ဗုဒ္ဓမန္တန်ရွတ်ဖတ်ခြင်း ... ။
Vol. 42 Ch. 504
စုရီက လက်နှစ်ဖက်ကို နောက်ပို့လျက်၊
“ ငါးဖမ်းနေတုန်းက လူသတ်ချင်တဲ့ ရည်ရွယ်ချက်အကြောင်း ပြောချင်တာလား။ ”
-ဟု ပြန်မေးလိုက်သည်။
ချင်လောတစ်ယောက် မျက်ဝန်းများမှေးစင်းသွားကာ၊
“ မျှော်လင့်ထားသလိုပဲ၊ ငါ့မိတ်ဆွေက သာမန်လူမဟုတ်ဘူး။ ”
စုရီက ပြုံးပြီး၊
“ နှမျောစရာကောင်းလိုက်တာ။ ”
-ဟု ညည်းတွားလိုက်သည်။
“ ဘာကို နှမျောတာလဲ။ ”
“ ငါးလွတ်သွားခဲ့တယ်။ ”
“ နားမလည်ဘူး ... ။ ”
“ ငါ ... ငါးမျှားပြီး ငါးဖမ်းနေတာ ဒါပေမယ့် နောက်ဆုံးတော့ မင်းဘာမှမလုပ်ဘဲ ငါးကြင်းကို ဖြုန်းတီးပစ်လိုက်မိတယ်။ ”
သို့မှသာ ချင်လောက မျက်ခုံးပင့်လျက်၊
“ ငါလူသတ်ချင်တဲ့ ရည်ရွယ်ချက်ကို ချုပ်နှောင်ထားနိုင်လိမ့်မယ်လို့ ... မင်း မထင်ဘူး မဟုတ်လား။ ”
“ မင်း ငါ့ဆီက အန္တရာယ်ရှိတဲ့ အရိပ်အယောင် ခံစားရတယ်လို့ ပြောတည်းက မင်းမှာ တစ်ခုခုမှားနေပြီဆိုတာ ငါသိတယ် ဒါပေမယ့် မင်း ဘာဖြစ်နေပြီလဲဆိုတာ ...
... ငါလည်း မဆုံးဖြတ်နိုင်သေးဘူး ... အဲဒါကြောင့် မင်းကိုစမ်းသပ်ဖို့ လဝိညာဉ်ငါးကို မျှားကြည့်နေခဲ့တာ ... ။ ”
“ ငါ သိပြီ ... ။ ”
ချင်လောက ရှက်စိတ်ဖြင့် ချက်ချင်း ခေါင်းယမ်းလိုက်ကာ၊
“ နောက်ဆုံးတော့ ... ငါ့စိတ်မှာ မငြိမ်မသက်ဖြစ်နေလို့ ထူးထူးခြားခြား သတိ ထားမိစရာတွေ ဖြစ်လာစေတာပဲ ... ရှက်စရာ ကောင်းလိုက်တာ ... ။ ”
“ မင်းထွက်သွားဖို့ စီစဉ်ကတည်းက မင်းဘာလို့ စောစောက ဒီလူသတ်ချင်စိတ်ကို ချုပ်နှောင်ထားခဲ့ရတာလဲဆိုတာ ... ငါ့ကို မပြောပြခဲ့ဘူးလား။ ”
“ ဗီဇ ... ။ ”
ချင်လောက ခဏမျှ စဉ်းစားပြီး ပြန်ဖြေ၏။
“ ဗီဇလား ... ။ ”
“ ဟုတ်တယ် မင်းဆီက အန္တရာယ်ရှိတဲ့ ရောင်ဝါက ငါ့ကို စိတ်မသက်မသာဖြစ်စေတယ် အဲဒါက ငါအမုန်းဆုံးပဲ ...
