← Chapters

ကျူးနိုင်ငံတော်နှင့် လွင်ပြင်ဒေသ မျိုးနွယ်စုများ ပူးပေါင်းခြင်း

Vol. 55 Ch. 813

ကျူးနိုင်ငံတော်နှင့် လွင်ပြင်ဒေသ မျိုးနွယ်စုများ ပူးပေါင်းခြင်း

Vol. 55 Ch. 813

သူမ၏ဓားချက် ပိတ်ဆို့ခံလိုက်ရသည်ကို မြင်ရသော်လည်း ယွဲ့ဧကရာဇ် စိတ်မပူပေ။ သူမ၏ပြိုင်ဘက်သည် ကောင်းကင်လူသား စွမ်းအားရှင်ဖြစ်ပြီး ကောင်းကင်လူသား စွမ်းအားရှင်များ၏စွမ်းအားကို ဤကမ္ဘာတွင် ဖိနှိပ်ထားသော်လည်း အရိပ်အယောင် ကောင်းကင်လူသားဖြစ်သော သူမအတွက် ကောင်းကင်လူသား စွမ်းအားရှင်ကို အနိုင်ယူရန် မလွယ်ကူပေ။

ယွဲ့ဧကရာဇ်၏ တိုက်ခိုက်မှုကို တားဆီးလိုက်ပြီးနောက် မုယန်စီက ပြန်လည်တိုက်ခိုက်ခြင်းမရှိပဲ ပြုံးလျက်

“ရှင်က အတော်လေး အစွမ်းထက်ပေမဲ့ ရှနိုင်ငံတော်မှာ ကောင်းကင်လူသား စွမ်းအားရှင်လေးယောက် ရှိတယ်လို့ ကျွန်မ ကြားထားပါတယ်။ သူတို့မှာ ဆန်းကြယ်တဲ့ လက်နက်တွေလည်း ရှိသေးတယ်။ ကျူးနိုင်ငံတော်မှာတော့ အရိပ်အယောင် ကောင်းကင်လူသားတစ်ယောက်ဖြစ်တဲ့ ရှင်ပဲ ရှိတယ်။”

“ဝူနိုင်ငံတော်ကို ဖျက်ဆီးပြီးတဲ့နောက်မှာ ရှနိုင်ငံတော်ရဲ့ တိုက်ခိုက်မှုကို ရှင်တစ်ယောက်တည်းနဲ့ ခုခံနိုင်မယ်လို့ ထင်လို့လား။”

ယွဲ့ဧကရာဇ်က

“အဲဒါ ရှင်ပူစရာ မလိုပါဘူး”

ဟု လျစ်လျူရှုဟန်ဖြင့် ပြောလိုက်သည်။

နောက်တစ်ခဏတွင် ယွဲ့ဧကရာဇ်၏ ပုံရိပ်သည် မုယန်စီထံမှ ဝေးရာသို့ လျှပ်စီးလက်သကဲ့သို့ ရောက်ရှိသွားသည်။ ထို့နောက် ကောင်းကင်တွင် မရေမတွက်နိုင်သောဓားများပေါ်လာသည်။ ထိုဓားအားလုံးသည် ပြင်းထန်သောမီးလျှံများထုတ်လွှတ်နေသည်။

သူမက လက်ကို မြှောက်ပြီး မုယန်စီဘက်သို့ ချိန်လိုက်သည်။ နောက်တစ်ခဏတွင် ထိုမီးတောက် ဓားများသည် မုယန်စီထံသို့ တည့်တည့်တိုးဝင်သွား၏။ သူမ၏ ခန္ဓာကိုယ်ကို ထိခါနီးအချိန်တွင် ဓားစွမ်းအင်များ အားလုံး စုစည်းလိုက်ကာ ပိုမိုကြီးမားသော ဓားတစ်ချောင်းအဖြစ် ပုံဖော်လိုက်သည်။

ဤဓားစွမ်းအင်မှ ထွက်ပေါ်လာသော အငွေ့အသက်ကို မြင်သောအခါ မုယန်စီ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ အရိပ်အယောင် ကောင်းကင်လူသားတစ်ဦးတွင် ဤမျှ အစွမ်းထက်သည့် ဓားပညာကို ပိုင်ဆိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။

