← Chapters

ရွှေသန္ဓေဘိုးဘေး၏စွမ်အား

Vol. 38 Ch. 563

ရွှေသန္ဓေဘိုးဘေး၏စွမ်အား

Vol. 38 Ch. 563

အနည်းဆုံး ချီအလတ်တန်းဆင့်ရှိမည်ဟု ယူဆရသည့် စွမ်းအားရှင်နှစ်ယောက်က သူတို့မျိုးနွယ်ရှိရာသို့ လိုက်ချင်နေသည်။ တပ်မှူးလီ မဖီဆန်ရဲ။ သူ့စိတ်ထဲတွင် အကြောက်တရားနှင့် စိတ်ပျက်အားငယ်မှုများ ပြည့်နေသည်။

သူတို့မျိုးနွယ်သည် အားနည်းသည်။ ထိုစွမ်းအားရှင်နှစ်ယောက်ကို ဒေါသထွက်အောင်လုပ်မိလျှင် လက်တစ်ချက်ဝှေ့ယမ်းရုံဖြင့် သူတို့မျိုးနွယ် မျိုးသုဉ်းသွားနိုင်သည်။

အင်းဆက်မျိုးနွယ်တွင် မျိုးနွယ်စုတစ်ခု တည်ထောင်သည့်အုပ်စုမှန်သမျှ အနည်းဆုံး မျိုးနွယ်ဝင်သန်းချီရှိသည်။ မျိုးနွယ်တစ်ခု ဖျက်ဆီးခံရနိုင်သည်။ သို့သော် မျိုးနွယ်ဝင်လုံးဝမကျန်အောင် ဖျက်ဆီးဖို့တော့ အတော်ခက်ခဲသည်။ အရေအတွက်များပြီး မျိုးပွားနှုန်းအားကောင်း၍လည်း အင်ဆက်မျိုးနွယ်သည် ရှေးဟောင်းခေတ်မှ ယနေ့အထိ ရှင်သန်နိုင်ခြင်းဖြစ်သည်။

ရှေးဟောင်းခေတ်မျိုးနွယ်စုများ မရေမတွက်နိုင်အောင် မျိုးတုန်းပျောက်ကွယ်ခဲ့သည်။ သို့သော် အင်းဆက်မျိုးနွယ်များ နတ်ဆိုးနယ်မြေအနှံ့ ရှိနေဆဲဖြစ်သည်။ သူတို့၏ရှင်သန်ရပ်တည်နိုင်စွမ်းကို သက်သေခံနေသည်။

"နတ်ဆိုးမျိုးနွယ်မျိုးစုံ ငါစားဖူးတယ်။ ဒါပေမယ့် အင်းဆက်မျိုးနွယ်ကိုတော့ အခုထိ စားချင်စိတ်လုံးဝမရှိဘူး။ တစ်ခါမှလည်း မစားခဲ့ဘူး"

နတ်မယ်က ရွံရှာဟန်ဖြင့်ပြောသည်။ အင်းဆက်မျိုးနွယ်ကို သူလက်ရှောင်သည်။ သူ့လိုမသေမျိုးစားဖိုမှူးတစ်ယောက်ပင် လုံးဝမချက်လိုသည့် ဟင်းချက်ပစ္စည်းမျိုးရှိသည်။

"ဒါပေမယ့် အင်းဆက်တွေကို စားဖို့လည်းမလိုအပ်ပါဘူးလေ။ သူတို့က ငါ့ကိုတစ်ခါမှ ဒုက္ခမပေးဖူးဘူး"

"နတ်မယ်၊ ခင်ဗျားစားခဲ့တဲ့နတ်ဆိုးအားလုံးက ခင်ဗျားကိုဒုက္ခပေးခဲ့တဲ့သူတွေလား"

