← Chapters

အရေးပေါ်အခြေအနေ

Vol. 32 Ch. 478

အရေးပေါ်အခြေအနေ

Vol. 32 Ch. 478

“သွားကြရအောင်၊ ငါတို့ မြန်မြန်ထွက်သွားမယ်၊ ငါတို့ မြန်မြန်သွားနိုင်လေ အဲဒီကို စောစောရောက်နိုင်လေပဲ"

ချင်ထျဲက မြန်မြန် သွားရန် လောဆော်နေခဲ့ပြီး သူက ထွက်ခွာရန် စိတ်အားထက်သန်နေပုံဖြင့် သူ့နောက်မှ တံခါးကိုပင် ပြန်ပိတ်နေပြီ ဖြစ်သည်။

“ကျွန်တော်တို့ မနက်စာ အရင် စားသင့်တယ်။ ဒီခရီးက ခက်ခဲကြမ်းတမ်းမှာ သေချာတယ်၊ ခင်ဗျားဗိုက်ထဲမှာ ဘာမှ မရှိရင် ခင်ဗျား ဒီခရီးကို ဘယ်လို ကျော်ဖြတ်မှာလဲ?"

ရှောင်းကျဲယွိကတော့ ချင်ထျဲလောက် အလျင်လိုနေခြင်းမရှိပေ။ သူက သူတို့ ခရီးစမထွက်ခင် မနက်စာ စားသွားရန် အကြံပြုလိုက်သည်။

"ကောင်းပြီ၊ ကောင်းပြီ!"

ချင်ထျဲက အနည်းငယ် စိတ်မရှည်ဟန်ပြသလာခဲ့သော်လည်း ရှောင်းကျဲယွိ၏တောင်းဆိုမှုကိုတော့ လိုက်နာနေသေးသည်။

ရှောင်းကျဲယွိက တည်းခိုဆောင်၏တာဝန်ခံကို လှမ်းခေါ်လိုက်ပြီး မုန့်ပေါင်းများ ယူလာပေးရန် ညွှန်ကြားလိုက်သည်။ သူက မနက်စာ စားသွားမည့်အပြင် လမ်းခရီးအတွက် ထုပ်ပိုးသွားရန်ပါ စီစဥ်ထားခဲ့သည်။

မုန့်ပေါင်းများနှင့် အသားခြောက်များက ခရီးသွားများအတွက် အကောင်းဆုံးရိက္ခာများ ဖြစ်သည်။ မုန့်ပေါင်းများကို သစ်ကိုင်းဖြင့် ထိုးကာ မီးပြန်ကင်လိုက်လျှင် ပူပူနွေးနွေး စားနိုင်မည်ဖြစ်ပြီး အသားခြောက်များကတော့ ခွန်အားဖြစ်စေနိုင်သည်။ ခွန်အားရှိမှသာ လိုရာခရီးအတွက် အားအင်ရှိပြီး မြန်မြန်ဆန်ဆန် ရောက်နိုင်ပေလိမ့်မည်။

စူးချင်းက ယောကျာ်းလေးအဝတ်အစားများကိုသာ ဝတ်ဆင်ထားခဲ့ပြီး သူမ၏မျက်နှာနှင့် အသွင်အပြင်ကို ယမန်နေ့ကနှင့် လုံးဝ တူညီနေအောင် ပြင်ဆင်ထားခဲ့သည်။ သူမ အရာအာလုံးကို စနစ်တကျ ပြန်ဆင်ပြီးသွားချိန်တွင် စူးချင်းက အခန်းအပြင်သို့ ထွက်လာပြီး ချင်ထျဲကို တွေ့သွားခဲ့သည်။ သူမ၏မျက်လုံးများက ချင်ထျဲ၏မျက်နှာပေါ်တွင် အချိန်အတော်ကြာ ရစ်ဝဲနေခဲ့ပြီး နောက်ဆုံးတွင် ဘာမှ မဖြစ်သလို အကြည့်ပြန်လွှဲသွားခဲ့သည်။

