အတုအစစ်
Vol. 32 Ch. 479
"ဟုတ်တယ်၊ ခေါ်သွားမှာလေ"
ရှောင်းကျဲယွိက တစ္ဆေမယ်တော်ကြီး မည်သူဖြစ်ကြောင်းကို လုံးဝ မရှင်းပြခဲ့ပေ။ စူးချင်းက သူမကို ယောက်ျားကြီးတစ်ယောက်အဖြစ် အသွင်ပြောင်းပေးထားပြီး မည်သူမျှ သူမ အမျိုးသမီးဖြစ်သည်ကို သတိမထားမိကြပေ။ သူမကို ကြည့်ရသည်မှာ ပိန်ပိန်ပါးပါး အဘိုးကြီးတစ်ယောက်နှင့်သာ တူနေလေသည်။
“ဘာလို့ ဝန်ထုပ်ဝန်ပိုးကို သယ်သွားမှာလဲ? ငါတို့က သူ့ကို တောင်ပေါ်အထိ ဘယ်လိုခေါ်သွားကြမှာလဲ?”
ချင်ထျဲက ရှောင်းကျဲယွိအား တစ္ဆေမယ်တော်ကြီးကို မခေါ်လာရန် စည်းရုံးနေပြန်သည်။
"သူက လမ်းသိတယ်"
ရှောင်းကျဲယွိက ရိုးရိုးရှင်းရှင်း ပြန်ဖြေလိုက်သည်။ ထိုအချိန်တွင် သူ့လူများက ရထားလုံးများအား စနစ်တကျ ပြင်ဆင်ပြီးသွားသည်ကို သူ မြင်လိုက်ရသောကြောင့် တည်းခိုဆောင်ပိုင်ရှင်ကို ငွေရှင်းပေးရန် အထဲသို့ ပြန်ဝင်လာခဲ့သည်။ ငွေလက်ခံရရှိပြီးနောက် ဆိုင်ရှင်၏သဘောထားက ပိုဖော်ရွှေလာပြီး "လမ်းခရီးမှာ ဂရုစိုက်ကြပါ ဧည့်သည်တော်ကြီးတို့၊ နောင်လည်း ဒီကို မကြာခဏ လာခဲ့ကြပါဦး"
ရှောင်းကျဲယွိက ကျေကျေနပ်နပ် ပြန်ဖြေလိုက်သည်။
“ဒါပေါ့... ဒီမြို့ကို ရောက်တာနဲ့ ဒီတည်းခိုဆောင်ကိုပဲ လာမှာပါ”
သူတို့ထံတွင် ထွက်ခွာခွင့်လက်မှတ် ရှိနေသောကြောင့် လျန်ချန်မှ အလွယ်တကူ ထွက်ခွာနိုင်ခဲ့ကြည်။ သူတို့ မြို့ပြင်သို့ ရောက်သွားချိန်တွင် သူတို့နောက်မှ ထူထဲသော မြို့တံခါးကို ပြန်လှည့်ကြည့်လိုက်ကြသည်။ မြို့ပြင်သို့ ထွက်သွားချင်နေကြသည့် မြို့ထဲမှလူများကလည်း သူတို့ကိုလှမ်းကြည့်ကာ မနာလိုဖြစ်နေကြသည်။
လမ်းတစ်လျှောက်တွင် ချင်ထျဲက အမြန်ခရီးဆက်ရန် တချိန်လုံး တိုက်တွန်းနေခဲ့သည်။ ထိုအချိန်တွင် စူးချင်းနှင့် ရှောင်းကျဲယွိတို့က တစ်စံတစ်ခုကို သတိပြုမိသွားကြသည်။
သူ့မှာ ခရီးထွက်ဖို့ ယာဥ်မရှိဘူးလား?
