← Chapters

ထူးဆန်းသော လူငယ်။

Vol. 42 Ch. 503

ထူးဆန်းသော လူငယ်။

Vol. 42 Ch. 503

စုရီက လက်နှစ်ဖက်နောက်ပို့ကာ ရေတွင်းထဲငုံ့ကြည့်လိုက်သည်။ ခဏအကြာတွင် အကြည့်ကို ပြန်ရုတ်လိုက်ပြီး၊

“ မင်းရဲ့နည်းလမ်းနဲ့ ... လမင်းဝိညာဉ်ငါးကြင်းကို ဖမ်းနိုင်မှာ မဟုတ်ဘူး။ ”

-ဟု ပြောလိုက်သည်။

ဝတ်ရုံဖြူလူငယ်က မျက်ခုံးပင့်လျက် ထိတ်လန့်သွားပြီး သူ့ကို မော့ကြည့်လာသည်။ လူငယ်သည် ဖြူစင်လွန်းသောအသားအရည်၊ နက်နဲသော ရေကန်ကဲ့သို့ မျက်ဝန်းတစ်စုံ ရှိသည်။

သူ့မျက်ဝန်းများ ရွေ့လာသောအခါ ၎င်းတို့သည် ဖြည်းညှင်းစွာ လှည့်ပတ်နေသော ရေဝဲကြီးတစ်ခုအလား ခြောက်ခြားစရာ ကောင်းနေချေပြီ။

“ စိတ်ဝင်စားဖို့ကောင်းလိုက်တာ ... ကြယ်စုစည်းခြင်းအဆင့်နဲ့ လဝိညာဉ်ငါးကြင်း အကြောင်း သိနေတာလား မင်းဟာ ရှေးဟောင်း တာအိုဂိုဏ်းကနေ ဆင်းသက်လာတာလား။ ”

၀တ်စုံဖြူလူငယ်က စိတ်ဝင်တစား မေးသည်။

“ မဟုတ်ဘူး ... ။ ”

စုရီက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ ထို့နောက် လူငယ်ထံ ပြန်ကြည့်ကာ၊

“ မင်းက နိုးထလာတဲ့ ရှေးဟောင်း နတ်ဆိုးတစ်ကောင်လား ဒါမှမဟုတ် တခြား ကမ္ဘာကနေလာတာလား။ ”

-ဟု ပြန်၍ မေးမြန်းလိုက်၏။

ဝတ်ရုံဖြူဝတ် လူငယ်၏ နက်နဲသော မျက်လုံးများအတွင်း ရှုပ်ထွေးမှုအရိပ်အမြွက် ထွက်ပေါ်လာ၏။ အတော်ကြာ ဆင်ခြင် ပြီးနောက် ခေါင်းယမ်းကာ၊

“ ငါ မမှတ်မိတော့ဘူး။ ”

-ဟု ပြန်ဖြေသည်။

“ မေ့နေတာလား ... ဒါက ရိုးရိုးရှင်းရှင်းသတိမေ့နေတာမျိုး မဖြစ်သင့်ဘူး။ ”

သူ့စကားကြောင့် ၀တ်စုံဖြူဝတ် လူငယ်က လေးလေးနက်နက် တွေးတောလျက်၊

“ ဒါပေမယ့် ကျင့်ကြံခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ငါမှတ်မိနေသေးတယ် ငါ့နာမည်က ချင်လော ... ချင်က အပြာရောင် လောက ကောင်းကင်ဘုံငှက်ကလေး ... ။ ”

စုရီက မျက်ခုံးပင့်လိုက်သည်။

“ ဒါဆို မင်းရဲ့မှတ်ဉာဏ်ကို တစ်စိတ်တစ်ပိုင်းအဖျက်ခံထားရတာနေမယ် ဒါမှမဟုတ် ချိပ်ပိတ်ထားတာပဲ။ ”

၀တ်စုံဖြူလူငယ်က သက်ပြင်းချသည်။

“ ငါလည်း ထင်ပါတယ် ဒါပေမယ့် အဖြေမရှာနိုင်သေးဘူး။ ”