ချင်ထျဲကလည်း စူးချင်းကို မြင်သွားခဲ့သည်။ သို့သော်လည်း သူ့အမူအရာက အလွန်အေးစက်နေလေသည်။ သူက သူမကို နှုတ်ဆတ်ရန် မလိုလားပုံဖြင့် မထီမဲ့မြင်ပြုကာ တစ်ချက်သာကြည့်လိုက်ပြီး အကြည့်ပြန်လွှဲသွားခဲ့သည်။ ရှောင်းကျဲယွိက ထိုအရာများအားလုံးကို သတိပြုမိနေခဲ့ပြီး ချင်ထျဲ၏မောက်မာမှုကို သူ့၏ဆရာဦးလေး ပြောပြလိုက်သည့်အချက်များနှင့်တူညီနေသည်ဟု သူ ယူဆလိုက်သည်။

သူတို့ နံနက်စာစားရန် စားသောက်ခန်းသို့ အုပ်စုလိုက်ဆင်းလာကြသည်။ တည်းခိုဆောင်၏ အစားအစာများက သာမန်သာ ဖြစ်သည်။ စူးချင်းက မုန့်ပေါင်းတစ်လုံးကို ယူကာ ငံပြာရည်ဖြင့်နှပ်ထားသော မြည်းအသားတစ်ပိုင်းကို မုန့်ပေါင်းထဲသို့ ထည့်လိုက်သည်။ ထို့နောက် အရွက်တချို့ ထပ်ထည့်ကာ အသားညှပ်ပေါင်မုန့်ပြုလုပ်လိုက်သည်။

တစ်ဖက်တွင် ချင်ထျဲက မုန့်ပေါင်းကိုသာ စားနေခဲ့ပြီး စားပွဲပေါ်ရှိ အခြားဟင်းလျာများကို လုံးဝ မထိပေ။ စူးချင်းက ထိုအပြူအမူကို သတိပြုမိသွားပြီး ရှောင်ချီကို အမိန့်ပေးလိုက်သည်။

"ရှောင်ချီ၊ အစားအသောက်တွေကို စစ်ဆေးပေးဦး"

ထုံးစံအတိုင်း သခင်ဖြစ်သူကို တတ်နိုင်သမျှ ကူညီရန် အမြဲစိတ်အားထက်သန်နေသော ရှောင်ချီက တာဝန်ကို ချက်ချင်း ထမ်းဆောင်နေတော့သည်။ သူမက စူးချင်း စနစ်ထဲသို့ ထည့်ပေးလိုက်သည့်အစားအစာများကို ချက်ချင်း ဓာတ်ခွဲစစ်ဆေးကာ သတင်းပြန်ပို့လိုက်သည်။

"သခင်၊ အစားအသောက်မှာ အဆိပ်မရှိဘူး"

စူးချင်းက ချင်းထျဲကို တအံ့တသြ လှမ်းကြည့်လိုက်သည်။

စားစရာတွေမှာ အဆိပ်မရှိဘူးဆိုရင် သူ ဘာလို့ မစားတာလဲ?

ရွှေရှန့်နဲ့ သူမ ချင်းထျဲကို အထင်လွဲနေတာ ဖြစ်နိုင်လား?

သူက ချင်းထျဲအစစ်လား?

ထားလိုက်ပါ.... ရှေ့ဆက်သွားတာနဲ့ သူက လူလား? သရဲလားဆိုတာ ကွဲပြားလာလိမ့်မယ်။ သူ့မှာ ဖုံးကွယ်ထားတဲ့ အစီအစဉ်တစ်ခု ရှိနေရင် အနှေးနဲ့အမြန်ဆိုသလို ပေါ်လာမှာ အသေအချာပဲ။

သူတို့ စားသောက်ပြီး စတင်ထွက်ခွာခါနီးတွင် စစ်သည်တစ်စု တည်းခိုဆောင်ထဲသို့ ဝင်လာသည်ကို တွေ့လိုက်ရသည်။ စူးချင်းနှင့် ရှောင်းကျဲယွိတို့၏ မျက်လုံးများက တောက်ပသွားပြီး တိုက်ပွဲဝင်ရန် ပြင်ဆင်နေခဲ့သည်။

"ဒီမှာ သံသယဖြစ်စရာကောင်းတဲ့သူတွေ ရှိလား?"

