← Chapters

တာအိုရှင်ဝစီပိတ်၏ကျေးဇူး

Vol. 38 Ch. 570

တာအိုရှင်ဝစီပိတ်၏ကျေးဇူး

Vol. 38 Ch. 570

"နတ်ဆိုးနယ်မြေကို စရောက်တော့ ဒီနယ်မြေကို ငါမကျွမ်းကျင်သေးဘူး။ အဲဒီ့စွန်နီက ငါ့ကိုလွယ်လွယ်အနိုင်ကျင့်လို့ရမယ်လို့ထင်ပြီး အခွင့်အရေးယူဖို့ ကြိုးစားတယ်။ ငါဒေါသထွက်ပြီး သူ့ကိုသတ်လိုက်တယ်။

အဲဒီ့စွန်နီက သူတို့မျိုးနွယ်ရဲ့ဂုဏ်ဆောင်လေ။ မျိုးနွယ်ပါရမီရှင်တွေအားလုံးရှေ့မှာ သူ့ကိုသတ်လိုက်တော့ အကြီးအကျယ်သိက္ခာကျစရာ ဖြစ်သွားတာပေါ့။ စွန်နီမျိုးနွယ်က ငါ့ကိုဘယ်အလွတ်ပေးမလဲ။ အတော်ကြာအောင် ငါထွက်ပြေးခဲ့ရတယ်"

"နောက်တော့ ဘယ်လိုဖြစ်သွားလဲ"

"နောက်တော့ ငါ့ကိုကူပြီးတိုက်ခိုက်ပေးဖို့ အမယွမ်ကိုပြောလိုက်တယ်။ အခု စွန်နီတွေ အတော်ငြိမ်သွားပါပြီ။ အနည်းဆုံး‌တော့ ပေါ်ပေါ်ထင်ထင်မလုပ်ကြတော့ဘူးလေ"

ကန်ထင်က ရယ်နေသည်။ ယခု သူ့နောက်သို့လိုက်နေသူ အတော်များသည်။ ထိုလူများထဲတွင် စွန်နီမျိုးနွယ်မှ တိတ်တဆိတ်စေလွှတ်ထားသည့် လုပ်ကြံရေးသမားများလည်းပါသည်။

ကန်ထန်အကြောင်း လုယန်ကြားဖူးသည်။ ဝိညာဉ်ပြောင်းအဆင့်တွင် နတ်ဆိုးနယ်မြေသို့ဝင်သည်။ အဆင့်တူနတ်ဆိုးပါရမီရှင်တစ်ယောက်ကို အလွယ်တကူသတ်ဖြတ်ခဲ့သည်။ စွန်နီမျိုးနွယ်လိုက်ဖမ်းသည်ကိုပင် လွတ်အောင်ထွက်ပြေးနိုင်ခဲ့သည်။ ထိုအစွမ်းအစသည် သိပ်မသေးလှ။

သုံးယောက်သား လျှို့ဝှက်မြေသို့ဝင်ကြသည်။ သဲဝါများ လေထဲတွင်ပြည့်နေသည်။ လေဝဲများထဲတွင် ကျောက်တုံးကျောက်ဆောင်များ လွင့်ပါနေသည်။ ထိုလေဝဲထဲ ရောပါသွားသူမှန်သမျှ မုချသေလိမ့်မည်။

လေကပြင်းလွန်းသည်။ လုယန်နှင့်မုန်ကျင်းကျိုးတို့ လွင့်ပါမတတ်ဖြစ်နေသည်။

သဲမုန်တိုင်းကောင့် မြင်ကွင်းက ဝေဝါးနေသည်။ ဝိညာဉ်အာရုံလည်း ဖြန့်ဖို့ခက်သည်။

"ဒါက လေငြိမ်ပုလဲပါ။ တစ်ယောက်တစ်လုံးစီယူကြ"

ကန်ထန်က အစိမ်းရောင်ပုလဲတစ်လုံးစီပေးသည်။ ပုလဲလုံးကို ဆုပ်ကိုင်လိုက်သည်နှင့် သူတို့ခန္ဓာကိုယ် ပေါ့ပါးသွားသည်။ ဘေးပတ်လည်တွင် လေလုံးဝမတိုက်သလို ဖြစ်နေသည်။ သက်တောင့်သက်သာ လမ်းလျှောက်နိုင်သည်။

"ဘေးပတ်လည်မှာ လေမတိူင်လို့မဟုတ်ဘူး။ လေငြိမ်ပုလဲက တိုက်နေတဲ့လေရဲ့ ဆန့်ကျင်ဘက်ဦးတည်ရာကို လေပြန်ထုတ်ပေးတယ်။ ဒါကြောင့် နင်တို့ပတ်လည်မှာ လေငြိမ်သလိုဖြစ်သွားတာ"

