← Chapters

ကောင်းသောအရာအတွက် အချိန်ပေးရခြင်း၊ တတိယ အောင်လက်မှတ် ဘာသာပြန် Payer

Vol. 5 Ch. 62

ကောင်းသောအရာအတွက် အချိန်ပေးရခြင်း၊ တတိယ အောင်လက်မှတ် ဘာသာပြန် Payer

Vol. 5 Ch. 62

ကြာသပတေးနေ့ နေ့လယ်ပိုင်းတွင် နင်အန်းချီသည် သက်လတ်ပိုင်း အရွယ် အမျိုးသားတစ်ဦးနှင့်အတူ ဘဏ္ဍာရေးဌာန၏ ဓာတ်လှေကားမှ ထွက်လာပြီး မြေအောက်ကားဂိုဒေါင်သို့ ဝင်သွားသည်။

“ဘော့စ် နင်၊ ဒီကိစ္စကို ထပ်ပြီး စဉ်းစားပါ။ ကျွန်တော်တို့လည်း ပြန်လေ့လာပါဦးမယ်။ အလျင်လိုစရာမလိုပါဘူး၊ ကောင်းတယ့်အရာတွေ အတွက် အချိန်ပေးရတာ တန် ပါတယ်”

“မစ္စတာ လီ၊ စိတ်အနှောင့်အယှက် ပေး ရလို့ တောင်းပန် ပါတယ်”

“ဒါက အလုပ်အတွက် ပဲလေ”

လူနှစ်ဦးသည် ယဉ်ကျေးစွာ နှုတ်ဆက်ကြ သည်။

နင်အန်းချီသည် ကားပေါ်တွင် ထိုင်ပြီး ကားဘေးမှန် ကို ချကာ မစ္စတာ လီကို လက်ဝှေ့ယမ်း ပြသည်။

ကား စမောင်းပြီးနောက် ကားဘေးမှန် က တဖြည်းဖြည်း မြင့်တက်သွားသည်။

နင်အန်းချီ၏ မျက်နှာအမူအရာသည် မကြာမီ ယခင်ကအတိုင်း တည်ငြိမ်သွားသည်။

လက်ထောက်က ကားမှန် မှ အပြင်သို့ ကြည့်လိုက်သည်။

“ဘော့စ် နင်၊ မစ္စတာ လီက အဲဒီမှာ ရပ်နေတုန်းပဲ”

“ငါ သိတယ်” နင်အန်းချီ၏ မျက်လုံးများက အနည်းငယ် အေးစက်နေသည်။

လက်ထောက်က အကြောင်းရင်းကို သိသည်။ သူမသည် သူမ၏ သူဌေး နှင့် မစ္စတာ လီတို့၏ ဆွေးနွေးပွဲတစ်ခုလုံးကို ရှိနေခဲ့သည်။ မစ္စတာ လီ၏ ဝေ့လည်ကြောင်ပတ် စကားများက သူသည် ပူးပေါင်းဆောင်ရွက်ရန် မလိုချင်သည်ကို ပြသနေသည်။

“ဆရာမ မြောင် ရဲ့ မျက်နှာသာပေးတာ ကလည်း အကျိုးမရှိဘူးလား” သူမသည် ဂရုတစိုက် မေးလိုက်သည်။

နင်အန်းချီက ခေါင်းခါကာ - “အရေးအကြီးဆုံးအချိန်မှာ တစ်ကြိမ်ပဲ သုံးနိုင်တယ်။ ကျန်တဲ့ကိစ္စတွေကိုတော့ ငါတို့ကိုယ်တိုင် လုပ်ရမယ်။ သမုဒ္ဒရာ စင်တာက ဒါရိုက်တာ လျောင်ကို ချိန်းပေးပါ”

.........

အမှတ် ၇ အထက်တန်းကျောင်း၏ လေ့ကျင့်ရေးကွင်းတွင် ကျန်းကျဲ့သည် ရေနွေးခန်းတွင် ရေယူရန် တန်းစီနေသည်။ သူ၏အလှည့်ရောက်သောအခါ နဖူးတွင် ချွေးများ စို့နေသည်။

သူသည် ကြီးမားသည့် ကြွေရည်သုတ် လက်ဖက်ရည်ခွက်ကို ကိုင်ထားသည်။ အဖုံးကို ဖွင့်လိုက်သောအခါ ခွက်ထဲတွင် လက်ဖက်ရည်ခြောက်တစ်ဝက် ရှိနေသည်။

