← Chapters

ကျန်းချွမ် : ဘာ၊ ညီငယ်၅က ငါ့ကိုရှာတွေ့သွားပြီတဲ့လား_၄

Vol. 22 Ch. 299

ကျန်းချွမ် : ဘာ၊ ညီငယ်၅က ငါ့ကိုရှာတွေ့သွားပြီတဲ့လား_၄

Vol. 22 Ch. 299

ရှောင်သောက်သည် ရုတ်တရက် ကြိုးကို လက်လွှတ်မိလိုက်ရပြီး လူသည်လည်း လဲသွားရသဖြင့် လက်ဝါးဖြင့် ထောက်ကန်ထိန်းလိုက်ရသည်။ ဝမ်သာ့ဖာလည်း ကြမ်းပြင်သို့ ပြုတ်ကျသွား၏။

အဟွတ် အဟွတ်…

ဝမ်သာ့ဖာသည် အသည်းအသန် ချောင်းဆိုးနေတော့သည်။

ထိုအချိန်၌ ရှောင်သောက်သည် သူ၏ဦးခေါင်းထက် ရစ်ဝဲလာသည့် လှံရှည်ကို ခံစားမိလိုက်သည်။

ချွင်!

လှံရှည်သည် နောက်ဘက်ရှိ နံရံကို ထိုးစိုက်သွားသည့် အသံထွက်ပေါ်လာသည်။ လှံထိပ်ဖျားသည် အပြာရောင်အုတ်ကြွပ်ကို ထိုးဖောက်သွားပြီး နက်နက်ရှိုင်းရှိုင်း နစ်ဝင်သွားခဲ့သည်။

ရှောင်သောက်၏ မျက်လုံးများ စူးရဲသွားရကာ တံခါးဝသို့ လှည့်ကြည့်လိုက်သည်။ ထိုအခါ ချန်ကျဲ့ကို မြင်တွေ့လိုက်ရသည်။

လက်တစ်ချက်အဝှေ့၌ ရှောင်သောက်၏ လက်ထဲတွင် တစ်ပေခန့်ရှည်လျားကာ ပုစဉ်းတောင်ပံကဲ့သို့ ပါးလွှာသည့် တစ်ဖက်သွားဓားရှည်တစ်ချောင်း ပေါ်ထွက်လာ၏။ ထို့နောက် ရှောင်သောက်သည် အနီးတွင် လဲကျနေသည့် ဝမ်သာ့ဖာကို တစ်ဟုန်ထိုး ဦးတည်ထိုးစိုက်သည်။

ကိုယ့်ကိုယ်ကိုယ်သတ်သေမှုအဖြစ် လုပ်ကြံဖန်းတီးခြင်းမှာ မအောင်မြင်တော့သည်ဖြစ်ရာ သူ့အနေဖြင့် တိုက်ခိုက်ရုံသာ တတ်နိုင်ပေသည်။

ဒီလူကို သတ်လိုက်ရင် အနည်းဆုံးတော့ ပြဿနာနည်းသွားနိုင်တယ်။

ထိုသို့ရေရွတ်လျက် ရှောင်သောက်သည် ဝမ်သာ့ဖာ၏ လည်မျိုတည့်တည့်သို့ ဦတည်၍ ဓားဖြင့်ထိုးသည်။

ဝမ်သာ့ဖာ သေဆုံးရလုနီးတွင် ချန်ကျဲ့သည် ရှောင်သောက်၏ရည်ရွယ်ချက်ကို မြင်တွေ့သွားခဲ့၍ ရှေ့သို့ပြေးကာ ဝမ်သာ့ဖာ၏ခြေထောက်ကို ဆွဲ၍ လူတစ်ကိုယ်လုံးကို အိမ်ထဲမှ ဆွဲထုတ်ပစ်လိုက်သည်။

ထိုအခါ ကျိုးချူမှ ဝမ်သာ့ဖာကို အချိန်ကိုက် ဖမ်းယူသည်။

ဂျစ်!

ရှောင်သောက်၏ တိုက်ခိုက်မှု ကျရှုံးသွားခဲ့၏။ သူ၏ ထက်ရှစွာသောဓားသည် ကြမ်းခင်းပြားများတွင် မြောင်းတစ်ခုဖြစ်တည်သွားစေခဲ့သည်။

ထို့နောက် ရှောင်သောက်သည် ရုတ်ချည်း ခေါင်းပြန်မော့ကြည့်၍ ချန်ကျဲ့ကို တစ်ဖက်သွားဓားဖြင့် ဦးတည်ထိုးသည်။

ချန်ကျဲ့သည်လည်း ခုခံကာကွယ်ရေးတွင် အထူးအသုံးဝင်သည့် ရေထိန်းချုပ်လက်ဝါးသိုင်းဖြင့် ခုခံဟန့်တားသည်။

ချန်ကျဲ့သည် ရှောင်သောက်၏ အသက်နုတ်သိုင်းကွက်ကို ရေထိန်းချုပ်လက်ဝါးသိုင်းဖြင့် ခုခံဟန့်တားပြီးနောက် ရှောင်သောက်၏ နောက်ထပ်ဓားချက်များကို ဘယ်ညာရှောင်တိမ်းသည်။

ဂျွတ်!

