← Chapters

တာအို၏ အငွေ့အသက်၊ ယွီမိသားစု ဘိုးဘေး၏ စိတ်အားထက်သန်မှု (၂)

Vol. 40 Ch. 597

တာအို၏ အငွေ့အသက်၊ ယွီမိသားစု ဘိုးဘေး၏ စိတ်အားထက်သန်မှု (၂)

Vol. 40 Ch. 597

လုရီက ရယ်မောရင်း ဆိုသည်။

“ဘိုးဘေးက ကျွန်တော့်ကို မြှောက်နေပြန်ပါပြီ၊ ကျွန်တော် ပိုပြီး ကြိုးစားဖို့ လိုအပ်ပါသေးတယ်”

အဘိုးအို၏ မျက်လုံးများမှာ ထပ်ခါတလဲလဲ ခေါင်းညိတ်ရင်း တွန့်ကွေးသွား၏။

“ငါ့တပည့် ဖြစ်လာခဲ့ပါ၊ ငါ မင်းကို ငါ့ရဲ့ တပည့်ရင်းအဖြစ် လက်ခံမယ်”

ဘေးတွင်မူ လင်းလောင်တောင်ထိပ်သခင်မမှာ မှင်တက်သွားသည်။

ဒီလိုကြီးလား။ အမှန်တော့ ဒါက အင်မော်တယ်အရှင်သခင်အဆင့် ပုဂ္ဂိုလ်ကြီးတစ်ပါးလေ၊ ဘာလို့ ငါ့ဘိုးဘေးက ဒီလောက် စိတ်အားထက်သန်နေရတာလဲ။ သူက ငါ့ရဲ့ တိုက်ရိုက်တပည့်ကို သူ့တပည့်အဖြစ် ဒီလိုကြီး လက်ခံချင်နေတာလား။

ဒီကောင်လေးက တကယ်ပဲ ဒီလောက် အထင်ကြီးစရာ ကောင်းနေတာလား။

အင်း…ဟုတ်ပါတယ်လေ၊ သူက တော်တော်လေး အထင်ကြီးစရာ ကောင်းပါတယ်၊

ဒါပေမယ့့် အင်မော်တယ် အရှင်သခင် တစ်ပါးအနေနဲ့ နည်းနည်းလောက်တော့ ထိန်းထိန်းသိမ်းသိမ်း ပြုမူပါဦးလား။

လင်းလောင်တောင်ထိပ် သခင်မသည် အတော်လေး မတတ်နိုင်သလို ခံစားလိုက်ရ၏။

သို့သော် ဆရာ တစ်ဦးအနေနှင့် သူမသည်

သဘာဝအတိုင်း နားလည်ပါသည်။

ဒီကောင်လေးက အရမ်း မြန်မြန် တိုးတက်နေသည်၊ သူမကိုယ်တိုင်တောင် ကြီးမားသော ဖိအားတစ်ခုကို ခံစားနေရလောက်အောင် မြန်နေလေ၏။

သူမ မနေ့ညက အနည်းငယ် ဆန္ဒ မရှိခဲ့သော်ငြား စဉ်းစားကြည့်ပြီးနောက်မှာတော့ အကယ်၍သာ လုရီက သူမနောက်ကို ဆက်လိုက်နေမည်ဆိုလျှင် မကြာခင်မှာပဲ သူက သူမကို လုံးဝ ကျော်လွန်သွားတော့မည်ကို သူမ သိရှိလိုက်ရပါသည်။

ထိုအချိန်ရောက်လျှင် သူမက ဒီကောင်လေး၏ ကြီးပြင်းမှုကို ကန့်သတ်နေသလို ဖြစ်သွားလိမ့်မည်။ အကယ်၍သာ ဘိုးဘေးက သူ့ဆရာ ဖြစ်လာခဲ့လျှင် ဒါက သူ့အတွက် ကြီးမားသော ကံကောင်းခြင်းတစ်ခု ဖြစ်မှာပါပဲ

လင်းလောင်တောင်ထိပ်သခင်မသည် ဝန်ခံချင်စိတ် မရှိသော်လည်း၊ ဘိုးဘေးသည်

အင်မော်တယ်အရှင်သခင် တစ်ပါးအနေနှင့် သူမထက် သေချာပေါက် ပိုအားကောင်းကြောင်းကို ဝန်ခံရပေမည်။

