← Chapters

ချန်ကျဲ့ : သခင်မ၊ ခင်ဗျားက အလုံအလောက် ရူးသွပ်နေပြီးပါပြီ_၆

Vol. 22 Ch. 307

ချန်ကျဲ့ : သခင်မ၊ ခင်ဗျားက အလုံအလောက် ရူးသွပ်နေပြီးပါပြီ_၆

Vol. 22 Ch. 307

ကျန်းချွမ်သည် သူ၏ဓားဖြင့် အသက်နုတ်ယူ‌နိုင်တိုက်ကွက်ထုတ်၍ ချန်ကျဲ့သို့ တစ်ဟုန်ထိုး ပြေးဝင်သည်။

ကျန်းချွမ်သည် ဖန်းရှစ်ကျုံးထံမှ ရရှိခဲ့သည့် လျှို့ဝှက်သိုင်းကျမ်း “ကျားငါးကောင်တစ်ဖက်သွားဓားသိုင်း”ကို ကျင့်ကြံထားခြင်း ဖြစ်သည်။

ကျန်းချွမ်သည် အလွန်အင်အားကြီးမားပြင်းထန်သည့် စွမ်းအင်ပြောင်းလဲခြင်းအဆင့် တစ်ဖက်စွားဓားသိုင်းကို ကျင့်ကြံခြင်းဖြစ်သည်။

၎င်းဓားသိုင်းကို ချန်စုန့် ယွမ်ကျိုး ချင်ကျားကျိုက်မှ ဆင်းသက်လာခြင်းဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သည့် သိုင်းကွက် ၆၄ကွက် ပါဝင်သည်။ သိုင်းကွက်တစ်ကွက်စီတိုင်းမှာ ‌သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ပြည့်နှက်နေသည်။

ဓားသိုင်းတွင် အခြေခံအားဖြင့် ပင့်မြှောက်ခြင်း၊ ခုတ်ပိုင်းခြင်း၊ ပွတ်တိုက်ခြင်း၊ အောက်သို့ခုတ်ပိုင်းခြင်း၊ ခွဲခြမ်းခြင်း၊ ကျိုးပေါက်ခြင်း၊ ချိတ်ခြင်းနှင့် ချိတ်ဆွဲခြင်းတို့ ပါဝင်သည်။ ဤသည်မှာ ကျယ်ပြောသော လွှဲယမ်းခုတ်ပိုင်းခြင်း၏ အနုပညာဖြစ်၏။

ကျန်းချွမ်သည် ဤတစ်ဖက်သွားဓားသိုင်းကို ၁၀နှစ်ကြာ လေ့ကျင့်ခဲ့ပြီး သူ၏ ကိုယ်ပိုင် သဘောပေါက်နားလည်မှုနှင့် ပေါင်းစည်းထားခဲ့သည်။

ရက်စက်ကြမ်းကြုတ်စွာ ရန်လိုခြင်းအပြင် အန္တရာယ်ပြုလိုသည့် သွင်ပြင်ကိုပါ ပေါင်းလိုက်သော် သူ၏တိုက်ကွက်သည် “ကျားဖြူခုန်အုပ်ခြင်း” ဖြစ်သည်။

ထိုအခါ ချန်ကျဲ့သည် သူ၏လှံရှည်ကို ဆုပ်ကိုင်၍ စတင်တိုက်ခိုက်မည့် အသွင်အပြင်ကို ပြင်ဆင်လိုက်သည်။

ထို့နောက် ကျန်းချွမ်နှင့် ချက်ချင်း ရင်‌ဆိုင်တိုက်ခိုက်၏။

ချွင် ချွင် ချွင်…

သူတို့နှစ်ဦးသည် အမှောင်ထဲတွင် တိုက်ခိုက်နေခြင်းဖြစ်၍ သူတို့၏ ဓားနှင့် လှံရှည်တို့ ထိခတ်သွားချိန်တွင် မီးပွားမီးစများ ပျံသန်းထွက်လာသည်။

ဤမြင်ကွင်းတွင် နံရံကိုမှီ၍ ကြည့်နေသည့် ဟွမ်ဝမ်အာမှ ပြောသည်။

“သူတို့နှစ်ယောက်မှာ ဘယ်သူ့ရဲ့သိုင်းပညာက ပိုကောင်းတာလဲ”

