← Chapters

မုယုံရွှီကို ပန်းချီဆွဲခိုင်းရန် ရှာဖွေခြင်း

Vol. 55 Ch. 822

မုယုံရွှီကို ပန်းချီဆွဲခိုင်းရန် ရှာဖွေခြင်း

Vol. 55 Ch. 822

ရန်ခရိုင်။

နန်းတော်အတွင်း၌။

လုချန်းသည် မုယုံရွှီ၏ နောက်၌ ရပ်နေပြီး စုတ်တံတစ်ချောင်းကို ကိုင်ထားကာ သူမ၏ ကျောက်စိမ်းကဲ့ ချောမွေ့သော ကျောပြင်ပေါ်၌ တစ်ခုခုကို ရေးဆွဲနေသည်။

ထိုအခိုက်၌ လုချန်းက မေးလိုက်၏။

“ပညာရှင်တွေကို သင်ပေးတာ တိုးတက်မှု ဘယ်လိုလဲ။”

အခြေခံအသိပညာအချို့ကို မုယုံရွှီအား သင်ကြားပေးခဲ့ပြီးနောက် သူမသည် ရှနိုင်ငံတော်မှ လက်မှုပညာရှင်များကို စတင် လေ့ကျင့်ပေးနေသော ဆရာမတစ်ဦး ဖြစ်လာခဲ့သည်။

၎င်းတို့အားလုံးသည် စနစ်မှ သေချာရွေးချယ်ထားသော ပညာရှင်များဖြစ်ကြပြီး လုချန်းအပေါ်၌ အကြွင်းမဲ့ သစ္စာရှိကြသည်။ သူတို့သည် ရှနိုင်ငံတော်ကို ဘယ်တော့မှ သစ္စာဖောက်မည်မဟုတ်ပေ။

လုချန်း၏ မေးမြန်းမှုကို ကြားသောအခါ အိပ်ရာပေါ်၌ တိတ်ဆိတ်စွာ လဲလျောင်းနေသော မုယုံရွှီသည် သူမ၏ ခေါင်းကို အနည်းငယ် လှည့်လိုက်ပြီး ရေးဆွဲနေသော လုချန်းကို ကြည့်ကာ ပြန်ဖြေလိုက်သည်။

“လက်မှုပညာရှင်တွေက အတော်လေး ထက်မြက်ကြပြီး သင်ကြားမှုတွေကို မြန်မြန် လိုက်နိုင်ကြတယ်။ မကြာခင် သူတို့ကိုယ်တိုင် လေ့လာနိုင်ပါလိမ့်မယ်”

မုယုံရွှီသည် လက်မှုပညာရှင်များကို အခြေခံအသိပညာများကိုသာ သင်ကြားပေးသည်။ တိကျသော အသိပညာများအတွက်မူ ရှတော်ဝင်စာကြည့်တိုက်၌ သူတို့ကိုယ်တိုင် လေ့လာရမည် ဖြစ်သည်။

မုယုံရွှီ၏ အဖြေကို ကြားသောအခါ လုချန်းသည် စိတ်ထဲ အလွန်ကျေနပ်သွားသည်။ သူ၏ စိတ်ကူးမှာ မုယုံရွှီအား လက်မှုပညာရှင်များကို လေ့ကျင့်ပေးစေပြီး ထိုလက်မှုပညာရှင်များကို ရှနိုင်ငံတော် တစ်ဝန်းလုံး၌ တည်ထောင်ထားသော ကျောင်းအမျိုးမျိုးတွင် ဆရာများအဖြစ် အမှုထမ်းစေကာ အသိပညာများကို လက်ဆင့်ကမ်းပေးရန် ဖြစ်သည်။

ဤနည်းဖြင့် ဤကမ္ဘာမှ လူများ မကြာမီတွင် ခေတ်သစ်အသိပညာ အများအပြားကို လက်ခံနိုင်မည်ဖြစ်ပြီး နှစ်ရာဂဏန်းအတွင်းစက်မှုခေတ်သို့ပင် ဝင်ရောက်နိုင်မည်ဖြစ်သည်။

