ဘိုးဘေးက မင်းကို တိုက်ရိုက်တပည့်အဖြစ် လက်ခံရရင် သိပ်ပျော်သွားမှာပဲ
Vol. 40 Ch. 595
ယွီဟန်ကွမ်းက ခပ်ဟဟ ရယ်မောရင်း ဆိုသည်။
“လုရီ၊ မင်းရဲ့ အခြေခံအုတ်မြစ်က အရမ်းခိုင်မာတာပဲ၊ ငါ့ရဲ့ တတိယညီလေးတော့ မင်းနဲ့ ယှဉ်နိုင်မှာ မဟုတ်ဘူး”
ဤစကားကို ကြားသော် လုရီ အံ့အားသင့်သွားပြီးနောက် သူ၏ ဘေးမှ ယွီယွမ်ဝူကို လှည့်ကြည့်လိုက်၏။
ယွီယွမ်ဝူ၏ ပါးစပ်မှာ အနည်းငယ် လှုပ်သွားပြီး တိုးတိုးလေး ရေရွတ်သည်။
“ကျွန်တော်က ဒီနေ့ နေသိပ်မကောင်းလို့ပါ”
တစ်ဖက်တွင်မူ လင်းလောင်တောင်ထိပ်သခင်မသည် အလွန်ဂုဏ်ယူနေပြီး လုရီ၏ ပခုံးကို ခပ်ဟဟရယ်မောရင်း ပုတ်လိုက်၏။
“ဒီကောင်လေးရဲ့ တက်လှမ်းမှုက ထျန်းမင်တစ်ခုလုံးကို အင်မော်တယ်ကြယ်တာရာအဖြစ် မြှင့်တင်ပေးခဲ့တာလေ။ ဒီလို ပါရမီမျိုးနဲ့ဆိုတော့၊ ငါ့ရဲ့ တတိယမောင်လေးကို အားနာပါးနာ မပြောရရင် သူ တကယ်ပဲ ယှဉ်နိုင်မှာ မဟုတ်ဘူး”
ဤစကားကြောင့် ယွီရှင်းနှင့် ယွီမိသားစု၏ သခင်မကြီးတို့ပင်လျှင် အံ့အားသင့်သွားကြ တော့သည်။
ယွီဟန်ကွမ်းသည် လုရီကို အနည်းငယ် အံ့အားသင့်သော မျက်နှာထားဖြင့် ကြည့်လိုက်၏။
ယွီယွမ်ဝူက တအံ့တဩ အော်လိုက်သည်။
“တကယ်လား။ သူ့ရဲ့ တက်လှမ်းမှုက သေမျိုးကြယ်တာရာတစ်ခုကို အင်မော်တယ်ကြယ်တာရာအဖြစ် တကယ်ပဲ ပြောင်းလဲပေးခဲ့တာလား”
လင်းလောင်တောင်ထိပ်သခင်မက မျက်လုံးများ လှန်ကြည့်လိုက်၏။
“ဟုတ်တယ်လေ၊ တကယ်ပေါ့။ ငါက နင့်ကို လိမ်ပြောမယ် ထင်လို့လား။ ဒါတင် မကသေးဘူး၊
လုရီရဲ့ တက်လှမ်းခြင်း မိုးကြိုး ကပ်ဘေးက ရှားပါး ကောင်းကင်မိုးကြိုး ဒါဇင်ပေါင်းများစွာကို ပေါင်းစည်းခဲ့တာ”
ဤစကားကြောင့် ယွီရှင်းနှင့် ယွီမိသားစု၏ သခင်မကြီးတို့ပင်လျှင် တုန်လှုပ်သွားကြသည်။
ယွီမိသားစု၏ သခင်မကြီးက မျက်ဝန်းများတွင် အံ့အားသင့်ဟန်များဖြင့် မေး၏။
“လင်းလောင်၊ သမီး အတည်ပြောနေတာလား။
ရီအာရဲ့ တက်လှမ်းခြင်း မိုးကြိုးကပ်ဘေးမှာ ရှားပါး ကောင်းကင်မိုးကြိုး ဒါဇင်ပေါင်းများစွာ ပါဝင်ခဲ့တယ် ဟုတ်လား”
လင်းလောင်တောင်ထိပ်သခင်မက ယွီရှင်းနှင့် ယွီမိသားစု၏ သခင်မကြီးတို့၏ အံ့အားသင့်သော တုံ့ပြန်မှုကို မြင်ရသောအခါ ပို၍ပင် ဂုဏ်ယူလာပြီး ဆိုသည်။
