စိတ်ဓာတ်လှုံ့ဆော်မှု
Vol. 38 Ch. 556
"ဒါဆို အကိုနှစ် ဗုဒ္ဓနိုင်ငံမှာနေတာ ဒီကိစ္စကြောင့်ပေါ့"
လုယန် အံ့အားသင့်သွားသည်။ အကိုနှစ်ကို အမယွမ်နှင့် ပြဿနာဖြစ်၍ အနောက်နိုင်ငံသို့ နယ်နှင်ခံရသည်ဟု သူထင်ခဲ့သည်။ ဗုဒ္ဓနိုင်ငံတွင် အသက်ရှင်ရပ်တည်ဖို့ အစားအသောက်တောင်းစားရပြီး ဆင်းဆင်းရဲရဲနေရသည်၊ ဘုံကျောင်းများတွင် ဗုဒ္ဓရုပ်ထုအဖြစ်ဟန်ဆောင်ရသည်၊ အလွန်သနားစရာကောင်းသည်ဟု သူထင်ခဲ့သည်။
သူအတွေးလွန်နေခြင်းဖြစ်မှန်း ယခုမှသဘောပေါက်သည်။
"ဒါပေမယ့် နှစ်တွေကြာသွားတာတောင် သူဘာသဲလွန်စမှ မတွေ့ဘူး။ ဗုဒ္ဓနိုင်ငံက သူ့ကို အထပ်ထပ်အိမ်ပြန်လွှတ်တယ်။ နိုင်ငံထဲကို သူဆက်ပြီးခိုးဝင်နေရတယ်"
ယွမ်ကျိက စိတ်မကောင်းဟန်ဖြင့်ခေါင်းခါသည်။ အချိန်ကိုထိန်းချုပ်နိုင်သည့် မသေမျိုးတစ်ယောက်အကြောင်း သဲလွန်စရှာရသည်မှာ အတော်ခက်ခဲသည်။
အစကတည်းက ဓာတ်ငါးမျိုးဂိုဏ်းသို့သွား၍ လောကသစ်ပင်ကို သေချာလေ့လာကြည့်ခဲ့သင့်သည်။
"လောကသစ်ပင်က စွမ်းအားပြန်ပြည့်လာတယ်ဆိုတော့ အချိန်မသေမျိုး အသက်ရှင်နေသေးပြီး ဒီသစ်ပင်ထဲ ပြန်ဝင်လာနိုင်တဲ့သဘောလား"
နတ်မယ် ခေါင်းငြိမ့်သည်။
"ဖြစ်နိုင်ပါတယ်။ မသေမျိုးခန္ဓာအသစ်တစ်ခုတည်ဆောက်ဖို့က ခက်ခဲတယ်။ မူခန္ဓာကိုယ်သုံးတာက အကောင်းဆုံးပဲ။ နောက်တစ်ခုရှိသေးတယ်။ ယင်ထန်နဲ့တစ်ခြားမသေမျိုးတွေကိုလည်း ဓာတ်ငါးမျိုးဂိုဏ်းမှာ ငါတွေ့ခဲ့တယ်"
"ဘာတွေဖြစ်ခဲ့တာလဲ။ အသေးစိတ်ပြောပြပါဦး"
ယွမ်ကျိမျက်နှာ တည်ကြည်လေးနက်လာသည်။ တစ်ခေါက်တည်းသွားလည်ရုံဖြင့် လုယန်နှင့်နတ်မယ် ထိုမျှသတင်းအချက်အလက်များများ ဘယ်လိုရလာသည်မသိ။
