← Chapters

နောက်ဆုံးတော့ သတင်းကောင်းတစ်ခု ရပြီ

Vol. 55 Ch. 814

နောက်ဆုံးတော့ သတင်းကောင်းတစ်ခု ရပြီ

Vol. 55 Ch. 814

အရေးကြီးသည့်အလုပ်တစ်ခုကို လုပ်နေစဉ် ရပ်နားခံရလိုက်ရသဖြင့် လုချန်း အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်မိသည်။ သို့သော်လည်း ဒါက ပိုင်ချင်းချင်း၏ တာဝန်ဝတ္တရားများထဲတွင် ပါဝင်သောကြောင့် သူ ဘာမှ မပြောပေ။

ထို့ပြင် ကျူးနိုင်ငံတော်နှင့် လွင်ပြင်ဒေသ မျိုးနွယ်စုများအကြား ပဋိပက္ခဆိုင်ရာ ထောက်လှမ်းရေး အစီရင်ခံစာသည် ရှနိုင်ငံတော်အတွက် အလွန်အရေးကြီးသည်။

လုချန်း နန်းတွင်းစာကြည့်ခန်းသို့ ရောက်သောအခါ လျှံဇွန်းက အစီရင်ခံစာများကို အလျင်အမြန် လက်ထဲသို့ ထိုးပေးလိုက်ပြီး တိုက်ရိုက် သတင်းပို့လိုက်သည်။

“မင်းကြီး။ ကျူးနိုင်ငံတော်နဲ့ လွင်ပြင်ဒေသ မျိုးနွယ်စုတွေ သင့်မြတ်သွားပါပြီ။ ပြီးတော့ လွင်ပြင်ဒေသရဲ့ နတ်ဘုရားမက ကျူးနိုင်ငံတော်ရဲ့ နိုင်ငံတော် ပညာရှိ ဖြစ်သွားပါပြီ။”

လျှံဇွန်း၏ သတင်းပို့စကားကို ကြားလိုက်ရသည့်အခါ အစီရင်ခံစာကို လှမ်းယူရန် ဟန်ပြင်နေသော လုချန်း၏ လက်နှစ်ဖက် လေထဲတွင် တန်းလန်းကြီး ရပ်တန့်သွားသည်။ သူက လျှံဇွန်းကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

သင့်မြတ်သွားပြီ.....

ကျူးနိုင်ငံတော်သည် လွင်ပြင်ဒေသ၏ နည်းဗျူဟာ ပုံစံများကို သိမ်းပိုက်ရန် သွားရောက်တိုက်ခိုက်ခဲ့ခြင်း မဟုတ်ပါလား။

မည်သို့များ သင့်မြတ်သွားကြသနည်း။

သင့်မြတ်ရုံသာမက လွင်ပြင်ဒေသသည် ကျူးနိုင်ငံတော်နှင့် ပူးပေါင်းသွားပြီး လွင်ပြင်ဒေသ၏ နတ်ဘုရားမက နိုင်ငံတော် ပညာရှိပင် ဖြစ်သွားပြီလား။

ဒါက...

ထိုအခြေအနေမျိုး မည်သို့ ဖြစ်ပျက်သွားသည်ကို လုချန်း နားမနိုင်လည်ပေ။

ပိုင်ချင်းချင်းက သူ့ကိုအနှောင့်အယှက်ပေးကာ လာရောက်ရှာဖွေခြင်းက မဆန်းပေ။ ဤသတင်းသည် တကယ့်ကို အံ့အားသင့်ဖွယ် ဖြစ်သည်။

လွင်ပြင်ဒေသ မျိုးနွယ်စုများနှင့် ကျူးနိုင်ငံတော် သင့်မြတ်သွားအောင် မည်သည့် အရာများ ဖြစ်ပျက်ခဲ့သနည်း။

သတိပြန်ဝင်လာသော လျှံဇွန်း၏ လက်ထဲမှ အစီရင်ခံစာကို ဆွဲယူလိုက်ပြီး ဖွင့်ဖောက်ကြည့်လိုက်ကာ အတွင်းမှ စာများကို အမြန် ဖတ်လိုက်သည်။