"ဒါပေါ့။ နတ်ဆိုးမျိုးနွယ်တွေ ဘယ်လောက်ရက်စက်ယုတ်မာမှန်း နင်မသိနိုင်ဘူး။ အထူးသဖြင့် သူတို့က ကျင့်ကြံသူတွေကိုစားရတာ သိပ်သဘောကျတာ။ ကျင့်ကြံသူအသွေးအသားတွေက သူတို့အတွက် အများကြီးအဟာရဖြစ်တယ်လေ။ ငါမသေမျိုးမဖြစ်ခင်ကဆို နတ်ဆိုးတွေအမြဲတမ်း လိုက်ဖမ်းခံရတယ်။

အဲဒီ့နေ့ရက်တွေက မလွယ်ကူခဲ့ဘူး။ သူတို့ကိုမသတ်ရင် သူတို့သတ်တာခံရမှာ။ ဒါကြောင့် ငါပြန်တိုက်ခိုက်ပြီး နတ်ဆိုးမျိုးနွယ်တစ်ချို့ကို သတ်ခဲ့တာ။

ငါ့ဘဝက ယင်ထန်တို့ ချီလင်တို့လို ကံအရမ်းကောင်းပြီး အခွင့်အရေးတွေ တစ်ခုပြီးတစ်ခုရခဲ့တာမဟုတ်ဘူး။ ကိုးဆမသေမျိုးကျတော့လည်း လျန်ရှန်းမျိုးနွယ်နောက်ခံရှိတယ်။ သူ့ကျင့်စဉ်လမ်းအတွက် ဘာမှစိုးရိမ်စရာမရှိဘူး။

အချိန်မသေမျိုးဆိုရင် ပြောမနေနဲ့တော့။ ငါချီအဆင့်ရောက်တဲ့အချိန် သူက ကူးဖြတ်ခြင်းအဆင့်ရောက်နေပြီလေ။

ငါက အောက်ခြေကစခဲ့ရတာ။ ဆင်းရဲလွန်းလို့ ကျင့်စဉ်အထောက်အပံ့တွေ မရခဲ့ဘူး။ စွမ်းအားတိုးတက်ဖို့ အထောက်အပံ့မရှိရင် အသတ်ခံရမှာပဲ။ ဒါကြောင့် နတ်ဆိုးမျိုးနွယ်တွေကို ငါသတ်စားခဲ့တာ"

နတ်မယ် သက်ပြင်းချသည်။ ထိုနေ့ရက်များသည် တကယ်မလွယ်ခဲ့။ သေရေးရှင်ရေးအခြေအနေများ မရေမတွက်နိုင်အောင် ဖြတ်ကျော်ခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် သူသည် တိုက်ရည်ခိုက်ရည်ကောင်းသည်။ ဆက်လက်ရှင်သန်နိုင်လောက်အောင် စွမ်းအားမြန်မြန်တိုးခဲ့သည်။

တပ်မှူးလီနောက်မှ လုယန်နှင့်မုန်ကျင်းကျိုး လိုက်သွားသည်။

တပ်မှူးလီ မိတ်ဆက်ရှင်းပြချက်အရ သူတို့မျိုးနွယ်ကို 'ရေအင်းဆက်'မျိုးနွယ်ဟု ခေါ်ကြောင်း သိရသည်။ စုန့်ရှောင်မီကို လက်ထပ်ချင်သည့်မျိုးနွယ်က အလောင်းအင်းဆက်မျိုးနွယ်ဖြစ်သည်။

"ရောက်ပါပြီ။ ဒီနေရာပါပဲ"

တပ်မှူးလီ ရှေ့သို့လက်ညှိုးထိုး၍ ပြောသည်။

လုယန်လှမ်းကြည့်သည်။ တော်နက်အတွင်း ကြယ်ရောင်များလင်းလက်နေသည်ကို မြင်ရသည်။ အလွန်တရာ သာယာလှပသည်။

အနီးသို့ရောက်ချိန်ကျမှ ထိုကြယ်ရောင်များသည် ပိုးစုန်းကြူးအလင်းရောင်များဖြစ်ကြောင်း နားလည်လာသည်။