ယွဲ့ဧကရာဇ်သည် သူမ၏တကယ့်စွမ်းအားကို ထုတ်ပြပြီဖြစ်ရာ သူမဆက်လက် အလျှော့ပေး နေပါက သူမကအရိပ်အယောင် ကောင်းကင်လူသားထက် နိမ့်ကျ‌သလို ဖြစ်သွားမည် မဟုတ်ပါလား။

ထိုအချိန်တွင် မုယန်စီသည် သူမ၏ သွယ်လျသော လက်ကို မြှောက်လိုက်သည်။ သူမ၏ လက်ကောက်ဝတ်ရှိ လက်ကောက်မှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီးနောက် ဧရာမ ဖီးနစ်ငှက်တစ်ကောင် ဖြစ်ပေါ်လာသည်။

ခဏအကြာတွင် ကောင်းကင်ရှိ ဧရာမမီးဓားသည် ရွှေရောင်ဖီးနစ်ငှက်နှင့် တည့်တည့်တိုက်မိသည်။

ချက်ချင်းပင် အားလှိုင်းများ ထိတွေ့ပေါက်ကွဲသွားပြီး အမျိုးသမီးနှစ်ဦးစလုံး အမြန်နောက်ဆုတ်လိုက်ကြသည်။

ပေါက်ကွဲမှုအပြီးတွင် မြေကြီးပေါ်၌ ဧရာမကျင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။ သို့သော် မုယန်စီ၏ အဝတ်အစားများမှာ သပ်ရပ်နေဆဲဖြစ်၏။ ယွဲ့ဧကရာဇ်၏ သံချပ်ကာမှာ ဖုန်များပေနေသော်လည်း သူမလည်း ထိခိုက်မှု မရှိပေ။

မုယန်စီက

“ကျွန်မရဲ့ စွမ်းအားကို ရှင် မြင်ပြီးပါပြီ။ ကျွန်မကို သတ်ဖို့ ရှင့်အတွက် မလွယ်လှပါဘူး။ အကယ်၍ ကျွန်မသာ တကယ်အစွမ်းကုန်ထုတ်ခဲ့ရင် ရှင် သေမှာတော့မဟုတ်ပေမဲ့ ဒဏ်ရာပြင်းပြင်းထန်ထန်တော့ရနိုင်ပါတယ်။”

ထိုအချိန်တွင် ယွဲ့ဧကရာဇ်လည်း မုယန်စီ၏ အင်အားကို ခန့်မှန်းပြီးဖြစ်သည်။ သူမက ဓားကို လက်ဖဝါးဖြင့် လှည့်လိုက်ပြီး ဓားအိမ်ထဲသို့ ပြန်သိမ်းလိုက်သည်။

ယွဲ့ဧကရာဇ် ဓားပြန်သိမ်းသည်ကို မြင်သောအခါ ယွဲ့ဧကရာဇ် သူမ၏ အဆိုပြုချက်ကို လက်ခံလိုက်ပြီဖြစ်ကြောင်း မုယန်စီ သိလိုက်သည်။

ထိုအချိန်တွင် ယွဲ့ဧကရာဇ်က

“ရှင့်မှာ မဟုတ်တဲ့ အကြံအဖန်တွေ ရှိနေတယ်ဆိုတာ ကျွန်မ သိရင် ရှင်က ကောင်းကင်လူသားတစ်ယောက် ဖြစ်နေရင်တောင်မှ ရှင့်ကို သတ်ဖို့ကျွန်မနည်းလမ်းရှာမှာပါ”

ဟု အေးစက်စက်ပြောလိုက်သည်။

“နောက်တစ်ခုက ကျွန်မက ရှင့်ကို ဆရာအဖြစ် အသိအမှတ်ပြုမှာ မဟုတ်ဘူး”

ယွဲ့ဧကရာဇ်ဆီမှ ထိုစကားများကို ကြားသောအခါ မုယန်စီ မအံ့သြပေ။ သူမက

“ရှင် သုံးလိုက်တဲ့ ဓားပညာကိုကြည့်ပြီး ရှင့်မှာ တခြားကမ္ဘာက ဆရာတစ်ဦးရှိရမယ်။ ကောင်းကင်လူသားအဆင့်ကို မရောက်သေးခင်မှာတောင် ကောင်းကင်လူသားအဆင့်ရဲ့ စွမ်းအားမျိုးကို ပိုင်ဆိုင်နေတာ မဆန်းပါဘူး။”

