← Chapters

စူးချင်း အဖမ်းခံလိုက်ရခြင်း

Vol. 32 Ch. 469

စူးချင်း အဖမ်းခံလိုက်ရခြင်း

Vol. 32 Ch. 469

သတို့သမီးဝေါယာဥ် လေထဲသို့ မြောက်တက်သွားသည်ကို စူးချင်း ခံစားလိုက်ရပြီး သူမကိုယ်တိုင်လည်း တိမ်များစီးနေရသကဲ့သို့ ဖြစ်သွားကာ အနည်းငယ် မူးဝေသွားခဲ့သည်။ သူမက သူမ၏ခေါင်းကို ခါယမ်းလိုက်သော်လည်း ထိုမူးဝေမှုက ပိုပြင်းထန်လာပြီး သူ၏အသိစိတ်က တဖြည်းဖြည်း မှုန်ဝါးလာသည်။

“သခင်”

ရှောင်ချီက စူးချင်းကို စိုးရိမ်တကြီး အော်ခေါ်လိုက်သည်။ အသံချဲ့စက်နှင့်တူသော ရှောင်ချီ၏အသံကို စူးချင်း ကြားနေသော်လည်း ထိုအသံက အဝေးမှ လွင့်လာနေသလိုသာ သူမ ခံစားနေရသည်။

စူးချင်းက သူမ ဆေးမိသွားမှန်း သိလိုက်ပြီး ထိုဆေးက အလွန်ပြင်းထန်ကာ သာမန်ဖြေဆေးများဖြင့် ဖြေရန် မဖြစ်နိုင်တော့ကြောင်း သူမ ရိပ်မိလိုက်သည်။

ရှောင်ချီက သခင်ဖြစ်သူ၏ ရီဝေနေသော မျက်လုံးများကို မြင်လိုက်ရပြီး သူမ ‌အော်ခေါ်နေသည့်တိုင် သူမ၏သခင်က မတုံ့ပြန်နိုင်တော့ကြောင်း နားလည်သွားခဲ့သည်။ နောက်ဆုံးတွင် ရှောင်ချီက သူမ၏သခင် ဆေးအရှိန်ကြောင့် မူးဝေနေမှန်း ရိပ်မိသွားပြီး ထိုမေ့ဆေးမှုန်အတွက် ဖြေဆေးလုပ်ရန် အမြန် ပြေးထွက်သွားတော့သည်။

ရှောင်းကျဲယွိကလည်း ထိုအပြာရောင်မီးခိုးငွေ့ကို သူ့အတွင်းအားဖြင့် ချက်ချင်း ဝှေ့ယမ်းထုတ်လိုက်သည်။ သို့သော် မီးခိုးများ ပျောက်ကွယ်သွားသည်နှင့် မင်္ဂလာဝေါယာဥ်ပါ မရှိတော့သည်ကို သူ တွေ့လိုက်ရသည်။ သူ့ပတ်ဝန်းကျင်မှ လူများကလည်း တုန်လှုပ်ချောက်ချားနေသည့်မျက်နှာများဖြင့် မြေကြီးပေါ်သို့ လဲပြိုကုန်ကြသည်။ သူက သူ့ခေါင်းထဲမှ ရီဝေဝေ အရိပ်အယောင်များကို ဖိနှိမ်ရန် သူ့၏ ကောင်းမွန်လှသော ကိုယ်တွင်းစွမ်းအားကို အသုံးပြုလိုက်ပြီး မင်္ဂလာဝေါယာဥ်ကို ရှာရန် သစ်ပင်ကြီးတစ်ပင်ပေါ်သို့ ခုန်တက်လိုက်သည်။

သူ မြေပြင်မှ ဝေးကွာသည်နှင့်တပြိုင်နက် သူ့စိတ်က ပိုမိုကြည်လင်လာပြီး ရှောင်းကျဲယွိက သူ့၏ဒေါသစိတ်ကို ထိန်းထားနိုင်အောင် အစွမ်းကုန်ကြိုးစားနေရင်း ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ သူက အမြင့်တွင် ရပ်နေသောကြောင့် အဝေးကြီးအထိ မြင်နိုင်ပြီး လမ်းဘေး၏တဘက်ခြမ်းတွင် ရှိနေသည့် မင်္ဂလာဝေါယာဥ်ကို လှမ်းမြင်လိုက်ရသည်။ ဝမ်းနည်းပူဆွေးခြင်းအဝတ်ဖြူများကို ဝတ်ဆင်ထားသည့် လူတစ်စုက မင်္ဂလာဝေါယာဥ်ကို သယ်ဆောင်ကာ မြို့အနောက်ဘက်သို့ ထွက်ပြေးသွားသည်ကိုလည်း သူ မြင်လိုက်ရသည်။

