မြင်သမျှ အမှန်တရားမဟုတ် ... ။
Vol. 42 Ch. 495
သစ်ရွက်လေးတွင် မောင်တစ်ယောက် ရှိသည်။ အမည်မှာ ရီရွှမ်ဖြစ်ကာ မာနကြီးပြီး အထိန်းအကွပ် မဲ့ချေ၏။
သူသည် ကောင်းကင်နှင့်မြေကြီးကို မကြောက်ဘဲထက်သန်သည့် စိတ်ဆန္ဒမျိုး ပိုင်ဆိုင်သည်။
စုရီနှင့်တွေ့ပြီးနောက် ရီရွှမ်၏ ထိုအသွင်အပြင်မှာ ပို၍ပင် မောက်မာလာကာ အထိန်းအကွပ် မဲ့သွား၏။ အန္တရာယ်များကြုံ ချိန်တိုင်းတွင် စုရွှမ်ကြွယ်အမည်ကို ချက်ချင်းအသုံးပြုသည်။
၎င်းအပြင် စုရွှမ်ကြွယ်ကို ယောက်ဖ ခေါ်ရလောက်အောင်ပင် အရှက်မဲ့လာခဲ့သည်။ ထို့ကြောင့် သူ့အပြုအမူသည် လူများစွာကို နားလည်မှု လွဲမှားစေ၏။
ငရဲကမ္ဘာ၏ ထင်ရှားသော ကျွမ်းကျင်ပညာရှင်အချို့သည် သူ့ထံ မင်္ဂလာ လက်ဆောင်များပေးပို့ပြီး သစ်ရွက်လေး အတွက် ချီးကျူးဂုဏ်ပြုကုန်သည်။
အဆုံးတွင် မြွေတစ္ဆေမျိုးရိုးရှိ အဖိုးကြီးအချို့သည်ပင် ထိုရူးမိုက်မှုအပေါ် ငြင်းဆိုရန် ရှေ့ထွက်လာခဲ့ရ၏။
ရလဒ်အနေနှင့် စုရီမှ ရီရွှမ်ကို သင်ခန်းစာပေးခဲ့သော် ထိုကလေးသည် ဂရုမစိုက်ချေ။
အရိုက်ခံရပြီးသည့်တိုင် သူ့အကျင့်ကို မပြင်ဘဲ သူ နှစ်သက်သည့်အတိုင်း လုပ်ဆောင် နေသေးသည်။ စုရွှမ်ကြွယ်ဂုဏ်သိက္ခာကို ချေးငှားကာ ပြဿနာ ဖြေရှင်းဆဲပေပင်။
ထိုကဲ့သို့သော လူငယ်သည်သာ မရဏငရဲနန်းတော်ကို တည်ထောင်သူ ဖြစ်နိုင်ခြေ အရှိဆုံးဖြစ်၏။
“ သူ့ကို ရီရွှမ်လို့ခေါ်တယ် မဟုတ်လား။ ”
စုရီမေးခွန်းကြောင့် သန့်ရှင်းသောသမီးတော်တစ်ယောက် အံ့အားသင့်သွားလေသည်။
“ တာအိုမိတ်ဆွေ မင်းကြားဖူးတာလား ငရဲကမ္ဘာအသူရာဧကရာဇ်ရဲ့ နာမည်ကို တကယ် မင်းသိနေတာလား။ ”
စုရီမှ မအံ့သြတော့ချေ။ ယင်းအစား၊
“ မင်းကို ဘာလို့ အသက်ရှင်ခွင့် ပေးလိုက်တာလဲ သိချင်တာလား။ ”
-ဟု တိုက်ရိုက်မေးမြန်းလိုက်၏။
“ သဘာဝပါပဲ။ ”
သို့သော် ချက်ချင်းပင် တစ်စုံတစ်ခုကို ရိပ်မိသွားပြီး မျက်လုံးများ ပြူးကျယ်သွားကာ၊
