← Chapters

လက်သီးတစ်ချက်ဆိုလျှင် လုံလောက်သည်

Vol. 1 Ch. 14

လက်သီးတစ်ချက်ဆိုလျှင် လုံလောက်သည်

Vol. 1 Ch. 14

“လက်သီးသုံးချက်ကို တိုက်ရိုက်ခံယူမယ်...”

လော့ချန်၏ စကားသံထွက်ပေါ်လာသည်နှင့် ဆူညံပွက်လောရိုက်နေသော လောင်းကစားဝိုင်းက ရုတ်တရက် တိတ်ဆိတ်သွားသည်။

“ဒီလော့ချန်က ရူးသွားတာလား...”

လူအုပ်ကြီးက အံ့အားသင့်ပြီးနောက် ထူးဆန်းသော အကြည့်များဖြင့် လော့ချန်ကို ကြည့်လိုက်ကြသည်။ မယုံကြည်နိုင်သော မျက်လုံးများဖြင့် စူးစိုက်ကြည့်နေကြသည်။

လင်နှင့် ချီမိသားစု၏ ထိပ်တန်းပါရမီရှင်များက ထိုနေရာတွင် မရှိသော်လည်း သန်မာသူများမှာ မနည်းလှပေ။

လင်ရှောင်တစ်ယောက်တည်းပင် ခန္ဓာသန့်စင်မှုအဆင့်ခုနစ်သို့ တက်လှမ်းပြီးဖြစ်ပြီး သူနိုးထထားသော သိုင်းဝိညာဉ်မှာ ကြယ်လေးပွင့်အဆင့် ရှိသည်။

အသုံးမကျသော သိုင်းဝိညာဉ်နိုးထသူတစ်ဦးသည် မည်သည့်အရည်အချင်းဖြင့် ထိုကဲ့သို့ မာန်တက်စွာ ကြွားဝါရဲသနည်း။

“အလောင်းအစားလုပ်မယ်တဲ့လား...”

လင်ရှောင်လည်း လော့ချန်၏ စကားကြောင့် အံ့အားသင့်သွားပြီး မျက်လုံးပြူးသွားသည်။

လော့ချန်က ခေါင်းညိတ်ပြလျက် လင်နှင့် ချီမိသားစု၏ လူငယ်များကို တစ်ချက်ကြည့်ကာ ပြုံးလျက်... ခပ်သွက်သွက် ပြောလိုက်၏။

“ဇွမ်ယွမ်ကွယ်မှာ ဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်ကို ဒီလောက်မြန်မြန် မေ့သွားကြတာလား... ကလဲ့စားမ ချေချင်ကြဘူးလား...”

“ဒီလောက်တောင် မာန်တက်နေတာလား...”

“လင်ရှောင် သူ့ကို သင်ခန်းစာတစ်ခုပေးလိုက်စမ်း...”

“ငါလုပ်မယ်... သူ့ရဲ့လက်နှစ်ဖက်နဲ့ ခြေထောက်နှစ်ဖက်ကို ရိုက်ချိုးပစ်မယ်...”

လော့ချန်၏ စကားများသည် ဆီပုံထဲသို့ မီးပွားတစ်ခု ကျသွားသကဲ့သို့ ဖြစ်သွားပြီး လင်နှင့် ချီမိသားစုမှ လူများသည် ဒေါသတကြီး ထလာကြသည်။

လင်ရှောင်က လက်ကို ဝှေ့ယမ်းလျက် လူအုပ်ကြီးကို တိတ်ဆိတ်စေပြီး လော့ချန်ကို စိုက်ကြည့်ကာ မထီမဲ့မြင် ပြုလျက် လေးနက်စွာ ပြောလိုက်သည်။

“ငါ ဘာလို့ မင်းနဲ့ အလောင်းအစားလုပ်ရမှာလဲ... ပြီးတော့ မင်းမှာ ငွေကျပ်သုံးဆယ့်ရှစ်သိန်း တကယ်ရောရှိရဲ့လား... မင်းလျှောက်ပြောမနေနဲ့... ငါ သုံးနှစ်သားကလေးလေးမဟုတ်ဘူး...”