ထိုအခါ ဆရာတော်ကျီရှန်းမှ ပြောသည်။

“သူတို့နှစ်ယောက်စလုံးက မျန့်ရွှေမှာ ထိပ်တန်းအဆင့် သိုင်းပညာရှင်တွေပါ။ စွမ်းအင်ပြောင်းလဲခြင်းအဆင့်က လွဲရင် သူတို့က အင်အားအကြီးဆုံး ဖြစ်နိုင်ပါတယ်”

ဟွမ်ဝမ်အာမှ ဆက်လက်မေးမြန်းသည်။

“ဆရာတော်နဲ့ ယှဉ်လိုက်ရင်ရော?”

ဆရာတော်ကျီရှန်းမှ ပြန်ပြောသည်။

“ပြောဖို့ခက်တယ်။ အမျိုးမျိုးဖြစ်နိုင်ပါတယ်”

ဟွမ်ဝမ်အာမှ ပြောသည်။

“ဪ”

သူတို့စကားပြောနေစဉ်တွင် အမှောင်ထုထဲရှိ တိုက်ပွဲမှာ လက်ဖက်ရည်တစ်ခွက်သောက်စာမျှ ကြာမြင့်သွားပြီဖြစ်ပြီး အနိုင်ရသူ မပေါ်ထွက်သေးပေ။

ထိုစဉ် မြင်းခွာသံများ ရုတ်တရက် ထွက်ပေါ်လာသည်။

“ကျန်းချွမ် မင်းထွက်ပြေးလို့ မရဘူး။ သခင်၅ ကျွန်တော်တို့ လာကူပြီ။ အရှိန်တင်ကြ!”

ထိုအသံများကို ကြားသောအခါ ကျန်းချွမ် ထိတ်လန့်သွား၏။

အဲဒါ ဖန့်ဖူရဲ့အသံလား။ အကူတွေ ရောက်လာပြီလား။

“ခင်ဗျား အာရုံလွင့်သွားတယ်!”

ကျန်းချွမ် အာရုံလွင့်သွားသည့် တစ်ခဏတွင် ချန်ကျဲ့၏ အေးစက်သည့် အသံနှင့်အတူ လှံရှည်လည်း ကျန်းချွမ်ထံ ဦးတည် ထိုးသွင်းလာသည်။

“အရိုးထိတိုင်သော လိုအင်ဆန္ဒ!”

လှံရှည်သည် ရှေ့သို့ ဦးတည်ထိုးစိုက်လာသည်။

ကျန်းချွမ်သည် ခုခံရန်သာ တုံ့ပြန်လိုက်နိုင်၏။ သို့သော် ညာဘက်ပခုံးမှ နာကျင်မှုကို ခံစားလိုက်ရသည်။ လှံရှည်သည် သူ၏ညာပခုံးကို ထိုးစိုက်သွားသောကြောင့် ခန္ဓာကိုယ်မှာ ပြင်းစွာသော နာကျင်မှုကို ခံစားလိုက်ရခြင်း ဖြစ်သည်။

ကျန်းချွမ်သည် ချက်ချင်း ညလက်နှင့် ဘယ်လက်ကို ပြောင်းလဲတိုက်ခိုက်သည်။

သူသည် လျှပ်တစ်ပြက်အတွင်း ဓားကို ဘယ်လက်ဖြင့် ပြောင်းကိုင်လိုက်ပြီး ချန်ကျဲ့၏လှံကို ခုတ်ပိုင်းသည်။

ထိုအခါ ချန်ကျဲ့သည် ခုခံခြင်းမရှိဘဲ လှံရှည်ကို အားဖြင့် ‌လျှောထွက်သွားစေရန် တွန်းလိုက်သည်။ သို့ဖြင့် ကျန်းချွမ်၏ဓား ကျရောက်လာချိန်တွင် လှံရှည်၏ရိုးတိုင်ကို မခုတ်ပိုင်းနိုင်လိုက်ပေ။

ထို့နောက် ချန်ကျဲ့သည် လှံရှည်ကို ပြန်လှည့်ယူလိုက်ပြီး ကျန်းချွမ်ကို ဖိအားပေးတိုက်ခိုက်သည်။

