← Chapters

အင်မော်တယ်ရွှေထက်ပင် သန်မာသော ရုပ်ခန္ဓာ

Vol. 40 Ch. 598

အင်မော်တယ်ရွှေထက်ပင် သန်မာသော ရုပ်ခန္ဓာ

Vol. 40 Ch. 598

ထိုစဥ် ယွီရှင်းသည် လက်များကို နောက်ပစ်ကာ ရပ်ရင်း ဖွင့်ဟပြောဆိုလာသည်။

“ဒါပေမဲ့ ဘိုးဘေးရဲ့ တပည့်ဖြစ်ရင်တောင်မှပဲ၊

ရီအာ၊ မင်းက အခုမှ ကောင်းကင်ဘုံအင်မော်တယ်တစ်ပါး ဖြစ်လာသေးတာ၊ အင်မော်တယ်တစ်ပါးရဲ့ တာဝန်တွေကိုတော့ ထမ်းဆောင်ရဦးမှာပဲ။ ဘယ်လိုအဆင့်အတန်းမျိုးကမှ မင်းကို အဲ့ဒီတာဝန်ကနေ ကင်းလွတ်ခွင့်ပေးမှာ မဟုတ်ဘူး နော်”

လုရီက ခေါင်းညိတ်ပြီး လေးနက်စွာ နာခံလိုက်၏။

“ဟုတ်ကဲ့၊ ကျွန်တော် နားလည်ပါတယ်”

ယွီရှင်းက ဆက်လက် ပြောကြားလာသည်။

“အင်း၊ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘိုးဘေးက ညွှန်ကြားချက်တွေ ပေးပြီးသွားပြီ။ မင်း ကျိုယိုချီစစ်မြေပြင်ကနေ ပြန်လာပြီးတဲ့နောက်မှာ သူက မင်းကို သင်ကြားပေးလိမ့်မယ်”

ဤစကားကို ကြားသော် ယွီယွမ်ဝူက ဝင်ပြောလာ၏။

“ဒါဆိုရင် လုရီ၊ မင်း ကျိုယိုချီစစ်မြေပြင်ကို

မရောက်ဖူးသေးဘူးပေါ့”

“ခင်ဗျားက ရောက်ဖူးလို့လား”

လုရီက ပြန်မေးလိုက်သည်။

“ဟုတ်တယ်လေ၊ ငါ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ ပြန်လာတာ”

ယွီယွမ်ဝူ၏ မျက်ဝန်းများတွင် လေးနက်သော အမူအရာတစ်ခု လင်းလက်သွားပြီး

မကြည်မလင် ကဲ့ရဲ့လိုက်၏။

“အဲ့ဒီနေရာက တကယ်ပဲ လူနေဖို့ နေရာ မဟုတ်ဘူး”

ထိုအခါ ယွီရှင်းက ယွီယွမ်ဝူကို တစ်ချက်ကြည့်ကာ ခပ်မာမာ ဆူပူသည်။

“မင်း အစ်ကို့ဆီကနေ သင်ယူသင့်တယ်။

ဟန်ကွမ်းက သူ့ကိုယ်သူ သွေးတိုးစမ်းဖို့ ကျိုယိုချီစစ်မြေပြင်ကို အမြဲသွားတယ်။ မင်းကကော”

ယွီယွမ်ဝူ၏ ပါးစပ်မှာ တွန့်သွားပြီး သူက တိုးတိုးလေး စောဒက တက်လိုက်၏။

“ကျွန်တော်က ကျွန်တော့်အစ်ကိုလို သဘာဝလွန်ပုဂ္ဂိုလ်မှ မဟုတ်တာ”

“တိတ်စမ်း”

ယွီယွမ်ဝူသည် ချက်ချင်းပင် တိတ်ဆိတ်သွား တော့သည်။

လုရီက ပြုံးစိစိဖြစ်သွား၏။

ယွီယွမ်ဝူသည်

ယွီရှင်းကို အတော်လေး ကြောက်ရွံ့သည်ပင်။သို့သော် တစ်ဖန် ပြန်စဉ်းစားကြည့်လျှင် သူတို့၏ ဖခင်များကို မကြောက်သော သားများမှာ အမှန်တကယ်ပင် များများစားစား မရှိပါချေ။

ယွီရှင်းက နှာခေါင်းရှုံ့လိုက်ပြီးနောက် လုရီကို အာရုံစိုက်လာသည်။

သူ၏ မျက်နှာအမူအရာမှာ သိသိသာသာ ပျော့ပျောင်းသွား၏။

“ဒါပေမဲ့ ရှောင်ရီ.. အခုမှ တက်လှမ်းလာတာဆိုတော့ နောက်တစ်ခါ မထွက်ခွာခင် အချိန်အနည်းငယ် ယူလို့ ရပါတယ်”