လော့ချန်က လာရင်းလမ်းတွင် ဗျူဟာတစ်ခုကို စဉ်းစားထားပြီး ဖြစ်သည်။ သူ့တွင် လင်ရှောင်အား ငြင်းဆန်မရစေနိုင်သော အကြောင်းပြချက်တစ်ခု ရှိသည်။

လော့ချန်သည် လက်တစ်ဖက်ကို ရင်ဘတ်ထဲသို့ ထိုးသွင်းလျက် အနီရောင်ကျောက်သလင်းသီးမှ သန့်စင်ထားသော ဆေးလုံးနှစ်လုံးကို ထုတ်ယူလိုက်ပြီး... လေးနက်စွာ ပြောလိုက်သည်။

“ဒါက အနီရောင်ဆေးလုံး ကြယ်နှစ်ပွင့်အဆင့်မြင့် ခန္ဓာသန့်စင်ဝိညာဉ်ဆေးပဲ... ဒီဆေးလုံးက ခန္ဓာသန့်စင်မှုအဆင့်ရှိ သိုင်းသမားတွေရဲ့ ခန္ဓာကိုယ်ကို အချိန်တိုအတွင်း သိသိသာသာ သန်မာလာစေနိုင်တယ်...”

“ကြယ်နှစ်ပွင့်အဆင့်မြင့် ခန္ဓာသန့်စင်ဝိညာဉ်ဆေးတဲ့လား...”

လော့ချန်၏ စကားသံထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးထံမှ အံ့အားသင့်သံများ ထွက်ပေါ်လာပြီး အနီရောင်ဆေးလုံးနှစ်လုံးပေါ်သို့ စူးစိုက်သော အကြည့်များ ရောက်ရှိလာသည်။

ထိုနေရာတွင်ရှိသော လူအများစုသည် ကြယ်နှစ်ပွင့်အဆင့် ခန္ဓာသန့်စင်ဝိညာဉ်ဆေးကိုပင် တစ်ကြိမ်မှ မမြင်ဖူးကြပေ။

လင်ရှောင်က အေးစက်စွာ ရယ်မောလျက် ပြောလိုက်၏။

“ကြယ်နှစ်ပွင့်အဆင့်မြင့် ခန္ဓာသန့်စင်ဝိညာဉ်ဆေးတဲ့လား... ငါသိထားတာကတော့ ကြယ်နှစ်ပွင့်ဝိညာဉ်ဆေးဆိုရင် ဆေးလုံးမျက်နှာပြင်မှာ ကြယ်ရောင်စဉ်အလင်းနှစ်ခုရှိရမယ်... မင်းရဲ့ဒီဆေးလုံးက တန်ဖိုးကြီးပုံပေါက်လှပေမယ့် ကြယ်ရောင်စဉ်အလင်းတစ်ခုတောင် မရှိဘူး... ဒါက ကြယ်တစ်ပွင့်အဆင့်တောင် မဟုတ်ဘူး...”

“လော့ချန် မင်းတို့ လော့မိသားစုက ဒီလိုမျိုး လှည့်စားလိမ်ညာတတ်တဲ့သူတွေလား...”

ကြယ်နှစ်ပွင့်အဆင့်မြင့် ခန္ဓာသန့်စင်ဝိညာဉ်ဆေးသည် မည်မျှလောက် တန်ဖိုးကြီးမားသည်ကို သူသည် လင်မိသားစု၏ ဒုတိယသခင်လေးဖြစ်နေရက်နှင့် ထိုဆေးလုံးကို သုံးခွင့်မရခဲ့ပေ။

လင်ရှောင်သည် လော့ချန်က ထိုကဲ့သို့ ဆေးလုံးနှစ်လုံးကို ရိုးရိုးရှင်းရှင်း ထုတ်ပြနိုင်မည်ဟု လုံးဝ မယုံကြည်ခဲ့ပေ။

ထိုအခါ အသံတစ်သံထွက်ပေါ်လာပြီး သက်ကြီးရွယ်အိုတစ်ဦး ဝင်ရောက်လာသည်။

“လင်းယွမ်ကွယ်ရဲ့ ဆိုင်ရှင်ရှူးပါလား...”

