ကျွန်မလည်း ကျူးနိုင်ငံတော်ကို လိုက်မယ်
Vol. 55 Ch. 825
လုချန်းသည် ယွမ်ရှန်ရှန်အပေါ် ဒေါသပေါက်ကွဲခွင့် မရသဖြင့် ထိုဒေါသများက ချန်ဝမ်ရွန်နှင့် လင်ဝမ်ရွန်အပေါ်သို့ ရောက်ရှိသွားတော့သည်။ ချန်ဝမ်ရွန်နှင့် လင်ဝမ်ရွန်တို့ လျှို့ဝှက်လဝန်းနန်းတော်သို့ မပြန်ခင် ကာလအတွင်း လုချန်း၏ အကြိမ်ကြိမ် ဆက်ဆံမှုကို ခံခဲ့ရသည်။
ရက်အနည်းငယ်ကြာပြီးနောက် အပြည့်အဝ ကျေနပ်မှုရှိစွာဖြင့် ချန်ဝမ်ရွန်နှင့် လင်ဝမ်ရွန်တို့ ရှနိုင်ငံတော်မှ ထွက်ခွာသွားခဲ့ကြသည်။
သူတို့ထွက်ခွာသွားပြီးနောက် ရှနိုင်ငံတော်နှင့် ကျူးနိုင်ငံတော်အကြား စစ်ပွဲ စတင်တော့မည်ဖြစ်သည်။
ဝူနိုင်ငံတော်ကို စစ်ကြေညာခဲ့သကဲ့သို့ပင် ယခုတွင်လည်း စစ်ကြေညာစာကို ထုတ်ပြန်ကာ စစ်ပွဲစတင်ခဲ့သည်။ ထိုကြေညာစာတွင် ကျူးနိုင်ငံတော်နှင့် လွင်ပြင်ဒေသ မျိုးနွယ်စုများ မဟာမိတ်ဖွဲ့ခြင်းကို စစ်ပွဲအတွက် အကြောင်းပြချက်အဖြစ် အသုံးပြုခဲ့သည်။
ကျူးနိုင်ငံတော် မတည်ထောင်မီက လွင်ပြင်ဒေသ မျိုးနွယ်စုများသည် ထိုဒေသကို အကြိမ်ကြိမ် ဖျက်ဆီးခဲ့ပြီး ကျူးနိုင်ငံတော်မှ ပြည်သူများကို ကြီးစွာသော ဆင်းရဲဒုက္ခ များ ရောက်စေခဲ့သည်။ ကျူးနိုင်ငံတော် တည်ထောင်ပြီးနောက်တွင်လည်း ထိုမျိုးနွယ်စုများသည် တောင်ပိုင်းနယ်စပ်များကို ဆက်လက် တိုက်ခိုက်နေခဲ့သည်။ ကျူးနိုင်ငံသားများနှင့် လွင်ပြင်ဒေသမျိုးနွယ်စုများကြားတွင် နက်ရှိုင်းသော မကျေလည်မှုများ ရှိခဲ့ကြသည်။ ယွဲ့ဧကရာဇ် နန်းတက်ပြီးနောက်တွင်မှ ထိုတိုက်ခိုက်မှုများ ရပ်တန့်ခဲ့သည်။
သို့သော်လည်း ရန်ငြိုးများသည် ပြည်သူများ၏ စိတ်နှလုံးတွင် ခိုင်မြဲစွာ ရှိနေခဲ့သည်။ ယခုအခါ ယွဲ့ဧကရာဇ်သည် စစ်ဆင်ရေးအတွင်းတွင် လွင်ပြင်ဒေသမျိုးနွယ်စုများကို ချေမှုန်းနိုင်ခဲ့ခြင်းမရှိ ရုံသာမက သူတို့ကို ကျူးနိုင်ငံတော်ထဲသို့ပေါင်းစည်းကာ လွင်ပြင်ဒေသ နတ်ဘုရားမအား ကျူးနိုင်ငံတော်၏ နိုင်ငံတော် ပညာရှိကြီးအဖြစ်ပင် ခန့်အပ်ခဲ့သည်။ ထို့ကြောင့် ကျူးပြည်သူများအကြားတွင် မကျေနပ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာတော့သည်။
