← Chapters

ချန်ကျဲ့ : သခင်မ၊ ခင်ဗျားက အလုံအလောက် ရူးသွပ်နေပြီးပါပြီ

Vol. 22 Ch. 302

ချန်ကျဲ့ : သခင်မ၊ ခင်ဗျားက အလုံအလောက် ရူးသွပ်နေပြီးပါပြီ

Vol. 22 Ch. 302

ကျားဖြူခန်းမ!

ဂျွတ်!

ဝမ်သာ့ဖာမှ ပြန်ပြောပြသည်တို့ကို နားထောင်ပြီးနောက်၌ ဖန်းရှစ်ကျုံး၏မျက်နှာသည် ဖြူဖမ်ဖြူရော် ဖြစ်လာခဲ့ပြီး ဘုန်းခနဲ စားပွဲကို ရိုက်လိုက်သည်။

ထိုအခိုက်အတန့်၌ ဖန်းရှစ်ကျုံး၏ မျက်နှာတစ်ခုလုံးမှာ အဆုံးမဲ့သော ဒေါသမီးများ တောက်လောင်နေသည်။ ဖန်းရှစ်ကျုံးမှာ ဒေါသထွက်လွန်းသောကြောင့် လက်များ တုန်ယင်နေခဲ့သည်။

မျက်လုံးများ နီရဲနေလျက် ပြင်းစွာသော စိတ်ခံစားချက် ကသောင်းကနင်းဖြစ်မှုသည် သူ၏အတွင်းဒဏ်ရာကို မွှေနှောက်သွားခဲ့ရာ ဖန်းရှစ်ကျုံးမှာ အပြင်းအထန် ချောင်းဆိုးလာတော့သည်။

အဟွတ် အဟွတ် အဟွတ်…

“မွေးစားအဖေ”

“မွေးစားအဖေ!”

ချန်ကျဲ့နှင့် ကျိုးချူသည် ဖန်းရှစ်ကျုံးကို တွဲကူပေးရန် ချက်ချင်း ရှေ့တိုးသွားလိုက်သည်။ ဖန်းရှစ်ကျုံးသည် သွေးနီရောင်သန်းနေသော မျက်လုံးများဖြင့် ‌အံ့အားသင့်စွာ ပြော၏။

“တိရစ္ဆာန်ကောင်တွေ သားရဲတိရစ္ဆာန်ကောင်တွေ ညီအစ်ကိုတွေအချင်းချင်းကိုတောင် ဒီလိုလုပ်ရပ်မျိုး လုပ်ဝံ့တယ်!”

“သူဘယ်လိုတောင် ဒီလိုလုပ်နိုင်ရတာလဲ!”

ချန်ကျဲ့၏ ‌တွဲကူပေးမှုဖြင့် ဖန်းရှစ်ကျုံး ထိုင်နိုင်လိုက်သည်။

အနီးရှိ ဖန့်ဖူသည် ဂျင်ဆင်းရည်တစ်ခွက်ကို အရန်သင့် ယူဆောင်လာပေးသည်။ ဖန်းရှစ်ကျုံးသည် တစ်ငုံသောက်လိုက်ပြီး ဖန့်ဖူနှင့် ချန်ကျဲ့တို့ကို ကြည့်၍ အမိန့်ပေးသည်။

“မင်းတို့‌နှစ်ယောက် လင်းယုန်အစောင့်အရှောက်တွေနဲ့အတူ ကျားဖြူခန်းမရဲ့အမိန့်အောက်မှာ အဖွဲ့သားတစ်ရာကို ခေါ်ဆောင်ပြီး မသိတတ်တဲ့သားကို ချက်ချင်း ဖမ်းဆီးကြ!”

“ဟုတ်ကဲ့!”

ချန်ကျဲ့နှင့် ဖန့်ဖူသည် ချက်ချင်း လက်သီးယှက်အရိုအသေပြု၍ တုံ့ပြန်သည်။ ထို့နောက် ဖန့်ဖူမှ မေးသည်။

“သခင်၂က ပြန်ခုခံခဲ့ရင် ဘယ်လိုလုပ်မလဲ”

“သေသေရှင်ရှင် ဆွေးနွေးဖို့မရှိဘူး!”