... ဒီအဆင်မပြေတဲ့ ခံစားချက်မျိုး မင်းနဲ့အတူ တစ်ချိန်လုံး ရှိနေမှာပဲလို့ ... ငါခံစား ခဲ့ရတဲ့အတွက် ... မင်းကိုသတ်ပစ်ဖို့ အလိုလို ဖြစ်ပေါ်လာတာ ... ။ ”
ဤအကြောင်းပြချက်သည် သံသယ ဖြစ်ဖွယ်မရှိချေ။ ကြွက်တစ်ကောင် အနေဖြင့် ကြောင်ကိုမြင်သော် အလိုလိုကြောက်ရွံ့ နေပေလိမ့်မည်။ ယင်းသည် သဘာဝ ရန်သူဖြစ်၏။ ချင်လောမှ ပြုံးပြီး၊
“ မိတ်ဆွေ ... မင်းငါးကြင်းတွေ အလဟသဖြစ်ခဲ့တယ်လို့ ပြောတယ် ဒါပေမယ့် အဲဒီငါးတွေက ငါရဲ့လှုပ်ရှားချင်စိတ်တွေကို စွန့်လွှတ်လိုက်ရတဲ့ အကြောင်းပဲ။ ”
ထို့နောက် လက်ဝှေ့ယမ်းကာ၊
“ အနာဂတ်မှာ ပြန်ဆုံတဲ့အခါ စိတ်မသက်မသာဖြစ်စေတဲ့ အန္တရာယ်ရှိတဲ့ အရိပ်အာဝါသ မိတ်ဆွေဆီကနေ ခံစားရမှာ မဟုတ်တော့ဘူးလို့ မျှော်လင့်ပါတယ် ...
... ဒီလိုနည်းနဲ့ နှုတ်ဆက်ခြင်းအစား ခင်မင်ရင်းနှီးတဲ့ နှုတ်ဆက်ခြင်းဆီကို ပြောင်းလဲ နိုင်ရင် ... တကယ်ပဲ ငါတို့မိတ်ဆွေတွေ ဖြစ်သွားနိုင်လိမ့်မယ်။ ”
အဆုံးတွင် အသံသည်သာ ပဲ့တင်ထပ် ကျန်ရစ်ခဲ့ပြီး ချင်လောမှာ အမှောင်ထဲအဝေးသို့ ပျံသန်းသွားနေပြီဖြစ်၏။
“ ဟမ့် ... အခုချိန်မှာ မင်းကိုယ်မင်း ကြွက်တစ်ကောင်နဲ့ တူနေတယ်လို့ မခံစားရဘူးလား။ ”
စုရီက နှာခေါင်းကို ပွတ်သပ်ကာ ထိုနေရာတွင်ရပ်လျက် လိုက်မသွားတော့ဘဲ ပြောကြားလိုက်သည်။ ချင်လောမှ မှုန်ပျပျ အသွင်ဖြင့်၊
“ ဟား ဟား ဟား ... ဘယ်သူက ကြွက်၊ ဘယ်သူက ကြောင်ဆိုတာကို အခုချိန်မှာပြောဖို့ စောပါသေးတယ် အနာဂတ်မှာ ဘယ်သူက ပိုကောင်းလဲဆိုတာ သေချာပေါက် သိရလိမ့်မယ်။ ”
“ နောက်တစ်ခါ တွေ့ကြရင် ... ငါ့ကိုစိတ်မပျက်စေနဲ့ မဟုတ်ရင် ဒီနေ့မင်းကို လွှတ်လိုက်တာ ... မထိုက်တန်ဘူးလို့ ငါခံစားရလိမ့်မယ်။ ”
“ ဟား ဟား ဟား ... ငါလည်း အတူတူပါပဲ မိတ်ဆွေ။ ”
ဤတစ်ကြိမ်တွင် ချင်လောသည် ရယ်မောသံဖြင့်သာ တုန့်ပြန်သွားချေပြီ။ စုရီက ခေါင်းရမ်းလိုက်သည်။
“ ဒီလိုထိုက်တန်တဲ့ ... ပြိုင်ဘက် တစ်စုံတစ်ယောက်ကို လွယ်လွယ်သတ်ခဲ့ရင် နှမျောစရာပဲ။ ”