“ တာအိုမိတ်ဆွေ ... အဲဒါက အသူရာဧကရာဇ်နဲ့ ဆက်စပ်နေတယ်လို့တော့ မပြောနဲ့။ ”
-ဟု ပြောကြားလိုက်၏။
“ မဟုတ်ဘူး၊ သူ့အစ်မကြောင့်ပါ။ ”
“ ဟမ့် ... ဧကရီလား ... ။ ”
သန့်ရှင်းသောသမီးတော်ခမျာ ဤမျှလောက်အဓိပ္ပါယ်မဲ့သော မည်သည့် အရာကိုမျှ မကြားခဲ့ဖူးချေ။
နှစ်ထောင်ပေါင်းများစွာက ထင်ပေါ် ကျော်ကြားခဲ့သည့် မြွေတစ္ဆေမျိုးရိုး၏ ဒဏ္ဍာရီ ဧကရီနှင့် ဤလူငယ်ကို မည်သို့မျှ မချိတ်ဆက် နိုင်သည်မှာ သဘာဝပေပင်။
ကွာဟမှုသည် ကြီးမားလွန်းလှသည်။ အဆုံတွင် သက်ပြင်းချလျက်၊
“ မေ့လိုက်ပါ ... တာအိုမိတ်ဆွေ မင်းငါ့ကို မပြောပြချင်ရင်လည်း အဆင်ပြေတယ်။ ”
-ဟု ပြောကြားလိုက်၏။
စုရီမှ မျက်ခုံးများ ပင့်သွားသည်။ သူ့အတိတ်ဘဝအကြောင်းကို ပြောပြခဲ့လျှင်ပင် ဤမိန်းကလေးမှ ယုံနိုင်ဖွယ်မရှိကြောင်း နားလည်လိုက်၏။
“ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးသောင်းက အမှောင်တားမြစ်စွမ်းအား ထွက်ပေါ်လာတော့ ရီရွှမ်ဘယ်ရောက်နေလဲ။ ”
အသူရာဧကရာဇ်အမည်ကို တိုက်ရိုက်ခေါ်သဖြင့် သန့်ရှင်းသောသမီးတော်မှ မျက်နှာပျက်ယွင်းသွားသည်။
“ အဲဒီတုန်းက အသူရာဧကရာဇ်က ဖရိုဖရဲတွင်းနက်ကိုရှာဖွေဖို့အတွက် တမန်တော် (၁၂)ပါးကို ဦးဆောင်ခဲ့ပါတယ် ..
... ဒါပေမယ့် သူတို့ ဘယ်တော့မှ ပြန်မလာတော့ဘူး ရလဒ်အနေနဲ့ အမှောင် တားမြစ်စွမ်းအားရဲ့ သက်ရောက်မှုတွေ အောက်မှာ ...
... ငရဲကမ္ဘာနန်းတော်လည်း နှစ်တွေကြာလာတာနဲ့အမျှ အစိတ်စိတ် အမွှာမွှာ ကွဲသွားခဲ့ရတယ်...။ ”
ထိုအကြောင်းကို ပြောပြနေစဉ် သန့်ရှင်းသောသမီးတော်မှ သက်ပြင်းရှည်ကြီး ချလိုက်သည်။ စုရီသည်လည်း အံသြလာ၏။ ဖရိုဖရဲတွင်းနက်ကို ရှာခြင်းသည် နဝမမြောက် ကြယ်အပျက်အစီးသို့ သွားခြင်းပေပင်။
ရီရွှမ် ရှာမတွေ့ခဲ့ကြောင်း သံသယ ဖြစ်စရာမရှိချေ။ အဆုံးတွင် သံသရာနတ်ဆိုး ဧကရာဇ်သာလျှင် ထိုလမ်းကို သိသူဖြစ်၏။
“ ဒါဆို သူ ဘယ်ရောက်သွားတာလဲ။ ”
