← Chapters

မစ်ရှင် ပြီးဆုံးခြင်း ၊ ဆုလာဒ် နှင့် ဆရာမ မြောင် ၏ ဖိတ်ခေါ်မှု

Vol. 5 Ch. 65

မစ်ရှင် ပြီးဆုံးခြင်း ၊ ဆုလာဒ် နှင့် ဆရာမ မြောင် ၏ ဖိတ်ခေါ်မှု

Vol. 5 Ch. 65

နေ့လယ်ပိုင်းတွင် ကျန်းကျဲ့သည် ပန်းချီခန်းသို့ ပြန်ရောက်လာချိန်၌ တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေပြီ ဖြစ်သည်။

သူကိုယ်သူလည်း ရေချိုးရင်း ရှောင်ကားကိုလည်း တစ်ခါတည်း ရေချိုး ပေးလိုက်သည်။

ရေချိုးခန်းထဲမှ ထွက်လာသောအခါ လန်းဆန်းပေါ့ပါးသွားသလို ခံစားရသည်။

အသက် ၁၉ နှစ်အရွယ် ကိုယ်ခန္ဓာသည် အားအင်အပြည့်အဝ ရှိနေသဖြင့် နံနက်ပိုင်းတွင် စာလေ့လာ ပြီး နေ့လယ်ပိုင်း၌ အပြင်ထွက်လှုပ်ရှားပြီးနောက် ပြန်ရောက်လာချိန်တွင် အနည်းငယ်မျှပင် မပင်ပန်းပေ။

သူသည် ကင်မရာထဲမှ ဓာတ်ပုံများကို ကွန်ပျူတာထဲသို့ ထည့်သွင်းပြီး မှတ်ဉာဏ်ထဲမှ အကြောင်းအရာများနှင့် ဓာတ်ပုံများကို ပေါင်းစပ်ကာ ပုံကြမ်းများ စဆွဲသည်။

ဤပုံကြမ်းများသည် လမ်းလျှောက်နေစဉ်နှင့် နေ့လယ်စာစားရင်း စကားပြောနေသည့် ချန်းယန်၏ အမှတ်တရပုံရိပ်များကို အဓိကဖော်ပြထားခြင်း ဖြစ်သည်။

ကျန်းကျဲ့သည် စနစ်၏ မစ်ရှင်ကို ပြီးမြောက်ရန်အတွက် ပုံကြမ်း ၁၀ ချပ်ကျော် ဆွဲခဲ့ပြီး ၎င်းထဲမှ စိတ်ကျေနပ်ဖွယ် ပုံကြမ်းအချို့ကို ရွေးကာ ရေဆေးပန်းချီများ စတင်ဖန်တီးသည်။

သူသည် ပန်းချီဆွဲခြင်းနှင့် စာလေ့လာ ခြင်းအတွက် အချိန်ကို စနစ်တကျ စီစဉ်ထား သည်။

တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ကျန်းကျဲ့သည် ရေဆေးပန်းချီသုံးချပ်ကို ပြီးစီးခဲ့သည်။

စနစ်၏ အကဲဖြတ်မှုအရ ပန်းချီကားတစ်ချပ်ကို အကောင်းဆုံးလက်ရာ အဖြစ် သတ်မှတ်ခံရပြီး ကျန်နှစ်ချပ်မှာမူ ကောင်းမွန်သောလက်ရာ များ ဖြစ်သည်။

အကောင်းဆုံးလက်ရာ အဖြစ် သတ်မှတ်ခံရသည့် ပန်းချီကားမှာ ချန်းယန်၏ ပိုက်ကို ကိုက်ပြီး ဖျော်ရည်စုပ်နေသည့် အမူအရာကို ပုံဖော်ထားသော ပန်းချီကားဖြစ်ပြီး နောက်ခံတွင် လမ်းပေါ်၌ လူအများ ပြည့်ကျပ်နေသည့် မြင်ကွင်းကိုလည်း ပေါင်းစပ်ကာ ဆွဲထားသည်။

ကျန်းကျဲ့သည် သူ့လက်ထဲတွင် အကောင်းဆုံးလက်ရာ သုံးချပ် ရှိနေပြီဟု တွက်လိုက်သည်။ သူသည် ချန်းယန်ကို ပုံဖော်ထားသော ပန်းချီကားအားလုံးကို ပြန်ရှာပြီး သာမန်လက်ရာအဖြစ် အကဲဖြတ်ခံထားရသည့် ပန်းချီကားအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် ကောင်းမွန်သောလက်ရာ အဖြစ် သတ်မှတ်ခံထားရသော်လည်း သူ့စိတ်တိုင်းမကျသည့် ပန်းချီကားအချို့ကိုလည်း ဖျက်ဆီးပစ်သည်။

