ဂုဏ်ပြုခြင်း၊ ကြော်ငြာခြင်း၊ အမှတ်တရများ
Vol. 5 Ch. 72
ကျန်းကျဲ့က သတင်းကောင်းကို ကြားသောအခါ နှလုံးခုန်နှုန်း မြန်လာသည်။
သူက သူ၏ရလဒ်ကို ခန့်မှန်းဖူးသော်လည်း ပင်းဟိုင်အနုပညာကျောင်းတွင် ပထမအဆင့် ရရှိမည်ဟု မထင်ထားခဲ့ပေ။
ဖုန်းဖြင့် စစ်ဆေးခြင်းက လူကိုယ်တိုင်ဖြင့် ပြောရသောကြောင့် သူက သူ၏ရလဒ်ကို အသေးစိတ် မေးနိုင်သည်။
ပင်းဟိုင်အနုပညာကျောင်း၏ ကောလိပ်များမှ လက်ခံသည့် စာမေးပွဲပုံစံများက မတူကြပေ။ ဥပမာ- ဒီဇိုင်းနှင့် ပန်းပုထုခြင်းတို့သည် သီးခြားစာမေးပွဲဖြေဆိုရပြီး ပန်းချီဌာနမှ ပန်းချီပညာရှင်များအားလုံးက တူညီသော စာမေးပွဲကို ဖြေဆိုရသည်။
သူ၏ ပထမအဆင့် ရရှိမှုက ပန်းချီဌာနတွင် ပထမအဆင့် ရရှိခြင်းသာဖြစ်သည်။
တာဝန်ရှိသူက ကျန်းကျဲ့ကို သတိပေးသည်။ ကျောင်းလျှောက်ထားသည့်အခါ လမ်းညွှန်ချက်အတိုင်း ပန်းချီ၊ ရိုးရာပန်းချီ သို့မဟုတ် ပုံတူ ပန်းချီစသည့် အသေးစိတ် မေဂျာ ကို ဖြည့် ရန် လိုသည်။
ကျန်းကျဲ့က စာမေးပွဲကို စစ်ဆေးပြီးနောက် သတင်းကောင်းကို မိဘများအား ပြောပြရန် ဖုန်းဆက်လိုက်သည်။
ကျန်းယီနှင့် ရှုလီ တို့က သားဖြစ်သူ၏ အဆင့်ကို ကြားသောအခါ အလွန်ပျော်ရွှင်ကြသည်။
ကျန်းကျဲ့က သူ၏မိဘများအား ဖုန်းမချသေးဘဲ မည်သည့်မေဂျာ ကို လျှောက်ထားရမည်အား တိုင်ပင်နေသည်ကို ကြားလိုက်ရသည်။
သူက ထိုသတင်းအား ချန်းယန်ကိုလည်း ပြောပြလိုက်သည်။
ချန်းယန်က အံ့အားသင့်ပြီးနောက် ဝမ်းသာသွားသည်။ သူတို့နှစ်ယောက်စလုံးက ရလဒ်ကောင်းများ ရရှိခဲ့ကြသောကြောင့် တက္ကသိုလ်တစ်ခုတည်းတွင် အတူတူ ကျောင်းတက်ရနိုင်ဖွယ် ရှိသည်။
သူမက ကျန်းကျဲ့ကို နေ့လယ်စာအတူ စားရန် ချိန်းလေ သည်။
နေ့လယ်စာစားနေစဉ်တွင် ကျန်းကျဲ့က ချန်းယန်ကို မေးသည်။ “မင်း ဘယ်ပြည်နယ်က ကျောင်းကို လျှောက်ဖို့ စဉ်းစားထားလဲ”
ချန်းယန်က “ဘယ်လိုမှ မျှော်လင့်မထား ဘူး။ လျှောက်ထားထား မထားထား အဓိပ္ပာယ်မရှိတော့ဘူး။ ငါကတော့ ငါက အနုပညာကျောင်းကိုပဲ လျှောက်ထားမယ်။ နင်ကော အခြားပြည်နယ်က ကျောင်းကို လျှောက်မှာလား”
ကျန်းကျဲ့က “ငါ့မှာ ပိုကောင်းတဲ့ ရွေးချယ်စရာ မရှိသေးဘူး။ အခြားပြည်နယ်က ကျောင်းကို လျှောက်ထားရင်တောင် နောက်ဆုံးမှာတော့ အနုပညာကျောင်းကိုပဲ တက်ရမှာပဲလေ ”
ချန်းယန်က “နင်က ပထမရတဲ့သူဆိုတော့ အနုပညာကျောင်းက မင်းကို သေချာပေါက် ခေါ်မှာပဲ။ ငါတို့ နှစ်ယောက် တက္ကသိုလ်တစ်ခုတည်းမှာ ကျောင်းအတူတူ တက်မယ်ဆိုရင် ရှောင်ကားကိုလည်း ခေါ်သွားလို့ ရမလား”
သူမက ရှောင်ကား၏ ခေါင်းကို ပွတ်သပ်လိုက်သည်။
ချန်းယန်က တက္ကသိုလ်အဆောင်တွင် အိမ်မွေးတိရစ္ဆာန် မွေးခွင့် ရှိမရှိကို မစဉ်းစားတော့ဘဲ တက္ကသိုလ် ကျောင်းသူ ဘဝအား စိတ်ကူးယဉ်နေလေ သည်။
ကျန်းကျဲ့က ထိုအချိန်တွင် သူမ၏ စိတ်ကူးများကို ဖျက်ဆီးပစ်ရန် မလုပ်ချင် ပေ။
.........