စုရီက ညည်တွားလိုက်၏။ ရှေးဟောင်း အမှောင်တားမြစ်စွမ်းအား၏ အကျိုးဆက်များ အောက်တွင် ဆုံးပါးသွားခဲ့သည်လော။
“ စီနီယာတွေရဲ့ အဆိုအရ အသူရာဧကရာဇ်နဲ့ နတ်တမန်တွေအားလုံး ငရဲကမ္ဘာကို ပြန်သွားကြတယ်လို့ပြေပါတယ် ဟုတ်-မဟုတ်ကိုတော့ အတည်ပြုဖို့ နည်းလမ်းမရှိပါဘူး။ ”
စုရီက ခေါင်းညိတ်ပြပြီး ထိုကိစ္စကို ဆက်မတွေးတော့ချေ။ နောင်တွင် အခွင့်အရေး ကြုံသော် ထပ်မံစူးစမ်းရပေမည်။ ယခုအချိန်၌ ဆန္ဒရှိသော်မှ နည်းလမ်းမရှိသေးချေ။
“ စကြာဝဠာကျွန်းမှာ မိုရှင်းဇီကို ငါသတ်ခဲ့တယ် မင်းတို့ မရဏငရဲနန်းတော်က လက်စားချေဖို့ အစီအစဉ် မရှိဘူးလား။ ”
စုရီက အကြောင်းအရာပြောင်းကာ မေးသည်။ သန့်ရှင်းသော သမီးတော်မှ သူ့ကို ပြန်ကြည့်ကာ၊
“ ငါမင်းကို လိမ်မပြောပါဘူး ငါတို့ရဲ့လက်ရှိနန်းတော်သခင်က ပတ်ဝန်းကျင် ပြောင်းလဲလာတာကို မြင်တယ် ဒါကြောင့် အခု လောလောဆယ်မှာ ...
... ငါတို့ရဲ့ စွမ်းအားတွေကို စုဆောင်းပြီး ရွှေခေတ်ကိုကြိုဆိုဖို့ ပြင်ဆင်နေတယ် ဒီကာလ အတွင်း မင်းကိုဒုက္ခပေးနိုင်ဦးမှာ မဟုတ်ဘူး။ ”
“ အဟက် ... မင်းရဲ့နန်းတော်သခင်က သူ့ဒေါသတွေကို ထိန်းချုပ်ထားနိုင်လိမ့်မယ်လို့ တကယ်မထင်ထားမိဘူး။ ”
“ တာအိုမိတ်ဆွေ မင်းသတိထားရမယ် အနှေးနဲ့အမြန်ဆိုသလို သူ့ရဲ့လက်စားချေမှုက ရောက်လာမှာပဲ။ ”
“ ဒါကို ... ငါလည်းတကယ်ပဲ စောင့်မျှော်နေပါတယ် မင်းရဲ့ငရဲနန်းတော်ကို ဧည့်သည်အနေနဲ့ လာရောက်လည်ပတ်ဖို့ အခွင့်အရေးပဲ မဟုတ်လား ... ကောင်းပြီ မင်းမှာ ငါနဲ့တခြားကိစ္စမရှိရင် ဒီမှာ လမ်းခွဲလိုက်ရအောင်။ ”
“ ပန်းချီကား ... ။ ”
သန့်ရှင်းသော သမီးတော်က ရီရွှမ်၏ပန်းချီကားကို ကမ်းပေးလာသည်။ စုရီမှ လက်ပြလျက်၊
“ သူဘယ်သူလဲဆိုတာ ငါသိသွားပြီမို့ သိမ်းထားစရာအကြောင်း မရှိတော့ဘူး မင်း ပြန်ယူသွားလို့ရတယ်။ ”
-ဟု ပြောကြားလိုက်သည်။
ဤမျှဆိုးသွမ်းသော တိရစ္ဆာန်လေး၏ ပုံတူတစ်ချပ်ကို သိမ်းထားရလောက်အောင် သူ စိတ်မဝင်စားချေ။
“ သွားကြရအောင်။ ”
