မင်းရှုံးတယ် ... ။
Vol. 42 Ch. 500
အချိန်များ တရွေ့ရွေ့ ကုန်လွန်လာသည်။ ချင်းရှန့်၏ လှပသော မျက်ခုံးများ တဖြည်းဖြည်း မျက်မှောင်ကြုတ်လာ၏။
သူမ၏ ဓားချက်တိုင်းသည် ဝိညာဉ်ထင်ရှားခြင်းအဆင့်ရှိ မည်သည့် ကျင့်ကြံသူ မဆို အလွယ်တကူသတ်ပစ်ရန် လုံလောက်သည်။
ယခုမူကား ကြယ်စုစည်းခြင်း လူငယ်တစ်ဦးမှ ၎င်းတို့အားလုံးကို ရှောင်ရှား နေခဲ့သည်။ တိုက်ခိုက်ရေး နည်းဗျူဟာကို အကြိမ်ကြိမ်ပြောင်းလဲခဲ့သော်လည်း မအောင်မြင်ချေ။
ဥပမာအားဖြင့် ကြီးမားသော ဓားအလင်းပိုက်ကွန်ယက်လုပ်ကာ ဧရိယာ တစ်ခုလုံးကို ဖုံးအုပ်သည်။
ထို့နောက် ဓားတာအိုအမှန်တရားကို အသုံးပြုပြီး ဝိညာဉ်တာအိုနယ်ပယ်ဖိအားအဖြစ် ပေါင်းစပ်ကာ ဖိနှိမ်ရန် ကြိုးစားသည်။
သို့သော် တစ်ဖက်လူသည် ရေထဲမှ ငါးကြင်းကဲ့သို့ ပိုက်ကွန်အတွင်းမှ ပါးနပ်စွာ ရှောင်တိမ်းထွက်သွား၏။
ထို့ကြောင့် စိတ်ပူစ ပြုလာသည်။ အာကာသဥမင် လိုဏ်ခေါင်းသည် ငါးမိနစ်မျှသာ ခံနိုင်ရည်ပေတော့သည်။ ဆက်ပြီး နှောင့်နှေး၍ မရတော့ချေ။
“ အသက်ဝင် ... ။ ”
အော်ဟစ်လျက် အကြိမ်ပေါင်း သုံးဆယ့်ခြောက်ကြိမ်တိတိ ခုတ်ပိုင်းလိုက်၏။ ငွေဓားရောင်ခြည်သည် လမ်ငး(၃၆)စင်းအဖြစ် ထွက်ပေါ်လာချေပြီ။
ကမ္ဘာကြီးတစ်ခုလုံး အရှိန်အဟုန် ပြင်းပြင်းဖြင့် ရုတ်တရက် ပြောင်းလဲလာကာ ဖျစ်ညှစ်ရောထွေးလိုက်သကဲ့သို့ တာအိုများ အချင်းချင်း တိုက်မိလာသည်။
အဆုံးတွင် ကြောက်မက်ဖွယ်ရာ ကောင်းသောဓားရောင်ဝါသည် ကမ္ဘာမြေပေါ်သို့ သွန်းလောင်းကျလာကာ နယ်ပယ်တစ်ခု ပေါ်လာ၏။
လရောင်ဓားဒိုမိန်း။ ဤသည်မှာ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့် ဓားရည်ရွယ် ဖြင့်သာ ဖန်တီးနိုင်သော စွမ်းအားနယ်မြေ ဖြစ်သည်။
မဟာတာအို၏ အဓိပ္ပါယ်များနှင့် ပြီးပြည့်စုံနေသည်။ ထိုသို့သော နယ်မြေအတွင်း ပိတ်မိသော် ရန်သူများသည် ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ဖြတ်တောက်သွားမည်ဖြစ်၏။
“ ဒါက ဘယ်လို စွမ်းအားလဲ။ ”
ကောချင်နှင့်အခြားသူများမှာ ဤမြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်သွား ကြသည်။ ယွီရှစ်ချန်သည်ပင် နှလုံးသား၌ အနည်းငယ် တင်းကျပ်လာ၏။
“ မင်းဘယ်လို ရှောင်ရမလဲ ငါကြည့်မယ်။ ”
