← Chapters

အစ်မ လျောင်၊ တကယ်တော်တယ်၊ ဓာတ်ပုံရိုက်ခြင်း

Vol. 5 Ch. 64

အစ်မ လျောင်၊ တကယ်တော်တယ်၊ ဓာတ်ပုံရိုက်ခြင်း

Vol. 5 Ch. 64

ရေတွေ ပွက်လောရိုက်နေသည်။

နင်အန်းချီ ရေကူးကန်လှေကားကနေတစ်ဆင့် ရေကန်စပ်ကို တက်လာခဲ့သည်။

အစ်မ လျောင်ကလည်း နောက်ကနေ လိုက်ပါလာသည်။

“အစ်မ လျောင်၊ ကျွန်မ မောနေပြီ” နင်အန်းချီက မျက်နှာပေါ်က ရေစက်တွေကို သဘက်နဲ့သုတ်ရင်း ပြောလိုက်သည်။

“သွားရအောင်၊ ရေအရင်ချိုးပြီးမှ လက်ဖက်ရည်ဆိုင်မှ သွား သောက်ကြတာပေါ့” အစ်မ လျောင် က ရေကူးမျက်မှန် ကို ဆွဲချွတ်လိုက်တော့ ကောက်ကောက်လေးဖြစ်နေတဲ့ ဆံနွယ်တွေက လှုပ်ခါသွားပြီး ပိုလို့တောင် ဆွဲဆောင်မှုရှိနေသည်။

နှစ်ယောက်သား အဝတ်လဲခန်းဆီကို လျှောက်လာကြသည်။

နင်အန်းချီရဲ့ လက်ထောက်က ဘေးမှာ စောင့်နေခဲ့တာဖြစ်ပြီး နှစ်ယောက်သား ရယ်မောပြောဆိုရင်း အဝတ်လဲခန်းထဲ ဝင်သွားတာကိုကြည့်ရင်း စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။ ဒီနှစ်ယောက်ရဲ့ ကိုယ်ခန္ဓာက တကယ်ကို လှပကြတာပဲ။

အဝတ်လဲခန်းကနေ ထွက်လာတော့ နင်အန်းချီက မူလအတိုင်း ဝတ်ထားဆဲဖြစ်ပြီး အစ်မ လျောင် ကတော့ ဒေါက် ဖိနပ်စီးပြီး ဂါဝန်အရှည်ကို ဝတ်ဆင်ထားသည်။

“အစ်မ လျောင်၊ ဗိုက်ဖြည့်ဖို့တစ်ခုခု သွားစားကြမလား”

အစ်မ လျောင် ခေါင်းခါလိုက်သည်။ “ငါ အခု ညဆိုရင် အတတ်နိုင်ဆုံး မစားဘူး။ ညဘက် နည်းနည်းလောက် စားလိုက်တာနဲ့ ကိုယ်လုံးကိုယ်ပေါက် ပျက်သွားတာမျိုးက မင်းနဲ့ မတူဘူးလေ”

“ဒါကြောင့်လည်း အစ်မက ကိုယ်လုံးကိုယ်ပေါက်ကို ဒီလောက်ထိ ထိန်းနိုင်တာပေါ့”

“လက်ဖက်ရည် သွားသောက်မယ်”

နင်အန်းချီရဲ့ လက်ထောက်က လက်ဖက်ရည်သောက်ဖို့အတွက် အခန်းကို စီစဉ်ပြီးသားဖြစ်သည်။

မြောက်ဘက်အဆောက်အအုံ ရဲ့ အပေါ်ဆုံးထပ်၊ အသံလုံတဲ့ အခန်းတစ်ခုဖြစ်ပြီး အတွင်းထဲမှာ သုံးဆင့်တွဲဆွဲမီးလုံးက နွေးထွေးတဲ့ အလင်းရောင် ဖြာကျနေသည်။