“ဟုတ်တယ်လေ မေမေ၊ ဘိုးဘေးက သူ့ရဲ့ တက်လှမ်းခြင်းအချိန်တုန်းက ရှားပါး ကောင်းကင်မိုးကြိုး ကိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ပြောခဲ့တယ် မဟုတ်လား။ လုရီက အဲ့ဒီထက်တောင် ပိုများသေးတယ်”
ဒါက ငါ့ရဲ့ ကိုယ်ပိုင်အစွမ်း မဟုတ်ပေမယ့် သူက နောက်ဆုံးတော့ ငါ့ရဲ့ တိုက်ရိုက် တပည့်ပဲ။ ငါတို့ ဆရာတပည့် ဆက်ဆံရေးက ဘယ်လောက်တောင် ရင်းနှီးလဲ။ ဒါက ငါကိုယ်တိုင် ငါ့ရဲ့ တက်လှမ်းခြင်းအချိန်တုန်းက အဲ့ဒီလောက်များတဲ့ ကောင်းကင်မိုးကြိုးတွေနဲ့ ရင်ဆိုင်ခဲ့ရသလိုပဲ မဟုတ်လား။
လင်းလောင်တောင်ထိပ်သခင်မသည် ဤသို့တွေးလိုက်ရာ သူမ၏ ဂုဏ်ယူမှုမှာ ပို၍ပင် ဖောင်းကြွလာတော့၏။
ယွီရှင်းက လင်းလောင်တောင်ထိပ်သခင်မကို တစ်ချက်ကြည့်လိုက်ပြီးနောက် လုရီ့ဘက်သို့ လှည့်ကာ တန်ဖိုးထားဟန်ဖြင့် ခပ်ဖွဖွရယ်မောရင်း အဆိုပြု၏။
“ရှောင်ရီ၊ မင်းရဲ့ ပါရမီက ငါ စိတ်ကူးထားတာထက် ပိုမြင့်မားလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ ဒီလိုလုပ်ရအောင်၊ ငါ ဘိုးဘေးကို သွားအကြောင်းကြားလိုက်မယ်။ ဘိုးဘေးက မင်းကို တိုက်ရိုက်တပည့်အဖြစ် လက်ခံရရင် သိပ်ပျော်သွားမှာပဲ...
”
လုရီသည် အံ့အားသင့်သွားပြီး အနည်းငယ် အံ့ဩသွား၏။
ယွီမိသားစု ဘိုးဘေးဆိုတာ ဘယ်သူလဲ။ သူက အင်မော်တယ် အရှင်သခင်အဆင့် ပုဂ္ဂိုလ်ကြီးတစ်ပါးပဲ၊ ငါ့ရဲ့ ပါရမီကြောင့် ယွီမိသားစု သခင်က အဲ့ဒီလို ပုဂ္ဂိုလ်ကြီးတစ်ပါးကို ငါ့ကို သင်ကြားပေးဖို့ ဆန္ဒရှိနေတာလား။
ကောင်းပြီလေ၊ လုရီ၏ စိတ်သည် အမှန်တကယ်ပင် အနည်းငယ် ယိမ်းယိုင်သွားသည်။
နောက်ဆုံးတွင် သူ၏ ဆရာထံမှ အလုပ်တာဝန်များ ပြီးမြောက်၍ ရရှိသော ဆုလာဘ်များမှာ အတော်အတန်ပင် ကြီးမားလှသည်။ သူ၏ လက်ရှိဆရာ၏ အစွမ်းမှာ သူ၏ ကိုယ်ပိုင်အစွမ်းထက် နီးပါး နိမ့်ကျနေသော်လည်း၊ တာအို တရားတိုင်းက သူ့ကို ဉာဏ်အလင်းပွင့်စေသည်။
အကယ်၍သာ သူ၏ ဆရာက အင်မော်တယ်အရှင်သခင်အဆင့် ပုဂ္ဂိုလ်ကြီးတစ်ပါး ဖြစ်လာခဲ့လျှင်၊ အခြားအရာများကို ထား၍၊ တာအို တရားများမှ ရမည့် ဆုလာဘ်များမှာ သံသယဖြစ်ဖွယ်
မရှိအောင် ပိုအားကောင်းလာမည်ပင်။
လုရီ တစ်ခဏမျှ စိတ်ယိမ်းယိုင်သွားစဉ်၊ သူ၏ ဘေးမှ လင်းလောင်တောင်ထိပ်သခင်မမှာ မှင်တက်သွား၏။
“ဟင်...”