စစ်သည်များက တည်းခိုဆောင်ထဲသို့ ဝင်လာပြီး တည်းခိုဆောင်တာဝန်ခံကို မေးမြန်းနေကြသည်။ ထို့နောက် ရှောင်းကျဲယွိနှင့် စူးချင်းတို့၏အဖွဲ့ကို မြင်သွားပြီး သူတို့ဆီသို့ ချက်ချင်းရောက်လာကြသည်။

"လူကြီးမင်း"

ရှောင်းကျဲယွိက ချက်ချင်း ထရပ်ကာ အပြုံးဖြင့် အရိုအသေးပေးလိုက်သည်။ ထို့နောက် သူက စစ်သည်များ စစ်ဆေးနိုင်ရန်အတွက် သူတို့၏အထောက်အထား အပြည့်အစုံနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းအတွက် လိုအပ်သော စာရွက်စာတမ်းများအားလုံး ထုတ်ပေးလိုက်သည်။

ခေါင်းဆောင်က ထိုစာရွက်စာတမ်းများအားလုံးကို လှမ်းယူကာ သေသေချာချာ စစ်ဆေးနေခဲ့သည်။ မနေ့က စစ်သည်သုံးယောက်နှင့် မတူသည်က သူတို့က ပိုက်ဆံမတောင်းကြပေ။ ထိုအစား သူက စာရွက်စာတမ်းများကို ရှောင်းကျဲယွိထံသို့ ပြန်ပေးလိုက်ပြီး ထပ်မံစစ်ဆေးမေးမြန်းနေခဲ့သည်။

"မင်းတို့ ဘာလို့ ထွက်သွားဖို့ ပြင်ဆင်နေကြတာလဲ?"

ရှောင်းကျဲယွိက ချက်ချင်း လက်သီးအုပ်လိုက်ပြီး တရိုတသေ ပြန်ဖြေလိုက်သည်။

“လူကြီးမင်း၊ ကျွန်တော်တို့ မနက်စား စားပြီးတာနဲ့ ထွက်သွားဖို့ ပြင်ဆင်ထားတာပါ။ ဒီမှာတရက်ထပ်နေရင် တစ်ရက်စာ အပိုကြေးပေးရမှာမို့ပါ၊ ကျွန်တော်တို့လို အစောင့်လေးတွေ အနေနဲ့ တစ်ရက်ဆိုရင်ဆိုသလောက် သိသာပါတယ်"

ရှောင်းကျဲယွိက နှစ်ပေါင်းများစွာ ကုန်စည်ပို့ဖူးသည့်သူကဲ့သို့ ပြုမှုနေကာ လုံးဝ အထစ်အငေါ့ မရှိ ပုံမှန်အတိုင်း ပြောဆိုနေပြီး သူ့စကားများက လုံးဝသင့်လျော်မှန်ကန်နေသလို တည်တည်ငြိမ်ငြိမ် ပြောဆိုနေခဲ့သည်။

စစ်သည်ခေါင်းဆောင်က သူတို့ကို သံသယကင်းသွားပုံရသော်လည်း သူတို့ကိုတော့ မလွှတ်ပေးခဲ့ပေ။

"လောလောဆယ်တော့ မင်းတို့ ထွက်သွားလို့ မရသေးဘူး။ မနေ့ညက စစ်သည်လေးယောက် သေတယ်။ ငါတို့ တရားခံကို မဖမ်းမိမချင်း မင်းတို့ ထွက်သွားလို့ မရဘူး"

"လူကြီးမင်း၊ ကျွန်တော်တို့က ကုန်စည်တွေပို့ဆောင်ပြီး ငွေရှာရတဲ့ သူတွေပါ။ တရက်ကြန့်ကြာရင် ကြန့်ကြာသလောက် ကျွန်တော်တို့အတွက် ဆုံးရှုံးမှုတွေ ဖြစ်စေနိုင်ပါတယ်"

ရှောင်းကျဲယွိက စစ်သည်ခေါင်းဆောင်၏အိတ်ကပ်ထဲသို့ ငွေများ အလျင်အမြန် ထည့်ပေးလိုက်သည်။ စစ်သည်ငါးယောက် ရောက်လာသောကြောင့် သူတို့ တစ်ယောက်စီလျှင် ငွေတလျန်စီ ရနိုင်ပေလိမ့်မည်။ ထိုပမဏက သူ့၏အဆင့်အတန်းနှင့် ကိုက်ညီသော ပမာဏဖြစ်ပြီး ထိုထက်ပို၍လည်း မပေးဝံ့ပေ။

လမ်းပေါ်မှာ ပြေးလွှားနေတဲ့ ကုန်စည်ပို့တဲ့သူတွေမှာ ဘယ်လိုလုပ်ပြီး ပိုက်ဆံများများ ရှိမှာလဲ?