စုရီက ယွီရှစ်ချန်တို့ကို ရည်ရွယ်ကာ လှမ်းထွက်သွားတော့သည်။ သန့်ရှင်းသော သမီးတော်က စုရီနှင့်အဖွဲ့ထွက်ခွာသွားသည်ကို ငေးကြည့်ကျန်ရစ်ခဲ့၏။
မြွေတစ္ဆေမျိုးနွယ်၏ ဒဏ္ဍာရီလာ ဧကရီကြောင့် အသက်ရှင်ခွင့်ပေးခဲ့သည်ကို သဘာဝအတိုင်း မယုံချေ။
သို့သော် တစ်ဖက်လူသည် မြွေတစ္ဆေမျိုးရိုးနှင့် နက်ရှိုင်းစွာ ဆက်သွယ်မှု ရှိနေကြောင်းကိုမူ ပြောနိုင်၏။
ဂိုဏ်းတွင်ပင် ငရဲကမ္ဘာ အသူရာ ဧကရာဇ်အမည်ကို မည်သူမျှ မသိကြဘဲ ဤလူငယ်မှ သိနေသည်။
စီနီယာတစ်ယောက်မှ ဆိုးသွမ်းသော ဂျူနီယာတစ်ယောက်ကို သတိရသွားသကဲ့သို့ ပုံတူကိုပင် စိတ်မဝင်စားတော့ချေ။
“ မိန်းကလေး ... ။ ”
ရုတ်တရက် တစ်စုံတစ်ယောက် သူမရှေ့တွင်ပေါ်လာသဖြင့် ထိတ်လန့်သွားကာ အလိုလို နောက်ပြန်ဆုတ်လိုက်သည်။
မော့ကြည့်လိုက်သော အခါတွင် ဟောင်းနွမ်းနေသော ၀တ်လုံကိုဝတ်ထားသော တာအိုအဖိုးကြီးတစ်ပါးဖြစ်နေ၏။
“ မင်း ... ငါနဲ့ကိစ္စရှိလား။ ”
သတိထားပြီး မေးလိုက်သည်။ တာအိုအဖိုးကြီးမှပြုံးကာ သူ့မျက်လုံးများကို မှေးစင်းလျက်၊
“ မကြောက်ပါနဲ့ မိန်းကလေး ဒီဘဝမှာ မိန်းမလှလေးတစ်ယောက်ထက်ပိုပြီး ဘယ်သူ့မှ ပိုမမြတ်နိုးပါဘူး ... ဒါပေမယ့် ငါနဲ့သူက လုံးဝ အဆင်မပြေဘူး။ ”
-ဟု ပြောကြားလိုက်သည်။
သူစကားပြောနေစဉ်တွင် စက်ဝိုင်းပုံ လှည့်ပတ်ကာ အကြည့်များသည် ရွှမ်ကျစ်၏ ခန္ဓာကိုယ်အနှံ့ ကြည့်သွားတော့၏။
ထိုအပြုအမူသည် လွန်ကဲစွာ တပ်မက်နေသည့် နွားအိုကြီးတစ်ကောင်နှင့် တူနေသည်။ မြက်နုနုကို စားချင်နေ၏။ သူမသည် နွားစာမဟုတ်ချေ။
“ ဟေး ခဏစောင့်ပါဦး ... ငါမင်းကို မေးချင်တာတစ်ခုရှိတယ် ... ။ ”
တာအိုအဖိုးကြီးက အလင်းတန်းအဖြစ် ပြောင်းလဲကာ ကောင်းကင်ပေါ် ပျံသွားသော ရွှမ်ကျစ်ကို ကူကယ်ရာမဲ့စွာ မော့ကြည့်၏။
“ ဟမ့် ... ဒီလောက်ရိုးသားတဲ့ ဒီလိုအဖိုးကြီးကိုဘယ်လိုတောင် ရွံရှာဖွယ် ရှုမြင် နေရတာလဲ ... ။ ”
အဘိုးအိုက ဒေါသဖြစ်ဟန်ဖြင့် မျက်နှာကိုပွတ်သပ်လိုက်သည်။