ကျန်းချွမ်သည် နာကျင်မှုကြောင့် အံတင်းတင်းကြိတ်ထားရသည်။ သူသည် နောက်ဆုတ်ရန်သာ တတ်နိုင်၏။

ထို့နောက် ကျန်းချွမ်သည် အချိန်တိုအတွင်း ကျီရှန်းဘုရားကျောင်း၏ နံရံအထိ နောက်ဆုတ်ခဲ့ပြီးလေပြီ။ ထိုစဉ် သူတို့ထံ ချဉ်းကပ်လာ‌ေနသည့် ဖန့်ဖူတို့ကိုလည်း မြင်လိုက်ရသည်။

ကျန်းချွမ်သည် အံကြိတ်၍ ချန်ကျဲ့၏လှံရှည်မှ ထိုးစိုက်လာခြင်းကို ဟန့်တားလိုက်သည်။ သို့တိုင် လှံရှည်သည် သူ၏ပခုံးကို ထိုးစိုက်သွားမြဲပင်။ ကျန်းချွမ် အော်ဟစ်လိုက်၏။

ထို့နောက် ကျန်းချွမ်သည် ပခုံးတွင် လှံရှည်၏ရိုးတိုင် ထိုးစိုက်ဖြတ်သန်းသွားသည့် နာကျင်မှုကို သည်းခံကာ ချန်ကျဲ့ သူ့ထံ နီးကပ်လာသည်နှင့် ဓားကို လွှဲယမ်းလေသည်။

“သေစမ်း!”

ထိုအခါ ချန်ကျဲ့သည် အကြီးအကျယ် ထိတ်လန့်သွားပြီး လှံရှည်ကို လွှတ်လိုက်သည်။ နောက်ပြန်ဆုတ်ချိန်တွင် ‌သံမဏိလက်ဝါးသိုင်းကို ထုတ်သုံးလိုက်သည်။

ချန်ကျဲ့သည် ရုတ်ချည်း ကျန်းချွမ်ကို တိုက်ခိုက်သည်။

ကျန်းချွမ်သည် ခန္ဓာကိုယ်အား လှံထိုးစိုက်ခံထားရလေရာ သွေးများ ချင်းချင်းနီနေသည်။ သို့ဖြင့် ဓားကို အတွင်းဘက်ဝိုက်နည်းဖြင့် ချန်ကျဲ့ကို နောက်‌ဆုတ်သွားစေခဲ့သည်။

ထိုအခါ ချန်ကျဲ့သည် သံမဏိလက်ဝါးသိုင်းကို ထုတ်သုံးလာသောကြောင့် ကျန်းချွမ် အံကြိတ်လိုက်၏။ ထို့နောက် ခုခံကာကွယ်ရန်သာ ရွေးချယ်နိုင်တော့သည်။

ဒုန်းခနဲ အသံနှင့်အတူ သံမဏိလက်ဝါးသိုင်းသည် ကျန်းချွမ်၏ နောက်ကျောကို ထိမှန်သွား၏။

ကျန်းချွမ်သည် သွေးတစ်ပွက်အန်ထွက်သွားရသည့်တိုင် ထိုတွန်းအားကို အသုံးချ၍ နံရံကို ကျော်တက်သွားခဲ့သည်။

ထို့နောက် ကျန်းချွမ်သည် ဟွမ်ဝမ်အာကို ဆွဲခေါ်လိုက်ရာ ဆရာတော်ကျီရှန်းမှာ ထိတ်လန့်တကြားဖြင့် အော်ဟစ်ပြောဆိုမိတော့သည်။

“စက်ဆုပ်ဖို့ကောင်းတဲ့ လူယုတ်မာ!”

သို့သော် နောက်တဒင်္ဂ၌ မည်သူမျှ မတုံ့ပြန်နိုင်မီတွင် ဟွမ်ဝမ်အာသည် ကျန်းချွမ်၏ ဖမ်းချုပ်မှုအတွင်း ကျရောက်နေခဲ့လေပြီ။

တစ်ချိန်တည်းတွင် ကျန်းချွမ်၏ဓားသည် ဟွမ်ဝမ်အာ၏ လှပတင့်တယ်စွာသော လည်တိုင်ဖြူဖြူထက်တွင် ဖိထားသည်။

“တစ်ယောက်မှ မလှုပ်နဲ့ အဟွတ် အဟွတ် ဟွတ်…”

“သခင်မ!”

