← Chapters

ကျန်းချွမ် : ဘာ၊ ညီငယ်၅က ငါ့ကိုရှာတွေ့သွားပြီတဲ့လား

Vol. 22 Ch. 296

“ကျိုစစ် ကျိုစစ်”

ချန်ကျဲ့သည် လင်းယုန်အစောင့်အရှောက်များ စီစဉ်ပေးသည့် သံသတ္တုတွင်းအလုပ်သမားများ၏ စစ်မေးမှုများကို စစ်ဆေးကြည့်နေသည်။ စာပေတတ်သူ လူငယ်တစ်ဦးသည် မှတ်စုရေးဖို့ တာဝန်ယူထား၏။

ချန်ကျဲ့သည် သက်သေအထောက်အထားများကို အတည်ပြုရန် လိုအပ်သည်။ တိကျခိုင်မာသည့် သက်သေဖြင့်သာ နောက်တစ်လှမ်းကို ဆက်တက်နိုင်မည်ဖြစ်၏။

ထိုစဉ် ကျိုးချူပြန်ရောက်လာသည်။

ချန်ကျဲ့မှ ပြောသည်။

“ဘယ်လိုလဲ”

“ကျိုစစ် ရှာတွေ့ခဲ့ပြီ။ ထုန်ယွမ်လုပ်ငန်းရဲ့ နောက်ကွယ်ကသူဌေးက အစ်ကိုကြီးပဲ!”

“အစ်ကိုကြီး?”

ချန်ကျဲ့ မျက်လုံးတို့မှေးကျဉ်းလိုက်သည်။

“မင်းသေချာရဲ့လား”

“အင်း မမှားနိုင်ဘူး။ တကယ့်ကို အစ်ကိုကြီးရဲ့လုပ်ငန်းပဲ။ အခုတော့ နာမည်က ထုန်ယွမ်လုပ်ငန်းမဟုတ်တော့ဘူး။ ထုန်ထိုက်ကုန်သွယ်ရေးလုပ်ငန်းဖြစ်သွားပြီ”

“ထုန်ထိုက်!”

ချန်ကျဲ့ မျက်လုံးတို့မှေးကျဉ်းထားဆဲပင်။ အကြောင်းအရာများမှာ ထူးဆန်းနေသည်ဟု ဘာကြောင့်ခံစားနေရမှန်း သူနားမလည်ပေ။ ကုန်ပစ္စည်းသယ်ဆောင်မှုမှတ်တမ်းတွင် အဘယ့်ကြောင့် ထုန်ယွမ်လုပ်ငန်းဟု တံဆိပ်တုံးထုထားရသနည်း။ တမင်ရည်ရွယ်လုပ်ဆောင်ထားခြင်းလော၊ သို့မဟုတ် အခြားအဓိပ္ပာယ် တည်ရှိနေခြင်းပေလော။

ဤကိစ္စသည် ကြည့်ရသည်မှာ သူတွေးထင်ထားသည်ထက် ပိုရှုပ်ထွေး၏။

ချန်ကျဲ့ စဉ်းစားနေစဉ် ကျိုးချူမှ ပြောသည်။

“ကျိုစစ် အဲဒီထုန်ယွမ်လုပ်ငန်းရဲ့ ကိုယ်စားလှယ်က ငြိမ်းချမ်းခြင်းလမ်းမရဲ့ လေးအိမ်မြောက်မှာ နေတဲ့ ဝမ်သာ့ဖာတဲ့”

“မင်း လိပ်စာလည်း အတည်ပြုနိုင်ခဲ့တာလား”

ကျိုးချူမှ ပြောသည်။

“အင်း”

“ဒီသတင်းကို ဘယ်သူပြောပြတာလဲ”

ကျိုးချူမှ ပြောသည်။

“ကျိုစစ် မင်းမမေးရင် သိလိုက်ရမှာမဟုတ်ဘူး– ငါဒီနေ့ အရမ်းအားစိုက်ထုတ်ခဲ့ရတာ။ အချိန်အကြာကြီး ပြေးလွှားစုံစမ်းနေပေမဲ့ ထုန်ယွမ်လုပ်ငန်းကို ရှာမတွေ့နိုင်ခဲ့ဘူး၊ ဒါပေမဲ့ နောက်ကျ ငါတွေ့ခဲ့…”

“အဲဒီလိုပဲ သူတို့နဲ့ လမ်းမှာတွေ့ခဲ့တာလား”

ချန်ကျဲ့ ကျိုးချူကို အကဲခတ်ကြည့်လိုက်သည်။ ကျိုးချူမှ ပြန်ပြောသည်။

“အင်း လမ်းမှာ မမျှော်လင့်ဘဲ တွေ့ခဲ့တာ”