လုရီမှာ သဘာဝအတိုင်းပင် ကန့်ကွက်စရာ မရှိပါချေ။

---

နောက်ဆက်တွဲ ရက်များတွင် လုရီသည် လင်းလောင်တောင်ထိပ်သခင်မ၏ ရင်ပြင်ငယ်လေးထဲတွင် ကျင့်ကြံနေသည်။

ယွင်ရှီးနှင့် သုန်းကုန်းမင်ယွဲ့တို့နှစ်ဦးလုံးမှာ အဆင့်ချိုးဖြတ်လုနီးပါး ဖြစ်နေပြီး တံခါးပိတ်ကျင့်ကြံနေကြ၏။ လုရီ့အနေနှင့် သူမတို့နှင့် နှစ်ကိုယ်တူကျင့်ကြံရန် မသင့်တော်ချေ။

သို့သော် လျိုနင်ရွှမ်းနှင့် ကျန်းရူယွီတို့မှာမူ အားလပ်နေကြပြီး၊ သူတို့သုံးဦးမှာ အချိန်ရသည့်အခါတိုင်း နှစ်ကိုယ်တူကျင့်ကြံလေ့ရှိသည်။

လဝက်ခန့်အကြာတွင်…

ယွီယွမ်ဝူသည် လင်းလောင်တောင်ထိပ်သခင်မ၏ ရင်ပြင်တံခါးကို လာခေါက်ပြီး အော်ဟစ်၏။

“အစ်ကိုရီ၊ အစ်ကိုရီ၊ အမြန် ထွက်လာခဲ့ပါ”

လုရီသည် အံ့အားသင့်သွားပြီး ကျင့်ကြံခြင်းအခန်းမှ ထွက်လာလေသည်။

ရင်ပြင် အပြင်ဘက်တွင် ယွီယွမ်ဝူနှင့် အတော်လေး ငယ်ရွယ်ပုံပေါက်သော လူငယ်တစ်ဒါဇင်ကျော် အတူတကွ ရပ်နေကြ၏။

သူတို့ လုရီ့ကို မြင်သောအခါ ဤလူငယ် တစ်ဦးချင်းစီ၏ အကြည့်များသည် သူ့ထံသို့ လှည့်လာလေ၏။ သူတို့၏ မျက်ဝန်းများမှာ စိန်ခေါ်လိုမှုနှင့် သိချင်စိတ်များဖြင့် ပြည့်နှက်နေလေသည်။

လုရီက မျက်ခုံးတစ်ဖက်ပင့်ကာ မေးလိုက်၏။

“ယွမ်ဝူ၊ သူတို့က ဘယ်သူတွေလဲဗျ”

ယွီယွမ်ဝူက ပြုံးကာ ဆိုသည်။

“အစ်ကိုရီ၊ ဘိုးဘေးက မင်းကို တပည့်အဖြစ် လက်ခံချင်တယ်ဆိုတဲ့ သတင်းက ပျံ့နှံ့သွားပြီ။ ဒါတွေက ယွီမိသားစုရဲ့ တိုက်ရိုက်မျိုးဆက် တပည့်တွေပဲ၊ သူတို့က မင်းအကြောင်းကို အရမ်းသိချင်နေကြတာ။ ဒါကြောင့် သူတို့က မင်းကို လာကြည့်ကြတာလေ”

“မင်းက လင်းလောင်ရဲ့ တပည့်လား။ ငါ့နာမည်က ယွီဟန်ရီ။ မင်း တကယ်ပဲ အဲ့ဒီလောက် အားကောင်းတာလားကွ”

“ယွီယွီအာက အစ်ကိုလုကို ဂါရဝပြုပါတယ်။ အစ်ကိုလုရဲ့ တက်လှမ်းခြင်း ကပ်ဘေးက ရှားပါး ကောင်းကင်မိုးကြိုးအမျိုးအစား ဒါဇင်ပေါင်းများစွာကို ဆွဲဆောင်ခဲ့တယ်လို့ ဆိုကြတယ်။ အဲ့ဒါ အမှန်ပဲလား”

“…”

ယွီမိသားစု တပည့်များသည် တတွတ်တွတ် ပြောဆိုကြပြီး လုရီ့ကို မေးခွန်းများဖြင့် ဗုံးကြဲကြ၏။

လုရီသည် အနည်းငယ် တုန်လှုပ်သွားသည်။

ဤလူငယ်များသည် ငယ်ရွယ်ပုံပေါက်သော်လည်း အားလုံးမှာ ကောင်းကင်ဘုံအင်မော်တယ်အဆင့်ရှိ အစွမ်းထက် ပုဂ္ဂိုလ်များ ဖြစ်ကြ၏။

