← Chapters

သတို့သမီး ကြိုဆိုခြင်း

Vol. 32 Ch. 467

သတို့သမီး ကြိုဆိုခြင်း

Vol. 32 Ch. 467

တစ်ဖက်မှ ရှောင်းကျဲယွိကလည်း အမှန်တကယ် အလွန်အကျွံ စိတ်လှုပ်ရှားနေပြီး အိပ်မပျော်နိုင်သေးပေ။ သူက ပြတင်းပေါက်ရှေ့တွင် ရပ်နေပြီး ရံဖန်ရံခါတွင် ကောင်းကင်ကြီးကို မော့ကြည့်နေတတ်သည်။

ဒီလမင်းက ဘာကြောင့် အနားမယူသေးတာလဲ? နေမင်းကြီး ထွက်လာဖို့ အချိန်ရောက်သင့်ပြီလေ။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူလည်း မင်္ဂလာပွဲအတွက် ပြင်ဆင်ရင်း အလုပ်ရှုပ်နေခဲ့ရသည်။ အိမ်ထောင်ပြုရန် ပြင်ဆင်ရသည်က စစ်တိုက်ရသည်ထက် ပိုရှုပ်ထွေးပြီး ပိုပင်ပန်းသည်ဟု သူ ခံစားမိခဲ့သော်လည်း ယခုအချိန်တွင် သူ အလွန်ပျော်ရွှင်နေဆဲဖြစ်သည်။ သူ့ဘဝတစ်လျှောက်လုံး စူးချင်းနှင့်အတူ ကုန်ဆုံးရတော့မည်ကို တွေးမိရုံဖြင့် ရှောင်းကျဲယွိက သူ့တစ်ကိုယ်လုံး စွမ်းအင်များ ပြည့်နှက်လာပြီး သူ့သွေးများ ပွက်ပွက်ဆူနေသလို ခံစားနေရသည်။

အနီရောင်တောက်တောက် သတို့သား၀တ်စုံကို ခန်းဆီးပြင်ပေါ်တွင် ချိတ်ဆွဲထားပြီး တစ်ခါတရံတွင် ရှောင်းကျဲယွိက ထိုဝတ်စုံကို လှမ်းကြည့်ကာ ပြုံးနေတတ်ပြန်သည်။

သူ အဲ့ဝတ်စုံကို ဝတ်ပြီး ချင်းအာရှေ့မှာ မတ်တပ်ရပ်လိုက်ရင် သူ့ရဲ့ချင်းအာက သူ့ကို ပိုပြီး စွဲလန်းသွားမှာလား?

စူးချင်း၏ ရှက်ရွံ့နေမည့် အကြည့်လေးများကို တွေးလိုက်ရာ ရှောင်းကျဲယွိ၏ နှလုံးသားက ပို၍ပင် လှုပ်ရှားလာတော့သည်။

သူ ချင်းအာရဲ့ခေါင်းပေါ်ကာ မင်္ဂလာခေါင်းဆောင်းလေးကို ဘယ်လို ဖွင့်ရမှာလဲ? ပြီးရင် ချင်းအာကို ပြင်းပြင်းထန်ထန် နမ်းရှိုက်လိုက်ရမှာလား? အဲ့တာပြီးရင်.... ချင်းအာကို ခြင်ထောင်ထဲ ခေါ်သွားပြီး ကုတင်ပေါ်ကို ညင်ညင်သာသာ ပွေ့တင်လိုက်မယ်။ ကျန်တာတွေကတော့ အလှဆုံး ဖြစ်လာလိမ့်မယ်။ နွေဦးညတဲ့ ရွှေတစ်ထောင်တန်တဲ့။

"သခင်လေး၊ ဒီလက်အောက်ငယ်သားက သတင်းပို့ဖို့ ရောက်လာခဲ့တာပါ"

တံခါးအပြင်ဘက်မှ သက်တော်စောင့်တစ်ယောက်၏ အသံထွက်ပေါ်လာသောကြောင့် ရှောင်းကျဲယွိ၏မျက်နှာပေါ်ရှိ စွဲမက်ဖွယ်အပြုံးက ချက်ချင်းပျောက်ကွယ်သွားပြီး သူ့၏ဂုဏ်သိက္ခာရှိသော တည်တည်ကြည်ကြည် အမူအရာသို့ ချက်ချင်း ပြန်ပြောင်းသွားခဲ့သည်။

"ဘာကိစ္စလဲ?"