“ ဒါဆို မင်းရဲ့ လက်ရှိအသိစိတ်က ဘယ်အချိန်မှာ နိုးထလာတာလဲ မှတ်မိနိုင် သေးလား။ ”

“ ဒီတောင်ပေါ်က သင်္ချိုင်းမှာ လွန်ခဲ့တဲ့ တစ်လခွဲလောက်က ငါနိုးလာတယ် ... ပြီးတော့ ခေါင်းတလားကိုဖွင့်ပြီး အုတ်ဂူထဲကနေ ထွက်လာတယ် ကျန်တာမသိတော့ဘူး။ ”

ထိုအချိန်တွင် လူငယ်က သက်ပြင်းချကာ၊

“ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် သင်္ချိုင်းကိုလေ့လာပြီးပြီ ဒီတောင်ရဲ့နေရာတိုင်း စူးစမ်းပြီးပြီ ... သဲလွန်စမတွေ့သေးဘူး။ ”

“ မင်းရဲ့အခေါင်းမှာ ရှာပြီးပြီလား။ ”

စုရီက သိချင်စိတ် ဝင်လာသည်။ ချင်လောဟုခေါ်သော အဖြူရောင် ဝတ်ရုံဝတ် လူငယ်လေးသည် မုသားမဟုတ်ကြောင်း မြင်နိုင်၏။

“ မရှိတော့ဘူး ... ပုပ်ပွနေတဲ့ ကောက်ရိုးဖျာတွေနဲ့ ဖုံးထားတဲ့ သာမန်အခေါင်း တစ်ခုပဲ ... ဒီသင်္ချိုင်းကို လွန်ခဲ့တဲ့နှစ်ပေါင်း သုံးရာလောက်က မြှုပ်နှံထားခဲ့တာလို့ ခန့်မှန်းဖို့ လျှို့ဝှက်နည်းလမ်းတွေ သုံးခဲ့ရတယ် ...

... တစ်ချိန်က ဒီတောင်ခြေက ကွမ်လင်မြို့လေးကို သွားပြီး အဲဒီအကြောင်း အချက်အလက်တွေ ရှာဖွေခဲ့ပေမယ့် ဘာအချက်အလက်မှ မရခဲ့ဘူး။ ”

ထို့နောက် ချင်းလောက မျက်ခုံးများကို ပွတ်သပ်ပြီး၊

“ ဒီခံစားချက်က လုံးဝ မကောင်းဘူး။ ”

-ဟု ဝမ်းနည်းစွာ ပြောကြားလာသည်။

စုရီက ခဏလောက်စဉ်းစားပြီး၊

“ မင်းဘယ်လို အမွေမျိုး ကျင့်ကြံနေလဲ။ ”

“ ဒါဟာ စိတ်ဝိညာဉ်ကိုကျင့်ကြံတဲ့ လျှို့ဝှက်နတ်ဆိုးလမ်းစဉ် တစ်ခုပါ ဒါပေမယ့် ငါကလူသားတစ်ယောက်ပဲ ယိုတစ်ကောင် မဟုတ်ဘူး ... နောက်ပြီး ...

... ငါ့ခန္ဓာကိုယ်မှာ ဘာအမှားမှ မရှိဘူး ... အခြားတစ်ယောက် အသိမ်းခံရတာမျိုးလည်း မဟုတ်တာ သေချာတယ်။ ”

စုရီတစ်ယောက် စူးစမ်းလိုစိတ်များ ပို၍တိုးလာသည်။ ဤလူငယ်၏ မှတ်ဉာဏ်တွင် ပြဿနာအနည်းငယ်ရှိသော်လည်း ထက်မြက် လွန်းနေ၏။

“ မင်းရဲ့ အစွမ်းအစတွေကို မင်းငါ့ကို ပြပေးနိုင်မလား။ ”

စုရီက မေးသည်။ လူငယ်က ခဏရပ်သွားပြီးနောက် ပြုံးလိုက်တော့၏။

“ စိတ်မရှိပါနဲ့ ... ငါအဆင်ပြေနေပြီ အနည်းဆုံးတော့ ငါ့မှာ အခြားစိတ်ပူစရာတွေ အများကြီး မရှိတော့ဘူး ဒါက ပြန်အသက်ရှင်ဖို့ အခွင့်အလမ်းတစ်ခုလို့ ယူဆထားတယ်။ ”