ချန်ကျဲ့ တိတ်ဆိတ်သွား၏။

ဘယ်လိုတောင် တိုက်ဆိုင်တာလဲ။ အရမ်းတိုက်ဆိုင်လွန်းတယ်။ လောကမှာ အဲဒီလောက်တိုက်ဆိုင်တာမျိုး ရှိနိုင်လို့လား”

သေချာပေါက် ရှိပါ၏။ သို့သော် မြောက်များစွာသော တိုက်ဆိုင်မှုများကို ပေါင်းလိုက်လျှင်မူ သေချာပေါက်ကြီး တိုက်ဆိုင်မှုသက်သက် မဖြစ်နိုင်တော့ပေ။

ချန်ကျဲ့ သူ၏အတွေးကို ကျိုးချူကို ပြောပြလိုက်သည်။ ထိုအခါ ကျိုးချူအံ့ဩသွားပြီး အမြန်ပြောလာ၏

“ကျိုစစ် အဲဒီသတင်းတွေကို တစ်‌ယောက်ယောက်က ငါတို့ကို တမင်လာပြောပြတာလို့ ထင်နေတာလား”

“သွားစို့”

ချန်ကျဲ့၏စကားအဆုံး၌ ကျိုးချူသည် ချန်ကျဲ့နောက်သို့လိုက်၍ မေး၏။

“ဘယ်သွားမလို့လဲ”

“ဝမ်သာ့ဖာကို သွားရှာဖို့!”

မည်သူမှ သူ့ကို တစ်နေရာဆီ တမင်ဦးဆောင်နေသည်ဖြစ်စေ ထိုနေရာမှာ ဝမ်သာ့ဖာဖြစ်သည်။ ဤဦးဆောင်မှုနောက်သို့ မလိုက်ပါက အခြားအရာများကို ရှာဖွေရန် ခက်ခဲလိမ့်မည်။

ထို့ကြောင့် ထူးဆန်းနေသည့်တိုင် ချန်ကျဲ့သည် သွား၍ စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်ခဲ့သည်။

ကျိုးချူလည်း ချန်ကျဲ့နောက်မှ လိုက်ပါလာသည်။ လင်းယုန်အစောင့်အရှောက်၁၂ဦးထဲမှ ၆ဦးသည် သက်သေများကို စောင့်ကြပ်ရန် ကျန်နေခဲ့ပြီး ၆ဦးသည် ချန်ကျဲ့နောက်သို့ လိုက်ပါသည်။

ထိုစဉ် ဖုန်းရွှမ်၏နေအိမ်၌

ဖုန်းရွှမ်သည် ကြိမ်ကုလားထိုင်တစ်လုံးထက်တွင် လဲလျောင်းနေပြီး ရုပ်ရည်လှပသည့် အစေခံမလေးနှစ်ဦးသည် သူ့အနားတွင် ယပ်ခတ်ပေးနေသည်။ လေသည် အမျိုးသမီးမျက်နှာချေမှုန့်နံ့ဖျော့ဖျော့ကို သူ၏နှာခေါင်းထိပ်ဖျားဆီ သယ်ဆောင်လာ၏။ ၎င်းသည် ဖုန်းရွှမ်ကို အလွန်‌စိတ်ကျေနပ်စေသည်။

နောက်ဘက်တွင် ဖချိုက်သည် ဓားရှည်ကို တင်းတင်း‌ဆုပ်ကိုင်လျက် ဖုန်းရွှမ်ကို တိတ်တဆိတ် စောင့်ကြပ်ပေးနေသည်။

ထိုစဉ် လူတစ်ယောက်သည် အဝေးမှ အပြေးဝင်ရောက်လာပြီး အရိုအသေပြုသည်။

“သခင်”

ဖုန်းရွှမ်မှ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ပြုံး‌ေနသည့် စစ်ရှီးကို မြင်လိုက်ရ၏။

“စစ်ရှီး ပြန်လာပြီပဲ။ အခြေအနေဘယ်လိုလဲ”

စစ်ရှီးမှ ပြုံးလျက် ပြောသည်။

“အရာအားလုံး သခင့်ရဲ့အစီအစဉ်အတိုင်းပါပဲ။ သတင်းပေးလိုက်ပြီး ချန်ကျိုစစ်လည်း ဝမ်သာ့ဖာဆီ သွားနေပါပြီ”

“အို ညီငယ်၂ကရော?”