ဒါက ယွီမိသားစုရဲ့ မျိုးဆက်သစ်တွေ အကုန်လုံးတောင် မဟုတ်သေးဘူးလား။

ယွီမိသားစုက တကယ်ပဲ အစွမ်းထက်တာပဲ။

ထျန်းမင်မှာဆို နှစ်တစ်သန်းနေလို့တောင် ကောင်းကင်ဘုံ အင်မော်တယ်တစ်ပါး ပေါ်လာချင်မှပေါ်လာတာ။

ဒီမှာတော့ လူငယ်တွေအားလုံးက ကောင်းကင်ဘုံအင်မော်တယ်တွေချည်းပဲ။

ဟုတ်ပါသည်။ ကောင်းကင်ဘုံအင်မော်တယ်အဆင့်တွင် မရှိသော ငယ်ရွယ်သည့် အဖွဲ့ဝင်များစွာလည်း ရှိရမည် ဖြစ်သော်လည်း သူတို့မှာ

ယွီယွမ်ဝူကဲ့သို့ ထူးချွန်သော ပုဂ္ဂိုလ်များနှင့် ရောနှောနိုင်ခြင်း မရှိလောက်ပေ။

ဤသူတို့မှာ ယွီမိသားစု၏ မျိုးဆက်သစ်မှ ပါရမီရှင် လူငယ်များဖြစ်ကြ၏။ အကယ်၍သာ သူတို့ အနာဂတ်တွင် အဆင့်မြင့် အဖွဲ့ဝင်များ မဖြစ်နိုင်သည့်တိုင်၊ အနည်းဆုံးတော့ အလယ်အလတ်တန်းစား ပုဂ္ဂိုလ်များအဖြစ် ရောနှောနေထိုင်ကြမည်ဖြစ်ပြီး၊ အချို့မှာမူ ရွှေအင်မော်တယ်အဆင့် ပုဂ္ဂိုလ်ကြီးများ ဖြစ်လာနိုင်ပေ၏။

လုရီ့အပေါ် သူတို့၏ သဘောထားမှာ သိချင်စိတ်ရှိသလို အနည်းငယ် မကျေမနပ်လည်း ဖြစ်နေသည်။

လုရီကမူ စိတ်ထဲမထားဘဲ ပြုံးလိုက်ရုံသာ ပြုံးလိုက်၏။

ယွီယွမ်ဝူက ဝင်ပြောဘာသည်။

“ ဟေး..ဟေး..တော်ကြတော့၊ ဘိုးဘေးတောင်မှ အစ်ကိုရီရဲ့ ပါရမီကို အတည်ပြုပြီးမှတော့ သံသယဖြစ်စရာ တစ်ခုခုများ ရှိနိုင်သေးလို့လား”

ရှင်းလင်းစွာပင် ယွီယွမ်ဝူသည် ဤအုပ်စုကြားတွင် ကြီးမားသော လေးစားမှုကို ရရှိထား လေ၏။ သူ၏ စကားကို ကြားသော် လူတိုင်း

ငြိမ်ကျသွားကြသည်။

ယွီယွမ်ဝူက လုရီကို မျှော်လင့်ချက်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ကြည့်ကာ ပြောလေ၏။

“စကားမစပ်၊ အစ်ကိုရီ၊ မင်း ငါတို့ရဲ့ သဘောတူညီချက်ကို မမေ့သေးဘူးမလား။ ငါတို့ သိုင်းပြိုင်ပွဲတစ်ပွဲ လုပ်ကြမလား”

လုရီက မျက်ခုံးတစ်ဖက်ပင့်ကာ ယွီယွမ်ဝူကို ကြည့်လိုက်သည်။

ဒါကြောင့်ကိုး။

သူ့မှာ ကန့်ကွက်စရာမရှိချေ။

မှန်သည်။ သိုင်းပြိုင်ခြင်းက ဆုလာဘ်များနှင့်အတူ လာသောကြောင့် ဖြစ်ပါ၏။

ယွီယွမ်ဝူသည်လည်း ကောင်းကင်ဘုံ

အင်မော်တယ်အဆင့်ဖြစ်ပြီး ယွီမိသားစုကဲ့သို့ ကြီးမားသော မိသားစု တစ်စု၏ ပါရမီရှင်တစ်ဦးဖြစ်ရာ၊ လုရီ.. သူ၏ ကိုယ်ပိုင်အစွမ်းမှာ သူနှင့် ယှဉ်နိုင်ခြင်း ရှိ၊ မရှိကို သိချင်စိတ် ပြင်းပြနေ ပါသည်။