ထိုမြင်ကွင်းတွင် အစေခံမိန်းကလေးများနှင့် သီလရှင်များသည် ရုတ်ချည်း ထိတ်လန့်ချောက်ချားသွားကြ၍ အလောတကြီး အော်ဟစ်ကြကုန်သည်။

ဤသည်မှာ ဟန်ဆောင်ခြင်း မဟုတ်ပေ။ အစစ်အမှန် စိုးရိမ်ခြင်းဖြစ်၏။ အကယ်၍ သခင်မဟွမ်ဝမ်အာ အသတ်ခံလိုက်ရပါက ကျီရှန်းဘုရားကျောင်းမှာ ကပ်ဘေးနှင့် ရင်ဆိုင်ရလောက်ပေသည်။

ထို့ပြင် ဟွမ်ဝမ်အာ၏ အနီးကပ်အစေခံသည်လည်း သေအောင်ရိုက်နှက်ခံရလိမ့်မည်။

နန်ပါးထျန်းသည် ဟွမ်ဝမ်အာအပေါ် အမူအကျင့်လွဲမှားနေသည့် ချစ်ခြင်းမေတ္တာတစ်မျိုးရှိသည်။ နန်ပါးထျန်းသည် ဟွမ်ဝမ်အာကို ရက်စက်ကြမ်းကြုတ်စွာဖြင့် ကြိမ်ဖြင့်ရိုက်နှက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို ပြုလုပ်နိုင်သည့်တိုင် သူ၏ဇနီးသည်အား အခြားသူများကို စိုးစဉ်းသော်မျှ ထိပါးခွင့်မပြုပေ။

“မင်း သခင်မဟွမ်ကို လွှတ်လိုက်စမ်း။ မဟုတ်ရင် မဟုတ်ရင် ကုန်သည်ခေါင်းဆောင်က မင်းကို သက်ညှာပေးမှာ မဟုတ်ဘူး!”

အစေခံမိန်းကလေးမှ ကျန်းချွမ်ကို ပြစ်တင်ဝေဖန်သည်။

ထိုအခါ ကျန်းချွမ်မှ ရယ်မော၏။

“ဟားဟားဟား ကောင်မလေး မင်းရဲ့သခင်မကို မထိခိုက်စေချင်ဘူးဆိုရင် မင်း ငါနဲ့စကားပြောနေမယ့်အစား သူတို့ကို ပြောသင့်တာ”

ချန်ကျဲ့သည် လှံရှည်ကို ကိုင်လျက် ခြံဝင်းထဲ ဝင်လာသည်။

ဓားရှည်ကိုင်ထားသည့် ဖန့်ဖူသည်လည်း ‌နေရာသို့ ရောက်လာပြီးဖြစ်သည်။ သူတို့သည် ကျန်းချွမ်အား ဝန်းရံထားလိုက်ကြသည်။

ထိုအခါ ကျန်းချွမ်မှ အော်ပြောသည်။

“ရပ်လိုက်၊ မင်းတို့ အနားကပ်လာရင် ငါသူ့ကို သတ်ပစ်လိုက်မယ်။ နန်ပါးထျန်းရဲ့ ဒေါသကို ခံယူပြီး အားလုံး အတူတူသေကြတာပေါ့။ ဟားဟားဟား… အားလုံးသေရလိမ့်မှာ!”

“ရပ်လိုက်၊ ရှင်တို့အားလုံး ရပ်လိုက်ကြ။ ကျွန်မတို့သခင်မကို ထိခိုက်စေခဲ့ရင် ကျွန်မတို့အားလုံး သေရလိမ့်မယ်။ ခေါင်းဆောင်နန် လုံးဝ ရူးသွပ်သွားလိမ့်မယ်!”

အစေခံမိန်းကလေးသည် ချန်ကျဲ့ကို တုန်ရီနေသောအသံဖြင့် ပြောသည်။

နန်ပါးထျန်း၏ ရူးသွပ်မှုအကြောင်း ကြားလိုက်သည်တွင် ဖန့်ဖူလည်း တန့်သွား၏။ သူ နန်ပါးထျန်းကို အပြစ်မပြုရဲပါချေ။

ဆရာတော်ကျီရှန်းလည်း ကြောက်ရွံ့စွာဖြင့် ပြောလာ၏။

“မလှုပ်နဲ့။ ဘယ်သူမှ မလှုပ်ကြနဲ့။ ကျွန်မတို့ ဆွေးနွေးလို့ရတယ်!”