“ကျွန်မ ရှင့်ကို အတင်းအကျပ် မလုပ်ပါဘူး။ အကယ်၍ ရှင်သာ ပိုအစွမ်းထက်တဲ့ ကျင့်စဉ်ကို လေ့လာချင်တယ်ဆိုရင်တော့ ကျွန်မကို ဆရာအဖြစ် သတ်မှတ်နိုင်ပါတယ်။”

ယွဲ့ဧကရာဇ်က မုယန်စီ၏ စကားကို ဂရုမစိုက်ပဲ

“ရှင်တို့ လွင်ပြင်ဒေသ မျိုးနွယ်စုရဲ့ နည်းဗျူဟာ ပုံစံက ကောင်းကင်လူသားရဲ့ တိုက်ခိုက်မှုတွေကို တကယ် ခုခံနိုင်သလား”

ဟု တိုက်ရိုက်မေးလိုက်သည်။

မုယန်စီက ခပ်အေးအေးပင်

“ခုခံနိုင်တာပေါ့”

ယွဲ့ဧကရာဇ်က ပြက်ရယ်ပြုသည့် လေသံဖြင့်

“အဲ့ဒါဆို ရှင်တို့ရဲ့ နည်းဗျူဟာပုံစံက ကျွန်မရဲ့ ဓားတစ်ချက်တည်းနဲ့ ဘာလို့ ပျက်စီးသွားတာလဲ။”

ယွဲ့ဧကရာဇ်၏ ပြက်ရယ်ပြုမှုကို ကြားသောအခါ မုယန်စီက ပြုံးလျက်

“ဒါက ရှင့်ရဲ့ စွမ်းအားဟာ သာမန်ကောင်းကင်လူသားတစ်ယောက်ထက် ကျော်လွန်နေပြီဆိုတာကို ပြနေတာမဟုတ်ဘူးလား။”

ယွဲ့ဧကရာဇ်သည် မုယန်စီနှင့် စကားအပို ပြောလိုခြင်း မရှိတော့ပေ။ သူမသည် သူမ၏လက်ကို ဆန့်တန်းလိုက်ပြီး

“နည်ဗျူဟာ ပုံစံကို ကျွန်မကို ပြပါ”

မုယန်စီ ပိုင်ဆိုင်ထားသည့် နည်းဗျူဟာ ပုံစံကြောင့် လွင်ပြင်ဒေသမျိုးနွယ်စုကို သူတို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အခု လွင်ပြင်ဒေသ နတ်ဘုရားမက ပူးပေါင်းရန် အဆိုပြုသောကြောင့် သူမ၏ ရိုးသားမှုကို ပြသရန် တိုက်ပွဲနည်းဗျူဟာ ပုံစံကို လွှဲပြောင်းပေးခြင်းက သဘာဝကျသည်။

ယွဲ့ဧကရာဇ်၏ စကားကို ကြားသောအခါ မုယန်စီလည်း တွန့်ဆုတ်မနေပေ။ သူမ၏ အာကာသ လက်စွပ်ထဲမှ နည်းဗျူဟာပုံစံကို ထုတ်ယူလိုက်သည်။

မုယန်စီ သူမ၏ အာကာသလက်စွပ်ထဲမှ ပစ္စည်းများကို ထုတ်ယူသည်ကို မြင်သောအခါ ယွဲ့ဧကရာဇ်၏ မျက်ခုံးများ တွန့်သွားသည်။ သူမသည် မြူခိုးဒေသတွင် နေထိုင်စဉ်ကပင် အာကာသလက်စွပ်ကို မမြင်ဖူးပေ။

သူမ၏ ဆရာကိုယ်တိုင်ပင် အာကာသလက်စွပ်မရှိပေ။ အာကာသလက်စွပ်သည် အင်အားကြီးမားသည့် ဂိုဏ်းများမှ အင်အားအကြီးဆုံးသူများသာ ပိုင်ဆိုင်ကြောင်းသူမ၏ ဆရာက ပြောခဲ့ဖူးသည်။

