← Chapters

အဆုံးမဲ့ချစ်ခြင်း

Vol. 32 Ch. 472

အဆုံးမဲ့ချစ်ခြင်း

Vol. 32 Ch. 472

ရှောင်းကျဲယွိက သတို့သမီးအခန်း၏တံခါးဆီသို့ ပြန်ရောက်လာခဲ့ပြီး အခန်းတံခါးကို စိတ်လှုပ်ရှားစွာ တွန်းဖွင့်လိုက်သည်။ စူးချင်းက ခုတင်ပေါ်တွင် ထိုင်နေဆဲဖြစ်ပြီး အစေခံမိန်းကလေးနှစ်ယောက်က သူမနှင့် မလှမ်းမကမ်းတွင် ရှိနေခဲ့သည်။

"စားစရာတွေ ယူပြီး ဝင်လာခဲ့"

သူ ဧည့်သည်များကို ပြန်လိုက်မပို့ခင်ကတည်းက ရှောင်းကျဲယွိက အစေခံတစ်ယောက်အား မီးဖိုချောင်သို့ လွှတ်လိုက်ပြီး သခင်မလေးအတွက် ညစာပြင်ဆင်ပေးရန် ညွှန်ကြားခိုင်းလိုက်သည်။

ချင်းအာက တစ်နေကုန် ဘာမှ မစားရသေးတော့ သူမ ဗိုက်ဆာနေမှာပေါ့။ သူမ ဗိုက်စာနေရင် ဒီမိုးဒီရေကို ခံနိုင်ရည်ဖို့ ဘယ်လိုခွန်အားရှိတော့မှာလဲ?

သူ့တစ်ကိုယ်လုံးမှာက ပြင်းထန်တဲ့ စွမ်းအင်တွေနဲ့ ပြည့်နေပြီလေ။ သူက ချင်းအာကို မမေ့နိုင်တဲ့ မင်္ဂလာဦးညလေးတစ်ည ဖန်တီးပေးဖို့ ဆုံးဖြတ်ပြီးနေပြီ။

စူးချင်းကလည်း အမှန်တကယ် ဗိုက်ဆာနေခဲ့သည်။ အစေခံမိန်းကလေးနှစ်ယောက်က သူမ၏အနားတွင် ရှိနေပြီး သူမကို ခစားနေသောကြောင့် ရှောင်ချီကိုလည်း စားစရာပြင်ဆင်ခိုင်း၍ မရတော့ပေ။ ထို့ကြောင့် သူမ သည်းခံရုံသာတတ်နိုင်ပြီး ဆာလောင်သည့်ခံစားချက်ကို မုန်းတီးနေမိသည်။

ရှောင်းကျဲယွိက သူမအတွက် အရာသာရှိမည့် ဟင်းပွဲများ စားပွဲတစ်လုံးအပြည့် ချက်ပြုတ်ပြင်ဆင်ပေးရန် သူ့လူများကို အမိန့်ပေးထားခဲ့သည်။ အားလုံးက သူမ အကြိုက်ဟင်းလျာများဖြစ်ပြီး အထူးသဖြင့် သူမ အကြိုက်ဆုံး ရွှေပိုးမျှင်ကိတ်မုန့်ပင် ပါဝင်နေသောကြောင့် စူးချင်း အလွန်ပျော်ရွှင်သွားတော့သည်။ သူက သူမ နှစ်သက်သည့်အရာအားလုံးကို မှတ်မိနေမည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

"ချင်းအာ၊ မင်း ဗိုက်ဆာနေပြီမလား?!"

ရှောင်းကျဲယွိက သူ ဝတ်ဆင်ထားသည့် မင်္ဂလာဝတ်စုံကို ချွတ်လိုက်ပြီး စူးချင်း စားပွဲတွင် ထိုင်နိုင်ရန် ကူညီပေးနေရင်းမှ စိတ်မကောင်းဖြစ်နေသော အမူအရာဖြင့် သူမကို မေးလိုက်သည်။

“အင်း ကျွန်မ ဗိုက်ဆာနေပြီ။ အရက်ကို အရင်သောက်ရမှာလား ဒါမှမဟုတ် စားပြီးမှ သောက်ရမှာလား?"

