မျှော်လင့်ချက်၊ နင်အန်းချီ၏ ဧည့်သည် ဘာသာပြန် Payer
Vol. 5 Ch. 63
“ဆရာမက ပန်းချီခန်းကို ရောက်သွားတော့ အဲဒီနှစ်ယောက်က ရေဆေးပန်းချီစားပွဲ ကြီး ပေါ်မှာ အိပ်နေတယ်လို့ ကြားတယ်...”
“ဟီးဟီးဟီး...”
“ဒါ ဘယ်သူပြောတာလဲ၊ ဒီလောက်လည်း မဟုတ် ပါဘူး” အခြားတစ်မျိုး ကို ကြားဖူးသူတစ်ဦးက ပြောလေ သည်။
“ဟယ်၊ မပြောကြပါနဲ့တော့” ဘေးမှ မိန်းကလေးတစ်ဦးက စိတ်ဝင်တစား ပြော နေသည်ကို ကြားပြီး ရှက်ရွံ့သည့်ပုံစံဖြင့် ပြောလိုက်သည်။
ပန်းချီခန်းတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စကို ပုံစံ ၁၀ မျိုးကျော် ကွဲနေ ပြီး အတန်းနှစ်ခုလုံးတွင် ပျံ့နှံ့နေသည်။
ဤကိစ္စသည် ကျောင်းသားများအတွက် ပြောစရာတစ်ခုသာမက လူအများအပြားသည် ကောလာဟလများ ပြောခြင်းဖြင့် သူတို့၏ စိတ်ခံစားချက်များကို ထုတ်ဖော်ကြသည်။
ကျန်းကျဲ့လည်း နားထောင်နေသည်။
သူသည် နားထောင်ရင်း အမှတ်ရမိသည်၊ အထက်တန်းကျောင်းတွင် စုံတွဲတစ်တွဲသာ ရှိခဲ့သည်ဟု ထင်သည်။ သို့သော် ဤစုံတွဲက တက္ကသိုလ်ရောက်မှသာ ပေါ်လာခဲ့သည်။
ထို့အပြင် ပြီးခဲ့သည့်နွေရာသီကျောင်းပိတ်ရက်က သူလည်း ဤကိစ္စမျိုးကို မတော်တဆ ကြုံခဲ့ဖူးသည်။ ကျောင်းသားနှစ်ဦးသည် လူတိုင်း အတန်းထဲတွင် စာသင်နေစဉ် ပန်းချီခန်းတွင် ပုန်းနေပြီး နမ်းနေကြသည်။
ထိုမြင်ကွင်းက မမြင်ချင်ရ လောက်အောင် ဆိုးရွားသည်။
သူ၏ စိတ်ထဲမှ မြင်ကွင်းကို ပြန်အမှတ်ရရင်း သူသည် စိတ်အားထက်သန်စွာ ပြော နေသည့် လူအုပ်စုကို ကြည့်လိုက်သည်။ နမ်းနေသည့် ကောင်လေး က ဤအချိန်တွင် စိတ်ဝင်တစား ပြောရာ တွင် ပါနေသည်။
အတန်းထဲတွင် အသံတု ပြော နိုင်သည့် ယောက်ျားလေးက အဓိက အချိန်ရောက်သောအခါ မိန်းကလေး၏ ရေဆေးစားပွဲ ပေါ်မှ အသံကို အသံတုနဲ့ ပြောလေ သည်။
ဘေးနားမှ ရယ်မောနေသည့် ယောက်ျားလေးများသည် ရုတ်တရက် တိတ်ဆိတ်သွားပြီး သူတို့၏ ထိုင်ခုံများသို့ ပြန်သွားကြသည်။
သရုပ်ဆောင်ပြ နေသည့် ယောက်ျားလေးသည် အခြေအနေ မကောင်းသည် ကို သူသိလိုက်ရသည်။ အမြန်ထပြီး ဘာမှမဖြစ်သကဲ့သို့ သူ၏ ထိုင်ခုံသို့ ပြန်သွားသည်။ အတန်းတံခါးသို့ တိတ်တိတ်လေး ကြည့်လိုက်ရာ အတန်းပိုင်ဆရာမ ယွီ က အတန်းတံခါးတွင် မတ်တပ်ရပ်နေပြီး ဒေါသထွက်နေသည့် မျက်နှာဖြင့် သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“ဝေ့တင်း ၊ အပြင်ထွက်လာခဲ့”