သူမရှေ့မှ အမျိုးသမီးတွင် ထိုပစ္စည်းမျိုးက ပိုင်ဆိုင်ထားမည်ကို သူမ မမျှော်လင့်ထားပေ။ ထိုအရာက ထိုအမျိုးသမီးသည် အထက်တန်ခိုးရှင် ကမ္ဘာတွင်တောင်မှ သာမန်မဟုတ်သော သူတစ်ဦး ဖြစ်ကြောင်း ပြသနေသည်။

ထိုသို့သောလူမျိုးက ဤကမ္ဘာသို့ မည်သို့ရောက်ရှိလာနိုင်သနည်း။ လွင်ပြင်ဒေသ နတ်ဘုရားမသည် တစ်စုံတစ်ခုကို ဖုံးကွယ်ထားနိုင်ဖွယ်ရှိကြောင်း ယွဲ့ဧကရာဇ် ခံစားမိလိုက်သည်။ ထို့ပြင် သူမကိုယ်တိုင်လည်း ထိုနတ်ဘုရားမကို သတိထားသင့်သည်။

ပူးပေါင်းဆောင်ရွက်မှုရှိမှာတော့ သေချာသည်။ လွင်ပြင်ဒေသ နတ်သမီးကိုသာ အသုံးချနိုင်ခဲ့ပါက ကျူးနိုင်ငံတော်သည် ရှနိုင်ငံတော်ကို ကြောက်ရွံ့နေစရာ မလိုတော့ပေ။

နောက်ဆုံးတွင် သူတို့နှစ်ဦးသည် အချင်းချင်း အသုံးချကြရုံသာ ဖြစ်သည်။

နှစ်ဖက်စလုံးက ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ပြီးနောက် ပူးပေါင်းဆောင်ရွက်မှု စည်းကမ်းချက်များကို ဆုံးဖြတ်ကြသည်။

အဆုံးတွင် အပေးအယူများစွာ ပြုလုပ်ပြီးနောက် လွင်ပြင်ဒေသမျိုးနွယ်စုကို ကျူးနိုင်ငံတော်၏ အုပ်ချုပ်မှုအောက်တွင် ထည့်သွင်းလိုက်သည်။ မုယန်စီက ကျူးနိုင်ငံတော်၏ နိုင်ငံတော်ပညာရှိ ရာထူးကို ရယူခဲ့ပြီး ယွဲ့ဧကရာဇ်ကမူ ဧကရာဇ်အဖြစ် ဆက်လက်အုပ်ချုပ်သည်။

ကျူးနိုင်ငံတော်နှင့် လွင်ပြင်ဒေသ မျိုးနွယ်စုကြားက စစ်ပွဲ အလွန်လျင်မြန်စွာ ပြီးဆုံးသွားသဖြင့် လူတိုင်း အံ့ဩသွားကြသည်။

သို့သော် ရှနိုင်ငံတော်နှင့် ဝူနိုင်ငံတော်ကြားက စစ်ပွဲသည်လည်း အဆုံးသို့ရောက်ရှိလုနီးပြီဖြစ်သည်။ ရှစစ်တပ်များသည် ဝူ နေပြည်တော်၏ ဂိတ်ပေါက်သို့ ရောက်ရှိနေပြီဖြစ်ပြီး ဝူနိုင်ငံတော်၏ အရေးကြီးသော နယ်စားအများစုကိုလည်း ရှနိုင်ငံတော်က ရှင်းလင်းပြီး ဖြစ်သည်။

ယခုအခါ ဝူနေပြည်တော်တွင် ထိတ်လန့်မှုများ ပျံ့နှံ့နေသည်။ အချို့သော အာဏာရှိ မိသားစုများက ထွက်ပြေးရန် စဉ်းစားကြသော်လည်း မည်သည့်နေရာသို့ ထွက်ပြေးရမည်ကို မသိကြပေ။

မြောက်ဘက်သို့ထွက်ပြေးပါက မြောက်ဘက်သည် ရှတပ်များလက်အောက်တွင် ရှိနေပြီဖြစ်ရာ ကျူးနိုင်ငံတော်သို့မရောက်မီပင် ရှစစ်သားများ ဖမ်းဆီးခံရမည်ကို စိုးရိမ်ကြသည်။