တစ်စုံတစ်ယောက်က ထိုသက်ကြီးရွယ်အို၏ အထောက်အထားကို မှတ်မိလိုက်သည်။

ဆိုင်ရှင်ရှူးသည် လော့ချန်ဘေးသို့ လျှောက်လာပြီး ယဉ်ကျေးစွာဖြင့် ပြောလိုက်သည်။

“ဆေးလုံးကို ကျွန်တော့်ကို တစ်ချက်ပေးကြည့်လို့ရမလား...”

“ရပါတယ်...” လော့ချန်က အနီရောင်ဆေးလုံးကို ထိုသူထံ လွှဲပြောင်းပေးလိုက်သည်။

ဆိုင်ရှင်ရှူးသည် ဆေးလုံးကို သေသေချာချာ စစ်ဆေးကြည့်ရှုပြီး ဆွတ်ဖြူနေသော မျက်ခုံးများကို တွန့်လှုပ်လျက် အံ့အားသင့်သံများ ထုတ်လွှတ်လိုက်သည်။ မယုံကြည်နိုင်သော အရာတစ်ခုကို မြင်လိုက်ရသည့်အလား ထင်မှတ်ရ၏။ ခဏအကြာတွင် ဆိုင်ရှင်ရှူးသည် သတိပြန်ဝင်လာပြီး လော့ချန်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

“ဒါက တကယ်ပဲ ကြယ်နှစ်ပွင့်ဝိညာဉ်ဆေးမဟုတ်ဘူး... ဝိညာဉ်ဆေးလို့တောင်ခေါ်ဖို့ အနည်းငယ်ခက်ခဲတယ်...”

ထိုစကားကို ကြားလိုက်ရသည်နှင့် လင်ရှောင်က မထီမဲ့မြင်ပြုလျက် လော့ချန်ကို ကျေနပ်စွာ ကြည့်ကာ ပြောလိုက်၏။ “အဆင်မပြေတဲ့ဆေးလုံးတစ်ခုနဲ့ ငါ့ကို လှည့်စားဖို့ ကြံစည်နေတာလား...”

သူ၏စကားမဆုံးမီတွင် ဆိုင်ရှင်ရှူးက ဆက်လက်ပြောလိုက်သည်။

“ဒါပေမယ့် ဒါက ဝိညာဉ်ဆေးအနှစ်သာရတစ်မျိုးပဲ... အရည်အသွေးက အလွန်မြင့်မားပြီး အာနိသင်အရ ကြယ်နှစ်ပွင့်အဆင့်မြင့်ဝိညာဉ်ဆေးအာနိသင်ထက် လုံးဝမလျော့ပါးဘူး... ဒီထဲမှာ မီးဒြပ်စွမ်းအင်တစ်မျှင်ပါဝင်နေပြီး ခန္ဓာသန့်စင်မှုအဆင့်ရှိ သိုင်းသမားတွေအတွက် ခန္ဓာသန့်စင်အာနိသင်ဟာ ကြယ်သုံးပွင့်ဝိညာဉ်ဆေးနဲ့တောင် ယှဉ်နိုင်တယ်...”

“ကြယ်သုံးပွင့်ဝိညာဉ်ဆေးနဲ့ ယှဉ်နိုင်တယ်တဲ့လား...”