မသေမျိုးနယ်မြေတွင် တွေ့ကြုံခဲ့ရသည်များကို နတ်မယ် အသေးစိတ်ပြန်ပြောသည်။ အချိန်လေဟာနယ်လမ်းကြောင်းမှ သူနှင့်အချိန်မသေမျိုး ပြောခဲ့သည့်စကားကို အလေးပေး၍ပြောပြသည်။ သို့သော် ယင်ထန်နှင့်ချီလင်သည် သူ့ချက်သည့်ဟင်းများမစားချင်၍ ကျားကစားနေခဲ့ခြင်းဖြစ်ကြောင်းတော့ သူမသိ။
ယွမ်ကျိ မျက်မှောင်နည်းနည်းကျုံ့သွားသည်။
"ကျွန်မ မသေမျိုးနယ်မြေကိုဝင်တုန်းက ဘာသမိုင်းပုံရိပ်မှ မမြင်ခဲ့ရဘူး။ ဒီလိုထူးခြားတဲ့ အဖြစ်အပျက်မျိုးတွေ ကျားကစားပွဲထဲမှာ ဖုံးကွယ်ထားမယ်လို့ မတွေးခဲ့မိဘူး"
လုယန် တွေးမရဖြစ်နေည်။ ကျားကစားပွဲကို ထိုးထွင်းသိမြင်သူများသည် ပုံရိပ်ကိုမြင်နိုင်သည်ဟု နတ်မယ်ပြောသည်။ သို့ဆိုလျှင် အမယွမ်က ဘာကြောင့်မမြင်ခဲ့သနည်း။
နတ်မယ်က လုယန်ကို အ,တတ်ရန်ကောဟူသည့်အကြည့်ဖြင့် ကြည့်သည်။
"ယင်ထန်မသေမျိုးက နောက်မျိုးဆက်တွေကို သမိုင်းပုံရိပ်ပြခဲ့တာက ဟန်ရေးပြရုံသက်သက်ပဲ။ ရှောင်ယွမ်လို ငါနဲ့တန်းတူအဆင့်ရှိတဲ့လူမျိုးအတွက်မဟုတ်ဘူး။ သူ့ကို သမိုင်းပုံရိပ်ပြလို့ ဘာအကျိုးရှိမှာလဲ"
လုယန် စဉ်းစားသည်။ မှန်သည်။ အမယွမ် တစ်ခုခုကိုနားလည်သွားလျှင်ပင် ယင်ထန်မသေမျိုးသုံးခဲ့သည့် နည်းလမ်းများကို သိပ်အံ့ဩမည်မဟုတ်။
"ဒါဆိုရင်တော့ ယင်ထန်မသေမျိုးက မသေမျိုးငါးယောက်ထဲမှာ ဦးနှောက်အရှိဆုံးဖြစ်မယ်။ အားလုံးကို စေ့စေ့စပ်စပ်စဉ်းစားနိုင်တယ်"
"နင်ဘာတွေလျှောက်ပြောနေတာလဲ။ ဉာဏ်အထက်ဆုံးကငါပါ။ သူကငါ့ထက်ပိုသာမယ်လို့ ထင်နေတာလား။
ငါ့လောက်သာဉာဏ်ကောင်းရင် သူတို့လေးယောက် အတူပူးပေါင်းပြီး ငါ့ကိုလျှို့ဝှက်လုပ်ကြံကြမှာပေါ့။ ပြီးမှ နောင်တစ်ချိန် ပြန်အသက်သွင်းကြမှာပေါ့။ အဲလိုဆို အားလုံးဖြေရှင်းပြီးသား ဖြစ်မသွားဘူးလား"
လုယန် "..."
