← Chapters

မိတ်ဆွေလား? ရန်သူလား?

Vol. 32 Ch. 480

မိတ်ဆွေလား? ရန်သူလား?

Vol. 32 Ch. 480

စူးချင်းက ချင်ထျဲ၏မျက်နှာတွင် ညစ်ညမ်းသည့်အပြုံးကို မြင်သွားခဲ့ပြီး သူမ၏ဓားကို သူ့လည်ပင်းတွင် တင်လိုက်သည်။ သူမ၏နှုတ်မှ ထွက်လာသည့်အသံကလည်း ရေခဲကဲ့သို့ အေးစက်နေလေသည်။

"ငါ့ဓားကို စမ်းကြည့်ချင်နေတာလား?"

ချင်ထျဲက သူ့လည်ပင်းပေါ်မှ ဓားကို တစ်ချက်ကြည့်လိုက်ပြီး မှုန်ကုပ်ကုပ်ဖြစ်သွားသော်လည်း ချက်ချင်း ပြုံးလိုက်ကာ ယုံကြည်မှုရှိရှိ တုံ့ပြန်လာခဲ့သည်။

"မင်း ငါ့ကို သတ်လိုက်ရင် ဘယ်သူက မင်းကို ကူညီပေးနိုင်တော့မှာလဲ?"

"အသုံးမဝင်တဲ့သူက ဆက်အသက်ရှင်နေဖို့ မလိုတော့ဘူး"

စူးချင်းက အေးစက်စက် အပြုံးတစ်ပွင့်ကို ဖော်ပြလိုက်ပြီး သူမ၏ဓားကို အားပြင်းပြင်းဖြင့် ထပ်ဖိလိုက်သည်။ သူ့၏လည်ပင်းမှ နာကျင်မှုကြောင့် ချင်ထျဲ၏မျက်နှာပေါ်မှ အပြုံးများ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ သူက စူးချင်း၏ခန္ဓာကိုယ်ပေါ်မှ သတ်ဖြတ်ခြင်းရောင်ဝါကို ခံစားမိသွားပြီး စကားထပ်မပြောရဲတော့ပေ။ သူက သူ့ခေါင်းကို ဓားဘေးမှ ဂရုတစိုက် ရွှေ့သွားခဲ့သည်။

“အဲ့လို မလုပ်ပါနဲ့၊ ဓားမှာ မျက်လုံး မရှိဘူး။ ငါက နောက်နေတာပါ”

ရှောင်းကျဲယွိက သူတို့နေထိုင်သည့် သစ်သားအဆောက်အဦးဆီသို့ လျှောက်လာခဲ့ပြီး ဓားကိုင်ထားသည့် စူးချင်း၏လက်ကို ကိုင်ကာ အပေါ်မှ ထပ်ဖိလိုက်သည်။ သူက ချင်ထျဲကို အေးစက်စွာ ကြည့်ရင်း ခပ်ပြတ်ပြတ် အမိန့်ပေးလိုက်သည်။

“ခင်ဗျား ဘယ်ကိုမှ မသွားဘဲ ငြိမ်ငြိမ်လေးနေတာက ပိုကောင်းလိမ့်မယ်။ ဒီအိမ်မှာ ထောင်ချောက်တွေ ပြည့်နေပြီ၊ မတော်တဆ ထိခိုက်မိသွားရင် မကောင်းဘူး”

“ငါ သိပြီ”

ချင်ထျဲက သစ်သားအဆောက်အဦး၏အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ မှောင်မိုက်နေသည့် တောအုပ်က ဘာကြောင့်မှန်းမသိ အုံ့မှိုင်းနေသလို ခံစားရစေသည်။ သူက သစ်သားကုတင်ဆီသို့ ပြန်သွားပြီး နာခံစွာ ထိုင်နေခဲ့သည်။ သူ့မျက်နှာတစ်ခုလုံးက အမှောင်ထဲတွင် ရှိနေသောကြောင့် သူ ဘာတွေးနေသည်ကိုတော့ ဘယ်သူမှ မသိနိုင်တော့ပေ။