ခဏအကြာတွင် အခြေအနေကို သူ အကြမ်းဖျင်း သဘောပေါက်သွားသည်။

ထောက်လှမ်းရေးသတင်းအရ ယွဲ့ဧကရာဇ်နှင့် လွင်ပြင်ဒေသ နတ်ဘုရားမတို့ ရင်ဆိုင်တိုက်ခိုက်ပြီးနောက် နှစ်ဦးစလုံး တစ်ဖက်ကို တစ်ဖက် မည်သူမှ မနိုင်ကြသဖြင့် သင့်မြတ်သွားသည်ဟု ဆိုသည်။

အစီရင်ခံစာတွင် ဖော်ပြထားသည့် အကြောင်းအရာများကို ဖတ်လိုက်ပြီး လုချန်း စဉ်းစားသွားသည်။ ထိုသို့ လွယ်လွယ်ကူကူ သင့်မြတ်သွားခြင်းကို သူ မယုံနိုင်ပေ။

သင့်မြတ်သွားသည် ဆိုဦးတော့ ကျူးနိုင်ငံတော်က လွင်ပြင်ဒေသကို သိမ်းသွင်းလိုက်ခြင်းနှင့် ထိုနတ်ဘုရားမကို နိုင်ငံတော် ပညာရှိအဖြစ် ခန့်အပ်လိုက်ခြင်းက များလွန်းသည်ဟု ထင်ရ၏။

ထိုနှစ်ဦးအကြားတွင် သဘောတူညီမှု တစ်ခုခု ရှိရမည်။ တစ်စုံတစ်ရာသော အကျိုးကျေးဇူး ရှိရမည်။ တူညီသော အကျိုးစီးပွားများ ရှိမှသာ မဟာမိတ်ဖွဲ့နိုင်မည် ဖြစ်သည်။

ကျူးနိုင်ငံတော်နှင့် လွင်ပြင်ဒေသ နတ်ဘုရားမတို့ ရှနိုင်ငံတော်ကြောင့် မဟာမိတ်ဖွဲ့သွားခြင်း ဖြစ်နိုင်ကြောင်း လုချန်း သံသယဝင်လာသည်။ ရှနိုင်ငံတော်၏ လက်ရှိ အင်အားသည် အခြားနိုင်ငံများနှင့် အင်အားစုများအတွက် အလွန်ကြီးမားနေသည်ဟု ထင်ရသည်။

အစွမ်းထက်သော လက်နက်များ ပိုင်ဆိုင်ထားရုံသာမက ကောင်းကင်လူသား စွမ်းအားရှင် လေးဦးပင် ရှိနေသည်။ ဤအင်အားသည် နိုင်ငံများအားလုံးကို သိမ်းပစ်ရန် လုံလောက်သည်။

ထိုအတွေးနှင့်အတူ လုချန်း သူ၏လက်ထဲရှိ စာကို ဆက်လက်ဖတ်ရှုလိုက်သည်။ ထိုစာတွင် ယွဲ့ဧကရာဇ်နှင့် လွင်ပြင်ဒေသ နတ်ဘုရားမတို့သည် ကောင်းကင်လူသား စွမ်းအားရှင်များ ဖြစ်နိုင်ကြောင်း ရေးထားသည်။ သူတို့ တိုက်ခိုက်သောအခါ ရာသီဥတုများ ပြောင်းလဲသွားပြီး ၎င်းတို့၏ စွမ်းအားများသည် အဆင့်လွန်ပညာရှင်များ၏ စွမ်းအားထက် များစွာပိုသည်ဟု ပါရှိသည်။

ထိုအချက်တွင် လုချန်း၏ မျက်ခုံးများ တွန့်သွားသည်။ ဝူကျန်းဝမ်က ယွဲ့ဧကရာဇ် ကောင်းကင်လူသား စွမ်းအားရှင် ဖြစ်သည်ဟု သူ့အား အရင်က ပြောပြခဲ့သည်။ ထိုစဉ်က ဝူကျန်းဝမ်သည် အရိပ်အယောင် ကောင်းကင်လူသားကို တကယ့် ကောင်းကင်လူသားဟု ယူဆနေခြင်းဖြစ်နိုင်ကြောင်း သူထင်ခဲ့သည်။