ရှောင်းကျဲယွိက သစ်ပင်ပေါ်မှ ခုန်ဆင်းလိုက်ပြီး သူတို့နောက်သို့ လိုက်ရန် သူ့မြင်းကို အပြင်းနှင်လိုက်သည်။ သို့သော် သူ ထိုနေရာသို့ ရောက်သွားချိန်တွင် မင်္ဂလာဝေါယာဥ်က လုံးဝ ပျောက်ဆုံးသွားပြီ ဖြစ်သည်။

ယခင်က ရှောင်းကျဲယွိ ဤမျှလောက် တစ်ခါမှ ထိတ်လန့်ခဲ့ဖူးခြင်း မရှိပေ။

ချင်းအာက ပြန်ပေးဆွဲခံရတာတောင် ဘာမှ မတုံ့ပြန်တော့ဘူးလား? သူမ ဆေးမိသွားပြီလား?

စူးချင်း အန္တရာယ်ရှိနိုင်သည်ကို တွေးမိသွားချိန်တွင် ရှောင်းကျဲယွိတစ်ယောက် စိုးရိမ်စိတ်များဖြင့် ပိုပူလောင်လာတော့သည်။ သူက မြင်းကို ဒုန်းစိုင်းကာ မြို့တံခါးဆီသို့ ပြေးသွားခဲ့ပြီး မြို့စောင့်တပ်သားများကို အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်သည်။

"မြို့တံခါးတွေကို ပိတ်ထားလိုက်တော့"

မြို့ထဲမှာ ရှိနေသရွေ့ သူ သူတို့ကို ရှာတွေ့နိုင်မှာ သေချာတယ်။ သူတို့ ကျင့်ရှီလျိုမြောင်ကနေ ထွက်သွားရင်တော့ ချင်းအာကို ပြန်ရှာဖို့ မလွယ်လောက်တော့ဘူး။

ထို့နောက် အ​ခြေအ​နေက အ​ရေးတကြီး ဖြစ်နေသောကြောင့် ရှောင်းကျဲယွိက အချက်​ပြမီး​များကို အသုံးပြုကာ မြို့တံခါးများအားလုံးကို ချက်ချင်း ပိတ်ခိုင်းလိုက်သည်။ ထို့နောက် ရှောင်းကျဲယွိက သူ့တပ်ဖွဲ့များကို ချက်ချင်း စုစည်းစေပြီး အမိန့်ပေးလိုက်သည်။

“အိမ်တိုင်းကို ရှာကြ။ တစ်​အိမ်မှ မကျန်ခဲ့စေနဲ့”

ရှောင်းကျဲယွိတစ်ယောက် စူးချင်းကို အပြင်းအထန် ရှာဖွေနေချိန်တွင် သတို့သမီးဝေါယာဥ်က မြို့အနောက်ဘက်ရှိ နတ်ဗိမ္မာန်ဆီသို့ သယ်ဆောင်သွားခံခဲ့ရသည်။ ဝမ်းနည်းခြင်းအဝတ်ကို ၀တ်ဆင်ထားသည့် တစ္ဆေငယ်လေးများက ခေါင်းတလားတစ်ခု၏ရှေ့မှ မြေပြင်ပေါ်တွင် ဒူးထောက်ထိုင်ကြလိုက်ပြီး တစ္ဆေအော်သံများကဲ့သို့ စူးရှရှအော်သံများဖြင့် သံပြိုင်‌အော်ပြောလိုက်ကြသည်။

"တစ္ဆေမယ်တော်ကြီး၊ ကျွန်တော်တို့ စူးချင်းကို ဖမ်းခေါ်လာပါပြီ”

"ဟား ဟား ကောင်းတယ်!"