ပတ်ဝန်းကျင်မှ အံ့အားသင့်သံများ ထွက်ပေါ်လာပြီး ဆေးလုံးကို စူးစိုက်ကြည့်နေသော လူတချို့၏ မျက်လုံးများသည် နီရဲလာကြသည်။

လင်းယွမ်ကွယ်၏ ဂုဏ်သတင်းသည် ထိုနေရာတွင် ရှိနေပြီး ဆိုင်ရှင်ရှူးက ထိုသို့ ပြောသည်ဆိုပါက လုံးဝ မမှားနိုင်ပေ။

ကြယ်သုံးပွင့်ဝိညာဉ်ဆေးတစ်လုံး၏ တန်ဖိုးသည် အနည်းဆုံး ငွေကျပ်သိန်းနှစ်ဆယ်ကျော် ရှိသည်။

လင်ရှောင်၏ ပါးစပ်သည် တောင့်တင်းသွားပြီး ပါးရိုက်ခံလိုက်ရသည့်အလား မသက်မသာ ဖြစ်သွားသည်။ သူသည် နက်ရှိုင်းစွာ အသက်ရှူသွင်းလျက် ဆေးလုံးကို တပ်မက်စွာ တစ်ချက်ကြည့်ပြီး လော့ချန်ကို ကြည့်ကာ ပြောလိုက်သည်။

“ကောင်းပြီ... ငါသဘောတူတယ်... မင်း ငါ့လက်သီးသုံးချက်ကို ခံနိုင်ပြီး မလဲကျဘူးဆိုရင် လော့ချီရဲ့ အကြွေးကို ဖျက်သိမ်းပေးမယ်... ဒါပေမယ့် မင်းခံနိုင်ရည်မရှိရင် ဒီဆေးလုံးနှစ်လုံးက ငါ့အပိုင်ပဲ...”

ထိုကြယ်သုံးပွင့်ဝိညာဉ်ဆေးနှစ်လုံးကို ရရှိပါက သူသည် အချိန်တိုအတွင်း ခန္ဓာသန့်စင်မှုအဆင့်ရှစ်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။

အလကားရောက်လာသော ဆေးလုံးကို လက်လွှတ်မထားသင့်ပေ။

“သခင်လေးလော့ချန်...”

အိမ်တော်ထိန်းသည် လော့ချန်က သဘောတူမည့်ပုံပေါက်နေသည်ကို မြင်လျှင် စိုးရိမ်တကြီး ပြောလိုက်၏။

“ဒီကိစ္စကို ကျွန်တော်တို့ သေသေချာချာ စဉ်းစားသင့်တယ်လို့ ထင်ပါတယ်...”

ကြယ်သုံးပွင့်ဝိညာဉ်ဆေးနှစ်လုံး၏ တန်ဖိုးသည် လော့ချီ၏ အကြွေးကို ဖယ်ရှားရန် လုံလောက်သည်။

သူသိထားသည်မှာ လော့ချန်သည် မကြာသေးမီက တိုးတက်မှုများစွာ ရှိခဲ့သော်လည်း လင်ရှောင်၏ လက်သီးသုံးချက်ကို ခံနိုင်လိမ့်မည်ဟု မထင်ထားပေ။ ထိုမျှလောက် အန္တရာယ်များသော အလောင်းအစားကို လုံးဝလုပ်ရန် မလိုအပ်ပေ။

လင်ရှောင်က လော့ချန် နောင်တရ၍ အလောင်းအစားကို ဖျက်သိမ်းလိုက်မည်ကို စိုးရိမ်သဖြင့် ချက်ချင်း နေရာလွတ်တစ်ခုကို ရှင်းလင်းလိုက်ပြီး လှောင်ပြောင်စွာဖြင့် ပြောလိုက်သည်။

“လော့ချန် မင်း မကြောက်ဘူးမဟုတ်လား...”

“ဟား... ဟား... ဟား... မင်းငါ့ကို လှောင်စရာမလိုဘူး... ငါက ပြောထားတဲ့စကားကို ဘယ်တော့မှ ပြန်မရုတ်သိမ်းဘူး...”

