တာအို၏ အငွေ့အသက်၊ ယွီမိသားစု ဘိုးဘေး၏ စိတ်အားထက်သန်မှု
Vol. 40 Ch. 596
လုရီက အတည်ပေါက်ဖြင့် ချက်ချင်း တုံ့ပြန်လိုက်သည်။
“ဂျူနီယာညီမလေး၊ မင်း ဘာတွေတွေးနေတာလဲ။ ဆရာက ဘယ်လိုလုပ် ငါ့ရဲ့ တာအို လက်တွဲဖော် ဖြစ်နိုင်မှာလဲ။ ငါက အဲ့ဒီလိုလူစားမျိုးလား”
ယွင်ရှီးက မျက်လုံးများ ပြူးကျယ်စွာဖြင့် လုရီ့ကို စိုက်ကြည့်ရင်း မေးလာ၏။ “အဲ့လိုမဟုတ်ဘူးလား”
“ဟုတ်တယ်လေ” ကျန်းရူယွီက လက်ပိုက်ကာ ထပ်ခါတလဲလဲ ခေါင်းညိတ်သည်။
လုရီသည် ချက်ချင်းပင် ဒေါသထွက်သွားပြီး သူ၏ စာရိတ္တကို စော်ကားခံလိုက်ရသလို ခံစားလိုက်ရ၏။
သူသည် သူမတို့လေးဦးကို ကြည့်လိုက်ရာ သူတို့၏ မျက်နှာအမူအရာများမှာ အတူတူလောက်ပင် ဖြစ်နေသည်ကို တွေ့လိုက်ရပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ “ကြည့်ရတာ မင်းတို့ ငါ့အပေါ်မှာ အထင်အမြင်ကြီးကြီးမားမား လွဲနေပုံပဲ။ ငါ မင်းတို့ကို ငါ့အကြောင်း ပိုနားလည်အောင် လုပ်ပေးဖို့ လိုအပ်နေပြီ”
သူမတို့လေးဦး၏ အာမေဋိတ်သံများကြားတွင်
လုရီသည် သူတို့ကို အခန်းထဲသို့ သယ်ဆောင်သွား၏။ ထို့နောက် သူသည် မဟာအခင်းအကျင်းကြီးကို ချမှတ်ကာ သူ၏ အစွမ်းအစကို သူမတို့အား ပြသရန် စီစဉ်တော့သည်။
…ဤနေရာတွင် စာလုံးပေါင်းတစ်သောင်းကို ချန်လှပ်ထားပါသည်…
နောက်တစ်နေ့ နံနက်တွင် လုရီသည် အခန်းထဲမှ ထွက်လာ၏။
အဓိကအကြောင်းရင်းမှာ လင်းလောင်တောင်ထိပ်သခင်မက တံခါးကို လာခေါက်နေသောကြောင့် ဖြစ်ပါသည်။
“ကောင်စုတ်လေး၊ ငါနဲ့အတူ အပြင်ထွက်ခဲ့ဦး”
လုရီနှင့် လျိုနင်ရွှမ်းတို့ လေးဦးသား ထွက်လာကြ၏။
လုရီ၏ ပုံစံမှာ ပုံမှန်အတိုင်းပင် ဖြစ်သော်လည်း၊ လျိုနင်ရွှမ်းတို့ လေးဦး၏ လှပသော မျက်နှာများပေါ်တွင်မူ ရှက်သွေးရောင်ဖျော့ဖျော့လေးများ သန်းနေပြီး သူမတို့၏ မျက်ဝန်းများတွင် နွေဦးရာသီ၏ အရိပ်အယောင်များ ထင်ဟပ်နေသည်။
လင်းလောင်တောင်ထိပ်သခင်မကမူ ထိုအရာကို အလေးမထားဘဲ ဆို၏။
“ငါ့အဖေက ဘိုးဘေးက နင့်ကို တွေ့ချင်တယ်လို့ ပြောတယ်”
ဤစကားကို ကြားသော် လုရီက မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီး အနည်းငယ် မျှော်လင့်တကြီး ဖြစ်သွားသည်။
ဒါက အင်မော်တယ်အရှင်သခင်အဆင့် စွမ်းအားရှင်ကြီးတစ်ပါးပဲ။ အကယ်၍သာ သူက ငါ့ကို တပည့်အဖြစ် လက်ခံဖို့ တကယ်ပဲ ဆန္ဒရှိတယ်ဆိုရင်တော့ ဒါက မယုံနိုင်လောက်အောင် ကောင်းတာပဲ။