လက်ထဲရှိ ငွေဓားကို တစ်ပါတ်လှည့်လိုက်ကာ ချင်းရှန့်အကြည့်များ အေးစက်လာတော့သည်။
လမင်း(၃၆)စင်းဖြင့် ဖွဲ့စည်းထားသည့် ‘လရောင်ဓားဒိုမိန်း’က စုရီထံ ပြေးဝင်သွား၏။ ရှောင်ရန် လမ်းမရှိချေ။ နေရာတိုင်းတွင် လရောင်ခြည်များ ပြည့်နှက်နေ၏။
အဝေးကကြည့်ရုံနှင့် လူအများကို စိတ်ပျက်အားငယ်သွားစေပြီး ခိုကိုးရာမဲ့စေသည့် ခံစားချက်မျိုးပေးစွမ်းပေမည်။
“ ဘယ်လောက်တောင် ... သနားစရာ ကောင်းလိုက်တဲ့ ဒိုမိန်းလဲ။ ”
သို့သော် ဤမျှအရေးကြီးသော အခိုက်အတန့်တွင် စုရီမှခေါင်းခါလိုက်သည်။ သည်တစ်ကြိမ် ရှောင်တိမ်းခြင်း မပြုတော့ချေ။
“ ဝှစ် ... ။ ”
လေထဲသို့ လှမ်းတက်ကာ အင်္ကျီလက်များ တဖျပ်ဖျပ်ခတ်လျက် ရောင်ဝါ အထွတ်အထိပ် ရောက်ရှိသွားသည်။
ထို့နောက် လကမ္ဘာကြီးအတွင်း လက်သီးဖြင့်လှမ်းထိုးလိုက်သည်။ လက်သီး၏ ရိပ်ကြီးသည် နေကိုထိုးဖောက်ရန်လာသော အဖြူရောင်သက်တံကဲ့သို့ ပေပင်။
“ ဝုန်း ... ။ ”
တောက်ပသော လမင်းများသည် ပြင်းစွာ တုန်ခါချက် လဓားရည်ရွယ်ချက်များ ပေါက်ကွဲ သွားတော့သည်။
ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံထားသည့် တာအိုအမှန်တရားများမှာ ပြင်းစွာတုန်ခါလျက် တဖွဲဖွဲပြန့်ကျဲသွား၏။
ထိုမြင်ကွင်းကြောင့် ချင်းရှန်ခမျာ မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားပြီး မယုံနိုင်စရာများဖြင့် ပြည့်နှက်လာခဲ့သည်။
အားနည်းချက်။ ယင်းလက်သီးသည် ကြောက်စရာမကောင်းချေ။ အားနည်းချက်ကို ထိမှန်သောကြောင့်သာ နယ်မြေအက်ကွဲခြင်း ဖြစ်သည်။
ဓားဒိုမိန်းဟူသည် အလွန် လျှို့ဝှက်ဆန်းကြယ်ကြောင်း သတိပြုသင့်သည်။ တာအိုအမှန်တရား၊ဓားရည်ရွယ်ချက်နှင့် ကျင့်ကြံမှုကို ပေါင်းစည်းထား၏။
ထို့ကြောင့် ချို့ယွင်းချက်ဟု ထင်ရသည့် အရာတိုင်းသည် သေစေသောထောင်ချောက် အဖြစ်သို့ ပြောင်းလဲသွားနိုင်မည်။
အဆိုပါ ချို့ယွင်းချက်များကို ဒိုမိန်းဖန်တီးသူကလျှင် နားလည်သည်။ ယခုမူ တစ်ဖက်လူသည် တစ်ချက်တည်းဖြင့် မြင်သွားသည်မှာ အဓိပ္ပါယ်မရှိချေ။
လက်သီးတစ်ချက်သည် လရောင်ဓားဒိုမိန်း၏ အားအနည်းဆုံးနေရာကို ထိမှန်သွားခဲ့သည်။
“ မကောင်းတော့ဘူး ... ။ ”
သူမ မတုံ့ပြန်နိုင်မီတွင် စုရီသည် ဓားဒိုမိန်းအတွင်းသို့ဝင်လာကာ လျင်မြန်သော တိုက်ခိုက်မှုကို စတင်လာပြီဖြစ်၏။
“ ဝှစ် ... ဝှစ် ... ။ ”