ထို့နောက် ခါးကျောကို ဆန့်ကာ ကောင်းကင်ပေါ် မျှော်ကြည့်၏။

“ မိုးပြာတိုက်ကြီးမှာ သိသိသာသာ အသွင်ပြောင်းနေတယ် ဝိညာဉ်စွမ်းအင်တွေက နေ့စဥ် သိပ်သည်းလာနေတယ် ... မကြာမီ ရွှေခေတ်ရောက်လာတော့မယ်။ ”

တစ်ဆက်တည်းမှာပင် အကြည့်များ ပြန်ရုတ်လိုက်ကာ၊

“ ဒါတွေဟာ ငါ့အတွက် မယုံနိုင်လောက်အောင် ရှားပါးတဲ့ အခွင့်အရေးပဲ ဉာဏ်အလင်းရရှိဖို့နဲ့ ဧကရာဇ်ဖြစ်ဖို့တောင် မြင့်မားနိုင်တယ်။ ”

-ဟု ပြောကြားလာ၏။

ထိုစကားကြားချိန်၌ စုရီတစ်ယောက် မျက်ခုံးပင့်လိုက်မိသည်။ ဧကရာဇ်ဖြစ်လိုသော ဆန္ဒတစ်စုံကို တစ်စုံတစ်ဦးမှ ပေါ့ပေါ့တန်တန် ပြောကြားနေသည်ကို လူဝင်စားပြီး‌နောက် ပထမဆုံး ကြားဖူးခြင်းပေပင်။

ဤမတိုင်မီ မိုးပြာတိုက်ကြီးတွင် ကျင့်ကြံသူအနည်းငယ်သည်သာ ဧကရာဇ် အဆင့် တည်ရှိမှုကို သိရှိထား၏။

မဟာကျိုးတွင် ဝိညာဉ်တာအိုနယ်ပယ် သည်ပင် ဒဏ္ဍာရီတစ်ခုဖြစ်သည်။ ဝတ်ရုံဖြူဝတ် လူငယ်မှ ဧကရာဇ်ဖြစ်ရန် ဆန္ဒရှိနေသည်မှာ အံ့အားသင့်ဖွယ်ဖြစ်နေ၏။

ချင်းလော၏ နောက်ခံသည် မရိုးရှင်းကြောင်းပြောနိုင်သည်။ နိုးထကာစပင် ဝိညာဉ်ထင်ရှားခြင်းအဆင့်တွင် ရှိနေ၏။

သို့သော် ချင်လောတွင် အခြားသူများ နှင့်မတူဘဲ ဘဝအတက်အကျလှိုင်းများ အပေါ် တည်ငြိမ်စွာ ရင်ဆိုင်လိုသော စိတ်ဓာတ်ရှိ၏။

ထို့အတွက်ကြောင့် သူ့အမြင်တွင် တစ်ဖက်လူသည် လူဝင်စားဖြစ်မည်ဟူသော အယူအဆကို ငြင်းဆိုနိုင်သည်။

နောက်ဆုံးတွင်လလူဝင်စား တစ်ယောက်သည် အသက်အရွယ်၊ စိတ်ဆန္ဒ၊ သွေးနှင့် အရာအားလုံးသည် လူငယ်ကဲ့သို့ နုပျိုသန်စွမ်း နေနိုင်မည်မဟုတ်ချေ။

ဘဝ၏ အကျပ်အတည်းများစွာကို ဖြတ်သန်းခဲ့ရသော အငွေ့အသက်များ အရိုး၌ ပြည့်နှက်နေမည်ဖြစ်သည်။

“ မိတ်ဆွေ မင်းလည်း သာမန်လူ မဟုတ်နိုင်ဘူး ... ငါ့အပေါ် စိတ်ဓာတ်ကျစေပြီး ထိတ်လန့်သွားစေနိုင်တဲ့ ...