မျိုးနွယ်ခေါင်းဆောင်က ဂိတ်တံခါးရှေ့တွင် စိတ်ပူပန်စွာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။ တပ်မှူးလီထံမှ သတင်းကိုစောင့်နေခြင်းဖြစ်သည်။ လီရှီချန်းကိုမမြင်ရမီ ကြီးမားသည့်သတ္တဝါကြီးနှစ်ကောင် အမှောင်ထုထဲမှ လျှောက်လာသည်ကို မြင်ရသည်။ မျက်လုံးများက လူသားစားသာရဲများလို တောက်ပနေသည်။ မျိုးနွယ်စုဆီ လှမ်းကြည့်နေသည်။

ချီတတိယအဆင့်စွမ်းအားကြီးအင်းဆက်ဖြစ်၍ ထိုသတ္တဝါကြီးနှစ်ကောင်ထံမှ ပြင်းထန်သည့်စွမ်းအင်ဖိအားကို သူခံစားရသည်။

ထိုသတ္တဝါများသည် အနည်းဆုံး ချီအဋ္ဌမအဆင့်ရှိပေလိမ့်မည်။

သူတို့မျိုးတုန်းတော့မည့် အန္တရာယ်ဖြစ်သည်..

"အားလုံးအသင့်ပြင်ကြ"

သူ့အမိန့်ကြောင့် မျိုးနွယ်စစ်သည်တော်များ ချက်ချင်းလှုပ်ရှားသည်။ သွားကြားထိုးတံလေးများ ကျောက်ခဲလေးများဖြင့် သတ္တဝါကြီးနှစ်ကောင်ဆီ ချိန်ရွယ်လိုက်ကြသည်။

"ခေါင်းဆောင်၊ မလုပ်နဲ့။ မတိုက်ခိုက်ပါနဲ့"

တပ်မှူးလီ ထိတ်လန့်သွားပြီး အမြန်လျှောက်သွား၍ ရှင်းပြသည်။ ထိုစွမ်းအားရှင်နှစ်ယောက် ဒေါသထွက်လျှင် ဆိုးဝါးသည့်အကျိုးဆက်များ ဖြစ်လာနိုင်သည်။

"ဒီနှစ်ယောက်က ထောင်ချုပ်ဂိုဏ်းက မုန်ယန်နဲ့ လုကျင်းကျိုးပါ။ နတ်ဆိုးနယ်မြေကို ပထမဆုံးအကြိမ် ရောက်ဖူးတာဖြစ်လို့ ကျုပ်တို့မျိုးနွယ်ဆီ လာလည်တာပါ"

မျိုးနွယ်‌ခေါင်းဆောင် စတ်သက်သာရာရသွားသည်။ တိုက်ပွဲဖြစ်လျှင် အနိုင်ရသည့်တိုင် ပေးဆပ်ရမည့်တန်ဖိုးက နည်းမည်မဟုတ်။

"ရှောင်မီနဲ့ ချီရွှေကို ကျုပ်ပြန်ခေါ်လာပါတယ်"

ကြိုးတုပ်ခံထားရသည့် စုန့်ရှောင်မီနှင့် ချီရွှေက ဒယိမ်းဒယိုင်ဖြင့် ခေါင်းဆောင်ဆီ လျှောက်သွားသည်။

"အဖေ၊ ကျွန်မ ဟိုလူနဲ့လက်မထပ်ချင်ဘူး"

"ခေါင်းဆောင်၊ ကျုပ်ကို ယုံပါ။ ကျုပ်ကိုအချိန်ပေးပါ။ ချီသတ္တမအဆင့်ရောက်အောင် ကျုပ်ကြိုးစားပါ့မယ်"

ခေါင်း‌ဆောင်က လူငယ်စုံတွဲကို ဒေါသမျက်လုံးဖြင့် စိုက်ကြည့်သည်။ ချီတတိယအဆင့် သူ့စွမ်းအင်ဖိအားက ကြီးမားလှသည်။