နတ်မယ်က ရှင်းပြသည်။

"စွန်နီတွေရဲ့ ဗီဇစွမ်းရည်က လေပြင်းနဲ့မြူခိုးပဲ။ ဒီလေငြိမ်ပုလဲနှစ်လုံးက စွန်နီဦးခေါင်းခွံကို သန့်စင်ထားတာဖြစ်လောက်တယ်"

"တကယ်ထူးခြားတဲ့ရတနာပဲ"

"နင်တို့နှစ်ယောက် ငါနဲ့အတူကပ်လိုက်ခဲ့ပါ။ မဟုတ်ရင် လမ်းပျောက်သွားလိမ့်မယ်"

ကန်ထန်က အသံကျယ်ကျယ်ဖြင့် သတိပေးသည်။

"အမသုံးက ရှေ့လမ်းကို မြင်ရလို့လား"

"မမြင်ပါဘူး။ ဒါပေမယ့် ခံစးနိုင်တယ်။ နတ်ဆိုးနယ်မြေကိုရောက်ပြီးတော့ တစ်ခြားအာရုံတွေကို လေ့ကျင့်ဖို့ ငါ့မျက်လုံးတွေကို အုပ်ထားခဲ့တာ။ မျက်စိအာရုံနဲ့ ဝိညာဉ်အာရုံကို အားမကိုးတော့ဘူး"

ကျင့်စဉ်အဆင့်မြင့်လာသည်နှင့်အမျှ ကျင့်ကြံသူတို့၏ခန္ဓာအာရုံငါးပါးနှင့် ဝိညာဉ်အာရုံတို့လည်း ပိုထက်မြက်က်လာသည်။ သို့သော် နောက်ထပ်တိုးတက်မှုရဖို့ ရထားသည့်ကျင့်စဉ်စွမ်းရည်လောက်ဖြင့် တင်းတိမ်နေ၍မဖြစ်။ သီးခြားလေ့ကျင့်မှုမျိုးလိုအပ်သည်။

"အမသုံး၊ အလယ်ပိုင်းတိုက်နယ်နဲ့ နတ်ဆိုးနယ်မြေကြားက မြူတွေကိုမြင်ခဲ့လို့ အမရဲ့အာရုံလေးပါးကိုလေ့ကျင့်ဖို့ စိတ်ကူးရလာတာလား"

နတ်ဆိုးနယ်မြေအဝင်မှ မြူများအကြောင်း မုန်ကျင်းကျိုး တွေးမိသည်။

"ဟုတ်တယ်။ ဒီမြူတွေကြောင့် ငါအတွေးရလာတာ"

"ဒါဆို အမသုံး၊ နတ်ဆိုးနယ်မြေက အလယ်ပိုင်းတိုက်နယ်နဲ့ ဘာလို့ဒေါင်လိုက်ရှိနေလဲဆိုတာသိလား။ အရှေ့ပင်လယ်၊ ဗုဒ္ဓနိုင်ငံနဲ့ မြောက်ပိုင်းနယ်မြေတွေကရော ဘယ်လိုအခြေအနေရှိလဲ"

"နင်တို့ဒီလိုမေးမယ်ဆိုတာ ငါသိပြီးသားပါ။ လောလောဆယ် အချိန်မရသေးဘူး။ ဒီကနေထွက်ပြီးမှ အေးအေးဆေး‌ဆေးရှင်းပြမယ်"

"အချိန်မရဘူး...ဟုတ်လား"

"ဟုတ်တယ်။ ဟိုနတ်ဆိုးအိုတွေက ငါဒီမှာရှိနေမှန်း သိသွားရင် ငါ့ကိုသတ်ဖို့ သေချာပေါက်လူလွှတ်ကြမှာ။ သူတို့မရောက်ခင် ဒီလျှို့ဝှက်မြေကထွက်သွားတာ အကောင်းဆုံးပဲ"

"အမက တာအိုလမ်းစဉ်ဂိုဏ်းဝင်ဆိုတာ သတင်းပေါက်သွားလို့လား"

တာအိုလမ်းစဉ်ဂိုဏ်းဝင်၊ မုန်မိသားစုသခင်လေးဟူသည် နောက်ခံနှစ်မျိုးပိုင်ဆိုင်သူဖြစ်၍ မုန်ကျင်းကျိုးသည် ကိုယ့်လုံခြုံရေးကို အမြဲဂရုစိုက်သည်။ ဦးလေးပါး၏စကားကို အရေးစိုက်သည်။