တနင်္ဂနွေနေ့ ညနေတွင် ကျန်းကျဲ့က ရှောင်ကားကို ခေါ်ကာ ညစာစားရန် အိမ်သို့ ပြန်လာခဲ့သည်။
“မင်း ဘာလို့ အခုမှ ပြန်လာတာလဲ။ မင်းကို လာလျှောက်မယ့် ကျောင်းတွေအကြောင်း ဆွေးနွေးဖို့ စောစောကတည်းက ခေါ်ထားတာလေ”
ကျန်းကျဲ့က “ကျောင်းလျှောက်ထားရမယ့် အချိန် မရောက်သေးပါဘူး။ ပြီးတော့ ကျွန်တော့်မှာ ရွေးချယ်စရာ အများကြီးမရှိဘူး။ အနုပညာကျောင်းရဲ့ ရလဒ်က အကောင်းဆုံးပဲ၊ ထပ်တွေးစရာ မလိုတော့ ဘူး”
ကျန်းယီက “ဒီနှစ်ရက်အတွင်း ငါ လူတွေ အများကြီးကို မေးမြန်းခဲ့ပြီးပြီ။ မင်းရတဲ့ အမှတ်နဲ့ အရင်နှစ်တွေက အပိုအမှတ်တွေ ရခဲ့ဖူးလား”
ကျန်းကျဲ့က “သတင်းမရသေးပါဘူး”
ကျန်းယီက အနည်းငယ် စိတ်ပူနေသည်။ “ဒါ မင်းရဲ့ အရေးကြီးတဲ့ ကိစ္စပဲလေ၊ ဘာလို့ ဒီလောက် ပေါ့ပေါ့ဆဆ လုပ်နေတာလဲ”
ကျန်းကျဲ့က “အဖေ၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီရွေးချယ်စရာပဲ ရှိတာ၊ သတင်းကောင်းကိုပဲ စိတ်အေးလက်အေး စောင့်နေလိုက်ပါ၊ ကိုယ့်ကိုယ်ကို ဖိအားမပေးပါနဲ့”
......