ဤအခြေအနေသည် ကျူးနိုင်ငံတော်၏သာမန်ပြည်သူများအတွင်း မကျေနပ်မှုများကို လှုံ့ဆော်ပေးမည်မှာ သေချာသည်။
ရှနိုင်ငံတော်သည်လည်း လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ တိုက်ခိုက်ခြင်းကို ခံစားခဲ့ရဖူးသဖြင့် ကျူး ပြည်သူများအကြား ယွဲ့မင်းဆက် ဆန့်ကျင်ရေး လှုံ့ဆော်ရန် ထိုအခွင့်ကောင်းကို အသုံးပြုခဲ့သည်။ ရှနိုင်ငံတော်၏ စစ်ကြေညာစာကို ထုတ်ပြန်လိုက်သည်နှင့် အထူးကိုယ်ရံတော်များက ကျူးနိုင်ငံတော် ပြည်သူများကြား အလျင်အမြန်ရောက်ရှိစေရန် ဆောင်ရွက်ခဲ့သည်။ စစ်ကြေညာစာတွင် ပါဝင်သည့် အကြောင်းပြချက်များက လူအများအပြား၏ စိတ်ကူးနှင့် ထပ်တူကျနေသည်။ သူတို့၏စနစ်တကျဖွဲ့စည်းထားသောနိုင်ငံတော်သည် အဘယ်ကြောင့် ထိုကြောက်မက်ဖွယ် လွင်ပြင်ဒေသမျိုးနွယ်စုများနှင့် မဟာမိတ်ဖွဲ့ရမည်နည်းဟု သူတို့မေးခွန်းထုတ်လာကြသည်။
ရုတ်တရက် ကျူးနိုင်ငံတော်တွင် ဆူပူလှုပ်ရှားမှုများ စတင်လာခဲ့သည်။
……
ထိုအချိန်တွင်။
ဧကရီ၏ အိပ်ဆောင်။
မှိတ်တုတ်မှိတ်တုတ် ဖယောင်းတိုင်မီးရောင်သည် ယွဲ့ဧကရာဇ်၏ ခက်ထန် တည်ကြည်သော မျက်နှာပေါ်သို့ ကျရောက်နေသည်။
ထိုစဉ် တံခါးပေါက်နားမှ ကြည်လင်ပြီး ဆွဲဆောင်မှုရှိသော အသံတစ်ခု ပေါ်လာသည်။
“ဟဲဟဲဟဲ။ ဧကရီရဲ့ မျက်နှာက တကယ်ကို ကြောက်စရာကောင်းနေတာပဲ။ ဘယ်သူကများ အခုတစ်ခေါက် ဧကရီကို စိတ်ဆိုးအောင် လုပ်လိုက်တာလဲ မသိဘူး။”
မုယန်စီ၏ အသံကို ကြားသည်နှင့် ယွဲ့ဧကရယဇ်က စိတ်စွမ်းအားကိုထုတ်လွှတ်ကာ သူမ၏လက်ထဲရှိ ထောက်လှမ်းရေးစာရွက်ကို ချက်ချင်း ပြာချပစ်လိုက်သည်။
“ရှနိုင်ငံတော်ရဲ့ ကျူးနိုင်ငံတော် အပေါ် ကျူးကျော်စစ်ကို လုချန်းကိုယ်တိုင် ဦးဆောင်မယ်လို့ ကျူးနိုင်ငံတော် ထောက်လှမ်းရေးအဖွဲ့က တွေ့ရှိထားတယ်။”
ထိုစကားကို ကြားသောအခါ မုယန်စီ ခဏတာရပ်တန့်သွားပြီး သူမ၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
“ဒါဆိုရင် ကောင်းကင်ဘုံကပါ ကျွန်မတို့ကို ကူညီနေတာပဲပေါ့။”
ကျွန်မတို့ လုချန်းကို သတ်နိုင်ရင်...”
