အာကာသဥမင်လှိုင်ခေါင်း ... ။
Vol. 42 Ch. 493
တည်းခိုဆောင်အထက်၌ ထူးဆန်းပြီး မထင်မရှားစွမ်းအားလှိုင်းတစ်ခု ပေါ်လာကာ ရေခဲပန်းပွင့်အသွင် ဖြစ်တည်လာသည်။
အနီးကပ်ကြည့်ရှုသော အခါတွင် ရေခဲပန်းသည် အမှုန်အမွှားများဖြင့် ဖုံးလွှမ်းပြီး လေဟာနယ်ကို ပျက်ပြယ်စေ၏။
“ အာကာသတံဆိပ် ... ။ ”
မျက်မမြင် အဘိုးအို၏ မျက်နှာ ပြောင်းလဲသွားသည်။ သူ့စကားမဆုံးမီ စုရီက ဓားဆွဲကာ ခုတ်ပိုင်းချလိုက်သည်။
“ ရွှပ် ... ။ ”
ငရဲဘုံကိုးဓား၏ ရောင်ဝါကို သယ်ဆောင်ထားသော ဓားအလင်းများသည် လျှပ်စီးလက်သကဲ့သို့ လက်သွား၏။
“ ဝုန်း ... ။ ”
အဆုံးတွင် ပေါက်ကွဲသံနှင့်အတူ ကြည်လင်သော ရေခဲပန်းပွင့်သည် ဖန်ခွက်ကဲ့သို့ ပေါက်ကွဲသွားပြီး အလင်းမှုန်များ ဖြာကျလာတော့သည်။
“ ဟမ့် ... ။ ”
တစ်ချိန်တည်းမှာပင် အေးစက်သော နှာခေါင်းရှုတ်သံသည် ထိုကောင်းကင်ကြီးထံမှ အနည်းငယ် ပဲ့တင်ထပ်လာ၏။
စုရီက လျစ်လျူရှုပြီး ယွီရှစ်ချန်အခန်းထဲ ဝင်ရောက်သွားသည်။ မျက်မမြင်အဘိုးအိုသည် လိုက်သွားရန် ကြံရွယ်သော်လည်း အဆုံးတွင် တုံ့ဆိုင်းလျက် ရပ်ကျန်ရစ်ခဲ့၏။
“ စီနီယာ အာကာသတံဆိပ်ဆိုတာ ဘာလဲ။ ”
ချီကျန့်စုမှ သည်းမခံနိုင်တော့ဘဲ မေးသည်။
“ ဒါဟာ အာကာသရဲ့ စွမ်းအားနဲ့ ပေါင်းစပ်ထားတဲ့ လျှို့ဝှက်တံဆိပ်တစ်ခုဖြစ်ပြီး ဧကရာဇ်အဆင့် တန်ခိုးရှင်တွေသာ ကျွမ်းကျင်ကြတယ် ...
... တနည်းအားဖြင့် ပြောရရင် အာကာသတံဆိပ်ဆိုတာ အာကာသဆုံမှတ်ကို ဖြတ်ပြီး ဥမင်တစ်ခုဖန်တီးလိုက်တာပါ .... ဧကရာဇ်တစ်ပါးက အဝေးကနေ ...