တောင်ဘက်ရှိ ကူးစက်ရောဂါ ခံစားနေရသော ချွမ်နိုင်ငံတော် တစ်ခုတည်းသာ ကျန်တော့သည်။ ရောဂါကူးစက်ခံရပြီး သေဆုံးမည့် အန္တရာယ်ကိုလည်း သူတို့ မလိုချင်ကြပေ။

ရှနိုင်ငံတော်သို့ ထွက်ပြေးဖို့တော့ သူတို့ ပို၍ပင် ဆန္ဒမရှိပေ။ အာဏာရှိ မိသားစုအများစု၏ အမြင်တွင် ရှနိုင်ငံတော်သည် သူတို့အပေါ် ပြင်းထန်သော ရန်လိုမှု ရှိနေသည်။ ထို့ပြင် ဝူနိုင်ငံတော်မှ ထိုအာဏာရှိ မိသားစုများသည် တစ်စိတ်တစ်ပိုင်းအားဖြင့် လက်ရှိအာဏာရှိသူများနှင့် ချိတ်ဆက်မှုရှိနေသောကြောင့် အလားအလာရှိသော ခြိမ်းခြောက်မှုများ ဖြစ်နိုင်သော အုပ်စုတွင် ပါဝင်နေသည်။ ရှနိုင်ငံတော်၏ လက်စားချေမှုအတွင်း သူတို့ ပစ်မှတ်ထားခံရဖွယ်ရှိ၏။ မည်သည့်နေရာတွင်မှ လွတ်ငြိမ်းချမ်းသာခွင့်ရမည်မဟုတ်ပေ။

ဝူနေပြည်‌တော်သည် နောက်ပြန်ဆုတ်၍မရသော အခြေအနေသို့ ရောက်ရှိနေသည်။ ဝူဧကရာဇ် အိပ်စက်ခြင်းမရှိသည်မှာ ရက်ပေါင်းများစွာကြာပြီဖြစ်ကာ အမျက်ဒေါသအလျှောက် သတ်ဖြတ်ခဲ့‌သော မူးမတ်မည်မျှရှိပြီကိုပင် မသိနိုင်တော့ပေ။

သို့သော် သူ မည်မျှပင် သတ်ဖြတ်နေပါစေ နီးကပ်လာသော ပျက်စီးခြင်းကိုတော့‌ ရှောင်လွှဲနိုင်မည် မဟုတ်ပေ။

………

ရက်အနည်းငယ်ကြာပြီးနောက်…

ရှနိုင်ငံတော်။

နူးညံ့သော လရောင်သည် အိပ်ရာပေါ်သို့ ကျရောက်နေကာ လူတစ်ဦး၏ ဖြူစင်ချောမွေ့သောအသားအရေပေါ် ထွန်းလင်းနေသည်။

လုချန်းနှင့် ချန်ဝမ်ရွန်တို့သည် သူတို့၏ ဆက်ဆံရေးကို လေ့ကျင့်နေကြသည်။ မကြာသေးမီက ဖြစ်ပွားခဲ့သော အရေးကြီးကိစ္စများသည် လုချန်းကို များစွာဖိစီးမှု ဖြစ်စေခဲ့ပြီး ဇနီးမယားများ၏ ရင်ခွင်ထဲတွင်သာ သက်သာမှု ရှာနေခဲ့ရသည်။

ထိုအချိန်တွင် လုချန်းသည် သူလုပ်စရာရှိသည်ကို စိတ်ဝင်တစား လုပ်ဆောင်နေသည်။ ချန်ဝမ်ရွန်က နူးညံ့သော မျက်ဝန်းများဖြင့် လုချန်းကို ကြည့်ကာ

“ကျွန်မ မကြာခင် ပြန်ရတော့မယ်”

ဟု တိုးတိုးလေး ဆိုလိုက်သည်။

ထိုစကားကို ကြားသောအခါ လုချန်း အံ့အားသင့်သွားသည်။ သူ၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်ပြီး ချန်ဝမ်ရွန်၏ မျက်လုံးများကို စိုက်ကြည့်လျက်

“ဒီလောက် မြန်မြန်ကြီးလား။”