စူးချင်း၏ဗိုက်က ဆာလောင်မှုနှင့်အတူ တဒုန်းဒုန်း ဖြစ်နေပြီ ဖြစ်သောကြောင့် စူးချင်းက ရှောင်းကျဲယွိကို အမြန်ရွေးချယ်ခိုင်းလိုက်သည်။

ဘာပဲဖြစ်ဖြစ် သူမတို့ ဒီလုပ်ငန်းစဥ်ကို ဖြတ်ကျော်ရမှာဆိုတော့ စောစောလုပ်နိုင်လေ မြန်မြန်ပြီးနိုင်လေလေပေါ့။

ရှောင်းကျဲယွိ၏နောက်တွင်ရှိနေသည့် အောင်သွယ်တော်က သတို့သမီး၏မျက်နှာပေါ်မှ စိတ်လောနေသည့် အမူအရာကို ကြည့်နေရင်း သူမ၏ခေါင်းကို ခါယမ်းလိုက်သည်။ သူမ အောင်သွယ်တော်အဖြစ် အချိန်အတော်ကြာ လုပ်ကိုင်ခဲ့သော်လည်း ဤကဲ့သို့ ပုန်ကန်တတ်သော သတို့သမီးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

မင်းရဲ့ယောက်ျားက မင်းအတွက် ကောင်းကင်ကြီးဆိုတာကို မင်း မသိဘူးလား? ဘာလို့ ယောက်ျားတစ်ယောက်ကို မေးခွန်းထုတ်နေရတာလဲ?

“တခုခု အရင်စားလေ၊ ဗိုက်ထဲမှာ အစားရှိမှ သောက်ပါ။ ကိုယ်လည်း မင်းနဲ့အတူ စားမယ်"

စူးချင်း ဗိုက်ဆာနေမှန်း သိနေသောကြောင့် ရှောင်းကျဲယွိက စားရန် အရင်ပြောလိုက်သည်။

သူလည်း အရက်တွေ အများကြီး သောက်ခဲ့ရပြီး ဘာမှ သိပ်မစားဖြစ်ခဲ့တော့ သူ့ဇနီးလေးနဲ့အတူ စားရမယ်လေ။

“အင်း”

စူးချင်းက ချက်ချင်း ခေါင်းညိတ်သဘောတူလိုက်သည်။ ရှောင်းကျဲယွိက သူ့၏မင်္ဂလာဝတ်စုံကို ချွတ်ထားပြီးသားဖြစ်နေသည်ကို သူမ တွေ့လိုက်ရသောကြောင့် သူမလည်း သူမ၏မင်္ဂလာဝတ်စုံကို ချွတ်ရန် ဆုံးဖြတ်လိုက်သည်။ ဘေးနားမှ အောင်သွယ်တော်ကတော့ လုံးဝ စိတ်ညစ်နေပြီ ဖြစ်သည်။

သူမ ပြင်ဆင်ထားတဲ့ ရွှေပန်းကန်လုံးကြီးကတော့ အသုံးမပြုရတော့မယ်ပဲ။ သတို့သမီးက သူမရဲ့ခေါင်းကို အစားထဲမှာ မြှုပ်ထားနေပြီ။

(ရှေးခတ်ရိုးရာမင်္ဂလာပွဲတွေမှာ မင်္ဂလာဦးဇနီးမောင်နှံက ရွှေထည့်ထားတဲ့ ပန်းကန်လုံးကြီး(တက်နိုင်တဲ့သူကလည်း ‌ရွှေပန်းကန်လုံး)ထဲမှာ ရေ၊ ပန်း၊ သစ်သီးတွေ ထည့်ပြီး အတူတူ စားကြတာမျိုးပါ၊ အဓိပ္ပာယ်ကတော့ အိမ်ထောင်သည်ဘဝမှာ ရွှေငွေတွေ ဝင်လာပြီး စီးပွားရေး တိုးတက်ပါစေဆိုပြီး ဆုတောင်းတဲ့သဘောပါ)

အောင်သွယ်တော်က သူတို့နှစ်ယောက်၏နောက်တွင် စိတ်ရှည်ရှည်စောင့်နေပေးခဲ့သည်။ သူမက မင်္ဂလာသေရည်သောက်သည့် အခမ်းအနားကို ပြုလုပ်ပေးချင်နေပြီ ဖြစ်သော်လည်း ကာယကံရှင်နှစ်ဦး၏အမူအရာအရ သူမ ဆုံးဖြတ်ပိုင်ဖွင့် မရှိသောကြာင့် စိတ်ရှည်လက်ရှည် စောင့်နေရန်သာတတ်နိုင်တော့သည်။

"ချင်းအာ၊ ဒါက မင်းအကြိုက်ဆုံး ရွှေပိုးမျှင်မုန့်။ ပြီးတော့ ဒီကြာပန်းမုန့်ကလည်း မဆိုးဘူး၊ မြည်းကြည့်ပါလား?”