များမကြာခင် စုရီပုံရိပ်သည် ဘုံကျောင်းအတွင်းမှ ပျောက်ကွယ်သွားကာ မက်မွန်ဥယျာဉ်အတွင်း ထွက်ပေါ်လာ၏။
ဤနေရာတွင် ယန်မီးတောက် မက်မွန်သစ်သီးတွေ့ရှိကာ ထောင်ချင်းရှန်ကို အမွေပေးခဲ့သော အရပ်ဖြစ်သည်။
ယခုမူ မက်မွန်တောအနှံ့တွင် တစ္ဆေလင်းနို့များဖြင့်သာ ပြည့်နှက်နေခဲ့သည်။ ၎င်းတို့သည် မျက်နှာစိမ်းနှင့်လင်းနို့များဖြစ်၏။
အလောင်းချီနှင့် စိတ်ဝိညာဉ် အကြွင်းအကျန်များကို စားသောက်ကြသည်။ လက်ဖဝါးအရွယ်အစားမျှသာ ရှိသော်လည်း ရက်စက်ပြီး ရွံ့စရာကောင်း၏။
အကိုက်ခံရသော် အလောင်းအဆိပ်မိပြီး အသက်ရှုကြပ် သေဆုံးသွားနိုင်မည်။ သာမာန် မူလတာအိုနယ်ပယ် ကျင့်ကြံသူများပင်လျှင် ၎င်းတို့ကိုရန်စရန် တွန့်ဆုတ်နေနိုင်၏။
လက်ရှိတွင် ထိုတစ္ဆေလင်းနို့များမှာ ဇောက်ထိုးအနေအထားဖြင့် ချုပ်နှောင်ခံထား ရသည်မှာ ထင်ရှားသည်။ ၎င်းတို့အထက်တွင် အိုးတစ်လုံးစီ ချိတ်ဆွဲထားကြ၏။
ထိုအိုးများအတွင်းမှ သန့်စင်သော စိတ်ဝိညာဉ်စွမ်းအင်များသည် ကြိုးမျှင်များကဲ့သို့ တစ္ဆေလင်းနို့များထံ စီးဝင်နေသည်။
ဤသည်မှာ အလွန်ဆိုးရွားပြီး ရက်စက် ကြမ်းကြုတ်လွန်းသဖြင့် စုရီမှ မျက်မှောင်ကြုတ် လိုက်သည်။
ဝိညာဉ်စွမ်းအင်များ ရရှိရန်အတွက် သက်ရှိဝိညာဉ်များကို အဆက်မပြတ်ဖမ်းယူကာ တစ္ဆေလင်းနို့များထံ ကျွေးမွေးခြင်း ဖြစ်သည်။
အိုးတစ်လုံးအထဲရှိ ဝိညာဉ်စွမ်းအင်သည် အနည်းဆုံး သက်ရှိဝိညာဉ်တစ်ရာ လိုအပ်သည်။ အနည်းဆုံး အိုးတစ်ထောင်ခန့်ရှိ၏။
ဆိုလိုသည်မှာ အနည်းဆုံး သက်ရှိပေါင်း တစ်သိန်းအသတ်ခံရပြီး ၎င်းတို့၏ဝိညာဉ်များကို သန့်စင်ရန် ချုပ်နှောင်ခံထားရချေပြီ။
“ ကမ္ဘာကြီး ကမောက်ကမ ဖြစ်ချိန်မှာ နတ်ဆိုးနဲ့ မကောင်းဆိုးရွားတွေ ထွက်လာပြီး ဒုက္ခပေးချင်နေပုံရတယ်။ ”
ထိုစဉ်ရုတ်တရက် တစ်စုံတစ်ရာကို သတိပြုမိသွားကာ ရုတ်တရက် ပျောက်ကွယ် သွားတော့၏။
အချိန်အနည်းငယ် ကြာပြီးနောက် ပုံရိပ်တစ်ရိပ် ပျံသန်းရောက်ရှိလာလေသည်။ ယင်းသည် တစ္ဆေကျင့်ကြံသူ အမျိုးသမီး ဖြစ်ချေ၏။
သူမက မက်မွန်တော အပြင်တွင်ရပ်ကာ ထိတ်လန့်တကြားဖြင့်၊