အခြားသူများအတွက် သရုပ်ဆောင်ပြ နေသည့် ယောက်ျားလေးက စိတ်ပျက်စွာ ထပြီး ဆရာမနှင့်အတူ အပြင်သို့ ထွက်သွားသည်။
ရုံးခန်းတံခါးက ဘမ်းကနဲ မြည်သံကြားမှသာ အတန်းထဲမှ ကျောင်းသားများသည် စိတ်ပြေလျော့သွားပြီး တိတ်တိတ်လေး တီးတိုးပြောကြသည်။
ကျန်းကျဲ့သည် ဤကိစ္စတွင် ပြင်းထန်သည့် အပြစ်ဒဏ်များ ရှိမည်မဟုတ်၊ သတိပေးအပြစ်တင်ခြင်းသာ ဖြစ်လိမ့်မည်ဟု သူ သိသည်။
ဝေ့တင်း ၏ ပညာရေးရလဒ်က ကောင်းသည်။ ဤအချိန်ကာလတွင် ဆရာမများသည် ကျောင်းသားများကို အပြစ်တင်နိုင်သော်လည်း စိတ်မသက်မသာဖြစ်အောင် လုံးဝမလုပ်ပေ။ မိဘများကိုလည်း ကျောင်းသားများကို စိတ်မသက်မသာ ဖြစ်အောင် မလုပ်ရန် သတိပေးထားသည်။
ကျောင်းဆင်းချိန်မတိုင်မီ အတန်းပိုင်ဆရာမသည် စာရင်းဇယားတစ်ခုကို အတန်း၏ ကျောက်သင်ပုန်းငယ်ပေါ်တွင် ကပ်လိုက်သည်။ ဇယားပေါ်တွင် အတန်းထဲမှ ကျောင်းသားများ ရရှိသည့် အောင်လက်မှတ်များကို မှတ်တမ်းတင်ထားသည်။
ကျောင်းသားများသည် သွားကြည့်ကြသည်။
ကျန်းကျဲ့သည် သူ၏ အောင်လက်မှတ် ၃ ခုကိုလည်း မှတ်တမ်းတင်ထားသည်ကို တွေ့ရပြီး အသစ်ထပ်မံတိုးလာခြင်း မရှိပေ။
သူသည် အိမ်သို့ ပြန်လာသောအခါ မိခင်က ထမင်းကို ပြန်နွေးပြီး ထမင်းစားပွဲပေါ်သို့ တင်ပေးသည်။
ကျန်းကျဲ့ ထမင်းစားနေစဉ် ရှောင်ကား သည် သူ၏ ခြေထောက်ဘေးတွင် ဝပ်နေသည်။
“ဟေး၊ သူ့ကို မကျွေးနဲ့တော် ၊ ဒီနေ့ အသားတွေ အများကြီး ကျွေးပြီးပြီ”
ကျန်းကျဲ့က ကတိပေးသော်လည်း ရှောင်ကား ၏ သွားရည်များ ကျနေသည်ကို မြင်သောအခါ အသားတစ်ဖဲ့ ပေးလိုက်သည်။
“တခြားကျောင်းတွေကရော၊ သတင်းမရသေးဘူးလား” ကျန်းယီက မေးလေ သည်။
ကျန်းကျဲ့က “အောင် လက်မှတ်အသစ် မရသေး ဘူး” ဟု ပြောလိုက်သည်။
ကျန်းယီက “မင်း စာမေးပွဲ ၇ ခု ဖြေခဲ့တာ၊အောင် လက်မှတ် ၃ ခု ရထားပြီ။ ကုန်းတာမှာလည်း အဆင့်ကောင်း ရထားတယ်၊ ငါ မျှော်လင့်ထားတာထက် ပိုကောင်းနေပါပြီ ။ ပိုကောင်းတာ မရှိရင် ကုန်းတာကိုပဲ လျှောက်လိုက်ပေါ့”
ကျန်းကျဲ့သည် ပါးစပ်ထဲမှ ထမင်းကို မြိုချလိုက်ကာ- “အဖေ၊ အဖေက ကျွန်တော့်ကို ဒီလောက် ယုံကြည်မှုမရှိဘူးလား။ ကျွန်တော် ပိုကောင်းတဲ့ကျောင်းကို လျှောက်လို့ မရဘူးလား”
၂၀၀၁ ခုနှစ်တွင် အနုပညာစာမေးပွဲဖြေဆိုသူများအတွက် ပထမနှစ်၊ ဒုတိယနှစ် ဟူသည့် အယူအဆ မရှိသေးပေ။ ဤအချိန်တွင် ကောလိပ် ဝင်ခွင့်စာမေးပွဲ မဖြေဆိုမီ အဆို ပြုလွှာကို အရင် တင်ရသည်။