သူမသည် ရုတ်တရက် မပျော်မရွှင်ဖြစ်သွားသည်။
“မဖြစ်နိုင်ဘူး! ဒီကောင်စုတ်လေးက သမီးရဲ့ တိုက်ရိုက်တပည့်! သူက ဘယ်လိုလုပ် တခြားတစ်ယောက်ကို သူ့ဆရာအဖြစ် လက်ခံနိုင်မှာလဲ”
ဖခင်ဖြစ်သူဘယွီရှင်းက ပြုံးကာ ...
“ရိုးရှင်းတာပဲ မဟုတ်လား။ မင်းတို့ ဆရာတပည့်နှောင်ကြိုးကို ဖြတ်လိုက်ရုံပဲ။ နောက်ဆုံးတော့ မင်းတို့အားလုံးက ယွီမိသားစုဝင်တွေပဲဟာ”
လင်းလောင်တောင်ထိပ်သခင်မမှာတော့ “???”
သူမသည် ယွီရှင်းကို မယုံနိုင်စွာ ကြည့်လိုက်သည်။
ဒါက တကယ်ပဲ အဖေဆိုတဲ့ လူမျိုးလား။
တဆက်တည်း၌ သူမသည် လုရီဘက်သို့ ခေါင်းလှည့်လိုက်ပြီး သူမ၏ မျက်ဝန်းများမှာ ခြိမ်းခြောက်မှုများဖြင့် ပြည့်နှက်နေကာ ခပ်ဆတ်ဆတ် မေးလိုက်၏။
“ကောင်စုတ်လေး၊ ပြောစမ်း၊ နင်က ငါ့ရဲ့ တိုက်ရိုက်တပည့် ဖြစ်ချင်တာလား၊ ဒါမှမဟုတ် တခြားတစ်ယောက်ရဲ့ တိုက်ရိုက်တပည့် ဖြစ်ချင်တာလား”
လုရီသည် လင်းလောင်တောင်ထိပ်သခင်မကို အနိုင်မတိုက်နိုင်သေးသည်ဖြစ်ရာ၊ ကသိကအောက်ဖြင့် ချောင်းတစ်ချက်ဟန့်လိုက်ပြီး အတည်ပေါက် ဆိုသည်။
“ဒါပေါ့၊ ကျွန်တော်က ဆရာ့ရဲ့ တပည့်ပါ”
ထိုအခါမှ လင်းလောင်တောင်ထိပ်သခင်မက ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
“အင်း၊ ကောင်းတယ်၊ ကောင်းတယ်”
ယွီယွမ်ဝူက လုရီ့အတွက် စိုးရိမ်သွားသည်။
“ငါပြောမယ်၊ လုရီ၊ မင်း ငါ့အစ်မစကားကို နားမထောင်နဲ့၊ ငါတို့ပြောနေတာ ဘိုးဘေးအကြောင်း! အင်မော်တယ်အရှင်သခင်အဆင့် ပုဂ္ဂိုလ်ကြီး! လူအများစုအတွက်၊ ယွီမိသားစု တပည့်တွေအတွက်တောင် အဲ့ဒီလို အခွင့်အရေးမျိုးက ရဖို့မဖြစ်နိုင်ဘူးကွ၊ မင်း အဲ့ဒါကို ဆုပ်ကိုင်ထားရမယ်”
ထိုအခါ ယွီဟန်ကွမ်းကပင် သဘောတူညီစွာ ခေါင်းညိတ်လာ၏။
“ယွမ်ဝူ ပြောတာ မှန်တယ်။ လုရီ...မင်းရဲ့ ပါရမီနဲ့၊ မင်းရဲ့ လက်ရှိအစွမ်းနဲ့ဆိုရင် ငါ့ညီမက မင်းကို ဘာမှ သင်ပေးနိုင်တော့မှာ မဟုတ်ဘူး”