နင်အန်းချီတို့နှစ်ယောက် လက်ဖက်ရည်ဝိုင်းဆီ ရောက်လာပြီး ကြမ်းပြင်ကနေ မျက်နှာကျက်ထိ မှန်ပြတင်းပေါက်ကနေတစ်ဆင့် မြို့လယ်ရဲ့ ညရှုခင်းကို တွေ့နေရသည်။

စကားပြောနေကြတာတွေကို သူများမကြားအောင်လို့ နင်အန်းချီရဲ့လက်ထောက်က ဝန်ထမ်းတွေကို အခန်းထဲ မဝင်ခိုင်းဘဲ ကိုယ်တိုင်ပဲ လက်ဖက်ရည်ဖျော်ပေးနေသည်။

သူတို့နှစ်ယောက်ကို လက်ဖက်ရည်ငှဲ့ပေးပြီးတော့ သူက အပြင်ထွက်ပြီး စောင့်နေသည်။

အစ်မ လျောင်က ခွက်ကိုကိုင်ပြီး လက်ဖက်ရည်နံ့ကို နမ်းရှိုက်နေသည်။ ချက်ချင်းမသောက်သေးဘဲ လက်ဖက်ရည်နံ့ကို တော်တော်လေး ကျေနပ်နေပုံရသည်။

နင်အန်းချီက ဒီအခြေအနေကိုတွေ့တော့ ပြောလိုက်သည်။ “ဒီနှစ်ရဲ့ လက်ဖက်ခြောက်အသစ် ရောက်လာပြီ။ အစ်မအတွက် တစ်စုံပြင်ထားခိုင်းထားပါတယ်”

“အင်း၊ ကျေးဇူးပဲ” အစ်မ လျောင်က ခုံနောက်ကို မှီရင်း သက်တောင့်သက်သာ သက်ပြင်းချလိုက်သည်။

“နင် ဒီနေ့ ငါ့ကို ချိန်းတာ ပျော်ဖို့သက်သက်တော့ မဟုတ်လောက်ဘူးနော်”

“နည်းနည်း ပင်ပန်းနေလို့၊ အနားယူ ချင်လို့ပါ” နင်အန်းချီက ခေါင်းငုံ့ပြီး လက်ဖက်ရည်သောက်လိုက်သည်။

အစ်မ လျောင်က ခပ်ဟဟရယ်ပြီး ခွက်ကိုယူကာ နည်းနည်းလေး သောက်လိုက်သည်။ “ကုမ္ပဏီကြီးတစ်ခုရဲ့ CEO ကလည်း ပင်ပန်းတတ်သေးတာပဲလား”

နင်အန်းချီက ခပ်ပြုံးပြုံးနဲ့ “အစ်မ မတိုးတက်ရင် နောက်ကျန်ခဲ့မှာပေါ့”ဟု ပြောလေသည်။

“နင်ကလေ၊ လုပ်ငန်းအပေါ် စိတ်ပါဝင်စားလွန်းတယ်” အစ်မ လျောင်က အစောကအတိုင်းပဲ ပြန်ထိုင်လိုက်သည်။ “ပင်လယ်နားက မြို့တွေနဲ့ အနီးနားပတ်ဝန်းကျင်က မြို့တွေမှာ နင့်ထက် ပိုတိုးတက်နေတဲ့သူ ဘယ်နှစ်ယောက်များ ရှိလို့လဲ။ ငါ နင့်ကို အကြိမ်ကြိမ်ပြောဖူးတယ်လေ၊ ငယ်တုန်းရွယ်တုန်းမှာ ဘဝကို ပျော်ပျော်နေ၊ အိုသွားမှ နောင်တမရအောင်လို့ပေါ့”

“ကောင်းပါပြီ၊ အစ်မပြောတာကို နားထောင်ပါ့မယ်”