တော်လိုက်တာ…

ဘာလို့ ဒီကောင်စုတ်လေးက ဒီလောက် မြန်မြန် တိုးတက်နေရတာလဲဟယ်။

လင်းလောင်တောင်ထိပ်သခင်မသည် ရင်တွင်း

မကျေနပ်မှုများဖြင့် ပြည့်နှက်နေ၏။

ထိုစဉ် သူတို့ဘေးမှ ယွီရှင်းကမူ လုရီ့ကို အနည်းငယ် အံ့အားသင့်စွာ ကြည့်လာသည်။

“ဘိုးဘေး မှားမမြင်ဘူးဆိုတာ သေချာရဲ့လား။ တာအို မူလဇာစ်မြစ်ရဲ့ တည်ရှိမှုကို တကယ်ပဲ ခံစားမိတာလား ခင်ဗျာ”

အဘိုးအိုက အသာအယာ ပြုံးလိုက်၏။

“ငါက မျက်စိမှုန်ရမယ့် အရွယ်ကို မရောက်သေးပါဘူး”

ဤအချက်က ယွီရှင်းကို ပို၍ပင် တုန်လှုပ်သွားစေသည်။

အင်မော်တယ် ဘုရင်တစ်ပါးအနေနှင့် မိမိသည် လင်းလောင်တောင်ထိပ်သခင်မထက် သဘာဝအတိုင်း ပိုမိုအသိအမြင် ကြွယ်ဝ၏။

အင်မော်တယ် အရှင်သခင်အဆင့်သို့ ရောက်ရှိသွားသည်နှင့် သူတို့၏ အတွင်းရှိ ကမ္ဘာငယ်မှာ နီးပါး ပြည့်စုံနေပြီဖြစ်သည်။

ဆက်လက်တိုးတက်ရန်အတွက်မူ လူတစ်ဦးသည် တာအိုမူလဇာစ်မြစ်ကို နားလည်ရန် လိုအပ်ပြီး၊ သူတို့၏ ကမ္ဘာငယ်ကို တာအိုနှင့် ပေါင်းစည်းကာ ခုန်ပျံနိုင်ရန် လိုအပ်၏။

လုရီ တာအို၏ အငွေ့အသက်ကို ပိုင်ဆိုင်ထားခြင်းမှာ သူသည် တာအိုမူလဇာစ်မြစ်ကို နားလည်ရာတွင် ထူးခြားသော အားသာချက်တစ်ခု ရှိနေသည်ဟု အဓိပ္ပာယ်ရသည်။ ၎င်းမှာ

အင်မော်တယ်ဘုရင် နယ်ပယ်၏ ဂိတ်တံခါးကို မြင်နိုင်ခြင်းနှင့် နီးပါး တူညီနေလေ၏။

မရေမတွက်နိုင်သော အင်မော်တယ်အရှင်သခင်များသည် သူတို့၏ တစ်သက်တာလုံး

အင်မော်တယ်ဘုရင်၏ ဂိတ်တံခါးရှေ့တွင် ရပ်တန့်နေကြသော်လည်း ထိုတံခါးကို တစ်ချက်မျှပင် မမြင်နိုင်ခဲ့ကြသည်ကို သတိပြုရပါမည်။

ဤသည်မှာ လုရီသည် အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်လာရန် အလားအလာ ရှိသည်ဟု အဓိပ္ပာယ်ရပါ၏။

ထို့ပြင် ယခုအချိန်တွင် လုရီသည် ကောင်းကင်ဘုံအင်မော်တယ်တစ်ပါးမျှသာ ဖြစ်နေသေးရာ၊ ၎င်းက သူ၏ အလားအလာ မည်မျှ ကြီးမားသည်ကို ညွှန်ပြနေတော့သည်။

သူတို့ မိသားစု ဘိုးဘေးသည် တပည့်တစ်ဦး လက်ခံရန် အဘယ်ကြောင့် ဤမျှ စိတ်အားထက်သန်နေသည်ကို ယွီရှင်း အပြည့်အဝ နားလည်နိုင်‌ပေ၏။