သူမှာ ခရီးထွက်ဖို့ မြင်း ဒါမှမဟုတ် ရထားလုံး ဘာမှ မရှိဘူး။ အဲ့ဒါအပြင် နောက်လိုက်လည်းတစ်ယောက်မှ မပါလာဘူး။ ဒီကြားထဲ အဆိပ်ကလည်း မိနေသေးတယ်။
သူက ဒီကနေ မြောင်ကျားတောင်ကို ခြေလျင်သွားပြီး တောင်ပေါ်ကို လေးဘက်ထောက်တတ်ဖို့ စီစဉ်ထားတာလား?
သို့တိုင်အောင် စူးချင်းနှင့် ရှောင်းကျဲယွိတို့က မူမပျက်ဘဲ အေးအေးဆေးဆေး ဖြစ်နေကြသေးသည်။ လမ်းခရီးတွင် ရှောင်းကျဲယွိက ချင်ထျဲနှင့် ယန္တရားများအကြောင်း ဆွေးနွေးရန် စကားစလိုက်သော်လည်း ချင်ထျဲက သူ့ကို လုံးဝ တုံ့ပြန်ခြင်း မရှိပေ။
ရှောင်းကျဲယွိက လက်မလျော့ပဲ အတင်းအကျပ် ထပ်မေးလိုက်သည်။ ချင်ထျဲက သူ့မျက်လုံးများကို မှိတ်ထားပြီး အိပ်ပျော်သွားချင်ယောင်ဆောင်နေခဲ့သည်။ သူ၏ တုံ့ပြန်မှုကို မြင်လိုက်ရချိန်တွင် ရှောင်းကျဲယွိ၏မျက်ဝန်းများထဲမှ အေးစက်သောအရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။
"ခင်ဗျား အဆိပ်မိနေတယ်လို့ ကျွန်တော် ကြားတယ်၊ ခင်ဗျားရဲ့သွေးခုန်နှုန်းကို စမ်းသပ်ခွင့်ပြုပါ"
စူးချင်း ရုတ်တရက် လက်ဆန့်လိုက်ပြီး ချင်ထျဲ၏လက်ကို လှမ်းဆွဲလိုက်သည်။ ချင်ထျဲက မသိစိတ်ကြောင့် အမှတ်တမဲ့ ဆန့်ကျင်လိုက်ပြီး မျက်မှောင်ကြုတ်ကာ သူ့လက်ကို နောက်ပြန်ဆုတ်လိုက်သည်။
ရှောင်းကျဲယွိက ဘေးမှ ဝင်တိုက်တွန်းလိုက်ပြန်သည်။
“ကျွန်တော်ရဲ့ ဒီမိတ်ဆွေကို အလယ်ပိုင်းလွင်ပြင်မှာ နတ်ဆေးသမားတော်လို့ ခေါ်တယ်။ သူ ကူညီပေးလိုက်ရင် လူကြီးမင်းချင်ရဲ့အဆိပ်က လုံးဝ ပျောက်ကင်းသွားလိမ့်မယ်”
"မလိုပါဘူး"
ချင်ထျဲက စူးချင်းကို ထိခွင့်မပြုဘဲ ရုန်းကန်နေဆဲဖြစ်သည်။