ရှောင်းကျဲယွိ၏သက်တော်စောင့်များက မီးခတ်ကျောက်ကို ပွတ်တိုက်ကာ အခန်းထဲတွင် မီးထွန်းထားခဲ့သည်။ သို့သော်လည်း မီးတောက်က လေကြောင့် ယိမ်းနွဲ့နေကာ အခန်းက အလင်းနှင့် အမှောင်ကြား တစ်လှည့်စီကူးပြောင်းနေပြီး ပို၍ပင် ကြောက်စရာကောင်းနေခဲ့သည်။

ချက်ပြုတ်ရန် နေရာ မရှိသောကြောင့် လူတိုင်းက ကိုယ်ယူလာသည့်ရိက္ခာများကို ထုတ်ကာ ရေအေးဖြင့် စားသောက်နေကြသည်။ စူးချင်းက ရှောင်းကျဲယွိအတွက် မုန့်ပေါင်းပူပူတစ်လုံး ထုတ်ပေးခဲ့ပြီး ရှောင်းကျဲယွိက ထိုမုန့်ပေါင်းကို ကိုင်ကြည့်ကာ စူးချင်းကို တအံ့တသြ ပြန်ကြည့်လိုက်သည်။

"ဟမ်?"

“မသေမျိုးတံခါးပေါက်”

နှစ်ယောက်သား တိုတိုတုတ်တုတ် စကားဖလှယ်လိုက်ကြသည်။ မသေမျိုးဂိုဏ်းမှ တံခါးပေါက်ကြောင့် ဖြစ်နေသည်ကို သိလိုက်ရချိန်တွင် ထိုအရာက အလွန်ကောင်းသောအရာဖြစ်သည်ကို ရှောင်းကျဲယွိ သဘောပေါက်သွားခဲ့သည်။

အဲ့ပစ္စည်းက ဘယ်အရာကိုမဆို ထည့်သိမ်းနိုင်တဲ့အပြင် အပူကိုတောင် ထိန်းသိမ်းနိုင်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်နေသေးတယ်။

စနစ်ထဲတွင် မေးစေ့ထောက်ထိုင်နေသည့် ရှောင်ချီက အပြင်ဘက်မှ သခင်ဖြစ်သူကို လှမ်းကြည့်ရင်း နှုတ်ခမ်းစူလိုက်သည်။

ဟွန့်၊ ဒါက မသေမျိုးဂိုဏ်းကနေ ရလာတာ မဟုတ်ဘူး။ ရှောင်ချီရဲ့ကြိုးစားမှုတွေပါနော်။

ညစာစားပြီးနောက် သူတို့အားလုံး အနားယူရန် ပြင်ဆင်လိုက်ကြသည်။ မနက်ဖြန်တွင် မြောင်ကျားတောင်တန်းထဲသို့ ဝင်ရတော့မည်ဖြစ်သည့်အတွက် မဖြစ်မနေ အနားယူရမည် ဖြစ်သည်။

သူတို့ တည်းခိုနေသည့် သစ်သားအဆောက်အအုံတွင် သစ်သားခုတင်နှစ်လုံးပါရှိပြီး ခုတင်တစ်လုံးစီက လူ ခြောက်ဦး သို့မဟုတ် ခုနစ်ဦးခန့် အိပ်ရန် လုံလောက်သည်။ သို့သော် တစ္ဆေမယ်တော်ကြီးကတော့ ကြမ်းပြင်ပေါ် ပစ်ချခံထားရသည်။

ဘာပဲဖြစ်ဖြစ် ဒီသစ်သားအဆောက်အဦးရဲ့ကြမ်းပြင်က မအေးဘူးလေ။ သူတို့ဘေးမှာ သူမအတွက် နေရာမရှိဘူး။