ရယ်မောသံများက ကောင်းကင်မှ ပဲ့တင်ထပ်နေသလို ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံပေါ်မှ တိမ်တိုက်များက ချမ်းဟွမ်၏ယဇ်ပလ္လင် ဆင်းသက်လာသလကဲ့သို့ ကျဆင်းလာလေသည်။ အခိုးအငွေ့တွေ လွင့်ပျံသွားပြီးနောက် ခြောက်သွေ့နေသော သစ်ပင်အခေါက်နှင့်တူသည့် ညှိုးခြောက်ခြောက်မျက်နှာတစ်ခု ထွက်ပေါ်လာခဲ့သည်။

(ချမ်းဟွမ်ဆိုတာက သူတို့ယုံကြည်ကိုယ်ကိုးတဲ့ မြို့စောင့်နတ်ပါ၊ City GOD တဲ့။ ချမ်းဟွမ်နတ်မင်းက မြို့ရိုးနဲ့ ကျုံးကို ကာကွယ်ပေးတယ်လို့ ယုံကြည်ပြီး ကိုးကွယ်ပူဇော်ပသတာတွေ လုပ်လေ့ရှိတယ်တဲ့)

သူမ၏မျက်နှာပေါ်ရှိ အရေးအကြောင်းများက ပင့်ကူမျှင်များကဲ့သို့ အက်ကြောင်းများ ဖြစ်နေပြီး သူမ၏မျက်လုံးများက လင်းတ၏မျက်လုံးများကဲ့သို့ အဝါရောင် ဖြစ်နေကာ အတွင်းသို့ကောက်ဝင်နေသည့် သူမ၏ နှာခေါင်းက လင်းယုန်၏နှုတ်သီးကဲ့သို့ ချွန်မြနေလေသည်။ ထိုအရေးအကြောင်းများက သူမ၏ပါးစပ်သေးသေးလေးကို ညှစ်ထားသလို ဖြစ်နေပြီး ရုပ်တရက် ကြည့်လိုက်လျှင် သူမထံ၌ ပါးစပ်မရှိဘူးဟုပင် ခံစားရစေနိုင်သည်။

သူမ ပေါ်လာသည့်အချိန်က နေ့ခင်းကြောင်တောင်ဖြစ်နေသည့်တိုင် သူမ၏မျက်နှာပေါ်သို့ အုပ်နေသည့် ဆံပင်ဖားလျားနှင့် ထိုမျက်နှာကြီးက ကြောက်မက်ဖွယ်ကောင်းလှသည်။ ထို့အပြင် သူမ၏အသံက မှန်ကို ကျောက်တုံးဖြင့် ပွတ်တိုက်ရာမှ ထွက်လာသည့်အသံကဲ့သို့ ဖြစ်နေပြီး ပို၍ပင် စိတ်မသက်မသာ ဖြစ်‌စေခဲ့သည်။

တစ္ဆေမယ်တော်ကြီးက ယဇ်ပလ္လင်ပေါ်တွင် ထိုင်နေပြီး သူမ၏အဝါရောင်မျက်လုံးများက အနီရောင်မင်္ဂလာဝေါယာဥ်ကို စိုက်ကြည့်နေရင်း ရယ်မောနေပြန်သည်။

“သတို့သမီးကို အပြင်ထုတ်လိုက်.... ဒီမယ်တော်ကြီးက သူ(မ)ကို မေးစရာ ရှိတယ်"

တစ္ဆေမယ်တော်ကြီး၏ အမိန့်ကို ကြားလိုက်ရသောကြောင့် တစ္ဆေကလေးများက မင်္ဂလာဝေါယာဥ်၏ကန့်လန့်ကာကို ချက်ချင်း မတင်လိုက်ပြီး စူးချင်းကို မင်္ဂလာဝေါယာဥ်ထဲမှ ဆွဲထွက်လိုက်ကြသည်။

တစ္ဆေမယ်တော်ကြီး၏ဦးခေါင်းက တလှုပ်လှုပ် ယိမ်းနွဲ့နေပြီး သူမ၏ အဝါရောင်မျက်ဆံများက အလွန်ကျုံနေသောကြောင့် အဖြူရောင်မျက်သားများကိုသာ မြင်နေရသည်။ သူမက သူမ၏သစ်သားခြောက်ကဲ့သို့ လက်ချောင်းများဖြင့် စူးချင်းကို လက်ညှိုးညွှန်ရင်း ထပ်အမိန့်ပေးလိုက်သည်။

“မျက်နှာလွှားပုဝါကို ဖယ်လိုက်”