ချန်ဝမ်ရွန်သည် သူမ၏လက်များကို မြှောက်ပြီး လုချန်း၏လည်ပင်းကို ဖက်ကာ မျက်လုံးများကို စိုက်ကြည့်ရင်း

“လျှို့ဝှက်လဝန်းနန်းတော်မှာ လုပ်စရာကိစ္စတွေ အများကြီးရှိတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်မဆရာမက နန်းတော်ရဲ့ကိစ္စတွေကို စောစောပြန်လာပြီး ရှင်းဖို့ စကားပါးလိုက်တယ်။”

ချန်ဝမ်ရွန်၏ စကားကို ကြားပြီးနောက် လုချန်းက

“လျှို့ဝှက်လဝန်းနန်းတော်က သူ့ဘာသာသူ တည်ထောင်ခဲ့တာပဲ။ ဒါပေမဲ့ တာဝန်တွေ အကုန်လုံးကို တခြားသူတွေအပေါ် ပစ်ချပြီး သူကျတော့ အေးအေးဆေးဆေး နေနေလိုက်တာ။”

သူပြောဆိုနေစဉ် လုချန်းက လက်ကိုမြှောက်ပြီး ချန်ဝမ်ရွန်၏ မျက်နှာကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး

“မင်းသာ ကိုယ့်ဘေးမှာ ထာဝရရှိနေနိုင်ခဲ့ရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။”

ချန်ဝမ်ရွန်က

“တစ်နေ့တော့ ဖြစ်လာမှာပါ။”

တစ်နေ့တွင် သူမ၏ ဆရာမသည် သူမနှင့် လုချန်းတို့ကို အကန့်အသတ်မရှိ အတူနေထိုင် ခွင့်ပြုလိမ့်မည်ဟု ချန်ဝမ်ရွန် ယုံကြည်သည်။ သူမ၏ ဆရာမသည် တစ်နေ့နေ့တွင် ဤကမ္ဘာမှ ထွက်ခွာသွားလိမ့်မည် မဟုတ်ပါလား။

ထိုအချိန်တွင် ပိုင်ချင်းချင်း၏ အသံ တံခါးအပြင်မှ ထွက်ပေါ်လာသည်။

“မင်းကြီး။ ကျူးနိုင်ငံတော်နဲ့ လွင်ပြင်ဒေသ မျိုးနွယ်စုကြားက စစ်ပွဲ ပြီးဆုံးသွားပါပြီ။ အရေးကြီး ထောက်လှမ်းရေးအစီရင်ခံစာ ရရှိထားပါတယ်။”

ဤစကားကို ကြားသောအခါ လုချန်းရင်ခုန်သွားသည်။

ပြီးဆုံးသွားပြီလား။

ဒီလောက်မြန်မြန်လား။

ကိစ္စ၏ အရေးကြီးပုံကို သိသောကြောင့် ချန်ဝမ်ရွန်က

“မင်းကြီး။ ရှင့်ကိစ္စကို အရင်လုပ်ပါ”

စိတ်တည်ငြိမ်သွားသော လုချန်းလည်း ချန်ဝမ်ရွန်၏ လှပသော မျက်နှာကို ကြည့်လိုက်ပြီးနောက် တံခါးဝရှိ ပိုင်ချင်းချင်းကို

“ကိုယ်ချက်ချင်းလာခဲ့ယ်။ သတင်းပို့သူကို စာကြည့်ခန်းမှာ စောင့်ခိုင်းလိုက်ပါ။”

ထိုစကားများဖြင့် လုချန်းက ကိုယ်ကိုင်းညွှတ်ကာ ချန်ဝမ်ရွန်၏ နှုတ်ခမ်းများကို နမ်းလိုက်ပြီးနောက် သူ၏တာဝန်များကို ပြန်လည်လုပ်ဆောင်လိုက်သည်။

လုချန်း၏ ညွှန်ကြားချက်ကို ကြားပြီးနောက် ပိုင်ချင်းချင်း နန်းတွင်းစာကြည့်ခန်းသို့ ဦးတည်သွားသည်။ သူ၏တာဝန်များ ပြီးဆုံးသွားသောအခါ နန်းတွင်းစာကြည့်ခန်းသို့ လုချန်း တိုက်ရိုက်သွားလိုက်တော့သည်။

All Chapters