သက်တော်စောင့်များ သုံးဖွဲ့ ခွဲကာ တလှည့်စီ အိပ်စက်အနားယူနေကြသည်။ လူတိုင်းဘေးကင်းစေရန်အတွက် အမြဲစောင့်ကြည့်ပေးနေသည့် တစ်ဖွဲ့တော့ ရှိနေရဦးမည် ဖြစ်သည်။ စူးချင်းနှင့် ရှောင်းကျဲယွိတို့က သစ်သားခုတင်တစ်လုံးပေါ်တွင် အတူတူ အိပ်စက်နေကြသည်။

ချင်ထျဲကလည်း သူတို့၏ ကုတင်ပေါ်တွင် အိပ်ချင်နေခဲ့သည်။ သို့သော်လည်း ရှောင်းကျဲယွိက ငြင်းပယ်လိုက်ပြီး စစ်သည်များနှင့် အတူတူအိပ်ရန် ညွှန်ကြားလိုက်သည်။

ချင်ထျဲက ဘာမှ ပြန်မပြောဘဲ စစ်သည်များနှင့် အတူအိပ်စက်နေခဲ့သည်။

တိမ်များက လကို ဖုံးလွှမ်းနေသောကြောင့် ညက မှောင်မိုက်နေသည်။ တိုက်ခတ်လာသော လေတိုက်သံက တိုးညှင်းစွာ ထွက်ပေါ်နေသော်လည်း အဝေးမှ တစ္ဆေမတစ်ကောင် ငိုညည်းနေသလို ညလေထဲတွင် ပျံ့လွင့်နေသည်။ သစ်သားအဆောက်အဦး၏အပြင်ဘက်တွင် ယိမ်းနွဲ့နေသော သစ်ကိုင်းများကလည်း လေထဲတွင် ကခုန်နေသော တစ္ဆေလက်ကြီးများနှင့် ဆင်တူနေပြန်သည်။ လူအများကြီးရှိနေလျှင်ပင် ဤပတ်ဝန်းကျင်ကြောင့် ထိတ်လန့်စရာ ဖြစ်နေစေသည်။

သရဲမ၏ငိုညည်းသံကဲ့သို့ အသံကို ကြားလိုက်ရချိန်တွင် စူးချင်းက သူမ၏မျက်လုံးများကို ချက်ချင်း ပြန်ဖွင့်လိုက်သည်။ ရှောင်းကျဲယွိ၏မျက်လုံးများကလည်း ပွင့်လာခဲ့ပြီး နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရှောင်းကျဲယွိက အသံတိုးတိုးဖြင့် စပြောလိုက်သည်။

“သရဲငါးကောင် ရောက်လာပြီ”

စူးချင်းက ထထိုင်လိုက်ပြီး သူမတို့၏ဆန့်ကျင်ဘက် သစ်သားကုတင်ကို လှည်းကြည့်လိုက်ရာ စစ်သည်များအားလုံး နိုးနေသည်ကို တွေ့လိုက်ရသော်လည်း ချင်ထျဲကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသေးသည်။

“အားလုံး အဆင်သင့်ပြင်ထားကြ”

ရှောင်းကျဲယွိက တစ္ဆေမယ်တော်ကြီးနှင့် ချင်ထျဲကို စောင့်ကြပ်ရန် စစ်သည်နှစ်ယောက်ကို တာဝန်ပေးလိုက်ပြီး ကျန်စစ်သည်များအား ဒူးလေးတစ်ချောင်းစီ ပေးကာ ပြတင်းပေါက်များဘက်သို့ ချိန်ရွယ်ထားစေခဲ့သည်။