“လော့ချန်ကနေ သတင်းကောင်းတစ်ခု ရောက်ရှိလာပါတယ်။ ကျိုးချွမ်က လော့ချန်ကို သိမ်းပိုက်ထားပြီးပါပြီ။ မသေမျိုးဆရာကြီးကျိုးပေါ်က သခင်လေးအတွက် မင်္ဂလာဆောင်လက်ဆောင်လို့ ပြောထားတဲ့ သတင်းစကားကို ပို့ပေးလိုက်တာပါတဲ့"

“ကောင်းတယ်၊ အရမ်း ကောင်းတယ်”

ရှောင်းကျဲယွိက စိတ်လှုပ်ရှားစွာ ထအော်လိုက်သည်။

ဒါက သူနဲ့ ချင်းအာအတွက် ဆရာဦးလေး ပေးတဲ့ အကောင်းဆုံးလက်ဆောင်ပဲ။

"ဟား ဟား၊ လူယုတ်မာလေး။ မင်းက အရမ်း သဘောကျနေတယ်ပေါ့လေ”

ထိုအခိုက်အတန့်တွင် တံခါး ပွင့်လာပြီး ကျိုးပေါ်က လေပြင်းနှင့် နှင်းပွင်းများကို သယ်ဆောင်ကာ အခန်းထဲသို့ ဝင်လာခဲ့သည်။ ပူနွေးသောအခန်း ချက်ချင်းပင် ရှစ်ဒီဂရီလောက် အပူချိန်ကျဆင်းသွားသလို အေးစက်သွားတော့သည်။ နှင်းခဲများနှင့် လေအေးများ ဖုံးလွှမ်းနေသည့်တိုင် ကျိုးပေါ်၏မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးတစ်ခု ရှိနေသေးသည်။ သူက သူ့မုတ်ဆိတ်မွေးသုံးဆွယ်ကို ပွတ်သပ်ရင်း သူ့၏တူတပည့်လေးကို ပြုံးပြနေလေသည်။

"ကျေးဇူးတင်ပါတယ် ဆရာဦးလေး"

ရှောင်းကျဲယွိက ကျိုးပေါ်၏ စိုစွတ်နေသော ခန္ဓာကိုယ်နှင့် မျက်လုံးအောက်မှ အနက်ရောင်အဝိုင်းကြီးများကို ချက်ချင်း သတိပြုမိသွားခဲ့သည်။ လူအိုကြီးက ပင်ပန်းနွမ်းနယ်နေမှန်း သူ သိနိုင်သောကြောင့် ကျေးဇူးတင်စကားဆိုရန် ချက်ချင်း ဦးညွှတ်လိုက်သည်။

"ငါ့ကို ကျေးဇူးတင်နေစရာ မလိုပါဘူးကွာ၊ ငါ မင်းနဲ့ ချင်းကောင်မလေးကို ဒီသတင်းကောင်းပြောပြချင်ဖို့ မရပ်မနား ခရီးထွက်လာခဲ့တာ!”

ကျိုးပေါ်က အမှန်တကယ် ပင်ပန်းနွယ်နေပြီ ဖြစ်သည်။ စစ်ပွဲဆိုသည်က ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ အားစိုက်ထုတ်ရသည့် ယှဥ်ပြိုင်မှုမျိုးဖြစ်သည်။ လော့ချန်ကို တတ်နိုင်သမျှ အမြန်ဆုံး တိုက်ခိုက်သိမ်းပိုက်နိုင်ရန် သူနှင့် ကျိုးချွမ်တို့ အတွင်းရော အပြင်ပါ လက်တွဲလုပ်ဆောင်နိုင်ရန် စီစဉ်ခဲ့ကြရသည်။ သူတို့ မြို့တွင်းနှင့် မြို့ပြင် ပူးပေါင်းတိုက်ခိုက်ခဲ့သောကြောင့်သာ လောချန်ကို ငါးရက်အတွင်း သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုတိုက်ပွဲအတွင်း ကျိုးပေါ်က ကျိုးချွမ်၏အရည်အချင်းကိုလည်း အတော်လေး အသိအမှတ် ပြုပေးခဲ့သည်။ သူက ချင်းအာနှင့် ယွိအာတို့၏မင်္ဂလာပွဲကို တက်ရောက်ရန် ကျင့်ရှီလျိုမြောင်သို့ အလျင်အမြန် လာချင်နေသောကြောင့် လော့ချန်တွင် တစ်ရက်သာ နေထိုင်ခဲ့သည်။