ဤပန်းချီကားများ ဖျက်ဆီးပြီးသည်နှင့် စနစ်မှ သတိပေးသံ ထွက်ပေါ်လာသည်။

ကျန်းကျဲ့သည် စနစ်ကို ဖွင့်ကြည့်လိုက်ရာ သတင်း အချက်အလက်အသစ်ကို တွေ့လိုက်ရသည်။

“ချန်းယန်ကို ပုံစံယူ၍ ဆွဲထားသော သင့်ပန်းချီကား အရေအတွက်နှင့် အရည်အသွေးသည် သတ်မှတ်ထားသော စံချိန်စံညွှန်းများ ပြည့်မီသွားပါပြီ။ မစ်ရှင် ပြီးဆုံးကြောင်း စနစ်မှ အတည်ပြုလိုက်ပါပြီ။ ဆုလာဒ်များကို ထုတ်ယူနိုင်ပါပြီ။”

ကျန်းကျဲသည် ချက်ချင်းပင် “ထုတ်ယူရန်” ကို နှိပ်လိုက်သည်။

စနစ်၏ စာမျက်နှာတွင် သတင်းအချက်အလက်အသစ် ပေါ်လာသည်။

“ယွမ် ၂ သိန်းနှင့် ကံစမ်းမဲဆွဲခွင့်တစ်ကြိမ် ရရှိပါသည်။”

ကျန်းကျဲ့သည် ငွေကြေးဆုလာဒ်ပမာဏကို အလွန်ကျေနပ်သည်။ ဤဆုလာဒ်သည် သူ၏ စုဆောင်းငွေပမာဏထက်ပင် များနေသည်။

သူသည် ငွေကြေးဆုလာဒ်ကို “ထုတ်ယူရန်” ကို နှိပ်လိုက်သည်။

ထိုအခါ စနစ်မှ ဝင်ငွေရင်းမြစ်ကို ရွေးချယ်ရန် မေး သည်။

ဤတစ်ကြိမ်တွင်မူ ဝင်ငွေ ရင်းမြစ် ရွေးချယ်စရာ သုံးခုသာ ရှိသည်- စီးပွားရေးအခွင့်အလမ်း၊ ထီပေါက်ခြင်းနှင့် ပန်းချီကား ရောင်းချခြင်း။

ကျန်းကျဲ့သည် ပန်းချီကားရောင်းချခြင်းက သူ့အတွက် ပို၍ အဆင်ပြေပြီး ပို၍ လုံခြုံသည်ဟု ထင်သောကြောင့် ပန်းချီကားရောင်းချခြင်း ကို ရွေးချယ်လိုက်သည်။

စနစ်မှ သက်ဆိုင်ရာ အချက်အလက်များကို ပေးသည်။

“သင်ရွေးချယ်ထားသော ချန်းယန်ကို ပုံစံယူ၍ ဆွဲထားသည့် ပန်းချီလက်ရာများကို အီလက်ထရွန်းနစ်ဖောင် အဖြစ် အောက်ပါအီးမေးလ်လိပ်စာသို့ ပေးပို့ရမည်။”

ကျန်းကျဲ့သည် လုပ်ရမည့်အဆင့်များကို နားလည်သော်လည်း ချက်ချင်းမလုပ်သေး ပေ။

သူသည် ကံစမ်းမဲဆွဲခြင်း ကို အရင်နှိပ်လိုက်သည်။

လက်ရှိအခြေအနေတွင် အကောင်းဆုံးရွေးချယ်မှုမှာ ကောလိပ်ဝင်ခွင့် စာမေးပွဲနှင့် သက်ဆိုင်သည့် ကျွမ်းကျင်မှုတစ်ခုခုကို ရရှိခြင်းပင် ဖြစ်သည်။ ဒုတိယအနေဖြင့် ပန်းချီစွမ်းရည် မြှင့်တင်ခြင်းနှင့် နောက်ဆုံးမှသာ ငွေကြေးဖြစ်ပြီး သူသည် လက်ရှိတွင် ငွေကြေးအခက်အခဲ မရှိပေ။