“နင်က အမြဲတမ်း ဒီလိုပဲ ပြောတယ်” အစ်မ လျောင်က ခုံပေါ်မှာ ရှေ့ကို နည်းနည်းလေး တိုးပြီး ပိုပြီး ပျင်းရိတဲ့ ပုံစံနဲ့ ပြောလိုက်သည်။ “ဒါပေမဲ့ နင်က အခက်ခဲဆုံးလူနဲ့ အခက်ခဲဆုံးကိစ္စကိုပဲ ရှာပြီး လုပ်တတ်တာ”

နင်အန်းချီက ပြုံးပြီး “အစ်မက အကုန်လုံးကို သိနေတာလား”ဟု ပြောလိုက်သည်။

အစ်မ လျောင်က မျက်လုံးမှိတ်ပြီး “ငါ မသိဘဲနေမလား၊ နင် သွားတဲ့ မြို့လယ်တွေမှာ ဘယ်လိုလူတွေ ရှိနေလဲ။ လေတိုက်လာတာနဲ့ မွှေးကြိုင်တဲ့ ရနံ့ကို နမ်းပြီး လိုက်သွားတဲ့လူတွေပဲ၊ အကုန်လုံးက ပေါ့ပေါ့တန်တန် တွေချည်းပဲ။ ငါ့အမြင်တော့ ဒီကိစ္စကို ခဏစောင့်ကြည့်သင့်တယ်”

နင်အန်းချီက ဂရုတစိုက်နဲ့ “ကျွန်မ အလျင်စလိုလုပ်လိုက်မိတယ်လို့ အစ်မ ထင်တာလား”ဟု မေးလိုက်သည်။

အစ်မ လျောင်က လက်ဖက်ရည်ခွက်ကို ထပ်ယူပြီး တစ်ငုံသောက်လိုက်သည်။ “နင် အရေးကြီးဆုံးအဆင့်ကို ဖြတ်ကျော်ပြီးပြီ၊ ကျန်တာက ပြဿနာမရှိလောက်တော့ဘူး၊ ဒါပေမဲ့ နောက်ဆုံးအဆင့်တွေမှာလည်း နည်းလမ်းမျိုးစုံ ရှိနေတာကို မမေ့သင့်ဘူး”

နင်အန်းချီက “တခြားသူတွေက အရင်ဦးသွားမှာ စိုးရိမ်တယ်” ဟု ပြောလိုက်သည်။

အစ်မ လျောင်က “ငါက အပြင်လူဆိုတော့ ပိုသိတယ်၊ နင့် မှာ သူတို့ဆီမှာ မရှိတဲ့ အားသာချက်တွေ ရှိတယ်” ဟု ပြောလေသည်။

“နားလည်ပါပြီ။ ကျွန်မတို့ အချိန်ရှာပြီး ခဏတာ အနားယူဖို့ နေရာရှာကြမလား” နင်အန်းချီက အကြံပေးသည်။

အစ်မ လျောင်က ခေါင်းခါလိုက်ကာ “ငါက နင့်လောက် လွတ်လပ်မှု မရှိဘူး”

“အစ်မ အားလပ်ရက်ရတဲ့အချိန်ကျရင်…”

ဒီအချိန်မှာပဲ အစ်မ လျောင်ရဲ့ ဖုန်းမြည်လာသည်။

ဖုန်းကိုယူပြီး ကြည့်လိုက်တော့ မျက်နှာပေါ်မှာ စိတ်ပျက်တဲ့ အရိပ်အယောင်လေး ပေါ်လာသည်။

နင်အန်းချီက “အစ်မရဲ့ လောင်ဝေ က စိတ်ပူနေပြီလား”

“စိတ်ပူနေတယ်? သူ စိတ်ပူတာ ငါ့အတွက်မှ မဟုတ်တာ” အစ်မ လျောင်က ဖုန်းကို မကိုင်သေးဘဲ နင်အန်းချီကို လှုပ်ယမ်းပြသည်။ “ခန့်မှန်းကြည့်ပါဦး၊ သူ ငါ့ကို ဘာကိစ္စနဲ့ ရှာတာလဲ”

