← Chapters

သေသင့်တယ် ... ။

Vol. 42 Ch. 496

သေသင့်တယ် ... ။

Vol. 42 Ch. 496

ကျယ်လောင်သော အော်သံနှင့်အတူ အလင်းရောင်တစ်ချက် လက်လာသောကြောင့် တိုက်ပွဲမြေပြင်ရှိ လူငယ်က သွေးဆေးအိုးကို ချက်ချင်းဖယ်လျက် ရှောင်တိမ်းလိုက်၏။

“ ရွှပ် ... ။ ”

အလင်းတန်းတစ်ခုက သူ့ဘေးမှ ကပ်ကာမြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။ ပေတစ်ရာရှည်သော အက်ကွဲကြောင်းမြေပြင်၌ ရုတ်တရက်ပေါ်လာပြီး မြေလွှာများ နေရာအနှံ့ ပျံ့လွင့်သွား၏။

“ ဒါဆို ... သူက ခပ်ညံ့ညံ့ နတ်ဆိုးကျင့်ကြံသူပဲ။ ”

လူရိပ်များက မြေပြင်သို့ ဆင်းသက်လာသည်။ ခေါင်းဆောင်သည် တောက်ပသော ၀တ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်၏။

အခြားသူများသည်လည်း မျက်လုံးများ၌ လျှပ်စီးကဲ့သို့ အလင်းများစူးရှနေကာ လူငယ်ကို စိုက်ကြည့်လာကြ၏။

ကြောက်မက်ဖွယ်ကောင်းသော ဖိအားများကြောင့် လူငယ်၏မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

“ စီနီယာတို့ မင်းတို့အထင်လွဲနေပြီ ... ငါကမကောင်းဆိုးဝါး ကျင့်ကြံသူ မဟုတ်ပါဘူး။ ”

“ ဟမ့် ... မင်းက မကောင်းဆိုးဝါး ကျင့်ကြံသူမဟုတ်ရင် ကျန်နေတဲ့ဝိညာဉ်တွေကို ဘာလို့ ဒီမှာစုဆောင်းနေရတာလဲ။ ”

ခရမ်းရောင်အဝတ်အစားဝတ် အမျိုးသမီးတစ်ဦးက လှောင်ပြောင် မေးမြန်း လာတော့သည်။ လူငယ်မှ၊

“ ဒီဝိညာဉ်တွေကို ငါမစုသိမ်းဘဲ ထားလိုက်မယ်ဆိုရင် သူတို့အင်အားကြီးလာတဲ့ အခါ ကမ္ဘာကြီးကိုဖျက်ဆီးပြီး လူတွေကို ဒုက္ခပေးလိမ့်မယ်။ ”

-ဟု ရှင်းပြ၏။

“ အိုး၊ ထက်မြက်တဲ့ လျှာလေးနဲ့ လူငယ်လေးပဲ ... မင်းသုံးနေတဲ့ ရတနာရဲ့မူလနဲ့ လျှို့ဝှက်နည်းစနစ်ကို ... ငါ မမြင်နိုင်ဘူးလို့ မင်းတကယ်ထင်နေတာလား။ ”

အဖွဲ့ကို ဦးဆောင်နေသည့် လူလတ်ပိုင်းအရွယ် အမျိုးသား အေးစက်စွာ ဟစ်အော်လိုက်သည်။

“ အစ်ကို၊ ဒီနတ်ဆိုးလေးနဲ့ စကားပြောပြီး အချိန်ဖြုန်းနေစရာ မလိုပါဘူး သူ့ကို ချက်ချင်း သတ်လိုက်ပါ။ ”

ခရမ်းရောင်ဝတ် အမျိုးသမီးက စကားဆုံးသည်နှင့် လူငယ်ထံလက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။

မိုးကြိုးလက်ဖဝါးကြီး ပျံသန်းလာသဖြင့် လူငယ်ခမျာ မျက်နှာသိသိသာသာ ပြောင်းပြီး ခုခံရန် သွေးဆေးအိုးကို ချက်ချင်းပင် အသက်သွင်းလိုက်ရ၏။

“ ဝုန်း ... ။ ”

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လူငယ်နှင့်သွေးဆေးအိုးသည် ပေပေါင်းများစွာ အကွာသို့ လွင့်စဉ်လဲကျသွားသည်။

“ အဟွတ် ... အဟွတ် ... ။”