တစ္ဆေငယ်လေးများက စူးချင်း၏မျက်နှာလွှားပုဝါကို ဖယ်လိုက်ကြပြန်သည်။ စူးချင်းက ရီဝေနေသည့်အကြည့်များဖြင့် ရှိနေဆဲဖြစ်ကာ လုံးဝ မလှုပ်ဘဲ ထိုနေရာတွင် တောင့်တောင့်ကြီး ရပ်နေခဲ့သည်။

"ဟမ့်၊ နင်က ဘယ်လောက်တောင် အစွမ်းတွေပြနေခဲ့တာလဲ? အခု ငါ နင့်ကို ဖမ်းမိပြီ မဟုတ်လား? သူ(မ)ကို ကြိုးချည်ထားလိုက်ကြစမ်း"

စူးချင်း၏လှပသော မျက်နှာကို မြင်လိုက်ရချိန်တွင် တစ္ဆေမယ်တော်ကြီး၏မျက်လုံးများတွင် မနာလိုဖြစ်သွားသည့်အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။ သူမက အေးစက်စွာ နှုာမှတ်လိုက်ပြီး စူးချင်းအား ကြိုးတုတ်ထားရန် တစ္ဆေငယ်လေးများကို ထပ်အမိန့်ပေးလိုက်ပြန်သည်။

သူမရဲ့ တစ္ဆေငယ်လေးတွေတောင်မှ ဒီကောင်မလေးကို ဖမ်းနိုင်မှန်း သူမ သိခဲ့ရင် ဘာလို့ ဒီအထိ ခရီးထွက်လာရမှာလဲ? အခုတော့ အခွံမာသီးကို ခွဲဖို့ ဆယ်ကျင်းတူကို သုံးတာနဲ့တောင် တူနေပြီ။

(T/N: အခွံမာသီးကို ခွဲဖို့ ဆယ်ကျင်းတူကို သုံးတယ် ဆိုတာက အင်အားအလွန်သုံးမိတာကို တင်စားချင်တာပါ၊ မြန်မာမှာဆိုရင် စာကလေးကို အမြောက်နဲ့ ချိန်တယ်လို့ သုံးသလိုပါပဲ)

တစ္ဆေငယ်လေးများက သူမ၏အမိန့်ကို တရိုတသေ လက်ခံလိုက်ကြပြီး မသေမျိုးနှောင်ကြိုးကို ယူလာခဲ့ကြသည်။ ဤကြိုးကို အလောင်းဆီထဲတွင် ခုနစ်ရက်နှင့် ခုနစ်ညကြာ စိမ်ထားခဲ့ပြီး ညစ်နွမ်းမှောင်မိုက်မှုများနှင့် ဆိုးယုတ်သည့် လက္ခဏာများ ပြည့်နေကာ သာမန်နွယ်ကြိုးများထက် အများကြီး ပိုခိုင်ခံသည်။ ထိုကြိုးဖြင့် ချည်နှောင်ခံလိုက်ရပါက ကြီးမြတ်သည့် မသေမျိုးတစ်ယောက်ဖြစ်နေလျှင်ပင် လွတ်မြောက်နိုင်မည် မဟုတ်တော့ပေ။

တစ္ဆေမယ်တော်ကြီးက ယဇ်ပလ္လင်ပေါ်ကို မှီကာ လဲလျောင်းနေပြီး သူမ၏လက်အောက်ငယ်သားများ စူးချင်းအား ကြိုးတုပ်နေသည်ကို စောင့်ကြည့်နေခဲ့သည်။ ထိုအတောအတွင်း သူမ၏မျက်လုံးများမှ မနာလိုရိပ်များက ပိုစူးရှလာပြီး စူးချင်း၏လှပသော မျက်နှာပေါ်သို့ ရစ်ဝဲနေပြန်သည်။ ထို့နောက် သူမ ဘယ်လိုပဲကြည့်ကြည့် သည်းမခံနိုင်တော့ သူမ၏တစ္ဆေငယ်လေးများကို အမိန့်ပေးလိုက်ပြန်သည်။

"သူ့(မ)ရဲ့မျက်နှာကို အရင် ဖျက်ဆီးလိုက်"

“ဟုတ်ကဲ့”