... အငွေ့အသက်မျိုး မင်းဆီကနေ ငါရလိုက်တယ် ဒီလိုခံစားချက်မျိုးက ငါ့အတွက် ဗီဇကနေလာတာ ဘယ်တော့မှ မမှားဘူး ... ။ ”

ချင်လောက နက်ရှိုင်းပြီး စူးစမ်းလိုသောဆန္ဒများဖြင့် စုရီထံ မော့ကြည့် လာလေသည်။

“ ဟုတ်တယ် ... ငါကတခြားသူတွေနဲ့ သဘာဝအတိုင်း မတူဘူး။ ”

ချင်းလောမှ ပြုံးပြီး၊

“ ဒီကမ္ဘာမှာ လူတိုင်းက မတူကြဘူး ... ဒါပေမယ့် ဒီမိုးပြာတိုက်ကြီးမှာတော့ မင်းနဲ့ငါ့လို လူတွေက ရှားရှားပါးပါး ဖြစ်နိုင်ပါတယ်။ ”

ထို့နောက် ငါးမျှားတံကို သိမ်းပြီး မတ်တပ်ထရပ်လိုက်၏။

“ ဒီခြောက်သွေ့နေတဲ့ ရေတွင်းထဲမှာ မူလယင်ဝိညာဉ်သွေးပြန်ကြောရှိနေတယ် မင်း စမ်းကြည့်ချင်လား။ ”

စုရီက ခေါင်းညိတ်ပြီး၊

“ ငါ စမ်းကြည့်လိုက်မယ်။ ”

သူသည် ရေတွင်းအနီးသို့ လက်ညှိုးကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ ပြင်းပြသော ယန်စွမ်းအင်များ ထွက်ပေါ်လာကာ မျက်စိတစ်မှိတ်အတွင်း ယှက်သိုင်းသွား၏။

“ ဒါက ဘယ်လို အမိန့်မျိုးလဲ ... ။ ”

ချင်လောမှ ချက်ချင်းပင် အံ့အားသင့်သွားသည်။ ဝိညာဉ်ပိုက်ကွန်သည် အလင်းရောင်များဖြင့် တောက်ပလာပြီး အငွေ့အသက်သည် အံ့အားသင့်စရာဖြစ်၏။

ယှက်သိုင်းထားသော အဆိုပါ ယန်ကြိုးများသည် အမှန်ပင် ရှုပ်ထွေးပြီး လေးနက်သောအမိန့်ဖြစ်၏။

“ တော်ဝင် ယန်ဝိညာဉ်အမိန့် ... ။ ”

စုရီက ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။ ထို့နောက်ဝိညာဉ်ပိုက်ကွန်ကို ဆုပ်ကိုင်ကာ ရေတွင်းထဲ ပစ်ချလိုက်၏။ လက်ထဲတွင် ပိုက်ကွန်နှင့် ချိတ်ဆက်ထားသော ကြိုးတစ်ချောင်း ကျန်ရစ်သည်။

“ အရမ်းမိုက်တယ် ... ။ ”

ချင်လောမှ တအံ့တသြအော်သည်။

“ ဘာများထူးခြားလို့လဲ ... ။ ”

စုရီက မေးသည်။

“ ဒီအမိန့်ဟာ တာအိုဂိုဏ်းကနေ ဆင်းသက်လာခဲ့တာဖြစ်မယ် အလွန်ခိုင်မာပြီး ပြီးပြည့်စုံတဲ့ ပိုက်ကွန်ပဲ လဝိညာဉ်ငါးကြင်း အတွက် စိတ်ဝင်စားစရာ ဖြစ်နေပြီ ...

... အံ့သြစရာကောင်းတာက မင်းရဲ့ အနှစ်သာရကို ချည်မျှင်လို သန့်စင်ထားတာပဲ တကယ့်ကို ရင်သပ်ရှုမောစရာပါ ...