လင်းလောင်တောင်ထိပ် သခင်မမှာတော့
ပြောစရာစကား ပျောက်ရှသွားရ၏။
သူမ စကားမပြောနိုင်တော့ချေ။
ဒါတွေက တကယ်ပဲ ငါ့ရဲ့ ကိုယ်ပိုင်မိသားစုဝင်တွေလား။
ဒီနေရာမှာ ဘယ်သူက အတိအကျ မိသားစုဝင်လဲ။
လင်းလောင်တောင်ထိပ် သခင်မ၏ ဘေးမှ
လျိုနင်ရွှမ်းနှင့် အခြားသူများမှာမူ ယခုအခါ ရှုပ်ထွေးစွာ ကြည့်နေကြ၏။
သူမတို့သည် သာမန်စားပွဲ တစ်ပွဲက လုရီ့အတွက် အင်မော်တယ်အရှင်သခင်တစ်ပါး၏ တိုက်ရိုက်တပည့် ဖြစ်လာရန် အခွင့်အရေးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဟု တစ်ခါမျှ စိတ်ကူး
မယဉ်ခဲ့ဖူးချေ။
သူမတို့အားလုံးမှာ ယခင်က ထျန်းမင်တွင် နေခဲ့ကြသော်လည်း၊ နှစ်များတစ်လျှောက်
အင်မော်တယ်အရှင်သခင်များ၏ စွမ်းအား၊ ယွီမိသားစု၏ အမှန်တကယ် အုပ်စိုးသူများအကြောင်းကို ကြားဖူးနားဝ ရှိခဲ့ကြပါသည်။
သူမတို့သည် လုရီသည် ဤသို့သော ပုဂ္ဂိုလ်ကြီးတစ်ပါး၏ တပည့် ဖြစ်လာနိုင်လိမ့်မည်ဟု တစ်ခါမျှ စိတ်ကူးမယဉ်ခဲ့ဖူးပေ။
သူမတို့လေးဦးလုံး စိတ်ထဲတွင် ဂုဏ်ယူနေကြ၏၊ ၎င်းမှာ သူတို့၏ ခင်ပွန်း၏ ပါရမီမှာ အမှန်တကယ်ပင် ကြီးမားလှကြောင်းကို သက်သေပြလိုက်ခြင်းပင် ဖြစ်သည်။
လင်းလောင်တောင်ထိပ်သခင်မ၏ တပည့်နှစ်ဦးဖြစ်သော လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့ပင်လျှင် ယခုအခါ စိတ်နှစ်ခွ ဖြစ်နေကြသည်။
မိမိတို့၏ ဆရာဘက်မှ ရပ်တည်သင့်သလော။
ထိုအခိုက်အတန့်မှာပင် ယွီမိသားစု၏ သခင်မကြီးက ခပ်ဖွဖွရယ်မောရင်း ဆို၏၊
“လင်းလောင်က ဆန္ဒမရှိဘူးဆိုရင်၊ ရီအာနဲ့
တာအိုစုံတွဲ ဖွဲ့လိုက်ရင်ကော။ ဆက်ဆံရေးက ပိုတောင် ရင်းနှီးသွားဦးမှာ မဟုတ်ဘူးလား”
လင်းလောင်တောင်ထိပ်သခင်မမှာတော့ “?????”
လုရီမှာတော့ “?????”
