ကျန်းချွမ် : ဘာ၊ ညီငယ်၅က ငါ့ကိုရှာတွေ့သွားပြီတဲ့လား_၃
Vol. 22 Ch. 298
အမျိုးသမီးသည် ကြိုးဆွဲချခံရသည်တွင် မျက်ဖြူဆိုက်လျက် မျက်နှာမှာ ခရမ်းရောင်ပြောင်းလာသည်။ မထိန်းချုပ်နိုင်စွာဖြင့် ဆီးများပင် ထွက်ကျလာခဲ့၏…
ကလေးနှစ်ယောက်သည် အမျိုးသမီး ကြိုးဆွဲချအသတ်ခံရသည့် ဖြစ်စဉ်တစ်ခုလုံးကို မြင်တွေ့ခဲ့ကြသည်။
ကလေးနှစ်ဦးသည် လူအပေါင်း တုန်လှုပ်ယိမ်းယိုင်သွားစေလောက်အောင် ငိုကြွေးနေကြ၏။
သို့သော် အမျိုးသားသည်တော့ မယိမ်းယိုင်ပေ။ အမျိုးသားသည် ကလေးနှစ်ဦးကို ကြည့်လျက် ပြောသည်။
“ဟေး မင်းတို့ဘာလို့ မလိမ္မာကြတာလဲ။ မင်းတို့ကို မျက်လုံးမဖွင့်နဲ့လို့ ပြောထားတယ် မဟုတ်ဘူးလား”
အင့် အင့်….
ကလေးနှစ်ယောက်မှာ မျက်ရည်မထိန်းနိုင်ကြပေ။
“မင်းတို့ကြည့်… ငါတို့တွေ သဘောတူထားပြီးသားကို မင်းတို့က စည်းကမ်းဖောက်လိုက်တယ်။ အဲဒီတော့ အခု ရွေးချယ်စရာ မရှိတော့ဘူး။ မင်းတို့ကို အပြစ်ပေးရလိမ့်မယ်”
“မင်းနာမည်က ချွေ့အာ မလား”
အမျိုးသားသည် သူ့အား တစ်ကိုယ်လုံးတုန်ယင်လျက် ကြောက်ရွံ့နေသော မျက်လုံးများဖြင့် ကြည့်နေသည့် ကလေးမလေးကို ကြည့်လိုက်သည်။
အမျိုးသားသည် အန္တရာယ်မပြုတတ်သူအလား ပြုံးရယ်ပြ၏။
“ချွေ့အာက မောင်လေးကို သဘောကျလား”
“သ သဘောကျပါတယ်”
“မောင်လေးကို သေစေချင်လား”
“ဟင့်အင်း မသေစေချင်ဘူး”
“ဒါပေမဲ့ မင်းတို့ ခုနက မျက်လုံးဖွင့်လိုက်တယ်”
“သမီးတို့ အမေ့ကို တွေ့ချင်လို့ပါ”
“မင်းတို့ ဘာလုပ်ချင်လဲဆိုတာ အရေးမကြီးဘူး။ ဒါပေမဲ့ မင်းတို့ မျက်လုံးဖွင့်လိုက်တယ်”
ကလေးမလေး တိတ်ဆိတ်သွား၏။
“မျက်လုံးဖွင့်လိုက်ရင် အပြစ်ပေးခံရမယ်။ အဲဒါက ဒီကစားပွဲရဲ့ စည်းမျဉ်းပဲ။ အဲဒါကြောင့် ချွေ့အာ ဘယ်သူ့ကို အပြစ်ပေးရမလဲ၊ မင်းကိုလား မင်းရဲ့မောင်လေးကိုလား”
ကလေးမလေးသည် ဆန်ခါချနေသည့်အလား တုန်ယင်နေခဲ့သည်။
အမျိုးသားမှ ပြောသည်။
“ဘယ်သူ့ကို အပြစ်ပေးရမလဲ။ အစ်ကိုကြီးကို ပြောပြလေ ဟုတ်ပြီလား”
“ချွေ့အာ ချွေ့အာ အပြစ်ပေးခံပါ့မယ်!”