ရှောင်းကျဲယွိက စူးချင်း၏ပန်းကန်ထဲသို့ အစားအစာများ ထည့်ပေးနေပြီး သူမကို ဂရုတစိုက် ကျွေးမွေးနေခဲ့သည်။

စူးချင်းက သူ ထည့်ပေးသမျှ မငြင်းဘဲ သူမ၏ခေါင်းကို အစားအစာများထဲတွင်သာ နှစ်မြှုပ်ထားခဲ့ပြီး နှစ်ယောက်သား စားပွဲတစ်ခုလုံးကို အပြောင်ရှင်းလိုက်ကြသည်။

“လာ၊ မင်္ဂလာသေရည် သောက်ကြရအောင်”

စူးချင်းက သူမ၏လက်ကိုင်ပုဝါကို ထုတ်ကာ သူမ၏ပါးစပ်ကို သုတ်လိုက်ပြီး နောက်တစ်ဆင့်အတွက် သူမ အဆင်သင့်ဖြစ်နေကြောင်း အသိပေးလိုက်သည်။

သူမ၏ အလုပ်သဘောဆန်သော အမူအရာက ရှောင်းကျဲယွိကို ပို၍ သဘောကျသွားစေပြီး သူက ရယ်မောနေပြန်သည်။

"ကောင်းပါပြီ၊ မင်္ဂလာသေရည်ကို သောက်လိုက်ကြမယ်"

မည်သို့ပင်ဖြစ်စေ မိမိအပေါ် ချစ်ခင်နှစ်သက်နေသူ၏အမြင်တွင် မိမိ၏ ချို့ယွင်းချက်များအားလုံးက မိမိ အားသာချက်များနှင့် ခွန်အားများသာ ဖြစ်နေမည်ပင်။ အတိုချုံးပြောရလျှင် ဘာလုပ်လုပ် ချစ်နေမည်သာ ဖြစ်သည်။

နောက်ဆုံးတွင် သူမ အလှည့်ကျလာပြီဖြစ်ကြောင်း သိလိုက်ရချိန်တွင် အောင်သွယ်တော်က အရက်ခွက်များ ယူလာရန် အစေခံမိန်းကလေးများကို အလျင်အမြန် ညွှန်ကြားလိုက်သည်။ သူမက အနှစ်တစ်ရာပြည့် ပျော်ရွှင်မှု၊ ကောင်းကင်ဘုံမှ စီစဥ်ပေးသည့် လက်ထပ်ပွဲ၊ ကောင်းချီးမင်္ဂလာ အပြည့်ဖြင့် သာယာပျော်ရွှင်သော အိမ်ထောင်ရေး အစရှိသည့် စကားကောင်းများကို တသီတတန်းကြီး ပြောဆိုပြီးမှ နောက်ဆုံးတွင် လက်တွေ့ကျသော စကားဖြင့် အဆုံးသတ်လိုက်သည်။

“သခင်လေး၊ သခင်မလေး၊ မင်္ဂလာသေရည်သောက်လို့ ရပါပြီ”

စူးချင်းက ထိုစကားသံကို ကြားရရန် အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်ပြီး ထိုစကားကို ကြားလိုက်သည်နှင့် သူမက သူမ၏လက်ကို ဆန့်တန်းကာ ရှောင်းကျဲယွိ၏လက်မောင်းကို ချိတ်တွဲလိုက်သည်။ ဤအခိုက်အတန့်တွင် သူတို့မျက်လုံးများ ဆုံမိသွားပြီး ရှောင်းကျဲယွိက သူ၏ဇနီးလေးကို ချစ်စနိုး စိုက်ကြည့်နေကာ သူ့မျက်နှာပေါ်တွင် ထူးဆန်းသောအပြုံးတစ်ခု ရှိနေခဲ့သည်။