ဤအရာများသည် လုချန်း၏အတွေးများသာဖြစ်သည်။ ဤကမ္ဘာ၏စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုသည် အကြောင်းရင်းများစွာပေါ်တွင် မူတည်နေသေးသည်။

ထိုအခိုက်၌ လုချန်းက ပြုံးပြီး ပြောလိုက်၏။

“အဲဒီ လက်မှုပညာရှင်တွေ လုံလောက်အောင် သင်ယူပြီးတာနဲ့ နောက်ထပ် သင်ကြားပေးဖို့ မင်းကို လူစာရင်းတစ်ခု ပေးမယ်။ နောက်ပိုင်းမှာ အဲဒီ လေ့ကျင့်ထားတဲ့ လက်မှုပညာရှင်တွေကို အခြေခံအသိပညာတွေ ပြန်သင်ကြားပေးဖို့ တာဝန်ပေးနိုင်ပြီ။”

မုယုံရွှီက မဲ့၍ ပြောလိုက်၏။

“ကျွန်မ နားလည်ပါတယ်”

သူမ၏ စကားဆုံးသွားပြီးနောက် လုချန်း၏ လက်က မုယုံရွှီ၏ တင်ပါးပေါ်သို့ အရှိန်အဟုန်နှင့် ကျရောက်လာသည်။ သူမ၏ ကျောပြင်ကို ကြည့်ရင်း လုချန်းရေရွတ်လိုက်၏။

“ကျိန်စာပုံစံက ကျောပေါ်မှာ ရှိနေရင် အရမ်းကောင်းမှာပဲ”

လုချန်း ရည်ညွှန်းသော ကျိန်စာပုံစံသည် မုယုံရွှီ၏ ဝမ်းဗိုက်အောက်ပိုင်းပေါ်ရှိ ပုံစံဖြစ်သည်။ ထိုမှတ်ချက်ကို ကြားသောအခါ မုယုံရွှီက လုချန်းကို အေးစက်စက် ကြည့်လိုက်သည်။ ဤလူဆိုးသည် အမြဲတမ်း တစ်ခုခုကို ကြံစည်နေတတ်သည်။

သူ၏ စကားများဆုံးပြီးနောက် လုချန်းက သူ၏ လက်ကို မြှောက်လိုက်ပြီး စိတ်ဝိညာဉ်စွမ်းအင်ကို အသက်သွင်းလိုက်သည်။ နောက်တစ်ခဏ၌ သေသပ်သော စုတ်တံတစ်ချောင်းနှင့် မှင်ပုလင်းတစ်လုံး မုယုံရွှီ၏ စာအုပ်စင်မှ ပျံသန်းသည်။

မင်သည် သာမန်မင် အနက်ရောင်ဖြစ်သော်လည်း စိတ်စွမ်းအားနှင့်ရောစပ်လိုက်ပါက အရေပြားပေါ်တွင် ကြာရှည်စွာတည်ရှိနေနိုင်သည်။

ထို့နောက် လုချန်းက သေသပ်သော စုတ်တံကို ကောက်ယူကာ အနက်ရောင်မှင်၌ တို့လိုက်ပြီး မုယုံရွှီ၏ ကျောက်စိမ်းကဲ့သို့ ချောမွေ့သော ကျောပြင်ပေါ်၌ ကျိန်စာပုံစံကို စတင်ရေးဆွဲရန် ကုန်းလိုက်သည်။

မုယုံရွှီ ဒူးထောက်နေဆဲဖြစ်သည်။ သူမသည် လုချန်း၏ လုပ်ရပ်များကို အာရုံမစိုက်တော့ပေ။ သူမ ယခုနေသားကျနေပြီဖြစ်သည်။ သူ့လုပ်ချင်ရာ လုပ်ခွင့်ပြုထားသည်။

ထို့နောက် မုယုံရွှီက သူမ၏ ခေါင်းကို နောက်သို့လှည့်ကာ ပြောလိုက်သည်။

“ဘေးခန်းက မိန်းမက ကျွန်မကို အမြဲတမ်း လှောင်ပြောင်နေတယ်။ သူ့ကို ဘယ်တော့ ကိုင်တွယ်မှာလဲ။”