...ပွင့်ပွင့်လင်းလင်း ပြောရရင်၊ အကယ်၍သာ ငါတို့မိသားစု ဘိုးဘေးက တပည့်တစ်ယောက် လိုချင်နေတာသာ မဟုတ်ရင်၊ ငါက သူ့ကို ငါ့ရဲ့ ကိုယ်ပိုင်သမီးအတွက် လုယူချင်နေတာ။

ငါ့ရဲ့ ချစ်သမီးလေးက သူ့အဖေအိုကြီးရဲ့ ဒီလိုလုပ်ရပ်ကိုတော့ သေချာပေါက် ခွင့်ပြုပေးမှာပဲ မဟုတ်လား။...,

တစ်ဖက်၌မူ အဘိုးအို၏ စကားကို ကြားသော် လုရီသည် ထုံကျင်နေသော မျက်နှာထားဖြင့် လင်းလောင်တောင်ထိပ်သခင်မကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြုံးလိုက်သည်။

“ဘိုးဘေးရဲ့ တန်ဖိုးထားမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော့်မှာ ဆရာ

တစ်ယောက် ရှိပြီးသားပါ။ အကယ်၍သာ ကျွန်တော် ဘိုးဘေးရဲ့ မျိုးဆက်ကို ပြောင်းလိုက်မယ်ဆိုရင် ဒါက ကျွန်တော့်ရဲ့ ဂိုဏ်းကို သစ္စာဖောက်ရာ မရောက်ဘူးလား။ ကျွန်တော်က ကိုယ့်ဂိုဏ်းကို သစ္စာဖောက်တဲ့သူမျိုး မဖြစ်ချင်ပါဘူး”

အမှန်မှာ လုရီသည် မနေ့တစ်နေ့လုံး သူ၏

စီနီယာအစ်မများနှင့် နှစ်ကိုယ်တူကျင့်ကြံရင်း အားလပ်ချိန်များတွင် စဉ်းစားခဲ့ပြီးဖြစ်သည်။

သူ၏ ဆရာသည် လမ်းတစ်လျှောက်တွင် သူ့ကို သိသာထင်ရှားသော အကူအညီများ ပေးခဲ့၏။

ယခု အကယ်၍သာ သူက ဆရာ တစ်ဦး ပြောင်းလိုက်မည်ဆိုလျှင် ၎င်းမှာ အနည်းငယ်

မသင့်တော်သလို ထင်ရသည်။

ဤစကားကို ကြားသော် လင်းလောင်တောင်ထိပ်သခင်မ၊ ယွီရှင်းနှင့် ယွီမိသားစု ဘိုးဘေးပင်

မချန်.. အားလုံး အံ့အားသင့့်သွားကြ၏။

လင်းလောင်တောင်ထိပ် သခင်မ၏ မျက်လုံးများမှာ တောက်ပလာပြီး လုရီကို ကြည့်ကာ၊ စိတ်လှုပ်ရှားစွာဖြင့် သူ၏ ပခုံးကို ပျော်ရွှင်စွာ ပုတ်လိုက်သည်။

“နင်က ကျေးဇူးတရားကို တန်ဖိုးထားတဲ့ ကလေး တစ်ယောက်မှန်း ငါသိသားပဲ”

ထိုစဉ် ယွီရှင်းနှင့် ယွီမိသားစု ဘိုးဘေးတို့မှာမူ အတွေးထဲသို့ နစ်မြုပ်သွားကြ၏။

ယခင်က သူတို့သည် လုရီ၏ ပါရမီကို မြင်၍ စိတ်ဝင်စားခဲ့ကြသည်။ အထူးသဖြင့် ယွီမိသားစု ဘိုးဘေးသည် လုရီကို တပည့်အဖြစ် လက်ခံရန် အမှန်တကယ် မျှော်လင့်ခဲ့သော်လည်း သူတို့ ဤအချက်ကို သတိမမူမိခဲ့ကြပေ။

အကယ်၍သာ လုရီသည် ယခု သူ၏ တပည့်ဖြစ်လာရန် ဆရာပြောင်းနိုင်ခဲ့မည်ဆိုလျှင်၊ အနာဂတ်တွင် သူက ပိုမို အားကောင်းသော