ကျန်းယီက “ဟွန့်” ဟု အသံပြုသည်။ “မင်း အနုပညာစာမေးပွဲမဖြေခင်က ဘယ်လိုလဲဆိုတာ မင်း ကိုယ်တိုင် မသိဘူးလား။ အဲဒီတုန်းက မင်း ကျောင်းတစ်ခုခု ဝင်နိုင်ရင်၊ နည်းပညာ ကျောင်းပဲ ဖြစ်ဖြစ်၊ ငါ ပျော်ရွှင်နေမှာပဲ။
မင်း ရုတ်တရက်ကြီး ထူးချွန်လာတာကြောင့် အောင် လက်မှတ်အချို့ ရခဲ့တာ ဖြစ်နိုင်တယ်။ ငါ့အထင်တော့ ဘက်စုံ တက္ကသိုလ်တွေက ပိုခိုင်မာတယ်၊ ဖြစ်နိုင်ရင်တော့ မင်း ဒီလို နာမည်ကျော်ကျောင်းတွေကို လျှောက်သင့်တယ်”
သူသည် လက်ဖက်ရည်တစ်ကျိုက် သောက်ပြီး ဆက်ပြောသည်- “မင်း အထက်တန်းကျောင်း မတက်ခင်က ငါ့ရဲ့ အမြင့်ဆုံး မျှော်လင့်ချက်က မင်း ပင်းဟိုင်နည်းပညာတက္ကသိုလ်ကို တက်နိုင်ဖို့ပဲ။ မင်း နည်းနည်း ပိုကြိုးစားခဲ့ရင် သိပ္ပံဘာသာရပ်တွေ သင်ယူနိုင်မှာ ...”
ကျန်းကျဲ့သည် အဖေ၏ စကားကို ဆက်ပြောသည်- “ဒါဆို အဖေက အခု စိုးရိမ်နေတာ ကျွန်တော် ဘယ်တက္ကသိုလ်ကို တက်ရမလဲဆိုတာ မဟုတ်ဘဲ ကျွန်တော် တက္ကသိုလ်တက်နိုင်မှာလားဆိုတဲ့ ပြဿနာပေါ့”
ကျန်းယီက တစ်စုံတစ်ခု ပြောရန် ပြင်နေစဉ် ရှုလီက ဖြတ်ပြောသည်- “အရင် ထမင်းစား။ ထမင်းစားပြီးတာနဲ့ စာကျက်”
ကျန်းယီသည် ကျန်းကျဲ့ ထမင်းစားပြီး ပန်းကန်များ သိမ်းနေစဉ် နောက်ကိစ္စတစ်ခုကို ထပ်ပြောသည်- “မင်းတို့ ဒါရိုက်တာလင် က ငါ့ကို ဖုန်းဆက်ပြီး မင်းရဲ့ လတ်တလော သင်ယူမှုအခြေအနေအကြောင်း ပြော တယ်။ သူ ရှင်းရှင်းလင်းလင်း မပြောပေမယ့် ငါတော့ နားလည်တယ်၊ မင်းရဲ့ စိတ်အာရုံက မတည်ငြိမ်မှာကို စိုးရိမ်လို့၊ မလိုအပ်တဲ့ ကိစ္စတွေနဲ့ စိတ်အာရုံပျံ့လွင့်နေတာမျိုး ရှိလား”
ကျန်းကျဲ့သည် ပန်းကန်များ ဆေးကြောနေရင်း “မဟုတ်တယ့် ကိစ္စတွေကို ဘာလို့ သွားတိုင် နေ တာလဲ” ဟု ပြောလိုက်သည်။
“ဒါက ဘာလို့ တိုင် တာ ဖြစ်ရမှာလဲ။ ဆရာမက ကျောင်းသားရဲ့ သင်ယူမှုအခြေအနေကို စိတ်ပူတာ မမှန်ဘူးလား”
“မှန်ပါတယ်၊ မှန်ပါတယ်၊ အဖေပြောတာ အားလုံး မှန်ပါတယ်”
ကျန်းကျဲ့သည် ထမင်းစားပြီးနောက် ရှောင်ကား ကို ခေါ်ကာ ပန်းချီခန်းသို့ ပြန်ပြီး စာလေ့လာသည်။
ကောလိပ် ဝင်ခွင့်စာမေးပွဲနှင့် စနစ်ဆုကြေးငွေ စုဆောင်းရန်အတွက် သူသည် စာကျက်ခြင်းကို ပေါ့ပေါ့ဆဆ မလုပ်ပေ။ သို့သော် မည်သူမျှ ကြီးကြပ်ခြင်း မရှိသဖြင့် ပိုမိုသက်တောင့်သက်သာ ခံစားရသည်။
........