“ဟားဟား သခင်စီစဉ်ထားတဲ့အတိုင်းပါပဲ။ သူ ရှောင်သောက်ကို စေလွှတ်လိုက်ပြီ။ ရှောင်သောက်က ချန်ကျိုစစ်ထက် လက်ဖက်ရည်တစ်ခွက်သောက်စာ အချိန်လောက် ကြိုရောက်ပါလိမ့်မယ်”

“လက်ဖက်ရည်တစ်ခွက်သောက်စာအချိန်လား ဟမ်? သူ့ရဲ့ထက်မြက်မှုနဲ့ဆို အခုလောက်ဆို ကိစ္စတွေ ဖြေရှင်းပြီးဖြစ်လောက်ရောပေါ့ မဟုတ်ဘူးလား”

“အဲဒါက ပြဿနာမရှိပါဘူး။ ပြီးတော့လည်း ဝမ်သာ့ဖာက ချန်ကျိုစစ်ထက် နည်းနည်းစောပြီး ပြန်ရောက်နေမှာပါ…”

“အင်း မဆိုးဘူး။ ဒီတစ်ကြိမ်တော့ ညီငယ်၂မှာ ကိုင်တွယ်ဖြေရှင်းဖို့ကိစ္စတွေ လုံ‌လုံလောက်လောက် ရှိလိမ့်မှာပါ”

ဖုန်းရွှမ်မှ ရေရွတ်သည်။ သူ၏လက်တစ်ချက်အဝှေ့တွင် အစေခံမလေးသည် လက်ဖက်ရည်တစ်ခွက် ‌ကမ်းပေးလာသည်။

ဖုန်းရွှမ် တစ်ငုံသောက်လိုက်ပြီး ပြောသည်။

“အင်း ဟုတ်သား၊ ရှောင်သောက်က သံမဏိအရိုးအဆင့်ကို တက်လှမ်းပြီးပြီလား”

စစ်ရှီးမှ ပြောသည်။

“အင်း မကြာသေးခင်က တက်လှမ်းသွားခဲ့လောက်ပါတယ်။ သခင်နဲ့ သခင်၂တို့ ဒဏ်ရာရတဲ့အချိန်ကတည်းက သခင်၂က ရှောင်သောက်ကို လျှို့ဝှက်ဆင့်ခေါ်ခဲ့တယ်။ ကြည့်ရတာ အဆင့်တက်လှမ်းဖို့ လိုအပ်တဲ့ဆေးဝါးတွေ ပေးတာလို့ထင်ရပါတယ်”

ဖုန်းရွှမ်မှ ရယ်မောလျက် ပြောသည်။

“အဲဒါက ညီငယ်၂ရဲ့သဘောထားပဲ။ ဆေးဝါးတွေကို အမြဲသိမ်းထားပြီး သေချာပေါက် လိုအပ်တဲ့အချိန်မှ ထုတ်ပေးတာ။ သူက ဘယ်သူ့ကိုမှ မယုံကြည်ဘူး”

စစ်ရှီးမှ ပြောသည်။

“သခင် အရိုးသန်မာဆေးလုံးက သခင်၂ရဲ့ နှစ်ပေါင်းများစွာ စုဆောင်းငွေကြေးတွေကို ကုန်ကျစေမှာပဲ။ သူတွန့်တိုတာကို နားလည်ပေးနိုင်ပါတယ်”

ဖုန်းရွှမ်မှ ပြောသည်။

“ဒါပေမဲ့လည်း အရမ်းကပ်စေးနဲလွန်းတယ်”

ထိုစဉ် စစ်ရှီးမှ ထပ်ပြောလာသည်။

“သခင် ရှောင်သောက်က သံမဏိအရိုးအဆင့်ကို တက်လှမ်းထားပြီး ကျိုစစ်ကလည်း သံမဏိအရိုးအဆင့်ပဲ။ ချန်ကျိုစစ်က ရှောင်သောက်ကို မနိုင်တာတို့၊ ရှောင်သောက်ကို လွတ်သွားမှာတို့တော့ မဖြစ်လောက်ပါဘူးနော်”

ထိုအခါ ဖုန်းရွှမ်မှ ပြောသည်။

“မဖြစ်နိုင်ဘူး။ ရှောင်သောက်ရဲ့ သံမဏိအရိုးအဆင့်က ညီငယ်၅ကို မယှဉ်နိုင်ဘူး”

“သံမဏိအရိုးအဆင့်နှစ်ယောက်ကြား ကွာဟမှုက အရမ်းကြီးမားနိုင်တယ်”

