အင်မော်တယ်ရွှေထက်ပင် သန်မာသော ရုပ်ခန္ဓာ (၂)
Vol. 40 Ch. 599
“??? ဘာကြီးလဲ၊ တကယ်ကြီးလား။ သူက နက်ရှိုင်းခြင်း အဆင့် အင်မော်တယ်အခင်းအကျင်းကို ဖြတ်သန်းသွားနိုင်တယ်ဟ”
ယွီမိသားစု တပည့်များသည် တစ်ယောက်ပြီးတစ်ယောက် တိတ်တဆိတ် စိတ်စွမ်းအားဖြင့် ဆက်သွယ်ပြောဆိုကြပြီး အနည်းငယ်
မှင်တက်နေကြသည်။
ယွီယွမ်ဝူသည်လည်း ဤအကြောင်းကို သဘာဝအတိုင်း ကြားဖူးထားပြီး၊ လုရီ၏ အထင်ကြီးဖွယ်ကောင်းသော အမြန်နှုန်းကို မြင်သော် သူ
မနေနိုင်ဘဲ လေးစားသွား၏။
မကြာမီမှာပင် ထိုအဖွဲ့သည် မြင့်မားသော တောင်တစ်လုံး၏ ထိပ်သို့ ရောက်ရှိလာကြသည်။
ဤတောင်သည် ကီလိုမီတာ ထောင်ပေါင်းများစွာ မြင့်မားပြီး၊ ၎င်း၏ ထိပ်ကို ညီညာအောင် ပြုလုပ်ထားရာ ကီလိုမီတာ သုံးဆယ်ခန့် ကျယ်ဝန်းသော ကုန်းပြင်မြင့်တစ်ခု ဖြစ်ပေါ်နေ၏။
ထိုကုန်းပြင်မြင့်ပေါ်တွင် ဆန်းကြယ်သော အခင်းအကျင်းအင်းကွက်များ ရေးထိုးထားသည်။
၎င်းတို့ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် လုရီသည် အနည်းငယ် တုန်လှုပ်သွား၏။ အကြောင်းမှာ ထိုအခင်းအကျင်း၏ ရှုပ်ထွေးမှုမှာ သူကိုယ်တိုင်ပင် အပြည့်အဝ နားလည်ရန် ခက်ခဲနေသော အရာတစ်ခု ဖြစ်သောကြောင့်တည်း။
၎င်းမှာ နက်ရှိုင်းခြင်း အင်မော်တယ်အဆင့်ကို ကျော်လွန်သော ကာကွယ်ရေးအခင်းအကျင်းတစ်ခု ဖြစ်သည်။
ထိုအဖွဲ့သည် စင်မြင့်ပေါ်သို့ ဆင်းသက်လိုက်ကြပြီး၊ လုရီ ပတ်ဝန်းကျင်ကို ကြည့်ရှုနေသည်ကို မြင်သော် ယွီယွမ်ဝူက ရယ်မောရင်း ပြောပြ၏။
“အစ်ကိုရီ၊ ဒါက ငါတို့ ယွီမိသားစုရဲ့ သိုင်းကစားကွင်းပဲ။ ဒီလို စင်မြင့်တွေက ကျောက်စိမ်းကြယ်တာရာပေါ်မှာ အများကြီးပါပဲ၊ အားလုံးက ယွီမိသားစု တပည့်တွေ သိုင်းပြိုင်ဖို့အတွက်ပဲ။ သိုင်းကစားကွင်းတိုင်းမှာ ရွှေအင်မော်တယ်အဆင့် ကာကွယ်ရေးအခင်းအကျင်းတွေနဲ့ နေရာလပ်အခင်းအကျင်းတွေ တပ်ဆင်ထားတယ်။ အသက်သွင်းလိုက်တာနဲ့ ကီလိုမီတာ ထောင်ပေါင်းများစွာ ကျယ်ဝန်းတဲ့ ကမ္ဘာငယ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ နက်ရှိုင်းခြင်း အင်မော်တယ်အဆင့်အောက်က ကျင့်ကြံသူတွေအတွက် အတွင်းမှာ သိုင်းပြိုင်ဖို့ နေရာအလုံအလောက် ရှိတယ်”
ဤစကားကို ကြားသော် လုရီ မနေနိုင်ဘဲ ပြုံးလိုက်မိသည်။
“ယွီမိသားစု အမည်နဲ့ ထိုက်တန်ပါတယ်”
ဤသို့သော ကြီးကျယ်ခမ်းနားသည့် အခင်းအကျင်းများကို သူ ယခုအချိန်အထိ
မချမှတ်နိုင်သေးသော်လည်း၊ ဤဂြိုဟ်ပေါ်တွင်မူ သာမန်ဖြစ်နေ၏။