ရေနွေးဖြင့် လောင်းလိုက်သောအခါ အေးနေသည့် လက်ဖက်ရည်သည် နွေးသွားပြီး သောက်ရန် အဆင်သင့်ဖြစ် သွားပြီပင် ။

သူသည် ခွက်ထဲမှ လက်ဖက်ရည်တစ်ဝက်ကို တစ်ကျိုက်တည်း သောက်လိုက်ပြီး သက်ပြင်းအရှည်ကြီး ချလိုက်သည်။

လက်ဖက်ရည်သောက်ခြင်းက သူ၏ ယခင်ဘဝ အသက် ၃၀ ကျော်မှ စခဲ့သည့် အလေ့အထဖြစ်သည်။ မေလနောက်ပိုင်းတွင် ပင်းဟိုင်မြို့ ၏ ရာသီဥတုက ပိုပူလာသည်။ ရေသောက်ပြီးနောက် ချွေးပိုထွက်သော်လည်း စံပယ်လက်ဖက်ရည်ကို သောက်သောအခါ အထူးသက်တောင့်သက်သာရှိပြီး ရေငတ်ပြေစေ သည်။

သူသည် နောက်လှည့်ပြီး ခွက်ထဲသို့ ရေနွေးတစ်ဝက်ထပ်ထည့်ကာ အတန်းသို့ ပြန်ရန် ပြင်နေစဉ် ကျောင်းသားအချို့သည် ဒါရိုက်တာလင် ၏ ရုံးခန်းသို့ အလျင်အမြန် ပြေးသွားနေကြ သည်ကို တွေ့လိုက်ရသည်။

“ဘယ်ကျောင်းရဲ့ လက်မှတ် ရောက်လာတာလဲ” မကြာသေးမီက ကျောင်းသားများကို စိတ်လှုပ်ရှားစေသည့် ကိစ္စက ဤတစ်ခုသာ ရှိသည်။

ကျောင်းသားတစ်ဦးက ကျန်းကျဲ့ကို “ကုန်းတာကောလိပ်ရဲ့ လက်မှတ် ရောက်လာပြီ။မင်းလည်း ဖြေထားတယ် မဟုတ်လား။ အတူတူ သွားကြည့်ရအောင်” ဟု ပြောလေ သည်။

ကျန်းကျဲ့က “ကောင်းပြီ၊ မင်းတို့ အရင်သွားနှင့်” ဟု ပြောလိုက်သည်။

သူသည် လက်ဖက်ရည်ခွက်ကို ကိုင်ထားသဖြင့် အမြန်မပြေးနိုင်ဘဲ ဖြည်းဖြည်းချင်း လျှောက်သွားသည်။

သူသည် ဒါရိုက်တာလင် ၏ ရုံးခန်းတံခါးသို့ ရောက်သောအခါ ကျောင်းသားအချို့သည် အဆင့်ကို မေး ပြီး ထွက်လာကြ သည်။

သူတို့အားလုံး သည် ကျန်းကျဲ့ကို “ကျန်းကျဲ့၊ မင်းလက်မှတ် ရောက်လာပြီ” ဟု ပြောလေ သည်။

“မင်း အဆင့် ၁၉ ရတယ်”

“ဂုဏ်ယူပါတယ်”

ကျန်းကျဲ့သည် စိတ်ထဲတွင် ပျော်ရွှင်နေသော်လည်း တည်ငြိမ်စွာဖြင့် “ဘယ်သူတွေ ရသေးလဲ” ဟု မေးလိုက်သည်။

“မင်းအပါအဝင် ငါတို့အတန်းထဲက ၅ ယောက်”

ကျန်းကျဲ့သည် သူတို့ ပြောသည့် နာမည်အချို့ကို နားထောင်လိုက်ရာ အဆင့်မေးရန် လာသည့်သူများ အားလုံး လက်မှတ် ရသည်ကို တွေ့လိုက်ရသည်။

“ဝမ်းသာပါတယ်”

ကျန်းကျဲ့သည် ရန်ငြိုးများ မဖြစ်စေရန် တတ်နိုင်သမျှ ရှောင်ရှားသည်။

စနစ်က ဤကျောင်းကို အဆင့် ခ ကျောင်း ဟု သတ်မှတ်ထားသဖြင့် သူ၏ အဓိကပစ်မှတ်မဟုတ်ပေ။ အောင်လျှင် ပြီးတာပဲပေါ့ ။ သို့သော် အဆင့်ကောင်း ရရှိခြင်းက ပျော်ရွှင်စေသည်။