သူမ စကားမဆုံးခင်မှာပင် ယွဲ့ဧကရာဇ်က ဖြတ်ပြောလိုက်သည်။
“ကျွန်မ လုချန်းကို သတ်ဖို့ စိတ်ကူးမရှိဘူး”
ပြတ်သားသော လေသံကြောင့် မုယန်စီ အံ့အားသင့်သွားသည်။ ယွဲ့ဧကရာဇ် ထိုသို့ပြောလိမ့်မည်ဟု သူမ မမျှော်လင့်မထားခဲ့ ပေ။ ကျူးနိုင်ငံတော်အတွက် ရှနိုင်ငံတော်သည် အင်အားကြီးမားသော ရန်သူဖြစ်ပြီး သူတို့၏ ဧကရာဇ်သည် ပို၍ပင် ကြောက်စရာကောင်းသော ရန်သူဖြစ်သည်။ သို့သော် ယွဲ့ဧကရာဇ်က သူ့ကို မသတ်လိုဘူးလား။
“ဧကရီက လုချန်းကို သဘောကျနေတာလား”
ဟု မုယန်စီက စနောက်လိုက်သည်။
“ဒါကကျွန်မကိစ္စ။ ရှင်နဲ့ မဆိုင်ဘူး”
ဟု ယွဲ့ဧကရာဇ် ပေါ့ပေါ့တန်တန် ပြန်ပြောလိုက်သည်။
“ကျွန်မ လုချန်းကို ဖမ်းပြီး သူ့ရဲ့ သိုင်းပညာကို ဖျက်ဆီးဖို့ စီစဉ်ထားတယ်”
ယွဲ့ဧကရာဇ် ဆုံးဖြတ်ပြီးပြီ ဖြစ်သည်။ ဝူကျန်းဝမ်က လုချန်းကို အမှန်တကယ်ချစ်မြတ်နိုးပြီး သူတို့နှစ်ဦးလက်ထပ်ပြီးဖြစ်သောကြောင့် သူမက လုချန်း၏သိုင်းပညာကိုဖျက်ဆီးကာ ဝူကျန်းဝမ်အား ယောက်ျားအချစ်တော်အဖြစ် ပေးအပ်မည်ဖြစ်သည်။ ဤနည်းဖြင့် သူတို့သူငယ်ချင်း နှစ်ဦးကြားဆက်ဆံရေးကို မထိခိုက်စေနိုင်ပေ။
“ဧကရီ ဘာရည်ရွယ်ထားလဲဆိုတာ ကျွန်မ မသိပေမယ့် ဒီလုချန်းဟာ သာမန်လူတစ်ယောက် မဟုတ်ဘူးဆိုတာ သတိပေးရပါမယ်။ သူ့ကို ကျွန်မတို့ မသတ်ဘူးဆိုရင် ဆိုးရွားတဲ့ အမှားတစ်ခု လုပ်မိတာ ဖြစ်နိုင်ပါတယ်”
ဟု မုယန်စီက သတိပေးလိုက်သည်။
ယွဲ့ဧကရာဇ်က
“ဒီအကြောင်းကို ဒုတိယအကြိမ် ပြောဖို့ ဆန္ဒမရှိဘူး”
ဟု အပြတ်ပြောလိုက်သည်။
ယွဲ့ဧကရာဇ် ခေါင်းမာနေသည်ကို မြင်ရသောအခါ မုယန်စီက လှောင်ပြောင်သည့် လေသံဖြင့်
“ကောင်းပြီလေ။ ဧကရီက လုချန်းကို ဒီလောက် သဘောကျနေမှတော့ ကျွန်မ သူ့ကို ဖမ်းမိရင် ဧကရီ့အတွက် ယောကျ်ား အချစ်တော်အဖြစ် လက်ဆောင်ပေးပါ့မယ်။”
မုယန်စီ လုချန်းကို မသတ်သရွေ့ ယွဲ့ဧကရာဇ် ဘာမှပြောစရာ မရှိပေ။
မုယန်စီက
“ဒီတစ်ခါ ရှနိုင်ငံတော်က ကောင်းကင်လူသား စွမ်းအားရှင် လေးဦးပါ လှုပ်ရှားလာနိုင်လို့ ကျွန်မအပေါ် ဖိအားက ကြီးတယ်”
ယွဲ့ဧကရာဇ်က
“ ရှနိုင်ငံတော်က ကောင်းကင်လူသား စွမ်းအားရှင်တွေကို ကြောက်စရာ မလိုဘူးလို့ ရှင်ပြောခဲ့တာ မဟုတ်ဘူးလား”
ဟု မျက်နှာအမူအရာ မပါစွာနှင့် ပြန်မေးလိုက်သည်။
မုယန်စီက
“ကျွန်မက သူတို့ကို ကြောက်စရာ မရှိပါဘူး။ ကျွန်မ ကြောက်တာက ကျွန်မရဲ့ စွမ်းအားအမှန်ကို မတော်တဆ ထုတ်ပြမိပြီး ကောင်းကင်ရဲ့ ဒဏ်ခတ်မှု ကျရောက်လာမှာကိုပါ။”