သူ့ချီးကျူးစကားကြောင့် ယွီမိသားစု တပည့်များအားလုံးမှာ ဂုဏ်ယူ ဝံ့ကြွားသော မျက်နှာအမူအရာများ ရှိနေကြသည်။
ကောင်းကင်ကြယ်တာရာနယ်မြေအတွင်း အကြီးဆုံးမိသားစု၏ မျိုးဆက်များအနေနှင့် သူတို့တွင် ဂုဏ်ယူရန် အကြောင်းပြချက်အပြည့်အဝ ရှိကြပေ၏။ မွေးဖွားလာကတည်းက သူတို့၏ စတင်ရာမျဉ်းသည် အခြားသူများနှင့် မတူညီခဲ့ချေ။
ဤနေရာတွင် ရှိနေသော ကောင်းကင်ဘုံအင်မော်တယ်အားလုံးမှာ အနည်းဆုံးတော့ မွေးဖွားစဉ်က နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံမှုအခြေခံ ရှိခဲ့ကြသည်။ အခြေခံအားဖြင့် သူတို့၏ မွေးရာပါ အစွမ်းသည် ထျန်းမင်မှ ကျင့်ကြံသူအများစုကြီး တစ်သက်တာလုံး ရုန်းကန်ကြိုးစား၍ ရရှိနိုင်သည်ထက်ပင် ပိုမို ကြောက်မက်ဖွယ်ကောင်း၏။
မဟာအခင်းအကျင်းကို အသက်သွင်း"
ယွီယွမ်ဝူက ကြယ်တာရာခြင်ဆီ တစ်စက်ကို ထုတ်ယူကာ အခင်းအကျင်းပေါ်သို့ ချလိုက်ပြီး အမိန့်ပေးလိုက်သည်။
နောက်တစ်ခဏမှာပင် ဆန်းကြယ်သော အခင်းအကျင်းအင်းကွက်များမှာ လင်းလက်စပြုလာပြီး၊ လုရီသည် သူတို့ပတ်လည်မှ နေရာလပ်မျှင်တန်းများ ပုံပျက်သွားသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိလိုက်၏။
နေရာလပ်တစ်ခုလုံး ဆန့်ထွက်သွားပြီး ကျုံ့ဝင်သွားကာ၊ နောက်ဆုံးတွင် ကီလိုမီတာ ထောင်ပေါင်းများစွာ အချင်းရှိသော ကမ္ဘာငယ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
သူတို့၏ ခြေအောက်တွင် မူလက ကီလိုမီတာ သုံးဆယ်ကျော်သာ ကျယ်ဝန်းသော စင်မြင့်မှာလည်း ဆန့်ထွက်သွားပြီး ကီလိုမီတာ ထောင်ပေါင်းများစွာ အရွယ်အစားသို့ ရောက်ရှိသွား၏။ လုရီသည် ယွီယွမ်ဝူနှင့် ဆန့်ကျင်ဘက်၊ ကီလိုမီတာ ဆယ်ဂဏန်းကျော် အကွာတွင် ရပ်နေသည်။ အင်မော်တယ်များအတွက်မူ ဤသို့သော အကွာအဝေးမှာ မရှိသလောက်ပင် ဖြစ်၏။
အခြား ယွီမိသားစု တပည့်များသည် အဝေးတွင် ရပ်နေကြပြီး သူတို့၏ မျက်ဝန်းများမှာ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေကာ ထိုနှစ်ဦးကို ကြည့်နေကြသည်။
အဝေးရှိ ဒေသများတွင်ပင် အချို့သော ကျင့်ကြံသူများသည် တိမ်တိုက်များအထက်မှနေ၍ ဤနေရာကို စောင့်ကြည့်နေကြ၏။ ထိုသူများထဲတွင် ယွီရှင်းနှင့် ယွီဟန်ကွမ်းတို့လည်း ပါဝင်သည်။ လှပ၍ အထက်တန်းကျသော မိန်းမလှဟန် အရိပ်အယောင်များဖြင့် လင်းလက်နေကာ လုရီကို ငေးကြည့်ရင်း မေးမြန်းလာ၏။
“အစ်ကိုကြီး၊ အဲ့ဒါ လုရီလား”
ယွီရှင်းက ခေါင်းအသာငြိမ့်သည်။
“ဟုတ်တယ်၊ သူပဲ”