တစ္ဆေငယ်လေးများက ဓားများကိုင်လျက် စူးချင်းဆီသို့ လျှောက်လာကြသည်။ တစ္ဆေမယ်တော်ကြီးက နူးညံ့သိမ်မွေ့ပြီး ပန်ပွင့်ကဲ့သို့ လှပသော ထိုမျက်နှာလေးကို သူမ၏ရှေ့တွင် ဖျက်ဆီးခံရတော့မည်ကို စိတ်လှုပ်ရှားစွာ စောင့်မျှော် ကြည့်ရှုနေခဲ့သည်။ ထိုအခိုက်အတန့်တွင် တွေဝေငေးမောမှုများ ပြည့်နေသည့် စူးချင်း၏မျက်လုံးများက ရုတ်တရတ် ကြည်လင်လာပြီး သူမအား လှမ်းကြည့်နေသည်ကို မြင်လိုက်ရသောကြောင့် သူမ အံ့သြမှင်သက်သွားရသည်။

"အိုး... အံ့ဩစရာပဲ၊ နင်က ငါ့ရဲ့ဆေးမှုန့်ကိုတောင် ဖယ်ရှားနိုင်တယ်လား?"

တစ္ဆေမယ်တော်ကြီးက ထိတ်လန့်သွားပြီး သူမ၏ယဇ်ပလ္လင်ပေါ်မှ ပြေးဆင်လာခဲ့သည်။ သူမက သူမ၏ဆေးကို အလွန်ယုံကြည်နေပြီး အလယ်ပိုင်းလွင်ပြင်တွင် မည်သူမှ ထိုဆေးကို မဖယ်ရှားနိုင်ဟုသာ သတ်မှတ်ထားခဲ့သည်။

"ဒါဆိုလည်း ငါက ထပ်စမ်းကြည့်ရတော့မှာပေါ့လေ!"

တစ္ဆေမယ်တော်ကြီးက သူမ၏လက်ကို မြှောက်လိုက်ရာ အပြာရောင်မီးခိုးငွေ့များ ထွက်ပေါ်လာပြန်သည်။ တစ္ဆေမယ်တော်ကြီးက ဆင်တစ်ကောင်ကိုပင် တုံးခနဲ လဲကျသွားစေနိုင်သည့် သူမ၏ဆေးကြောင့် စူးချင်းလည်း ချက်ချင်း လဲကျသွားလိမ့်မည်ဟု သတ်မှတ်ထားပြီး ဘာကိုမှ ဂရုမစိုက်ဘဲ ကြိုတင်ပြင်ဆင်ထားခြင်းလည်း မရှိပေ။ သို့သော် သူမ၏ ဆေးက အလုပ်မဖြစတော့ပဲ စူးချင်းက သူမ၏ညာလက်ကို လှမ်းဆွဲကာ တင်းတင်းကျပ်ကျပ် ဖိညှစ်လိုက်သည်။ စူးချင်းက သူမ၏လက်မောင်း အစိတ်စိတ်အမွှာမွှာ ကြေမွသွားသည်အထိ ဖိညှစ်လိမ်ချိုးလိုက်သောကြောင့် တစ္ဆေမယ်တော်ကြီးထံမှ ကြောက်စရာကောင်းလောက်သည့် ဆွဲဆွဲငင်ငင် အော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့သည်။

တစ္ဆေငယ်လေးများက သူတို့၏တစ္ဆေမယ်တော်ကြီးကို ကယ်တင်ရန် ပြေးလာကြသော်လည်း စူးချင်းက သူမ၏ကြာပွတ်ကို ဆွဲထုတ်ကာ တစ္ဆေမယ်တော်ကြီးကို ရစ်ပတ်လိုက်သည်။ ထို့နောက် စူးချင်းက တစ္ဆေမယ်တော်ကြီး မူးဝေသွားသည်အထိ သူမ၏ကြာပွတ်ကို ဝှေ့ယမ်းနေပြန်သည်။ သူမ၏ကြာပွတ်ရွေ့လျားရာ လမ်းကြောင်းအတွင်း တစ္ဆေမယ်တော်ကြီး၏ခန္ဓာကိုယ်က တစ္ဆေငယ်လေးများကို ပြေးပြေးစောင့်နေသောကြောင့် တစ္ဆေငယ်လေးများခမျာလည်း အဝေးသို့ လွင့်ပျံသွားကြတော့သည်။

ရှောင်းကျဲယွိက အော်သံများကို ကြားသွားခဲ့ပြီး သူ့လူများနှင့်အတူ အသံလာရာအရပ်ဆီသို့ အလျင်အမြန် ပြေးလာခဲ့သည်။ မြို့အနောက်ဘက်ရှိ နတ်ဗိမ္မာန်သို့ ရောက်လာချိန်တွင် တစ္ဆေငယ်လေးများ ပျံတက်လာသည်ကို မြင်သွားခဲ့ပြီး ထိုလူများကို သနားညှာတာမှုမရှိ သတ်ပစ်ရန် သူ့စစ်သည်များကို အမိန့်ပေးလိုက်သည်။