သူသည် ခွင့်တောင်းပြီး ရုံးခန်းထဲသို့ ဝင်လာခဲ့သည်။

ဒါရိုက်တာလင် သည် သူ၏ လက်ဖက်ရည်ခွက်ကြီးကို ကိုင်လာသည်ကို မြင်သောအခါ “ဟမ် ၊ မင်းက တကယ်ကို တည်ငြိမ်တာပဲ” ဟု ပြုံးကာ ပြောလိုက် သည်။

ကျန်းကျဲ့က ရေယူနေစဉ် သတင်းကြားလို့ လာရတယ့်အကြောင်းကို ရှင်းပြသည်။

“ဂုဏ်ယူပါတယ်၊မင်း အဆင့် ၁၉ ရတယ်။” ဒါရိုက်တာလင် သည် ကျန်းကျဲ့ကို လက်မှတ်ထုတ်ပြသည်။

ကျန်းကျဲ့သည် ကြည့်ပြီး “ဒါရိုက်တာလင် ၊ ဒီကျောင်းက ကျွန်တော်တို့ပြည်နယ်ကနေ လူ ၁၀ ယောက်ပဲ လက်ခံမှာ၊ ကျွန်တော်က အဆင့် ၁၉ ရတာလေ ၊ ဘာလို့ ဂုဏ်ယူရမှာလဲ” ဟု ပြောလိုက်သည်။

ဒါရိုက်တာလင် က “အဆင့် ၂၀ အတွင်းဆိုရင် အကျုံးဝင် တဲ့ အဆင့်ပဲ။ နောက်ဆုံး လက်ခံတာက ယဉ်ကျေးမှုဘာသာရပ်နဲ့ အနုပညာစာမေးပွဲရလဒ်ကို ပေါင်းပြီး ကြည့်တာ။ မင်း တကယ်ပဲ ဒီကျောင်းကို လျှောက်မလို့လား”

ကျန်းကျဲ့က ဝေ့လည်ကြောင်ပတ် ဖြေသည်- “ကျွန်တော် စောင့်ကြည့်ဦးမှာပါ၊ ပိုကောင်းတဲ့ ရွေးချယ်စရာ မရှိရင်တော့ ကျွန်တော် လျှောက်လိုက်ပါ့မယ်”

ဒါရိုက်တာလင် က “မင်းကြည့်အုန်း ၊ ဒါက အကျုံးဝင် တဲ့ အဆင့်နော် ။ အဆင့် ၂၀ အတွင်းက ကျောင်းသားတွေ အားလုံး ဒီကျောင်းကို လျှောက်ရမယ်လို့ မဆိုလိုဘူး၊ အဆင့် ၃၀ အတွင်းကသူတွေတောင် အခွင့်အရေးရှိသေးတယ်” ဟု ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် ဒါရိုက်တာလင်”

ကျန်းကျဲ့သည် လက်ဖက်ရည်ခွက်ကို ပြန်ကိုင်ပြီး အတန်းသို့ ပြန်ရန် ပြင်လိုက်သည်။

ဒါရိုက်တာလင် က ထပ်သတိပေးသည်- “မင်း အရန် လက်မှတ် ရထားပြီးပြီ ၊ စိတ်တွေ အားလုံးကို စာလေ့လာရေးမှာပဲ အာရုံစိုက်ထားပါ ”

“ဟုတ်ကဲ့ ၊ ကျွန်တော် မှတ်ထားပါ့မယ်။ ဆရာ လက်ဖက်ရည်သောက်ဦးမလား ”

........

ကျန်းကျဲ့သည် တံခါးမှ ထွက်လာသောအခါ အခြားအတန်းမှ ကျောင်းသားတစ်ဦးက လက်မှတ်အကြောင်း လာမေးသည်။

ကျောင်းသားများအားလုံး ထွက်သွားပြီးနောက် ဆရာမတစ်ဦးက “ဒါရိုက်တာလင် ဒီလို ဆက်ဖြစ်လို့ မရဘူး။ နည်းနည်းလေး သတင်းကြားတာနဲ့ လာမေးကြတယ်၊ ပြန်သွားတော့လည်း စကားပြောနေကြတာနဲ့ တစ်နာရီလုံး မငြိမ်ဘူး” ဟု အကြံပေးသည်။

ဒါရိုက်တာလင် က “ငါ ဒီကိစ္စကို ဖြေရှင်းလိုက်ပါ့မယ်” ဟု ပြောလေ သည်။

..........