သူမသည်လည်း လုရီ၏ အစွမ်းကို သိချင်စိတ်ဖြင့် သူ့ကို အဝေးမှ ကြည့်ရှုနေ၏။
နောက်ဆုံးတွင် သူမသည် လုရီ၏ တိုက်ခိုက်မှုစွမ်းရည်အကြောင်း သတင်းများစွာကို ကြားဖူးခဲ့သော်လည်း သူမ၏ ကိုယ်ပိုင်မျက်စိဖြင့် တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးချေ။ ဤသည်မှာ သူမအတွက် ပထမဆုံးအကြိမ် ဖြစ်သည်။
ထိုအမျိုးသမီးက မျက်ခုံးများကို ပင့်လိုက်ပြီး သူမ၏ လှပသော မျက်ဝန်းများမှာ သိချင်စိတ်များဖြင့် ပြည့်လျှံနေ၏။ “သူက ဘိုးဘေးပြောသလို တာအိုရဲ့ အနှစ်သာရကို တကယ်ပဲ ပိုင်ဆိုင်ထားတာလား”
ဤစကားကို ကြားသော် အနီးအနားမှ အမျိုးသား၊ အမျိုးသမီးအချို့သည်လည်း ထိုစကားဝိုင်းဘက်သို့ အာရုံစိုက်လာကြသည်။
ဤပုဂ္ဂိုလ်များမှာ ယွီမိသားစု၏ အထက်တန်းလွှာများဖြစ်ကြပြီး သူတို့ထဲမှ အနည်းဆုံးမှာ ရွှေအင်မော်တယ်အဆင့် ဖြစ်၏။
ရွှေအင်မော်တယ်များ သို့မဟုတ် အင်မော်တယ်ဘုရင်များကဲ့သို့ အားကောင်းသော သူတို့သည် တာအို၏ အနှစ်သာရကို ပိုင်ဆိုင်ထားခြင်းမှာ အဘယ်အရာကို ဆိုလိုသည်ကို နားလည်ထားကြပါသည်။
ယွီရှင်းက ခေါင်းအသာငြိမ့်ကာ ပြောပြလာ၏။
“ဘိုးဘေးက အဲ့ဒီလို ပြောခဲ့တယ်၊ ပြီးတော့ သူက အင်မော်တယ် အရှင်သခင်တစ်ပါးပဲ၊ ငါတို့ မမြင်နိုင်တဲ့ အရာတွေကို မြင်နိုင်စွမ်း ရှိတယ်”
သူ၏ စကားကြောင့် အခြားသူများ၏ မျက်ဝန်းများတွင် ရှင်းပြ၍မရသော တောက်ပမှုတစ်ခု လင်းလက်သွားသည်။
အရပ်မြင့်မားပြီး ခန့်ညားသော အမျိုးသားတစ်ဦးက လက်ပိုက်ကာ အံ့ဩတကြီး ပြောလာ၏။
“တာအိုရဲ့ အနှစ်သာရကို ပိုင်ဆိုင်ထားတယ်ဆိုတာ တကယ်ပဲ ရှားပါးတဲ့ လက်ဆောင်တစ်ခုပဲ… ဒီလို တာအိုရဲ့ ကလေးတော်တစ်ယောက် တကယ်ပဲ ရှိလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး”
ဆံပင်ဖြူဖြူနှင့် အဘိုးအိုတစ်ဦးက လုရီ့ကို ကြည့်ရင်း သက်ပြင်းချသည်။
“နှမြောစရာ..နှမြောစရာ။သူက ငါတို့ ယွီမိသားစုဝင်တစ်ယောက် မဟုတ်တာတော့ နှမြောစရာပဲ”
ထိုစဥ် ကျက်သရေရှိသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အသာအယာ ပြုံးရင်း မှတ်ချက်ပေး၏။
“အဲ့လိုတော့လည်း တိတိကျကျ ပြောလို့ မရပါဘူး၊ သူက လင်းလောင်ရဲ့ တိုက်ရိုက်တပည့်ဖြစ်မှတော့ ကျွန်တော်တို့ ယွီမိသားစုနဲ့ ဘာမှ မခြားနားတော့ပါဘူး”
ထိုအခါ ဆံပင်ဖြူဖြူနှင့် အဘိုးအိုက ခေါင်းခါရင်း ဆိုသည်။
“တပည့်တစ်ယောက်က… နောက်ဆုံးတော့ ဆွေမျိုးတစ်ယောက်ထက်တော့ နည်းနည်း
ခြားနားတာပေါ့”
အဘွားအိုတစ်ဦးကလည်း ခပ်ဟဟရယ်မောရင်း...