အင်မော်တယ်ဘုရင်တစ်ပါးကို သူ၏ ဆရာအဖြစ် ပြောင်းလဲလိုလျှင်ကော။

ဤသို့ တွေးကြည့်လျှင် လုရီ၏ လက်ရှိလုပ်ရပ်များမှာ ပို၍ပင် ဖြောင့်မတ်ပြီး သစ္စာရှိလေ၏။

ယွီမိသားစု ဘိုးဘေးနှင့် ယွီရှင်းတို့၏ အကြည့်များသည် သူတို့ လုရီ့ကို ကြည့်သောအခါ ပို၍ပင် နူးညံ့ပျော့ပျောင်းသွားသည်။

အခြားအရာအားလုံးကို ဘေးဖယ်ထားလျှင်ပင်၊ လုရီသည် စိတ်နှလုံးသားတွင် သစ္စာရှိသူဖြစ်ရာ၊ သူ၏ ဆရာမှာ ယွီလင်းလောင် ဖြစ်သည့်တိုင် သူမသည်လည်း ယွီမိသားစု၏ တိုက်ရိုက်မျိုးဆက်မှ ဖြစ်၏။ သို့ဖြစ်ရာ အကယ်၍သာ လုရီ ကြီးထွားလာခဲ့မည်ဆိုလျှင် သူသည် ယွီမိသားစုဝင်တစ်ဦး ဖြစ်နေဆဲပင် ဖြစ်သည်။

ယွီမိသားစု ဘိုးဘေးက လုရီကို ကြည့်ကာ ခပ်ဖွဖွရယ်မောရင်း ဆို၏။

“ရှောင်ရီ၊ ငါ့တပည့်ဖြစ်ချင်တဲ့သူ ဘယ်လောက်များများ ရှိတယ်ဆိုတာ မင်းသိလား၊ အဲ့ဒီသူတွေအားလုံးကို ငါငြင်းပယ်ခဲ့တယ်။ ဒီလို အခွင့်အရေးမျိုးကို မင်း မလိုချင်ဘူးလားကွ”

ထိုအခါ လုရီသည် တစ်ခဏမျှ တွန့်ဆုတ်သွားပြီးနောက် သတိဖြင့် မေးလိုက်သည်။

“ကျွန်တော် လိုချင်ပါတယ်၊ ဒါပေမဲ့ ဒီလိုလုပ်ရင်ကော ဘိုးဘေး၊ ကျွန်တော်က ဆရာရဲ့ တပည့်အဖြစ်ပဲ ဆက်နေမယ်၊ ဒါပေမဲ့ ဘိုးဘေး အားတဲ့အခါ ကျွန်တော့်ကို တာအိုတို့ ဘာတို့အကြောင်း လာပြောပြပေးလို့ ရမလား”

ယွီမိသားစု ဘိုးဘေး၏ မျက်နှာမှာ ရှုံ့မဲ့သွားပြီး လုရီ့ကို လက်ညှိုးထိုးကာ ဆို၏။

“မင်းကောင်စုတ်လေးက တော်တော်လေး အကွက်မြင်တာပဲ ဟုတ်လား။ မင်းက ငါ့တပည့်

မဟုတ်ဘဲနဲ့ မင်းကို သင်ပေးစေချင်တာလား”

လုရီကိုယ်တိုင်ပင် အနည်းငယ် အားတုံ့အားနာ ဖြစ်သွားသည်။

ထို့နောက်တွင် ယွီမိသားစု ဘိုးဘေးက ရုတ်တရက် သူ၏ လေသံကို ပြောင်းလိုက်၏။

“ကောင်းပြီ၊ ကောင်းပြီ၊ လင်းလောင်က ငါ့ရဲ့ တိုက်ရိုက် မျိုးဆက်ပဲ၊ သူ့တပည့်အနေနဲ့ မင်းက ငါ့ရဲ့ မျိုးဆက်ကွာ တပည့် တစ်ယောက်လို့ သတ်မှတ်လို့ရတယ်။ ငါ မင်းကို သင်ပေးလို့ ဖြစ်ပါတယ်”

ဘိုးဘေး၏ သဘောတူညီမှုကို ကြားလိုက်ရသောအခါ လုရီ၏ မျက်လုံးများ တောက်ပလာပြီး ချက်ချင်းပင် အပြုံးရတစ်ပွင့် ဖြစ်တည်လာသည်။