လော့ချန်သည် တိုက်ရိုက် လျှောက်လှမ်းလာသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသည့် ပတ်ဝန်းကျင်ရှိ လူများသည် အနည်းငယ် မယုံကြည်နိုင် ဖြစ်သွားကြသည်။

ထိုသို့သော ရှုံးမည်မှ သေချာသည့် အလောင်းအစားကို သဘောတူရဲသည်ဆိုပါလျှင် သူသည် အရူးဖြစ်သွားပြီ မဟုတ်ပေလော။

လူတချို့မှာ လော့ချန်နှင့် လောင်းကစားလုပ်ရသူမှာ သူတို့ မဟုတ်သည့်အတွက် မနာလို ဖြစ်နေကြသည်။

“လင်ရှောင်... သူ့ကို သေသေချာချာ သင်ခန်းစာပေးလိုက်စမ်း...”

စိတ်လှုပ်ရှားနေသူများထဲတွင် ချီတုံသည် ထိပ်ဆုံးကဖြစ်ပြီး လော့ချန်သည် လင်ရှောင်၏ လက်သီးသုံးချက်ဖြင့် ခွေးသေတစ်ကောင်အလား ဖြစ်သွားမည့် မြင်ကွင်းကို စိတ်ကူးထဲတွင် မြင်ယောင်နေသည်။

လင်ရှောင်သည် နေရာလွတ်အလယ်သို့ လျှောက်လှမ်းလာပြီး လော့ချန်ကိုကြည့်ကာ လှောင်ပြောင်စွာ ပြုံးလျက် ပြောလိုက်၏။ “အခုဆို မင်းနောင်တရဖို့ နောက်ကျသွားပြီ...”

လော့ချန်က သူ့ကို တစ်ချက်ကြည့်ပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

“ငါ ဘာလို့ နောင်တရရမှာလဲ....”

လော့ချန်၏ တည်ငြိမ်သော လေသံသည် လင်ရှောင်၏ နှလုံးသားထဲသို့ ဒေါသမီးလျှံတစ်ခုကို လောင်ကျွမ်းစေပြီး အေးစက်စွာ ရယ်မောလိုက်သည်။

“မင်းလို အသုံးမကျတဲ့ဝိညာဉ်နိုးထသူတစ်ယောက်က ဘယ်ကနေ ဒီလောက်ယုံကြည်မှုရှိလာတာလဲ... မင်းတကယ်ပဲ ငါ့လက်သီးသုံးချက်ကို ခံနိုင်မယ်လို့ ထင်နေတာလား...”

လော့ချန်သည် မျက်နှာထားမပြောင်းလဲဘဲ အနေအထားကို ပြင်ဆင်လိုက်ပြီး ပြောလိုက်၏။

“မစမ်းကြည့်ဘဲ ဘယ်လိုလုပ်သိမှာလဲ... စလိုက်စမ်း...”

“ဟွန်း... မင်းလိုကောင်က သူ့ကိုရင်ဆိုင်ဖို့ဆိုရင် လက်သီးသုံးချက်တောင် မလိုဘူး... တစ်ချက်ဆိုရင် လုံလောက်တယ်... လဲကျသွားစမ်း...”

ချီတုံက လှောင်ပြောင်လိုက်၏။

လင်ရှောင်၏ နှလုံးသားထဲမှ ဒေါသမီးလျှံသည် ပြည့်လျှံထွက်လာပြီး အော်ဟစ်လျက် လက်သီးတစ်ချက်ကို လော့ချန်၏ မျက်နှာဆီသို့ တိုက်ရိုက်ထိုးသွင်းလိုက်သည်။