လင်းလောင်တောင်ထိပ်သခင်မက ဆက်လက်မှာကြားသည်။ “သွားကြစို့။ နင်ရွှမ်း၊ မင်းတို့ အိမ်မှာပဲ နားနေလိုက်၊ ငါ ဒီကောင်စုတ်လေးကို ခေါ်သွားပြီး မကြာခင် ပြန်လာခဲ့မယ်”
လျိုနင်ရွှမ်းတို့ လေးဦးမှာ သဘာဝအတိုင်းပင် ကန့်ကွက်စရာ မရှိချေ။
ထို့နောက် လုရီသည် လင်းလောင်တောင်ထိပ်သခင်မ၏ နောက်သို့ လိုက်ပါကာ သူမ၏ ရင်ပြင်မှ ထွက်ခွာသွား၏။
အဓိကခန်းမဆောင်သို့ ရောက်သောအခါ ယွီရှင်းသည် သူတို့ကို စောင့်ဆိုင်းနေနှင့်ပြီ ဖြစ်သည်။
သူသည် လက်များကို နောက်ပစ်ကာ ရပ်နေပြီးအရှေ့မှ ရေကန်အတွင်းရှိ အလွန်တရာ အရောင်အသွေးစုံလင်သော နဂါးငါးကြင်းများကို ငေးကြည့်နေ၏။
သူတို့နှစ်ဦး ချဉ်းကပ်လာသည်ကို မြင်သော်
ယွီရှင်းက ခေါင်းလှည့်လာကာ နူးညံ့သော အပြုံးတစ်ခုကို ပြသသည်။
“ရှောင်ရီ၊ ကျောက်စိမ်းကြယ်တာရာပေါ်က ဘဝကို အသားကျရဲ့လား”
လုရီက ပြုံးကာ
“ကျောက်စိမ်းကြယ်တာရာပေါ်က ဝိညာဉ်စွမ်းအင်ရဲ့ သိပ်သည်းမှုက အလွန်မြင့်မားပါတယ်၊ ဒါက အင်မော်တယ်ဝိညာဉ်ချီစွမ်းအင်ရဲ့ မြေနေရာတစ်ခုပဲ၊ ကျွန်တော်တို့ ထျန်းမင်ထက် အများကြီး ပိုကောင်းပါတယ်။ ကျွန်တော် အရမ်း အသားကျပါတယ်”
ယွီရှင်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ဟားဟားဟား၊ ဒါဆိုရင်တော့ ကောင်းတာပေါ့။ မင်းကြိုက်ရင် ယွီမိသားစုမှာ အကန့်အသတ်မရှိ နေလို့ရတယ်”
သူသည် နူးညံ့သော စိတ်ထားရှိသည့် အကြီးအကဲတစ်ဦးကဲ့သို့ လုရီအပေါ် အလွန်ကြင်နာစွာ ဆက်ဆံလေ၏။
အမှန်မှာ ယွီရှင်းသည် လုရီအပေါ် အလွန်မြင့်မားသော မျှော်လင့်ချက်များ အမှန်တကယ် ထားရှိသည်။ အမှန်တွင် ဤသို့သော ပါရမီမျိုးမှာ ကောင်းကင်ကြယ်တာရာနယ်မြေတစ်ခုလုံးကို ထား၍ စကြဝဠာတစ်ခွင်လုံးတွင်ပင် နှစ်သန်းပေါင်းများစွာအတွင်း တစ်ကြိမ်သာ ပေါ်ထွက်တတ်ပါ၏။
အကယ်၍သာ မျှော်လင့်မထားသော အဖြစ်အပျက်များ မဖြစ်ပွားခဲ့ပါက လုရီသည် အနာဂတ်တွင် အနည်းဆုံး အင်မော်တယ်အရှင်သခင်တစ်ပါး၏ အဆင့်တွင် ရှိနေပေလိမ့်မည်။
ယွီလင်းလောင်၏ ဆက်ဆံရေးကြောင့် လုရီသည် ယွီမိသားစုနှင့် ဆက်စပ်နေပြီ ဖြစ်သည်။
သူသည် သူတို့၏ ကိုယ်ပိုင် လူတစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး ဤသို့သော ပါရမီကို ပိုင်ဆိုင်ထားမှတော့ မျက်နှာသာပေးမခံရဘဲ အဘယ်သို့ နေမည်နည်း။
“သွားကြစို့၊ ဘိုးဘေးက ငါတို့ကို ဘိုးဘေးမြေပေါ်မှာ စောင့်နေတယ်”
ယွီရှင်းက ပေါ့ပေါ့ပါးပါး လက်ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။