လက်သီးများ အတွဲလိုက်ပေါ်လာပြီး ကြည်လင်လွန်းသော သက်တံတစ်စင်းကဲ့သို့ ထိုးဖောက်ဝင်ရောက်လာ၏။
“ ဟမ့် ... ။ ”
ချင်းရှန့်တစ်ယောက် ငွေဓားဖြင့် လရောင်ဓားဒိုမိန်းကို အစွမ်းကုန် ပြန်လည် အသက်သွင်းလိုက်သည်။
ဤတစ်ကြိမ်၌ စွမ်းအားများသည် ပုံသဏ္ဍန်ပြောင်းသွားကာ လှိုင်းထန်နေသော ငွေပင်လယ်ကဲ့သို့ ပွက်ပွက်ဆူလာ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် လှိုင်းထန်နေသော ငွေဓားပင်လယ်ကြီးသည် စုရီ အနားရောက်ရှိသွား၏။
ရည်ရွယ်ချက်သည် လမင်းများထံ ဖျက်ဆီးလိုသော စုရီအပေါ်ဟန့်တားရန် ဖြစ်သည်။
“ ဝုန်း ... ဝုန်း ... ဝုန်း ... ။ ”
သို့သော် ခြေတစ်လှမ်း နောက်ကျသွား၏။ လက်သီးပစ်လိုက်တိုင်း လမင်းတစ်စင်းသည် ချက်ချင်း ပေါက်ကွဲသွားချေပြီ။
ထိုအချိန်တွင် လမင်းများ၏ ထောက်ပံ့မှု စွမ်းအားဆုံးရှုံးသွားသဖြင့် လေလျော့သွားသော ပူဖောင်းကဲ့သို့ ငွေလပင်လယ်မှာ ပျက်ပြယ် သွားလေသည်။ စုရီမှ လက်နှစ်ဖက် နောက်ပို့ကာ ထိုမြင်ကွင်းထံ ရပ်ကြည့်နေခဲ့၏။
“ ဒီဓားက အပြစ်အနာအဆာတွေနဲ့ ပြည့်နေတယ် ... ရန်သူကို တိုက်ခိုက်တာဟာ ကြီးမားတဲ့ တားမြစ်ချက်တစ်ခုပဲ။ ”
“ ခရစ် ... ။ ”
သူ့အသံက ပဲ့တင်ထပ်လာသည်။ လူအုပ်ကြီး၏ တုန်လှုပ်ခြောက်ခြားဖွယ်ရာ အကြည့်များ အောက်တွင် ကောင်းကင်နှင့် မြေကြီးကို ဖုံးအုပ်ထားသည့် ဓားနယ်မြေမှာ လုံးဝပေါက်ကွဲသွား၏။
အာကာသဥမင်ကို ဖြတ်ကျော်လာသော ဝိညာဉ်တာအိုနယ်ပယ်မှ ဓားသမား အမျိုးသမီး ခမျာ စိတ်ပျက်သွားချေပြီ။
မာနကြီးသော အမူအရာနှင့် ပြိုင်ဘက်ကင်းသည့် သူမရောင်ဝါသည် မုန်တိုင်းဒဏ်ကို ခံစားရဟန် ဖြစ်ပေါ်လာ၏။
ထိုနေရာတွင် မှင်သပ်စွာ ရပ်နေကာ မျက်နှာဖြူဖျော့လျက် အသက်မဲ့နေခဲ့ချေသည်။ ကြယ်စုစည်းခြင်းအဆင့်မှ တစ်စုံတစ်ယောက် အနေဖြင့် မည်သို့အစွမ်းထက်နိုင်မည်နည်း။
လရောင်ဓားဒိုမိန်း၏ အပြောင်းအလဲနှင့် လျှို့ဝှက်ဆန်းကြယ်မှုများအားလုံးကို မည်သို့ ထိုးထွင်း သိမြင်နိုင်သနည်း။
တစ်ဖက်တွင် ကောချင်နှင့် အဖွဲ့သည် ဓားဒိုမိန်းကို ပျက်ပြယ်သွားသည်ကို မြင်လိုက် ရသောအခါတွင် ထိတ်လန့်သွားကြ၏။
“ မင်းဓားဒိုမိန်းကို တကယ် မသုံးတတ်ဘူး။ ”
စုရီက မှတ်ချက်ပေးသည်။ ချင်းရှန့်ခမျာ ဖော်မပြနိုင်သောအရှက်တရားများ နှလုံးသားထဲ တိုးဝင်လာကာ ခန္ဓာကိုယ်တုန်ရင်သွား၏။