ထို့အပြင် ရှောင်းကျဲယွိအတွက် အံ့ဩစရာတစ်ခုလည်း ရှိနေသေးသည်။

ချင်းအာက မနေ့က စစ်သည်သုံးယောက်ကို အဆိပ်ခတ်ခဲ့တယ်၊ ဒါပေမယ့် ဘာလို့ လေးယောက်သေသွားတာလဲ? ကျန်တဲ့တစ်ယောက်က ဘယ်သူလဲ?

"အဲ့ဒါနဲ့ ပတ်သတ်ပြီး ငါတို့ ဘာမှ လုပ်ပေးလို့ မရဘူး။ ဒါက မြို့စားမင်းကိုယ်တိုင် ထုတ်ထားတဲ့ အမိန့်ပဲ၊ ဘယ်သူ့ကိုမှ ထွက်သွားခွင့် မပေးနိုင်ဘူး။ လောလောဆယ်တော့ ခဏစောင့်ရမယ်။ မင်းတို့ တတ်နိုင်သမျှ မြန်မြန် ပြန်ထွက်သွားနိုင်အောင် ငါတို့ ကြိုးစာပေးမယ်"

စစ်သည်များက ငွေကို လက်ခံခဲ့သော်လည်း သူတို့ကို မလွှတ်ပေးခဲ့ပေ။ သို့သေည် သူတို့၏စိတ်သဘောထားက ပိုကောင်းလာပြီး အထက်မှ အမိန့်ရသည်နှင့် ချက်ချင်းပြန်လွှတ်ပေးမည့်ပုံရသည်။

"အဲ့လောက်ဆို အဆင်ပြေပါတယ်၊ ကျေးဇူးတင်ပါတယ် လူကြီးမင်း"

သူတို့ ထွက်ခွာသွားနိုင်သည့် နည်းလမ်း မရှိတော့သောကြောင့် ရှောင်းကျဲယွိက ကျေးဇူးတင်စကားသာ ပြောလိုက်တော့သည်။ စစ်သည်များက အပေါ်ထပ်သို့ ထပ်သွားကာ ဆက်လက်ရှာဖွေနေကြပြီး ခုတင်ပေါ်တွင် အိပ်နေသည့် တစ္ဆေမယ်တော်ကြီးကို တွေ့သွားကြသည်။ သူမက သူမ၏နှုတ်ခမ်းများကို စူထော်ပြီး သူတို့ကို စိုက်ကြည့်ကာ အချက်ပြန်နေပြန်သည်။ ထိုစစ်သည်များနှင့် အတူတူ လိုက်ပါလာခဲ့သည့် ရှောင်းကျဲယွိကလည်း သူမ၏လှုပ်ရှားမှုများကို ကြည့်ကာ သက်ပြင်းချရင်း စကားစလိုက်ပြန်သည်။

"ဦးလေး၊ ဒီက လူကြီးမင်းတွကို မခြောက်လန့်ပါနဲ့"

အစပိုင်းတွင် စစ်သည်များက တစ္ဆေမယ်တော်ကြီးအား အထူးအဆန်းသဖွယ် ဝိုင်းကြည့်နေခဲ့ကြပြီး ရှောင်းကျဲယွိ၏စကားကို ကြားလိုက်ရသောကြောင့် နောက်သို့ ပြန်လှည့်ကြည့်ကာ သူ့ကို မေးမြန်းလိုက်သည်။

"သူက ဘာဖြစ်နေတာလဲ?"