လျိုနင်ရွှမ်းနှင့် အခြားသုံးဦးမှာတော့ “?????”
လူတိုင်း ရုတ်တရက် အနည်းငယ် အနေခက်ဖြစ်သွားရတော့၏။
လေထုသည် တစ်ခဏမျှ ရှိုးတိုးရှန့်တန့် ဖြစ်သွား၏။
ယွီမိသားစု၏ သခင်မကြီးက မျက်တောင်ခတ်ရင်း ခပ်ဟဟ ရယ်မောသည်။
“ဘာလဲ။ ငါ ပြောတာ တစ်ခုခု မှားသွားလို့လား”
ယွီရှင်းမှာမူ အတွေးနက်သော အမူအရာဖြင့် လုရီ့ကို တစ်စုံတစ်ခုကို တိုင်းတာနေသည့်အလား ကြည့်နေ၏။
လင်းလောင်တောင်ထိပ်သခင်မက စိတ်လှုပ်ရှားစွာ မတ်တပ်ထရပ်လိုက်ပြီး ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်သည်။
“နေ၊ နေဦး! မေမေတို့ ဘာတွေတွေးနေကြတာလဲ။ သမီးက ဒီကောင်လေးရဲ့ ဆရာပါ! သမီးတို့က ဘယ်လိုလုပ် တာအိုစုံတွဲ ဖွဲ့နိုင်မှာလဲ”
ထိုစဉ် လျိုနင်ရွှမ်းနှင့် အခြားသုံးဦးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြရင်း သူမတို့၏ မျက်ဝန်းများမှာ တိတ်တဆိတ် ဆက်သွယ်နေကြ၏။ သူမတို့၏ အတွေးများကိုမူ မသိနိုင်ချေ။
ဤစကားကို ကြားသော် လုရီသည် လင်းလောင်တောင်ထိပ်သခင်မကို ကြည့်လိုက်ပြီး သူ၏ ကိုယ်ပိုင်ဆရာမှာ အတော်လေး ချောမောလှပသည် မဟုတ်ပါလောဟု ရုတ်တရက် သိရှိလိုက်သည်။
ဒါက အရှုံးတော့ မဖြစ်လောက်ဘူးနဲ့ တူတယ်။
သို့သော် သူ ချက်ချင်းပင် သတိပြန်ဝင်လာခဲ့သည်။
ဒီလူက အရမ်းကြမ်းတမ်းတာ၊ တကယ်လို့သာ ငါတို့ တာအိုရောင်းရင်း စုံတွဲ ဖြစ်သွားခဲ့ရင် ငါ သူ့ကို မနိုင်မှာ စိုးရတယ်။ ငါ့ရဲ့ အစွမ်းက သူ့ထက် ပိုကြီးမားလာမှပဲ ဖြစ်မယ်။
ထိုစဉ် ယွီရှင်းက ပြောလာလေသည်။
“အဟမ်း! ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် အရင်ဆုံး ဘိုးဘေးနဲ့ သွားပြောလိုက်မယ်၊ ပြီးတော့မှ ဘိုးဘေးကို ဆုံးဖြတ်ချက်ချခိုင်းတာပေါ့”
နောက်ဆုံးတွင် လုရီ၏ ပါရမီမှာ အလွန်ထူးကဲလှသည်။
သူ၏ တက်လှမ်းခြင်းအချိန်တွင် သူသည် ရှားပါးသော ရှားပါးကောင်းကင်မိုးကြိုး ဒါဇင်ပေါင်းများစွာကို ဆွဲဆောင်ခဲ့ရာ သူ၏ မွေးရာပါ လက်ဆောင်မှာ အလွန်ချဲ့ကားလွန်းနေပါသည်။
ယွီမိသားစုသခင်ဖြစ်သော ယွီရှင်းပင်လျှင် ဤသို့သောအရာကို တစ်ခါမျှ မကြားဖူး၊ မမြင်ဖူးဘဲ အလေးအနက် ထားရှိရပေမည်။
