← Chapters

ကယ်တင်ရှင် ... ။

Vol. 42 Ch. 502

ကယ်တင်ရှင် ... ။

Vol. 42 Ch. 502

“ ကောင်းပြီ ... ငါတို့ တကယ် မထိန်းနိုင်ဘူးဆိုရင် ... မင်းသူတို့ကိုခေါ်သွားပြီး ကောင်းကင်မူလအကယ်ဒမီဆီ သွားပါ။ ”

“ လွန်ခဲ့တဲ့လ အတော်ကြာတည်းက ကောင်းကင်အကယ်ဒမီရဲ့ နန်းတော်သခင်က သူ့အဖွဲ့နဲ့အတူ ... အကယ်ဒမီကနေ ထွက်သွားပါပြီ ဒါက ထူးမယ်ထင်ပါဘူး။ ”

အကြီးအကဲကျောက်မှ နန်းတော်သခင်စကားကို သက်ပြင်းချကာ တုန့်ပြန်လာသည်။ လူတိုင်း စိတ်ဓာတ်ကျကုန်၏။

ကောင်းကင်အကယ်ဒမီသည် မဟာကျိုးနိုင်ငံ၏ အဓိကအကယ်ဒမီ(၁၀)ခု အနက်မှတစ်ခုဖြစ်သည်။

၎င်းတို့ပင် ထွက်ခွာသွားသည့်နောက် ဘေးဥပဒ်များ ကြုံတွေ့နေသည့် အင်အားစုများ အတွက် ရင်ဆိုင်ရမည့် အန္တရာယ်များသည် မည်မျှကြောက်စရာကောင်းမည်ကို တွေးကြည့်နိုင်သည်။

“ လွန်ခဲ့တဲ့ လဝက်လောက်က မဟာကျိုးဧကရာဇ်နဲ့ လျှို့ဝှက်နဂါးဂိုဏ်းလည်း ကောင်းကင်ဘုံနတ်မိစ္ဆာခြံဝင်းဆီမှာ အညံ့ခံ လိုက်တယ် ကြားတယ် ... ဒါဆို သူတို့က ဒီဘေးဆိုးကြီးကို ချေမှုန်းဖို့ ကူညီပေးသင့်တယ် မဟုတ်လား။ ”

တစ်စုံတစ်ယောက်က ဝင်ရောက် ပြောကြား၏။ ကောင်းကင်ဘုံ နတ်မိစ္ဆာခြံဝင်း ဟူသည့် အမည်ကိုကြားသည်နှင့် လူတိုင်း၏ အတွေးများ ရှုပ်ထွေးကုန်သည်။

“ ငါတို့နိုင်ငံသား မဟုတ်တဲ့လူတွေက မတူညီတဲ့ နှလုံးသားတွေရှိရမယ် ပြင်းထန်တဲ့ ပြောင်းလဲမှုတွေကြားမှာ မဟာကျိုးကို ဝင်လာမှတော့ ... သူတို့က ငါတို့ကို ဘယ်လိုလုပ် ကြင်နာနိုင်မှာလဲ။ ”

“ မှန်တယ် ... လူတိုင်း ငါတို့ထိန်းထားလို့ မရတော့ဘူး ... တောင်တန်းတွေဆီကို ဆုတ်ခွာ ကြရအောင် ... တောင်တန်းတွေ ရှိနေသရွေ့ ငါတို့အနာဂါတ်မှာ ပြန်လာနိုင်လိမ့်မယ်။ ”

တစ်စုံတစ်ယောက်က အကြံပြုသည်။

“ ဟမ့် ... တောင်တန်းတွေထဲမှာ နတ်ဆိုးသားရဲတွေ ပြည့်နှက်နေတယ် ငါတို့က ရှင်သန်နိုင်ပေမယ့် ... ငါတို့ရဲ့ဇနီးတွေ၊ သားသမီးတွေ၊ ဆွေမျိုးတွေ ဘယ်လိုများ ရှင်သန်နိုင်မှာလဲ။ ”

“ ဒါဆို တိုက်ကြစို့ ... သေရင်တောင် အနည်းဆုံးတော့ သူတို့ကို တတ်နိုင်သမျှ သတ်ပစ်ကြမယ်။ ”

“ သတ် ... ။ ”

“ သတ် ... ။ ”

“ သတ် ... ။ ”

ထို့‌နောက်တွင် အော်ဟစ်သံများက ကောင်းကင်ကို လှုပ်ခါသွားကာ ကြေကွဲဖွယ် ကောင်းလှလေသည်။