ပင်းဟိုင် ယွင်ကျုံး အပန်းဖြေဟိုတယ်သည် မြို့လယ်တွင် တည်ရှိပြီး တောင်ဘက် မီတာ ၂၀၀ အကွာတွင် ပင်လယ်ကမ်းခြေရှိသည်။ ဤဟိုတယ်သည် နှစ်ပေါင်း ၂၀ ကျော် သက်တမ်းရှိပြီး အနီးနားရှိ ဖွံ့ဖြိုးပြီး ဒေသတွင် ထင်ရှားခြင်းမရှိပေ။
ည ၇ နာရီတွင် နင်အန်းချီ၏ ကားသည် အပန်းဖြေဟိုတယ်၏ မြေအောက်ကားဂိုဒေါင်သို့ ဝင်လာသည်။
သူမသည် လက်ထောက်နှင့်အတူ ဓာတ်လှေကားစီးပြီး ခန်းမသို့ ရောက်လာခဲ့သည်။
ခန်းမ၏ မန်နေဂျာက လာကြိုသည်- “မစ္စ နင်၊ ချိန်းဆိုထားတဲ့ ဧည့်သည် ရောက်နေပါပြီ၊ ရေကူးကန်မှာပါ”
“ကောင်းပြီ”
နင်အန်းချီသည် ခန်းမ၊ စင်္ကြံနှင့် အပြင်ဘက်ဥယျာဉ်ကို ဖြတ်ပြီး ဟိုတယ်၏ တောင်ဘက် အဆောက်အအုံ၏ ပထမထပ်သို့ ရောက်လာခဲ့သည်။ ဤနေရာ၏ အလှဆင်မှုက မြောက်ဘက် အဆောက်အအုံထက် ပိုမိုကောင်းမွန်သည်။
ဝန်ထမ်း က နင်အန်းချီအတွက် ရွှေရောင်ပန်းပုများရှိသည့် တံခါးကြီးကို ဖွင့်ပေးသည်။
နင်အန်းချီနှင့် လက်ထောက်သည် ဖျော်ဖြေရေးနေရာသို့ ဝင်သွားပြီး တံခါးက တဖြည်းဖြည်း ပြန်ပိတ်သွားသည်။
စတုရန်းမီတာ ရာပေါင်းများစွာရှိသည့် ခန်းမတွင် အနားယူရာနေရာနှင့် ရေကူးကန်ငယ်တစ်ခုရှိသည်။
ရေကူးကန်တွင် လူတစ်ဦးတည်းသာ ရေကူးနေသည်။
နင်အန်းချီသည် ရေကူးကန်ဘေးသို့ သွားပြီး ရေထဲတွင် ငါးဖြူတစ်ကောင်ကဲ့သို့ ကူးခတ်နေသည့် အမျိုးသမီးကို တိတ်တိတ်လေး ကြည့်နေမိသည်။
ရေထဲမှ အမျိုးသမီးသည် နင်အန်းချီ ဝင်လာသည်ကို မြင်သည်။ သူမသည် ရေကူးကန်ဘေးသို့ ဖြည်းဖြည်းချင်း ကူးလာပြီး သူမ၏ လှပသည့် မျက်နှာနှင့် ကျက်သရေရှိသည့် လည်ပင်း ပေါ်လာ သည်။
သူမသည် ရေကူးကန်မှတက်သည့် တန်း ကို လက်တစ်ဖက်ဖြင့် ကိုင်ပြီး သူမ၏ မျက်နှာမှ ရေစက်များကို ခါချလိုက်ကာ - “နင် ရောက်ပြီလား၊ အဝတ်မြန်မြန်လဲ၊ ဘာလို့ ကြောင်တောင်တောင် ရပ်နေတာလဲ။ ငါနဲ့ ခဏလောက် ရေကူးရအောင်”