သူသည် လက်များကို ဆေးကြောပြီး ပန်းချီခန်းသို့ ပြန်လာကာ စနစ်စာမျက်နှာကို ပြန်ဖွင့်၍ “ကံစမ်းမဲဆွဲရန်” ကို နှိပ်လိုက်သည်။

ထိုအခါ ကံစမ်းမဲစက်ဝိုင်း ပေါ်လာသည်။ မြှားသည် အလွန်လျင်မြန်စွာ လှည့်နေရာမှ တဖြည်းဖြည်း နှေးလာပြီး နောက်ဆုံးတွင် အနီရောင်လက်ဆောင်ထုပ်ပေါ်တွင် ရပ်သွားသည်။

အနီရောင်လက်ဆောင်ထုပ်သည် အရင်က အပြာရောင်လက်ဆောင်ထုပ်ထက် ပိုကောင်းသည်မှာ ထင်ရှားသည်။

သူသည် မျှော်လင့်ချက်အပြည့်ဖြင့် လက်ဆောင်ထုပ်ကို နှိပ်လိုက်သည်။

အနီရောင်လက်ဆောင်ထုပ်သည် မီးပန်းများကဲ့သို့ လင်းလက်သွားပြီး “ကျွမ်းကျင်မှုလက်ဆောင်ထုပ် - ပုံကြမ်းဆွဲခြင်း (အထူးအဆင့် ) ကို ရရှိပါသည် ။” ဟူသည့် စာသားပေါ်လာသည်။

ကျန်းကျဲ့သည် ဤလက်ဆောင်ထုပ်ကိုလည်း အလွန်ကောင်းသည်ဟု ခံစားရ သည်။ ကောလိပ်ဝင်ခွင့် စာမေးပွဲနှင့် သက်ဆိုင်သည့် အသင့်တော်ဆုံး ကျွမ်းကျင်မှုမျိုး မဟုတ်သော်လည်း ဤလက်ဆောင်ထုပ်သည် သူ၏ ပုံကြမ်းဆွဲခြင်းစွမ်းရည်ကို မြင့်မားစေနိုင်သည်။

ကျွမ်းကျင်မှုများကို အဆင့်များအလိုက် ခွဲခြားထားသည်- အခြေခံ၊ အလယ်အလတ်၊ အဆင့်မြင့်၊ အထူးနှင့် ပညာရှင်။ ပုံကြမ်းဆွဲခြင်းဆုလာဒ်ကို ရရှိပြီးသည်နှင့် ပညာရှင်အဆင့်သို့ ရောက်ရန် တစ်လှမ်းသာ လိုတော့သည်။

ကြီးမားသော အချက်အလက်များသည် ဦးနှောက်ထဲသို့ ဝင်ရောက်လာသောကြောင့် ကျန်းကျဲ့သည် မျက်လုံးများကို မှိတ်ပြီး ကုလားထိုင်ပေါ်တွင် မှီကာ အချက်အလက်များကို ချေဖျက်နေ သည်။

ဤအချက်အလက်များတွင် ပြင်သစ်ပန်းချီဆရာ အင်ဂရက်စ်နှင့် ဂျာမနီပန်းချီဆရာ ဒျူရာတို့၏ ပုံကြမ်းဆွဲခြင်းနည်းစနစ်များ ပါဝင်သည်။

အင်ဂရက်စ်သည် ပြင်သစ်လူမျိုး နီယိုကလက်စစ်ဆန်သော ပန်းချီကျောင်းတော်ကြီး၏ ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။ သူ၏ ပုံကြမ်းဆွဲခြင်းများသည် စနစ်ကျပြီး အချိုးအစားညီမျှသည်။ ထို့ကြောင့် နောက်ပိုင်းတွင် ရွန်နွာနှင့် ပီကာဆိုတို့ကဲ့သို့သော ပန်းချီဆရာများအပေါ် သက်ရောက်မှုရှိခဲ့သည်။

ဒျူရာသည် ဂျာမနီသို့ ဉာဏ်အသစ်အရေးတော်ပုံအတွေးအမြင်ကို ယူဆောင်လာသည့် ပန်းချီဆရာဖြစ်သည်။ သူ၏ ပုံကြမ်းဆွဲခြင်းများသည် ရဲရင့်ပြတ်သားပြီး ထူးခြားဆန်းသစ်မှုရှိသဖြင့် မြောက်ပိုင်း လီယိုနာဒိုဒါဗင်ချီဟုပင် အမည်တွင်သည်။