အခန်းက ရုတ်တရက် နေ့ခင်းကဲ့သို့ တောက်ပလာပြီး ကျရောက်လာသော အဖြူရောင်အလင်းတန်းများက အလွန်စူးရှတောက်ပနေသဖြင့် သူတို့ မျက်လုံးပင် မဖွင့်နိုင်ကြတော့ပေ။ တချိန်တည်းမှာပင် အဖြူရောင်အရိပ်တချို့က ကောင်းကင်မှ ကျဆင်းလာပြီး သစ်သားအဆောက်အအုံဆီသို့ ပျံသန်းလာကြသည်။ သူတို့ နီးကပ်လာချိန်တွင် ကြောက်မက်ဖွယ်ရာမျက်နှာဖြူဖြူကြီးများကို တွေ့လိုက်ရပြီး သူတို့၏အနက်ရောင်မျက်အိမ်များတွင် အဖြူရောင်မျက်ဆန် လုံးဝ မရှိဘဲ သူတို့၏သွေးနီရောင် ပါးစပ်ကြီးများမှလည်း သွေးများ စီးကျနေပြန်သည်။

“အမတမြင့်မြတ်ကုန်းမြေ၊ ကျူးကျော်လာသူမှန်သမျှ သေကြရမယ်”

ထိုသရဲတစ္ဆေအော်များသံကဲ့သို့သော အမျိုးသမီး၏အသံများက တေးဂီတသမားတစ်ဦး သူ့၏တူရိယာကို ကျွမ်းကျွမ်းကျင်ကျင် တီးခတ်နေသလို စူးရှပြီး ကျယ်ရာ တဖြည်းဖြည်း တိုးဝင်သွားပြန်သည်။

စစ်သည်များက အဖြူရောင်အလင်းတန်းကြောင့် မျက်စိကျိန်းနေကြပြီး သူတို့၏မျက်လုံးများကို ချက်ချင်း ပြန်မဖွင့်နိုင်ကြပေ။ သူတို့ အဖြူရောင်အလင်းတန်းနှင့် လိုက်လျောညီထွေဖြစ်သွားပြီး သူတို့၏မျက်လုံးများကို ပြန်ဖွင့်နိုင်ခဲ့သည့်အချိန်တွင်လည်း ထိုမျှကြောက်စရာကောင်းသည့် သရဲတစ္ဆေမျက်နှာများကို မြင်လိုက်ရသည်။ သူတို့က စစ်သည်များဖြစ်ပြီး ယောက်ျားရင့်မာကြီးများ ဖြစ်နေသော်လည်း ကြောက်လွန်းသောကြောင့် ခြေတစ်လှမ်း ဆုတ်မိသွားကြပြီး ဒူးလေး ပစ်ရန်ပင် မေ့လျော့သွားခဲ့ကြသည်။

စူးချင်းနှင့် ရှောင်းကျဲယွိတို့ကတော့ ထိုကြောက်စရာကောင်းသည့် သရဲတစ္ဆေများကို လုံးဝ မကြောက်ကြပေ။ သူတို့နှစ်ဦးလုံးက သူတို့၏ မြှားများကို တစ်ချိန်တည်း ပစ်လွှတ်လိုက်ကြသည်။ ရှေ့ဆုံးမှ ပျံသန်းလာနေသည့် သရဲမက မြှားမှန်သွားပြီး နောက်သို့ ပြန်လန်ကျသွားခဲ့သည်။ သို့သော်လည်း တခြား သရဲတစ္ဆေများက သူမကို လုံးဝ ဂရုမစိုက်သလို သူတို့၏ အသက်များကိုလည်း ဂရုမစိုက်ဘဲ သစ်သားအဆောက်အဦးဆီသို့ ဆက်လက် ပျံသန်းလာကြသည်။ တစ်ချိန်တည်းမှာပင် သူတို့လက်ထဲတွင် ရှိနေသည့် ပစ္စည်းများကိုလည်း သစ်သားအဆောက်အဦးထဲသို့ ပစ်ချနေကြသည်။