“ဟက်ဟက်၊ အဲ့ဒါက ဖြေရှင်းရလွယ်ပါတယ်။ ငါတို့က အဲ့ဒီလူငယ်လေးကို ငါတို့မိသားစုထဲက ကောင်မလေး တစ်ယောက်ယောက်နဲ့ လက်ထပ်ဖို့ စီစဉ်ပေးလိုက်လို့ရတာပဲ။ တစ်ယောက်နဲ့
မလုံလောက်ရင် သူ မျိုးဆက်တစ်ခု ချန်ထားခဲ့တဲ့အထိ ပိုပေးလိုက်ပေါ့၊ အဲ့ဒါဆိုရင် သူက
ယွီမိသားစုဝင်တစ်ယောက် ဖြစ်သွားမှာပဲဟာ”
အခြားသူများအားလုံးမှာ ပြုံးလိုက်ကြပြီး သူတို့၏ မျက်ဝန်းများမှာ လင်းလက်နေကာ၊ အချို့သော ဖြစ်နိုင်ခြေများကို အကဲဖြတ်နေသည့်အလား။
“ဟုတ်တယ်၊ ဟုတ်တယ်၊ ဒါ လုံးဝမဆိုးတဲ့ အကြံပဲ”
လှပသော အမျိုးသမီးက ခပ်ဖွဖွရယ်မောရင်း ဆိုသည်။
“ကျွန်မ ထင်တာတော့ လင်းလောင်လေးက အကိုက်ညီဆုံးပဲ။ သူက ကျွန်မတို့ ယွီမိသားစုရဲ့ မျိုးဆက်သစ်တွေထဲမှာ အထူးချွန်ဆုံးပဲ”
ဤစကားကို ကြားသော် အခြားသူများသည်လည်း ယွီရှင်းထံသို့ အာရုံစိုက်လာကြ၏။
ယွီရှင်း၏ ပါးစပ်မှာ အနည်းငယ် တွန့်သွားပြီး မတတ်နိုင်သော အမူအရာဖြင့် ပြောလိုက်လေသည်။
“ကျွန်တော်ကတော့ ကိစ္စမရှိပါဘူး၊ ဒါပေမယ့်
လင်းလောင်က အဲ့ဒါကို သဘောမကျမှာ စိုးရတယ်”
“ဟမ့်၊ အဲ့ဒီကောင်မလေးက သဘောမကျဘူး ဟုတ်လား။ ဒီကောင်လေးက တကယ်ပဲ တာအိုရဲ့ အငွေ့အသက်ကို ပိုင်ဆိုင်ထားပြီး အဲ့ဒါရဲ့ မျက်နှာသာပေးမှုကို ခံရတယ်ဆိုရင်၊ ဒီလို
တည်ရှ်ိမှုမျိုးက အနာဂတ်မှာ အင်မော်တယ်အရှင်သခင်အဆင့်ကို ရောက်ရှိဖို့ နီးပါး သေချာနေပြီ၊ အင်မော်တယ် ဘုရင်အဆင့်ကို ရောက်တာတောင် မဖြစ်နိုင်တာမျိုး မဟုတ်ဘူး။ ဒီလို အဆင့်အတန်းမျိုးက သူ့ကို သေချာပေါက် အရှက်ရစေမှာ မဟုတ်ဘူးလေ။ ဒါ့အပြင် ဒါက ငါ့ရဲ့ ယွီမိသားစုအတွက် အလွန်အကျိုးရှိလိမ့်မယ်”
အကြီးအကဲက ခပ်ဖွဖွရယ်မောရင်း ဆက်လက် ပြောလာသည်။
“နောက်ဆုံးတော့ သူတို့က ဆရာတပည့် ဆက်ဆံရေးမှာ ရှိနေတာကိုး၊ ပြီးတော့ ကောင်မလေးက မျက်နှာပါးတယ်၊ ရှင်းအာ၊ မင်း ယွမ်အာကို သူနဲ့ သွားပြောခိုင်းလိုက်လို့ ရတယ်”
ထိုအခါ ဘေးမှ အလွန်လှပသော အလှဘုရင်မက မျက်လုံးများကို လှည့်ကာ ခစ်ခနဲ ရယ်မောရင်း ဆို၏။