အားလုံး ရပ်တန့်သွားသည်ကို မြင်သောအခါ ကျန်းချွမ်မှ တောင်းဆိုသည်။

“ကောင်းပြီ။ ခင်ဗျားတို့ အတူတူ မသေချင်ဘူးဆိုရင် ဒီတိုင်း ရပ်နေပြီး ကျုပ်ကို သွားခွင့်ပေးလိုက်!”

ထိုစကားတွင် ချန်ကျဲ့ ရှေ့တိုးသွားလိုက်၏။ သူတို့နှစ်ဦးကြားရှိ အကွာအဝေးလည်း ကျဉ်းမြောင်းသွားသည်။

ကျန်းချွမ်မှ ပြောသည်။

“မင်းဘာလုပ်တာလဲ”

“ခင်ဗျား သွားလို့မရဘူး”

ထိုအခါ ဆရာတော်ကျီရှန်းမှ ပြောသည်။

“ဒကာလေး အလျင်မလိုပါနဲ့။ သခင်မကို ထိခိုက်လို့မဖြစ်ပါဘူး”

ဖန့်ဖူလည်း ပြောလာသည်။

“သခင်၅ သူ့ကို သွားခွင့်ပြုလိုက်ပါ။ ကျွန်တော်တို့ သခင်မကို လုံးဝ အထိခိုက်ခံလို့ မဖြစ်ဘူး၊ မဟုတ်ရင်… ခန်းမအရှင်သခင်တောင်မှ သခင်၅ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး!”

“ဟုတ်တယ် သူ့ကိုသွားခွင့်ပေးလိုက်ပါ”

အစေခံမိန်းကလေးမှလည်း ပြောသည်။

“ခေါင်းဆောင်နန်က ပြောထားတယ်။ သခင်မကို ထိခိုက်စေတဲ့ ဘယ်သူမဆို အစိတ်စိတ်အမွှာမွှာ စုတ်ဖြဲပစ်မယ်တဲ့!”

ထိုအခါ ကျန်းချွမ်သည် ကျယ်လောင်စွာ ရယ်မော၏။

“အင်း ခင်ဗျားတို့ တစ်ယောက်မှ မလှုပ်ကြနဲ့။ သခင်မ သွားကြရအောင်…”

ကျန်းချွမ်သည် ဟွမ်ဝမ်အာကို ထွက်ခွာရန် ဆွဲခေါ်လိုက်သည်။ သို့သော် သူမကို လှုပ်ရှားမရကြောင်း သိလိုက်ရ၏။ ကျန်းချွမ် မျက်မှောင်ကြုတ်လိုက်၏။ ဤအမျိုးသမီး လုပ်ချင်နေသည့်အရာကို ကျန်းချွမ် နားမလည်နိုင်ပေ။

‌ထိုအခိုက်အတန့်တွင် အမျိုးသမီးမှ မမျှော်လင့်ဘဲ ပြောလာသည်။

“ရှင် သေရမှာကြောက်လား”

“ဟမ်?”

ကျန်းချွမ်သည် သူမ၏မေးခွန်းကြောင့် အံ့ဩသွားရသော်ငြား အမြန်တုံ့ပြန်လိုက်သည်။

“ကြောက်တယ်? ကျုပ်က ဘာကိုမှ ‌မကြောက်ဘူး”

“ကောင်းတယ်၊ မဟုတ်ရင် နည်းနည်း ကသိကအောက် ဖြစ်နေရတော့မှာ”

အမျိုးသမီးသည် ပြုံးလာ၏။ ထို့နောက်တွင်မူ သူမ၏လည်ပင်းကို ကျန်းချွမ်၏ဓားသွားဆီသို့ တိုးဝင်လိုက်လေသည်။

ထိုမြင်ကွင်းတွင် အားလုံးမှာ ထိတ်လန့်ချောက်ချားကုန်ကြသည်။ ကျန်းချွမ်သည်လည်း ထိတ်လန့်မှုကြောင့် အသံမထွက်တော့ပေ။

“မင်း မင်းဘာလုပ်တာလဲ!!”

All Chapters