“ မင်းမှာ မျက်လုံးတွေရှိတယ် ဒါပေမယ့်မင်းရှေ့က ရတနာကို တကယ် မမြင်နိုင်ဘူး။ ”
အဆုံးတွင် ခဏမျှတုံ့ဆိုင်းသွားပြီး သက်ပြင်းရှည်ကြီးမှုတ်ထုတ်ကာ တောင်တန်း တစ်ခုဆီသို့ ပျံသန်းသွားတော့သည်။
ခုနစ်ရက်မြောက်နေ့ ညဉ့်သန်းခေါင်ယံ အချိန်တွင် လမင်းသည် ကောင်းကင်၌မီးအိမ် တစ်လုံးကဲ့သို့ ဝင်းပနေ၏။
လရောင်အောက်တွင် စူးစူးဝါးဝါး အော်ဟစ်နေသော အေးစက်စက် ငိုရှိုက်သံများ ကြားနေရသည်။
စုရီက တောင်ထိပ်တစ်ခုပေါ်တွင် ရပ်တန့်လျက် ထိုအသံများကို လျစ်လျူရှုကာ သွေးစွန်းနေသော တိုက်ပွဲမြေပြင်ကို ငေးကြည့်နေတော့၏။
မဟာရှမှ ထွက်ခွာပြီးနောက် နိုင်ငံပေါင်းသုံးနိုင်ငံကို ဖြတ်သန်းခဲ့ပြီးဖြစ်သည်။ လမ်းတလျှောက် တိုက်ပွဲများစွာကို မြင်နိုင်၏။
အကြောင်းပြချက်မှာ ရိုးရှင်းသည်။ ကောင်းကင်နှင့်မြေကြီးကြား ဝိညာဉ်စွမ်းအင် တဖြည်းဖြည်း ပြန်လည်ရရှိလာသောကြောင့် ရတနာများ ထွက်ပေါ်လာခြင်း ပေပင်။
ယခင် သာမန်တောင်တန်းများ၌ပင် ထိတ်လန့်တုန်လှုပ်ဖွယ် ဝိညာဉ်စွမ်းအင်များဖြင့် လွှမ်းခြုံနေကာ သဘာဝရတနာများအတွက် တိုက်ပွဲများ ဖြစ်ပေါ်လာ၏။
မြို့များထဲမှ တစ်မြို့တွင် ဝိညာဉ်ရေး သွေးပြန်ကြောသည် မြေပြင်မှရုတ်တရက် ပေါက်ထွက်လာခဲ့ဖူးသည်။
ထို့ကြောင့် အဆိုပါမြို့သည် လူအများကိုဆွဲဆောင်ကာ လူသေကောင် များနှင့် ပြည့်နေသော သွေးပင်လယ်ကြီး အဖြစ်သို့ ပြောင်းလဲသွား၏။
တစ်ဖန် တောင်တန်းတစ်ခုတွင် လူသားကျင့်ကြံသူများနှင့် တစ္ဆေကျင့်ကြံသူများ တိုက်ပွဲကြီး ဆင်နွှဲနေသည်ကိုလည်း မြင်ခဲ့ရသည်။
နေနှင့်လတို့၏ အလင်းရောင်များ မှေးမှိန်သည်အထိ သတ်ဖြတ်ခြင်းရောင်ဝါများ သိပ်သည်းနေခဲ့ကြ၏။
ဆိုလိုသည်မှာ အချိန်အတော်ကြာ ငြိမ်သက်နေခဲ့သော ကမ္ဘာကြီးမှာ ဤရက်များ၌ သက်ဝင်လှုပ်ရှားလာချေပြီ။
“ မဟာကျိုးက ဘယ်လိုတွေ ပြောင်းလဲသွားမလဲ သိချင်ပါရဲ့ ... ။ ”
ယွမ်ဟမ်က အလောင်းကောင်များ ပြန့်ကျဲနေသော မြေပြင်ထံ ရပ်ကြည့်ကာ ပြောကြားလာသည်။