“ခစ်ခစ်ခစ်...လင်းလောင်လေးက တကယ်ပဲ
မလိုချင်ဘူးဆိုရင်၊ ကျွန်မ သူ့နေရာကို ယူလိုက်လို့ ရပါတယ်၊ ဒါက တကယ်ပဲ ကောင်းတဲ့ အတွဲညီမှု တစ်ခု ဖြစ်မှာပဲ”
အခြားသူများမှာ တစ်စုံတစ်ခု ပြောလိုကြသော်လည်း ထိုအခိုက်အတန့်တွင် လူတိုင်း ရပ်တန့်သွားပြီး သိုင်းကစားကွင်း၏ ဦးတည်ရာဘက်သို့ မျက်လုံးများ လှည့်သွားကြသည်။
“စပြီ”
ယခုအခါ ကစားကွင်းပေါ်တွင် ယွီယွမ်ဝူသည် တိုက်ပွဲဝင်ရန် အသင့်အနေအထားသို့ ဝင်ရောက်သွားပြီး သူ၏ မျက်နှာပေါ်တွင် ပြုံးရွှင်စွာ ကျီစယ်နေခြင်းမရှိတော့ဘဲ၊ ထက်ရှသော အရိပ်အယောင်တစ်ခု ရှိနေလေသည်။
ယွီယွမ်ဝူသည် သူ၏ လက်များဖြင့် တံဆိပ်များပေါင်းစည်းလိုက်ရာ၊ အိပ်မက်ဆန်သော အလင်းစီးကြောင်းများမှာ ဝိုးတဝါး လင်းလက်နေ၏။
လုရီသည် သူ၏ မူလဝိညာဉ်အပေါ် ထူးဆန်းသော သက်ရောက်မှုကို ခံစားလိုက်ရပြီး အနည်းငယ် ခေါင်းများ မူးဝေသွားသည်။
ထို့နောက် ယွီယွမ်ဝူသည် သူ၏ လက်များမှ အလင်းစီးကြောင်းများကို ပစ်လွှတ်ကာ လုရီကို ထိုးဖောက်ရန် ရည်ရွယ်လိုက်၏။
သို့သော် လုရီ၏ မူးဝေမှုမှာ တစ်ခဏမျှသာ ကြာမြင့်ပြီးနောက် တည်ငြိမ်သွားသည်။ သူ့ထံသို့ လာနေသော အလင်းစီးကြောင်းများကို မြင်သော် သူက မျက်နှာအမူအရာမပြောင်းဘဲ ထိုနေရာမှ ပျောက်ကွယ်သွားပြီး၊ နေရာလပ်ကို ဖြတ်သန်းကာ ရှောင်တိမ်းလိုက်၏။
လုရီ၏ စိတ်ထဲတွင် အနည်းငယ် အံ့အားသင့်သွားသည်။
သူ၏ မူလဝိညာဉ်သည် ပြောစရာမလိုအောင် သန်မာလှသည်။ မရေမတွက်နိုင်သော တာအိုရတနာများ၊ တန်ဖိုးဖြတ်မရသည့် ဖရိုဖရဲရတနာစစ်စစ်တို့ဖြင့် အကြိမ်ကြိမ် ပျိုးထောင်အားဖြည့်ထားသည် မဟုတ်ပါလား။
သူကိုယ်တိုင် သီးသန့်ဂရုစိုက်ပြီး အားဖြည့်နေစရာမလိုဘဲပင် ၎င်း၏ စွမ်းအားမှာ ကြောက်ခမန်းလိလိ အဆင့်သို့ ရောက်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။
သို့ဖြစ်၍ ယခုကဲ့သို့ အသေးအဖွဲမျှသော သက်ရောက်မှုတစ်ခုကို ခံစားလိုက်ရခြင်းသည်