“ကျေးဇူးတင်ပါတယ်၊ ဘိုးဘေး”

လင်းလောင်တောင်ထိပ်သခင်မက လုရီ့ကို

တစ်ချက်ကြည့်လိုက်ပြီး အတော်လေး မနာလိုဖြစ်သွား၏။

ယွီမိသားစု၏ တိုက်ရိုက်မျိုးဆက်တစ်ဦးအနေနှင့်ပင် ဘိုးဘေးထံမှ ကိုယ်ပိုင်သင်ကြားမှုကို ရရှိရန်မှာ အဖြစ်များသော ကိစ္စ မဟုတ်ပေ။

ထို့နောက် သူမက ဘိုးဘေးအား မေးလိုက်သည်။

“ဒါဆိုရင် အဲ့ဒီအချိန်ကျရင် ဘိုးဘေးက လုရီကို သင်ကြားပေးတဲ့အခါ သမီးလည်း လာသင်ယူလို့ရမလား”

ယွီမိသားစု ဘိုးဘေးက လင်းလောင်တောင်ထိပ်သခင်မကို တစ်ချက်ကြည့်ကာ နှာခေါင်းရှုံ့လိုက်၏။

“မင်းက တော်တော်လေး ဉာဏ်များတာပဲ… ကောင်းပြီလေ၊ ဒီလိုဖြစ်လာမှတော့ မင်းလည်း လာခဲ့ပေါ့”

---

ယွီမိသားစု ဘိုးဘေးနှင့် ခွဲခွာပြီးနောက် ယွီရှင်းသည် လုရီနှင့် လင်းလောင်တောင်ထိပ်သခင်မကို အိမ်ပြန်ခေါ်ဆောင်လာသည်။

ယွီဟန်ကွမ်း၊ ယွီယွမ်ဝူနှင့် ယွီမိသားစု၏

သခင်မကြီးတို့မှာ အားလုံး စောင့်ဆိုင်းနေကြ၏။

သူတို့သုံးဦး ပြန်လာသည်ကို မြင်သော် ယွီဟန်ကွမ်းနှင့် အခြားသူများမှာ သူတို့ကို ကြိုဆိုရန် ထွက်လာကြသည်။

ယွီယွမ်ဝူက သိချင်စိတ်ဖြင့် မေးလာ၏။

“လုရီ၊ ဘယ်လိုလဲ။ ဘိုးဘေးက မင်းကို သူ့တပည့်အဖြစ် လက်ခံလိုက်လား”

“ဟင့်အင်း”

လုရီက ခေါင်းခါလိုက်သည်။

ယွီဟန်ကွမ်းက အံ့အားသင့်သွား၏။

“မင်းရဲ့ ပါရမီနဲ့ဆိုရင် အဲ့လိုမဖြစ်သင့်ဘူးလေ။ ဘိုးဘေးက သဘောမတူခဲ့တာများလား”

ထိုစဉ် လင်းလောင်တောင်ထိပ်သခင်မက လုရီ့ကို တစ်ချက်ကြည့်ကာ ရွှင်လန်းစွာ ပြောလိုက်သည်။

“အဲ့လိုမဟုတ်ဘူး၊ ဒီကောင်လေးက အထင်ကြီးစရာကောင်းတဲ့ ပါရမီရှိတယ်၊ ဘိုးဘေးကတောင် သူ့ကို တပည့်အဖြစ် လက်ခံဖို့ စိတ်အားထက်သန်နေခဲ့တာ၊ ဒါပေမဲ့… ဒီကောင်လေးက နောက်ဆုံးမှာ ကျွန်မကို သူ့ဆရာအဖြစ် ရွေးချယ်ခဲ့တယ်”

လင်းလောင်တောင်ထိပ်သခင်မသည် ဂုဏ်ယူသော အမူအရာဖြင့် ဆို၏။

ယွီယွမ်ဝူက တုန်လှုပ်စွာ အော်ဟစ်တော့သည်။

“ဘာ။ လုရီ၊ မင်း ရူးသွားပြီလား။ မင်းက

ဘိုးဘေးအစား အားနည်းတဲ့ ဒုတိယအစ်မကို မင်းရဲ့ ဆရာအဖြစ် ရွေးချယ်ခဲ့တယ်၊ ဟုတ်လား”