မုယုံရွှီအတွက် လုချန်း တစ်ခါတစ်ရံ လာရောက်လည်ပတ်ခြင်းက လုံလောက်သည်။ ယခု ဤလူသည် မကြာခဏဆိုသလို သူမ ကိုယ်ဝန်ရစေရန် လာရောက်ကြိုးစားနေသည်။

သူမ လုချန်းကို အကြိမ်ကြိမ် တောင်းပန်ခဲ့သော်လည်း သူက သူမ ကိုယ်ဝန်မရမချင်း အနားနေတော့မည် မဟုတ်သကဲ့သို့ ဖြစ်နေသည်။

ရလဒ်အနေဖြင့် ယခု သူမ အပြင်ထွက်သည့်အခါတိုင်း သူမသည် ပန်းတစ်ရာ ဂေဟာမှ ရမ္မက်ကြီးသော မိန်းမများထက် မပိုဟု ဝူကျန်းဝမ်၏ လှောင်ပြောင်မှုကို ခံနေရသည်။

အကူအညီမဲ့နေသည်ဟု မုယုံရွှီ ခံစားရသည်။ သူမ အမှန်တကယ် ကိုယ်ဝန်ရလိုသော်လည်း သူမ၏ ဝမ်းဗိုက်က တုံ့ပြန်မှု မရှိခဲ့ပေ။ သူမ ဘာလုပ်နိုင်မည်နည်း။

သူမလည်း စိတ်ဓာတ်ကျမိသည်။ ဝူကျန်းဝမ်ကဲ့သို့ အရိပ်အယောင် ကောင်းကင်လူသားပင် ကလေးရခဲ့ပြီးပြီဖြစ်သည်။ သို့သော် သူမက အဘယ်ကြောင့် ကိုယ်ဝန်မရနိုင်ရသနည်း။

ပြဿနာကို အခြားနေရာသို့ လွှဲပြောင်းရန် မုယုံရွှီ စဉ်းစားနေသည်။ လုချန်း ဘေးခန်းသို့ သွား‌အောင် စည်းရုံးကြည့်ဖို့ ကြံလိုက်သည်။

မုယုံရွှီ၏ စကားများကို ကြားလိုက်သည်နှင့် လုချန်းလည်း သူမ၏ ကြံစည်မှုလေးကို ချက်ချင်းပင် သိမြင်လိုက်သည်။ ထိုမိန်းမလှက ပြဿနာကို လမ်းလွှဲလိုနေသည်။

ထို့နောက် လုချန်းက

“မင်းသိတဲ့အတိုင်း သူက ကိုယ့်ကလေးကို လွယ်ထားတယ်။ ကိုယ် သူ့ကို ဒုက္ခအရမ်း ပေးချင်ရင်‌တောင် ဒီအချိန်မှာ ဘာမှ မလုပ်ပါဘူး။ ကိုယ်က သားရဲတိရစ္ဆာန်တစ်ကောင် မဟုတ်ဘူး။”

ထိုစကားကို ကြားသောအခါ မုယုံရွှီ၏ စိတ်ထဲ နှာခေါင်းရှုံ့လိုက်သည်။ သူမ၏ အမြင်၌ ဤသူသည် သားရဲတိရစ္ဆာန်နှင့် မခြားနားပေ။ ထိုသားရဲတိရစ္ဆာန်များပင် သူ့ကို ယှဉ်နိုင်မည်မဟုတ်ပေ။

မုယုံရွှီက ဆက်ပြောလိုက်သည်။

“မင်းကြီးရဲ့ မိဖုရားဆောင်မှာ မိဖုရားတွေ အများကြီး ရှိနေလျက် ကျွန်မဆီကိုပဲ ဆက်တိုက် လာနေတယ်။ အချိန်ကြာလာရင် သူတို့မှာ မကျေနပ်ချက်တွေ ရှိလာလိမ့်မယ်။”

လုချန်းက ပုံမှန်အတိုင်း ပြန်ဖြေလိုက်၏။

“သူတို့ ဘာမကျေနပ်တာတွေ ရှိနိုင်မှာလဲ။ တစ်ယောက်ယောက်က မကျေနပ်ဖြစ်လာရင် သူ့ဆီ ဆယ်ရက်ဆက်တိုက် သွားလိုက်မယ်။ အဲ့ဒီအခါကျရင် မကျေနပ်တာဘာမှ ရှိတော့မှာ မဟုတ်ဘူး။”