ပုစဉ်းတောင်ပံအလား ပါးလွှာသည့် ဓားသွားသည် အခန်း၏ သစ်သားတိုင်ကို ရုတ်ချည်း ခုတ်ပိုင်းသွား၏။ ကွဲထွက်သွားသော အသံနှင့်အတူ သစ်သားတိုင်သည် နှစ်ခြမ်းကွဲသွားခဲ့သည်။

ချန်ကျဲ့ ရှောင်တိမ်းလိုက်၏။ ထိုအခိုက်အတန့်၌ ရှောင်သောက်သည် ချန်ကျဲ့ကို အဆက်မပြတ် ဖိအားပေးတိုက်ခိုက်နေသည်။

ဂျစ်!

ဓားသွားသည် ထမင်းစားပွဲကို သေသပ်ရပ်စွာ နှစ်ခြမ်းခွဲ‌သွားခဲ့သည်။

“ထက်လိုက်တဲ့ ဓားပဲ”

ချန်ကျဲ့မှ အလေးအနက် မှတ်ချက်ပြုသည်။ ရှောင်သောက်သည် အလျင်အမြန် ဆက်လက်တိုက်ခိုက်၏။

ရှောင်သောက်သည် လုပ်ကြံသတ်ဖြတ်ရေးတွင် ကျွမ်းကျင်သူဖြစ်ရာ ဤသို့နေရာကျဉ်းကျပ်နေမှုသည် တိုက်ခိုက်ရန် ပြီးပြည့်စုံ၏။ ရှောင်သောက်၏ ဓားသည် လေထုထဲတွင် အဆက်မပြတ် ဝှေ့ယမ်းနေလျက် နောက်ဆက်တွဲသက်ရောက်မှုအချို့ ချန်ထားရစ်ခဲ့သည်။

ချန်ကျဲ့သည် ဆက်တိုက် နောက်ဆုတ်နေသည်။

ချန်ကျဲ့မှ ပို၍ အင်အားကြီးမားခြင်းဖြစ်သော်ငြား ထိုဓားသည် တကယ့်ကို အလွန်ထက်ရှလွန်းသည်။

တိုက်ခိုက်စွမ်းအား၊ ကျင့်ကြံဆင့်နှင့် ကျင့်စဉ်တို့အပြင် နတ်လက်နက်တစ်မျိုးကို ပိုင်ဆိုင်ထားပါက တိုက်ခိုက်စွမ်းရည်ကို သိသိသာသာ တိုးတက်စေနိုင်သည်။

ကောင်းကင်ဘုံဓားနှင့် ‌မီးတောင်‌သေအရှင်အလား ထိပ်တန်းသိုင်းပညာရှင်ကြီးတစ်ဦး ဖြစ်စေနိုင်လိမ့်မည်။

ကောင်းကင်ဘုံဓား မရှိပါက မီးတောင်သေအရှင်၏ တိုက်ခိုက်စွမ်းရည်သည် အနည်းဆုံး ထက်ဝက်လျော့ကျသွားမည် ဖြစ်သည်။

သို့သော် လက်နက်ကြောင့် တိုးတက်မှုသည် အကန့်အသတ်ရှိ၏။ တိုက်ခိုက်နေစဉ်အတွင်း ကျွမ်းကျင်သည့် တုံ့ပြန်မှုရှိရန် လိုအပ်ပေသည်။

ချန်ကျဲ့သည် နောက်ဆုတ်ရင်း တိုက်ခိုက်နေခဲ့ပြီး ခဏအကြာတွင် သူ၏လှံရှည်အနီးသို့ ရောက်လာသည်။ ချန်ကျဲ့မှ လှံရှည်ကို ဆွဲယူလုနီးတွင် ရှောင်သောက်၏ဓားသည် ရုတ်တရက် သူ့ထံ ဦးတည်လာလေသည်။

ဝှစ်!