စူးချင်းကတော့ သူ ငြင်း မငြင်းငြင်း ဂရုမစိုက်ဘဲ သူ့သွေးခုန်နှုန်းကို စပ်းသပ်ရန် သူ့လက်ကို ဖမ်းဆွဲထားပြီး လုံးဝ ပြန်မလွှတ်ပေးတော့ပေ။
သူ မိထားတဲ့အဆိပ်က ဒီလောက် ပြင်းထန်တာတောင် သူ၏အတွင်းအင်္ဂါတွေကို လုံးဝ မထိခိုက်ဘူးလား? အဲ့ဒါက ရွှေခေါင်းလောင်းဒိုင်းကာနဲ့ ကာကွယ်ထားသလိုတောင် ဖြစ်နေပြီး အဆိပ်က သူရဲ့အတွင်းအင်္ဂါတွေကို လုံးဝ မထိခိုက်စေခဲ့ဘူး။
ရွှေ့ရှန့်ကို သူ ပြောခဲ့တဲ့စကားတွေအရ သူ အဆိပ်မိနေတာ တစ်လကျော်ရှိနေပြီ။ အဲ့အချိန်ကတည်းက ဒီလောက်ပြင်းတဲ့အဆိပ် မိထားခဲ့ရင် အဆိပ်က အတွင်းအင်္ဂါတွေအထိ ပျံ့နှံပြီး သူ မြေအောက်ကမ္ဘာကို သွားနေရလောက်ပြီ။
အခု ဖြစ်နိုင်ခြေက တစ်ခုပဲရှိတော့တယ်။ သူက သူမတို့ကိုတွေ့ပြီးမှ အဆိပ်သောက်ခဲ့တာ။ ပြီးတော့ သူ့ရဲ့ကိုယ်တွင်းအင်္ဂါတွေကို ကာကွယ်ဖို့လည်း ဆေးကြိုသောက်ထားသေးတယ်။ အဲဒါကြောင့် ဒီဖြစ်စဉ် ဖြစ်ပေါ်လာတာပဲ။
"ချင်လူကြီးမင်း၊ ခင်ဗျား ဘယ်တုန်းက အဆိပ်သင့်ခဲ့တာလဲ?"
စူးချင်းက ချင်ထျဲ၏လက်ကောက်ဝတ်ကို ပြန်လွှတ်ပေးလိုက်ပြီး အေးအေးဆေးဆေး ထပ်မေးလိုက်သည်။
ချင်ထျဲက စူးချင်းကို စိုက်ကြည့်လိုက်သော်လည်း လုံးဝ ပြန်မဖြေခဲ့ပေ။ သူက စူးချင်းကို ရွံရှာသောအကြည့်ဖြင့် ကြည့်နေပြီး သူ့လက်ကောက်ဝတ်ကိုပင် ပြင်းပြင်းထန်ထန် ပွတ်သပ်ကာ သန့်ရှင်းရေးလုပ်နေခဲ့သည်။
“လူကြီးမင်းချင် ပြောတာတော့ သူ လွန်ခဲ့တဲ့ တစ်လလောက်က အဆိပ်မိခဲ့တာတဲ့”
ချင်ထျဲက မဖြေသော်လည်း ရှောင်းကျဲယွိက သူ့ကိုယ်စား ဝင်ဖြေလိုက်သည်။
“ဟုတ်လား? ဒါဆို လူကြီးမင်းချင် အရင်က ဒီအဆိပ်ကို တစ်ယောက်ယောက်ဆီမှာ ကုသခဲ့ဖူးလား?”