နေရာလပ်သည် ကွေးကောက်သွားပြီး စုတ်ပြဲကာ ဟင်းလင်းပြင်တစ်ခု ပေါ်ထွက်လာ၏။
ဤအချက်က လုရီ၏ မျက်လုံးများအား ပြူးကျယ်သွားစေသည်။
ဒါ… ဒါ ဘယ်လိုတောင် တန်ခိုးအစွမ်းမျိုးလဲ။
ရွှေအင်မော်တယ် အဆင့်ကို ကျော်လွန်ပြီး ပိုပြီးအားကောင်းတဲ့ အင်မော်တယ် ဧကရာဇ်အဆင့်ကို ရောက်နေပြီ ဖြစ်မယ်။
လုရီသည် နေရာလပ် နိယာမကို နားလည်သူ ဖြစ်သည့်အလျောက် ယွီရှင်းသည် နေရာလပ် မျဉ်းကြောင်းများကို လုံးဝ ပုံပျက်ပြိုကျစေရန် စွမ်းအား အစအနမျှကိုသာ ထုတ်လွှတ်ခဲ့ကြောင်း ရှင်းရှင်းလင်းလင်း မြင်နိုင်၏။
သူတို့ သုံးဦးသည် ဟင်းလင်းပြင်ထဲသို့ ခြေချလိုက်ပြီး လျင်မြန်စွာပင် သိမ်မွေ့၍ ခမ်းနားလှပသော တောင်ကြား တစ်ခုထဲသို့ ရောက်ရှိသွားကြ လေသည်။
တောင်ကြားအတွင်းတွင် စမ်းချောင်းလေး ရှိပြီး စမ်းချောင်းပတ်လည်တွင် ပန်းပင်လယ်ကြီး
တစ်ခု ပွင့်ဖူးနေပါ၏။ ပန်းပင်လယ်ထဲမှ ပန်းများအားလုံးမှာ အင်မော်တယ် မျိုးစေ့များဖြစ်ရာ
လုရီကို စိတ်ထဲတွင် ရင်သပ်ရှုမောဖြစ်သွားစေသည်။
အလိုလေ။ အရမ်းကို ခမ်းနား ထည်ဝါတာပဲ၊ ဒီအင်မော်တယ်ပန်းတွေက သောင်းဂဏန်းလောက် ရှိလောက်တယ်! ပြီးတော့ တချို့က ငါ့အတွက်တောင် ထူးထူးခြားခြား အားကောင်းနေသလိုပဲ၊ သူတို့တွေ အသိဉာဏ် မွေးဖွားနေလောက်ပြီနဲ့တူတယ်။
ပန်းပင်လယ်ကြီး၏ တစ်ဖက်တွင် ဝါးတောတစ်ခုရှိပြီး၊ ဝါးများမှာ မြစိမ်းရောင်တောက်ကာ တောက်ပနေသည်။ အင်မော်တယ် ဝိညာဉ်ချီစွမ်းအင်ကို ထုတ်လွှတ်နေရာ ရှင်းလင်းစွာပင် အင်မော်တယ် ဝါးများ ဖြစ်ကြ၏။
ဝါးတော၏ ရှေ့တွင် ဝါးအိမ် တစ်လုံး တည်ရှိသည်။
မျက်နှာတွင် ဇရာ အရေးအကြောင်းတို့ ထင်ဟပ်နေပြီး ဖြူဖွေးသော မုတ်ဆိတ်နှင့် ဆံပင်ဖြူများရှိသည့် အဘိုးအိုတစ်ဦးသည် ဝါးအိမ်ရှေ့တွင် ထိုင်နေပြီး အနီးအနားရှိ စမ်းချောင်းကို ငေးကြည့်နေ၏။ သူသည် သာမန်အဘိုးအိုတစ်ဦး အနားယူနေသကဲ့သို့ တည်ငြိမ်အေးချမ်းနေ၏။
ယွီရှင်းသည် လုရီနှင့် လင်းလောင်တောင်ထိပ်သခင်မကို အဖော်ပြုကာ ချဉ်းကပ်သွားသည်။
ယွီမိသားစုသခင်ဖြစ်သော ယွီရှင်းပင်လျှင် ယခုအခိုက်အတန့်တွင် ရိုကျိုးနေပြီး လုရီနှင့်
လင်းလောင် တောင်ထိပ်သခင်မတို့မှာမူ ပို၍ပင် ရိုသေကိုင်းရှိုင်းနေကြ၏။
သူတို့၏ ရှေ့မှ အဘိုးအိုသည် အင်မော်တယ်အရှင်သခင်အဆင့်ရှိ ပုဂ္ဂိုလ်ကြီးတစ်ပါး မဟုတ်ပါလော။
အင်မော်တယ် ဘုရင်များ မပေါ်ထွက်သော စကြဝဠာ တစ်ခုတွင် ဤသို့သော ပုဂ္ဂိုလ် တစ်ဦးသည် လေးစားမှုကို ရရှိထိုက်၏။