ကျန်းကျဲ့သည် အတန်းသို့ ပြန်လာသောအခါ ကျောင်းသားများက သူ့ကို ဂုဏ်ပြုကြသည်။

အတန်းထဲရှိ လူတိုင်းက ကုန်းတာကောလိပ်မှ အမှတ် ၇ အထက်တန်းကျောင်းသို့ ပို့လိုက်သည့် လက်မှတ်များအနက် သူ၏ ရလဒ်က အကောင်းဆုံးဖြစ်ကြောင်း ကြားသည်။

ကျန်းကျဲ့သည် ပြန်ဖြေရင်း သူ၏ ထိုင်ခုံသို့ လျှောက်သွားသည်။

ကုန်းတာကောလိပ်သည် စနစ်က အဆင့် ခ ကျောင်း ဟု သတ်မှတ်ထားသော်လည်း နာမည်ကျော်သော ကျောင်းဟောင်းတစ်ခုဖြစ်သည်။

အတန်းထဲတွင် စာတော်ပြီး ပန်းချီလည်းကောင်းသည့် ကျောင်းသားများစွာက ကုန်းတာကို အရန်ကျောင်းအဖြစ် သတ်မှတ်ထားသည်။ သာမန်အဆင့် ကျောင်းသား များက ကုန်းတာကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားကြ သည်။

ကျန်းကျဲ့သည် တိတ်တိတ်လေး တွက်ချက်ပြီး ကုန်းတာ၏ လက်မှတ်ရရှိသူ အရေအတွက်က ဖြေဆိုသူ အရေအတွက်၏ တစ်ဝက်ပင် မရှိပေ။ လက်မှတ်မရရှိသူများတွင် ပညာရှင်ဆန် သည့် ကျောင်းသားတစ်ဦးလည်း ပါသည်။

သူသည် ယခင်ဘဝက ကျောင်းသားတစ်ဦးသည် ကျောင်းတစ်ခုတည်းကို အကြိမ်များစွာ ပြန်ဖြေခဲ့သော်လည်း ရရှိသည့် အဆင့်က ပိုမိုဆိုးရွားလာသည်ကို မှတ်မိသည်။

ဤကိစ္စက ပန်းချီကောင်းစွာဆွဲနိုင်လျှင်ပင် ကျောင်းတိုင်းကို အောင်မြင်နိုင်သည်ဟု မဆိုလိုပေ ။

ကျန်းကျဲ့သည် စာလေ့လာ ရန် ပြင်နေစဉ် ကျောင်းသားအချို့က သူ့အကြောင်း ဆက်ပြောနေကြသည်။

ယခင်က ကျန်းကျဲ့ လက်မှတ်နှစ်ခု ရရှိစဉ်က လူအများက ဘာမှ မထင်ခဲ့ကြပေ။ သို့သော် ကုန်းတာ၏ လက်မှတ်ရရှိသောအခါ လူအများက ကျန်းကျဲ့၏ ပြောင်းလဲမှုကို တကယ်သတိထားမိလာကြ သည်။

ကျောင်းသားများ၏ အထင်အမြင်တွင် ကျန်းကျဲ့သည် ထူးချွန်သည့်သူတစ်ဦး မဟုတ်ပေ။ အချို့က ဆောင်းရာသီကျောင်းပိတ်ရက်မတိုင်မီက ကျန်းကျဲ့ ပြောင်းလဲလာသည်ကို အမှတ်ရကြသည်။

ဤကိစ္စမျိုးသည် ယခင်ကလည်း ဖြစ်ဖူးသည်။

စာမသင်မီ ဒါရိုက်တာလင် သည် အတန်းထဲသို့ အရင်လာပြီး ကိစ္စတစ်ခုကို ကြေညာသည်။

အနုပညာအတန်းနှစ်ခုလုံးမှ ကျောင်းသားများသည် ရုံးခန်းသို့ ကိုယ်တိုင်လာပြီး လက်မှတ်အဆင့်ကို မမေးမြန်းရ။

ကျောင်းက လက်မှတ်အချက်အလက်များကို သောကြာနေ့တိုင်း တစ်စုတစ်စည်း တည်း ကြေညာပေး မည်။

ဒါရိုက်တာလင် က ကျောင်းသားများကို ကြည့်ပြီး အတန်းထဲမှ တစ်ဝက်ကျော်သည် လက်ထဲတွင် အနည်းဆုံး လက်မှတ်တစ်စောင်ရှိပြီးသားဖြစ်သည်။ ပြီးသွားသည့် ကိစ္စများကို စိတ်ပူပန်ခြင်းက အဓိပ္ပာယ်မရှိပေ။