ဖုန်းရွှမ်မှ ယုံကြည်ချက်အပြည့်ဖြင့် ပြောသည်။

သံမဏိအရိုးအဆင့်များကြား ကွာဟချက်သည် အမှန်တကယ် သိသာထင်ရှား၏။ သံမဏိအရိုးအဆင့်အတွင်း ကြာချိန်သည်လည်း အရေးကြီးသည်။ ချန်ကျဲ့သည် သံမဏိအရိုးအဆင့်သို့ အရိုးသန်မာဆေးနှစ်လုံးဖြင့် တက်လှမ်းခဲ့သကဲ့သို့ တစ်လုံးသည် အဆင့်တက်ရန်ဖြစ်ပြီး တစ်လုံးသည် အင်အားတောင့်တင်းခိုင်မာစေရန် ဖြစ်သည်။ သို့ဖြင့် ဖုန်းစန်းနှင့် ဆယ်နှစ်ကွာဟချက်ကို နီးကပ်အောင် ‌ဖြည့်ဆည်းနိုင်ခဲ့သည်။

ဒုတိယကွာခြားချက်သည် ကျင့်ကြံသူမှာ ထိပ်တန်းအဆင့်ကျင့်စဉ်ကို ပိုင်ဆိုင်သည်ဖြစ်စေ သိသာထင်ရှားသည့် ကွာဟချက်ကို ဖန်တီးနိုင်ခြင်းဖြစ်သည်။

သိုင်းပညာတစ်ခု၏ တိုက်ခိုက်ချေမှုန်းစွမ်းရည်သည် အဓိကအားဖြင့် ကျင့်ကြံသူ၏ ကျင့်ကြံဆင့်၊ ကျင့်စဉ်နှင့် လက်နက်တို့အပေါ် မူတည်သည်။

ကျင့်ကြံဆင့်တူညီသည့်တိုင် နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်နှင့် သံမဏိလက်ဝါးသိုင်းကြား တိုက်ပွဲကဲ့သို့ ကျင့်စဉ်များအကြား ကွာဟချက်သည် သူဖုန်းစားအိုကြီးသည် ထိခိုက်ဒဏ်ရာရခြင်းမရှိဘဲ ဖန်းရှစ်ကျုံးသည် သွေးအန်ထွက်၍ ဒဏ်ရာအပြင်းအထန်ရခြင်းကဲ့သို့ ရလဒ်မျိုးကို ဖြစ်စေနိုင်သည်။

သူဖုန်းစားအိုကြီးနှင့် ဖန်းရှစ်ကျုံးသည် ကျင့်ကြံဆင့်ကွာဟချက် မကြီးမားပေ။ သို့သော် သူတို့၏သိုင်းကျင့်စဉ်သည် ကွာဟချက်ကြီးမားသည်။

ထို့ကြောင့်ပင် မျန့်ရွှေစီရင်စုတစ်ခုလုံးသည် နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ကို ရှာဖွေနေကြခြင်းဖြစ်သည်။

ရှောင်သောက်သည် သံမဏိအရိုးအဆင့်ဖြစ်သော်ငြား သူ၏သိုင်းကျင့်စဉ်သည် ချန်ကျဲ့ထက် အများကြီးပို၍ အားနည်း၏။ ဥပမာဆိုရသော် ချန်ကျဲ့၏ သံမဏိလက်ဝါးသိုင်းသည် ရှောင်သောက် လက်လှမ်းမီနိုင်ရန် အလှမ်းဝေးကွာလွန်းလှသည်။

ဖုန်းရွှမ်၏ စကား‌အဆုံး၌ နောက်တွင်ရပ်နေသည့် ဖချိုက်မှ ပြောသည်။

“သခင် ကျွန်တော် ခရီးတစ်ခေါက်သွားလိုက်ရင်ရော? အရင်တုန်းက ကျွန်တော်နဲ့ ရှောင်သောက်နဲ့တိုက်ပွဲက အဖြေမထွက်ခဲ့ဘူး။ ဒီတစ်ကြိမ်တော့ နိဂုံးချုပ်နိုင်လောက်တယ်”

ဖုန်းရွှမ်သည် ဖချိုက်ကို ကြည့်လိုက်၏။

“အမြဲတမ်း မင်းရဲ့ရဲစွမ်းသတ္တိကို ပြသဖို့ စိတ်အားထက်သန်နေတော့တာပဲ။ သိုင်းလောကမှာ ရှင်သန်ရင် ဦးနှောက်သုံးဖို့ သတိရကွ! ထားလိုက်တော့၊ မင်းကိုပြောနေလည်း အဓိပ္ပာယ်မရှိဘူး။ စစ်ရှီး မင်းသွားစောင့်ကြည့်နေ။ တစ်ခုခုထူးခြားရင် ငါ့ဆီ ပြန်လာပြီး သတင်းပို့”

အခန်း ၂၉၆ : ကျန်းချွမ် : ဘာ၊ ညီငယ်၅က ငါ့ကိုရှာတွေ့သွားပြီတဲ့လား

All Chapters