နင်အန်းချီက ရယ်လိုက်ကာ “အိုး၊ အစ်မတို့ လင်မယားကိစ္စကို ကျွန်မ ဘယ်လိုသိနိုင်မှာလဲ”

အစ်မလျောင်က လျှို့ဝှက်ချက်ကို ဖွင့်ချလိုက်သည်။ “သူ ငါ့ကို အလုပ်တစ်ခုအတွက် ရှာတာ၊ သူ့ရဲ့ ဆွေမျိုး ကြောင့်တဲ့။ ငါ့လူတွေနဲ့ စုံစမ်း ကြည့်တော့ သူ အပြင်က မိန်းမရဲ့ ညီနဲ့ ပတ်သက်နေတာကို တွေ့လိုက် ရတယ်လေ ၊ အဲဒါ ဘယ်လောက်တောင် စက်ဆုပ်ဖို့ကောင်းလဲ နင်ပြောကြည့်”

နင်အန်းချီက ပါးစပ်ထဲက လက်ဖက်ရည်တွေက ရုတ်တရက် ခါးသလို ခံစားလိုက်ရသည်။

“သူ ဒီကိစ္စကို အစ်မကို ဘယ်လိုပြောရဲတာလဲ”

“အားလုံးကို ဖော်ထုတ်ပစ်လိုက်တာပေါ့”

“ဒါဆို အစ်မက ဘာလုပ်ချင်တာလဲ”

ဒီအချိန်မှာပဲ ဖုန်းက ထပ်မြည်လာပြန်သည်။

အစ်မလျောင်က ဖုန်းကိုင်လိုက်သည်။ “ဘာလဲ”

ဖုန်းထဲကနေ ဆွဲဆောင်မှုရှိတဲ့ ယောက်ျားတစ်ယောက်ရဲ့အသံ ထွက်ပေါ်လာသည်။ “ရှောင်ချိုး ဘယ်မှာလဲ” အသံထဲမှာ ဂရုစိုက်မှုနဲ့ ချစ်ခြင်းမေတ္တာတွေက ပြည့်နှက်နေသည်။

နင်အန်းချီက ကြက်သီးထပြီး တုန်ယင်လာသည်။

သူမက အစ်မလျောင်လည်း ခေါင်းခါလိုက်တာကို တွေ့လိုက်ရသည်။ “ကျွန်မ ရှောင်နင်နဲ့ လက်ဖက်ရည်သောက်နေတာ”

“အို၊ ကို သိချင်တာက မင်း ဘယ်တော့ ပြန်လာမှာလဲ”

“ကိစ္စရှိရင် ပြော”

“ဒီလိုပါ၊ အဲဒါက ရှောင်ကျန်းကိစ္စ ဘယ်လိုလဲ”

အစ်မလျောင်က ပြုံးနေတဲ့မျက်နှာနဲ့ နင်အန်းချီကို ကြည့်နေရင်း ဖုန်းကို အေးစက်တဲ့လေသံနဲ့ ပြန်ပြောလိုက်သည်။ “ဒီကိစ္စကို ကျွန်မ မလုပ်ပေး နိုင်ဘူး၊ လူကို ရှာဖို့အတွက် ရှောင်နင်ကနေတစ်ဆင့်ပဲ ရှာရမှာ။ ဒါပေမဲ့ ရှင်တို့ကုမ္ပဏီက ရှောင်နင်ရဲ့ကိစ္စကို အချိန်ဆွဲနေပြီး အခက်တွေ့အောင် လုပ်ထားတယ်၊ ရှင်တို့က လူကို မျက်နှာမသာယာအောင် လုပ်ထားတော့ ကျွန်မ ဘယ်လို ပါးစပ်ဖွင့်ပြောနိုင်မလဲ”

“ဒီလိုလား” ယောက်ျားက အံ့အားသင့်သွားပြီး ပြန်မေးလိုက်သည်။ “ CEO နင် ရှိလား”