... ငါကိုယ်တိုင် မျက်စိနဲ့ မမြင်ခဲ့ရင် မင်းလိုကြောက်စရာကောင်းတဲ့ လူတစ်ယောက် ကြယ်စုစည်းခြင်းအဆင့်မှာ ရှိတယ်ဆိုတာ ငါ ယုံမှာမဟုတ်ဘူး။ ”

စုရီက စကားမဆိုချေ။ ခြောက်သွေ့နေသော ရေတွင်းထဲ ငုံ့ကြည့်နေခဲ့သည်။ များမကြာခင် လက်ကောက်ဝတ်ကို ယမ်းလိုက်၏။

“ ဝှစ် ... ။ ”

ကြီးမားသောပိုက်ကွန်ကြီးတစ်ခု ခြောက်သွေ့သောရေတွင်းထဲမှ ပျံထွက်လာပြီး ရုန်းကန်နေသော ငါးကြင်းများ ပါလာ၏။

ငါးကြင်းများသည် ငွေအဆင်းနှင်းကဲ့သို့ တောက်ပကာ လက်ဖဝါး အရွယ်အစားမျှသာ ရှိချေပြီ။ သို့သော် ၎င်းတို့၏ ရောင်ဝါသည် အရိုးထိတိုင် အေးခဲစေ၏။

“ ငါးလက်မကျော် ရှည်တယ် ဒီငါးရဲ့ သက်တမ်းက အနှစ်ရှစ်ဆယ် အနည်းဆုံးရှိမယ် ရှားပါးဝိညာဉ်ရေးသတ္တဝါလို့ သတ်မှတ်နိုင်တယ် ယင်တာအိုအမှန်တရားတွေပါပြီး တန်ဖိုးက ခန့်မှန်းလို့မရနိုင်ဘူး။ ”

“ မင်းလိုချင်လား ယူသွားပါ။ ”

စုရီက သူ့လက်ထဲရှိ ပိုက်ကွန်ကြီးကို လှုပ်ခါလျက် ချင်လောထံ ငါးကြင်းများ ပစ်ပေး လိုက်လေသည်။

“ မင်း ... တကယ်ပေးနေတာလား။ ”

ချင်လောမှ အနည်းငယ် အံ့သြသွား၏။

“ ဒါက ငါ့အတွက် ကြက်နံရိုးလိုပါပဲ အရသာမရှိဘူး။ ”

ချင်လောတစ်ယောက် တစ်ခဏမျှ အံ့အားသင့်သွားပြီး သူ့လက်ထဲရှိ လဝိညာဉ် ငါးကြင်းကို တစ်ချက်ကြည့်လိုက်သည်။

“ ဒါဆို ... ငါ မယဉ်ကျေးတော့ဘူး။ ”

အဆုံးတွင် ပြုံးလျက် ငါးအရှင်များကို ပါးစပ်ထဲပစ်ထည့်ကာ ဝါးစားလိုက်လေသည်။ သွေးများစီးကျလာသော နှုတ်ခမ်းဖျားကို လျှာဖျားနှင့်သိမ်းလိုက်၏။

သူသည် ချောမောပြီး ထူးကဲသော အသွင်အပြင်မျိုးရှိသော်လည်း စားသည့်ပုံစံမှာ မကောင်းဆိုးရွားဆန်နေသည်။

“ ကောင်းလိုက်တာ ... ဒီနေရာမှာ ငါးမျှားနေခဲ့တာ သုံးရက်ရှိပြီ နောက်ဆုံးတော့ ငါ့မိတ်ဆွေရဲ့ အကူအညီနဲ့ ...

... ဒီလိုအရသာရှိတဲ့ အစားအစာကို မြည်းစမ်းနိုင်လိမ့်မယ်လို့ တစ်ခါမှ မထင်ခဲ့မိဘူး ငါထွက်သွားသင့်ပြီ။ ”

လူငယ်က ချက်ချင်း လှည့်ထွက်သွား၏။ သို့သော် ဘုံကျောင်းတံခါးဝသို့ ရောက်ရှိသော အခါတွင် ရုတ်တရက် ရပ်လိုက်ကာ လည်ပြန်လှည့်ကြည့်ပြီး၊

“ မိတ်ဆွေ ... ငါ့မှာ ပြောစရာရှိတယ် မင်းကြားချင်လား။ ”

-ဟု ပြုံးကာ မေးမြန်းလာတော့သည်။

***

All Chapters