“ဒါပေမဲ့ အခြားတစ်ဖက်က ကြည့်ရင်လည်း ရှနိုင်ငံတော်က ကောင်းကင်လူသား စွမ်းအားရှင် လေးဦးကို ဖယ်ရှားနိုင်ရင် ကျွန်မတို့အတွက် ရှနိုင်ငံတော်နဲ့ ဝူနိုင်ငံတော် နှစ်ခုလုံးကို ရလိုက်သလိုပါပဲ။ အဲ့ဒီနောက် ချွမ်နိုင်ငံတော်ကို သိမ်းပိုက်ပြီး ဒီကမ္ဘာကြီးကို ပေါင်းစည်းရုံပါပဲ။”
မုယန်စီ၏ အမြင်အရ ကောင်းကင်လူသား စွမ်းအားရှင်များသည် ဤကမ္ဘာပေါ်တွင် အမြင့်ဆုံးသော တိုက်ခိုက်ရေးစွမ်းအားများ ဖြစ်သည်။ ၎င်းတို့မရှိပါက ရှနိုင်ငံတော်နှင့် ဝူနိုင်ငံတော်တို့၏ တော်ဝင်မိသားစု အကြွင်းအကျန်များသည် အချိန်မရွေး သတ်ပစ်နိုင်သော သိုးများကဲ့သို့ ဖြစ်နေမည်။
ယခု တစ်ခုတည်းသော အခက်အခဲက ချွမ်နိုင်ငံတော်ဖြစ်ပုံရသည်။ သူမ အစောပိုင်းကတည်းက ထိုနေရာသို့ သူလျှိုများ စေလွှတ်ခဲ့သော်လည်း ပျောက်ဆုံးသွားခဲ့သဖြင့် ချွမ်နိုင်ငံတော်ရှိ လက်ရှိအခြေအနေကို အတိအကျ မသိရသေးပေ။
ချွမ်နိုင်ငံတော်၏အခြေအနေသည် အနည်းငယ်ထူးဆန်းနေပြီး မုယန်စီအား အနည်းငယ်အန္တရာယ်ရှိသည်ဟု ခံစားရစေသည်။
ထိုအချိန်တွင် စစ်မှန်သော အန္တရာယ်သည် ချွမ်နိုင်ငံတော်မှ မဟုတ်ဘဲ မကြာမီ ရောက်ရှိလာတော့မည့် လုချန်းဖြစ်ကြောင်း သူမ မသိခဲ့ရပေ။
……
နောက်တစ်နေ့ နံနက်အစောပိုင်းတွင် ယွဲ့ဧကရာဇ်သည် စစ်သည်အင်အား အများအပြားကို စတင်စုဆောင်းခဲ့သည်။ ထိုစစ်သည်သစ်များသည် နည်းဗျူဟာ ပုံစံများကို လေ့ကျင့်ထားခြင်းမရှိသဖြင့် စစ်မြေပြင်သို့ ပို့မည်မဟုတ်သော်လည်း ထောက်ပို့ လုပ်ငန်းများကဲ့သို့သော အရေးကြီးသော လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်ဖြစ်သည်။
ရှနိုင်ငံတော်၏ စစ်ကြေညာစာသည် လူအများအပြား၏ အမြင်နှင့် ထပ်တူကျခဲ့သော်လည်း ယွဲ့ဧကရာဇ်က စစ်သားများခေါ်ယူကြောင်းကြေညာသောအခါတွင် ရှနိုင်ငံတော်ကိုခုခံမည့်စစ်ပွဲအတွက် စေတနာ့ဝန်ထမ်းအဖြစ် ဝင်ရောက်လိုသူများ ရှိနေဆဲဖြစ်သည်။
လွင်ပြင်ဒေသ မျိုးနွယ်စုများသည် မုန်းတီးစရာကောင်းသော်လည်း သူတို့၏ နိုင်ငံကို တခြားတစ်ဦးက သိမ်းပိုက်ခြင်းကို ကျူးနိုင်ငံတော်မှ ပြည်သူများ မလိုချင်ကြပေ။ ကျူးနိုင်ငံတော်တွင် သူတို့သည် ကျုးနိုင်ငံတော်၏ပထမတန်းစား နိုင်ငံသားများဖြစ်သော်လည်း ကျူးနိုင်ငံတော်ပြိုလဲပါက ဒုတိယနှင့်တတိယတန်းစားနိုင်ငံသားများဖြစ်သွားနိုင်သည်။