မယုံနိုင်စရာပင်။ ဦးခေါင်းထဲ ခေတ္တမျှ မိုက်ခနဲဖြစ်သွားရုံဖြင့် သူ့ကို အံ့အားသင့်သွားစေခဲ့သည်။
ကြည့်ရသည်မှာ... ထိုယွီမိသားစု၏ လက်ထဲတွင် နတ်ဘုရားတို့၏ ဝိညာဉ်ကိုပင် သီးသန့်ပစ်မှတ်ထား တိုက်ခိုက်နိုင်စွမ်းသည့် အင်မော်တယ်အဆင့် လျှို့ဝှက်နည်းစနစ်တစ်ခုခု ရှိနေသည်မှာ သေချာနေပေပြီ။
...
လုရီ အံ့အားသင့်နေစဉ်၊ ယွီယွမ်ဝူမှာ ပို၍ပင် တုန်လှုပ်နေ၏။
လုရီက သာမန်ပြိုင်ဘက်တစ်ယောက်မဟုတ်မှန်း အစတည်းက သိပြီးသားပါ။
ဒါကြောင့်ပဲ သူ့ကို အမှတ်မထင် အလစ်ဝင်တိုက်ဖို့ ကြိုးစားခဲ့တာ။ ကောင်းကင်ဘုံ အင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ယောက်အတွက်တောင် အထိခိုက်လွယ်ဆုံးနဲ့ အားအနည်းဆုံးနေရာဟာ သူတို့ရဲ့ မူလဝိညာဉ်ပဲလေ။
ဒါပေမဲ့… ငါ အားကုန်သုံးပြီး တိုက်ခိုက်လိုက်တာတောင်မှ သူ့ဆီက ဘာတုံ့ပြန်မှုမှ မရခဲ့ဘူးတဲ့လား။ ဒီလူရဲ့ မူလဝိညာဉ်က တကယ်ပဲ သံမဏိကျောက်သားလို ခိုင်မာနေတယ်လို့တော့ မပြောနဲ့နော်။ သူ ဘယ်လိုနည်းလမ်းတွေနဲ့များ ကျင့်ကြံခဲ့လို့ ဒီလောက်တောင် ကြောက်စရာကောင်းလောက်အောင် အားကောင်းနေရတာလဲ။
ယွီယွမ်ဝူမှာ နားမလည်နိုင်ဖြစ်နေသည်။
သို့သော် ဤသို့သော တိုက်ခိုက်မှုမှာ အကျိုးမရှိကြောင်း သက်သေပြပြီးနောက် ယွီယွမ်ဝူသည် ပြတ်သားစွာ နည်းဗျူဟာ ပြောင်းလိုက်၏။
ဆန်းကြယ်၍ အိပ်မက်ဆန်သော အင်းကွက်တစ်ခု သူ၏ နဖူးပေါ်တွင် ပေါ်ထွက်လာပြီးနောက်
မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ လုရီ၏ ပတ်ပတ်လည်မှ နေရာလပ်မှာ ကျိုးပဲ့သွားပြီး နီရဲသော မီးပင်လယ်ကြီးကမ္ဘာတစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။
ဤအချက်က လုရီအား မျက်ခုံးပင့်သွားစေသည်။
ဒီသိုင်းနည်းစနစ်က… ငါ့ဆရာရဲ့ သိုင်းနည်းစနစ်နဲ့ အနည်းငယ် ဆင်တူသလိုပဲ။ ငါ့ဆရာကလည်း တခြား ကျင့်ကြံသူတွေကို ထူးဆန်းတဲ့ ကမ္ဘာအမျိုးမျိုးထဲကို ဆွဲသွင်းပြီး အဲ့ဒီလို နယ်ပယ်တွေထဲမှာ သူတို့ကို တိုက်ခိုက်လေ့ရှိတယ်။