"မဟုတ်ပါဘူး။ ငါ့ကိုယ်ပိုင်စွမ်းရည်တွေကြောင့် ပစ်မှတ်ထားခံရတာပါ"

ကန်ထန်က ဗျတ်စောင်းကို အသာအယာတီးခတ်၍ တိုးဝင်လာသည့် ကျောက်ဆောင်များကို လမ်းရှင်းရင်း ပုံမှန်လေသံဖြင့်ပြောသည်။

"‌ရောက်ပြီ"

ကျောက်သားခန်းမတစ်ခုသို့ သူတို့ရောက်လာသည်။ အမျိုးအမည်မသိ မှော်စက်ဝန်းတစ်ခုဖြင့် သဲမုန်တိုင်းများ လေဝဲများမဝင်နိုင်အောင် ကာကွယ်ထားသည်။ အပြင်လောကနှင့် ပိုင်းခြားထားသကဲ့သို့ တည်ငြိမ်အေးချမ်းနေသည်။

‌ကျောက်သားခန်းမရှေ့တွင် စွန့်နီကျောက်ရုပ်နှစ်ခုရှိသည်။ လူစိမ်းများချဉ်းကပ်လာသည်ကို အာရုံခံမိသည်နှင့် ကျောက်ရုပ်များက ခုခံတိုက်ခိုက်တော့မည်ဟန် ပြင်ကြသည်။

ကန်ထန်က သေချာပင်စိုက်မကြည့်ဘဲ ကျောက်ရုပ်နှစ်ခုကို လက်ဝါးဖြင့်ရိုက်ခွဲလိုက်သည်။ ရုပ်ထုများထဲမှ သော့တစ်ပိုင်းစီ ကောက်ယူသည်။ အတူပူးဆက်လိုက်သည်။ ပြည့်စုံသည့် သော့တစ်ချောင်းဖြစ်လာသည်။ ကျောက်သားခန်းမကိုဖွင့်သည်။

လုယန်မျက်လုံးများ မှေးစင်းသွားသည်။ ထိုစွန်နီကျောက်ရုပ်နှစ်ခုသည် ပေါ့သေးသေးမဟုတ်။ အချိန်တိုအတွင်း ဝိညာဉ်ပြောင်းအခြေခံအဆင့် တိုက်ခိုက်စွမ်းအားမျိုး ထုတ်သုံးနိုင်စွမ်းရှိသည်။

သူနှင့်မုန်ကျင်းကျိူးနှစ်ယောက်တည်း လျှို့ဝှက်မြေကိုဝင်ခဲ့လျှင် ထိုကျောက်ရုပ်နှစ်ခုကိုပင် ရင်ဆိုင်ဖို့ အတော်ခက်လိမ့်မည်။

"ဒါဟာတကယ် နတ်ဝိညာဉ်အဆင့်စွမ်းအားရှိတဲ့လူမှ ဝင်နိုင်တဲ့နေရာပဲ"

ကျောက်သားခန်းမတံခါးကြီးက ကျယ်လောင်စွာအော်မြည်၍ ပွင့်သွားသည်။ ဝိညာဉ်ကျောက်တုံးပုံလေးတစ်ခုနှင့် မိတ်လိုက်ခြင်းကျင့်ကြံနည်းစာအုပ်တစ်ချို့ ပေါ်လာသည်။

စွန်နီမျိုးနွယ်သည် နဂါးမျိုးနွယ်ခွဲတစ်ခုဖြစ်သည်။ နဂါးမျိုးနွယ်၏ ရာဂထူပြောသည့်ဗီဇကို အမွေခံထားသည်။ မိတ်လိုက်ခြင်းကျင့်ကြံနည်းများကို စွဲလန်းကြသည်။ အမသုံးကို စွန်နီက အပိုင်သိမ်းဖို့ ကြိုးစားခဲ့သည်မှာလည်း ထိုအကြောင်းများကြောင့်ဖြစ်သည်။

အခန်းထဲတွင် မျက်စိစူးလောက်သည့် တစ်ခြားအဖိုးတန်ရှားပါးရတနာများလည်း မျိုးစုံရှိသည်။

မုန်ကျင်းကျိုး ကြေးဝါရောင်သစ်သီးတစ်လုံး ကောက်ကိုင်ကြည့်သည်။ ကျောက်စိမ်းသားလို အေးမြသည်။ သစ်သီးထဲတွင် အသက်ဓာတ်များပါသည်ကို အာရုံခံမိသည်။