ဓလေ့ထုံးတမ်းများကြောင့် စိုးရိမ်သောက ရောက်နေရသည့် စူးချင်း၏စိတ်နှလုံးကလည်း ချက်ချင်း ငြိမ်သက်သွားခဲ့သည်။ သူမ၏ လှပသော မျက်လုံးလေးများထဲတွင် လေးနက်သည့် ချစ်ခြင်းမေတ္တာများသာ ကျန်နေတော့ပြီး သူမက ရှောင်းကျဲယွိ၏ မျက်လုံးများထဲသို့ ပြန်စိုက်ကြည့်နေခဲ့သည်။ ယခုအချိန်မှသာ စူးချင်းက သူမနှင့် ရှောင်းကျဲယွိတို့ အမှန်တကယ် အိမ်ထောင်ပြုသွားပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။

အမှန်စင်စစ်တွင် မင်္ဂလာသေရည်သောက်ရခြင်းက ဇနီးမောင်နှံဖြစ်သွားခြင်း၏ အကောင်းဆုံးသက်သေသာ ဖြစ်သည်။ ထိုအရက်ခွက်နှစ်ခွက် သောက်ပြီးနောက်တွင် သူတို့၏စိတ်ဝိညာဉ်များ ရောယှက်သွားသလို ခံစားချက်မျိုးကို အမှန်တကယ် ရရှိလိုက်ကြသည်။

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အရက်သောက်နေခဲ့ကြပြီး အစေခံမိန်းကလေးများက ရေချိုးကန်ထဲသို့ ရေနွေးများ လောင်းထည့်ပေးကာ ကြင်စဦးစဇနီးမောင်နှံ ရေချိုးရန်နှင့် အဝတ်လဲရန် အဆင်သင့်ပြင်ထားပေးခဲ့သည်။

ရှောင်းကျဲယွိက အစေခံမိန်းကလေးများနှင့် အဒေါ်ကြီးများကို ထွက်သွားစေခဲ့ပြီး စူးချင်း ရေချိုးရန် သူကိုယ်တိုင် ကူညီပေးနေခဲ့သည်။ စူးချင်း၏ ကျောက်စိမ်းဖြူရောင် အရေပြားများပေါ်မှ ရေစက်များ လျှောကျလာသည်ကို မြင်လိုက်ရသဖြင့် သူ စိတ်မထိန်းဘဲ သူမကို နမ်းမိသွားပြန်သည်။

စူးချင်းက သူမနောက်ကို လျှပ်စီးကြောင်းဖြင့် အထိခံလိုက်ရသလို တွန့်ခနဲ ခံစားမိသွားပြီး နောက်သို့ လှည့်ကြည့်လိုက်ရာ သူမ၏ကျောက်စိမ်းရောင် အသားအရောင်ကြောင့် ယစ်မူးနေသည့် ရှောင်းကျဲယွိကို မြင်သွားခဲ့သည်။ ထို့နောက်တွင်မူ ချစ်ခြင်း၏စိတ်ကူးယဥ်ဆန်မှုကို နားမလည်သည့် စူးချင်းက တစ်စုံတစ်ရာ ပြောထွက်လာခဲ့သည်။

"ရှင်လည်း သွားဆေးကြောသင့်တယ်!"

"ဟား ဟား၊ အင်းပါ၊ ကိုယ် သွားဆေးကြောလိုက်မယ်။ ချင်းအာ၊ ကိုယ် ပြန်လာတာကို စောင့်နေနော်"

ရှောင်းကျဲယွိက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။

ဒါက သူရဲ့ချင်းအာလေ။ ဒီလိုအရေးကြီးတဲ့အခိုက်အတန့်မှာ ဒီလိုစကားမျိုးပြောနိုင်တာ သူမပဲ ရှိလိမ့်မယ်။

သို့​သော်လည်း​ သူလည်း အရက်​နံ့များ ကုန်စင်အောင် ​ဆေး​ကြောရမည် ဖြစ်သောကြောင့် ရှောင်းကျဲယွိတစ်ယောက် ရေချိုးရန် အခြားအခန်းတစ်ခန်းဆီသို့ အမြန်ပြေးသွားတော့သည်။ စူးချင်းက သူမမျက်လုံးများကို မှိတ်ချလိုက်ရင်း ရေချိုးကန်ကို မှီချလိုက်ကာ သူမ၏လက်များကို ရေချိုးကန်ပေါ် ဖြန့်ထားလိုက်သည်။ ပူနွေးသော ရေပူဖောင်းလေးများက သူမ၏ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေပြီး ရေထဲတွင် ရှိနေသည့် ပန်းပွင့်လေးများက မွှေးကြိုင်သောရနံ့ကို ထုတ်လွှတ်ပေးနေလေသည်။