“အာ လိမ္မာလိုက်တဲ့ကလေးပဲ”
“လာ ဒီအစ်ကိုကြီးက ဘယ်လောက်ကောင်းလဲ ကြည့်စမ်း။ အစ်ကိုကြီးက မင်းအတွက် ကြိုးကို ရှည်ရှည်လုပ်ထားပေးတယ်။ ဒီအပေါ်တက်လိုက်.. ဟုတ်တယ် မင်း အမေလိုမျိုးပဲ”
“လာ ခေါင်းထည့်လိုက်”
“အစ်ကိုကြီး… ကြောက်တယ်…”
“ရှောင်ပေါင် မကြောက်နဲ့။ မျက်လုံးပိတ်ထား မဖွင့်လိုက်နဲ့။ လုံးဝ မဖွင့်လိုက်နဲ့!”
…
ကောင်လေးသည် မျက်လုံးပိတ်ထားရန် ကြိုးစားသည်။ အလင်းတစ်စပင်လျှင် ဝင်ရောက်ခွင့်မပြုပေ။
မျက်နှာပေါ်သို့ မျက်ရည်များ စီးကျနေသည့်တိုင် ကောင်လေးသည် မျက်ရည်များကို မသုတ်ရဲပေ။
အချိန်ခဏကြာပြီးနောက်၌ လူတစ်ယောက်မှ သူ့ကို ပုတ်နေသည်ဟု ခံစားမိလိုက်သည်။
ကောင်လေးသည် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်ကြည့်သည်။
အန္တရာယ်မပြုတတ်သူကဲ့သို့သော အမူအရာဖြင့် မျက်နှာအမာရွတ်နှင့်ဦးလေးကြီးကို သူမြင်တွေ့ရသည်။
“ကျွန်တော် မျက်လုံးမဖွင့်ခဲ့ဘူး~”
ရှောင်ပေါင်မှ တုန်ယင်နေသော အသံလေးဖြင့် ပြောသည်။
အမျိုးသားမှ ပြော၏။
“အင်း မင်းက တကယ်တော်ပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်ပွဲစဉ်ရဲ့ စည်းမျဉ်းက မျက်လုံးဖွင့်ထားရမှာ။ မင်းက မျက်လုံးပိတ်ထားခဲ့တာလေ ဟုတ်တယ်မလား”
“ကျွန်တော်.. ဘာ- ဘာကို…?”
“မငိုနဲ့၊ ယောက်ျားပီပီ သတ္တိရှိစမ်းပါ။ အို ဟုတ်သား မင်းက ကလေးပဲရှိသေးတာပဲ။ ငါမင်းကို ကူညီပေးပါ့မယ်”
ထို့နောက် အမျိုးသားသည် ရှောင်ပေါင်ကို လက်မောင်းထဲ ပွေ့ချီ၍ ကြိုးကွင်းစွပ်ပေးသည်…
အာ့ အာ့…
ရှောင်ပေါင်သည် ပြင်းစွာသော နာကျင်မှုကြောင့် ရုန်းကန်နေခဲ့သည်။ အမျိုးသားသည် လှပသည့်ရှုမြင်ကွင်းကို ကြည့်ရှုနေသည့်အလား ကြည့်နေခဲ့၏။ ထိုစဉ် ခြံဝင်းအပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
“အိမ်မှာ လူရှိလား”
“ရှောင်ပေါင်? ချွေ့အာ?”
“အကုန် ဘယ်ရောက်ကုန်ကြတာလဲ”
“အမေ?”