တစ်ချိန်တည်းမှာပင် ယွီရှင်းသည် လင်းလောင်တောင်ထိပ်သခင်မ၏ စိုးရိမ်ပူပန်သော အမူအရာကို တစ်ချက်ကြည့်ကာ စဉ်းစားနေ၏။
လင်းလောင်နဲ့ လုရီ တကယ်ပဲ တာအို လက်တွဲဖော် စုံတွဲတွေ ဖြစ်သွားခဲ့ရင် ဒါက သိပ်ဆိုးတဲ့ ကိစ္စတော့ မဟုတ်လောက်ဘူး။ နောက်ဆုံးတော့ တာအို လက်တွဲဖော် စုံတွဲရဲ့ ဆက်ဆံရေးက ဆရာတပည့်ထက်တောင် ပိုရင်းနှီးသေးတာလေ။
အကယ်၍သာ လုရီက အနာဂတ်မှာ အင်မော်တယ် အရှင်သခင်အဆင့်ကို ရရှိနိုင်ခဲ့ရင် ငါတို့
ယွီမိသားစုက နောက်ထပ် အင်မော်တယ် အရှင်သခင် စွမ်းအားရှင် တစ်ပါးနဲ့ ဝါကြွားနိုင်မှာပဲ မဟုတ်ဘူးလား။
လုရီသာ အင်မော်တယ် အရှင်သခင်အဆင့်ကို ကျော်လွန်သွားခဲ့ရင်…
ယွီရှင်းသည် ဤဖြစ်နိုင်ခြေကို စိတ်ကူးကြည့်ရန် ခက်ခဲနေလေသည်။
အကြောင်းမူကား... ယွီရှင်းပင်လျှင် အသက်ရှင်နေသော ကျောက်ဖြစ် ရုပ်ကြွင်းများကို
အင်မော်တယ် ဘုရင်အား ပိုင်ဆိုင်ထားသော အင်အားစု အနည်းငယ်သာ ရှိကြောင်းကို သိရှိထားသည်။
အကယ်၍သာ လုရီက တကယ်ပဲ အင်မော်တယ်ဘုရင်အဆင့်ကို ရရှိနိုင်ခဲ့ရင်၊ လုရီက သူ့ရဲ့ ကိုယ်ပိုင်မိသားစုကို စတင်ထူထောင်ခဲ့ရင်တောင် ယွီမိသားစုက သူ့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကနေ အကျိုးအမြတ်အများကြီး ရရှိနိုင်မှာပဲ။
အင်မော်တယ် အင်ပါယာ အတွက်မူ ယွီရှင်းသည် မျှော်လင့်ရန်ပင် မဝံ့ရဲချေ။
ဤသို့ ထပ်မံစဉ်းစားကြည့်ရာ ယွီရှင်း.. အနည်းငယ် စိတ်လှုပ်ရှားလာ၏။
သူတို့ နှစ်ယောက်ကို ပေါင်းစည်းခိုင်းတာက
မဖြစ်နိုင်တဲ့ ကိစ္စတော့ မဟုတ်လောက်ဘူးမလား။
ယွီရှင်းက ဆုံးဖြတ်ချက် ချလိုက်သည်နှင့်
လင်းလောင်တောင်ထိပ် သခင်မသည် သဘာဝအတိုင်းပင် ဆန့်ကျင်နိုင်မည် မဟုတ်ချေ။
နောက်ဆုံးတွင် လုရီ၏ ပါရမီမှာ အမှန်တကယ်ပင် အလွန် တုန်လှုပ်ဖွယ် ကောင်းသည်ကို သူမသည် သဘာဝအတိုင်း နားလည်နိုင်ပါ၏။
သို့သော် ဤအဘိုးကြီးက သမီးဖြစ်သူကို ကိုယ့်ရဲ့ ကိုယ်ပိုင် တပည့်နှင့် လက်ထပ်ခိုင်းရန် စဉ်းစားနေသည်တဲ့လား။ လင်းလောင် တောင်ထိပ်သခင်မမှာ ဒေါသထွက်လွန်း၍ အံကြိတ်နေမိသည်။