တကယ်ကောင်းသည့်နည်းတစ်ခုဟုဆိုရမည်။ သို့သော် သာမန်လူတစ်ယောက် ထိုနည်းလမ်းမျိုး စဉ်းစားမိမည်မဟုတ်။
"သူတို့လေးယောက်က ခအခြေအနေကို အမှန်အတိုင်းပြောပြီး သူများအသတ်မခံရခင် ကိုယ့်ကိုယ်ကိုသတ်သေဖို့ ခင်ဗျားကိုသူတို့အကြံပေးသင့်တယ်လို့ ပြောမယ်ထင်ထားတာ"
"ဒါက ဒုတိယအစီအစဉ်လေ"
နတ်မယ်သည် ကြိုတင်ပြင်ဆင်ရာတွင် စေ့စပ်သူဖြစ်၍ နည်းလမ်းတစ်မျိုးတည်း စဉ်းစာသည်မဟုတ်။
သူတို့ပြောနေသည့်စကားများကို မကြားဟန်ဖြင့် ယွမ်ကျိက သုံးသပ်သည်။
"နတ်မယ်၊ ရှင်လုပ်ကြံခံခဲ့ရတာက အမှန်တရားပဲ။ တစ်ခြားမသေမျိုးလေးယောက်က ဒီကိစ္စကို ရှင့်ဆီကနေသိခဲ့တယ်။ တစ်ခုခုတော့ သူတို့ကြိုတင်ပြင်ဆင်ထားလိမ့်မယ်။ ရှင်အတွက် မပြင်ဆင်ရင်တောင် သူတို့အတွက်တော့ တစ်ခုခုပြင်ဆင်ခဲ့မှာပဲ။ ကိုယ့်အသက်ကိုယ်ကယ်ဖို့ ကြိုးစားတဲ့ နောက်ဆုံးအစီအစဉ်မျိုးဖြစ်လိမ့်မယ်။
ဒီတော့ ရှေးဟောင်းမသေမျိုးလေးယောက် အခုထိ အသက်ရှင်နေနိုင်သေးတယ်ဆိုတဲ့သဘောပဲ။ အချိန်မသေမျိုးအပါအဝင်ပေါ့။ သူတို့က သမိုင်းရဲ့အရိပ်တွေထဲမှာ ပုန်းခိုနေကြတယ်။ ဘယ်တော့မှမလှုပ်ရှားဘူး။ ဒါပေမယ့် ဒါဟာ သူတို့အခြေအနေ ဆိုးဝါးနေလို့လား ဒါမှမဟုတ် တစ်ခြားအကြောင်းရှိလို့လားမသိနိုင်ဘူး။
ရှင်တို့နှစ်ယောက် သမိုင်းပဲ့တင်ပုံရိပ်ကနေ နတ်မယ်နဲ့ပတ်သက်ပြီ ဘာသတင်းမှမရခဲ့တာရယ် အချိန်လေဟာနယ်လမ်းကြောင်း ပျက်စီးသွားတာရယ်ကိုကြည့်ရင် တစ်ယောက်ယောက်က အားလုံးကို ပိတ်ဆို့တားဆီးထားလို့ပဲဖြစ်ရမယ်။
အချိန်အရိယဖလက ထိရောက်မှုမရှိရင်တောင် စကားတစ်ခွန်းတည်း ဆက်သွယ်နိုင်တာကတော့ မဖြစ်သင့်ဘူး။ အချိန်မသေမျိုးကိုယ်တိုင်လည်း တစ်ခုခုက နှောက်ယှက်နေတယ်လို့ ပြောသွားတယ်။
သမိုင်းကို ပြောင်းလဲခဲ့တဲ့ အင်အားတစ်ခုရှိခဲ့ပုံရတယ်။ နောက်မျိုးဆက်တွေမသိအေင် သမိုင်းထဲက ရှင့်အကြောင်းကို ပိတ်ဆို့ထားတာ"
မသေမျိုးဟင်းချက်နည်းစာအုပ်၏ စာရေးသူနာမည်သည် 'ထာဝရနတ်မယ်'မှ 'ယင်ထန်မသေမျိုးသို့ ပြောင်းသွားသည်။ ရှေးဟောင်းခေတ်မသေမျိုးများကလည်း နတ်မယ်နေရာတွင် အချိန်မသေမျိုးကို အစားထိုးပြောကြသည်...။ အားလုံးက ဤအချက်ကို သက်သေခံနေသည်။
"သမိုင်းစာအုပ်ထဲက အချက်အလက်တွေကို အပြည့်အဝယုံလို့မရတဲ့သဘောပဲ။ တစ်ချို့အကြောင်းအရာတွေက ပြင်ဆင်ဖန်တီးထားတာ။ ဒီလိုလုပ်နိုင်စွမ်းရှိခဲ့တဲ့ လူတွေဟာ အရိယဖလပိုင်ရှင်တွေဖြစ်ဖို့များတယ်။ ကြောင်းကျိုးဆက်စပ်မှုအရိယဖလ၊ ကံကြမ္မာအရိယဖလ၊ သိစိတ်အရိယဖလ၊ စကားမှော်စွမ်းအားအရိယဖလ...အဲဒါမျိုးတွေပေါ့"
ယွမ်ကျိ သူ့ဘာသာရေရွတ်နေသည်။ ထို့နောက် လုယန်ကို ခဏကြည့်သည်။ လုယန်သည် ငယ်သေးသဖြင့် ထိုအကြောင်းများ သိပ်မသိသင့်ဟု သူယူဆသည်။ ဆက်မပြောတော့။
လုယန် အတော်ကသိကအောက်ဖြစ်သွားသည်.