“ သခင် ... ဒါကဆိုးတယ် ... ငါတို့အမိန့်ပေးထားတဲ့ နတ်ဆိုးသားရဲတွေဟာ ကြောက်လန့်ပြီး ပြန်လှည့်ပြေးကုန်ကြပြီ။ ”
-ဟု သတင်းပို့လေသည်။
သူမ စကားဆုံးသည်နှင့် မက်မွန်တောအတွင်းမှ တစ္ဆေအခိုးအငွေ့များ ရုတ်တရက် ထွက်ပေါ်လာချေပြီ။
အနက်ရောင် တစ္ဆေမြူများသည် အနက်ရောင် တာအို၀တ်စုံဖြင့် လူအသွင်သို့ ပြောင်းလဲသွား၏။
ကြက်သွေးရောင် မျက်ဝန်းများနှင့် ကြောက်စရာသော မြူများက သူ့ဝန်းကျင်တွင် ဝေ့ဝဲနေသည်။
မရေမတွက်နိုင်သော ဝိညာဉ်ဆိုးများနှင့် နတ်ဆိုးများ၏ အရိပ်အမြွက်များ ပေါ်လာပြီး ၎င်းအပေါ် တစ္ဆေဘုရင်အဖြစ် ထင်မှားစေ၏။
“ ဘာဖြစ်တာလဲ ... ။ ”
တာအိုဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသား၏ စကားသံသည် စူးရှကျယ်လောင် နေချေပြီ။
မက်မွန်တောတွင် ချိတ်ဆွဲထားသည့် တစ္ဆေလင်းနို့များသည် ရောင်ဝါများဖြာလျက် မျက်လုံးများ ဖွင့်ကြည့်လာသည်။
“ တကယ်ပဲ ... အဲဒါက အလွန်အစွမ်းထက်တဲ့ နတ်ဆိုးကျင့်ကြံသူ ဖြစ်ပြီး ကောင်းကင်နဲ့ မြေကြီးကို ဖုံးလွှမ်းနေတဲ့ ရောင်ဝါမျိုးရှိနေပါတယ် အဝေးက ကြည့်နေရ တာတောင် ကြောက်လန့်ရပါတယ်။ ”
အမျိုးသမီးက မဝံ့မရဲ ပြန်ပြောပြလိုက်သည်။
“ နတ်ဆိုးကျင့်ကြံသူလား ... ချင်လောလား။ ”
တာအိုဝတ်လုံဝတ် အမျိုးသားက မေးမြန်းလေသည်။ အမျိုးသမီးမှ ခေါင်းခါပြ၏။
“ ချင်လော မဟုတ်ဘူး ... ။ ”
“ ထူးဆန်းတယ် ကွမ်လင်မြို့ဟာ သာမန်မြို့ငယ်လေးတစ်ခုပါ မြို့ထဲမှာရှိတဲ့ စစ်သည်တော်တွေဟာ ကျင့်ကြံမှု လမ်းကြောင်း ပေါ်တောင် မရောက်သေးဘူး ဒီနတ်ဆိုးက ဘယ်ကနေ ပေါ်လာနိုင်ရတာလဲ။ ”
“ မင်းလို တစ္ဆေတစ်ကောင်က ... ချင်လောကို ဘယ်လိုသိနိုင်တာလဲ။ ”
တာအိုဝတ်လုံဝတ်ထားသည့် အမျိုးသားတစ်ယောက် မျက်မှောင်ကြုတ်သွား လေသည်။ ထိုအခိုက်တွင် ငြိမ်သက်သော အသံတစ်သံ ထွက်ပေါ်လာ၏။
“ ဘယ်သူလဲ ... ။ ”
တာအိုဝတ်ရုံဝတ် အမျိုးသားနှင့် အမျိုးသမီးသည် ထိတ်လန့်ပြီး အသံကြားရာသို့ လှည့်ကြည့်လိုက်ကြသည်။
ကျောက်စိမ်းရောင်၀တ်စုံဖြင့် မက်မွန်တောအုပ်ထံသို့ ရပ်ကြည့်နေသော လူငယ်တစ်ဦးကို မြင်လိုက်ရလေသည်။ အမျိုးသမီးက၊