စူးချင်းက သူမ၏ဓားဖြင့် ထိုအဖြူရောင်အလုံးများကို ပြန်ရိုက်ထုတ်လိုက်သည်။ သို့သော် ဓားဖြင့် ထိသွားသည်နှင့် ထိုအလုံးလေးများထဲမှ အစိမ်းရောင်မီးခိုးငွေ့များ ထွက်ပေါ်လာတော့သည်။ လေထုထဲတွင် ညှီစို့စို့အနံ့များ ပြည့်လျှံလာပြီး မရေမတွက်နိုင်သည့် အနက်ရောင် မြွေသေးသေးလးများက သစ်သားအဆောက်အဦ၏ကြမ်းပြင်ပေါ်သို့ ကျရောက်လာခဲ့သည်။ ထိုမြွေများက အဆိပ်ပြင်းမှန်းသိသာနေပြီး လျှာတစ်လစ်များဖြင့် ကြမ်းပြင်ပေါ်၌ တွားသွားနေကြသည်။

ထိုအချိန်တွင် ပုလွေမှုတ်သံ ထွက်ပေါ်လာပြီး မြွေများက ထိန်းချုပ်ခံထားရပုံဖြင့် စနစ်တကျ စုဖွဲ့ကာ စူးချင်း၊ ရှောင်းကျဲယွိနှင့် စစ်သည်များဆီသို့ တွားသွားလာကြသည်။

အဆိပ်ရှိသော မြွေများ အလုံးအရင်း ဝင်ရောက်လာခြင်းက လူများကို အကြီးအကျယ် တုန်လှုပ်စေခဲ့သည်။ ပုံမှန်အားဖြင့် အင်းစက်ပိုးမွှားများက ပြဒါးနီမှုန့်ကို ကြောက်တတ်ကြသည်။ အဆိပ်ပြင်းလွန်းသည့်မြွေများပင် ပြဒါးနီမှုန့်ကို ကြောက်ရွံ့ကြသော်လည်း ဤမြွေနက်များကတော့ လုံးဝ မကြောက်ပုံရသည်။

စစ်သည်များက အလွန်ကြောက်လန့်နေကြပြီး သူတို့၏ဒူးလေးများကို ပစ်ချကာ ကြမ်းပြင်ပေါ်တွင် ခုန်ပေါက်ရင်း အော်ဟစ်နေကြတော့သည်။ ထို့နောက် ပုလွေသံကို နားထောင်နေရင်း သူတို့၏မျက်လုံးများက ရီဝေလာပြီး သူတို့၏ခန္ဓာကိုယ်များကလည်း တောင့်တင်းလာတော့သည်။ ထို့နောက် သူတို့က သူတို့၏ဝိညာဉ်ကို ဆုံးရှုံးသွားဟန်ဖြင့် ရှေ့တည်းတည့်သို့ လျှောက်သွားကြတော့သည်။

ရှောင်းကျဲယွိက သူ့ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်ပြီး သူ့ကိုယ်သူ ကာကွယ်ရန် သူ၏အတွင်းအားကို နှိုးဆွလိုက်သည်။ ထို့သို့မဟုတ်လျှင် သူလည်း ထိုစစ်သည်များကဲ့သို့ သူ့ကိုယ်သူ မထိန်းနိုင်ဘဲ ချုပ်ကိုင်ခံရတော့မည် ဖြစ်သည်။

သူ့၏စစ်သည်များအားလုံး ပြတင်းပေါက်ဆီသို့ လျှောက်သွားနေကြပြီး ပြတင်းပေါက်မှ ခုန်ဆင်းရန် ကြံရွယ်နေသည်ကို မြင်လိုက်ရချိန်တွင် ရှောင်းကျဲယွိက သူ့သက်တော်စောင့်များ သူ တပ်ဆင်ထားသည့် ထောင်ချောက်များပေါ် ပြုတ်ကျကာ သေကြေပျက်ဆီးသွားမည်ကို စိုးရိမ်သွားရပြန်သည်။ ထို့ကြောင့် ရှောင်းကျဲယွိက သူတို့ နောက်သို့ အလျင်အမြန်လိုက်သွားပြီး သူတို့ မလှုပ်နိုင်အောင် သူတို့၏ အပ်စိုက်မှတ်များကို ဖိနှိပ်လိုက်သည်။

"ပုံရိပ်ယောင်"