နတ်ဆိုးသားရဲများသည် ရူးသွပ်နေသဖြင့် စစ်သည်တော်များစွာ၏ သတ်ဖြတ်မှုများအပေါ် မကြောက်မရွံ့ဖြင့် မြို့တံခါးထိတိုင် အဆက်မပြတ် တိုးဝင်လာနေ၏။

“ ကျီး ... ။ ”

ရက်စက်ကြမ်းကြုတ်လွန်းသော ငှက်အချို့သည် ကောင်းကင်တွင် ပျံဝဲလျက်ဖြင့် ချိုးဖျက်ဝင်ရောက်လာသောကြောင့် မြှားများနှင့် ပစ်ခတ်လိုက်ရသည်။

ထိုအချိန်တွင် တိုက်ပွဲမြေပြင်၌ ရုတ်ရုတ်သဲသဲဖြစ်လာခဲ့၏။ စစ်သည်တော်များ အားလုံးသည် သူတို့ရှေ့ရှိ မြင်ကွင်းကို မင်သပ်စွာဖြင့် ကြည့်နေကြချေပြီ။

“ ဘာတွေ ဖြစ်နေတာလဲ ... ။ ”

မြေပြင်အပြည့် ပြန့်ကျဲနေသော သားရဲများသည် ရူးသွပ်မှုများ ဆုံးရှုံးသွားပုံရပြီး ဝပ်တွားလျက် ငိုကြွေးတုန်ယင်နေ၏။

“ ထူးဆန်းတယ် သူတို့က တစ်ခုခုကို ကြောက်လန့်သွားပုံရတယ် ဘာဖြစ်ကုန်တာလဲ။ ”

ထိုမြင်ကွင်းသည် တုန်လှုပ်စရာပေပင်။ မြို့ရိုးအပေါ်ရှိ လူအများသည်လည်း ချွင်းချက် မရှိနိုင်။

“ ဟိုမှာ ကြည့်စမ်း ... ။ ”

ရုတ်တရက် လူတစ်ယောက်မှ အဝေးသို့ လက်ညှိုးထိုးပြလေသည်။ မိုးပြာမြစ်ရေပြင်ထံမှ ကြီးမားလှသော လိပ်ကြီးတစ်ကောင် ကမ်းပေါ် လှမ်းတက်ခြင်းဖြစ်၏။

ခြေနှင့်လက်များသည် ကျောက်တိုင်ကြီးများကဲ့သို့ ထူထဲမာကြောကာ ကိုယ်ထည်သည် တောင်တစ်လုံးအရွယ်အစား ရှိနေသည်။

နေဝင်ချိန်အောက်တွင် လိပ်ခွံကြီးသည် အနက်ရောင်များ တဖိတ်ဖိတ်ရောင်ပြန်ဟပ်ပြီး လမ်းတစ်လျှောက် နတ်ဆိုးသားရဲများစွာကို ချက်ချင်းဆုတ်ခွာသွားစေ၏။

မြေကြီးတုန်ခါလျက် ထုတ်လွှတ်ထားသည့် နတ်ဆိုးရောင်ဝါများသည် ကောင်းကင်အပြည့် ပျံ့ကားနေတော့သည်။

“ သူ့အပေါ်မှာ တစ်ယောက်ယောက် ရှိနေတယ်၊ တစ်ယောက်ယောက် ရှိနေတယ်။ ”

မြို့ရိုးထိပ်ရှိ လူငယ်တစ်ဦးသည် အံ့သြစွာအော်ဟစ်လျက် သူ့မျက်နှာပေါ်တွင် မယုံကြည်နိုင်စရာများဖြင့် ပြည့်နှက်လာ၏။

လှပသော အမျိုးသမီးတစ်ယောက်နှင့် အဝါရောင်တာအို၀တ်စုံကို ၀တ်ဆင်ထားသည့် လူငယ်တစ်ဦး ရပ်လျက်အနေအထားဖြင့် လိုက်ပါလာသည်။

၎င်းတို့အလယ်တွင် ကျောက်စိမ်းရောင်ဝတ်လုံ တဖျပ်ဖျပ်ခတ်ကာ လူငယ်တစ်ယောက် ကြိမ်ကုလားထိုင်ပေါ်၌ အိပ်လျက်လိုက်ပါလာ၏။

“ ဒါ ... အင်မော်တယ်တွေလား ... ။”