“သူရဲ့ရန်သူတွေက သူ့ရဲ့ခြေနဲ့လက်က အရွတ်တွေကို ဖြတ်သွားတဲ့အပြင် လျှာကိုပါ ဖြတ်သွားကြတယ်လေ။ သနားစရာကောင်းတဲ့ ကျွန်တော့်ဦးလေးက အသက်အရွယ်ကြီးရင့်နေတဲ့အပြင် အဲ့လို ရက်စက်ကြမ်းကြုတ်မှုတွေကိုပါ ခံစားလိုက်ရတော့ သူရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေက တော်တော်လေး ဆိုးရွားသွားခဲ့သည်။ အခုလည်း သွားရင်းလာရင်း သူ့ကို ကုသပေးနိုင်တဲ့ သမားတော်တစ်‌ယောက်တလေ ရှာတွေ့ဖို့ မျှော်လင့်ပြီး သူ့ကို ခေါ်လာခဲ့တာပါ”

ရှောင်းကျဲယွိ၏မျက်နှာက အလွန်စိတ်မကောင်းဖြစ်နေပုံရပြီး၊ သူက သူ မနေ့ညက ပြောခဲ့သည့် ဇာတ်လမ်းကိုသာ ထပ်ပြောနေခဲ့သည်။ တစ္ဆေမယ်တော်ကြီး၏ မျက်လုံးတစ်ဖက်မှလည်း ဒေါသရောင်များ ထွက်ပေါ်လာပြီး ကိုက်စားချင်နေဟန်ဖြင့် သူ့ကို စိုက်ကြည့်နေလေသည်။

“ဒီလိုမျိုးလူကို ကုသဖို့က မဖြစ်နိုင်လောကတော့ဘူး၊ ဒါက သက်သက်ငွေဖြုန်းနေတာပဲ”

စစ်သည်တစ်‌ယောက်က တစ္ဆေမယ်တော်ကြီး၏ မတည်မငြိမ် ဟန်ပန်ကို တစ်ချက်ကြည့်ပြီး မှတ်ချက်ချပေးလိုက်သည်။

"ကုန်ကျစရိတ်နဲ့ ထိုက်တန်ရဲ့လားဆိုတာ သေချာစဉ်းစားကြည့်သင့်တယ်နော်"

နောက်ထပ် စစ်သည်တစ်ယောက်ကလည်း ထပ်ပြောလာပြန်သည်။

ရှောင်းကျဲယွိက ထိုစစ်သည်များ သူ့ကို စေတနာကောင်းဖြင့် အကြံဉာဏ်ပေးနေခြင်းကို ကျေးဇူးတင်ကြောင်း ပြသရန် ဦးညွှတ်လိုက်ပြီးမှ "အဲ့လိုဆိုရင်တောင်မှ ကျွန်တော်တို့က မိသားစုတွေဖြစ်နေတော့ ပစ်မထားနိုင်ဘူးလေ"

ရှောင်းကျဲယွိ၏အသံတွင် နွေးထွေးမှု အပြည့်ရှိနေပြီး သူက အလွန်စိတ်သဘောထားဖြောင့်မတ်ဟန်ဖြင့် အခိုင်အမာ ပြန်ပြောလိုက်သည်။ ပြောခဲ့ပါတယ်။ သူက သူ့၏ 'ဦးလေး' အပေါ် တာဝန်ကျေပွန်လွန်းသောကြောင့် စစ်သည်ခေါင်းဆောင်ကပင် သူ့ကို သဘောကျသွားခဲ့သည်။

"ကောင်းပြီ မင်းတို့ ဒီမှာပဲ နေကြဦး၊ ငါတို့ ပြန်တော့မယ်"

သူတို့ မထွက်ခွာနိုင်သောကြောင့် လူတိုင်းက မိမိတို့၏အခန်းဆီသို့ ပြန်လာခဲ့ကြသည်။ ချင်ထျဲက စိုးရိမ်စိတ်ဖြင့် မငြိမ်မသက်ဖြစ်နေခဲ့သည်။ ထို့အပြင် သူက အေးဆေးတည်ငြိမ်လွန်းသည့် စူးချင်းတို့ကို အနည်းငယ်စိတ်တို ဒေါသထွက်နေဟန်လည်း ရှိသည်။ ထို့ကြောင့် သူက ဤသဘောထားကွဲလွဲမှုကို ဖြေရှင်းရန် ရှောင်းကျဲယွိကို မေးခွန်းထုတ်လာခဲ့သည်။

"မင်းက တစ်ခုခု အဖြေရှာဖို့ မကြိုးစားတော့ဘူး?"