"အမယမ်၊ စပြောပြီးမှ တစ်ပိုင်းတစ်စ ရပ်မထားနဲ့လေ"
ပြောသမျှထဲတွင် ကြောင်းကျိုးအရိယဖလအကြောင်းသာ သူသိသည်။ ဒုတိယနိုင်ငံ့ဆရာ၏ လုပ်ရပ်များပေါ်အခြေခံ၍ ထိုအရိယဖလ၏သက်ရောက်မှုများကို ခန့်မှန်းသုံးသပ်နိုင်သည်။
ကြောင်းကျိုးအရိယဖလသည် မသေမျိုးများကိုပင် လှည့်စားနိုင်သည်။ သူတို့ဖြစ်တည်မှုကို မေ့ပျောက်အောင်လုပ်နိုင်သည်။
မသေမျိုးများကို သတ်နိုင်သူသည် မသေမျိုးများသာဖြစ်ရမည်။ အမယွမ်စကားအရ ရှေးဟောင်းခေတ်တွင် ခြောက်ယောက်မြောက်မသေမျိုး ရှိခဲ့သည်ဟု ဆိုလိုခြင်းလော...။ ထိုမသေမျိုးသည် ကြောင်းကျိုးအရိယဖလကိုသုံး၍ သူ့ဖြစ်တည်မှုအကြောင်းများကို ဖျက်ဆီးလိုက်ခြင်းလော...
တစ်ခြားအရိယဖလသုံးမျိုးလည်း အလားတူအကျိုးသက်ရောက်များ ရှိပေလိမ့်မည်။
ခြောက်ယောက်မြောက်မသေမျိုး တကယ်ရှိခဲ့လျှင် နတ်မယ်သည် အတော်စွမ်းအားကြီးသူဖြစ်၍ ထိုမသေမျိုး၏ အရိယဖလက နတ်မယ်ကို သေချာပေါက်ဆန့်ကျင်တိုက်ခိုက်ပေလိမ့်မည်။
နတ်မယ်ကို လုယန် ထိုကိစ္စ တီးတိုးကျိတ်၍မေးသည်။ ထိုအရိယဖလများ၏ အကျိုးသက်ရောက်မှုကို နတ်မယ် သေချာပေါက်သိပေလိမ့်မည်။
သို့သော် နတ်မယ်ကို သူကျိတ်မေးနေချိန်တွင် ယွမ်ကျိကလည်း နတ်မယ်ကို မျက်လုံးဖြင့်သတိပေးနေကြောင်း သူမသိ။
ထိုအရိယဖလအကျိုးသက်ရောက်မှုများကို လုယန်သိပ်များများစားစားမသိသင့်သေးဟု နတ်မယ်ယူဆသည်။ ထို့ကြောင့် သူထပ်မရှင်းပြတော့။
"နတ်မယ်ကိုသတ်ခဲ့တဲ့ နောက်ကွယ်ကလူရဲ့ လျှို့ဝှက်ချက်က ဘာဖြစ်မလဲ"
ထိုအချက်ကို လုယန် စဉ်းစားမရ။ ရန်သူသည် ကြောင်းကျိုးအရိယဖလပိုင်ဆိုင်ထားသည်ဆိုပါစို့။ နတ်မယ်သည် လောကနှင့် ပဋိပက္ခမရှိ။ မသေမျိုးလေးယောက်နှင့် ရင်းနှီးသည်။ သူ့ကိုသတ်ခြင်းသည် မသေမျိုးလေးယောက်ကို ရန်စခြင်းသာဖြစ်သည်။
ဘာကြောင့် ထိုမျှအန္တရာယ်များသည့်အလုပ်ကို စွန့်စား၍လုပ်ခဲ့သနည်း။