လင်ရှောင်သည် ခန္ဓာသန့်စင်မှုအဆင့်ခုနစ်ရှိ သိုင်းသမားတစ်ဦးဖြစ်ပြီး ရိုးရှင်းသော လက်သီးတစ်ချက်ပင်ဖြစ်စေ ပေါင်သုံးရာကျော်သောအားဖြင့် ထိုးထွက်လာသည်။ လက်သီးချက်ကြောင့် လေထုပင် အနည်းငယ်တုန်ခါသွားပြီး ပြင်းထန်သော လေတိုးသံတစ်သံ ထွက်ပေါ်လာသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသည့် ပတ်ဝန်းကျင်ရှိ လူများသည် ရင်ထဲတွင် တင်းကြပ်လာပြီး အသက်ရှူမှုများကို ရပ်တန့်လိုက်ကြသည်။ ထိုလက်သီးတစ်ချက်ဖြင့် လော့ချန်သည် အရေပြားပြဲလန်ပြီး သွေးထွက်သံယိုဖြစ်သွားမည်ဟု ယူဆထားကြသည်။

သို့သော် လူအုပ်ကြီးက မျှော်လင့်ထားသည့် မြင်ကွင်းက ဖြစ်ပေါ်မလာခဲ့ပေ။

"ဘုန်း..."

လော့ချန်သည် လက်နှစ်ဖက်ကိုဆုံပြီး လင်ရှောင်၏ လက်သီးကို တိုက်ရိုက်ပိတ်ဆို့လိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် ကျောက်တုံးကြီးတစ်ခုအလား တစ်လက်မမျှပင် လှုပ်ရှားမသွားပေ။

“ပိတ်ဆို့လိုက်တယ်...”

“ငါ့မျက်လုံးတွေ မူးဝေသွားတာလား...”

အကြည့်များသည် အံ့အားသင့်မှုများဖြင့် ပြည့်နှက်လာပြီး လူအုပ်ကြီးသည် မျက်စိရှေ့တွင် ဖြစ်ပေါ်နေသော မြင်ကွင်းကို မယုံကြည်နိုင်ကြပေ။

လော့ချန်သည် လင်ရှောင်၏ လက်သီးတစ်ချက်ကို ဤမျှလွယ်ကူစွာ ပိတ်ဆို့နိုင်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။

သူ၏ ခြေလှမ်းများသည် တစ်လက်မမျှပင် ရွေ့လျားမသွားခဲ့ပေ။

လင်ရှောင်လည်း ထိုအချက်ကို လက်ခံနိုင်စွမ်းမရှိဘဲ မျက်လုံးများ ပြူးကျယ်သွားသည်။

“ဖတ်... ဖတ်...”

လော့ချန်သည် သူ၏ အဝတ်အစားများကို လက်ဖြင့်သပ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“နောက်တစ်ချက် ဆက်လုပ်လိုက်စမ်း...”

လော့ချန်ကို တစ်ချက်ဖြင့် လဲကျအောင် မလုပ်နိုင်ခဲ့သည့်အတွက် လင်ရှောင်သည် ဂုဏ်သိက္ခာပျက်ပြားသွားသလို ခံစားရပြီး မျက်နှာများ တွန့်လိမ်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဝရော..."

အရှည်နှစ်မီတာကျော်ရှိသော ဧရာမငှက်တစ်ကောင်သည် လင်ရှောင်၏ နောက်ကျောတွင် ပေါ်ထွက်လာသည်။ ၎င်းမှာ သူ၏ သိုင်းဝိညာဉ်ဖြစ်သည့် ကြယ်လေးပွင့်အဆင့် ဧရာမငှက် ဖြစ်သည်။

သိုင်းဝိညာဉ်ကို ဆင့်ခေါ်ပြီးနောက် လင်ရှောင်၏ အင်အားသည် အမြင့်ဆုံးသို့ ရောက်ရှိသွားပြီး လော့ချန်ဆီသို့ အပြေးတက်လာကာ ပြင်းထန်သော လေစွမ်းအင်ဖြင့် လက်သီးတစ်ချက် ထုရိုက်လိုက်သည်။

“သေလိုက်စမ်း... ကျောက်ခွဲလက်သီး...”

ဤတစ်ကြိမ်တွင် လင်ရှောင်သည် သိုင်းပညာကို အသုံးပြုပြီး သူ၏အပြင်းထန်ဆုံး လက်သီးတစ်ချက်ကို ထုရိုက်လိုက်သည်။

All Chapters