ဒါ... ဒါက အရမ်းချိုမြိန်ပြီး သက်တောင့်သက်သာရှိစေတယ်။

ရှောင်းကျဲယွိက ရေချိုးရာမှ ပြန်လာပြီး အဝတ်အစားများ ပြောင်းလဲဝတ်ဆင်လိုက်သည်။ သူက သတို့သမီးအခန်းထဲသို့ ခြေချရန် မစောင့်နိုင်ဖြစ်နေသော်လည်း ရေချိုးကန်ထဲတွင် အိပ်ပျော်နေသည့် စူးချင်းအား မြင်လိုက်ရချိန်တွင် သူ့မျက်လုံးများထဲမှ ကူကယ်ရာမဲ့ အရိပ်အယောင်များ ထွက်ပေါ်လာတော့သည်။

သူက အစေခံ​မိန်းက​လေးတစ်​​ယောက်အားကို ပုဝါအကြီးကြီးတစ်​ထည်​ယူလာ​ပေးရန် အမိန့်​​ပေးလိုက်သည်။ ထို့နောက် သူက သူမကို ရေထဲမှ သယ်ထုတ်လာကာ သူမနားနားသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။

"မအိပ်နဲဦးလေ၊ ကိုယ်တို့ရဲ့ မင်္ဂလာဦးညလေးက မကုန်ဆုံးသေဘူး”

"အင်း၊ ဟုတ်တယ်၊ ကျွန်မတို့ရဲ့မင်္ဂလာဦးညလေးကို ကောင်းကောင်းဖြတ်သန်းရမယ်”

ရှောင်းကျဲယွိက သူမနားသို့ ကပ်ကာ သူမကို ဖြစ်တွယ်လုနီးနီး ဖြစ်နေချိန်တွင် စူးချင်း ပြန်နိုးလာခဲ့သည်။

ကံကောင်းထောက်မစွာနဲ့ သူ အစေခံမိန်းကလေးတွေကို အမိန့်ပေးလိုက်တဲ့ အသံကြောင့် သူမ ပြန်နိုးလာတာလေ။ ပြီးတော့ ရွှေ့ရှန့် အခုပြောလိုက်တဲ့စကားက သူမကို ပြန်တက်ကြွလာအောင် လုပ်ပေးနိုင်တယ်။

သူမလည်း ဒီအချိန်ရောက်ဖို့ တစ်နေ့လုံး စောင့်နေခဲ့ရတာ မဟုတ်ဘူးလား?

ရှောင်းကျဲယွိက ပုဝါအကြီးကြီးဖြင့် သူမ၏ခန္ဓာကိုယ်ပေါ်မှ ရေစက်များကို သုတ်‌ပေးနေခဲ့သည်။

ဒါ... သူ သူ့ချင်းအာရဲ့ခန္ဓာကိုယ်ကို မြင်ခွင့်ရတဲ့ပထမဆုံးအကြိမ်ပဲ။ အဲ့ကြွေဖြူရောင် အသားဖွေးဖွေးလေးတွေနဲ့ သူမရဲ့နှုတ်ခမ်းနီနီထွေးထွေးလေးတွေက သူ့သွေးတွေကို ဆူပွက်စေတယ်။

ရှောင်းကျဲယွိက ခဏလေးပင် မစောင့်နိုင်တော့ဘဲ အစေခံမိန်းကလေးများကို အေးစက်စွာ အမိန့်ပေးလိုက်သည်။

"ထွက်သွား"

အစေခံမိန်းကလေးများကလည်း အလွန်ထိတ်လန့်သွားကြပြီး အလျင်အမြန် ပြေးထွက်သွားကြာ တံခါးကိုပင် ဂရုတစိုက် ပြန်ပိတ်ပေးခဲ့ကြသည်။