ဖန်းရှစ်ကျုံးသည် အံတင်းတင်းကြိတ်လျက် ပြောခဲ့၏။ ထိုအခါ ဖန့်ဖူသည် လက်သီးယှက်အရိုအသေပြုလိုက်ပြီး ပြောသည်။

“နားလည်ပါပြီ”

ထိုစဉ် ဖန်းရှစ်ကျုံးသည် သံနက်ဖြင့် သွန်းလုပ်ထားသော တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းတံဆိပ်ပြားကို ငွေဖြင့် တန်ဆာဆင်ထားပြီး ကျားဖြူဦးခေါင်းကို အထူးပုံဖော်ထားသည်။ ၎င်းမှာ ကျားဖြူခန်းမ၏ ကျားဖြူအမိန့်တော် ဖြစ်သည်။

တံဆိပ်ပြားကို လက်ခံရယူပြီးနောက် ချန်ကျဲ့နှင့် ဖန့်ဖူသည် လင်းယုန်အစောင့်အရှောက်များကို ဦးဆောင်၍ ကျန်းချွမ်၏နေအိမ်သို့ ချက်ချင်း ချီတက်ကြသည်။

ကျိုးချူသည် ဖန်းရှစ်ကျုံးကို ဂရုစိုက်ပေးရန် ကျန်နေခဲ့သည်။ လူအိုကြီးသည် အရင်ကတည်းက ဒဏ်ရာများကြောင့် နေထိုင်မကောင်းဖြစ်နေခဲ့ပြီး သားဖြစ်သူ၏ ညီအစ်ကိုချင်း သတ်ဖြတ်မှုကို ကြားသိရပြီးနောက်တွင် အလွန်အမင်း စိတ်လှုပ်ရှားကာ ဒဏ်ရာများလည်း အခြေအနေ ပိုမို‌ဆိုးရွားလာခဲ့သည်။

ကျိုးချူသည် လုံလောက်သည့်ကျင့်ကြံဆင့်အင်အားလည်း မရှိသေးရာ အလိုအလျောက်ပင် ဖန်းရှစ်ကျုံးကို ပြုစုစောင့်ရှောက်ရန် နေခဲ့ရ၏။

ယုံချန်လမ်းမကြီး၏ အစည်ကား‌ဆုံးသောနေရာရှိ ကျန်းချွမ်၏နေအိမ်သည် ခြံဝင်းနှစ်ခုပါသော အိမ်တော်ဖြစ်ပြီး ကျားဖြူခန်းမပြီးလျှင် အကြီးမားဆုံးဖြစ်သည်။

ခြံဝင်းထဲတွင် အခန်း၃၀ကျော်တည်ရှိပြီး ဥယျာဉ်၊ ကျောက်ပုံဥယျာဉ်နှင့် ရေကန်တစ်ကန်လည်း တည်ရှိရာ အတော်လေး ခမ်းနားကြီးကျယ်ပေသည်။

ထို့ပြင် ကျန်းချွမ်သည် အလှလေးများကို နှစ်ခြိုက်တတ်သောကြောင့် တရားဝင်ဇနီးတစ်ယောက်နှင့် ကြင်ယာတော်၆ယောက် ရှိသည်။ ကလေး၄ယောက်ရှိပြီး သားသုံးယောက်နှင့် သမီးတစ်ယောက်ဖြစ်သည်။