လူငယ်ခမျာ ချောင်းဆိုးကာ သွေးများ ပါးစပ်အပြည့်အန်လျက် မျက်နှာဖြူဖျော့လာ၏။ ပြင်းထန်သော ဒဏ်ရာရရှိခဲ့သည်မှာ ထင်ရှားနေချေပြီ။

“ ဟမ့် ... ဒီရတနာက မလွယ်ဘူး။ ”

ခရမ်းရောင် အဝတ်အစားဝတ် အမျိုးသမီးတစ်ယောက် အနည်းငယ် အံ့သြသွား လေသည်။

ကြယ်စုစည်းခြင်း ကျင့်ကြံမှုဖြင့် အတွင်းပိုင်းသန့်စင်ခြင်းအဆင့် လူငယ်ကဲ့သို့ ပုရွက်ဆိတ်ကို ကြိတ်နိုင်ခြင်းမရှိသည်မှာ လက်မခံနိုင်စရာပေပင်။

လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် အခြားသူများသည်လည်း သွေးဆေးအိုးလေးကို ကြည့်ပြီး အံ့သြသွားကြသည်။

လူငယ်က နှုတ်ခမ်းထောင့်စွန်းမှ သွေးများကိုသုတ်လျက် ဒေါသအပြည့်ဖြင့် ထရပ်ကာ၊

“ ငါက နတ်ဆိုးလမ်းစဉ်ကို ကျင့်ကြံနေပေမယ့် ဖြောင့်မတ်မှန်ကန်တယ် လောကရဲ့ဘေးဥပဒ်ကို ဖြေရှင်းဖို့ ကြိုးစားခဲ့တယ် ...

... ဒါပေမယ့် ဖြောင့်မတ်တဲ့ ကျင့်ကြံသူဖြစ်တဲ့ မင်းတို့က ဘာလို့လူသတ်ဖို့ ကြံရွယ်နေရတာလဲ။ ”

-ဟု ဟစ်အော်လိုက်သည်။

“ လူယုတ်မာလေး၊ မင်း ငါတို့ကို ဘယ်လိုများဝေဖန်ဝံ့တာလဲ ဒူးထောက်စမ်း ... ။ ”

မီးခိုးရောင် ၀တ်စုံဝတ်ထားသော အမျိုးသားတစ်ဦးက အေးစက်စွာ အော်ဟစ်ပြီး ပါးရိုက်ချလိုက်လေသည်။

“ ဝှီး ... ။ ”

“ အသက်ဝင် ... ။ ”

အနက်ရောင် လက်ဝါးကြီးလေထဲ ပေါ်လာပြီး လူငယ်အပေါ် ပျံသန်းသွားသည်။ လူငယ်က ကျယ်လောင်စွာ ဟစ်အော်လျက် သွေးသားစွမ်းအင်ကို လောင်ကျွမ်းလိုက်၏။

“ ဝုန်း ... ။ ”

ဆေးကြိုအိုးလေးခမျာ ချက်ချင်း လင်းလက်တောက်ပလာပြီး အဖြူရောင် အလင်းတန်းများ ထွက်ပေါ်လာကာ လက်ဖဝါးကို ပိတ်ဆို့သွားသည်။

သို့သော် လူငယ်၏ကျင့်ကြံမှုသည် နိမ့်ပါးလွန်းသဖြင့် ထိုရိုက်မှုကိုခံစားပြီးနောက် တုန်တုန်ယင်ယင်နှင့် မြေပြင်ပေါ် လဲကျသွား ပြန်၏။

ဒွါရအပေါက်များ အားလုံးမှ သွေးများစီးကျလာပြီး မျက်နှာသည် စက္ကူကဲ့သို့ ဖြူဖျော့လာသည်။ ယင်းကြောင့် လူလတ်ပိုင်း အရွယ်အမျိုးသားနှင့် အခြားသူများကို ပို၍ပင် အံ့အားသင့်စေ၏။

ဤလူငယ်သည် အလွန် အားနည်းနေသော်လည်း ထိုသွေးဆေးအိုး အကူအညီဖြင့် လွတ်မြောက်သွားသည်။

“ မင်းတို့မှာ အရည်အချင်းရှိပေမယ် အသွင်အပြင်နဲ့ လုပ်ရပ်တွေက နတ်ဆိုးတွေလို စက်ဆုပ်ဖွယ်ကောင်းလွန်းတယ် ... ငါဒီနေ့ သေရင်တောင် မင်းတို့လိုလူတွေကို အထင်မကြီးဘူး။ ”