မငြိမ်မသက်မှုများကို ခံစားရပါက သေးငယ်သော မဟာကျိုးနိုင်ငံသည် ခံနိုင်ရည် ရှိဦးမည် မဟုတ်ချေ။
“ ခေတ်တွေက ပြောင်းကုန်ပြီ ... ဘာမှလုပ်လို့ မရတော့ဘူး ... ဒီကမ္ဘာကြီးရဲ့ ပြောင်းလဲမှုတွေနဲ့အညီ ရှင်သန်နိုင်မှသာလျှင် မင်းရပ်တည်နိုင်လိမ့်မယ်။ ”
စုရီက တည်ငြိမ်စွာ ပြောကြားလိုက်သည်။ အတိတ်ဘဝတွင် ဤမြင်ကွင်းမျိုး များစွာမြင်ဖူး ထားသဖြင့် သဘာဝအတိုင်း ထူးထွေခံစားမိခြင်း မရှိချေ။
“ အစ်ကိုစု၊ ဟိုမှာကြည့်စမ်း ... ။ ”
ရုတ်တရက် ယွီရှစ်ချန်က အဝေးသို့ ညွှန်ပြလိုက်သည်။ လရောင်အောက်တွင် ပုံရိပ် တစ်ရိပ်ပေါ်လာ၏။
ဖျင်ကြမ်းအင်္ကျီကို ဝတ်ဆင်ထားသော ဆယ်ကျော်သက်အရွယ် လူငယ်တစ်ယောက်က သွေးရောင်ဆေးကြိုအိုးတစ်လုံးကို ကိုင်လျက် အလောင်းပင်လယ်အတွင်း ဆင်းသက်လာသည်။
ထို့နောက် ပတ်ဝန်းကျင်ကို သတိထား ဝေ့ကြည့်ပြီးနောက် တင်ပျဉ်ခွေချိတ်ထိုင်ကာ သွေးဆေးမီးဖိုကို သူ့ရှေ့တွင်ချထားလိုက်၏။
တစ်ဆက်တည်းမှာပင် သူ့လက်များက တံဆိပ်တုံးများဖန်တီးလျက် မန္တန်တစ်ခုကို ရွတ်ဆိုနေတော့သည်။
များမကြာခင် ရုတ်တရက် ယင်လေများ ဖြတ်တိုက်ကာ ပြန့်ကျဲနေသော အလောင်းများမှ ဝိညာဉ်များ လွင့်ပျံလာပြီး သွေးမီးဖိုထဲ ဝင်ကုန်ကြ၏။
“ ဒီကောင်လေးက ဝိညာဉ်တွေကို စုဆောင်းနေတာလား ... ငယ်ငယ်ရွယ်ရွယ်နဲ့ နတ်ဆိုးလမ်းကို လျှောက်လှမ်းနေပုံရတယ်။ ”
ယွမ်ဟမ်က မျက်မှောင်ကြုတ်ကာ မှတ်ချက်ပေးသည်။ သို့သော် စုရီမှ အမူအရာ မပြောင်းလဲဘဲ၊
“ မင်းမြင်သမျှ အမှန်မဟုတ်ဘူး ... စောင့်ကြည့်ရအောင်။”
-ဟု ပြောကြားလိုက်သည်။
အချိန်များကုန်လွန်သွားပြီးနောက် လူရိပ်များစွာသည် တိုက်ပွဲမြေပြင်ဆီသို့ ပျံသန်း လာနေသည်ကို မြင်လိုက်ရ၏။
တစ်ဆက်တည်းမှာပင် ရုန့်ရင်း ကြမ်းတမ်းသော အော်ဟစ်သံသည်လည်း ပဲ့တင်ထပ်လာတော့သည်။
“ ဟမ့် ... ဒီလောက် ရွံစရာကောင်းတဲ့ နတ်ဆိုးနည်းစနစ်ကို ဘယ်သူ ကျင့်ကြံဝံ့သလဲ။ ”
***