အစ်မလျောင်က ဖုန်းကို နင်အန်းချီဆီ ပေးလိုက်ပြီး မျက်တောင်ခတ်ပြကာ အသာအယာ မငြင်းဘဲ နေဖို့ အချက်ပြလိုက်သည်။

နင်အန်းချီက ဖုန်းကို ယူလိုက်သည်။ “ဟယ်လို CEO ဝေ”

အစ်မလျောင်က နားမထောင်တော့ပေ၊ သူ ဘာပြောမယ်ဆိုတာကို ခန့်မှန်းလို့ရနေပါပြီ။

“CEO ဝေ ကို ကျေးဇူးတင်ပါတယ်… ကောင်းပါပြီ” နင်အန်းချီက ဖုန်းပြောတာကို အမြန်ဆုံး ဖြတ်လိုက်ပြီး ဖုန်းကို အစ်မလျောင်ကို ပြန်ပေးလိုက်သည်။

“ပြီးပြီလား” အစ်မလျောင်က ဖုန်းကို မေးလိုက်သည်။

“စောစော ပြန်လာပြီး အနားယူပါ”

“တော်ပြီ၊ ချလိုက်တော့”

အစ်မလျောင်က ဖုန်းကို ချလိုက်ပြီး လက်တွေကို လှုပ်ယမ်းလိုက်သည်။ “မင်း သူ့ရဲ့ အပြောအဆိုကို ကြားလိုက်လား၊ ဘယ်လောက်တောင် စွဲဆောင်မှုရှိလဲ”

နင်အန်းချီက ငယ်ရွယ်တဲ့မိန်းကလေးတစ်ယောက်ရဲ့ ပုံစံနဲ့ ပြောလိုက်သည်။ “အစ်မလျောင် တကယ်စိတ်မကောင်းပါဘူး၊ကျွန်မကြောင့် အစ်မ အခုလို အနိုင်ကျင့်ခံရတာ”

အစ်မလျောင်က စိတ်ပျက်နေတဲ့ မျက်နှာနဲ့ ပြောလိုက်သည်။ “ငါ အနိုင်ကျင့်ခံရတာ နည်းလို့လား၊ မင်းတစ်ကြိမ်အတွက်နဲ့ မကွာပါဘူး။ မင်း ငါ့ကို အရင်ကျေးဇူးမတင်နဲ့ဦး၊ ဒီကုမ္ပဏီက အထူးအဆန်းပဲ၊ တော်တော်လေး ရင်းနီး တဲ့ လူအနည်းငယ်က ဘယ်သူမှ တစ်ယောက်ကိုတစ်ယောက် မတည့် ကြဘူး”

“လောင်ဝေရဲ့ ကိစ္စကို ကျွန်မ သွားလုပ်ပေးလိုက်ပါ့မယ်” နင်အန်းချီက ပြောလိုက်သည်။

အစ်မလျောင်က ငြင်းလိုက်သည်။ “ဟေး၊ ဒီကိစ္စကို မင်းလုပ်စရာမလိုဘူး”

နင်အန်းချီက မေးလိုက်သည်။ “မလုပ်လို့ ရရဲ့လား”

အစ်မလျောင်က ပြောလိုက်သည်။ “မင်းရဲ့ကိစ္စ ပြီးသွားတဲ့အထိ ဆွဲထား၊ ပြီးမှ သူ့ကို လုပ်ပေးလိုက်”

နင်အန်းချီက လက်မထောင်ပြလိုက်သည်။ “တော်လိုက်တာ! တကယ်တော်တာပဲ”

............