သို့သော်လည်း သူ့၏ဇနီးသည်ကို ပွေ့ဖက်ထားသည့် သခင်လေး၏ပုံရိပ်က သူမတို့၏ စိတ်ထဲတွင် စွဲထင်နေသေးသည်။ အခန်းထဲမှ ရှက်ရွံ့ဖွယ် အသံများ ထွက်လာချိန်တွင် အစေခံမိန်းကလေးနှစ်ယောက်၏ မျက်နှာများက မီးတောက်များကဲသို့ နီရဲသွားကြတော့သည်။

အခန်းထဲတွင် သန့်စင်သော နွေဦးအခိုက်အတန့်လေး၏ သာယာမှုများ ပြည့်နှက်နေလေသည်။

[မူရင်းစာရေးသူ: ငါ ဒီနေရာမှာ စာလုံးတစ်ထောင်စာ နေရာချန်ပေးခဲ့တယ်နော်.... ကိုယ့်ဘာသာ ကြိုက်သလို ရေးလိုက်ကြပါ]

ရှောင်းကျဲယွိက စွမ်းအင်များ ပြည့်ဝနေသလို စူးချင်းကလည်း ပျော့ညံ့ခြင်း မရှိပေ။ သူတို့နှစ်ဦးလုံးတွင် သန်မာသောကိုယ်ခန္ဓာများ ရှိကြပြီး မြေကြီးများကွဲအက်သလိုခံစားချက်ကိုပင် ပေးစွမ်းနိုင်လေသည်။

စူးချင်းက သူမကို တိမ်များရှိရာ အရပ်ဆီသို့ ခေါ်ဆောင်သွားနေသည့် ရှောင်းကျဲယွိ၏နူးညံ့သိမ်မွေ့မှုများထဲတွင် အပြည့်အ၀ နှစ်မြှုပ်နေခဲ့သည်။

ဤညတွင် သူတို့နှစ်ယောက်လုံး ကြည်ကြည်နူးနူး ပျော်ရွှင်နိုင်ခဲ့ကြပြီး နောက်ဆုံးတွင် သူတို့နှစ်ယောက်က စစ်မှန်သောစုံတွဲတစ်တွဲ ဖြစ်လာခဲ့သည်။

နောက်တစ်နေ့မနက်တွင် စူးချင်းတစ်ယောက် ရှောင်ကျဲယွိ၏ချစ်စနိုး အကြည့်များအောက်တွင် အိပ်ရာနိုးလာခဲ့သည်။ သူမ နိုးလာသည်နှင့်တပြိုင်နက် ရှောင်းကျဲယွိ၏ သံလိုက်သဖွယ် ဆွဲဆောင်မှုများ ပြည့်နေသည့်အသံကို ကြားလိုက်ရပြီး သူမကို ဝိုင်သောက်လိုက်ရသလို ရီဝေသွားစေကာ သူမ၏မျက်နှာကို ပိုနီရဲသွားစေခဲ့သည်။

"နောက်တစ်ခေါက်လောက် ကြိုးစားကြည့်ကြမလား?"

စူးချင်းက ထိုလှပသောခံစားချက်များကို ပြန်တွေးမိသွားပြီး မငြင်းဆန်နိုင်ခဲ့ပေ။ အစေခံမိန်းကလေးနှစ်ယောက်က သူမတို့၏ သခင်မလေးအား ရေချိုးပေးရန်၊ အဝတ်အစားကူလဲပေးရန် အဆင်သင့် စောင့်ဆိုင်းနေခဲ့ကြသော်လည်း ရှက်ရွံ့ဖွယ် အသံများကိုသာ ထပ်မံကြားလိုက်ရသည်။ သူမတို့ ရှက်လွန်းသောကြောင့် အိမ်ထဲသို့ မဝင်ဝံ့တော့ဘဲ တံခါးအပြင်ဘက်တွင်သာ ရပ်စောင့်နေကြသည်။

မနက်ခင်းတိုက်ပွဲက ယခင်ညကထက် ပိုပြင်းထန်ခဲ့ပြီး ရှောင်းကျဲယွိက ယခုမှ သကြားလုံးစားဖူးသော ကလေးလေးတစ်ယောက်ကဲ့သို့ တောင်းဆိုပြီးရင်း တောင်းဆိုနေခဲ့သည်။ စူးချင်းကလည်း ပိုကျွမ်းကျင်လာပြီး ပိုပူးပေါင်းလုပ်ဆောင်ပေးတတ်လာခဲ့သည်။