ထို့နောက် ဝူကျန်းဝမ် အရိပ်အယောင် ကောင်းကင်လူသား အဆင့်သို့ ရောက်ရှိသွားသောအခါ အရိပ်အယောင် ကောင်းကင်လူသားနှင့် တကယ့် ကောင်းကင်လူသားအကြား ကွာခြားချက်ကို နားလည်ခဲ့ပြီး ယွဲ့ဧကရာဇ်သည် ကောင်းကင်လူသားအဆင့်သို့ မရောက်သေးပဲ အရိပ်အယောင် ကောင်းကင်လူသားသာ ဖြစ်လိမ့်မည်ဟု သူ့အား ပြောပြခဲ့သည်။

ယခုအခါတွင်မူ ရှနိုင်ငံတော်၏ ထောက်လှမ်းရေးများက ယွဲ့ဧကရာဇ်သည် ကောင်းကင်လူသား စွမ်းအားရှင် ဖြစ်နိုင်ကြောင်း သတင်းရရှိခဲ့ကြသည်။

ယွဲ့ဧကရာဇ်တစ်ဦး၊ လွင်ပြင်ဒေသ နတ်ဘုရားမတစ်ဦး ပေါင်းလိုက်လျှင် ကျူးနိုင်ငံတော်တွင် ကောင်းကင်လူသား စွမ်းအားရှင် နှစ်ဦး ရှိနိုင်သည်။

ထို့ပြင် လွင်ပြင်ဒေသ နတ်ဘုရားမ၏ နည်းဗျူဟာ ပုံစံများသည် ကောင်းကင်လူသား စွမ်းအားရှင်များကိုပင် ခုခံနိုင်ပုံရသည်။ နောင်တစ်ချိန်တွင် ရှနိုင်ငံတော်က ကျူးနိုင်ငံတော်ကို သိမ်းပိုက်ရန် စစ်တပ်များ စေလွှတ်သောအခါ အခက်အခဲများစွာနှင့် ကြုံတွေ့ရဖွယ် ရှိလာသည်။

ထိုအတွေးတစ်ခုတည်းနှင့်ပင် လုချန်း ခေါင်းကိုက်သွားသည်။

သူ၏ ကမ္ဘာကို ပေါင်းစည်းရေး လုပ်ငန်းစဉ် အရှိန်အဟုန်က ထပ်မံ နှေးသွားပုံရသည်။

ဝူနိုင်ငံတော်သည် ကျရှုံးလုနီးပြီ ဖြစ်သော်လည်း ကျူးနိုင်ငံတော်နှင့် ချွမ်နိုင်ငံတော်တို့တွင် ရင်ဆိုင်ရမည့် နောင်လာမည့် စိန်ခေါ်မှုများက မသေးငယ်ပေ။ မည်သူနှင့် ရင်ဆိုင်ရသည်ဖြစ်စေ အခက်အခဲတစ်မျိုးစီ ရှိနေသည်။

ထိုအချိန်တွင် နန်းတွင်းစာကြည့်ခန်း အလွန်တိတ်ဆိတ်နေသည်။ လုချန်းသည် သူ၏ လက်ထဲမှ ထောက်လှမ်းရေး အစီရင်ခံစာကို ဆက်လက်ဖတ်ရှုနေပြီး အချိန်အတော်ကြာအောင် စကားမပြောပေ။

ထို့နောက် အမျိုးသမီး ကိုယ်ရံတော်တစ်ဦး၏ အသံ တံခါးဝမှ ထွက်ပေါ်လာသည်။

“မင်းကြီး။ ဝူနိုင်ငံတော်က စစ်‌ရေးအစီရင်ခံစာ ရောက်ပါပြီ။”

ထိုအသံကို ကြားသောအခါ လုချန်း သတိပြန်ဝင်လာပြီး တံခါးဝဘက်သို့ လှည့်၍

“ယူခဲ့ပါ”