စနေနေ့မနက်စောစော၊ ကျန်းကျဲ့က ပုံမှန်အတိုင်း လေ့ကျင့်ခန်းစောစောထလုပ်ပြီး ရှောင်ကားနဲ့ အပြင်ထွက်လေ့ကျင့်ခန်းလုပ်သည်။

ပန်းချီခန်းကို ပြန်ရောက်တော့ ရေချိုးစားသောက်ပြီး စာစလေ့လာ သည်။

ရှောင်ကားက ကျန်းကျဲ့ရဲ့ ပုံမှန်အလေ့အကျင့်တွေကို တဖြည်းဖြည်းနဲ့ အသားကျလာပြီး ကစားရတာ ပင်ပန်းလာရင်တော့ အိပ်ပျော်သွားတတ်သည်။

၁၁ နာရီကျော်ကျော်မှာ ချန်းယန်က ကျန်းကျဲ့ကို အပြင်ထွက်ကာ အဝတ်အစားဝယ်ပြီး ညစာစားဖို့အတွက် ဖုန်းဆက်သည်။

ကျန်းကျဲ့က ရှောင်ကားကို ခေါ်ပြီး အန်လင်းလမ်းကို ရောက်လာခဲ့သည်။

ဒီမှာ အဝတ်ဆိုင်တွေ အများကြီးရှိပြီး ဈေးသက်သာတဲ့ အဝတ်အစားတွေကို ရောင်းချကြသည်။ မေလလယ်မှာ လူအများစုက ဒီကိုလာပြီး ရာသီဥတုအပြောင်းအလဲအတွက် အဝတ်အစားတွေ လာဝယ်ကြသည်။

သူက ချန်းယန်ကို ရှာလိုက်သည်။ “မင်း ဒီနေ့ သင်တန်း မသွားဘူးလား”

ချန်းယန်က ကြိုးကိုဆွဲပြီး ရှောင်ကားကို ခေါ်သွားသည်။ “နေ့လည်မှ သွားရမှာ။ အဝတ်ဝယ်ဖို့ အကြောင်းပြချက်နဲ့ အပြင်ထွက် အနားယူ တာ၊ အရင်ဆုံး အဝတ်ဝယ်ကြရအောင်”

ချန်းယန်က သူမအတွက် ဂါဝန်တစ်ထည်ဝယ်ချင်ရုံသာမက ကျန်းကျဲ့အတွက်လည်း ရှပ်အင်္ကျီလက်တိုတစ်ထည် ဝယ်ပေးချင်သည်။

ကျန်းကျဲ့က သူမရဲ့ လက်ထဲမှာ ပိုက်ဆံအများကြီး မရှိတာကို တွေ့တော့ ငြင်းလိုက်သည်။ ဘာဖြစ်လို့လဲဆိုတော့ ချန်းယန်က ဝင်ငွေမရှိ သေးလို့ ဖြစ်သည်။

နှစ်ယောက်သား နွေရာသီဝတ် အဝတ်အစားတွေ ဝယ်ပြီးတော့ ညစာသွားစားကြသည်။

စားစရာတွေကို စောင့်နေတဲ့အချိန်မှာ ချန်းယန်က ကျန်းကျဲ့ကို အောင် လက်မှတ် နှစ်ခု ရောက်လာပြီဖြစ်ကြောင်း ပြောပြခဲ့ပေမဲ့ အဆင့်သတ်မှတ်ချက် မှာတော့ အကျုံးမဝင်ပေ ။

သူမက အခုတော့ ပင်းဟိုင်က အနုပညာကျောင်းရဲ့ မော်ဒယ်မေဂျာ နဲ့ တခြားပြည်နယ်က ကျောင်းတစ်ခုရဲ့ မော်ဒယ်မေဂျာ ရဲ့ စာမေးပွဲရလဒ်တွေကိုပဲ မျှော်လင့်နိုင်တော့သည်။

ရာသီဥတု ပူလာတော့ ကျန်းကျဲ့က သစ်သီးဖျော်ရည် အမျိုးအစားအချို့ကို မှာလိုက်သည်။

ချန်းယန်က ပိုက်ကို ကိုက်နေတဲ့ ပုံစံက ချစ်စဖွယ်လေးဖြစ်သည်။

ကျန်းကျဲက ကင်မရာကို ထုတ်လိုက်သည်။ “မင်းကို ဓာတ်ပုံရိုက်ပေးမယ်”

“ကောင်းပြီ”

All Chapters