"ဒါက မူပိုင်ကျင်းယွီလား"

သဘာဝရတနာဖြစ်သည့် မူပိုင်ကျင်းယွီသစ်သီးသည် ရှေးဟောင်းခေတ်ကတည်းက ရှိခဲ့သည်။ ဖြစ်ထွန်းလာဖို့ အလွန်တရာခဲယဉ်းသည်။ အသိဉာဏ်ဖွံ့ဖြိုးပြီးသည့် ဝိညာဉ်ပင်တစ်ပင်က အမြစ်မှတစ်ဆင့် ရွှေ(သတ္တု)စွမ်းအင်များကို စုပ်ယူပြီး ဤသစ်သီးမျိုးကို မွေးဖွားသည်။ ရွှေဝိညာဉ်မြစ်ကျင့်ကြံသူများအတွက် အလွန်အကျိုးထူးသည်။ အသက်ဓာတ်ကိုတိုးပွားစေပြီး သတ္တုထိန်းချုပ်နိုင်စွမ်း မြင့်မားစေသည်။

မုန်ကျင်းကျိုးသိထားသလောက်တော့ ဓာတ်ငါးမျိုးဂိုဏ်းတွင်သာ ထိုသစ်သီးမျိုးရှိသည်။ ရွှေစွမ်းအင်ကြောများထဲ အမြစ်တည်နေသည့် ဝိညာဉ်ပင်များတွင်သာ ပေါက်ဖွားသည်။ ပေါက်ဖွားနှုန်း အလွန်နည်းသည်။

"ဒီစွန်နီက ဓာတ်ငါးမျိုးဂိုဏ်းတည့်တစ်ယောက်ကို သတ်ခဲ့တာများလား။ လူကိုသတ်ပြီး လုယူခဲ့တာလား"

"ငါတော့အဲလိုမထင်ဘူး"

လုယန်က ပြောသည်။

"ဘာလို့လဲ"

အနီးတွင်ရှိနေသည့် စက္ကူတစ်ရွက်ကို လုယန်ကောက်ယူပြီး လှုပ်ခါလိုက်သည်။

"ဒါက ဓာတ်ငါးမျိုးဂိုဏ်းက အရောင်းအဝယ်ပြေစာပဲ။ သစ်သီးအရည်အသွေး တစ်ခုခုမူမမှန်ရင် ပြန်လဲလို့ရတယ်"

မုန်ကျင်းကျိုး "..."

...ခင်ဗျားတို့ဓာတ်ငါးမျိုးဂိုဏ်းရဲ့ စီးပွားရေးလက်တံက ကျုပ်တို့မုန်မိသားစုထက်တောင် ပိုရှည်နေပါလား...

လုယန် နောက်ထပ်စာရွက်တစ်ရွက် ကောက်ယူသည်။

"ဒါက စွန်နီရဲ့ ကြွေးကတိစာချုပ်ပဲ။ သစ်သီးဝယ်ဖို့ ကုန်သည်တွေဆီက ငွေအတော်များများချေးထားတယ်။ အခုထိ သူအကြွေးတင်နေတဲ့သဘောပဲ"

စွန်နီသည် ချင်ဟော်ရန်လို ကြောင်းကျိုးကံကြမ္မာမှော်ပညာမျိုးမတတ်သဖြင့် သူ့အကြွေးကို တစ်ခြားလူဆီလွှဲပေးနိုင်ခဲ့ပုံမပေါ်။

ဤစွန်နီသည် မျိုးနွယ်ပါရမီရှင်များထဲမှ တစ်ယောက်သာဖြစ်သည်။ မျိုးနွယ်တူပါရမီရှင်များကြားမှ အပြိုင်အဆိုင်က ပြင်းထန်သည်။ တစ်ချို့အရာများကို မဖြစ်မနေ ကိုယ်တိုင်ဝယ်ယူရသည်။ တိုက်ခိုက်ယူရသည်။ သို့မဟုတ် ချေးငှားယူရသည်။

"ဒါဆိုရင် ကွက်တိပဲ။ ဒီသစ်သီးကို မင်းအတွက် သိမ်းထားလိုက်တော့။ ဒီသစ်သီး မင်းရဲ့ဓားချီစွမ်းအားကို မြှင့်တင်ပေးနိုင်တယ်"

မုန်ကျင်းကျိုး သစ်သီးကို လုယန်ဆီပစ်ပေးသည်။

"ကဲ၊ ပစ္စည်းတွေကို ကျောက်စိမ်းတံဆိပ်ထဲ မြန်မြန်ထည့်ကြတော့။ အပြင်ရောက်မှ စိတ်ကြိုက်ရွေးလို့ရတယ်"