... နယ်ပယ်နှစ်ခုကြားမှာရှိတဲ့ အတားအဆီးကို ဥမင်လှိုဏ်ခေါင်းဖောက်နိုင်ဖို့ အာကာသတံဆိပ် အသုံးပြုတယ်။ ”
“ စီနီယာ ... မင်းပြောနေတာ ဧကရာဇ်တစ်ပါးပါးက ဒီနေရာကို ဆင်းသက်ဖို့ ကြိုးစားနေတယ်လို့ ပြောချင်တာလား။ ”
မျက်မမြင်အဘိုးအိုက ခေါင်းခါလိုက်ပြီး၊
“ ဧကရာဇ်ရဲ့ စွမ်းအားက အရမ်း ပြင်းထန်တယ် အာကာသဥမင်လိုဏ်ခေါင်းက အဲဒါကို ဘယ်လိုမှ ခံနိုင်ရည်မရှိဘူး ... ဒါဟာ လမ်းကြောင်းတစ်ခု သက်သက်ပါပဲ။
“ လမ်းဖောက်တာလား ... ။ ”
“ ဟုတ်တယ် ... ။ ”
ချီကျန့်စုမှ အံ့ဩသွားသည်။ အဘိုးအို၏ မျက်လုံးမရှိသော မျက်တွင်းပေါက်ကြီးများက ယွီရှစ်ချန်တည်းခိုဆောင်ထံ ကြည့်လိုက်၏။
“ မိုးပြာတိုက်ကြီးနဲ့ မသက်ဆိုင်တဲ့ တစ်စုံတစ်ယောက်က အဲဒီတည်းခိုဆောင်ထဲက တစ်စုံတစ်ယောက်ရဲ့ ရောင်ဝါကို ခံစားမိသွားပြီး ခေါ်ထုတ်ဖို့ အာကာသဥမင်လိုဏ်ခေါင်းကို တည်ဆောက်နေတာပဲ။ ”
မျက်မမြင်အဖိုးကြီး စကားကြောင့် ချီကျန့်စုတစ်ယောက် တိတ်ဆိတ်သွားသည်။ သူမသည် ရှေးဟောင်း အကြွင်းအကျန်တစ်ဦး ဖြစ်ခဲ့သော်လည်း ဤအကြောင်းအရာများကို မကြားဖူးချေ။
ထိုအချိန်တွင် အခန်းထဲ အလျင်စလို ဝင်လာသော စုရီကို ယွီရှစ်ချန်မှ အံ့အားသင့်စွာ မော့ကြည့်ကာ၊
“ အစ်ကိုစု၊ တစ်ခုခုမှားနေပြီလား။ ”
-ဟု မေးမြန်းလိုက်၏။
ပန်းချီကားတစ်ချပ်လို လှပပြီး နတ်သမီးကဲ့သို့ သာလွန်သော မိန်းကလေးမှာ တရားထိုင်နေရာမှ ချက်ချင်းထလေသည်။
“ ထူးထူးခြားခြား တစ်ခုခုကို မင်းသတိထားမိသေးလား။ ”
စုရီမေးခွန်းကြောင့် ယွီရှစ်ချန်မှ အနည်းငယ်မျှ စဉ်းစားကာ၊
“ ငါမကြာခင်မှာ အတားအဆီးကို ချိုးဖြတ်နိုင်တော့မယ့် ... အရိပ်အယောင်မျိုးသာ ခံစားလိုက်ရတယ် ... အဲဒါကလွဲလို့ ဘာမှ ထူးထူးခြားခြား မရှိပါဘူး။ ”
-ဟု ပြန်ဖြေသည်။
စုရီတစ်ယောက် တွေဝေသွား၏။ ယွီရှစ်ချန်သည် စကြာဝဠာကျွန်း ခရီးအတွင်း၌ ကြယ်စုစည်းခြင်း နှောင်းပိုင်းသို့ ရောက်ရှိကာ ဝိညာဉ်ကပ်ဘေးခံယူရန် အသင့်ဖြစ်နေချေပြီ။
သူမ ခန္ဓာကိုယ်တွင် ပုံမှန်မဟုတ်သော စွမ်းအားများမရှိချေ။ ရှိခဲ့သော် သူမ အဆိပ်များ ဖယ်ရှားပေးစဉ် သူ သတိထားမိပြီးဖြစ်မည်။
တစ်ဖက်တွင် ထိုအာကာသတံဆိပ်သည် သူမအပေါ် ပစ်မှတ်ထားနေသည်မှာ နားမလည် နိုင်စရာပေပင်။
“ အစ်ကိုစု၊ ဘာကိစ္စရှိလို့လဲ ... ။ ”
ယွီရှစ်ချန်မှ မေးသည်။ စုရီ၏ အကြည့်အောက်တွင် စိတ်မသက်မသာ ခံစားနေရ၏။
“ အာကာသတံဆိပ်တစ်ခု ပေါ်လာတယ်။ ”
ထို့နောက် စုရီက အဖြစ်အပျက်ကို ပြန်ပြောပြလိုက်၏။
“ အာကာသတံဆိပ်ကို ဖန်တီးလိုက်တဲ့ လူက မင်းအတွက် သီးသန့်လာတာလို့ သံသယ ဝင်မိတယ်။ ”
ယွီရှစ်ချန်က သံသယဖြင့် မျက်မှောင်ကြုတ်ပြီး၊
“ ရေခဲပန်းပွင့်လို ပုံသဏ္ဍာန်ရှိတဲ့ အာကာသတံဆိပ်တစ်ခုလား။ ”
-ဟု ပြန်မေး၏။
“ မင်းတစ်ခုခုကို မှန်းဆနိုင်ပြီလား။ ”
“ အမှန်အတိုင်းပြောရရင် ငါက မိဘမဲ့တစ်ယောက်ပဲ အဖွားက ငါ့အပေါ် ပြုစု စောင့်ရှောက်ပေးတယ် ...