နောက်တစ်ခဏတွင် ထိုအမျိုးသမီး ကိုယ်ရံတော် နန်းတွင်းစာကြည့်ခန်းသို့ ဝင်လာကာ အသစ်ရောက်ရှိလာသော အစီရင်ခံစာကို လုချန်းထံသို့ ပေးလိုက်သည်။ ထိုစာကို ဖွင့်ကြည့်လိုက်သောအခါ မုချန်တိန် စစ်မြေပြင်မှ ပေးပို့လိုက်သည့် အစီရင်ခံစာဖြစ်နေသည်ကို တွေ့ရသည်။

ရှနိုင်ငံတော် စစ်တပ်သည် ဝူနိုင်ငံတော်၏ နေပြည်တော်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ဝူနိုင်ငံတော် ကျဆုံးရန် နောက်ဆုံးခြေလှမ်းတစ်ခုသာ လိုတော့သည်။

မုချန်တိန်၏ စစ်‌ရေးအစီရင်ခံစာကို လက်ခံရရှိသောအခါ လုချန်းက

“နောက်ဆုံးတော့ သတင်းကောင်းတစ်ခုတော့ ရပြီ။”

ဝူနိုင်ငံတော်ကို သိမ်းပြီးသည်နှင့် ကျူးနိုင်ငံတော်ကို ဆက်သိမ်းရန် စဉ်းစားနိုင်သည်။

ကျူးနိုင်ငံတော်တွင် ကောင်းကင်လူသား စွမ်းအားရှင် နှစ်ဦး ရှိနေပြီ ဖြစ်သော်လည်း မည်သည့် အခက်အခဲကမှ လုချန်းကို တားဆီးနိုင်မည် မဟုတ်ပေ။ မြူခိုးဒေသ၏ ကန့်သတ်ချက်များ ပျောက်ကွယ်တော့မည်ဖြစ်၏။ ဤကမ္ဘာကို သတ်မှတ်ထားသော ကာလတစ်ခုအတွင်း သူရအောင် ပေါင်းစည်းရမည် ဖြစ်သည်။ ထို့နောက် ကမ္ဘာ၏ အလုံးစုံတိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ရန် အရင်းအမြစ်များကို ပေါင်းစပ်ရမည်။

ဤသို့ လုပ်ခြင်းဖြင့်သာ မြူခိုးဒေသမှ ရန်သူများကို တိုက်ခိုက်နိုင်မည် ဖြစ်သည်။

အရေးအကြီးဆုံးအချက်က သူ ဤကမ္ဘာကို ပေါင်းစည်းနိုင်မှသာ သူ၏ ကျင့်စဉ်နယ်ပယ် ကောင်းကင်လူသား အဆင့်သို့ တိုးတက်နိုင်မည် ဖြစ်သည်။

သို့ဖြစ်၍ လုချန်း၏ မျက်လုံးထဲတွင် ကောင်းကင်လူသား စွမ်းအားရှင်နှစ်ဦးသည် ခြိမ်းခြောက်မှု မဟုတ်ပေ။ ထိုသူတို့နှင့် ရင်ဆိုင်ရခြင်းက အနည်းငယ် ခက်ခဲနိုင်သော်လည်း သူသည် ကောင်းကင်လူသား စွမ်းအားရှင် လေးဦးကို အမိန့်ပေးနိုင်သည့်အပြင် သူကိုယ်တိုင်ပင် ကောင်းကင်လူသား တစ်ဦးကို သတ်နိုင်သော စွမ်းအားတစ်ခု ပိုင်ဆိုင်ထားသည်။ သူ၏ လက်ထဲရှိ လူသတ်လှံသည် ကစားစရာ သေနတ်တစ်လက် မဟုတ်ပေ။

ထို့နောက် လုချန်းက သူကိုင်ထားသော ထောက်လှမ်းရေး အစီရင်ခံစာနှစ်ခုကို လျှံဇွန်းသို့ ပေးလိုက်သည်။

“ဒီ အစီရင်ခံစာနှစ်ခုကို ပညာရှိကြီး ကျူးကဲ့နဲ့ ပညာရှိကြီး စစ်တူတို့ကို သွားပေးလိုက်ပါ။”