“အခုအချိန်မှာ ကျွန်တော်တတ်နိုင်တာ ဘာမှ မရှိဘူး၊ လူကြီးမင်းချင်မှာ အကြံပြုချက်တချို့ ရှိရင်တော့ မျှဝေပေးပါဦး”

ရှောင်းကျဲယွိက သူ့ပခုံးကို ဟန်ပါပါ တွန့်ပြလိုက်ပြီး ချင်ထျဲကို ပြန်ပြောလိုက်သည်။

"ငါ လေကောင်းလေသန့်ရှုဖို့ လမ်းလျောက်ထွက်လိုက်ဦးမယ်"

ချင်းထျဲက တည်းခိုဆောင်မှ ထွက်ခွာသွားခဲ့ပြီး ရှောင်းကျဲယွိလည်း သူ့ထိုင်ခုံမှ ထရပ်ကာ တည်ခိုဆောင်၏ အပြင်ဘက်သို့ ထွက်လာခဲ့သည်။

ထိုအချိန်တွင် စူးချင်းက သူမလက်ထဲတွင် ကျန်နေသေးသည့် အသားညှပ်ပေါင်မုန့်ကို သူမ၏ပါးစပ်ထဲသို့ ထိုးထည့်ကာ လက်စသတ် လိုက်သည်။ ထို့နောက် သူမ၏လက်ဖဝါးနှစ်ဘက်ကို ရိုက်ကာ သူမလက်မှ မုန့်အစအနလေးများကို ခါချရင်း အပေါ်ထပ်သို့ ပြန်တက်သွားခဲ့သည်။ အပေါ်ထပ်သို့ ရောက်သွားချိန်တွင် သူမက ပြတင်းပေါက်မှ အမြန်ခုန်ထွက်သွားပြီး ချင်ထျဲ၏နောက် ခပ်လှမ်းလှမ်းမှ လိုက်ပါသွားခဲ့သည်။

ချင်ထျဲက အစိုးရရုံးတော် ဘက်သို့ ပြေးသွားပြီး ရုံးတော်ထဲသို့ ဝင်ရောက်သွားခဲ့သည်။ စူးချင်းက သူ့‌နောက်သို့ လိုက်သွားပြီး သူ မည်သူနှင့်တွေ့ဆုံ၍ ဘာပြောသည်ကို သိချင်နေသော်လည်း အစောင့်အကြပ်များ ရှိနေသောကြောင့် အတွင်းဘက်သို့ လိုက်မဝင်သွားနိုင် ဖြစ်နေခဲ့သည်။ နောက်ဆုံးတွင် စူးချင်းက စောင့်ဆိုင်းရန်သာ ရွေးချယ်လိုက်သည်။ တစ်နာရီခန့်ကြာလာပြီး သူမ၏ စိတ်ရှည်သည်းခံမှု ကုန်ဆုံးသွားချိန်တွင် ချင်ထျဲတစ်ယောက် ရုံးတော်ထဲမှ ကမန်းကတန်း ပြန်ထွက်လာပြီး တည်းခိုဆောင်ဘက်သို့ ပြန်သွားနေသည်ကို သူမ မြင်လိုက်ရသည်။

စူးချင်းလည်း တည်းခိုဆောင်သို့ ပြန်လာခဲ့ပြီး ပြတင်းပေါက်မှ ပြန်ခုန်ဝင်လာခဲ့သည်။

“သူ ဘယ်သွားတာလဲ?”

သူမ အခန်းထဲသို့ ပြန်ဝင်လိုက်သည်နှင့် ရှောင်းကျဲယွိက သူမကို မေးခွန်းတစ်ခုနှင့် ဆီးကြိုနှုတ်ဆက်လိုက်သည်။ သူတို့နှစ်ယောက်ကြားတွင် ဖွင့်ပြောရန် မလိုသည့် နားလည်မှုတစ်ခု ရှိနေသောကြောင့် တစ်ခါတရံတွင် စကားလုံးများ အများကြီး သုံးစွဲရန် မလိုဘဲ တစ်ယောက်နှင့်တစ်ယောက် အလွယ်တကူ နားလည်နိုင်ကြသည်။

“သူ အစိုးရရုံးတော်ကို သွားတာ”

စူးချင်းက သူမ၏နဖူးတွင် အတွန့်များ ပေါ်လာသည်အထိ တွေးတောနေခဲ့သည်။

ချင်ထျဲက အစိုးရဘက်က သူလျှိုဖြစ်နိုင်လား?