ချန်ကျဲ့နှင့်အတူ ပြိုင်ပွဲဝင်ခဲ့ပြီး ဖုန်းစန်းကိုပင် သတ်ဖြတ်ခဲ့သည့် လှံရှည်သည် ယခုတွင်တော့ ရှောင်သောက်၏ ဓားချက်အောက်တွင် နှစ်ပိုင်းဖြတ်ခံလိုက်ရသည်။

ချန်ကျဲ့ မျက်မှောင်ကြုတ်သွားသော်ငြား တိုက်ခိုက်မှုကို မရပ်တန့်ပေ။

ရှောင်သောက်၏ တစ်ဖက်သွားဓားသိုင်းသည် လျင်မြန်ပြီး ရက်စက်သည်။ ဓားချက်တိုင်းသည် အသက်နုတ်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး အသက်အန္တရာယ်ဖြစ်စေမည့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဦးတည်တိုက်ခိုက်သည်။

ရှောင်သောက်သည် သံမဏိအရိုးအဆင့်ဖြစ်သော်ငြား ချန်ကျဲ့နှင့် သူ့ကြားတွင် ကွာဟမှုရှိနေဆဲပင်။

ရှောင်သောက်မှ သူ့အား အကြိမ်ပေါင်းဒါဇင်ကျော််ခန့် အဆက်မပြတ် တိုက်ခိုက်နေချိန်တွင် ချန်ကျဲ့သည် ရှောင်သောက် အားနည်းလာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။ ရှောင်သောက်သည် မိမိမှာ ရန်သူကို အနိုင်မတိုက်နိုင်ကြောင်း နားလည်လိုက်သော် လှည့်ထွက်ပြေးလိုသည့် ဆန္ဒဖြင့် စိတ်လောလာခဲ့သည်။

ချန်ကျဲ့သည် တစ်ဖက်လူ၏ စိတ်အခြေအနေကို သတိထားမိသဖြင့် တမင်သက်သက် အားနည်းချက်တစ်ခု ထုတ်ဖော်ပြလိုက်သည်။

အခွင့်အရေးကို မြင်တွေ့သည်နှင့် ရှောင်သောက်သည် ချန်ကျဲ့သို့ ဓားကို အားပြင်းပြင်းလွှဲရမ်းလိုက်ပြီး ထွက်‌ပြေးတော့သည်။

ထိုအခါ ချန်ကျဲ့သည် နောက်ဆုတ်ရမည့်အစား ရှေ့သို့ ချီတက်၏။

“ဘာကို!”

ထွက်ပြေးရန်ပြင်နေသည့် ရှောင်သောက်မှာ ခြေတစ်လှမ်းသာ နောက်ဆုတ်ရသေး၏။ သို့သော် ချန်ကျဲ့၏ နောက်ဆုတ်ရမည့်အစား ရှေ့တက်လာသည့်မြင်ကွင်းကို မြင်လိုက်ရသောကြောင့် ထိတ်လန့်သွားခဲ့သည်။

သူ နောက်ကျသွားလေပြီ– ချန်ကျဲ့သည် သူ့ကို အထက်မှ စီးမိုးထားပြီဖြစ်သည်။

ထိုအချိန်၌ ချန်ကျဲ့သည် သံမဏိလက်ဝါးသိုင်းကို ထုတ်သုံးလိုက်သည်။

ရှောင်သောက်သည် ရက်စက်ကြမ်းကြုတ်သည့် လက်ဝါးသိုင်းကွက်ကို မြင်သောအခါ မျက်လုံးပြူးသွားရပြီးနောက် အံတင်းတင်းကြိတ်ကာ သူ၏ဓားဖြင့် တန်ပြန်တိုက်ခိုက်သည်။

သတ်!

ဒုန်း!

သံမဏိလက်ဝါးသိုင်းသည် ရှောင်သောက်၏ရင်ဘတ်ကို အပြင်းအထန် ထိခတ်သွားခဲ့၏။ ရှောင်သောက်သည် လွင့်ထွက်သွားရကာ အိမ်ကိုထောက်ကန်ထားသည့် တိုင်နှင့် ရိုက်မိသွားရသည်။

ဂျွတ်!

ခုနက ဓားချက်ကြောင့် နှစ်ခြမ်းကွဲ‌နေသည့် တိုင်သည် ယခုတွင် ရှောင်သောက်၏ခန္ဓာကိုယ်ဖြင့် ဝင်ဆောင့်မှုကြောင့် နှစ်ပိုင်းကျိုးသွားခဲ့သည်။

အဟွတ်…

ရှောင်သောက်မှာ သွေးတစ်ပွက်အန်ထွက်သွားရသည်။ သူ၏ရင်ဘတ်အတွင်းထဲမှာ ကျိုးကြေသွားလောက်၏။ အနည်းဆုံးတော့ နံရိုးသုံးချောင်းခန့် ကျိုးသွားပေလိမ့်မည်။

ချန်ကျဲ့၏ အင်္ကျီလက်သည်လည်း ပြဲစုတ်သွားခဲ့ပြီး ချန်ကျဲ့သည် မြေပြင်သို့ ချောချောမွေ့မွေ့ ပြန်ဆင်းသက်လိုက်သည်။

မြန်လိုက်တဲ့ ဓားချက်ပဲ!