ယွီဟန်ကွမ်းနှင့် ယွီမိသားစု၏ သခင်မကြီးတို့ပင်လျှင် လန့်သွားကြပြီး အတော်လေး အံ့အားသင့်နေကြ၏။

ယွီဟန်ကွမ်းက မနေနိုင်ဘဲ ပြောလာသည်။

“လုရီ၊ ဒီလို အခွင့်အရေးမျိုးက တစ်သက်မှာ တစ်ခါပဲ ရတာနော်၊ မင်း လက်လွှတ်လိုက်ရတာ တကယ်ပဲ နှမြောစရာပဲ”

ထိုအခါ လင်းလောင်တောင်ထိပ်သခင်မ၏ မျက်နှာမှာ စိတ်အနှောင့်အယှက်ဖြစ်ကာ မည်းမှောင်သွား၏။

“အဲ့ဒါက ဘာအဓိပ္ပာယ်လဲ။ ကျွန်မက ဘိုးဘေးထက် နိမ့်ကျနေလို့လား”

ယွီမိသားစု၏ သခင်မကြီးက လင်းလောင်တောင်ထိပ်သခင်မကို မျက်စောင်း ဖွဖွထိုးလာသည်။

“ကောင်မလေး၊ အစ်ကိုကို ပြန်မပြောနဲ့လေ”

ယွီရှင်းကမူ ခပ်ဖွဖွရယ်မောလိုက်၏။

“ကောင်းပြီလေ၊ ငါထင်တာတော့ ရီအာရဲ့ ရွေးချယ်မှုက လုံးဝမဆိုးပါဘူး”

ဤအချက်က ယွီဟန်ကွမ်းနှင့် အခြားသူများကို ယွီရှင်းဘက်သို့ အံ့အားသင့်စွာ လှည့်ကြည့်သွားစေသည်။

ယွီရှင်းက ခေါင်းခါလိုက်ပြီး သူနှင့် ယွီမိသားစု ဘိုးဘေးတို့၏ အတွေးများကို မထုတ်ဖော်ရန် ဆုံးဖြတ်ကာ ပြောပြလိုက်တော့၏။

“ရီအာက ဘိုးဘေးရဲ့ တပည့် မဖြစ်ရင်တောင် ဘိုးဘေးက ရီအာကို သင်ကြားပေးဖို့ တော်တော်လေး ဆန္ဒရှိနေတုန်းပဲ”

လင်းလောင်တောင်ထိပ် သခင်မက ရွှင်လန်းစွာ ပြောသည်။

“ပြီးတော့ သမီးလည်း အဲ့ဒီကောင်လေးနဲ့အတူ

ဘိုးဘေးဆီက သင်ကြားမှုကို ခံယူဖို့ သွားလို့ရတယ်”

ဤစကားကို ကြားသော် ယွီဟန်ကွမ်းနှင့် အခြားသူများမှာ မှင်သက်သွားပြီး သူတို့၏ မျက်လုံးများမှာ လင်ဗန်းလို ပြူးကျယ်သွားကြ၏။

ထိုအခိုက်အတန့်မှာ ယွီယွမ်ဝူသည် အပြေးအလွှားသွားကာ လုရီကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။

“အစ်ကိုရီ၊ အစ်ကိုရီ။ ကျွန်တော်က ရှောင်ဝူပါ။ အဲ့ဒီအချိန်ကျရင် ကျွန်တော့်ကိုပါ ခေါ်သွား။ ကျွန်တော်လည်း ဘိုးဘေးရဲ့ သင်ကြားမှုတွေကို အနီးကပ် နားထောင်ချင်တယ်။ ငါတို့ တိုက်ရိုက်မျိုးဆက်တွေအတွက်တောင် နှစ်တစ်ရာမှာ တစ်ခါ ဘိုးဘေးရဲ့ သင်ကြားမှုကို ကြားရခဲတယ်”

လုရီ့မျက်နှာမှာ အမည်းရောင်မျဉ်းများဖြင့် ပြည့်နှက်နေတော့သည်။

“အဲ့ဒါက… ကျွန်တော် အရင်ဆုံး ဘိုးဘေးကို မေးရဦးမယ်၊ သူ သဘောမတူရင်ကော”