ဤပန်းချီဆရာနှစ်ဦးသည် ပုံကြမ်းပညာဖြင့် သူတို့၏ အနုပညာကို အောင်မြင်မှုရရှိစေခဲ့သည်။ သူတို့၏ လက်ရာများကို တရုတ်ပြည်တွင် နှစ်သက်သဘောကျသူများစွာ ရှိပြီး ကျန်းကျဲ့သည်လည်း အတုခိုး ဆွဲဖူးသည်။

ဤလက်ဆောင်ထုပ်တွင် ပါဝင်သည့် ကျွမ်းကျင်မှုသည် ကျန်းကျဲ့ ယခင်က နားမလည်ခဲ့သည့် အသိပညာနှင့် ကျွမ်းကျင်မှုများကို သူ့ဦးနှောက်ထဲသို့ တိုက်ရိုက်ထည့်သွင်းပေးလိုက်ပြီး ယခင်ရရှိခဲ့သော ပုံကြမ်းဆွဲခြင်းဆိုင်ရာ ကျွမ်းကျင်မှုများကိုလည်း လွှမ်းခြုံသွားခဲ့သည်။

ယခင်က ကျွမ်းကျင်မှုအဆင့်နှင့် နှိုင်းယှဉ်ပါက ယခုတစ်ကြိမ် တိုးတက်မှုသည် အလွန်ကြီးမားသည်။

အချိန်ကြာမြင့် ပြီးနောက် ကျန်းကျဲ့သည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူသည် ပုံကြမ်းစာအုပ်ကို ယူ၍ ခဲတံတစ်ချောင်းကို ဆွဲယူကာ ရှောင်ကားကို ပုံစံယူ၍ သူ၏ တိုးတက်လာသည့်အဆင့်ကို စမ်းသပ်ရန် ပုံကြမ်းဆွဲလိုက်သည်။

သူသည် ခဲတံကို စတင်ကိုင်လိုက်သည်နှင့် ပြောင်းလဲမှုကို ခံစားမိသည်။ ခဲတံခြစ်ရာများသည် အတိအကျနှင့် အားပါပြီး အချို့နေရာများတွင် အထစ်အငေါ့များကပင် အကြီးမားဆုံး အခန်းကဏ္ဍမှ ပါဝင်သည်။ ယေဘုယျအားဖြင့်လည်း စုစည်းမှုနှင့် တိုးတက်မှု နှစ်မျိုးလုံးရှိသည်။

ဤပန်းချီကားကို သူသည် တစ်ထိုင်တည်းနှင့် ဆွဲခဲ့ပြီး အမှားတစ်စက်မျှပင် မရှိပေ။ ပေါ့ပေါ့ဆဆပုံစံဖြင့် ဆွဲထားသည့် မျဉ်း အချို့ပင်လျှင် ရုပ်လုံးပေါ်စေသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်။

အထူးအဆင့် ကျွမ်းကျင်မှု ရရှိပြီးနောက် ပညာရှင်အဆင့်သို့ ထပ်မံတိုးတက်ရန်မှာ အနုပညာခံစားမှု အသိပညာကို တိုးတက်ရန်သာ လိုတော့သည်။

ကျန်းကျဲ့သည် သူ၏ လက်ရှိကျွမ်းကျင်မှုအဆင့်ကို စမ်းသပ်ပြီးနောက် အနာဂတ်အတွက် ယုံကြည်မှုများစွာ ရှိနေသည်။

ပုံကြမ်းပညာသည် အခြေခံအုတ်မြစ်ဖြစ်နေပြီ ဖြစ်သဖြင့် နောက်ပိုင်းတွင် ဆီဆေးပန်းချီကို သင်ယူရာ၌ များစွာ အထောက်အကူဖြစ်စေနိုင်သည်။

ထို့အပြင် ပုံကြမ်းပညာသည် အနောက်တိုင်းပန်းချီပညာရပ်ဖြစ်သော်လည်း အနာဂတ်တွင် တရုတ်ရိုးရာပန်းချီကို သင်ယူသည့်အခါ ပုံစံကို နားလည်ထားပြီးဖြစ်သောကြောင့် သင်ယူရန် ပိုမိုလွယ်ကူလာမည်ဖြစ်သည်။

ကံစမ်းမဲ ကို ဘေးဖယ်ထားပြီး ကျန်းကျဲ့သည် ပန်းချီကားများကို ပျော်ရွှင် စွာဖြင့် ရွေးလိုက်သည်။