... ဓားရေးတွေကို သင်ပေးတယ် ... ငါခုနစ်နှစ်သမီးအရွယ်မှာ ပြင်းထန်တဲ့ရောဂါနဲ့ အဖွားဆုံးတယ် နှစ်အနည်းငယ် အကြာမှာ ...
... ငါ့အသိစိတ်ပင်လယ်ထဲကနေ ဆန်းကြယ်တဲ့ အမှတ်အသားတစ်ခုကို ငါ ရှာဖွေ တွေ့ရှိခဲ့တယ်။ ”
“ ငါ့ကို ကြည့်ခွင့်ပေး ... ။ ”
“ ကောင်းပြီ ... ။ ”
ယွီရှစ်ချန်မှ ခေါင်းညိတ်၏။ ချက်ခြင်းပင် စုရီနတ်အာရုံသည် သူမ အသိစိတ်ပင်လယ်ထဲ ဝင်ရောက်လာသည်။
ယွီရှစ်ချန်တစ်ယောက် ခန္ဓာကိုယ်ပေါ် လျှပ်စီးထိမှန်သကဲ့သို့ တုန်ရီလျက် မသက်မသာ ဖြစ်လာသည်။
အသိစိတ်ပင်လယ်သည် အလွန်ပင် ပျက်စီးလွယ်သည်။ မယုံကြည်သော် မည်သူမျှ ဝင်ရောက်ရန် ခွင့်မပြုသင့်ချေ။
တစ်ဖက်လူ၏ နတ်အာရုံသည် သူမဝိညာဉ်အပေါ် ထူးဆန်းပြီး အံ့သြဖွယ်ရာ ခံစားချက်များပေးစွမ်း၏။
ဖော်ပြရန်ခက်ခဲသော ခံစားမှုဖြစ်သည်။ ဆန့်ကျင်ဘက် ဝိညာဉ်နှစ်ခုသည် ငါးနှင့်ရေ ကဲ့သို့ ခွဲခြားမရတော့ချေ။
ခဏအကြာတွင် စုရီ၏ နတ်အာရုံမှာ ပြန်ဆုတ်သွားသည်။ သို့မှသာ သက်ပြင်းချပြီး မျက်လုံးဖွင့်ကြည့်နိုင်၏။
“ ဟုတ်တယ်၊ ဒီအာကာသတံဆိပ်က မင်းအတွက်ပဲ။ ”
စုရီက အတည်ပြုသည်။ ယွီရှစ်ချန်၏ အသိစိတ်ပင်လယ်အတွင်း၌ ဆန်းကြယ်သော အမှတ်အသားကို တွေ့ရှိခဲ့သည်။
၎င်းသည် ပွင့်နေသော မျက်ဝန်းပုံ သဏ္ဍာန်ရှိသည့် ရေခဲနှင့်ပန်းတစ်ပွင့် ဖြစ်သည်။ ဧကရာဇ်များသာ ချန်ထားနိုင်သော တံဆိပ်ပေပင်။
ဆိုလိုသည်မှာ ဧကရာဇ်တစ်ပါးသည် သူမငယ်စဉ်အရွယ်ကတည်းကပင် ထိုတံဆိပ်ကို ထားရစ်ခဲ့ခြင်းဖြစ်၏။
“ ဒါဆို ငါ့အတွက် လာတာသေချာပြီပေါ့။ ”
ယွီရှစ်ချန်မှ အံ့သြသွားသည်။
“ မင်းရဲ့ အသိစိတ်ပင်လယ်ထဲမှာ ဝိညာဉ်တံဆိပ်တစ်ခုရှိတယ် ဒါကြောင့် သူဟာ မင်းကိုခံစားမိပြီး အာကာသဥမင်ကနေ ခေါ်ယူဖို့ ကြိုးစားနေပုံပဲ။ ”
ထိုစကားကိုကြားပြီးနောက် ယွီရှစ်ချန်တစ်ယောက် အံ့အားသင့်သွားကာ တုန်လှုပ်ချောက်ချားလာ၏။
“ မင်းရဲ့ဘဝက ... ထူးထူးခြားခြား ဖြစ်မယ်ထင်တယ် သေချာတာတစ်ခုကတော့ မင်းကိုခေါ်သွားချင်တဲ့ ဧကရာဇ်ဟာ မင်းရဲ့ မိသားစုဝင်တစ်ယောက်ပဲ ...