စူးချင်း၏ခန္ဓာကိုယ်က သူမ၏စစ်နတ်ဘုရားစွမ်းရည်ဖြင့် အကာအကွယ် အပေးခံထားရပြီး သူမ၏ဆေးပညာကျွမ်းကျင်မှုကလည်း အဆင့်တစ်ဆယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် ဤမြူခိုးမြူငွေ့များက သူမအပေါ်တွင် အလုပ်မဖြစ်နိုင်ပေ။ သူမက ကျယ်လောင်စွာ အော်ပြောလိုက်ပြီး ပုလွေသံကြားရာဆီသို့ မြှားတစ်စင်း ပစ်လွှတ်လိုက်သည်။

အပြင်တွင် မည်းမှောင်နေသော်လည်း စူးချင်း၏အမြင်အာရုံအတွက်တော့ လုံးဝ အနှောက်အယှက် မဖြစ်စေခဲ့ပေ။ သူမက သူမတို့နှင့် မျက်နှာချင်းဆိုင် သစ်သားအဆောက်အဦးပေါ်တွင် ဝမ်းနည်းပူဆွေးခြင်းဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ရပ်နေသည်ကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ သူမက ပုလွေမှုတ်နေခဲ့ပြီး ပုလွေသံက စိတ်ကယောက်ကယက်ဖြစ်စေသည့် အကြောင်းအရင်း ဖြစ်သည်။

ထိုအမျိုးသမီးက စူးချင်းအပေါ် မီးခိုးများနှင့် သူမ၏ဂီတသံ မထိရောက်နိုင်သည်ကို လုံးဝ မမျှော်လင့်ထားခဲ့ပေ။ ထို့ကြောင့် သူမ၏ရင်ဘတ်ဆီသို့ မြှားတစ်ဝင်း စိုက်ဝင်သွားသည်အထိ သူမက ပုလွေကို တီးမှုတ်နေဆဲဖြစ်သည်။ ထိုမြှားကြောင့် သူမ နောက်ပြန် လန်ကျသွားပြီး ဂီတသံလည်း ရုတ်တရက် ရပ်တန့်သွားတော့သည်။ တချိန်တည်းမှာပင် ကြမ်းပြင်ပေါ်ရှိ အနက်ရောင်မြွေများလည်း ပျောက်ကွယ်သွားပြီး အင်းဆက်ငယ်လေးများသာ ကျန်ရစ်နေတော့သည်။ စူးချင်းက ထိုအကောင်များကို မီးစုန်းဓာတ်ပါသောမီး(phosphorescent )ဖြင့် မီးရှို့သတ်ပစ်လိုက်သည်။

သီချင်းသံ မကြားရတော့ချိန်တွင် စစ်သည်များ၏ မျက်လုံးများကလည်း တဖြည်းဖြည်း ပြန်ကြည်လင်လာခဲ့သည်။ ပြတင်းပေါက်ရှေ့တွင် ရပ်နေသည့် စစ်သည်များကလည်း အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေကြပြီး ချွေးအေးများပင် ထွက်လာကြတော့သည်။

တော်သေးတာပေါ့၊ သခင်လေးသာ မကယ်ရင် သူတို့ ထောင်ချောက်တွေပေါ် ပြုတ်ကျပြီး ဖြူကောင်တွေလို ထိုးဖောက်ခံပြီးနေလောက်ပြီ။

ပြတင်းပေါက်အပြင်ဘက်တွင် ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ သို့သော်လည်း ရံဖန်ရံခါတွင် ကျီးကန်းများ၏အော်ဟစ်သံများက တိတ်ဆိတ်မှုကို ချိုးဖျက်နေပြီး ကြောက်မက်ဖွယ်ကောင်းသော လေထုကို ကူညီထောက်ပံ့ပေးနေပြန်သည်။

ဝတ်ရုံဖြူဖြူနှင့် သရဲမများကတော့ တခါမှ မပေါ်လာဖူးသကဲ့သို့ လေထုထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