နင်အန်းချီက “အစ်မ လျောင်၊ သတိထားပါဦး၊ ကျွန်မ အဝတ်လဲပြီး ပြန်လာတော့ အစ်မ ကြွက်တက် နေမှာ မဟုတ်ဘူးလား” ဟု ပြောလိုက်သည်။
“မနောက်ပါနဲ့ဟာ ၊ နင့်ကို ငါ ရေကူး သင်ပေးခဲ့တာနော်”
နင်အန်းချီသည် ရေကူးဝတ်စုံကို အမြန်လဲလိုက်သည်။ ရေချိုးသုတ်ပဝါပတ်ပြီး ရေကူးကန်ဘေးသို့ ရောက်လာခဲ့သည်။
အစ်မ လျောင်သည် ကုန်းပေါ်သို့ တက်လာပြီးဖြစ်သည်။ ရေချိုးသုတ်ပဝါပတ်ကာ အနားယူနေရာတွင် ရေသောက်နေသည်။ သူမ၏ ဘဲဥပုံမျက်နှာ၊ မြင့်မားသည့် နှာခေါင်း၊ ပြုံး နေသည့် မျက်လုံးများအပြင် ရေချိုးသုတ်ပဝါကပင် မဖုံးနိုင်သည့် လှပသည့် ကိုယ်ခန္ဓာပုံစံက တစ်ချက်ကြည့်ရုံနှင့် မမေ့နိုင်အောင် ဆွဲဆောင်မှုရှိလှသည်။
သူမသည် နင်အန်းချီ လေ့ကျင့်ခန်းလုပ်နေသည်ကို မြင်သောအခါ ပြုံး ပြီး “နင် ဘာလို့ ဒီလို ခေတ်နောက်ကျတဲ့ ပုံစံမျိုး ဝတ်ထားတာလဲ။ နင်က အိမ်ထောင်မပြုရသေးဘူးလေ ၊ ဘာလို့ ဒီလောက် ရိုးသားနေရတာလဲ” ဟု ပြောလေ သည်။
နင်အန်းချီက ပြန်ပြောသည်- “အစ်မ က ဒီလို ခေတ်ဆန် တဲ့ပုံစံမျိုး ဝတ်ထားတာ၊ အစ်မ အိမ်က လူက သဝန်တိုမှာကို မကြောက်ဘူးလား”
အစ်မ လျောင်က “ဟွန့်” ဟု အသံပြုကာ “ငါ့အခြေအနေကို နင် မသိဘူးလား”
သူမသည် ရေချိုးသုတ်ပဝါကို ဆွဲချပြီး သူမ၏ လှပသည့် ကိုယ်ခန္ဓာပုံစံနှင့် ဖြူဖွေးသည့် အသားအရေကို ဖော်လိုက် သည်။
နင်အန်းချီကိုယ်တိုင်လည်း လှပသည့် အမျိုးသမီးဖြစ်သော်လည်း အစ်မ လျောင်၏ ပုံသဏ္ဌာန်ကို မြင်သောအခါ အံ့သြစွာဖြင့် “အစ်မ အိမ်က လောင်ဝေ က တကယ်ကံကောင်းတာပဲ၊ အစ်မ ရဲ့ ခန္ဓာကိုယ်ကို ကြည့်ပါဦး၊ အရမ်းဖြူဖွေးနေတာပဲ” ဟု ပြောလေ သည်။
အစ်မ လျောင်က “ဒါက အစပဲရှိသေးတယ်နော် ၊ အစ်မ က အသား ဖြူရုံသာမက နူးလည်း နူး ညံ့သေးတယ်” ဟု ပြောသည်။
“လာ” သူမသည် လေ့ကျင့်ခန်းအနည်းငယ်လုပ်ပြီး ရေကူးကန်ထဲသို့ ညင်သာစွာ ခုန်ဆင်းလိုက်သည်။
နင်အန်းချီလည်း ရေထဲသို့ ဆင်းလိုက်သည်။
လူနှစ်ဦးသည် ငါးများကဲ့သို့ ရေထဲတွင် ကူးခတ်နေကြသည်။