လူငယ်က ထရန်ရုန်းကန်ပြီး ကျယ်လောင်စွာ ဟစ်အော်လိုက်၏။ ဒဏ်ရာ အပြင်းအထန် ရရှိသွားသော်လည်း ကြောက်ရွံခြင်း ကင်းနေသည်။

ယင်းသည် လူလတ်ပိုင်းအရွယ် အမျိုးသားနှင့်အဖွဲ့ကို အနည်းငယ် မျက်နှာ ပျက်ယွင်းစေခဲ့သည်။

“ မင်းဟာ နတ်ဆိုးလေးပဲ၊ ဒါတောင် ဒီလိုအော်ဝံ့တုန်းလား မင်းကိုသတ်ပစ်လိုက်ရင် လောကကြီးကို ဒုက္ခပေးမယ့် လူတစ်ယောက် လျော့သွားလိမ့်မယ်။ ”

“ ဝှစ် ... ။ ”

“ ဂျိန်း ... ။ ”

ခရမ်းရောင် အဝတ်အစားဝတ် အမျိုးသမီးသည် လက်ဝှေ့ယမ်းကာ ထပ်မံ ပါးရိုက်လိုက်သည်။

ဤတစ်ကြိမ်တွင် လူငယ်သည် သွေးဆေးအိုးကို အသက်သွင်းရန် ကြိုးစားနေ သော်လည်း ပြင်းထန်စွာ ဒဏ်ရာရထားသဖြင့် မအောင်မြင်ခဲ့ချေ။ ကယ်ရာမဲ့လာ၏။

သူသည် သေခြင်းကို မကြောက်ချေ။ သို့သော် နတ်ဆိုးအဖြစ် အထင်လွဲခံရခြင်းမှာ စိတ်ဓာတ်ကျစေသည်။

“ ဒါက ကျင့်ကြံခြင်းလောကရဲ့ ... အစစ်အမှန်မျက်နှာပြင်ပဲ အကောင်း-အဆိုး၊ အဖြူ-အမည်း၊ အားနည်းသူ-သန်မာသူ ... ရိုးရှင်းပါတယ် မင်းအားနည်းနေရင် ယုတ္တိမတန်တော့ဘူး ... ။ ”

အဆုံးတွင် လူငယ်က ညည်းတွားလျက် လက်လျော့ကာ လက်ဖဝါးကို ခံယူမိတော့၏။

“ ဝုန်း ... ။ ”

သို့သော် မိုးကြိုးလက်ဖဝါးသည် လမ်း၌ရုတ်တရက် ပေါက်ကွဲသွား၏။ လူငယ်က စိတ်ရှုပ်ထွေးစွာဖြင့် မော့ကြည့်ရာ တောင်ကြီး တစ်လုံးကဲ့သို့ ရပ်နေသော လူတစ်ယောက် ကျောပြင်ကို မြင်လိုက်ရသည်။

“ အဆင်ပြေရဲ့လား ကောင်လေး။ ”

ကျောပေးထားသော ထိုလူက ခေါင်းလှည့်ကြည့်ပြီး ပြုံးပြလာ၏။ လူငယ်မှ အံ့အားသင့်သွားကာ၊

“ စီနီယာ ... မင်းဘာလို့ ငါ့ကိုကယ်တင်နေရတာလဲ ... ငါက နတ်ဆိုး ဖြစ်နေမှာ စိတ်မပူဘူးလား။ ”

-ဟု ကယောင်ကတမ်း မေးမြန်းလိုက်၏။

ထိုမေးခွန်းကြောင့် ယွမ်ဟမ်က ရှက်ရွံ့သွားကာ၊

“ အရင်က မင်းကို ငါလည်း နားလည်မှုလွဲခဲ့တယ် တောင်းပန်ပါတယ် ... ။ ”

-ဟု တုန့်ပြန်လိုက်လေသည်။

“ ဟမ့် ... မင်းက ဘယ်သူလဲ၊ ငါတို့ ရွှမ်ဟဲတာအိုဂိုဏ်းရဲ့ ကိစ္စတွေကို ဘာလို့ ဝင်စွက်ဖက်နေရတာလဲ။ ”

လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် အခြားလူများက မျက်မှောင်ကြုတ်ကာ ဖိတ်ခေါ် ထားခြင်းမရှိသော ဧည့်သည်ထံ ကြည့်လိုက်ကြသည်။

“ မင်းတို့ရဲ့ အပြုအမူကို ... ငါ သည်းမခံနိုင်တော့လို့ ဒီကောင်လေးကို ကူညီဖို့ လာခဲ့တာပဲ။ ”

“ အဟား ... ရယ်စရာကောင်းလိုက်တာ ဒီကောင်လေးက မကောင်းဆိုးဝါးနည်းလမ်းကို ကျင့်နေတာ မင်းမမြင်ဘူးလား။ ”

ခရမ်းရောင် အဝတ်အစားဝတ် အမျိုးသမီးကလှောင်ပြောင်လျက် အေးစက်စွာ ပြောလေသည်။

“ အကောင်း ... အဆိုးကို ဒီနည်းနဲ့ ခွဲခြားမယ်ဆိုရင် ... ငါ့မျက်လုံးထဲမှာ မင်းတို့က ခွင့်မလွှတ်နိုင်တဲ့ နတ်ဆိုးတွေပဲ။ ”

ယွမ်ဟမ်အဖြေကြောင့် အမျိုးသမီးအပါအဝင် လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် အခြားလူများက မျက်လုံးများ အနည်းငယ် မှေးစင်းသွားကြသည်။

ခရမ်းရောင်ဝတ်ထားသော အမျိုးသမီးမှမျက်မှောင်ကြုတ်ကာ၊

“ ဒီည ငါတို့နဲ့ ပြဿနာရှာဖို့ စိတ်ပိုင်းဖြတ်ထားပုံရတယ်။ ”

-ဟု ပြောကြားလိုက်၏။

“ မင်းတို့အားလုံး ဒူးထောက်ပြီး ဒီလူငယ်ကိုတောင်းပန်နေသမျှ မင်းတို့ရဲ့ အမှားတွေကို ငါခွင့်လွှတ်နိုင်တယ်။ ”

“ ဟား ဟား ဟား ... ။ ”

လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် အခြားလူများက တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်ကာ ရယ်မောတော့သည်။

ကြယ်စုစည်းခြင်းအဆင့် နတ်ဆိုးကျင့်ကြံသူသည် သူတို့ကို ဤကဲ့သို့ ခြိမ်းခြောက်ရန် မည်သို့ သတ္တိရှိနေသနည်း။

“ မင်းက သေခြင်းတရားကို ရိုးရိုးရှင်းရှင်းတောင်းနေတာလား မင်းဟာ နတ်ဆိုးကျင့်ကြံသူဖြစ်ပြီး ဒီကိစ္စမှာ ပါဝင်ဖို့ အရည်အချင်း ပြည့်မီသလားဆိုတာ ငါကြည့်ချင်တယ်။ ”

မီးခိုးရောင်ဝတ် အမျိုးသားတစ်ဦးက လှမ်းထွက်ကာ ဓားပျံဖြင့် ပစ်ခတ်လိုက်သည်။

“ ဟမ့် ... သနားစရာပဲ။ ”

ယွမ်ဟမ်မှ လက်သီးနှင့် တစ်ချက် ထိုးချလိုက်ပြီး ဓားပျံကို အစိတ်စိတ် အမြွှာမြွှာ ပိုင်းဖြတ်ပစ်လိုက်သည်။

“ အဟွတ် ... အဟွတ် ... ။ ”

မီးခိုးရောင်ဝတ် အမျိုးသားခမျာ ထိတ်လန့်သော အကြည့်ဖြင့် ရုတ်တရက် ချောင်းဆိုးပြီး ဆုတ်ခွာသွား၏။

“ ဒါ … ။ ”

လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် အခြားလူများအားလုံး ထိတ်လန့်သွားပြီးနောက် မျက်နှာများ ပြောင်းလဲသွားသည်။

“ ဘယ်လိုလဲ ငါအရည်အချင်းပြည့်မီရဲ့လား။ ”

ယွမ်ဟမ်မှ လှောင်ပြုံးဖြင့် မေးမြန်းလိုက်သည်။

“ ဒီနတ်ဆိုးကို အတူတူသတ်ရအောင်။ ”

လူလတ်ပိုင်းအရွယ် အမျိုးသားက ကျယ်လောင်စွာ အော်ငေါက်လျက် သူ့အဖွဲ့ကို ဦးဆောင်ခဲ့သည်။