"အဓိပ္ပါယ်မရှိတာတွေမပြောနဲ့။ မင်းတို့က ဒီလိုဖြစ်ချင်တယ်ပေါ့။ ဧည့်သည်တော်တွေကို ငါဧည့်ခံရဦးမယ်။ မင်းတို့နဲ့ နောက်မှစာရင်းရှင်းမယ်။

...သူတို့ကိုခေါ်သွားတော့"

မျိုးနွယ်ခေါင်းဆောင် ပြန်လှည့်လာပြီး ဖျစ်ညှစ်၍ ပြုံးပြသည်။

"ဧည့်သည်တော်တို့၊ ဒီဘက်ကိုကြွပါခင်ဗျာ"

"ခဏနေပါဦး။ သူတို့ကို ခေါ်မသွားနဲ့ဦး"

မုန်ကျင်းကျိုးကပြောသည်။

"တာအိုရှင်၊ ညွှန်ကြားစရာတစ်ခုခုရှိလို့လား"

ခေါင်းဆောင်က လေးလေးစားစားမေးသည်။

မုန်ကျင်းကျိုး လက်နှစ်ဘက်နောက်ပစ်ရပ်လျက် တည်ငြိမ်သည့်လေသံဖြင့်ပြောသည်။

"ညွှန်ကြားစရာလား။ မရှိပါဘူး။ ကျုပ်က ချစ်သူရည်းစားတွေ နောက်ဆုံးကျရင် လင်မယားဖြစ်ရတယ်ဆိုတဲ့ သတ်မှတ်ချက်ကို သိပ်သဘောမကျဘူး။ ဒါပေမယ့် ဖိအားပေးပြီးအတင်းလက်ထပ်ခိုင်းတာမျိုးကို ပိုလို့တောင်သဘောမကျဘူး။

ဒီနှစ်ယောက် တကယ်မေတ္တာမျှနေတာဆိုရင် ခင်‌ဗျားတို့မျိုးနွယ်ကို ကျုပ်ထောက်ခံပေးပါ့မယ်"

နောက်ဆုံးတွင် သူ့အတွက် ဟန်ရေးပြခွင့်ရလာသည်။ ထိုအခွင့်အရေးကို လက်လွတ်မခံနိုင်။

လုယန်က သူ့ကို အမြင်ကပ်သည့်အကြည့်ဖြင့်ကြည့်သည်။ မုန်ကျင်းကျိုးအတွေးကို သူအလွယ်တကူ ခန့်မှန်းနိုင်သည်။

အတော်သနားစရာကောင်းသည်။ ချီတတိယအဆင့် အင်းဆက်အုပ်စုရှေ့တွင် ဟန်ရေးပြနေသည်။ အနည်းဆုံးတော့ အခြေတည်အဆင့်လောက် ရှာသင့်သည်။

စုန့်ရှောင်မီနှင့်ချီရွှေတို့ ပျော်ရွှင်သွားကြသည်။ ထိုမျှစွမ်းအားကြီးသူတစ်ယောက်က သူတို့ကို လိုလိုလားလားကာကွယ်ပေးမည်ဟု မျှော်လင့်မထားခဲ့။

မျိုးနွယ်ခေါင်းဆောင်လည်း ပျော်သွားသည်။ သူ့သမီးကို တစ်ခြားမျိုးနွယ်နှင့် လက်ထပ်ပေးစရာမလိုတော့။ သူတို့မျိုးနွယ်ကို ကာကွယ်ပေးမည့် စွမ်းအားရှင်တစ်ယောက် ရှိလာပြီဖြစ်သည်။ မယုံနိုင်လောက်အောင် ကံကောင်းခြင်းဖြစ်သည်။

မဟာစွမ်းအားရှင်နှစ်ယောက်၏ အကာအကွယ်ရသဖြင့် တစ်မျိုးနွယ်လုံး ပျော်ရွှင်နေပြီး ဝမ်းမြောက်ဝမ်းသာကြိုဆိုဧည့်ခံကြသည်။