သူတို့နှစ်ယောက် စိတ်အားထက်သန်စွာ ဆွေးနွေးနေချိန်မှာပင် တံခါးခေါက်သံတစ်ခုက စူးချင်းနှင့် ရှောင်းကျဲယွိတို့ကို နှောင့်ယှက်လိုက်သည်။ ရှောင်းကျဲယွိက တံခါးသွားဖွင့်ပေးလိုက်ပြီး တံခါးဝတွင် စိတ်မရှည်ဟန်ဖြင့် ရပ်နေသော ချင်ထျဲကို တွေ့လိုက်ရသည်။

"လူကြီးမင်းချင်၊ နည်းလမ်းရှာတွေ့ပြီလား?"

ရှောင်းကျဲယွိက အလောတကြီး မေးမြန်းလိုက်သည်။

“ငါ လျန်ချန်ရဲ့မြို့စားမင်းနဲ့ စကားသွား ပြောခဲ့တယ်၊ သူက ငါရဲ့သွေးဝေးဆွေမျိုးတစ်ယောက်ဖြစ်နေတော့ သူက ငါတို့ကို ထွက်သွားဖို့ ခွင့်ပြုလိုက်တယ်”

ချင်ထျဲကလည်း အလောတကြီး ပြန်ဖြေလိုက်သည်။

ရှောင်းကျဲယွိက စူးချင်း တွေ့ခဲ့သည့်အချက်နှင့် ကိုက်ညီနေကြောင်း ယူဆလိုက်ပြီး ခေါင်းပြန်ညိတ်ပြလိုက်သည်။

ဒါက ချင်းအာ တွေ့ခဲ့တာနဲ့ အတူတူပဲ။ ဒါပေမယ့် ချင်ထျဲက သူ့ဘက်ကနေ စပြောလာမယ်လို့တော့ သူ မမျှော်လင့်ထားခဲ့ဘူး။

ချင်ထျဲရဲ့စကားတွေက အရမ်း အချိတ်အဆက်မီနေပြီး အဓိပ္ပါယ်ရှိတယ်လို့ ခံစားရတယ်။ ဒါပေမယ့်လည်း သူ့တို့ ထွက်သွားသင့်တာကလည်း သေချာတယ်။ သူတို့ လျန်ချန်မှာ ရှိနေသရွေ့ သူတို့အတွက် တစ်နေ့ထက် တစ်နေ့တိုင်း ပိုပြီး အန္တရာယ်များလာလိမ့်မယ်။

ရှောင်းကျဲယွိက ကုန်စည်ဌာနမှ သက်တော်စောင့်များအဖြစ် ဟန်ဆောင်ထားသည့် သူ့၏ကိုယ်ပိုင်သက်တော်စောင့်များကို ပြန်ထွက်ခွာရန် အမိန့်ပေလိုက်ပြီး တစ္ဆေမယ်တော်ကြီးကို သယ်ထုတ်လာရန်နှင့် ရထားလုံးများ ပြင်ဆင်ရန် ညွှန်ကြားလိုက်သည်။ ထို့နောက် သူနှင့် စူးချင်းတို့က တည်းခိုဆောင်၏ဝင်ပေါက်တွင် အသင့်စောင့်နေလိုက်ကြသည်။

တစ္ဆေမယ်တော်ကြီးကို သယ်ဆောင်လာချိန်တွင် ချင်ထျဲ၏ မျက်လုံးများက အနည်းငယ် လှုပ်ရှားသွားပြီး သူက သူမကို လက်ညှိုးထိုးပြကာ စက်ဆုပ်သည့်အကြည့်များဖြင့် ရှောင်းကျဲယွိကို မေးလိုက်ပြန်သည်။

"သူ့ကို ငါတို့နဲအတူ ခေါ်သွားမှာလား?"

All Chapters