သူ၏ ခွဲခြမ်းစိတ်ဖြာမှုက ကောင်းမွန်သည်။ သို့သော် မည်သည့်ကျောင်းသားက သူ၏ လက်မှတ်ကို စိတ်မပူပန်ဘဲ နေနိုင်မည်နည်း။

နောက်နှစ်ရက်တွင် ကျောင်းသားများသည် ရုံးခန်းသို့ အဆင့် လာ မမေးကြ တော့ပေ။ အတန်းထဲတွင် တဖြည်းဖြည်း တည်ငြိမ်လာသည်။

သို့သော်လည်း ကျန်းကျဲ့သည် မမြင်ရသည့် ဖိအားများ စုစည်းနေသည်ကို ခံစားရသည်။

လက်မှတ်ရရှိသူများသည် သူတို့၏ အဆင့်ကို စိုးရိမ်နေကြပြီး ပိုကောင်းသည့် ရွေးချယ်စရာကို မျှော်လင့်နေကြသည်။ ရှင်းလင်းသည့် ပန်းတိုင် ရှိသူများသည် သူတို့ အလိုချင်ဆုံး လက်မှတ်ကို မျှော်လင့်နေကြသည်။

နောက်ဆုံးအနေဖြင့် လက်ရှိ ဘာမှမရှိသေးသည့် ကျောင်းသားများသည် ဖိအားပိုမိုများပြားသည်။ သူတို့သည် အတန်းထဲတွင် စာကျက်ခြင်းက ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် တူနေသည်။

စီနီယာအထက်တန်း ကျောင်းသားများကို သင်ကြားရာတွင် အတွေ့အကြုံရှိသည့် ဆရာမများသည် အတန်း၏ လေထုပြောင်းလဲမှုကို သတိပြုမိပြီး သူတို့၏ နည်းလမ်းများကို အသုံးပြုကြသည်။

အချို့ဆရာမများသည် အတန်းချိန် တွင် ရယ်စရာအချို့ ထည့်သွင်းပြီး ကျောင်းသားများ၏ စိတ်ခံစားချက်ကို ထုတ်ဖော်စေသည်။ အချို့ဆရာမများသည် ကျောင်းသားများကို ဆယ်မိနစ် အနားပေးခြင်း၊ သို့မဟုတ် ပြင်ပဗဟုသုတအချို့ ပြောပြခြင်းဖြင့် ကျောင်းသားများကို စိတ်အပန်းဖြေစေသည်။

ကျန်းကျဲ့လည်း ပြန်လည်သင်ကြားရေးကာလက အလွန်ပျင်းစရာကောင်းသည်ဟု ထင်သည်။ သူ၏ စိတ်ခံစားချက်ကို ဖြေလျှော့ရန် နည်းလမ်းမှာ စနစ်ထဲမှ သင်ယူမှုစုဆောင်းမှုကို ကြည့်ခြင်းဖြစ်သည်။ ၎င်းက ငွေကြေးစုဆောင်းမှုဖြစ်သည်ဟု တွေးလိုက်သောအခါ သူ၏ စိတ်ခံစားချက်က ပိုကောင်းလာသည်။

နောက်ထပ် နည်းလမ်းတစ်ခုက မြင်ရသည့် အဖြစ်အပျက်အချို့ကို ပုံကြမ်းဆွဲခြင်းဖြစ်သည်။ ဤနည်းဖြင့် စိတ်ခံစားချက်ကို ဖြေလျှော့နိုင်သလို သင်ယူမှုစုဆောင်းမှုကိုလည်း တိုးမြှင့်နိုင်သည်။

ကျောင်းသားများစွာသည် ဖိအားအောက်တွင် မိမိကိုယ်ကို ထိန်းချုပ်နိုင်ကြသည်။ သို့သော် ထိန်းချုပ်သည့် နည်းလမ်းက မတူညီကြပေ။

သောကြာနေ့ နေ့လယ်ပိုင်းတွင် သတင်းတစ်ခု ကျန်းကျဲ့၏ အတန်းသို့ ရောက်လာသည်။

စီနီယာအထက်တန်း အတန်း ၁၀ မှ ချစ်သူစုံတွဲတစ်တွဲသည် ပန်းခြံထဲတွင် ခြင်များ များပြားသဖြင့် ပန်းချီခန်းတွင် ချိန်း တွေ့ကြရာ ကံမကောင်းစွာဖြင့် ဆရာမနှင့် တွေ့သွားသည်။

သတင်းအရ၊ အခြေအနေက အလွန်စိတ်ဝင်စားစရာကောင်းသည်ဟု ဆိုသည်။

All Chapters