တနင်္လာနေ့တွင် ကျန်းကျဲ့က စာသင်ခန်းသို့ ရောက်လာသောအခါ ကျောင်းသားများက ပြည်နယ်အတွင်းရှိ အနုပညာစာမေးပွဲရလဒ်များကို ပြော နေသည်အား ကြားလိုက်ရသည်။
သတင်းစုံစမ်းသူတစ်ဦးက ကျန်းကျဲ့သည် အနုပညာကျောင်း၏ စာမေးပွဲတွင် ပထမရကြောင်း စာသင်ခန်းတစ်ခုလုံးအား ပြောပြလိုက်ပြီဖြစ်သည်။
ကျန်းကျဲ့ စာသင်ခန်းထဲ ဝင်လာသည်ကို တွေ့သောအခါ ကျောင်းသားများစွာက သူ့ကို ဂုဏ်ပြုကြသည်။
ကျန်းကျဲ့က သူတို့ကိုလည်း ဂုဏ်ပြုသည်။ စာသင်ခန်းမှ ကျောင်းသားအများစုက ပြည်နယ်အတွင်းရှိ အနုပညာစာမေးပွဲတွင် ရလဒ်ကောင်းများ ရရှိခဲ့ကြသည်။
မေလ၏ နောက်ဆုံးအပတ်တွင် ကျန်းကျဲ့က သတင်းကောင်း ထပ်ရခဲ့သည်။
ချင်းဟွာ အနုပညာကျောင်းနှင့် ရှန်ဟိုင်း မှ တက္ကသိုလ်တစ်ခုက သူ့ကို အနုပညာစာမေးပွဲအောင်လက်မှတ်အား ပေးပို့ခဲ့သည်။
ကျန်းကျဲ့က အံ့သြမှုနှင့်အတူ အောင်လက်မှတ်ပေါ်ရှိ အမှတ်များကို ကြည့်လိုက်သည်။ သို့သော်လည်း သူက အဆင့်ထဲတွင် မပါပေ။
သူက ရှုပ်ထွေးသော စိတ်ခံစားမှုများဖြင့် စာသင်ခန်းသို့ ပြန်လာခဲ့သည်။
သူ အပါအဝင် ကျောင်းတစ်ခုလုံးမှ ၂ ဦးသာ ချင်းဟွာ အနုပညာကျောင်း၏ အောင်လက်မှတ်ကို ရခဲ့ပြီး ထိုနှစ်ဦးစလုံးက အတန်း ၉ မှ ဖြစ်သည်။
အတန်းပိုင်ဆရာ ယွီက အလွန်ပျော်နေသည်။ ကျောင်းသားများကလည်း ထိုနှစ်ဦးကို ဂုဏ်ပြုကြသည်။
ကျန်းကျဲ့က သူ့၏အဆင့်မှာ မကောင်းကြောင်းနှင့် မျှော်လင့်ချက်မရှိကြောင်း ထပ်ခါတလဲလဲ ရှင်းပြရသည်။
နေ့လယ်ပိုင်း နားချိန်တွင် ဒါရိုက်တာ လင်သည် ကျန်းကျဲ့ အပါအဝင် ကျောင်းသားအချို့ကို စုစေပြီး ဓာတ်ပုံရိုက်ကာ ကြော်ငြာသည်။
ထိုကျောင်းသားများက အနုပညာစာမေးပွဲတွင် ရလဒ်ကောင်းများ ရရှိသူများဖြစ်ကြ သည်။
ပထမဆုံး ဆရာနှင့် ကျောင်းသားများ အတူတူ ဓာတ်ပုံရိုက်ပြီးနောက် ကျောင်းသားတစ်ဦးချင်းစီက ရရှိထားသော အောင်လက်မှတ်ကို ကိုင်ကာ သီးသန့် ဓာတ်ပုံရိုက်သည်။
“ကင်မရာကို ကြည့်မယ်၊ ပြုံးထား...”
ကျန်းကျဲ့က ချင်းဟွာနှင့် ပင်းဝိုင် အနုပညာကျောင်း၏ အောင်လက်မှတ်များကို ကိုင်ကာ ကင်မရာကိုကြည့်ပြီး ပြုံးလိုက်သည်။
ကျောင်းသားများက ဓာတ်ပုံရိုက်ပြီးနောက် ပြန်ထွက်သွားကြသည်။
ဒါရိုက်တာ လင်က ကျန်းကျဲ့ကို တစ်ယောက်တည်း ထားခဲ့သည်။
“ကျန်းကျဲ့၊ ငါ ဒီနေ့ အနုပညာကျောင်းကို ဖုန်းဆက်ပြီး မင်းကိစ္စကို မေးမြန်းခဲ့တယ်။