စူးချင်းက သစ်သားကုတင်ဆီသို့ လှမ်းကြည့်လိုက်သည်။

ဒီလောက် ရုန်းရင်းဆန်ခတ် ဖြစ်နေတာတောင် ချင်ထျဲက မနိုးလာဘူးပေါ့လေ။

ကြမ်းပြင်ပေါ်တွင် လဲကျနေသည့် တစ္ဆေမယ်တော်ကြီးကတော့ အစပိုင်းတွင် သူမ၏မျက်လုံးထဲမှ ရူးသွပ်ဖွယ်အကြည့်များ ထွက်ပေါ်နေခဲ့သည်။ သူမ၏လူများက သစ်သားအဆောက်အဦးထဲသို့ ပြေးဝင်လာပြီး သူမကို ကယ်တင်နိုင်လိမ့်မည်ဟု သူမ မျှော်လင့်ထားခဲ့သည်။ သို့သော် မီးခိုးများနှင့် ဂီတတံက စူးချင်းအပေါ် သက်ရောက်မှု မရှိဘဲ စူးချင်းက ပုလွေမှုတ်နေသည့် သရဲမကို ပစ်သတ်လိုက်သည်အား သူမ မြင်လိုက်ရသည်။ ထိုအချိန်တွင် သူမ၏မျက်လုံးထဲတွင် ပျော်ရွှင်မှုအလင်းရောင်များ ပြန်ပျောက်ကွယ်သွားခဲ့သည်။ လက်ရှိအချိန်တွင် စူးချင်းက သူမအား ကြည့်နေသည်ကို မြင်လိုက်ရသောကြောင့် တစ္ဆေမယ်တော်ကြီးက ကြောက်လန့်သွားပြီး စူးချင်းကို ထပ်မကြည့်ရဲတော့ပေ။ သူမက သူမ၏တစ်လုံးတည်းသော မျက်လုံးကို အမြန် မှိတ်လိုက်ပြီး သေချင်ယောင်ဆောင်နေလိုက်သည်။

"သူတို့က နင့်ရဲ့လူတွေလား?"

စူးချင်းက တစ္ဆေမယ်တော်ကြီးဆီသို့ လျှောက်သွားပြီး သူမကို ကန်ကျောက်လိုက်သော်လည်း သူမက သေဟန်ဆောင်ကာ မျက်လုံးကို ဆက်ပတ်ထားခဲ့သည်။ သို့သော်လည်း သူမ၏ တုန်ယင်နေသော ခန္ဓာကိုယ်က သူမကိုယ် သစ္စာဖောက်နေပြီး စူးချင်းအပေါ်ရှိနေသည့် သူမ၏ကြောက်ရွံ့မှု အထင်အရှား ဖော်ထုတ်ပြသနေခဲ့သည်။

"မ​ပြောသေးဘူးလား?"

စူးချင်းက ငုတ်တုတ်ထိုင်ချလိုက်ပြီး သူမ၏လက်ကို လှမ်းကိုင်လိုက်သလို ခံစားလိုက်ရချိန်တွင် တစ္ဆေမယ်တော်ကြီးက အလွန်ထိတ်လန့်သွားပြီး မျက်လုံးဖွင့်ကာ ခေါင်းညိတ်ပြလိုက်သည်။

သူမမှာ ဒီလို နာကျင်ကိုက်ခဲတဲ့ ဝေဒနာမျိုးကို ထပ်ပြီး ခံစားဖို့ သတ္တိမရှိတော့ဘူး။

သစ်သားကုတင်ပေါ်တွင် လဲလျောင်းနေသော ချင်ထျဲကလည်း ထထိုင်လိုက်သည်။ စူးချင်းက တစ္ဆေမယ်တော်ကြီးအား ခြောက်လန့်နေသည်ကို မြင်လိုက်ရချိန်တွင် သူက မျက်ခုံးပင့်ကာ လှမ်းကြည်နေပြီး ဘာဖြစ်နေသည်ကို နားမလည်ဟန်ဖြစ်နေပုံရသည်။

All Chapters