တရားဝင်ဇနီး၏ အကြီးဆုံးသားသည် အသက်၈နှစ်အရွယ် ဖြစ်သည်။

သခင်မကျောင်း(ကျောင်းရွှမ်၏အစ်မ)တွင် ၆နှစ်အရွယ် သားတစ်ယောက်ရှိသည်။

ထို့ပြင် ၆နှစ်အရွယ် သမီးလေးတစ်ယောက်လည်း ရှိသည်။

နောက်ကလေးတစ်ယောက်သည်တော့ အနှီးထုပ်ထဲတွင်သာ ရှိသေးသည်။

ချန်ကျဲ့တို့ ကျန်းချွမ်၏အိမ်သို့ ရောက်သောအခါ အိမ်တော်တစ်ခုလုံး ရှုပ်ယှက်ခတ်နေသည်ကို မြင်တွေ့လိုက်ရသည်။

ချန်ကျဲ့နှင့် ဖန့်ဖူတို့ အကြည့်ချင်းဖလှယ်လိုက်ကြပြီး နောက်လိုက်များနှင့်အတူ အိမ်တော်အတွင်း စီးနင်းဝင်ရောက်သည်။ သို့သော် အံ့အားသင့်ဖွယ်ကောင်းစွာ မည်သူမျှ မဟန့်တားခဲ့ပေ။

ချန်ကျဲ့နှင့် ဖန့်ဖူသည် နေရာအနှံ့တွင် အမျိုးသမီးများ ယောက်ယက်ခတ်နေသည့် အနောက်ခြံဝင်းသို့ သွားလိုက်ကြသည်။

အမျိုးသမီးတစ်ဦးသာလျှင် အန္တရာယ်ကြောင့် ကြောက်လန့်ခြင်းမရှိဘဲ ထိုင်ခုံတွင် တည်ငြိမ်စွာ ထိုင်နေသည်။ သူမ၏ဘေးတွင် ၆နှစ်အရွယ်ကောင်လေးတစ်ယောက် ရပ်နေသည်။

“အဲဒီတော့ မင်းက ချန်ကျိုစစ်ပေါ့!”

မမျှော်လင့်စွာဖြင့် အမျိုးသမီးသည် ချန်ကျဲ့၏အမည်ကို ထုတ်ဖော်ပြော၍ ဦးစွာ စကားပြောလာခဲ့သည်။

ချန်ကျဲ့ ရှေ့တိုးသွားလိုက်ပြီး ပြန်ပြောသည်။

“ကျွန်တော့်ကို သိတယ်လား”

အမျိုးသမီးမှ ပြန်ပြောသည်။

“ဒါပေါ့၊ ငါ့မျိုးရိုးနာမည်က ကျောင်း။ ငါ့မောင်က တစ်ချိန်က ရှန်းထောင်မြို့ ငါးဖမ်းကုန်သည်အဖွဲ့မှာ သင်္ဘောခေါင်းဆောင်လုပ်ခဲ့ဖူးတဲ့ ကျောင်းရွှမ်ပဲ!”

အဲဒီတော့ သူပေါ့။

ချန်ကျဲ့ မျက်မှောင်ကြုတ်လိုက်သော်ငြား ယဉ်ကျေးမှုကို ထိန်းသိမ်းထားဆဲပင်။

“သခင်မ ကျောင်း”

အမျိုးသမီးမှ ပြောသည်။

“အရမ်းယဉ်ကျေးနေဖို့ မလိုဘူး။ ဘာဖြစ်ဖြစ် ငါတို့က ရန်သူတွေပဲ၊ ဟန်ဆောင်ပန်ဆောင်လုပ်နေဖို့ မလိုဘူး။ မင်းဘာလို့ ဒီကိုရောက်လာလဲဆိုတာ ငါသိတယ်”

“ငါ့ခင်ပွန်းက ငြိစွန်းတဲ့သူပေမဲ့ သူက ထွက်ပြေးသွားပြီ။ ဒီအိမ်မှာ အမေနဲ့ကလေးပဲ ကျန်ရစ်ခဲ့တယ်။ ငါတို့ကို မင်းဆန္ဒရှိသလို လုပ်နိုင်တယ်”