သူ့ရဲ့ဆရာတူညီလေးက ဆုံးပါးသွားပြီဖြစ်သလို ယွိအာရဲ့မိဘတွေလည်း ကြေကွဲစရာကောင်းလောက်အောင် သေဆုံးသွားခဲ့ရတယ်။ အဲ့ဒါကြောင့် သူ ရောက်လာပြီး ယွိအာအတွက် မိဘနေရာကနေ ကူညီပေးရမှာ မဟုတ်ဘူးလား?

ကျိုးပေါ်က စည်းမဲ့ကမ်းမဲ့ နေထိုင်တတ်သူ ဖြစ်ပြီး သိုင်းပညာရှင်တစ်ဦးလည်း ဖြစ်သောကြောင့် သူ့၏ခန္ဓာကိုယ်က သန်မာသည်ဟု ယူဆနိုင်သော်လည်း ထိုကဲ့သို့ ပြင်းထန်သော တိုက်ပွဲတစ်ပွဲအပြီးတွင် သူလည်း ပင်ပန်းနွမ်းနယ်မှုကို ခံစားရသေးသည်။

“ဆရာဦးလေး၊ ကျွန်တော် ဆရာဦးလေးအတွက် ရေပူ ပြင်ဆင်ခိုင်းပြီးပြီ၊ ဦးလေးကိုယ်ပေါ်က ဖုန်မှုန်တွေကို အရင် ဆေးကြောသန့်စင် လိုက်ပါ၊ ကျွန်တော် ဦးလေးအတွက် ဟင်းကောင်းကောင်းလေးချက်ပေးဖို့ အမိန့်လိုက်မယ်"

ရှောင်းကျဲယွိက သူ့အတွက် ကြိုးကြိုးစားစား လုပ်ဆောင်ပေးခဲ့သော သူ၏ ဆရာဦးလေးအတွက် စိတ်မကောင်း ဖြစ်နေပြီး လူအိုကြီး ဆေးကြောသန့်စင်ရန် ရေပူပြင်ဆင်ပေးရန် သူ့သက်တော်စောင့်များကို ချက်ချင်း ညွှန်ကြားလိုက်ပြီး လူအိုကြီးအတွက် ညစာစားပွဲပါ ပြင်ဆင်ပေးလိုက်သည်။

"ငါ ချင်းကောင်မလေးရဲ့သေရည်ကို အရမ်းလွမ်းနေပြီ"

ကျိုးပေါ်က သူ့၏တူတပည့်လေးကို ကြည့်နေရင်း မကျေမနပ် ရေရွတ်လိုက်သည်။

သူ လော့ချန်မှာ စစ်တိုက်နေရင်း စူးချင်းပေးလိုက်တဲ့ အရက်အိုးတွေကို အကုန်သောက်လိုက်မိတယ်၊ နောက်တော့ လော့ချန်က အရက်တွေက ရေနဲ့ တူနေပြီး သူ လုံးဝ မသောက်နိုင်တော့ဘူး။

"ကောင်းပါပြီ၊ ကျွန်တော့်မှာ ကျန့်နန်ချွမ်းရော ပါးဝမ်စွေ့ပါ ရှိတယ်"

သူ့ဆရာဦးလေး၏မျက်နှာပေါ်မှ ညှိုးငယ်နေသည့်အကြည့်များကို မြင်လိုက်ရသဖြင့် ရှောင်းကျဲယွိက အရက်အိုးများ ယူလာပေးရန် သူ့သက်တော်စောင့်များကို အလျင်စလို အမိန့်ပေးလိုက်သည်။

သို့သော်လည်း ကျိုးပေါ်ကတော့ တစ်ကျိုက်သောက်ပြီးသည်နှင့် မျက်မှောင်ကြုတ်ကာ စောဒကတက် နေပြန်သည်။

"ဒါကို ချင်းကောင်မလေး ချက်တာ မဟုတ်ဘူး"

ရှောင်းကျဲယွိ : “....”