“ ဒိုမိန်းကို ဘယ်လိုသုံးရမလဲ ... မင်းငါ့ကို သင်ပေးချင်နေတာလား။”
“ ဓားသမားတစ်ယောက် အနေနဲ့ ... အရှုံးကိုခံနိုင်ရည်ရှိရမယ် မင်းအကျင့်စရိုက်အရ ငါသင်ပေးချင်ရင်တောင် ... မင်းမှာ အရည်အချင်း မရှိသေးဘူး။ ”
“ ချင်းရှန့် ... မင်းရှုံးတယ်။ ”
ချင်းရှန်က ဒေါသကြောင့် မျက်လုံးများ တောက်ပလာပြီး တုန့်ပြန်ခါနီးတွင် အာကာသ ဥမင်လိုဏ်ခေါင်း ရုတ်တရက်တုန်ခါသွားကာ အသံလှိုင်းများ ပေါ်လာသည်။
ဤကဲ့သို့ ရိုးရှင်းသော ဝါကျသည် ကောင်းကင်နှင့်မြေကြီးကြား လွင့်မျောနေသော တာအိုနိယာမများကဲ့သို့ ကြီးမြတ်လွန်းသည့် ဘုန်းအာနုဘော်ကို ထင်ရှားစေ၏။
လူတိုင်း၏ နားစည်ကို ဖြတ်ကာ နှလုံးသားဆီသို့ တည့်တည့် တိုးဝင်လာသည်။ သေမျိုးတစ်ယောက်ကို နတ်ဘုရားမှ စိုက်ကြည့် နေသလိုမျိုး ကြောက်ရွံ့မှုများ ခံစားလာရ၏။
“ သခင်၊ ငါ ... သတိလက်လွတ် ဖြစ်သွားပါတယ်။ ”
ချင်းရှန့်မှ ရှက်ရွံ့စွာပြောသည်။
“ မဟုတ်ဘူး ... မင်းဘယ်လောက်ပဲ သတိထားနေပါစေ၊ မင်းဟာ တာအိုမိတ်ဆွေကို မယှဉ်နိုင်ဘူး။ ”
အသံလှိုင်းများ ထပ်မံ ထွက်ပေါ်လာပြန်သည်။ ချင်းရှန်တစ်ယောက် ခန္ဓာကိုယ်တောင့်တင်း သွား၏။
“ ကရုဏာပြပေးလို့ ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေ။ ”
“ အာကာသဥမင် လိုဏ်ခေါင်းကနေ ဒီမှာဖြစ်ပျက်နေခဲ့တာကို ... မင်းမမြင်နိုင်ဘဲနဲ့ ငါကရုဏာပြခဲ့တာကို ဘယ်လိုသိလဲ။ ”
စုရီမှ စိတ်ဝင်တစားမေးသည်။
“ ပြီးခဲ့တဲ့ ... အချိန်က အာကာသ လျှို့ဝှက်တံဆိပ်ကို ဖျက်ဆီးခဲ့တဲ့ စွမ်းအား ပိုင်ရှင်က ... တာအိုမိတ်ဆွေဆိုတာကို ငါဘယ်လိုလုပ် မေ့နိုင်မှာလဲ။ ”
သို့မှသာ စုရီတစ်ယောက် စိတ်သက်သာရာ ရသွားသည်။ ထိုအချိန်တွင်ချင်းရှန်သည် သူမ၏ ကျောရိုးတစ်လျှောက် အေးစက်သွားသလို ခံစားလိုက်ရတော့၏။
ဧကရာဇ်တစ်ပါးမှ ချထားသော အာကာသတံဆိပ်အပေါ် ဖျက်စီးပစ်နိုင်သည့် စွမ်းအားသည်မည်မျှ လေးနက်သနည်း။
ယင်းကို ကြယ်စုစည်းခြင်းအဆင့် လူငယ်တစ်ဦးမှပိုင်ဆိုင်ထားမှာ ယုံနိုင်စရာ မရှိချေ။
“ ငါ့ကလေး ... မင်းအခု ဖြစ်ပျက်နေတဲ့ အရာအားလုံးကို လက်မခံနိုင်တာကို ငါနားလည် ပေးနိုင်ပါတယ် ... မင်းငါ့ကို အခွင့်အရေး ပေးမယ်လို့လည်း မျှော်လင့်တယ် ...