“ဒါပေမဲ့ မင်း ငါ့သားကို ထိခိုက်အောင် မလုပ်ရဘူး။ သူက ခန်းမအရှင်သခင်ရဲ့ မြေးပဲ။ မင်း သူ့ကို ထိခိုက်အောင်လုပ်မယ်ဆိုရင် ခန်းမအရှင်သခင်ရဲ့ အမိန့်လိုတယ်”

“ဦးလေးဖူ၊ အဖေက သူ့မြေးကို သတ်ဖို့ အမိန့်ပေးလိုက်သလား”

ဖန့်ဖူ အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ ထို့နောက် ဖြေသည်။

“မပေးလိုက်ပါဘူး”

ထို့နောက် သခင်မကျောင်းမှ ပြောသည်။

“ဒါဆိုရင်တော့ ကျွန်မသားရဲ့ ကံကြမ္မာက ဦးလေးဖူအပေါ် မူတည်သွားပါပြီ။ လာ သူ့ကို အဘိုးဖူလို့ ခေါ်လိုက်”

၆နှစ်အရွယ်ကောင်လေးသည် ရုတ်ချည်း အနားကပ်လာပြီး ပြောသည်။

“အဘိုးဖူ”

“သူ့ကို ဦးလေး၅လို့ခေါ်လိုက်!”

“ဦးလေး၅!”

ကလေးသည် နာခံစွာဖြင့် လိုက်ပြော၏။ သခင်မကျောင်းသည် ဖန့်ဖူကို ကြည့်နေခဲ့ပြီး ပြောသည်။

“ဦးလေးဖူ ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ဦးလေးဆုံးဖြတ်ပါ။ ကျေးဇူးပြုပြီး အမိန့်ပေးပါ”

ဦးလေးဖူသည် အခက်တွေ့နေသည့် ချန်ကျဲ့ကို ကြည့်လာ၏။ ‌ထို့နောက် ပြောသည်။

“ကျိုစစ် သူပြောတာ မှန်တယ်။ ကျန်းချွမ်ရဲ့အမှားက ကလေးနဲ့ ဘာမှမဆိုင်ဘူး။ အထူးသဖြင့် သူက ခန်းမအရှင်သခင်ရဲ့ မြေးဖြစ်နေတယ်… ငါတို့ သူ့ကို ထိခိုက်အောင် လုပ်လို့မဖြစ်ဘူး”

ချန်ကျဲ့ သခင်မကျောင်းကို စူး‌စိုက်ကြည့်နေသည်။

ဒီအမျိုးသမီးက တကယ် မရိုးရှင်းဘူး။

ချန်ကျဲ့သည် ဖန်းရှစ်ကျုံးမှာ မည်သို့သောလူမျိုးဖြစ်ကြောင်းကိုလည်း သေချာသိပါ၏။ ဖန်းရှစ်ကျုံးသည် စိတ်ခံစားချက်များကို အလွန်ဂရုစိုက်သည်။ ထိုသို့လူမျိုးသည် အခြားသူများ၏ အသုံးချခြင်းကို ခံရနိုင်၏။ သို့သော် ချန်ကျဲ့သည် ဖန်းရှစ်ကျုံးကို ပြောင်းလဲနိုင်သည့် အင်အားမရှိပေ။

ဤလောက၌ လူအမျိုးမျိုး တည်ရှိနေကြပြီး ဖန်းရှစ်ကျုံးသည် လူများထဲမှ လူတစ်ဦးသာ ဖြစ်သည်။

ထိုသို့အတွေးဖြင့် ချန်ကျဲ့မှ ပြောသည်။

“ဦးလေးဖူ ဒီကကိစ္စတွေကို ဦးလေးပဲ ကိုင်တွယ်လိုက်ပါ။ ကျွန်တော်က လင်းယုန်အစောင့်အရှောက်တွေကို ခေါ်သွားပြီး လိုက်မယ်”

“မလုပ်နဲ့ ကျိုစစ်၊ ငါမင်းနဲ့အတူ လိုက်မယ်”