ဤတိုက်ပွဲမှာ လုရီလည်း မျှော်လင့်နေသော အရာတစ်ခုဖြစ်၏။

၎င်းက သူနှင့် ကောင်းကင်ကြယ်တာရာနယ်မြေ၏ ထိပ်တန်းပါရမီရှင်များအကြား ကွာဟချက် တစ်စုံတစ်ရာ ရှိ၊ မရှိကို သူ့အား သိရှိစေလိမ့်မည်။

“ကျွန်တော် ဒီနေ့ အားပါတယ်၊ ဒါဆိုရင် လုပ်ကြတာပေါ့”

ဤစကားကို ကြားသော် ယွီယွမ်ဝူ၏ မျက်လုံးများ တောက်ပလာပြီး အသံထွက်၍ ရယ်မောလိုက်သည်။

“ဟားဟားဟား...ကောင်းလိုက်တာ။ အစ်ကိုရီဆီက အဲ့ဒီစကားကို ငါ စောင့်နေတာ ရက်အတော်များများ ရှိပြီ”

ယွီမိသားစု တပည့်များမှာ ပို၍ပင်

မျှော်လင့်တကြီး ကြည့်နေကြ၏။

ရိုးရိုးသားသား ပြောရရင်၊ လုရီက သေးငယ်သော သေမျိုးကြယ်တာရာ တစ်ခုက ကျင့်ကြံသူတစ်ယောက်ပဲဆိုတာ သူတို့အားလုံး သိလေသည်။

သူက လင်းလောင်တောင်ထိပ်သခင်မရဲ့ တိုက်ရိုက်တပည့်အဖြစ် လက်ခံခံရပေမယ့်၊ သေမျိုးကြယ်တာရာတစ်ခုက ကျင့်ကြံသူတစ်ယောက်က ဘိုးဘေးတောင်မှ သူ့ကို တပည့်အဖြစ် လက်ခံချင်လောက်အောင် မြင့်မားသည့် ပါရမီမျိုး တကယ်ပဲ ရှိမည်လား...။

သူတို့ ယုံရခက်နေလေ၏။ သူတို့ မျိုးဆက်သစ်တွေကြားမှာတောင် ဘိုးဘေးက အလေးထားသူ အလွန်နည်းပါးတာကို သတိပြုရလေမည်။

ထပ်ခါတလဲလဲ ချီးကျူးတာကိုတော့ ထားလိုက်ဦး။ ဒါက သူတို့ကို တော်တော်လေး မကျေမနပ်ဖြစ်စေလေသည်။

“အစ်ကိုလုရဲ့ တကယ့်အစွမ်းကို ငါတို့ မျက်မြင်တွေ့ကြရအောင်”

ယွီယွမ်ဝူက ပြုံးကာ ဆိုသည်။

“ကျွန်တော်နဲ့ လိုက်ခဲ့၊ အစ်ကိုရီ”

အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ ထိုအဖွဲ့သည် ရင်ပြင်မှ ပျောက်ကွယ်သွားပြီး အဝေးသို့ ပျံသန်းသွားကြ၏။ လုရီသည်လည်း ပြုံးကာ

သူတို့နောက်သို့ လိုက်ပါသွားလေသည်။

ယွီမိသားစု တပည့် တစ်ဦးချင်းစီမှာ အမြန်နှုန်းဆိုင်ရာ အင်မော်တယ်သိုင်းနည်းစနစ် တစ်ခုကို ပိုင်ဆိုင်ထားကြပြီး အလွန်မြန်မြန် လှုပ်ရှားကြ၏။ ရှင်းလင်းစွာပင် သူတို့သည် လုရီ၏

အမြန်နှုန်းကို စမ်းသပ်လိုကြသည်ပင်။

သို့သော် သူတို့ မည်သို့ပင် အရှိန်မြှင့်သည်ဖြစ်စေ၊ လုရီ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲပင် ဖြစ်၏။

သူသည် အေးအေးသက်သာ လမ်းလျှောက်နေသည့်အလား ဟင်းလင်းပြင်ကို ဖြတ်သန်းကာ သူတို့နောက်သို့ အေးဆေးသော အရှိန်အဟုန်ဖြင့် လိုက်ပါနေသည်။

ဤအရှိန်အဟုန်က သူတို့အားလုံးကို အတွင်းစိတ်ထဲအထိ တုန်လှုပ်သွားစေ၏။

“အလိုလေး...ဒါက နေရာလပ် နိယာမလား”

“ဦးလေး ထျန်းဖုန်းက အစ်ကိုလုက နက်ရှိုင်းခြင်း အင်မော်တယ်အဆင့် မဟာအခင်းအကျင်းကြီးတွေကို ဖြတ်သန်းနိုင်လောက်အောင် အလွန်အားကောင်းတဲ့ နေရာလပ်နိယာမကို ကျွမ်းကျင်တယ်လို့ ပြောတာ ငါကြားဖူးတယ်”

All Chapters