ညနေဆည်းဆာချိန်အောက်တွင် ထိုသုံးယောက်သည် လိပ်အိုကြီးကို စီးနင်းလျက် နတ်ဆိုးသားရဲတို့ကို ဝပ်တွားသွားစေ၏။

“ ငါတို့ ကယ်တင်ခံရပြီလား ... ။ ”

ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေသော စစ်သည်တော်များသည် ဤမြင်ကွင်းအပေါ် စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေသည်။

“ ဆရာစု ... ။ ”

ရုတ်တရက် ယွမ်မိသားစု၏ အကြီးအကဲယွမ်ဝူတုံသည် ကြိမ်ကုလားထိုင်၌ အိပ်ပျော်နေသောလူငယ်ကို မြင်ချိန်တွင် သူ့ဘိုးဘေးကို မြင်လိုက်သကဲ့သို့ အော်ဟစ်လိုက်တော့၏။

***

“ ငါမင်းတို့အတွက် ဒီမှာထားခဲ့မယ် တစ္ဆေမိခင်တောင်တန်းကို ခဏသွားဦးမယ်။ ”

စုရီက ကြိမ်ကုလညးထိုင်ပေါ်မှ ထရပ်လိုက်ကာ လေထဲ ဖြတ်ပျံသွားလေသည်။ သက်တံကဲ့သို့ မိုးကုတ်စက်ဝိုင်းထဲ ဝင်ရောက် ပျောက်ကွယ်သွား၏။

ယွမ်ဟမ်၊ ကောချင်နှင့် ပိုင်ဝမ်ချင်းတို့သည် စုရီတစ်ယောက် တစ်ခုခုကို ရှာဖွေတွေ့ရှိနိုင်ခြေ ရှိကြောင်း ချက်ချင်း သဘောပေါက်သည်။

“ မင်းတို့နာမည်​​တွေ ​မေးလို့ရမလားဆရာ။ ”

ထိုအချိန်တွင် မြို့တော်သခင် ဖူရှန်းသည် ရှေ့တိုးလာကာ လေးလေးစားစား စကားစမြည် ပြောရန်ကြိုးစားလာတော့၏။

“ ဝှစ် ... ။ ”

စုရီ၏ အင်္ကျီလက်များ တဖျပ်ဖျပ်ခတ်ကာ ဝတ်ရုံများ လွင့်ပျံနေသည်။ များမကြာခင် မြစ်ကမ်းနဘေးတွင် ပိုးစာတောကို မြင်လိုက်ရ၏။

ကွမ်လင်မြို့တွင် သူ့အတိတ်ဘဝ အမှတ်တရများနိုးထပြီး ဤအရပ်၌ မနက်တိုင်း လေ့ကျင့်ခဲ့သည်ကို သတိရလာသည်။

“ ဟမ့် ... ဒီနေရာက ပြောင်းသွားပြီ ... ဝိညာဉ်စွမ်းအင်က တခြားနေရာတွေထက် ပိုသိပ်သည်းလာတယ်။ ”

တစ်ချိန်က ပိုးစာတောသည် ရှားပါးသော ဝိညာဉ်စွမ်းအင် စုစည်းနေရာ ရတနာနယ်မြေ တစ်ခုဖြစ်ပြီး တောင်နှင့်မြစ်များ ပေါင်းစုံရာအရပ် ဖြစ်သည်။

ယခုအခါတွင် ကောင်းကင်နှင့် မြေကြီးကြား၌ ဝိညာဉ်စွမ်းအင်များ ပြန်လည် ထွက်ပေါ်လာခြင်းနှင့်အတူ ဤပိုးစာတောသည် ထိပ်တန်း ရတနာနယ်မြေဖြစ်လာ၏။

အကြီးမားဆုံးပြောင်းလဲမှုသည် တစ္ဆေမိခင်တောင်တန်း ဖြစ်သည်။ အဝေးမှ ကြည့်ရုံဖြင့် တောင်တန်းကြီးအတွင်း သိပ်သည်း လွန်းသော မြူခိုးများကို မြင်နိုင်၏။

ပျက်စီးနေသော ဘုံကျောင်းအတွင်း နောက်ကျောကွဲအက်နေသည့် ကျောက်ဆင်းတု တစ်ဆူ ကိန်းဝပ်နေသည်။