“ ရွှပ် ... ။ ”

ငွေဓားကိုဆင့်ခေါ်ပြီး လေထဲသို့ ချက်ချင်းခုတ်ပိုင်းချလိုက်၏။ ဓားအလင်းသည် နှင်းကဲ့သို့ တောက်ပလာချေပြီ။

ကြယ်စုစည်းခြင်းအဆင့်မှ သုံးဦး၊ မူလနန်းတော်မှ လေးဦး စုစုပေါင်းခုနစ်ဦးသည် ၎င်းတို့၏ ရတနာများနှင့်အတူ စတင်လာတော့သည်။

ထိုစဉ် ယွမ်ဟမ်ထံမှ ခမ်းနားသော ဒဏ္ဍာရီလာရွှမ်ဝူသားရဲရောင်ဝါ ရုတ်တရက် ထွက်ပေါ်လာ၏။

လေနှင့် တိမ်များ အရောင်ပြောင်း သွားသည်။ ရတနာများနှင့် လျှို့ဝှက်နည်းစနစ် အားလုံးကို ယွမ်ဟမ်နှင့် တစ်ပေအကွာ၌ ရပ်တန့်ကုန်တော့၏။

“ ဝုန်း ... ။ ”

ထိုမြင်ကွင်းသည် လူတိုင်းကို တုန်လှုပ်သွားစေသည်။ ဤအခိုက်အတန့်တွင် ယွမ်ဟမ်မှ လက်ဝှေ့ရမ်းခြင်းဖြင့် တိုက်ခိုက်မှု အားလုံးကို ပေါက်ကွဲသွားစေတော့၏။

လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် အခြားသူများမှာ သဲအိတ်များကဲ့သို့ အဝေးသို့ တဖြုတ်ဖြုတ် လွင့်စဉ်ပြုတ်ကျကုန်သည်။

အချို့သည် အရေပြား စုတ်ပြဲပြီး အသားများပေါက်ထွက်ကာ အချို့မှာ အရိုးများ ကျိုးလျက် သွေးချောင်းဆိုး၏။

မျက်စိတစ်မှိတ်အတွင်း ရွှမ်ဟဲတာအိုဂိုဏ်းကြီးမှ ကျင့်ကြံသူ(၇)ပါးလုံး နှိမ်နင်းခံလိုက်ရချေပြီ။ ထိုမြင်ကွင်းသည် လူငယ်ကို တုန်လှုပ်သွားစေ၏။

နတ်ဘုရားများ တိုက်ပွဲကို မြင်လိုက်ရသကဲ့သို့ သူ့နှလုံးခုန်သံများ မြန်လာ တော့သည်။

“ စီနီယာ ... ငါတို့မျက်စိကန်းနေတဲ့အတွက် ခွင့်လွှတ်ပေးပါ။ ”

လူလတ်ပိုင်းအရွယ် အမျိုးသားက ထိတ်လန့်တကြား အော်ဟစ်တောင်းပန်သည်။ ကျန်သူများသည်လည်း မျက်နှာဖြူဖျော့လျက် တုန်တုန်ယင်ယင်ဖြင့် ကြည့်လာကြ၏။

ဤအချိန်တွင် သူတို့အားလုံး နံရံကို ကန်မိသွားကြောင်း သဘောပေါက်သွားခဲ့သည်။ ယွမ်ဟမ်က လူငယ်ထံ လှည့်ကြည့်ပြီး၊

“ မိတ်ဆွေလေး ... ငါတို့ ဘာဆက်လုပ်သင့်တယ်လို့ မင်းထင်လဲ။ ”

-ဟု မေးမြန်းလိုက်၏။

လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် အခြားသူများသည် လူငယ်ထံ စိုးရိမ်တကြီး မော့ကြည့်လိုက်သည်။

လူငယ်၏ အဖြေသည် သူတို့၏ဘဝသို့မဟုတ် သေခြင်းကို ဆုံးဖြတ် ပေးမည်ဖြစ်၏။ ထိုအတွေးဖြင့် ချက်ချင်း တောင်းပန်လိုက်ကြသည်။

“ မိတ်ဆွေလေး ... ငါတို့အရင်က မှားခဲ့ပါတယ် ငါတို့အသက်ကို နှမြောပေးပါ ငါတို့မှာရှိတဲ့ ရတနာတွေအားလုံးကို လွှဲပြောင်းပေးဖို့ ဆန္ဒရှိပါတယ်။ ”