ချန်ကျဲ့သည် ဓားရာအဆုံးနားတွင် ပူစပ်စပ် ခံစားနေရသည်။

ချန်ကျဲ့ငုံ့ကြည့်လိုက်သည်။ ဓားချက်ကို ရှောင်တိမ်းနိုင်ခဲ့သော်ငြား အရေပြားကို အနည်းငယ် ပြတ်ရှသွားခဲ့ပြီး လက်ရှိ အမွေးအမျှင်များကို ရှင်းလင်းနေအောင် ခုတ်ဖြတ်ခံလိုက်ရသည်။

ချန်ကျဲ့ ဦးရေပြားကျိန်းစပ်သွားရသည်– ဒီဓားက မြန်လွန်းလို့ အမွေးတွေကိုတောင် ခုတ်ဖြတ်သွားနိုင်တယ်!

အဟွတ် အဟွတ် အဟွတ်…

ရှောင်သောက်မှာ အတော်လေး ရုန်းကန်ခဲ့ပြီးမှ အသက်ပြန်ရှူနိုင်သည်။ ၎င်းလက်ဝါးရိုက်ချက်သည် သူ၏နှလုံးနှင့် အဆုတ်တို့ကို တည့်တည့်ထိမှန်သွားသောကြောင့် မွန်းကျပ်သေတော့မည့်အလား ခံစားလိုက်ရ၏။

နောက်ဆုံးတွင်တော့ အသက်ရှူသွင်းနိုင်လိုက်သဖြင့် အသည်းအသန် မောဟိုက်စွာဖြင့် အသက်ရှူနေခဲ့သည်။

သူ၏နှလုံး၊ အဆုတ်နှင့် နံရိုးကျိုးခြင်းတို့၏ မချိမဆံ့သော နာကျင်မှုကြောင့် ရှောင်သောက်မှ အသည်းအသန် ချောင်းဆိုးနေလျက် ဘာမျှမလုပ်နိုင်ပေ။

ချန်ကျဲ့သည် မိမိ၏အင်္ကျီလက်ကို ကြည့်ရင်း မှတ်ချက်ပြုသည်။

“ထက်လိုက်တဲ့ဓားပဲ”

“အဟွတ် အဟွတ်… မင်း ဘာမှမထိခိုက်ဘူး မဟုတ်ဘူးလား”

ရှောင်သောက်မှ ပြန်ပြောသည်။

ထိုအခါ ချန်ကျဲ့သည် လက်ကိုမြှောက်ပြ၏။

“ငါ ဒဏ်ရာရသွားတယ် မြင်လား။ ငါ သွေးထွက်တော့မလို့”

“ငါ့ကို သရော်နေတာလား”

ရှောင်သောက်မှ ပြောသည်။

ချန်ကျဲ့သည် ရှောင်သောက်ကို ကြည့်လိုက်ပြီး ပြောသည်။

“မင်း တိုက်ခိုက်နိုင်သေးလား”

“အဟွတ် အဟွတ်… မတိုက်တော့ဘူး!”

ချန်ကျဲ့မှ ပြောသည်။

“ဒါဆို စကားပြောကြတာပေါ့”

“ငါ ဘာမှမသိဘူး”

ရှောင်သောက်မှ ချေပပြောဆိုသည်။

ချန်ကျဲ့ ရယ်လိုက်သည်။

“ဒါပေမဲ့ ငါမင်းကို သိတယ်”

ရှောင်သောက် မျက်မှောင်ကြုတ်လိုက်သည်။ ချန်ကျဲ့မှ ဆက်ပြောသည်။

“ငါတို့ညီအစ်ကိုတွေမှာ အနီးကပ်လူယုံတွေ ရှိကြတယ်။ အစ်ကိုကြီးမှာဆို စစ်ရှီးနဲ့ ဖချိုက် ရှိတယ်။ အစ်ကို၂ရဲ့ လူယုံကကျ ရှောင်သောက် မင်းမဟုတ်လား”

ရှောင်သောက်သည် ဘာမျှမပြောပေ။

ချန်ကျဲ့မှ ဆက်ပြောသည်။

“အစ်ကို၂က မင်းကို သူတို့ကိုသတ်ခိုင်းလိုက်တာလား”

ရှောင်သောက် တိတ်ဆိတ်နေဆဲပင်။

ချန်ကျဲ့မှ မေးသည်။

“အစ်ကို၂အတွက် ဝန်ကို သယ်ပေးနေတုန်းပဲလား”

All Chapters