လျှံဇွန်းက လုချန်း၏ လက်ထဲမှ အစီရင်ခံစာများကို ယူလိုက်ပြီး အရိုအသေပြုကာ

“ဟုတ်ကဲ့ မင်းကြီး။ ကျွန်တော့်ကို ခွင့်ပြုပါ”

လျှံဇွန်း နန်းတွင်းစာကြည့်ခန်းမှ ထွက်သွားပြီးနောက် လုချန်းလည်း သူ၏ ကိုယ်ပိုင်အရေးကိစ္စများကို ဆက်လက်လုပ်ဆောင်ရန် ချန်ဝမ်ရွန်၏ အခန်းသို့ ပြန်သွားသည်။

…….

ထိုအတောအတွင်း…

ဝူနိုင်ငံတော်။

နေပြည်တော်။

နေပြည်တော်သည် စည်းစနစ် လုံးဝပျက်ပြားသွားခဲ့ပြီဖြစ်သည်။ လူသတ်မှု၊ လုယက်မှုများကို ဘယ်သူမှ ဂရုမစိုက်တော့ပေ။ နေပြည်တော်၏ အာဏာရှိ မိသားစုများ အားလုံးသည် ထွက်ပြေးရန်သာ စဉ်းစားနေကြပြီး နေပြည်တော်၏ အရေးများကို အာရုံမထားနိုင်တော့ပေ။

ဝူနိုင်ငံတော်၏ တော်ဝင်မိသားစုဝင်များလည်း အကြီးအကျယ် ထိတ်လန့်နေကြသည်။ ကောင်းကင်လူသား စွမ်းအားရှင် ဝူနိုင်ငံတော်သို့ ရောက်လာပြီးနောက် ယခုလိုနေ့မျိုးကို သူတို့ ကြိုတင်မျှော်လင့်ထားကြသော်လည်း ဤမျှမြန်ဆန်စွာ ရောက်ရှိလာမည်ကိုတော့ မည်သည့်အခါကမှ မစဉ်းစားမိခဲ့ကြပေ။

ယခုတွင်မူ သူတို့မှာ ထွက်ပြေးရန် နေရာပင် မရှိတော့ပေ။

ခဏအကြာတွင် နေပြည်တော်၏ ကောင်းကင်သည် မှောင်မိုက်သော တိမ်များဖြင့် ဖုံးလွှမ်းသွားပုံရပြီး လူတို့၏ စိတ်နှလုံးများတွင် စိတ်ပျက်အားငယ်မှု မြောက်မြားစွာ ပြည့်နှက်နေတော့သည်။

ယခု ဝူနိုင်ငံတော်၏ ဝန်ကြီးများကလည်း ဝူဧကရာဇ်ကိုသာ စောင့်ကြည့်နေကြပြီး သူ မည်သည့်ဆုံးဖြတ်ချက် ချမည်ကို သိလိုကြသည်။

အဆုံးစီရင်မည်လား....

သို့မဟုတ် လက်နက်ချမည်လား.....

ဝူဧကရာဇ်၏ စရိုက်ကို ထောက်ရှုလျှင် အဆုံးစီရင်နိုင်ဖွယ် ရှိသည်။ သူ၏ဘိုးဘေးဘီဘင်များ တည်ထောင်ခဲ့သော နိုင်ငံတော်သည် သူ၏ လက်ထဲတွင် ဖျက်ဆီးခံရတော့မည်ဖြစ်သည်။ သူသည် အလွန်မာနကြီးသူတစ်ဦး ဖြစ်သည်။

ဝူဧကရာဇ် မိမိကိုယ်ကို အဆုံးစီရင်သည်နှင့် တစ်ပြိုင်နက် မြို့တံခါးများကို ဖွင့်၍ လက်နက်ချရန် ဝန်ကြီးများကြား ဆုံးဖြတ်ပြီးသား ဖြစ်သည်။