ယွီရှင်းက ညင်သာစွာ အသိပေးလိုက်သည်။
“ဘိုးဘေး၊ ကျွန်တော် သူ့ကို ခေါ်လာခဲ့ပါပြီ”
အဘိုးအိုက ခေါင်းလှည့်ကာ လုရီကို တစ်ချက်ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင် တောက်ပမှုတစ်ခု လင်းလက်သွားပြီး သူ အမှန်တကယ်ပင် ပြုံးလိုက်၏။
“မယုံနိုင်စရာပဲ၊ တကယ်ပဲ မယုံနိုင်စရာပဲ။ တာအိုရဲ့ အငွေ့အသက် အစအနလေးကိုတောင် ထုတ်လွှတ်နိုင်တယ်၊ အံ့မခန်းတဲ့ ကံတရားနဲ့၊ တာအိုရဲ့ မျက်နှာသာပေးမှုကိုတောင် ခံရတယ်… တော်တော်လေး ထူးကဲတာပဲ။ ငါတို့ ယွီမိသားစုမှာ ဒီလို လူငယ် တစ်ယောက် ရှိလိမ့်မယ်လို့
မထင်ထားခဲ့ဘူး၊ ငါတို့ တကယ်ပဲ အသာစီးရသွားတာပဲ”
အဘိုးအို၏ မှတ်ချက်စကားများကို ကြားသော် ယွီရှင်းနှင့် လင်းလောင်တောင်ထိပ် သခင်မတို့
နှစ်ဦးလုံး မှင်တက်သွားပြီး လုရီကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။
ဘိုးဘေးက လူငယ်မျိုးဆက်တစ်ယောက်ကို ဒီလို ချီးကျူးတာမျိုး ငါတို့ တစ်ခါမှ မကြားဖူးဘူး။ ယွီမိသားစုရဲ့ ဒီမျိုးဆက်မှာ အားအကောင်းဆုံး ပါရမီရှင် ဖြစ်တဲ့ ယွီဟန်ကွမ်းတောင်မှ အဘိုးအိုဆီက ‘တော်တယ်’ ဆိုတဲ့ မှတ်ချက်လေးပဲ ရခဲ့တာ! လုရီရဲ့ ပါရမီက တကယ်ပဲ ဒီလောက်တောင် ကြောက်စရာကောင်းနေတာလား။
လုရီသည်လည်း အနည်းငယ် အံ့အားသင့်သွား၏။ သူ ယခင်က ကြိုးစားကြည့်ခဲ့ပြီး
ယွီရှင်းပင်လျှင် သူ၏ အခြေခံအုတ်မြစ်ကို မမြင်နိုင်ခဲ့ဘဲ၊ သူ၏ အခြေခံအုတ်မြစ်မှာ တာအိုရတနာတစ်ခုဖြင့် တည်ဆောက်ထားသည်ကို
မခွဲခြားနိုင်ခဲ့ပေ။
သို့သော် သူ၏ ရှေ့မှ ဤအဘိုးအိုကမူ သူ
တာအို၏ အငွေ့အသက်ကို ထုတ်လွှတ်နေသည်ကို အမှန်တကယ် သတိပြုမိခဲ့သည်လား။
ဤသည်မှာ သူ၏ တာအိုအခြေခံအုတ်မြစ်ကို ထွင်းဖောက်မြင်နိုင်ခဲ့သော ပထမဆုံး အကြီးအကဲ ဖြစ်ပါ၏။
ရှင်းလင်းစွာပင် ဤအဘိုးအို၏ အစွမ်းမှာ သူ စိတ်ကူးထားသည်ထက်ပင် ပိုမိုကြီးမားသည်။
သို့သော် လုရီ ဖရိုဖရဲရတနာ အခြေခံအုတ်မြစ်ကို စုပ်ယူပြီးနောက်တွင်ပင် အဘိုးအိုသည် ၎င်းကို
မသိရှိခဲ့သေးချေ။
လုရီ နားလည်နိုင်၏။ နောက်ဆုံးတွင် ဖရိုဖရဲသည် တာအိုကို များစွာ ကျော်လွန်ပေသည်။
လုရီသည် တာအို မျက်လုံးကို အသုံးပြု၍ စကြဝဠာကို ကြည့်ရှုခဲ့ပြီး စကြဝဠာ တစ်ခုလုံး တာအိုဖြင့် ရောယှက်ထားသော်လည်း ၎င်းတွင် ဖရိုဖရဲ ကင်းမဲ့ကြောင်းကို ကောင်းစွာ သိရှိထား၏။
တစ်စုံတစ်ယောက်က တာအိုကို ဖြတ်သန်း၍ ဖရိုဖရဲကို မည်သို့ မြင်နိုင်မည်နည်း။