... သူက မိုးပြာတိုက်ကြီးအပြင်က အင်အားစုဖြစ်ပြီး ဒီညမင်းကို ပြန်ခေါ်သွားဖို့ ကြိုးစားခဲ့တယ် ... တကယ်တော့ ဧကရာဇ် တစ်ပါးအတွက်တောင် အာကာသဥမင် ဖွင့်ဖို့ဆိုတာ ...
... တန်ကြေးကြီးနေသေးတယ် တာအိုအုတ်မြစ်ကို အလွန်အမင်းစားသုံးပြီး အန္တရာယ်လည်း ကြီးမားတယ် ဂရုမစိုက်ရင် ပြင်းထန်တဲ့ ဒဏ်ရာတွေ ရနိုင်ပါတယ်။ ”
အာကာသ ဥမင်လိုဏ်ခေါင်း ဖွင့်လှစ်ခြင်းသည် ရိုးရှင်းပြီး မည်သည့်ဧကရာဇ် မဆို ပြုလုပ်နိုင်၏။ သို့သော် ရရှိနိုင်မည့် အန္တရာယ်များမှာ ကြီးမားချေပြီ။
နောက်ဆုံးတွင် မတူညီသော တိုက်ကြီးများကြား ဆက်သွယ်ထားသည့် အဆိုပါ ဥမင်လှိုဏ်ခေါင်းပျက်ပြယ်သွားချိန်၌ အာကာသမုန်တိုင်းများ၊ အချိန်မိုးရေများ စသည်တို့၏ တိုက်စားခြင်းခံရနိုင်မည်။
ကံဆိုးပါက အာကာသဥမင်လိုဏ်ခေါင်း ဖွင့်နေစဉ်အချိန်၌ပင် ထိုဘေးအန္တရာယ်များကို ကြုံတွေ့သော် သေခြင်းဖြစ်ချေမည်။
“ ဒီလိုလား ... ဒီနှစ်တွေတစ်လျှောက် ငါ့မှာဆွေမျိုးတွေ မရှိတော့ဘူးလို့ ထင်နေခဲ့တာ ... ။ ”
ယွီရှစ်ချန်မှ စိတ်ရှုပ်ထွေးသွားသည်။ စုရီ၏စကားများသည် သူမအပေါ် ကြီးမားသော အကျိုးသက်ရောက်မှု ဖြစ်လာစေ၏။
“ ဒီအတွက် စိတ်မကောင်းမဖြစ်ပါနဲ့ မင်းပျော်နေသင့်ပါတယ် ... အနည်းဆုံးတော့ မင်းဘဝမှာ စိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ခု ရှိနေတယ်ဆိုတာ မင်းသိရပြီ ...