“ဘာလို့ ဘယ်သူမှ မရှိကြတာလဲ”
ဝမ်သာ့ဖာသည် ခြံဝင်းတစ်ခုလုံးကို ရှာဖွေကြည့်ရာ အဝတ်လျှော်သည့် သစ်သားဇလုံကြီး နေရာတွင်ရှိနေသေးကြောင်း သတိထားမိ၏။ အထဲမှာလည်း မလျှော်ရသေးသည့် အဝတ်များ ရှိနေသေးသည်။
ဝမ်သာ့ဖာသည် အကုန်လုံး ဘယ်သွားလိုက်ကြသလဲဟု တွေးနေခဲ့သည်။
အိမ်ထဲ၌ ရှောင်ပေါင်သည် မသေသေးပေ။ ဖခင်ဖြစ်သူ၏ အသံကို ကြားသောအခါ အသံပြုရန် အပြင်းအထန် ကြိုးပမ်း၏။ လက်များသည်လည်း ရှေ့သို့ ကုတ်ခြစ်နေခဲ့သည်။
ထိုအခါ အမျိုးသားမှ ပြောသည်။
“ရှောင်ပေါင် မင်းအဖေ ပြန်လာပြီ”
အာ့…
ရှောင်ပေါင်သည် ကြားသယောင် မကြားသယောင် ဖြစ်နေခဲ့၏။
ထို့နောက်တွင် တံခါးပွင့်သွားပြီး အခန်းထဲသို့ နေရောင်ခြည် ဝင်ရောက်လာသည်။
ထိုတဒင်္ဂတွင် ဝမ်သာ့ဖာသည် နေရာ၌ ကြက်သေသေသွားခဲ့၏။
ဝမ်သာ့ဖာသည် အိမ်ရက်မတန်း၏ ဘယ်မှညာတစ်လျှောက် ကြိုးကွင်းများကို ကြည့်နေခဲ့သည်။ ထိုကြိုးကွင်းများတွင် တွဲလောင်းကျနေသည်မှာ သူချစ်မြတ်နိုးရသည့် မိသားစုဝင်များဖြစ်သည်။
မိခင်၊ ဇနီး၊ သမီးနှင့် ၅နှစ်အရွယ် သားလေးလည်း ရှိနေခဲ့သည်။
ထိုအချိန်၌ သူ၏မိသားစုဝင်အားလုံးသည် ရက်မတန်းမှ အစီအရီ တွဲလောင်းကျနေကြကာ မျက်နှာများသည် ခရမ်းပုပ်ရောင်သန်းလျက် လျှာထွက်သေဆုံးနေကြသည်။ အဝတ်များသည် လေနှင့်အတူ မျောလွင့်နေ၏။
ဝမ်သာ့ဖာသည် နေရာတွင် ရပ်၍ မိသားစုဝင်များ၏ အလောင်းများကို ကြောင်အစွာ ကြည့်နေခဲ့သည်။
နေ့တစ်ဝက်ဖြစ်၏။
“အား~ အား~”
ဝမ်သာ့ဖာသည် ပါးစပ်ဟလျက် လက်များသည် ထိန်းချုပ်မရနိုင်စွာ ဖမ်းဆုပ်ရန် ကြိုးစားနေသည်။ မျက်ရည်များလည်း အဆက်မပြတ် စီးကျနေ၏… သို့သော် စကားလုံးတစ်လုံးမျှ ထွက်မလာခဲ့ပေ။
ထိုအခိုက်အတန့်တွင် သူ၏ကမ္ဘာကြီး ပြိုလဲသွားခဲ့သည်။
“ရို့ ပြန်လာပြီလား ဟမ်? လာ မြန်မြန်။ ကျုပ် ခင်ဗျားအတွက် နေရာတစ်ခု ချန်ထားပေးတယ်။ ကျုပ် အချိန်ကျပ်နေတယ်ဗျ!”
ရှောင်သောက်သည် ဝမ်သာ့ဖာပြန်ရောက်လာသည်ကို မြင်သောအခါ သက်သောင့်သက်သာသော အသံဖြင့် နောက်ေပြာင်ကျီစယ်ဟန်ပြောဆိုသည်။
ဤအသက်များသည် သူ့အတွက် ဘာအဓိပ္ပာယ်မျှမရှိသည့်အလား အလွန်တရာ အရေးမထားဟန် ပြုမူလေသည်။
ထိုအခါမှသာ ဝမ်သာ့ဖာသည် ရှောင်သောက်ကို မြင်သွားပြီး အမုန်းတရားများ တောက်လောင်လျက် ပြောသည်။
“မင်း မင်းသူတို့ကိုသတ်လိုက်တာ!”
“စိတ်မလှုပ်ရှားပါနဲ့။ သူတို့ဘာသာ ကြိုးဆွဲချသတ်သေသွားတာ၊ ကျုပ်နဲ့ ဘာမှမဆိုင်ဘူး”
“ငါမင်းကို သတ်မယ်!”