သူသည် ပန်းချီကားလေးချပ်ကို ရွေးပြီး ဓာတ်ပုံရိုက်ကာ စနစ်ညွှန်ကြားချက်အတိုင်း လုပ်လေ သည်။

ထိုပန်းချီကားလေးချပ်သည် ချန်းယန်၏ နေ့စဉ်ဘဝမှ အခိုက်အတန့်များကို ဖော်ပြထားခြင်း ဖြစ်ပြီး ကောင်းမွန်သောလက်ရာ သုံးချပ်နှင့် အကောင်းဆုံးလက်ရာ တစ်ချပ် ပါဝင်သည်။

အချို့သော အလွန်အကျွံ ဖော်ပြထားသည့် လက်ရာများနှင့် သူကိုယ်တိုင် သိမ်းထားလိုသည့် လက်ရာအချို့ကိုမူ ကျန်းကျဲ့သည် ဓာတ်ပုံမရိုက်ခဲ့ဘဲ ရောင်းချရန်လည်း ရည်ရွယ်ချက် မရှိပေ။

စနစ်မှ ကောင်းမွန်သောလက်ရာ နှင့် အကောင်းဆုံးလက်ရာ အဖြစ် အကဲဖြတ်ထားသည့် ပန်းချီကားများ မည်မျှဈေးရနိုင်သည်ကိုလည်း သူသည် ဤအရာဖြင့် စမ်းသပ်လိုသည်။

ဤအရာများအားလုံး ပြီးဆုံးသွားချိန်တွင် နေ့လယ်စာစားချိန် ရောက်နေပြီပင် ။

ကျန်းကျဲ့သည် စိတ်ပျော်ရွှင်နေသည်။ “ရှောင်ကား ၊ မင်းကို အရသာရှိတာတွေ ဝယ်ကျွေးမယ်။”

ရှောင်ကားသည် ကျန်းကျဲ့ အပြင်ထွက်တော့မည်ကို သိလိုက်သည်နှင့် ဝမ်းသာအားရဖြင့် တံခါးဆီသို့ ပြေးသွားသည်။

........

နေ့လယ်စာစားပြီးနောက် ကျန်းကျဲ့သည် ပန်းချီခန်းသို့ ပြန်လာပြီး စာလေ့လာ သည်။

ဖုန်းမြည်လာရာ အမည်မသိနံပါတ်တစ်ခုဖြစ်နေသည်။ ငွေကြေးဆုလာဒ်နှင့် ပတ်သက်နေသည်ဟု ယူဆသောကြောင့် ဖုန်းကို ပြန်ဖြေ ရန် နှိပ်လိုက်သည်။

ဖုန်းထဲမှ အမျိုးသမီးတစ်ဦး၏အသံ ထွက်ပေါ်လာကာ “ကျန်းကျဲ မဟုတ်လားရှင်။ ကျွန်မက ဆရာမ မြောင် ရဲ့ သူနာပြုပါ”

ကျန်းကျဲ့သည် အနည်းငယ် အံ့အားသင့်သွားကာ “ဟုတ်ပါတယ်”

သူနာပြုက ပြောသည်။ “ကျန်းကျဲ့၊ ဆရာမ မြောင် က မင်းနဲ့ စကားပြောချင်လို့ပါ။ ဖုန်းကို ဆရာမ မြောင် ဆီ ပေးလိုက်ပါ့မယ်။”

“ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်”

ဖုန်းမှ ဆရာမ မြောင် ၏အသံ ထွက်ပေါ်လာကာ “ဟဲလို၊ ကျန်းကျဲ၊ အနှောင့်အယှက်ဖြစ်သွားလား”

ကျန်းကျဲ့သည် ပြုံးပြီး နှုတ်ဆက်ကာ “ဟယ်လို ဆရာမ မြောင် ကျန်းမာရေး ကောင်းရဲ့လား ”

“အရင်ကထက်တော့ နည်းနည်း ကောင်းလာပါပြီ။ မင်းကို ဖုန်းဆက်တာက ဒီနေ့ နေ့လယ်ပိုင်း အချိန်အား မလားလို့ မေးချင်လို့ပါ”