သူကတော့ လွမ်တောင်ကို ကိုင်ကာ နတ်ဗိမ္မာန်ထဲသို့ ပြေးဝင်လာခဲ့ပြီး စုတ်ပြတ်နေသော အဘွားအိုတစ်ယောက်ကို စိတ်အားထက်သန်စွာ ကစားနေသည့် စူးချင်းကို တွေ့လိုက်ရသည်။

ကြာပွတ်ဖြင့် အရိုက်ခံနေရသူ၏မျက်နှာက ကြောက်စရာကောင်းလှပြီး မျက်လုံးများက ပြူးထွက်နေကာ သနားညှာတာပေးရန် ဆက်တိုက်တောင်းပန်နေလေသည်။

“လှည့်နေတာကို ရပ်လိုက်ပါတော့၊ ဒီအဘွားကြီး မူးလို့ သေတော့မယ်”

"ဟမ့်၊ ငါ့မင်္ဂလာပွဲကို နှောင့်ယှက်ဖို့ ဘယ်သူက နင့်ကို သတ္တိတွေ ပေးခဲ့တာလဲ?”

စူးချင်း၏အသံက ရေခဲကဲ့သို့ အေးစက်နေသည်။ သူမက တစ္ဆေမယ်တော်ကြီးကို ကြာပွတ်ဖြင့် ဝှေ့ယမ်းနေရုံသာမက ရံဖန်ရံခါ မြေပြင်နှင့်လည်း စောင့်ရိုက်နေသေးသည်။

ဒီနေ့ ရှောင်ချီသာ သူမနဲ့အတူတူ ရှိမနေခဲ့ရင် သူမ ဒီအဘွားအိုကြီးရဲ့ထောင်ချောက်ထဲကို ပြုတ်ကျနေလောက်ပြီ။

ဒီအဘွားကြီးက သူမကို ဘာကြောင့် ဖမ်းခဲ့တာလဲဆိုတာ သိချင်လို့ သူမ ဟန်ဆောင်နေခဲ့ပေမယ့် ဒီအဘွားကြီးက ရက်စက်လွန်းပြီး သူမရဲ့မျက်နှာကိုတောင် ဖျက်ဆီးပစ်ချင်နေသေးတယ်။

ရှောင်းကျဲယွိကလည်း စူးချင်း၏စွမ်းပကားကို မြင်လိုက်ရပြီး နောက်ဆုံးတွင် သူ၏စိတ်နှလုံးက လုံးဝ ပြန်ငြိမ်သက်သွားခဲ့သည်။ စူးချင်းက အနီရောင်မင်္ဂလာဝတ်စုံကို ၀တ်ဆင်ထားပြီး အဘွားကြီးကို ကြာပွတ်ဖြင့် ရိုက်ရန် သူမ၏ခန္ဓာကိုယ်လေးကို လှုပ်ယမ်းနေသောကြောင့် သူမက အစွမ်းကုန် ပွင့်လန်းနေသည့် ကမဲလီးယားပန်းပွင့်လေးနှင့်ဆင်တူနေကာ လေပြေထဲတွင် ပန်းလှလှလေး ယိမ်းနွဲ့ကခုန်နေသည်ဟု ခံစားရစေသည်။

စူးချင်းက ရှောင်းကျဲယွိကို မြင်လိုက်သောကြောင့် အဘွားကြီးကို ဆက်မရိုက်တော့ဘဲ သူမကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး ရှောင်းကျဲယွိ၏လက်ထဲမှ လွမ်တောင်ကို လှမ်းယူလိုက်သည်။ ထို့နောက်တွင်မူ အဘွားကြီး၏လက်နှင့် ခြေတို့မှ အရွတ်များက လွမ်တောင်၏ချွန်ထက်သော ဓားသွားနောက်မှ လိုက်ပါလာကာ အဘွားကြီး၏ခန္ဓာကိုယ်ထဲမှ ထွက်လာကြတော့သည်။ ထိုအဘွားကြီးက အသတ်ခံနေရသည့်ဝက်ကဲ့သို့ နာနာကျင်ကျင် အော်ဟစ်နေပြီး မြေပြင်ပေါ်တွင် လှန်လှိမ့်နေပြန်သည်။

"ပြောစမ်း၊ နင်တို့ရဲ့အသိုက်က ဘယ်မှာလဲ?"