စူးချင်းက ခပ်ဖျော့ဖျော့ ပြုံးနေပြီး ချင်ထျဲ၏မျက်လုံးများကို စိုက်ကြည့်နေခဲ့သည်။ ချင်ထျဲက သူမ၏ အကြည့်အောက်တွင် မနေတတ်မထိုင်တတ် ဖြစ်သွားပြီး သူမကို မျက်နှာလွှဲသွားကာ ဘာမှ ပြန်မဖြေဘဲ လုံးဝ လျစ်လျူရှုသွားခဲ့သည်။
"ဒီဆေးကို သောက်လိုက်၊ ခင်ဗျား မသေစေရဘူးလို့ အာမခံတယ်"
စူးချင်းက အစိမ်းရောင်ဆေးတစ်လုံးကို ထုတ်ယူလိုက်ပြီး ချင်ထျဲဆီသို့ လှမ်းပေးလိုက်သည်။ ဆေးကို မြင်လိုက်ရချိန်တွင် ချင်ထျဲ၏ မျက်လုံးများက မှေးကျဥ်းသွားပြီး သူက စူးချင်း၏အေးစက်သောအကြည့်ကို တုံ့ပြန်ရင်ဆိုင်ရင်း တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည်။
"ဒါက အဆိပ်ပဲ"
“ဟုတ်တယ်၊ ဒါက အဆိပ်ပဲ၊ အဆိပ်ကို အဆိပ်နဲ့ တိုက်ရတယ်လေ၊ သောက်လိုက်ပါ၊ လူကြီးမင်းချင်ရဲ့ ဘေးကင်းမှုအတွက် အာမခံတယ်”
စူးချင်းက လုံးဝ မငြင်းဘဲ ထိုအရာက အဆိပ်ဖြစ်သောကြောင့် ခန္ဓာကိုယ်ထဲမှ အဆိပ်များကို ဖိနှိပ်နိုင်ကြောင်း ပြန်ရှင်းပြလိုက်သည်။
“ငါ မသောက်ဘူး။ မင်းက ငါ့ကို သတ်ချင်နေတာ"
အဆိပ်ဟူသော စကားလုံးကို ကြားလိုက်ရချိန်တွင် ချင်ထျဲက ချက်ချင်း ခေါင်းယမ်းလိုက်သည်။ သို့သော်လည်း စူးချင်းက သူ့ကို ဆေးတိုက်ချင်နေပြီး သူ၏အမြင်ကို လုံးဝ ဂရုစိုက်ပေ။ သူမက သူမ၏လက်ကို ထပ်ဆန့်တန်းလိုက်ပြီး သူ့၏အပ်စိုက်မှတ်တစ်ခုကို ဖိကာ သူ့မေးရိုးကို ညှစ်ထားလိုက်သည်။ သူ့ပါးစပ်ဟသွားသည်နှင့် တပြိုင်နက် စူးချင်းက ဆေးလုံးကို သူ့ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။
ချင်ထျဲက ထိုဆေးကို သူ့လျှာဖျားဖြင့် ပြန်တွန်းထုတ်ရန် ကြိုးစားခဲ့သေးသော်လည်း ဆေးလုံး သူ့ပါးစပ်ထဲသို့ ဝင်လာသည်နှင့်တပြိုင်နက် ထိုဆေးလုံးက အရည်ပျော်သွားပြီး သူ ဘာမှ မလုပ်နိုင်တော့ပေ။
ချင်ထျဲ ဆေးတိုက်ပြီးနောက် စူးချင်းက သူ၏အပ်စိုက်မှတ်ကို ပြန်မဖွင့်ပေးဘဲ သူမကို မုန်းတီးစွာ စိုက်ကြည့်ခွင့်ပေးထားလိုက်သည်။
နှစ်ရှီးချန်(လေးနာရီ)ကြာပြီးနောက် အပ်စိုက်မှတ်က အလိုအလျာက်ပြန်ပွင့်သွားပြီး ချင်ထျဲက စူးချင်းကို ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မင်း ငါ့ကို ဘာကျွေးလိုက်လဲ။ မင်းက ယုတ်မာတဲ့ကောင်… ယုတ်မာတဲ့ကောင်စုတ်”
ချင်ထျဲက ရုတ်တရက် ဒေါသတကြီး ကျိန်ဆဲလိုက်ပြီး 'ကောင်မ' ဟူသော စကားလုံး ထွက်လာတော့မလို ဖြစ်သွားခဲ့သည်။ သို့သော် သူက သူ့စကားကို ချက်ခြင်း ပြန်ရပ်လိုက်ပြီး “ကောင်စုတ်” ဟု ပြောင်းပြောလိုက်သည်။
“ငါ့ကို ယုတ်မာတဲ့ကောင်မကို ဆဲဆိုချင်နေတာလား?"