မြေပြင်ရှိ ဘုံကျောင်းအတွင်း မရေမတွက်နိုင်သော တစ္ဆေများနှင့် ဝိညာဉ်များ လှည့်လည်သွားလာကြသည်။

ဘုံကျောင်းရှိ သစ်ပင်ထိပ်ဖျားများတွင် နီမြန်းသောမီးပုံးများ ချိတ်ဆွဲထားရာ ၎င်းတို့၏ မီးတောက်များသည် မြူခိုးများအတွင်း၌ တဖျပ်ဖျပ် တောက်နေ၏။

စုရီကတစ်ချက်ကြည့်ကာ မြေပြင်ပေါ် ဆင်းသက်လိုက်သည်။ သူ ဖြတ်သန်းသွားသည့် အချိန်တိုင်း လန့်ဖျပ်သွားသလိုမျိုး မြူခိုးများ ဆုတ်ခွာကုန်၏။

“ ဝူး ... ။ ”

ဘုံကျောင်းတံခါးဝ ရောက်သောအခါ အနီးနားရှိသစ်ပင်များမှ တွဲလောင်းကျနေသည့် မီးပုံးနီများမှာ ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားလေသည်။

မီးပုံးတစ်လုံးက၊

“ တစ်ယောက်ယောက် လာနေပြီ ... လူတစ်ယောက် လာနေပြီ။ ”

-ဟု အော်ဟစ်လိုက်၏။

“ ဟီးဟီး၊ ခပ်ချောချော လူငယ်လေး။ ”

“ သူက ... ဒီမှာ အခွင့်အလမ်းတွေ ရှာနေတာဖြစ်မယ် ... မကောင်းတော့ဘူး သူ ငါတို့ကို သတ်ချင်နေတယ်။ ”

စုရီက အနည်းငယ် မျက်မှောင်ကြုတ်ကာ အင်္ကျီလက်ဝှေ့ယမ်းလိုက်၏။ ချောက်ချားဖွယ် အသံများနှင့်အတူ တစ္ဆေသရဲများ အဝေးသို့ ထွက်ပြေးကုန်သည်။

အနားရှိ သစ်ပင်ထိပ်ဖျားတွင် တွဲလောင်းကျနေသော မီးပုံးများခမျာ ခဏ အတွင်း ပြာအဖြစ်သို့ ပြောင်းလဲသွား၏။ ချက်ချင်း တိတ်ဆိတ်သွားချေပြီ။

စုရီက ရှေ့ဆက်လျှောက်သွားကာ ဘုံကျောင်းထဲဝင်ပြီးနောက် ခြောက်သွေ့သော ရေတွင်းဘေးတွင် ထိုင်နေသည့် လူငယ် တစ်ဦးထံ လှမ်းကြည့်သည်။

လူငယ်သည် အဖြူရောင်ဝတ်ရုံကို ၀တ်ဆင်ထားပြီး ဝါးငါးမျှားတံတစ်ချောင်း ကိုင်ထားသည်။

ရေတွင်းထဲ ငါးမျှားနေခြင်းဖြစ်၏။ စုရီ ဝင်လာချိန်၌ အဖြူရောင်ဝတ် လူငယ်လေးက မော့မကြည့်ဘဲ၊

“ မိတ်ဆွေ ... မင်း ဒီမှာ အခွင့်အလမ်း ရှာဖွေဖို့ပဲဖြစ်ဖြစ် ... နတ်ဆိုးတွေကို သတ်ဖို့ပဲ ဖြစ်ဖြစ် ခဏစောင့်ပေးပါဦး။ ”

-ဟု တောင်းဆိုလာ၏။

စုရီက လက်နှစ်ဖက်နောက်ပို့ကာ ရေတွင်းထဲငုံ့ကြည့်လိုက်သည်။ ခဏအကြာတွင် အကြည့်ကို ပြန်ရုတ်လိုက်ပြီး၊

“ မင်းရဲ့နည်းလမ်းနဲ့ ... လမင်းဝိညာဉ်ငါးကြင်းကို ဖမ်းနိုင်မှာ မဟုတ်ဘူး။ ”

-ဟု ပြောလိုက်သည်။

ဝတ်ရုံဖြူလူငယ်က မျက်ခုံးပင့်လျက် ထိတ်လန့်သွားပြီး သူ့ကို မော့ကြည့်လာသည်။ လူငယ်သည် ဖြူစင်လွန်းသောအသားအရည်၊ နက်နဲသော ရေကန်ကဲ့သို့ မျက်ဝန်းတစ်စုံ ရှိသည်။