လက်ရှိအချိန်တွင် ဝန်ကြီးများက မြို့တံခါးများကို ဖွင့်ပေးပြီး ရှနိုင်ငံတော် စစ်တပ်ကို ပေးမဝင်ရသေးခြင်း၏ အကြောင်းရင်းမှာ ရှစစ်တပ်ကို ခုခံနေခြင်း မဟုတ်ပေ။ ရှနိုင်ငံတော် စစ်တပ်တွင် နန်းမြို့အတွင်းသို့ ဖောက်ဝင်နိုင်သော အင်အား ရှိကြောင်း သူတို့အားလုံး နားလည်ထားကြပြီးဖြစ်သည်။ ရှနိုင်ငံတော် စစ်တပ်သည် ဝူဧကရာဇ်၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေခြင်းကြောင့်သာ မလှုပ်ရှားသေးခြင်း ဖြစ်၏။

ရှနိုင်ငံတော်က ဝူနိုင်ငံတော်ကို အလျင်အမြန်တိုက်ရိုက်ဖျက်ဆီးလိုခဲ့ပါက ရှနိုင်ငံတော်၏ ကောင်းကင်လူသား စွမ်းအားရှင်များ ဝူနိုင်ငံတော်သို့ ရောက်လာစဉ်ကပင် ပြုလုပ်နိုင်ခဲ့သည်။ ယခုအချိန်အထိ စောင့်ဆိုင်းနေစရာ မလိုချေ။

…….

ထိုညတွင်...

ဝူနန်းမြို့တော်ရှိ လူတိုင်း၏ မျက်လုံးများသည် နန်းတော်ကိုသာ စူးစိုက်ကြည့်နေကြသည်။

လူတိုင်းက ဝူဧကရာဇ်၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြသည်။

နန်းတော်အတွင်းတွင် ဝူဧကရာဇ်သည် နဂါးပလ္လင်ပေါ်တွင် ထိုင်နေပြီး ဗလာဖြစ်နေသော နန်းတွင်းခန်းမကို ကြည့်၍ အတွေးထဲ နစ်မြောနေသည်။

အချိန်အတော်ကြာပြီးနောက် ဝူဧကရာဇ်၏ သားသမီးများ ခန်းမဆောင်သို့ ရောက်လာကြသည်။

ဝူဧကရာဇ်၏ သားသမီးများသည် ခန်းမဆောင်ထဲတွင် ရပ်နေကြပြီး သူတို့၏ ခန္ဓာကိုယ်များကလည်း တုန်ယင်နေကြသည်။ ဤနောက်ဆုံးအချိန်တွင် ဝူဧကရာဇ် မည်သို့သော စိတ်ရူးပေါက် လုပ်ရပ်များ ပြုလုပ်နိုင်သည်ကို သူတို့ မသေချာကြပေ။

မည်သို့ပင်ဆိုစေ သူတို့၏ နိုင်ငံသည် ပြိုလဲတော့မည် ဖြစ်ပြီး အချို့သော ဘုရင်များသည် သူတို့၏ နိုင်ငံများ မကျဆုံးမီတွင် သူတို့၏ သားသမီးများကို အရှက်ရစေခြင်းမှ ကာကွယ်ရန် သတ်ပစ်တတ်ကြသည်။

ဝူဧကရာဇ်သည်လည်း ထိုကဲ့သို့သော လူစားမျိုး ဖြစ်သည်။

ဝူဧကရာဇ်က သူ၏ သားသမီးများကို တစ်ချက် ကြည့်လိုက်ပြီး

“မင်းတို့ အသက်ရှင်ချင်ကြသလား။”

ဤမေးခွန်းကို ကြားသောအခါ မင်းသားများနှင့် မင်းသမီးများ တစ်ညီတစ်ညွတ်တည်း ဒူးထောက်လိုက်ကြသည်။ မင်းသား ဝူမင်းက ကြောက်ရွံ့သောအသံဖြင့်

“ဖခင်။ ကျွန်တော်တို့ကို လက်နက်ချခွင့်ပေးပါ။”

“ဝူကျန်းဝမ်က ဆွမ်ဧကရာဇ်ရဲ့ မိဖုရား ဖြစ်နေပါပြီ။ ကျွန်တော်တို့ လက်နက်ချလိုက်တာနဲ့ အနာဂတ်မှာ အခွင့်အရေး ရနိုင်ပါသေးတယ်။”

All Chapters