ယွီယွမ်ဝူသည် ချက်ချင်းပင် ငိုယိုသံများ ထွက်ပေါ်လာပြီး လုရီ၏ ခြေထောက်များကို တွယ်ကပ်တော့မည့်အလား။

“မဟုတ်ဘူး၊ အစ်ကိုရီ၊ ကျွန်တော် သေချာပေါက် လိမ်လိမ်မာမာ နေပါ့မယ်။ ကျွန်တော် ဘေးမှာ တိတ်တိတ်လေး ရပ်ပြီး ဘိုးဘေးက အစ်ကို့ကို တာအိုအကြောင်း ပြောတာကို နားထောင်နေရုံပါပဲ၊ ကျွန်တော် စကားတစ်ခွန်းမှ မပြောပါဘူး”

“ဒါက…”

လင်းလောင်တောင်ထိပ်သခင်မက ယွီယွမ်ဝူကို အထင်သေးစွာ ကြည့်လိုက်ပြီး သူမ၏ မောင်ဖြစ်သူမှာ အရှက်မရှိဟု ခံစားလိုက်ရသည်။

ယွီယွမ်ဝူက လုရီကို သနားစရာ ခွေးပေါက်လေးလို မျက်ဝန်းများဖြင့် ကြည့်နေလေ၏။

“ယောက်ဖ။ ဖေဖေ ပြောတာ ကြားတယ်မလား။ သူက ဒုတိယ အစ်မကို ခင်ဗျားနဲ့ လက်ထပ်ပေးမယ်လို့ ပြောတယ်လေ၊ ကျွန်တော်က ခင်ဗျားရဲ့ ညီပဲ။ ခင်ဗျား ဘယ်လိုလုပ် စိတ်ချနိုင်မှာလဲ”

လင်းလောင်တောင်ထိပ်သခင်မမှာတော့ “???”

“ယွီယွမ်ဝူ”

လင်းလောင်တောင်ထိပ်သခင်မသည် အံကြိတ်လိုက်၏။

ဘေးတွင် လုရီခမျာလည်း အမည်းရောင်မျဉ်းများဖြင့် ပြည့်နှက်နေသည်။

“ညီအစ်ကိုယွမ်ဝူ၊ ကျွန်တော် ဒီအကြောင်းကို

အရင်ဆုံး ဘိုးဘေးကို မေးကြည့်ပေးပါ့မယ်၊ ဟုတ်ပြီလား”

နောက်ဆုံးတွင် လုရီသည် ယွီမိသားစု ဘိုးဘေးနှင့် အလွန်အမင်း ရင်းနှီးခြင်းမရှိသေးဘဲ၊ ဤသို့သော ဆုံးဖြတ်ချက်များကို သူကိုယ်တိုင်

မချမှတ်ရဲပါချေ။

ဘိုးဘေးသည် အမှန်တကယ်ပင် အင်မော်တယ်အရှင်သခင်အဆင့်ရှိ ပုဂ္ဂိုလ်ကြီး တစ်ပါးဖြစ်ပြီး၊ မိမိအပေါ် ကောင်းမွန်သော်လည်း၊ ၎င်းအချက်ဖြင့် ကိုယ့်ကိုယ်ကို မာန မထောင်လွှားသင့်ဘူး လေ။

ထိုအခိုက်အတန့်တွင် ယွီဟန်ကွမ်းက ခပ်ဖွဖွချောင်းဟန့်လိုက်ပြီး အနည်းငယ်ပြုံးကာ တောင်းဆိုလာပြန်သည်။

“လုရီ၊ အဲ့ဒီအချိန်ကျရင် ငါ့ကိုပါ ခေါ်သွားပေးပါလား”

လုရီမှာတော့ “…”

ယွီမိသားစု ဘိုးဘေးထံမှ သင်ခန်းစာများ ရရှိရန် အလားအလာမျှသာက ယွီမိသားစု၏ တိုက်ရိုက်မျိုးဆက် ပါရမီရှင်များကို ဤမျှလောက် မနာလိုအားကျဖြစ်သွားစေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

သူသည် သဘောတကျ ရယ်မောလိုက်သည်။

“ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ အဲ့ဒီအချိန်ကျရင် ကျွန်တော် ဘိုးဘေးကို မေးကြည့်ပေးပါ့မယ်ဗျာ”

All Chapters