ဝင်ခွင့်တာဝန်ခံ ဆရာက မင်းသာ အနုပညာကျောင်းကို လျှောက်ထားမယ်ဆိုရင် အမှတ် ၃၀ ထပ်ပေးမယ်လို့ ရှင်းရှင်းလင်းလင်း ပြောတယ်။
အနုပညာကျောင်းမှာ အရင်နှစ်တွေက အနုပညာနဲ့ ယဉ်ကျေးမှု မေဂျာ စာမေးပွဲနှစ်ခုလုံးရဲ့ စုစုပေါင်း ရလဒ်ကို သုံးသပ်ပြီးတော့မှ လက်ခံတာ။ မင်းရဲ့ အနုပညာရမှတ်က မြင့်တယ်ဆိုတော့ ယဉ်ကျေးမှုဘာသာရပ်မှာ အမှတ် ၄၀၀ ကျော်ရုံနဲ့ ပြဿနာမရှိတော့ဘူး။ ပြီးတော့ မင်း ယဉ်ကျေးမှုဘာသာရပ်နဲ့ အနုပညာမေဂျာ နှစ်ခုပေါင်းပြီး ပထမရမယ်ဆိုရင် ယွမ် ၁ သောင်း ဆုချမယ်လို့လည်း ပြောတယ်”
ကျန်းကျဲ့က “ကျွန်တော် နားလည်ပါပြီ၊ကျေးဇူးတင်ပါတယ် ဒါရိုက်တာ လင်”
ဒါရိုက်တာ လင်က ထပ်မေးသည်။ “မင်း ဘယ်မေဂျာ ကို လျှောက်ချင်လဲ။ ဆီဆေး၊ ရိုးရာပန်းချီ သို့မဟုတ် ပုံတူ ပန်းချီ လျှောက်လို့ရတယ်”
ကျန်းကျဲ့က “ကျွန်တော် ဆီဆေး မေဂျာ ကို လျှောက်ချင်ပါတယ်”
ဒါရိုက်တာ လင်က “ကောင်းပြီ။ အနုပညာကျောင်းရဲ့ ဆီဆေးနဲ့ ရိုးရာပန်းချီဌာနတွေက အရမ်းကောင်းတယ်”
ကျန်းကျဲ့ အတန်းထဲသို့ ပြန်လာပြီးနောက် ဒါရိုက်တာ လင်က အတန်းပိုင်ဆရာမ ယွီကို သွားတွေ့သည်။
“ရှောင်ယွီ၊ ဒီနှစ် မင်းရဲ့အတန်းက ရလဒ်ကောင်း တွေ ထွက်လာတော့မယ်။ ကျောင်းသားနှစ်ယောက်က ချင်းဟွာ ရဲ့ အောင်လက်မှတ်ကို ရတယ်။ ကျန်းကျဲ့ကလည်း အနုပညာကျောင်းရဲ့ ပန်းချီဌာနမှာ ပထမရခဲ့တယ်။ အရင်က ဒီလိုမျိုး မရှိခဲ့ဘူး၊ နောက်လည်း ရှိမလား မသိဘူး”
ကျောင်းသားများ ရလဒ်ကောင်းသောအခါ ဆရာလည်း ဂုဏ်ယူရသည်။
အတန်းပိုင်ဆရာမ ယွီက ချီးကျူးစကားအနည်းငယ် ပြောပြီးနောက် “ဒါရိုက်တာ လင်၊ ကျန်းကျဲ့အတွက် ဘယ်လိုကျောင်းမျိုး လျှောက်ထားသင့် လဲ” ဟု မေးလိုက်သည်။
ဒါရိုက်တာ လင်က “အခြား ပြည်နယ်က ကျောင်းကို လျှောက်တာကတော့ သူ ချင်းဟွာ ကို လျှောက်လို့ရတယ်။ သူ့အဆင့်က မကောင်းပြီး မျှော်လင့်ချက် သိပ်မရှိပေမဲ့လည်း ဖြစ်ချင်ဖြစ်လာနိုင်တယ်။
တကယ်တော့ သူ အနုပညာကျောင်းကို လျှောက်လို့ ရမယ့် အခွင့်အရေးက များတယ်”
အတန်းပိုင်ဆရာမ ယွီက ထပ်မေးသည်။ “ကျွန်မတို့ အတန်းမှာ အခုထိ အောင်လက်မှတ် တစ်ခုမှ မရသေးတယ့် ကျောင်းသားနှစ်ယောက် ရှိတယ် ဘယ်လိုလုပ်ရမလဲ”
ဒါရိုက်တာ လင်က စိတ်ပူနေသည့်ပုံပေါ်သည်။ “မနေ့က ငါ အဲဒီကလေးနှစ်ယောက်ရဲ့ မိဘတွေကို ဖုန်းဆက်ပြီး နှစ်သိမ့်ပေးခဲ့တယ်”