စူးချင်းက သူ့ကို ရှောင်ထွက်ခွင့်မသွားဘဲ အေးစက်သော မျက်နှာဖြင့် ပြန်မေးလိုက်သည်။
“ဟုတ်တယ်၊ မင်းက ဆိုးသွမ်းတဲ့ကောင်မပဲ"
သူ မဖုံးကွယ်နိုင်တော့ကြောင်း နားလည်သွားချိန်တွင် ချင်ထျဲက ပွင့်ပွင့်လင်းလင်း ဝန်ခံလာခဲ့သည်။
"မင်းက ရုပ်ဖျက်ထားတဲ့ မိန်းခလေးတစ်ယောက်ဆိုတာ ငါ သိတယ်"
“ဟုတ်လား? လူကြီးမင်းချင်ရဲ့မျက်လုံးက အရမ်းကောင်းတာပဲ”
စူးချင်းက လှောင်ပြောင်သံဖြင့် ခနဲ့လိုက်ပြီး ခပ်သဲ့သဲ့ ရယ်မောလိုက်သည်။
သူမ ရုပ်ဖျက်ထားတာက အရမ်းကောင်းပြီး သူမရဲ့လုပ်ရပ်တွေမှာ မိန်းကလေးဆန်တဲ့ အပြုအမူ နည်းနည်းလေးတောင် မရှိခဲ့ဘူး။ ပြီးတော့ ဒီချင်ထျဲက သံသွင်းလောင်းတဲ့ ပုံစံခွက်လုပ်နည်းကို ကျွမ်းကျင်တဲ့ လက်မှုပညာရှင်လေ။ ဘာလို့ ဒီလောက်ကောင်းတဲ့ အမြင်အာရုံ ရှိနေရမှာလဲ?
"ဟမ့်၊ ငါ သိုင်းလောကထဲမှာ ပြေးလွှားနေတုန်းက မင်းက ကလေးသာသာပဲ ရှိနေလောက်တယ်"
ချင်ထျဲက မောက်မာစွာ ပြန်ပြောလိုက်သည်။
စူးချင်းက သူ့ကို လျစ်လျူရှုထားလိုက်ပြီး ကျန်ခရီးတစ်လျောက်လုံး သူမ၏မျက်လုံးများကို မှိတ်ချထားခဲ့သည်။ သို့သော်လည်း ချင်ထျဲကတော့ စိတ်မသက်မသာ ခံစားနေခဲ့ရသည်။ သူက သူ့ခန္ဓာကိုယ်၏တုံ့ပြန်မှုကို ခဏခဏ စစ်ဆေးနေခဲ့ပြီး စူးချင်း သူ့ပါးစပ်ထဲသို့ ထည့်လိုက်သည့်အဆိပ်က သူ့နှလုံးသားထဲမှ ဆူးပင် ဖြစ်လာခဲ့သည်။
သူတို့ နေ့ရောညပါ ခရီးထွက်လာခဲ့ကြပြီး လေးရက်အကြာတွင် ယွမ်ချန်သို့ ရောက်ရှိလာခဲ့ကြသည်။ ရှောင်းကျဲယွိက သူ့လူများကို ခေါ်ကာ သူတို့ သယ်ယူလာသော သားရေများကို အရင်သွားရောင်းခဲ့သည်။
ယွင်ချန်ရှိ သားရေဈေးက ကျင်းချန်ထက် ဆယ်ရာခိုင်နှုန်း ပိုများကြောင်း သူ သိလိုက်ရပြီး မမျှော်လင့်ထားသည့် အမြတ်တစ်ခု ရလာခဲ့သည်။
ယွင်ချန်သို့ ရောက်ရှိလာပြီးနောက် ချင်ထျဲက ပိုဂနာမငြိမ်ဖြစ်လာပြီး မြန်မြန်ခရီးဆက်ရန် ရှောင်းကျဲယွိကို ခဏခဏ တိုက်တွန်းနေခဲ့သည်။
မြောင်ကျားတောင်တန်းက ယွင်ချန်၏အနောက်ဘက်တွင် တည်ရှိပြီး တောင်ခြေသို့ ရောက်ရန် မြို့တံခါးမှ ငါးလီလောက် လမ်းလျှောက်ရမည် ဖြစ်သည်။