"ဆရာဦးလေး၊ ဆရာဦးလေးရဲ့ပါးစပ်က တော်တော်ကို အကောင်းကြိုက်လွန်းတာပဲ"

“ချင်းအာက မိန်းခလေးတွေရဲ့အကျင့်သီလတွေ သင်ယူဖို့ ပိတ်လှောင်ခံထားရတယ်။ ဒီအရက်က ချင်းအာရဲ့ညီမလွမ်ဟုန်က ချက်ထားတာ”

ရှောင်းကျဲယွိက စူးချင်းကို တွေ့ခွင့်မရခဲ့သော်လည်း လွမ်ဟုန်ဆီမှ သူမနှင့်ပတ်သက်သည့်အရာအားလုံးကို သိခွင့်ရခဲ့သည်။ လွမ်ဟုန်လည်း ပိတ်လှောင်ခံထားရသည့်တိုင် ထိုအရက် သူမ အရင်ကတည်းက ချက်ထားသည့်အရက်အိုးများ ဖြစ်သည်။ ရှောင်းကျဲယွိက မင်္ဂလာပွဲအတွက် ပြင်ဆင်ရန် စူးမိသားစု၏အရက်သိုလှောင်ခန်းမှ အရက်အိုးများကို သွားသယ်လာခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် သူက သူ့ယောက္ခမအပေါ် အခွင့်ကောင်းမယူလဲ တစ်ယောက်ယောက်ကို ဝယ်ခိုင်းလိုက်ခြင်း ဖြစ်သည်။ သူက သူ့နာမည်ကို မသုံးဘဲ အားလုံးအတွက် ငွေပေးချေခဲ့ခြင်း ဖြစ်သည်။

"ဟူး.... ဘာမှ မရှိတာထက်စာရင်တော့ ပိုကောင်းပါသေးတယ်ကွာ"

ကျိုးပေါ်၏စိတ်ဝင်စားမှုက လျော့နည်းသွားသော်လည်း ဤသေရည်က လော့ချန်တွင် သူ သောက်ခဲ့ရသည့် အရက်များထက် ပိုကောင်းနေသေးသည်။ ထို့ကြောင့် သူက ပင်ပန်းနွမ်းနယ်မှုများ ပျောက်သွားအောင် ဝိုင်နှစ်အိုးကို အရင်သောက်နေလေသည်။

သူ ရေချိုးပြီး ထမင်းစားပြီးသည်နှင့် လူအိုကြီးက ရှောင်းကျဲယွိကို သူ့အခန်းသို့ အမြန်ပြန်အိပ်ရန် တိုက်တွန်းလိုက်သည်။

မနက်ဖြန်က သူ့တူတပည့်လေးရဲ့ မင်္ဂလာပွဲလေ၊ မင်္ဂလာအချိန်ကို နှောင့်နှေးစေလို့ မဖြစ်ဘူး။

ပထမဆုံး ကြက်တွန်သံကို ကြားလိုက်ရသည့် ထိုနေ့၏နံနက်စောစောတွင် ရှောင်းကျဲယွိက အိပ်ယာမှထပြီး သူ့ကိုယ်သူ သပ်ရပ်အောင် စတင်ပြင်ဆင်နေခဲ့သည်။ သူက ရေချိုးပြီး အဝတ်လဲရုံသာ ဖြစ်သော်လည်း စူးချင်းကတော့ နှိပ်စက်ခံနေရပြီ ဖြစ်သည်။