နှစ်ယောက်သား ကျေနပ်လောက်အောင် ဖက်တွယ်နေပြီးမှ ရေချိုးကာ အဝတ်အစားများ ပြောင်းလဲဝတ်ဆင်လိုက်ကြသည်။ ရှောင်းကျဲယွိက စူးချင်း၏လက်ကို ဆုပ်ကိုင်ထားပြီး သူ့အဘိုးနှင့် သူ့၏ဆရာဦးလေးတို့အား လက်ဖက်ရည်ဆက်သပြီး ဂါရဝပြုရန် ထွက်လာခဲ့ကြသည်။

စူးချင်းက နာကျင်မှုများ သက်သာစေရန်အတွက် ဆေးလိမ်းထားပြီး ဖြစ်သောကြောင့် သူမ လမ်းလျှောက်နေချိန်တွင် ထူးထူးခြားခြားပုံစံမျိုး မရှိနေခဲ့ပေ။ အစေခံမိန်းကလေး နှစ်ယောက်က စူးချင်း၏ ဖြူစင်သန့်ရှင်းမှုကို ကိုယ်စားပြုသည့် ပိုးဖြူပုဝါစကို အကြီးအကဲများထံ ပြသရန် ဗန်းတစ်ခုပေါ်တွင် တင်ကာ သယ်ဆောင်သွားကြသည်။

အများအားဖြင့် ယောက္ခမက သတို့သမီး၏ သန့်ရှင်းမှုကို စစ်ဆေးရမည် ဖြစ်သည်။ သို့သော် ရှောင်းကျဲယွိ၏မိခင်က ကွယ်လွန်သွားပြီဖြစ်သောကြောင့် ယခု ချင်ဖုန်းကိုသာ ပြသရတော့မည် ဖြစ်သည်။

စူးချင်းက ၎င်းကို မြင်သွားပြီး သူမတို့ နောက်သို့လိုက်လာသည့် အစေခံများကို ပြန်မောင်းထုတ်လိုက်သည်။

"ပြန်ယူသွား!"

သူမ၏အေးစက်သော မျက်နှာက အစေခံမလေးများကို တောင်တန်းကြီး ပိကျလာသလို ခံစားရစေခဲ့သည်။ သူမတို့ ထိုပိုးထည်စကို ချင်ဖုန်းထံသို့ မယူသွားရဲတော့ဘဲ ၎င်းကို သတို့သမီးအခန်းဆီသို့သာ ပြန်ယူသွားရတော့သည်။

သို့သော်လည်း သူတို့က သူတို့၏သခင်မအတွက် စိုးရိမ်နေကြဆဲဖြစ်သည်။ ထိုအရာက မဖြစ်မနေ လိုအပ်သည့် လုပ်ထုံးလုပ်နည်းတစ်ခု ဖြစ်ပြီး ထိုပိုးဖြူစကို မမြင်ရလျှင် အကြီးအကဲများက သူမတို့ သခင်မ၏ ဖြူစင်မှုကို မေးခွန်းထုတ်နိုင်ပြီး သူမတို့သခင်မလေး၏အနာဂတ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေမည်ကိုလည်း သူမတို့ စိုးရိမ်နေခဲ့ကြသည်။

‌ရှောင်းကျဲယွိကတော့ စူးချင်းစိတ်ကြိုက် လုပ်ခွင့်ပေးထားခဲ့သည်။

သူ့ချင်းအာက ဘယ်လိုလူမျိုးလဲဆိုတာကို သူ သိနေသရွေ့တော့ အဆင်ပြေနေတာပါပဲ၊ သူတို့ကို အကဲဖြတ်ပေးဖို့ တခြားဘယ်သူကိုမှ မလိုဘူး။

နှစ်ယောက်သား လက်ဆွဲပြီး ပင်မအခန်းဆီသို့ လျှောက်လာခဲ့ကြသည်။ ချင်ဖုန်းနှင့် ကျိုးပေါ်တို့က လူငယ်စုံတွဲ ရောက်လာပြီး လက်ဖက်ရည်ရမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ကြသည်။

သူတို့ လက်ဖက်ရန်သောက်ရန် စောင့်မျှော်နေသည်ဟု ပြောလိုက်ရသော်လည်း နှစ်ယောက်သား စောင့်နေရင်း အပျင်းပြေ လက်ဖက်ရည်သောက်နေခဲ့ကြသည်။

All Chapters