ထိုတောင်ပေါ်တွက် အဆိပ်ရှိသည့် အင်းဆက်ပိုးကောင်းများ အများကြီး ရှိနေသောကြောင့် သာမန်လူများက ထိုတောင်ပေါ်ကို မတက်ရဲကြပေ။ မြောင်ကျားတောင်ခြေတွင် နေထိုင်ချင်သူလည်း မရှိသလို မြို့ထဲမှ ထွက်လာလေလေ လူနေကြဲပါးလာလေလေ ဖြစ်ကြောင်း တွေ့လိုက်ကြရသည်။
မြောင်ကျားတောင်ခြေတွင် ခံတပ်အဖြစ်အသုံးပြုခဲပုံရသည့် ရွာတစ်ရွာ ရှိနေပုံရသော်လည်း ယခု လူတစ်ဦးတစ်ယောက်မျှ မရှိဘဲ ဘာကြောင့်မှန်းမသိ အုံ့ဆိုင်းဆိုင်း ဖြစ်နေလေသည်။
ရှောင်းကျဲယွိနှင့် သူ့သူများ ထိုရွာသို့ ရောက်သွားချိန်တွင် ညနေစောင်းနေပြီ ဖြစ်သည်။ ချင်ထျဲက သူတို့ကို တောင်ပေါ်တက်ရန် တိုက်တွန်းနေသော်လည်း စူးချင်းနှင့် ရှောင်းကျဲယွိတို့က ယနေ့ညကို ဤနေရာတွင် အနားယူပြီး နောက်တစ်နေ့မနက်မှ တောင်ထဲသို့ ဝင်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ချင်ထျဲက ဒေါသထွက်ကာ အပြင်သို့ ပြေးထွက်သွားပြန်သည်။ ရှောင်းကျဲယွိက သူ့နောက်မှ တိတ်တဆိတ် လိုက်သွားခဲ့ပြီး ချင်ထျဲက သူနှင့် စူးချင်းတို့ နေထိုင်သည့် သစ်သားအဆောက်အဦးကို ဒေါသထွက်ဟန်ဖြင့် နှစ်ကြိမ်တိုင်တိုင် လှည့်ပတ်နေကြောင်း ရှောင်းကျဲယွိ တွေ့လိုက်ရသည်။
ရှောင်းကျဲယွိက ချင်ထျဲနောက်သို့ လိုက်နေရင်း ရွာထဲမှ တစ်စုံတစ်ယောက်က သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေသလို ခံစားလာရသည်။ ထို့နောက် သူက သူတို့ နားခိုသည့်နေရာသို့ ပြန်လာခဲ့ပြီး အခြေအနေအားလုံးကို စူးချင်းထံသို့ အသိအပေးလိုက်သည်။
ဒီညကတော့ မငြိမ်းချမ်းလောက်တော့ဘူး ထင်ပါရဲ့။
ရှောင်းကျဲယွိထံတွင် သက်တော်စောင့်ဆယ်ယောက် ပါလာခဲ့ပြီး သူတို့က တစ္ဆေမယ်တော်ကြီးနှင့်အတူ အခြားအိမ်တစ်လုံးထဲတွင် ရှိနေကြသည်။ ရှောင်းကျဲယွိက ထိုသစ်သားအဆောက်အအုံ၏ ထောင့်တိုင်းတွင် ထောင်ချောက်များ တပ်ဆင်ထားပြီး သူ့လူများကို နေရာတိုင်းအား စစ်ဆေးစေခဲ့သည်။ နောက်ဆုံးတွင် ဥမင်လိုဏ်ခေါင်းဝင်ပေါက်ကို ရှာတွေ့ခဲ့ပြီး ထိုဥမင်၏အဝင်ဝတွင်ပင် ထောင်ချောက်များ တပ်ဆင်ထားခဲ့သည်။