... ငါလည်း မင်းကို အခွင့်အရေး တစ်ခုပေးမှာပါ ဒါကြောင့် အတိတ်မှာ ဘာတွေ ဖြစ်ခဲ့တာလဲ မင်းကိုငါပြောပြပါရစေ။ ”
အသံရှင်သည် အပြစ်ရှိကြောင်း ပြင်းပြသောခံစားချက်နှင့် တောင်းပန်မှုများ ပြုလုပ်လာချေပြီ။
“ အဲဒီအချိန်မှာ ... မင်းငါ့ကိုခွင့်လွှတ်ပြီး လက်ခံသည်ဖြစ်စေ ဒီကိုပြန်လာသည်ဖြစ်စေ မင်းရွေးချယ်နိုင်ပါတယ်။ ”
လူတိုင်းက တိတ်ဆိတ်ကုန်ပြီး ယွီရှစ်ချန်ထံသို့ ကြည့်လိုက်ကြ၏။ ရေခဲကဲ့သို့ အေးစက်သော မိန်းကလေးသည် နှုတ်ခမ်းကို ကိုက်ကာ စိတ်လှုပ်ရှားနေချေပြီ။
“ မင်းအမေ ဆုံးသွားတာကြာပြီ ... ငါမင်းကိုထပ်ပြီး မဆုံးရှုံးချင်တော့ဘူး ... ဒါကို မင်းစဉ်းစားကြည့်ပါ ... ။ ”
ချင်းရှန့်က တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။ ယခုအချိန်၌ သခင်သည် အမှားလုပ်မိသော ဖခင်တစ်ဦးမျှသာဖြစ်၏။
ဂုဏ်သိက္ခာ၊ တန်ခိုးနှင့် မာနတို့ကို လျစ်လျူရှုထားပြီး သမီးဖြစ်သူထံမှ ခွင့်လွှတ်မှု တောင်းခံနေရချေပြီ။
“ အနှေးနဲ့အမြန် ... ဒီကိစ္စအပေါ် မင်းကြုံရမှာပဲ ... မင်းရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်တယ်။ ”
စုရီက ဘေးမှနေ၍ ကြင်နာစွာဖြင့် ပြောကြားလိုက်၏။ ယွီရှစ်ချန်ခမျာ အနည်းငယ် တုန်ခါသွားပြီးနောက် အသက်ပြင်းပြင်း ရှူလိုက်သည်။
“ အစ်ကိုစု၊ ငါ...မင်းကိုရှာဖို့ ပြန်လာမယ်။ ”
“ ဟားဟားဟား ... ကောင်းတယ် ... ကောင်းတယ် ... အရမ်းကောင်းတယ် ငါ့ကလေး မင်းနောင်တ မရစေရပါဘူး။ ”
မဟူရာဓားဧကရာဇ်က ထိုစကားကို အကြိမ်ကြိမ် ရေရွတ်ပြီး စိတ်လှုပ်ရှားမှုများ ဖော်ပြလာခဲ့သည်။
ချင်းရှန့်သည်လည်း စိတ်လှုပ်ရှားလာကာ ဦးညွှတ်လျက်၊
“ သခင်ငယ် ကျေးဇူးပြုပြီး ငါ့နောက်ကိုလိုက်ခဲ့ပါ။ ”
-ဟု ဖိတ်ခေါ်လိုက်တော့၏။
“ ခဏနေဦး ... ။ ”
***