... ဒီည သူတို့လုပ်ရပ်တွေက ရုတ်တရက်ဆိုတော့ မင်းဘေးကင်းရေးအတွက် ငါချက်ချင်း တားဆီးလိုက်မိတယ်။ ”
“ ငါနားလည်ပါတယ်။ ”
ယွီရှစ်ချန်မှ ခေါင်းညိတ်သည်။
“ သူတို့ မကြာခင် ပြန်လာမယ်လို့ ခန့်မှန်းရတယ် အဲဒီအခါမှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ မရှိဘူးဆိုတာ သေချာရင် သူတို့နဲ့လိုက်သွားလို့ရတယ်။ ”
“ လိုက်သွားရမှာလား ... ။ ”
ယင်းသည် မိုးပြာတိုက်ကြီးမှ ထွက်ခွာခြင်းပင် ဖြစ်လေသည်။ ဤကဲ့သို့သော ကိစ္စမျိုး တစ်ကြိမ်တစ်ခါမျှ မစဉ်းစားဖူးချေ။
“ ဟုတ်တယ် ... ဒါက မင်းန္ဒအပေါ် မူတည်တယ်။ ”
ယွီရှစ်ချန်တစ်ယောက် တိတ်ဆိတ်သွား တော့သည်။ ဤသတင်းသည် သူမအသိဉာဏ်၌ ချေဖျက်ရန် လိုအပ်နေပုံရ၏။
“ နောက်ကျနေပြီ ... မင်းအရင် အနားယူသင့်တယ် မင်းမှာတစ်ခုခုပြဿနာရှိရင် ငါ့ဆီလာလို့ရတယ် ... အားမနာနဲ့ ... ။”
“ ကောင်းပြီ ... ။ ”
စုရီက လှည့်ထွက်သွားသည်။ သူ ပြန်လာသည့်အချိန်ထိ မျက်မမြင်အဘိုးအိုက စောင့်ဆိုင်းနေဆဲပေပင်။
“ ဆရာစု ... မင်းအကူအညီလိုသေးလား။ ”
မျက်မမြင်အဘိုးအိုက အလျင်စလို မေးသည်။
“ မလိုဘူး ... မင်းမှာ ဘာအစီစဉ်ရှိလဲ။ ”
မျက်မမြင်အဘိုးအိုက ချီကျန့်စုကို မျှော်လင့်သောအကြည့်ဖြင့် ကြည့်လိုက်ကာ၊
“ ဖြစ်နိုင်ရင် ငါတို့ဘိုးဘေးမြေကို ပြန်နိုင်မယ်လို့ မျှော်လင့်တယ် မင်းရောဆန္ဒ ရှိပါ့မလားလို့ ငါတွေးမိတယ်။ ”
-ဟု ပြောကြားလိုက်၏။
“ ဒါက သဘာဝပါပဲ စီနီယာ ... ။ ”
ချီကျန့်စုတစ်ယောက် မျက်မမြင်အဖိုးကြီးအပေါ် အမြင်ပြောင်းကာ လေးစားစွာ ခေါင်းညိတ်ပြလေသည်။
စုရီမှ ပြုံးလိုက်သည်။ ထို့နောက်တွင် ပေါ့ပေါ့ပါးပါး စကားစမြည်ပြောဆိုပြီးနောက်၊ မျက်မမြင်အဘိုးကြီးနှင့် ချီကျန့်စုတို့သည် နှုတ်ဆက် ထွက်ခွာသွားတော့၏။
နောက်နေ့မနက်တွင် ကောင်းကင်ကြီး ကြည်လင်ကာ လေပြေသည် လတ်ဆတ်နေ၏။ ပတ်ဝန်းကျင်တွင်လည်း တစ်နေ့ထက်တစ်နေ့ ဝိညာဉ်စွမ်းအင်များမှာ သိပ်သည်းလာချေပြီ။
စုရီနှင့်အဖွဲ့သည် ပစ္စည်းများ သိမ်းဆည်းလျက် တစ်လကျော်နေထိုင်ခဲ့သော မိုးပြာခြံဝင်းမှ ထွက်ခွာလာခဲ့သည်။
ဤသည်မှာ ကမ္ဘာတုန်ဟည်းဖွယ် လှိုင်းလုံးများဖန်တီးပြီးနောက် တိတ်ဆိတ်စွာ ထွက်ခွာသွားခြင်းမည်ချေ၏။
***