ဝမ်သာ့ဖာသည် အသိစိတ်လွတ်သွားပြီး ရူးနှမ်းနေသည့်လူတစ်ယောက်အလား ရှောင်သောက်ဆီသို့ တစ်ဟုန်ထိုးပြေးဝင်တိုက်ခိုက်သည်။ ရှောင်သောက်သည် တခစ်ခစ်ရယ်မော၏။
“ကြည့်ရတာ ခင်ဗျားက ကိုယ့်ဆန္ဒနဲ့ကိုယ် လိုက်လျောမပေးချင်ဘူးပဲ”
ထို့နောက် ရှောင်သောက်သည် ကြိုးတစ်ချောင်းကို လျင်မြန်စွာ ထုတ်ယူ၍ ကျွမ်းကျင်စွာ ကြိုးကွင်းပြုလုပ်လိုက်သည်။
ဝမ်သာ့ဖာသည် ရှောင်သောက်ဆီသို့ တစ်ဟုန်းထိုးပြေးဝင်လာပြီး လက်သီးဖြင့်ထိုးသည်။ ရှောင်သောက်သည် ပေါ့ပေါ့ပါးပါးပင် ရှောင်တိမ်းလိုက်ပြီး ဝမ်သာ့ဖာ၏လည်ပင်းကို ကြိုးကွင်းစွပ်လိုက်၏။
ဝမ်သာ့ဖာမှ နောက်တစ်ကြိမ် လက်သီးထိုးသွင်းလာချိန်တွင် ရှောက်သောက်သည် ကြိုးအစွန်းကို ရက်မတန်းသို့ ပစ်တင်လိုက်သည်။
ထို့နောက် ကြိုးကို အရှိန်ပြင်းပြင်း ဆွဲလိုက်သည်။
အာ့…
ဝမ်သာ့ဖာ၏လည်ပင်းရှိ ကြိုးကွင်းမှာ ချက်ချင်း တင်းကျပ်သွား၏။ ဝမ့်သာဖာသည် လက်နှစ်ဖက်စလုံးဖြင့် ကြိုးကွင်းမှ လွတ်မြောက်ရန် အသည်းအသန်ကြိုးပမ်းသည်။
သို့သော် အသုံးမဝင်ပေ။ သူသည် ရုတ်တရက် ကြမ်းပြင်မှ မြောက်တက်သွားရ၏။
ထို့နောက် ဝမ်သာ့ဖာသည် ကြမ်းကြမ်းရမ်းရမ်း ကန်ကျောက်ရုန်းကန်သည်။ လည်ပင်းသည် အလွန်တင်းကျပ်စွာ ညှစ်ခံထားရသောကြောင့် အသက်မရှူနိုင်တော့သဖြင့် မျက်နှာသည် နီရဲလာခဲ့သည်။
သို့တိုင် သူသည် အော်ဟစ်နေဆဲပင်။
“ဘာလို့ ဘာလို့လဲ…”
ရှောင်သောက်မှ ပြုံးလိုက်ပြီး ပြောသည်။
“ဘာလို့ဆို ခင်ဗျားက မလုပ်သင့်တာကို လုပ်ခဲ့လို့”
“ငါ ငါက မင်းတို့ခိုင်းတဲ့အတိုင်း အကုန်လုပ်ပေးခဲ့တာပဲ။ အဲဒါတောင် ဘာ ဘာလို့ ငါ့ကိုသတ်ရတာလဲ…”
ရှောင်သောက် : “ဟက် ခင်ဗျားက စကားနားထောင်တယ်ဆိုတာနဲ့ပဲ ခင်ဗျားကို မသတ်ပါဘူးလို့ ဘယ်သူပြောလဲ။ ရုန်းကန်မနေနဲ့တော့၊ ရုန်းရင် ပိုနာကျင်ရရုံပဲရှိမှာ။ အေးအေးချမ်းချမ်း သေသွားလိုက်တာ ပိုမကောင်းဘူးလား။ အားလုံးသေသွားတာများ သပ်သပ်ရပ်ရပ်ပဲ၊ ခင်ဗျားကို တကယ်အားကျတယ်~~”
အာ့…
ဝမ်သာ့ဖာသည် လုံးလုံးလျားလျား အသက်ရှူရပ်တန့်လုနီး ဖြစ်နေလေပြီ။ သူ၏ခြေထောက်များသည် ဖျော့တော့စွာ ကန်ကျောက်နေဆဲပင်။
ရှောင်သောက်သည် ကြိုးကို လက်တစ်ဖက်တည်းဖြင့် ဆွဲကိုင်ထားရင်း ဝမ်သာ့ဖာ တဖြည်းဖြည်း သေဆုံးသွားသည်ကို စောင့်ကြည့်နေခဲ့သည်။
ထိုစဉ် တံခါးမှ လူတစ်စု ဝင်ရောက်လာသည်။
“လူကယ်!”
ကျယ်လောင်စွာ အော်ဟစ်သံနှင့်အတူ လှံရှည်တစ်ချောင်းသည်
ရှောင်သောက်၏ ရင်ဘတ်တည့်တည့်သို့ ဦးတည်ပျံသန်းလာသည်။
ဒုက္ခရောက်ပြီ!