အတန်းပိုင်ဆရာမ ယွီက မေးသည်။ “သူတို့ မျှော်လင့်ချက် လုံးဝမရှိတော့ဘူးလို့ ထင်လား”
ဒါရိုက်တာ လင်က “ဒီကျောင်းသားနှစ်ယောက်ကတော့ ကျောင်းပြန်တက်တာ ဒါမှမဟုတ် ကိုယ်ပိုင် ကျောင်း တက်တာပဲ ဖြစ်နိုင်တော့တယ်”
ဆရာမ ယွီ၏ ခံစားချက်ကို မပြောပြနိုင်တော့ပေ။
သူမက ပထမဆုံးအကြိမ် တာဝန်ယူရသည့် အတန်း၏ ရလဒ်က မမျှော်လင့်ဘဲ ကောင်းမွန်ခဲ့သည်။ အတန်း ၁၀ ထက်လည်း ပိုကောင်းသည်။ သို့သော်လည်း အားနည်းချက်မှာ သူမ၏အတန်းတွင် ကျောင်းသားနှစ်ယောက်က စာမေးပွဲပင် မဖြေရသေးဘဲ မျှော်လင့်ချက် ဆုံးရှုံးသွားပြီဖြစ်သည်။
အောင်လက်မှတ်မရရှိသော အနုပညာကျောင်းသားများက သာမန်စာပေဘာသာရပ်ကို ဖြေဆိုရမည်ဖြစ်သဖြင့် ၎င်းက မဖြစ်နိုင်လုနီးပါးပင်။
မေလ၏ နောက်ဆုံးနေ့တွင် အမှတ်၇ အထက်တန်းကျောင်း က ဂုဏ်ပြုဆိုင်းဘုတ်တစ်ခုကို ကျောင်းတွင် ချိတ်ဆွဲထားသည်။
ဆိုင်းဘုတ်တွင် အနုပညာဘာသာရပ် သင်ယူသည့် နောက်ဆုံးနှစ်အတန်း နှစ်ခု၏ အနုပညာစာမေးပွဲရလဒ်ကောင်းများကို ဖော်ပြထားသည်။
ပထမဆုံးနေရာနှစ်နေရာတွင် ချင်းဟွာ ၏ အောင်လက်မှတ် ရရှိသူနှစ်ဦးကို ဖော်ပြထားပြီး ကျန်းကျဲ့လည်း ပါဝင်သည်။
ကျန်းကျဲ့က ကျောင်းသည် ကြော်ငြာရန်အတွက် အောင်လက်မှတ်နှစ်ခု၏ အဆင့်ကို မဖော်ပြထားကြောင်း တွေ့လိုက်ရသည်။
တတိယနေရာတွင် သူက ပန်းချီပညာတွင် ပထမအဆင့်ရရှိသည်ကို ဖော်ပြထားသည်။
အတန်းနှစ်ခုမှ အနုပညာကျောင်းသားများက အချင်းချင်း နှိုင်းယှဉ်ကြသည်။
ကျန်းကျဲ့၏ အတန်းက ရလဒ် ပိုကောင်းသည်မှာ ထင်ရှားသည်။ အချို့ကျောင်းသားများက အောင်လက်မှတ် အများဆုံးရရှိသူက ၉ ခု ရရှိကြောင်း တိတ်တိတ်လေး တွက်ခဲ့ကြသည်။
ကျောင်း၏ ကြော်ငြာဆိုင်းဘုတ်တွင် ရလဒ်ကောင်းရရှိသည့် ကျောင်းသားများ၏ ဓာတ်ပုံများကို ချိတ်ဆွဲထားသည်။
ဂျူနီယာ ကျောင်းသားများက ကျန်းကျဲ့ကို သိသွားကြသည်။
မေလ၏ နောက်ဆုံးနေ့ ညနေတွင် ကျန်းကျဲ့က စာသင်ခန်းထဲတွင် စာကျက်နေစဉ် စာသင်ခန်းအနောက်ဘက် တံခါးတွင် လူရှိနေသည်ကို ခံစားရသဖြင့် လှည့်ကြည့်လိုက်သည်။
တံခါးအပြင်ဘက်တွင် ရပ်နေသော ဂျူနီယာ ကျောင်းသူအချို့က လမ်းလျှောက်နေဟန်ဆောင်ကာ လျင်မြန်စွာ ထွက်သွားကြ သည်။
သူ၏အတန်းဖော် နီယွဲ့က ထိုနေ့ ညနေတွင် မိန်းကလေးတစ်ဦးသည် အနောက်တံခါးကို သုံးကြိမ်ဖြတ်လျှောက်ခဲ့ပြီး အကြိမ်တိုင်း သူ့ကို လှည့်ကြည့်ခဲ့ကြောင်း ကျန်းကျဲ့အား ပြောပြသည်။