စူးချင်းက သွေးစွန်းနေသော ဓားဦးချွန်ကို တစ္ဆေမယ်တော်ကြီး၏မျက်လုံးများဆီသို့ ချိန်ရွယ်ကာ စတင်မေးမြန်းလိုက်ပြီး သူမ ထုတ်လွှတ်နေသော လူသတ်အငွေ့အသက်များက တစ္ဆေမယ်တော်ကြီးအတွက် ရေခဲတောင်တစ်ခုဖြင့် အဖိခံထားသလို ခံစားရစေသည်။

"မသိဘူး၊ ငါ မသိဘူး"

တစ္ဆေမယ်တော်ကြီးက နာကျင်မှုကြောင့် တုန်ယင်နေပြီး နောက်ဆုံးတွင် စူးချင်း မည်မျှ အစွမ်းထက်သည်ကို သိသွားကာ စူးချင်းကို လျှော့တွက်မိသည့် သူမကိုယ်သူမ မုန်းတီးနေလေသည်။

သူမ ဒီနေ့ ဒီမှာ သေရတော့မှာ သေချာတယ်၊ အဲ့လိုဆိုရင်တော့မှ သူမအတွက် လက်စားချေပေးဖို့ သရဲလေးကောင် ကျန်နေသေးတယ်။

ထို့အတွေးကြောင့် တစ္ဆေမယ်တော်ကြီးက အံကြိတ်သည်းခံနေပြီး စကားပြောရန် ငြင်းဆန်နေခဲ့သည်။

စူးချင်းက တစ္ဆေမယ်တော်ကြီး၏ ညာဖက်မျက်လုံးကို ဖောက်ထုတ်ပြီး အေးစက်စွာ ထပ်ပြောလိုက်ရာ သူမ၏အသံက ငရဲဘုရင်၏အသံဟုပင် ထင်နေရစေသည်။

“ငါ့ကို ရန်စရဲလောက်တဲ့အထိ မျက်စိကန်းနေကြတာပဲ၊ နင်တို့ထဲက တစ်ယောက်မှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး”

တစ္ဆေမယ်တော်ကြီးက နာကျင်မှုကြောင့် မူးမေ့လဲသွားပြီး အခြားအသက်ရှင်နေသေးသည့် တစ္ဆေငယ်လေးများက သူမ၏ကံကြမ္မာကို မြင်လိုက်ရသောကြောင့် ကြောက်ရွံ့တုန်လှုပ်သွားကြသည်။

စူးချင်းက သတိလစ်နေသော တစ္ဆေမယ်တော်ကြီးကို အပြင်သို့ ဆွဲထုတ်ကာ နှင်းတောထဲသို့ ပစ်ချလိုက်သည်။ ရေခဲတမျှ အေးစက်နေသည် နှင်းများက တစ္ဆေမယ်တော်ကြီးကို နှိုးလိုက်သလို ဖြစ်သွားပြီး သူမ ပြန်သတိရလာပြန်သည်။ သို့သော် သူမ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေပြီး စူးချင်းကို အရိုးထိမှ ကြောက်ရွံ့သွားပုံရသည်။

ဒီမိန်းမက သရဲငါးကောင်ထက်တောင် ပိုရက်စက်သေးတယ်။

စူးချင်းက တစ္ဆေမယ်တော်ကြီး၏ရှေ့သို့ ငုတ်တုတ်ထိုင်ချလိုက်ပြီး သူမ၏ကျန်နေသော မျက်လုံးတစ်ဖက်ပေါ် လွမ်ဓား၏ထိပ်ဖျားကို ဖိကပ်လိုက်သည်။

"ပြောစမ်း၊ နင်တို့ရဲ့အသိုက် ဘယ်မှာလဲ၊ နင် ငါ့ကို ပြောပြရင် နင့်ကို အေးအေးဆေး‌ဆေး သေခွင့်ပေးနိုင်တယ်”

တစ္ဆေမယ်တော်ကြီးက ဓားဦးထိပ်ကို ကြည့်ကာ ရုတ်တရက် ရယ်မောလိုက်ပြီး ခဏအကြာတွင် ပြန်ဖြေလာခဲ့သည်။

"ကောင်းပြီ ငါ ပြောပြမယ်!"

All Chapters