ထိုမျိုးနွယ်တွင် အင်းဆက်ပုံစံဖြင့်ရှိနေသူ အတော်နည်းကြောင်း တွေ့ရသည်။ ပုံစံမပြောင်းနိုင်သည့် အင်းဆက်အများစုက အသိဉာဏ်ဖွံ့ဖြိုးပြီးဖြစ်သည်။ စကား‌တော့ မပြောနိုင်ကြ။

အသွင်ပြောင်းအင်းဆက်များသည် မျိုးနွယ်တွင် အရေးပါသည်။ ရွာကိုကာကွယ်ရသည်။ စီမံခန့်ခွဲရသည်။ အပြင်ထွက်၍ အမဲလိုက်ရသည်။

စုန့်ရှောင်မီနှင့်ချီရွှေကို ဖမ်းခဲ့သည့် အင်းဆက်များက ကာကွယ်ရေးတာဝန်ယူထားသူများဖြစ်သည်။

ရေအင်းဆက်မျိုးနွယ်က ဧည့်သည်နှစ်ယောက်ကို ထူးခြားသည့်ပုံစံဖြင့် ဧည့်ခံဖျော်ဖြေသည်။ လူသားများကို ပထမဆုံးအကြိမ် တွေ့ကြုံဖူးခြင်းမဟုတ်လောက်။ အတော်ကျွမ်းကျင်ကြသည်။

ဧည့်သည်နှစ်ယောက်က တင်ပျဉ်ခွေထိုင်နေသည်။ ပုရွက်ဆိတ်များက အတူစုပေါင်း၍ ခွက်များ၊ တူများ၊ အလှဆင်ပန်းပွင့်များကို သယ်လာသည်။

လုယန် အမျိုးအမည်မသိသည့် သစ်သီးတစ်လုံးကို ကိုက်ဝါးလိုက်သည်။ လတ်ဆတ်၍ အရသာရှိသည်။ ခွက်ထဲမှ သစ်သီးရည်ကို သောက်ကြည့်သည်။ လည်ချောင်းထဲတွင် အေးမြသွားသည်။ အစားအသောက်အားလုံးက အလယ်ပိုင်းတိုက်နယ်တွင်မရနိုင်သည် နတ်ဆိုးမျိုးနွယ်၏ ရှားပါးဒေသထွက်ကုန်များဖြစ်သည်။

ပိုစုန်းကြီးများက မီးလုံးများအဖြစ်ထမ်းဆောင်သည်။ အုပ်စုလိုက် စုစည်းနေကြသည်။ ကြယ်စုများကဲ့သို့ပင် အတော်ကြည့်ကောင်းသည်။ သူတို့နှစ်ယောက်က အထက်စီးမှ ငုံ့ကြည့်နေသည့် နဂါးငွေ့တန်းနှင့် ပမာတူသည်။

တစ်ခုတည်းသောချို့ယွင်းချက်က အကဖျော်ဖြေမှုဖြစ်သည်။ သူတို့ရှေ့တွင် ခြင်များအုပ်စုလိုက် ပျံသန်းကြသည်။

မုန်ကျင်းကျိုး၏ စိတ်ထိန်းချုပ်နိုင်စွမ်းက အတော်လေးစားစရာကောင်းသည်။ ခြင်များကို ရိုက်မဖယ်မိအောင် သူထိန်းထားနိုင်သည်။

ညချမ်းက စိတ်လှုပ်ရှားပျော်ရွှင်စရာအတိပြီးနေသည်။

.....