“ ကျေးဇူးပြုပြီး သနားပါ မိတ်ဆွေလေး ... ။ ”

“ ကျေးဇူးပြုပြီး ... ။ ”

တစ်ချိန်က မောက်မာလွန်းပြီး ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သူ့အပေါ် ငုံ့ကြည့်နေသော လူတစ်စုသည် အရှက်မဲ့စွာ ဒူးထောက်နေကြချေပြီ။

ထိုမြင်ကွင်းက လူငယ်အတွက် သူ့မျက်လုံးများကိုပင် မယုံနိုင်လောက်အောင် ဖြစ်သွားစေသည်။

အချိန်အတော်ကြာ တိတ်ဆိတ်နေ ပြီးနောက် လူငယ်မှ မထင်မှတ်ထားသော မေးခွန်းတစ်ခုကို မေးမြန်းလာခဲ့သည်။

“ မင်းတို့ … သေရမှာ အရမ်း ကြောက်နေတာလား။ ”

ဤသည်မှာ ရိုးရှင်းသော မေးခွန်းတစ်ခု ဖြစ်သော်လည်း လူလတ်ပိုင်းအရွယ် အမျိုးသား တို့ကို စကားမပြောနိုင်ခဲ့ချေ။

ထိုမြင်ကွင်းက ယွမ်ဟမ်ကိုလည်း စိတ်ခံစားမှု ဖြစ်စေခဲ့သည်။ ဤလူငယ်အတွက် သည်မြင်ကွင်းမျိုး တစ်ခါမှ မြင်ဖူးပုံမရနိုင်။

မဟုတ်သော် ဤမေးခွန်းမျိုး မေးမည် မဟုတ်ချေ။ လူငယ်ကိုယ်တိုင်ပင် သေရမည်ကို မကြောက်သောကြောင့် တောင်းပန်နေသော မြင်ကွင်းသည် ပဟေဠိဆန်နေခြင်းဖြစ်၏။

“ စီနီယာ ငါ့မှာသူတို့နဲ့ ရင်ဆိုင်ဖို့ အရည်အချင်းမပြည့်မီဘူး ... ကျေးဇူးပြုပြီး စီနီယာဆုံးဖြတ်ချက်ချပါ။ ”

ထို့နောက် လူငယ်က ယွမ်ဟမ်ကို လှည့်ကြည့်ကာ ပြောသည်။

“ ဒါဆို သေသင့်တယ်လို့ မင်းထင်လား။ ”

“ ဟမ့် ... ငါ့ကို နတ်ဆိုးအဖြစ် လွဲမှားစွာ ယူဆပြီး သေဒဏ်ပေးချင်ကြတယ် ဒါပေမယ့် သူတို့က မသိတဲ့အတွက် ... မှားနေတာမို့ သေဒဏ်မပေးသင့်ဘူး ...

... တကယ်တော့ ငါကသာ အားနည်းလွန်း‌နေတာ မဟုတ်လို့ ငါသာ သန်မာနေတယ်ဆိုရင် ... သူတို့ငါ့အပေါ် အထင်မသေးရဲပါဘူး။ ”

လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် အခြားသူများမှာ သက်ပြင်းချမိသည်။ လူငယ်​၏ စကားသည် ​မျှော်​လင့်​ချက်​​ပေး၏။

“ မင်းမှားတယ် မင်းရန်သူတွေကို သနားညှာတာမှု မပြရဘူး ... ငါတို့ကြောင့်သာ မဟုတ်ရင် ဒီည မင်းသေရမယ်ဆိုတာ မမေ့နဲ့။ ”

သို့သော် ထိုအချိန်တွင် ကောင်းကင်နှင့်မြေကြီးကြား တည်ငြိမ်သော အသံတစ်သံ ပဲ့တင်ထပ်လာတော့၏။

လရောင်အောက်တွင် ကျောက်စိမ်းရောင် ဝတ်ရုံစများတဖျပ်ဖျပ်ခတ်လျက် အင်မော်တယ် တစ်ပါးကဲ့သို့ ကြီးစိုးသောလူငယ်တစ်ယောက် ဖြည်းညှင်းစွာ လှမ်းထွက်လာချေပြီ။

***

All Chapters