ထိုအခါ ချန်ကျဲ့မှ ပြန်ပြောသည်။

“ကောင်းပြီ။ ဒါဆို ယုံကြည်ရတဲ့လူနှစ်ယောက် ချန်ခဲ့တာပေါ့။ ကျွန်တော်တို့ သွားကြမယ်”

သို့ဖြင့် သူတို့သည် ကျန်းချွမ်၏နေအိမ်မှ ထွက်လာခဲ့ကြသည်။ တစ်ချိန်တည်းတွင် အဖွဲ့သားတစ်ရာသည် ကျန်းချွမ်၏နေအိမ်ကို ဝိုင်းထားခဲ့ကြလေပြီ။

ချန်ကျဲ့ ခဏမျှတွေးတောလိုက်ပြီး ဖန့်ဖူကို ပြောသည်။

“‌သွားစို့ တောင်ဘက်မြို့ဂိတ်တံခါးကို သွားကြမယ်။ အဲဒီက အနီးဆုံးပဲ”

ထိုအခါ ဖန့်ဖူမှ မေးသည်။

“ကျိုစစ်၊ ကျန်းချွမ်က မြို့ထဲက ထွက်သွားချင်ယောင်ဆောင်ပြီး မြို့ထဲမှာ ပုန်းနေတာများလား”

ချန်ကျဲ့မှ ပြန်ဖြေသည်။

“မဖြစ်နိုင်ဘူး။ သူနဲ့ မိန်ဂိုဏ်းနဲ့ ပတ်သက်မှုက ပုန်ကန်မှုကျူးလွန်ကြောင်း ခိုင်လုံတဲ့သက်သေပဲ။ ဒီကိစ္စက ငါးဖမ်ကုန်သည်အဖွဲ့ရဲ့ပြဿနာ မဟုတ်သလို မျန့်ရွှေစီရင်စုသိုင်းလောကရဲ့ ပြဿနာလည်း မဟုတ်ဘူး။ တော်ဝင်တရားရုံးတော်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ပြဿနာပဲ။ သူ မျန့်ရွှေမှာ ဆက်နေရင် မျန့်ရွှေသိုင်းလောကရဲ့ လိုက်လံဖမ်းဆီးမှုကို ရင်ဆိုင်ရရုံတင် မကဘဲ စီရင်စုအုပ်ချုပ်ရေးမှူးဦးဆောင်တဲ့ အင်အားစုတွေရဲ့ လိုက်လံဖမ်းဆီးထာကိုပါ ခံရမှာ”

“သူ့မှာ ကောင်းကင်ဘုံကို တက်လှမ်းဖို့ လမ်းကြောင်းရှိနေရင်တောင် မြေအောက်လောကနဲ့ အာဏာပိုင်တွေ နှစ်ဖက်စလုံးရဲ့ ရှာဖွေမှုကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် သူထွက်ပြေးမှ ဖြစ်လိမ့်မယ်။ သူ အယောင်ပြနေဖို့ မတတ်နိုင်ဘူး။ ဘာလို့ဆို သူ အယောင်ပြလိုက်တာနဲ့ အဖမ်းခံလိုက်ရမှာမို့လို့ပဲ”

ထိုအခါ ဖန့်ဖူမှ ပြောသည်။

“အဓိပ္ပာယ်ရှိတယ်”

သို့ဖြင့် ချန်ကျဲ့နှင့် ဖန့်ဖူသည် လင်းယုန်အစောင့်အရှောက်၁၂ဦးကို ဦးဆောင်၍ ကျန်းချွမ်ကို ဖမ်းရန် ထွက်ခွာခဲ့ကြသည်။

သူတို့သည် မကြာမီ တောင်ဘက်မြို့တံခါးသို့ ရောက်ခဲ့ကြသည်။ ညနေခင်းအချိန် နီးကပ်လာသဖြင့် ရဲမက်များသည် မြို့မျှော်စင်ထက်ရှိ သစ်သားဗုံကို တီး၍ မြို့တံခါးပိတ်ကြောင်း ကြေညာရန် ပြင်ဆင်နေကြသည်။

All Chapters