"ရည်ရွယ်ချက်... အကြောင်းရင်း...သူ့အကျိုးစီးပွားနဲ့ပတ်သက်တဲ့ အကြောင်းရင်းတစ်ခုတော့ ရှိရမယ်"
ထို့နောက် သူ့ခေါင်းထဲ အတွေးတစ်ခုဝင်လာသည်။ သူ့မျက်လုံးများ အရောင်လက်လာသည်။
"သူ့အရိယဖလက ဝါးမျိုတဲ့စွမ်းရည်တွေ ပိုင်ဆိုင်ထားတာ ဖြစ်နိုင်တယ်။ အရိယဖလတွေ များများဝါးမျိုလေ ပိုသန်မာလေ ဖြစ်လာတာမျိုးပေါ့။ ဝါးမျိုခြင်းအရိယဖလလို့ နာမည်ပေးလို့ရတယ်။
ရှေးဟောင်းခေတ်မှာ မသေမျိုးငါးယောက်မကဘဲ ခုနစ်ယောက်ရှိခဲ့တာဖြစ်နိုင်တယ်။ ခြောက်ယောက်မြောက်မသေမျိုးက ကြောင်းကျိုးအရိယဖလပိုင်ဆိုင်မယ်။ ခုနစ်ယောက်မြောက်မသေမျိုးက ဝါးမျိုခြင်းအရိယဖလ ပိုင်ဆိုင်ထားမယ်။
ခုနစ်ယောက်မြောက်မသေမျိုးက ခြောက်ယောက်မြောက်မသေမျိုးကို ဝါးမျိုမယ်။ ကြောင်းကျိုးအရိယဖလစွမ်းအားကို ရသွားမယ်။ ဒီတော့ သူ့ဖြစ်တည်မှုကိုလည်း ဖုံးကွယ်နိုင်မယ်။
ခုနစ်ယောက်မြောက်မသေမျိုးက ပိုသန်မာချင်လို့ နတ်မယ်ကို လျှို့ဝှက်လုပ်ကြံမယ်။ ထာဝရအရိယဖလကို ဝါးမျိုပြီး မသေနိုင်တဲ့လူဖြစ်အောင် ကြိုးစားမယ်။ ဒါပေမယ့် ပြဿနာတစ်ချို့ပေါ်လာမယ်။ ရှေးဟောင်းမသေမျိုးလေးယောက် အချိန်မီရောက်လာလို့ ခုနစ်ယောက်မြောက်မသေမျိုးက အရိယဖလကို မဝါးမျိုနိုင်ခဲ့တာမျိုးပေါ့။
အဲလိုဆို ထာဝရဂိုဏ်းပေါ်လာတဲ့ကိစ္စလည်း အဖြေရှင်းသွားတယ်။ သူက ထာဝရအရိယဖလသန္ဓေကို ဝါးမျိုချင်လို့ ဒီဂိုဏ်းကို တည်ထောင်ခဲ့တာပဲ"
အားလုံး အဓိပ္ပါယ်ရှိလာသည်။
နတ်မယ်လည်း စိတ်လှုပ်ရှားလာသဖြင့် လုယန်ပုခုံးကို လက်ဖြင့်ပုတ်သည်။ ထိုအတိုင်း တကယ်အမှန်ဖြစ်မည်ဟု ခံစားရသည်။
"နင်ပြောတာ တကယ်ဖြစ်နိုင်တယ်"
ယွမ်ကျိက သူတို့ဆွေးနွေးမှုကို ကြားဖြတ်ဝင်ပြောသည်။
"တော်တော့ရှောင်လု၊ ဒီကိစ္စကို မင်းသိပ်ဝင်မပါနဲ့။ အန္တရာယ်များလွန်းတယ်။ အခုလောလောဆယ် ကိုယ့်ကျင့်ကြံမှုကိုပဲ အာရုံစိုက်ပါ"
"ဟုတ်"
******************************