သူ့မျက်ဝန်းများ ရွေ့လာသောအခါ ၎င်းတို့သည် ဖြည်းညှင်းစွာ လှည့်ပတ်နေသော ရေဝဲကြီးတစ်ခုအလား ခြောက်ခြားစရာ ကောင်းနေချေပြီ။

“ စိတ်ဝင်စားဖို့ကောင်းလိုက်တာ ... ကြယ်စုစည်းခြင်းအဆင့်နဲ့ လဝိညာဉ်ငါးကြင်း အကြောင်း သိနေတာလား မင်းဟာ ရှေးဟောင်း တာအိုဂိုဏ်းကနေ ဆင်းသက်လာတာလား။ ”

၀တ်စုံဖြူလူငယ်က စိတ်ဝင်တစား မေးသည်။

“ မဟုတ်ဘူး ... ။ ”

စုရီက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ ထို့နောက် လူငယ်ထံ ပြန်ကြည့်ကာ၊

“ မင်းက နိုးထလာတဲ့ ရှေးဟောင်း နတ်ဆိုးတစ်ကောင်လား ဒါမှမဟုတ် တခြား ကမ္ဘာကနေလာတာလား။ ”

-ဟု ပြန်၍ မေးမြန်းလိုက်၏။

ဝတ်ရုံဖြူဝတ် လူငယ်၏ နက်နဲသော မျက်လုံးများအတွင်း ရှုပ်ထွေးမှုအရိပ်အမြွက် ထွက်ပေါ်လာ၏။ အတော်ကြာ ဆင်ခြင် ပြီးနောက် ခေါင်းယမ်းကာ၊

“ ငါ မမှတ်မိတော့ဘူး။ ”

-ဟု ပြန်ဖြေသည်။

“ မေ့နေတာလား ... ဒါက ရိုးရိုးရှင်းရှင်းသတိမေ့နေတာမျိုး မဖြစ်သင့်ဘူး။ ”

သူ့စကားကြောင့် ၀တ်စုံဖြူဝတ် လူငယ်က လေးလေးနက်နက် တွေးတောလျက်၊

“ ဒါပေမယ့် ကျင့်ကြံခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ငါမှတ်မိနေသေးတယ် ငါ့နာမည်က ချင်လော ... ချင်က အပြာရောင် လောက ကောင်းကင်ဘုံငှက်ကလေး ... ။ ”

စုရီက မျက်ခုံးပင့်လိုက်သည်။

“ ဒါဆို မင်းရဲ့မှတ်ဉာဏ်ကို တစ်စိတ်တစ်ပိုင်းအဖျက်ခံထားရတာနေမယ် ဒါမှမဟုတ် ချိပ်ပိတ်ထားတာပဲ။ ”

၀တ်စုံဖြူလူငယ်က သက်ပြင်းချသည်။

“ ငါလည်း ထင်ပါတယ် ဒါပေမယ့် အဖြေမရှာနိုင်သေးဘူး။ ”

“ ဒါဆို မင်းရဲ့ လက်ရှိအသိစိတ်က ဘယ်အချိန်မှာ နိုးထလာတာလဲ မှတ်မိနိုင် သေးလား။ ”

“ ဒီတောင်ပေါ်က သင်္ချိုင်းမှာ လွန်ခဲ့တဲ့ တစ်လခွဲလောက်က ငါနိုးလာတယ် ... ပြီးတော့ ခေါင်းတလားကိုဖွင့်ပြီး အုတ်ဂူထဲကနေ ထွက်လာတယ် ကျန်တာမသိတော့ဘူး။ ”

ထိုအချိန်တွင် လူငယ်က သက်ပြင်းချကာ၊

“ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် သင်္ချိုင်းကိုလေ့လာပြီးပြီ ဒီတောင်ရဲ့နေရာတိုင်း စူးစမ်းပြီးပြီ ... သဲလွန်စမတွေ့သေးဘူး။ ”

“ မင်းရဲ့အခေါင်းမှာ ရှာပြီးပြီလား။ ”

စုရီက သိချင်စိတ် ဝင်လာသည်။ ချင်လောဟုခေါ်သော အဖြူရောင် ဝတ်ရုံဝတ် လူငယ်လေးသည် မုသားမဟုတ်ကြောင်း မြင်နိုင်၏။

“ မရှိတော့ဘူး ... ပုပ်ပွနေတဲ့ ကောက်ရိုးဖျာတွေနဲ့ ဖုံးထားတဲ့ သာမန်အခေါင်း တစ်ခုပဲ ... ဒီသင်္ချိုင်းကို လွန်ခဲ့တဲ့နှစ်ပေါင်း သုံးရာလောက်က မြှုပ်နှံထားခဲ့တာလို့ ခန့်မှန်းဖို့ လျှို့ဝှက်နည်းလမ်းတွေ သုံးခဲ့ရတယ် ...