မကြာမီပင် ကျူးနိုင်ငံတော်သည် စစ်သည်အင်အား ခုနှစ်သိန်း စုဆောင်းခဲ့သည်။ ကျူးနိုင်ငံတော်တွင် ထိုမျှများပြားသော စစ်သည်များကို အချိန်တိုအတွင်း စုဆောင်းနိုင်လိမ့်မည်ဟု လုချန်း မမျှော်လင့်ထားပေ။ သို့သော်လည်း ထိုစစ်သည်များအနက် သုံးသိန်းခန့်သာ တိုက်ပွဲဝင်နိုင်သဖြင့် ရှနိုင်ငံတော်အတွက် ခြိမ်းခြောက်မှု မရှိပေ။
အချိန်သည် လျင်မြန်စွာကုန်လွန်သွားပြီး လုချန်းထွက်ခွာရမည့်နေ့ရောက်ရှိလာသည်။
မိုးမလင်းသေးခင်အချိန် ဖြစ်သော်လည်း ရန်ခရိုင်မှ ပြည်သူများသည် သူတို့၏ ဧကရာဇ် ဖြတ်သန်းသွားသည်ကို ကြည့်ရှုရန် အတွက် လမ်းမကြီးပေါ်တွင် တန်းစီ စောင့်ဆိုင်းနေကြသည်။ စစ်ကြေညာစာသည် ကျူးနိုင်ငံတော် ပြည်သူများအပေါ် သက်ရောက်ခဲ့ရုံသာမက ရှနိုင်ငံတော်မှ အချို့သော ပြည်သူများကိုပါ ဒေါသထွက်စေခဲ့သည်။ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ မကြာခဏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသဖြင့် ရှနိုင်ငံတော် ပြည်သူများကလည်း ကျူးနိုင်ငံတော်၏ မဟာမိတ်ဖွဲ့ခြင်းကို ခွင့်လွှတ်နိုင်စရာမရှိသည့် သစ္စာဖောက်မှုအဖြစ် မြင်ခဲ့ကြသည်။
ထို့ကြောင့် သူတို့၏ ဧကရာဇ်ကိုယ်တိုင် ဦးဆောင်သည့် ဤစစ်ပွဲသည် လွင်ပြင်ဒေသမျိုးနွယ်စုများကို တိုက်ခိုက်ခြင်းလည်းဖြစ်သဖြင့် လုချန်းအား အပြည့်အဝ ထောက်ခံခဲ့ကြသည်။
….
ထိုအချိန်တွင်။
နန်းတော်ဝင်ပေါက်တွင်။
လုချန်းသည် သူ၏ သံချပ်ကာဝတ်စုံကို ဝတ်ဆင်ပြီး မြင်းပေါ်တက်ရန် အသင့်ဖြစ်နေသည်။ မုကျိရွှမ်းအပါအဝင် သူ၏ မိဖုရားများသည် တံခါးဝတွင် ရပ်လျက် မပျော်ပိုက်သော မျက်လုံးများဖြင့် တိတ်ဆိတ်စွာ ကြည့်နေကြ၏။
လုချန်းက မျက်နှာတွင် အပြုံးဖြင့်
“စိတ်မပူကြပါနဲ့ ကိုယ့်ရဲ့ ဇနီးတွေ။ ကိုယ် မကြာခင် ပြန်လာမှာပါ”
“ရှနိုင်ငံတော်နဲ့ ကျူးနိုင်ငံတော် စစ်ပွဲက မကြာပါဘူး”
ထိုစစ်ပွဲ အချိန်မကြာဟု လုချန်း ယုံကြည်မှုရှိနေသည်။ အကြောင်းမှာ ကျူးနိုင်ငံတော်သည် ကောင်းကင်လူသား စွမ်းအားရှင်များကို ခုခံရန်အတွက် နည်းဗျူဟာ ပုံစံကို အသုံးပြုမည်ဖြစ်ပြီး အနိုင်အရှုံး အဆုံးအဖြတ်ကို တစ်ကြိမ်တည်းဖြင့် ရရှိရန်ရည်ရွယ်ထားကြောင်း ထောက်လှမ်းရေးမှ သတင်း ရထားသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ကျူးနိုင်ငံတော်၏ အရေးပါသော စစ်တပ်အားလုံးသည် အတူတကွစုစည်းထားမည်ဖြစ်ပြီး ကျူးနိုင်ငံတော်၏ အဓိကတပ် ရှုံးနိမ့်ပါက စစ်ပွဲလုံးဝပြီးဆုံးသည်ဟုယူဆနိုင်သည်။
ထိုအချိန်တွင် ဝူကျန်းဝမ်က လုချန်းကို ကြည့်ကာ
“မင်းကြီး။ကျွန်မလည်း ကျူးနိုင်ငံတော်ကို လိုက်ချင်ပါတယ်”