မီးလျှံများ တဟုန်ထိုး တက်လာသည်နှင့် လုရီသည် စပ်ဖျဉ်းဖျဉ်း နာကျင်မှုအရိပ်အမြွက်တစ်ခုကို ခံစားလိုက်ရပြီး အနည်းငယ် အံ့အားသင့်သွား၏။ သူကိုယ်တိုင်ပင် ဤသို့သော အပူချိန်မြင့်မားမှု၏ သက်ရောက်မှုများကို ခံစားနေရ လေသည်။
သူ ပတ်ပတ်လည်ကို ကြည့်လိုက်ရာ ဤနေရာရှိ နေရာလပ် မျဉ်းကြောင်းများမှာ မပြောင်းလဲသော်လည်း၊ ထိုနေရာရှိ တာအိုအင်းကွက်များမှာမူ ထူးဆန်းသော ပြောင်းလဲမှုအချို့ကို ကြုံတွေ့ခဲ့ရကြောင်းကို သူ မြင်နိုင်၏။
အဘယ်အရာ ပြောင်းလဲသွားသည်ကို လုရီ သိပ်နားမလည်သော်လည်း၊ ထိုနေရာတစ်ခုလုံးက သူ့ကို အိပ်မက်တစ်ခုအတွင်း ရောက်နေသလို ခံစားချက်ကို ပေးနေလေသည်။
အိပ်မက်ကို လက်တွေ့ဘဝထဲကို ပုံဖော်ပြီး၊ အဲ့ဒါကို လက်တွေ့ဘဝထဲမှာ ပြိုင်ဘက်တစ်ယောက်ကို ရင်ဆိုင်ဖို့ အသုံးပြုတယ်။
ဒီလို နိယာမစွမ်းအားမျိုးက တော်တော်လေး ကြောက်မက်ဖွယ်ကောင်းတာပဲ။ ယွီမိသားစုက ဒီလောက် အားကောင်းတဲ့ မျိုးနွယ်စုတစ်ခု ဖြစ်လာနိုင်တာ အံ့ဩစရာမရှိတော့ဘူး။
သို့သော် ဤသို့သော အိပ်မက်ဆန်သည့် ကမ္ဘာ၏ အစွမ်းမှာလည်း အသုံးပြုသူအပေါ်တွင် မူတည်၏။
မီးပင်လယ်ကြီးက လုရီ့ကို ဝါးမြိုသွားသော်လည်း သူသည် သူ၏ အရေပြား စပ်ဖျဉ်းဖျဉ်းဖြစ်သည်ကိုသာ ခံစားလိုက်ရပြီး အမှန်တကယ် ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာ မရှိချေ။
သူ၏ ရှေ့မှ ယွီယွမ်ဝူမှာ မယုံနိုင်စွာ မျက်လုံးများ ပြူးကျယ်သွား၏။
“ဘာကြီးလဲ”
...ဒါ ဘယ်လို ခန္ဓာကိုယ်မျိုးလဲ။ ငါ ထုတ်ဖော်ခဲ့တာ နေနီကောင်းကင်မီးတောက်ပဲ။ ဒီလို မီးတောက်မျိုးက သာမန်အင်မော်တယ်ရွှေကိုတောင် အရည်ပျော်စေနိုင်တာလေ။ အစ်ကိုရီရဲ့
ရုပ်ခန္ဓာက သာမန် အင်မော်တယ်ရွှေထက်တောင် ပိုသန်မာနေတာလား။...
ယွီယွမ်ဝူ တစ်ဦးတည်းသာမက၊ နေနီကောင်းကင်မီးတောက်များကြားတွင် သူ၏ ပတ်ဝန်းကျင်ကို တည်ငြိမ်စွာ ကြည့်ရှုနေသော လုရီအား ကြည့်ရှုနေသည့် ယွီမိသားစု တပည့်များမှာလည်း သွေးတက်သွားကြသည်။
“သောက်ကျိုးနည်းပဲ၊ ဒါ ဘယ်လို နတ်ဆိုးကြီးလဲ”