ကျန်းကျဲ့သည် စဉ်းစားပြီး “အား ပါတယ်၊ ကျွန်တော် ဘာလုပ်ပေးရမလဲ” ဟု ပြန်မေးလိုက်သည်။ နင်အန်းချီ၏ တုံ့ပြန်မှုအရ ဤအမျိုးသမီးသည် သာမန်လူမဟုတ်ကြောင်း သူ ဆုံးဖြတ်ခဲ့သောကြောင့် ပေါ့ဆ၍ မရပေ။

“မင်း အား ရင် ငါ့ဆီကို တစ်ခေါက်လောက် လာပေးနိုင်မလား။ မင်းကို ပန်းချီကားတစ်ချပ် ဆွဲဖို့ ပြောချင်လို့ပါ။”

“ကောင်းပါပြီ” ကျန်းကျဲ့သည် အထူးအဆင့် ပုံကြမ်းပညာ ကျွမ်းကျင်မှု ရရှိထားသည်ဖြစ်သောကြောင့် အခက်အခဲကို မကြောက်ဘဲ စိတ်လှုပ်ရှားနေသည်။ “ကျွန်တော် ဘာတွေ ပြင်ဆင်လာရမလဲ”

“ပုံကြမ်းပန်းချီကား တစ်ချပ် ဆွဲရုံပါပဲ ။”

“ကောင်းပါပြီ၊ ဒါဆို ကျွန်တော် အမြန်ဆုံး လာခဲ့ပါ့မယ်။”

ဆရာမ မြောင် သည် ဖုန်းမချခင် ဤကိစ္စကို နင်အန်းချီကို မပြောရန် ကျန်းကျဲကို သတိပေးခဲ့သည်။

ကျန်းကျဲ့သည် ဆရာမ မြောင် အဘယ်ကြောင့် ဤသို့ စီစဉ် ရသည်ကို နားမလည်သော်လည်း သဘောတူလိုက်သည်။

သူသည် ပစ္စည်းများကို ပြင်ဆင်၊ ရှောင်ကားကို ချထားပေးပြီး တက္ကစီဖြင့် ဆရာမ မြောင် ၏ အိမ်သို့ သွားလေ သည်။

သူနာပြုသည် သူ့ကို ဆရာမ မြောင် ၏ အိပ်ခန်းသို့ ခေါ်သွားသည်။

ဆရာမ မြောင် ၏ မျက်နှာအသွင်အပြင်မှာ ပိုမိုကောင်းမွန်လာပြီး ကုတင်ပေါ်တွင် ထိုင်၍ မှီနိုင်နေပြီ ဖြစ်သည်။

သူမသည် ကျန်းကျဲ့ကို တွေ့သောအခါ ပြုံးလိုက်ပြီး “ကျန်းကျဲ့ ရောက်လာပြီပေါ့ ၊ တောင်းပန်ပါတယ်၊ငါ က ဒီလိုပဲ ထိုင်နိုင်တာမို့လို့ အောက်ကို ဆင်းလို့မရဘူး” ဟု ပြောလိုက်သည်။

“ဆရာမ မြောင် ၊ ဒီလိုမျိုး မပြောပါနဲ့၊ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပါဦး”

ဆရာမ မြောင် က ကျန်းကျဲ့ကို ကုတင်ဘေးတွင် ထိုင်ခိုင်းလိုက်သည်။

သူနာပြုသည် ကျန်းကျဲ့အတွက် လက်ဖက်ရည်ပြင်ပေးပြီးနောက် အခန်းထဲမှ ထွက်သွားသည်။

ကျန်းကျဲ့သည် ဆရာမ မြောင် နှင့် စကားအနည်းငယ် ပြောပြီးနောက် မည်သည့်ပန်းချီကားကို ဆွဲပေးရမည်ကို မေးလိုက်သည်။

“မင်း ငါ့ကို ဆွဲပေးခဲ့တဲ့ လူ ပုံတူကို မှတ်မိသေးလား”

ကျန်းကျဲ့က “မှတ်မိပါတယ်” ဟု ပြန်ဖြေသည်။

ဆရာမ မြောင် က ပြောသည်။ “အဲ့ဒီဓာတ်ပုံထဲမှာ သူတစ်ယောက်တည်းပဲ ရှိတယ်။ မင်း ငါ့ကိုပါ အဲ့ဒီထဲကို ထည့်ပြီး ဆွဲပေးနိုင်မလား။ ငါတို့နှစ်ယောက် အတူတူရိုက်ထားတဲ့ ဓာတ်ပုံလိုမျိုးပေါ့။”

All Chapters