“ မင်း ဘယ်သူလဲ ... ။ ”
-ဟု မေးမြန်း၏။
“ အရမ်း ... ဆူညံတယ်။ ”
စုရီက လက်ညှိုးဖြင့် လှမ်းထိုးသည်။ အမျိုးသမီးခမျာ အနက်ရောင်မီးခိုးများအဖြစ် ပေါက်ကွဲပျောက်ကွယ်သွားချေပြီ။
တာအိုဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသား၏ မျက်လုံးများ ရုတ်တရက် မှေးစင်း သွားသည်။ အရမ်းရက်စက်ချေ၏။ ထို့ကြောင့် ခေါင်းငုံ့ကာ နှုတ်ဆက်လိုက်သည်။
“ မင်းရဲ့မေးခွန်းအတွက် ဖြေရရင် ... ချင်လောနဲ့ငါတွေ့တာ မကြာသေးပါဘူး ငါတို့မှာ ခင်မင်မှုတစ်ခုရှိပါတယ်။ ”
“ ဟမ့် ... သူ့ရဲ့ အကျင့်စရိုက်အရ မင်းလိုခပ်ညံ့ညံ့ တစ္ဆေကျင့်ကြံသူနဲ့ ဘယ်လိုများ မိတ်ဖွဲ့နိုင်ရတာလဲ။ ”
စုရီမှတ်ချက်ကြောင့် တာအိုဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသား၏ မျက်နှာတွင် ဒေါသများ တလက်လက်ဖြင့် တောက်ပလာ၏။ သို့တိုင် အပြုံးမပျက်စေဘဲ၊
“ တာအိုမိတ်ဆွေ ငါမင်းကို ငါတို့ရဲ့ ဆက်ဆံရေး ထိခိုက်မှာစိုးလို့ လိုက်လျောပေး နေတာပါ ... မင်းလွန်မလာနဲ့။ ”
-ဟု တုန့်ပြန်လိုက်၏။
“ ဟုတ်လား ... ။ ”
စုရီက လှောင်ပြောင်လိုက်ပြီး ဗုဒ္ဓမန္တန်တစ်ခုကို ရွတ်ဆိုလိုက်ရာ ကြာပန်း ပုံသဏ္ဍာန် ရွှေရောင်လှိုင်းများ ရုတ်တရက် ပြန့်ကျဲသွားလေသည်။
“ ဝုန်း ... ဝုန်း ... ဝုန်း ... ။ ”
မက်မွန်တောအတွင်းရှိ တစ္ဆေလင်းနို့များ အားလုံး တုံ့ပြန်ရန် အချိန်မရှိတော့ဘဲ သူတို့၏ ခန္ဓာကိုယ်များ ပေါက်ကွဲသွားကုန်၏။
ထောင်ပေါင်းများစွာသော မီးရှူးမီးပန်းများကဲ့သို့ သွေးအခိုးအငွေ့များ လွင့်စင်ကာ တိမ်တိုက်အသွင် ဖြစ်ပေါ်လာချေပြီ။
တာအိုဝတ်ရုံဝတ် အမျိုးသားခမျာ ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းပြီး နဖူးပြင်၌ ချွေးစို့လာတော့၏။
ထောင်ပေါင်းများစွာသော တစ္ဆေလင်းနို့များအတူတကွ လှုပ်ရှားသွားပါက ဝိညာဉ်တာအိုကျင့်ကြံသူများပင် ဆိုးရွားသော ခြိမ်းခြောက်မှု ခံစားရပေမည်။
ယခုမူ အသံလှိုင်းကြောင့် တစ်ပြိုင်နက်တည်း ပေါက်ကွဲသေဆုံးကုန်၏။ ယုံနိုင်စရာ မရှိချေ။
***
Book-42