ရန်သူများဝိုင်းလိုက်သည့်အဖြစ်ကို အတွေ့အကြုံများခဲ့သည့်ကန်ထန်က ပြောသည်။ ထွက်ခွာဖို့ အချိန်တန်ပြီဖြစ်ကြောင်း သူသိသည်။ မဟုတ်လျှင် နောက်ကျသွားတော့မည်။

လုယန်နျင့်မုန်ကျင်းကျိုးတို့ ကျောက်စိမ်းတံဆိပ်ကိုယ်စီထုတ်၍ စွန်နီ၏အမွေအနှစ်များကို အကုန်သိမ်းယူသည်။

"သွားစို့"

ကန်ထန်က သားရဲသားရေချပ်တစ်ခုထုတ်ဖြန့်၍ သူတို့နှစ်ယောက်ကို ထိုင်ခိုင်းသည်။ ထို့နောက် သဲမုန်တိုင်းကို စိုက်ကြည့်လိုက်ပြီး လျှို့ဝှက်မြေမှ ထိုးထွက်သည်။

"ဘုန်း"

သူတို့သုံးယောက် အပြင်ဘက်သို့ရောက်သည်နှင့် အပြင်းအထန်တိုက်ခိုက်ခံရသည်။ သားရေချပ် ပြင်းထန်စွာတုန်ခါနေသည်။ သုံးယောက်လုံး လိမ့်ကျမတတ်ဖြစ်နေသည်။

"နတ်ဆိုးသံစဉ်မယ်၊ ဒီနေ့ မင်းဘယ်ပြေးမလဲ ကြည့်ရသေးတာပေါ့"

"မင်းအသက်ကိုပေးစမ်း"

"မင်းဒုက္ခပေးခဲ့တာများပြီ။ ဒီနေ့မင်းကို အသေသတ်မယ်"

စုစည်းခြင်းကျင့်ကြံသူတစ်စု လျှို့ဝှက်မြေဝင်ပေါက်ရှေ့တွင် ပိတ်ဆို့ထားသည်။ စွမ်းအားပြည့်တိုက်ခိုက်မှုအားလုံး သားရေချပ်ပေါ်ကျလာသည်။ လုယန်နှင့်မုန်ကျင်းကျိုးတို့ ထိတ်လန့်သွားသည်။

သူတို့နှစ်ယောက်က ရွှေသန္ဓေအဆင့်သာရှိသေးသည်။ အချိန်မတန်သေးဘဲ တာအိုရှင်ဝစီပိတ်လိုဒုက္ခမျိုး ဘာကြောင့်ကြုံတွေ့နေရသည်မသိ။

တိုက်ခိုက်မှုများ ဆက်တိုက်ကျလာသည်။ သားရေချပ်တွင် အပေါက်များပေါ်လာသည်။ သားရေချပ်ပေါ်မှလူများ တဖြေးဖြေးအလင်းပုံရိပ်လိုဖြစ်လာသည်။

"ဟာ...မဟုတ်တော့ဘူးဟေ့...ဒါက တံလျပ်ပုလဲနဲ့ဖန်တီးထားတဲ့ ပုံရိပ်ယောင်ပဲ"

"နင်တို့ငါ့ကို ဖမ်းနိုင်မယ်ထင်နေတာလား"

ပုံရိပ်ယောင်ကြေမွသွားပြီးနောက် ကန်ထန်က ခနိုးခနဲ့ပြောပြီး အလင်းတန်းတစ်ခုအသွင်ပြောင်း၍ အခွင့်အရေးကိုလက်လွတ်မခံဘဲ ဝိုင်းထားသည့်လူစုကြားမှ ထိုးဖောက်ထွက်သွားသည်။

ယခု သူ့စိတ်ထဲတွင် တာအိုရှင်ဝစီပိတ်သင်ပေးခဲ့သည့် ပထမဆုံးသင်ခန်းစာကို ပြန်သတိရနေသည်။

"ရှောင်ကန်၊ ငါ့ရဲ့တတိယတပည့်အနေနဲ့ မင်းပထမဆုံးသင်ယူရမှာက ထွက်ပြေးနည်းပညာပဲ"

အကြပ်အတည်းများကြားမှ သူအကြိမ်ကြိမ်ထိုးဖောက်ရှင်သန်နိုင်အောင် ကူညီပေးခဲ့သည့် တာအိုရှင်ဝစီပိတ်၏ သင်ခန်းစာများသည် တကယ်အရေးပါလှသည်။

********************************

All Chapters