ရောက်လာတဲ့သူတွေက ရန်သူတွေပဲ ဖြစ်နိုင်တော့ ဘာမှ ယဥ်ကျေးနေဖို့ မလိုဘူးလေ။
သူက ထောင်ချောက်များတွင် စူးချင်းပေးသော အဆိပ်ကိုလည်း လိမ်းကျံထားခဲ့သည်။ သူ့၏သက်တော်စောင့်များအားလုံးကိုလည်း အဆိပ်ဖြေဆေးများ ပေးထားခဲ့သည်။ မြောင်မိသားစုက အဆိပ်ကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်သောကြောင့် သူ့ဘက်ကလည်း အစစအရာရာ ကြိုတင်ပြင်ဆင်ထားခဲ့သည်။
တစ်ချိန်တည်းမှာပင် အဆိပ်ရှိသော အင်းဆက်ပိုးမွှားများကို ကာကွယ်ရန်လည်း ပြင်ဆင်နေရသေးသည်။ ရှောင်းကျဲယွိက ဝင်ပေါက်များအားလုံးတွင် ဆေးရည်များ ဖြန်းထားခဲ့သည်။ သူက အရာအားလုံးကို အဆင်သင့် ပြန်ဆင်နေခဲ့ပြီး ထောင်ချောက်ထဲသို့ တိုးဝင်လာမည့် သရဲငါးကောင်ကို စောင့်ဆိုင်းနေခဲ့သည်။
ရှောင်းကျဲယွိ ထောင်ချောက်များ တပ်ဆင်ရန် အလုပ်ရှုပ်နေချိန်တွင် စူးချင်းက ချင်ထျဲကို အနီးကပ် စောင့်ကြည့်နေခဲ့ပြီး သူ့ကို ရှောင်းကျဲယွိနောက်သို့ လိုက်သွားခွင့်မပြုခဲ့ပေ။
စူးချင်း၏အကြည့်အောက်တွင် ချင်ထျဲတစ်ယောက် အလွန်စိတ်မသက်မသာ ဖြစ်နေပြီး ထွက်သွားရန် ကြိုးစားလိုက်သည်။
သို့သော်လည်း စူးချင်းက သူမ၏ဓားကို ဆွဲထုတ်လိုက်ပြီး သူ့ကို တားဆီးထားခဲ့သည်။
"လူကြီးမင်းချင် ဘယ်ကိုမှ မသွားပါနဲ့။ ကျွန်မ ရှင့်ရဲ့လုံခြုံရေးအတွက် တာဝန်ယူပေးထားတယ်"
"မင်းက ငါ့ကို ကာကွယ်ပေးနေတာတဲ့လား?"
ချင်ထျဲက စူးချင်းကို ဒေါသတကြီး အော်ဟစ်လိုက်ပြီးမှ ထပ်ပြောလိုက်ပြန်သည်။ "ဓားကို ဖယ်ပေး၊ ငါ အပေါ့သွားမလို့"
"ဒါကို သုံးလိုက်"
စူးချင်းက အခန်းထောင့် ဆီးအိုးကို သူ့ဘေးသို့ ကန်ပေးလိုက်သည်။ ၎င်းက ရွှံ့ဖြင့် ပြုလုပ်ထားသော အနက်ရောင်မြေအိုးကြီး ဖြစ်ပြီး အတော်လေးဟောင်းနွမ်းနေလေသည်။
"မင်း ငါ့ကို မင်းရှေ့မှာ သေးပေါက်စေချင်တာ သေချာလား?"
ယခုအချိန်တွင် ချင်ထျဲက ရုတ်တရက် အလျင်မလိုတော့ဘဲ သူ့နှုတ်ခမ်းများပေါ်တွင် ဆိုးညစ်သည့် အပြုံးတစ်ခု ပေါ်လာခဲ့သည်။