သူတို့၏ စိတ်ထဲတွင် အတွေးအမျိုးမျိုးဖြင့် လူတိုင်း မိသားစုစားပွဲကို အဆုံးသတ်လိုက်ကြ၏။
ထို့နောက်တွင် ယွီမိသားစု၏ သခင်မကြီးက
လုရီနှင့် အခြားသူများကို လင်းလောင်တောင်ထိပ်သခင်မ၏ ရင်ပြင်တွင် နေထိုင်ရန် စီစဉ်ပေး၏။
ခွဲခွာချိန်တွင် ယွီယွမ်ဝူက လုရီ့ကို ကောင်းကောင်းအနားယူပြီး နောက်ပိုင်းတွင် ယှဉ်ပြိုင်ပွဲတစ်ပွဲ ပြုလုပ်ရန် သတိပေးခဲ့သည်။
လုရီ၏ ကြောက်မက်ဖွယ်ကောင်းသော ပါရမီအကြောင်း ကြားသိပြီးနောက် ယွီယွမ်ဝူသည် ပို၍ပင် စိတ်လှုပ်ရှားနေတော့၏။
ရင်ပြင်သို့ ပြန်ရောက်သောအခါ လင်းလောင်တောင်ထိပ်သခင်မက လုရီကို မျက်စောင်းခဲ၍ ကြည့်ကာ သွားကြိတ်ရင်း ဆိုသည်။
“ကောင်စုတ်လေး၊ နင်လည်း နင့်ရဲ့ ဆရာကို မင်းရဲ့ တာအို လက်တွဲဖော် စုံတွဲ ဖြစ်လာအောင် လုပ်ဖို့ တွေးနေတာတော့ မဟုတ်ဘူးမလား”
လုရီက ချက်ချင်းပင် အတည်ပေါက်ဖြင့် တုံ့ပြန်လိုက်၏။
“အဲ့လို ဘယ်ဖြစ်နိုင်မှာလဲ။ ကျွန်တော် လုရီက အဲ့ဒီလို လူမျိုး ဖြစ်နိုင်ပါ့မလားဗျ”
လျိုနင်ရွှမ်းနှင့် အခြားသုံးဦးမှာမူ မျက်နှာများတွင် ထူးဆန်းသော အမူအရာများ ရှိနေကြပြီး စိတ်ထဲတွင်မူ နင်က အဲ့လိုပဲ မဟုတ်လား ဟု တွေးနေကြသည်။
လင်းလောင်တောင်ထိပ်သခင်မက လုရီ ပြောသည်ကို ကြားသော် ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
“ဒါဆိုရင်တော့ ကောင်းတာပေါ့။
နင်တို့အားလုံး ပြန်သွားပြီး ကောင်းကောင်းအနားယူကြတော့”
လင်းလောင်တောင်ထိပ်သခင်မသည် သူမ၏ အခန်းသို့ ပြန်သွားပြီး လုရီနှင့် အခြားသူများမှာလည်း သူတို့၏ အခန်းများသို့ အလျိုအလျို ပြန်သွားကြသည်။
အခန်းအတွင်းတွင် သုန်းကုန်းမင်ယွဲ့က ရုတ်တရက် ဖွင့်ဟပြောဆိုလာ၏။
“ပြောစမ်းပါဦး၊ အကယ်၍သာ ဆရာက တကယ်ပဲ အစ်ကို့ရဲ့ တာအိုရောင်းရင်း စုံတွဲ ဖြစ်သွားခဲ့ရင်… ကျွန်မတို့က ဆရာ့ကို ‘ဂျူနီယာ
ညီမလေး’ လို့ ခေါ်ရမှာလား၊ ဒါမှမဟုတ် ဘယ်လိုခေါ်ရမှာလဲဟင်”
လျိုနင်ရွှမ်းမှာတော့ “?????”
လုရီမှာတော့ “?????”
ကျန်းရူယွီနှင့် ယွင်ရှီးတို့ နှစ်ဦးလုံးမှာ ထူးဆန်းသော အမူအရာများ ရှိနေကြပြီး အခန်းမှာ တစ်ခဏမျှ တိတ်ဆိတ်သွားလေတော့သည်။