နောက်တစ်နေ့မနက်တွင် မဖိတ်ခေါ်ထားသည့် ဧည့်သည့်များ ရေအင်းဆက်ရွာသို့ ကျူးကျော်ဝင်ရောက်လာသည်။

အလောင်းအင်းဆက်မျိုးနွယ်တစ်စု ရောက်လာခြင်းဖြစ်သည်။ အင်းဆက်အသွင်ပြောင်းတစ်ယောက်က သစ်ရွက်တစ်ရွက်ပေါ်ထိုင်၍ ရေအင်းဆက်မျိုးနွယ်ခေါင်းဆောင်ကို အထက်စီးပုံစံဖြင့် ဆက်ဆံသည်။ သစ်ရွက်ပေါ်မှ လုံးဝမဆင်း။

သူသည် အလောင်းအင်းဆက်မျိုးနွယ်ခေါင်းဆောင်၏သား ချင်တုန်ဖြစ်သည်။

ရေမျိုးနွယ်ဝင်များနှင့် မလှမ်းမကမ်းမှ တောင်ကုန်းနှစ်ခုကို သူသတိထားမိသဖြင့် သူတွေးရခက်သွားသည်။ ပြီးခဲ့သည့်တစ်ခေါက်လာလည်စဉ်က ထိုတောင်ကုန်းများမရှိ။

သို့သော် ထိုအကြောင်း သူသိပ်တွေးနေဖို့မလို။

"မနေ့က ကျုပ်ရဲ့ဇနီးလောင်း ထွက်ပြေးခဲ့တယ်လို့ကြားတယ်။ အဲဒါဟုတ်လား"

"တူတော်ချင်တုန်က နောက်တတ်သားပဲ။ ဒီလိုကိစ္စမျိုး လုံးဝမရှိပါဘူး"

ရေအင်းဆက်ခေါင်းဆောင်က ခပ်တည်တည်ပြန်ပြောသည်။

ချင်တုန်၏မျက်လုံးများ မှေးစင်းသွားသည်။

"ဒါဆို ကျုပ်အထင်မှားတာလို့ ခင်ဗျားပြောနေတာလား"

သူ့ထံမှ ချီစတုတ္ထအဆင့် စွမ်းအင်ရောင် ထိုးထွက်လာသည်။

ရေအင်းဆက်ခေါင်းဆောင် ထိတ်လန့်သွားသည်။ ထိုမျှငယ်ရွယ်သူတစ်ယောက်က ချီစတုတ္ထအဆင့်ရောက်နေမည်ဟု ထင်မထားခဲ့။ သူတို့မျိုးနွယ်သမိုင်းတွင် တစ်ခါမှမကြားဖူးသည့် ပါရမီရှင်မျိုးဖြစ်သည်။

နှစ်ဘက်အုပ်စု အချေအတင်ဖြစ်နေကြစဉ် မိုးခြုန်းသကဲ့သို့ ကျယ်လောင်သည့်အသံတစ်ခု ထွက်လာသည်။ မြေပြင်တုန်ခါသွားသည်။ အင်းဆက်များ ကြောက်လန့်တကြား မြေပေါ်သို့ လဲပြိုသွားကြသည်။ ချင်တုန်လည်း သစ်ရွက်ပေါ်မှ ပြုတ်ကျလာသည်။

သူထိတ်ထိတ်လန့်လန့်ကြည့်နေစဉ်မှာပင် တောင်ကုန်းတစ်ခု သက်ဝင်လှုပ်ရှားလာသည်။ ညီညာသည့်မြေပြင်မှ ဖြေးညှင်းစွာ မြင့်တက်လာသည်။ နေအလင်းကို ပိတ်ဆို့သွားပြီး အားလုံးအပေါ် အရိပ်ကျလာသည်။

တောင်ကုန်းမဟုတ်။ လူတစ်ယောက်ဖြစ်သည်။

ထိုလူ၏မျက်လုံးများက နေနှစ်စင်းနှင့်တူသည်။ သူထုတ်လွှတ်သည့်စွမ်းအင်ဖိအားကြောင့် ချင်တုန် ခန္ဓာကိုယ်တဆတ်ဆတ်တုန်ခါလာသည်။

"ချီအဆင့်ပုရွက်ဆိတ်က ငါ့ရှေ့မှာလာပြီးလေကျယ်နေတယ်ပေါ့"

***************************************

All Chapters