိတ်အနှောင့်အယှက်ပေးပြီးနောက်မှာ ဘယ်သူမှ ကောင်းကောင်းမွန်မွန် အသက်ရှင်ခွင့်မရဘူး။ မင်းက ငါ့ကို ကဗျာခိုးတယ်လို့ စွပ်စွဲတာက ကိစ္စမရှိဘူး။ ဒါပေမဲ့ မင်းက ငါ့မိန်းမရဲ့ သန့်စင်မှုကို စော်ကားရဲတယ်။ ငါ့ကို နွားဖြစ်အောင် လုပ်မယ်လို့တောင် ကြိမ်းဝါးခဲ့သေးတယ်”
ရှမ့်လန်က ပြုံးကာ ပြောလိုက်၏။ “ဒါကြောင့် မင်းကို အသနားစရာအကောင်းဆုံး၊ အရှက်ရဖွယ် အကောင်းဆုံးနဲ့ အနာကျင်ရဆုံး သေနည်းကို လက်ဆောင်ပေးမယ်”
ဝမ်လျှံက ရယ်မောကာ ပြောလိုက်သည်။ “ရှမ့်လန်… မင်း ရူးများသွားပြီလား။ မင်းက သေလမ်းကို ရောက်နေပြီ။ ဒီလိုစကားတွေ ပြောနေသေးတယ်ပေါ့”
ရှမ့်လန်က လက်ခုပ်တီးလိုက်သည်။ ချက်ချင်းပင် ပြည့်ဖြိုးလှပသော မိန်းမလေးယောက်သည် ၎င်းတို့၏ အောက်မှအဝတ်များကို မတင်လိုက်ကြပြီး ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ချို့ကို ဖော်ပြလိုက်ကြသည်။ ဟုတ်သည်။ ကြောက်မက်ဖွယ်ကောင်းလှ၏။
စောဏက ဝမ်လျှံနှင့်အတူ ပျော်ပါးနေချိန်တွင်ပင် ဤမိန်းမများသည် အဝတ်များကို မချွတ်ခဲ့ကြချေ။ ဖုံးကွယ်ထားခဲ့ကြသည်။ ယခု ချွတ်လိုက်ချိန်မှာတော့ ခန္ဓာကိုယ်၏ တချို့နေရာများတွင် အနာစိမ်းများဖြင့် ဖုံးလွှမ်းလျက် ရှိနေ၏။ တချို့မှာ ပန်းဂေါ်ဖီကဲ့သို့သော အဖုအပိမ့်များဖြင့် ပြည့်နှက်နေ၏။ ဤအရာသည် ကာလသားရောဂါ လက္ခဏာပင်။ မိန်းမလေးယောက်လုံး၏ ခန္ဓာကိုယ်တွင် ကြောက်မက်ဖွယ်ကောင်းသော ကာလသား ရောဂါ ရှိနေခြင်းဖြစ်၏။ ဤသည်ကား ရှမ့်လန်၏ လူသတ်ခြင်းနည်းပညာပင်တည်း။