... တစ်ချိန်က ဒီတောင်ခြေက ကွမ်လင်မြို့လေးကို သွားပြီး အဲဒီအကြောင်း အချက်အလက်တွေ ရှာဖွေခဲ့ပေမယ့် ဘာအချက်အလက်မှ မရခဲ့ဘူး။ ”

ထို့နောက် ချင်းလောက မျက်ခုံးများကို ပွတ်သပ်ပြီး၊

“ ဒီခံစားချက်က လုံးဝ မကောင်းဘူး။ ”

-ဟု ဝမ်းနည်းစွာ ပြောကြားလာသည်။

စုရီက ခဏလောက်စဉ်းစားပြီး၊

“ မင်းဘယ်လို အမွေမျိုး ကျင့်ကြံနေလဲ။ ”

“ ဒါဟာ စိတ်ဝိညာဉ်ကိုကျင့်ကြံတဲ့ လျှို့ဝှက်နတ်ဆိုးလမ်းစဉ် တစ်ခုပါ ဒါပေမယ့် ငါကလူသားတစ်ယောက်ပဲ ယိုတစ်ကောင် မဟုတ်ဘူး ... နောက်ပြီး ...

... ငါ့ခန္ဓာကိုယ်မှာ ဘာအမှားမှ မရှိဘူး ... အခြားတစ်ယောက် အသိမ်းခံရတာမျိုးလည်း မဟုတ်တာ သေချာတယ်။ ”

စုရီတစ်ယောက် စူးစမ်းလိုစိတ်များ ပို၍တိုးလာသည်။ ဤလူငယ်၏ မှတ်ဉာဏ်တွင် ပြဿနာအနည်းငယ်ရှိသော်လည်း ထက်မြက် လွန်းနေ၏။

“ မင်းရဲ့ အစွမ်းအစတွေကို မင်းငါ့ကို ပြပေးနိုင်မလား။ ”

စုရီက မေးသည်။ လူငယ်က ခဏရပ်သွားပြီးနောက် ပြုံးလိုက်တော့၏။

“ စိတ်မရှိပါနဲ့ ... ငါအဆင်ပြေနေပြီ အနည်းဆုံးတော့ ငါ့မှာ အခြားစိတ်ပူစရာတွေ အများကြီး မရှိတော့ဘူး ဒါက ပြန်အသက်ရှင်ဖို့ အခွင့်အလမ်းတစ်ခုလို့ ယူဆထားတယ်။ ”

ထို့နောက် ခါးကျောကို ဆန့်ကာ ကောင်းကင်ပေါ် မျှော်ကြည့်၏။

“ မိုးပြာတိုက်ကြီးမှာ သိသိသာသာ အသွင်ပြောင်းနေတယ် ဝိညာဉ်စွမ်းအင်တွေက နေ့စဥ် သိပ်သည်းလာနေတယ် ... မကြာမီ ရွှေခေတ်ရောက်လာတော့မယ်။ ”

တစ်ဆက်တည်းမှာပင် အကြည့်များ ပြန်ရုတ်လိုက်ကာ၊

“ ဒါတွေဟာ ငါ့အတွက် မယုံနိုင်လောက်အောင် ရှားပါးတဲ့ အခွင့်အရေးပဲ ဉာဏ်အလင်းရရှိဖို့နဲ့ ဧကရာဇ်ဖြစ်ဖို့တောင် မြင့်မားနိုင်တယ်။ ”

-ဟု ပြောကြားလာ၏။

ထိုစကားကြားချိန်၌ စုရီတစ်ယောက် မျက်ခုံးပင့်လိုက်မိသည်။ ဧကရာဇ်ဖြစ်လိုသော ဆန္ဒတစ်စုံကို တစ်စုံတစ်ဦးမှ ပေါ့ပေါ့တန်တန် ပြောကြားနေသည်ကို လူဝင်စားပြီး‌နောက် ပထမဆုံး ကြားဖူးခြင်းပေပင်။

***

All Chapters