မုယုံရွှီ လုံးဝ စကားမဲ့သွားသည်။ ဤလူသည် အမှန်တကယ်ပင် သူမ ကိုယ်ဝန်ရစေချင်နေသည်။

မုယုံရွှီက

“တချို့အရာတွေကို အတင်းအကျပ် လုပ်လို့ မရပါဘူး မင်းကြီး။ အဆင့်နယ်ပယ်မြင့်တဲ့ သိုင်းပညာရှင်တွေ ကိုယ်ဝန်ရဖို့ လွယ်တာ မဟုတ်ဘူးဆိုတာ မင်းကြီး သိပါတယ်”

လုချန်းက ပုံမှန်အတိုင်း ပြောလိုက်၏။

“ဟုတ်ပါတယ်။ အဆင့် နယ်ပယ်မြင့်တဲ့ သိုင်းပညာရှင်တွေ ကိုယ်ဝန်ရဖို့ မလွယ်ဘူးဆိုတာ ကိုယ်သိပါတယ်။ ဒါပေမဲ့ ကြိုးစားမှုများလေလေ ဖြစ်နိုင်ခြေ ပိုများလေလေပဲ”

“မင်းက ကိုယ်ဝန်ရဖို့ အခွင့်အလမ်း နည်းတော့ ကိုယ်က ဒီကို ပိုလာရမယ်။ မဟုတ်ရင် မင်း ကိုယ်ဝန်ရဖို့ ဘယ်နှစ်နှစ်တောင် ကြာသွားမလဲ မသိနိုင်ဘူး။”

လုချန်း၏ စကားများကို ကြားသောအခါ မုယုံရွှီလည်း ပြန်မပြောတော့ပဲ လုချန်း ရေးဆွဲသည်ကို စောင့်ဆိုင်းရင်း တိတ်ဆိတ်စွာ လဲလျောင်းနေသည်။

လုချန်းသည် မည်မျှကြာအောင် ရေးဆွဲနေခဲ့သည်မသိ နောက်ဆုံးတွင် မုယုံရွှီ ကျောပေါ်မှ ကျိန်စာပုံစံကို အဆုံးသတ်လိုက်သည်။ သူမ၏ ဖြူဖွေးသော အသားအရေပေါ်ရှိ လှပပြီး ရှုပ်ထွေးသော အနက်ရောင် ကျိန်စာပုံစံကို မြင်သောအခါ လုချန်း၏ ဦးနှောက် ရုတ်တရက် ဝေဝါးသွားပြီး ရိုင်းစိုင်းသော စိတ်ခံစားမှုများ သူ့အတွင်း၌ ထွက်ပေါ်လာသည်။

လုချန်း ခဏခန့် ရပ်တန့်သွားသည်။

ထိုအခိုက်၌ မုယုံရွှီသည်လည်း မူမမှန်မှုကို သတိပြုမိသည်။ လုချန်း ရေးဆွဲခြင်းကို ရပ်တန့်သွားသည်ကို မြင်သောအခါ သူမ သူ့ကို ထပ်မံလှည့်ကြည့်လိုက်သည်။ သူ၏ မျက်လုံးများ နီမြန်းနေသည်ကို သူမ သတိထားမိသည်။

ဤမြင်ကွင်းကို မြင်ပြီးနောက် မုယုံရွှီ ထိတ်လန့်သွားပြီး အော်လိုက်၏။

“မင်းကြီး ဘာဖြစ်တာလဲ”

မုယုံရွှီ စကားမဆုံးမီ လုချန်းက လက်ဝှေ့ယမ်းလိုက်ရာ သူ၏ ဘေးနားရှိ စုတ်တံများနှင့် မှင်များ အားလုံးသည် အခန်းထဲမှ စားပွဲဆီသို့ ပျံသန်းသွားကြသည်။

အော်ဟစ်ပြီးနောက် မုယုံရွှီ လုချန်းကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ သို့သော် သူက သူမ၏ အကြည့်ကို လျစ်လျူရှုကာ သူ၏ ကိုယ်ပိုင်ကိစ္စများကို စတင်ဆောင်ရွက် တော့သည်။

အချိန်မည်မျှကြာသည်ကို မသိပေ။ လုချန်းအနည်းငယ် သတိပြန်ဝင်လာသည်။ ကျိန်စာပုံစံသည် ယောက်ျားများ၏စိတ်ကို ထိန်းချုပ်ရန် ဖြစ်သည်ဟု ပြောဆိုကြသည်။ သူသည် အဆိပ်အားလုံးကို ခုခံနိုင်သော်လည်း ၎င်း၏ အကျိုးသက်ရောက်မှုကို ခံနေရလားဟု သူ့ကိုယ်သူ သံသယရှိလာခဲ့သည်။

ယခု ကျိန်စာပုံစံက အကျိုးသက်ရောက်မှု အချို့ ရှိနေပုံရသည်။ ယင်းသည် လူတစ်ဦး၏ စိတ်ခံစားချက်များကို အမှန်ပင် လွှမ်းမိုးနိုင်သည်။ အနည်းဆုံးတော့ သူ့ကို ပို၍ဒေါသထွက်စေသည်။

ကျိန်စာပုံစံကို ဝမ်းဗိုက်ပေါ်တွင် ရေးဆွဲခဲ့ခြင်းက ယွဲ့ဧကရာဇ်၏ အမှားဖြစ်သည်။ တကယ်တော့ ကျောပေါ်တွင် ရေးထိုးသောအခါ သက်ရောက်မှုများ ပိုမိုကောင်းမွန်ပုံရသည်။

…….

နံနက်စောစော။

လုချန်း ထလာသောအခါ သူ၏ ဘေးနားရှိ လုံးဝ မလှုပ်နိုင်တော့သော မုယုံရွှီကို ကြည့်လိုက်သည်။

ယင်းကို မြင်သောအခါ လုချန်း အလွန်ကျေနပ်သွားပြီး ပြုံး၍ ပြောလိုက်၏။

“ရွှီ။ မင်းရဲ့ ခန္ဓာကိုယ်က တကယ်ကို နူးညံ့တာပဲ။”

ယင်းကို ကြားသောအခါ မုယုံရွှီ ပင်ပန်းနွမ်းနယ်စွာ ခေါင်းကို လှည့်လိုက်ပြီး အားပျော့စွာ ပြောလိုက်သည်။

“မင်းကြီးက ကျွန်မကို အရုပ်တစ်ရုပ်လို ဆက်ဆံနေတာပဲ”

လုချန်းက

“မင်းက ကိုယ့်ရဲ့ မိဖုရားပါ။ ဘယ်လိုလုပ် မင်းကို အရုပ်တစ်ရုပ်လို ဆက်ဆံနိုင်မှာလဲ။”

မုယုံရွှီက သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။

“အခု ကျွန်မ မင်းကြီးရဲ့ လက်ထဲရောက်နေပြီဆိုတော့ မင်းကြီး လုပ်ချင်တာ လုပ်နိုင်ပါတယ်။”

မုယုံရွှီသည် သူမ၏ ကံကြမ္မာကို လက်ခံလိုက်ပြီဖြစ်သည်။ သူမ၏ စိတ်များ ဝေဝါး၍ မကြည်မလင်ဖြစ်နေ၏။ သူမ အခုအလိုချင်ဆုံးက ကောင်းမွန်စွာ အိပ်စက်ရခြင်း ဖြစ်သည်။

မုယုံရွှီ အလွန်ပင်ပန်းနေသည်ကို လုချန်းသတိပြုမိသွားပြီး

“ကောင်းကောင်း အနားယူပါ။ ကိုယ်ကတော့ ဒီနေ့ နန်းတွင်းအစည်းအ‌ဝေး တက်ရဦးမယ်ဆိုတော့ ထရတော့မယ်”

ထို့နောက် လုချန်း ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ မုယုံရွှီ အလွန်အနားယူလိုနေသော်လည်း လုချန်း ထလိုက်သည်နှင့် သူမသည်လည်း ထရပ်ကာ သူ့ကို အဝတ်အစားများ ဝတ်ဆင်ပေးလိုက်သည်။

All Chapters