သူမ၏အဒေါ်နှင့် အမေက သူမကို အိပ်ယာမှ ဆွဲထုတ်သွားခဲ့ကြသည်။ ထိုအချိန်တွင် သူမကို ဆံပင်ကို ဖြီးပေးပြီး သူမ၏မျက်နှာကို ဆေးကြောသန့်စင်ပေးမည့် မင်္ဂလာရှိသော အမျိုးသမီးကြီးတစ်ဦး ရောက်ရှိလာပြီ ဖြစ်သည်။ စူးချင်းအတွက် ဂရုစိုက်‌ပေးခံရခြင်းက ပထမဆုံးအကြိမ်သာ ဖြစ်သည်။ ထိုအမျိုးသမီးကြီးက သူမ၏မျက်နှာကို ကြိုးတစ်ချောင်းဖြင့် ရစ်ပတ်သန့်စင်နေချိန်တွင် သူမ၏ဘေးမှ အမျိုးသမီးကြီးတစ်ယောက်က မင်္ဂလာရှိစေမည့်စကားလုံးများ ရွတ်ဆိုပေးနေခဲ့သည်။

ကျင့်ဝတ်များ သင်ရန် အတင်းအကျပ် ဖိအားပေးခံထားရသည့် စူးချင်းက ထိုရှုပ်ထွေးသော နည်းလမ်းများကို ငြီးငွေ့နေပြီ ဖြစ်သည်။ သူမ၏ဆံပင်ကို ဖြီးသင်ပေးပြီးနောက်တွင် မျက်နှာကို ခြယ်သရန် ငြင်းဆိုလိုက်တော့သည်။

ထိုလူများက သူကို ဖုတ်ကောင်ရုပ်ရှင်များထဲမှ တစ္ဆေမကြီးများကဲ့သို့ ပြင်ဆင်ပေးမည်ကို သူမ ကြောက်ရွံ့နေပြီး သူမဘာသာ ပြင်ဆင်ရန် ဆုံးဖြတ်လိုက်သည်။

ယန်ရူရွှယ်လည်း သမီးဖြစ်သူက တွန်းထုတ်လိုက်သောကြောင့် အခန်းအပြင်သို့ ထွက်လာခဲ့ရသည်။

သူမရဲ့သမီးလေးက ဘာလို့ ဒီလောက်တောင် သတ္တိကောင်းပြီး ပုန်ကန်ရဲရတာလဲ? အခုက သူမအတွက် အချိန်ကောင်းတစ်ခုလေ။ ဘာလို့ လှလှပပ မလိမ်းချယ်ချင်ရတာလဲ?

စူးချင်းက သူမအတွက် မိတ်ကပ်အပါအဝင် အလှပြင်ပစ္စည်းများ ပေးရန် စနစ်ကို တောင်းဆိုခဲ့သည်။ ယခုတကြိမ်တွင်တော့ စနစ်က တွန့်တိုမနေဘဲ အကောင်းဆုံး အလှပြင်ပစ္စည်းတစ်စုံစာကို ချက်ချင်း ထုတ်ပေးလာခဲ့သည်။

[Host.... မင်းရဲ့မင်္ဂလာပွဲအတွက် ဂုဏ်ပြုပါတယ်။ ဒီ Makeup Box က စနစ်ကပေးတဲ့ မင်္ဂလာလက်ဖွဲ့ပါ]

အမြဲတစေ စာနာစိတ်ကင်းမဲ့နေတတ်သည့်စနစ်က ယနေ့တွင် ဂရုတစိုက် စောင့်‌ရှောက်ပေးတက်သည့် အိမ်တော်ထိန်းကြီးသဖွယ် ပြုမှုနေပြီး စူးချင်းအတွက် မင်္ဂလာလက်ဆောင်ပေးကာ စကားကောင်းများပင် ပြောပေးနေခဲ့သည်။

"အင်း၊ ကျေးဇူးပဲ"

စူးချင်းကလည်း စိတ်ကောင်းဝင်နေသောကြောင့် စနစ်ကို ကျေးဇူးတင်စကား ပြန်ပြောလိုက်သည်။ အခန်းထဲတွင် မည်သူမှ မရှိတော့သည်ကို မြင်လိုက်သည်နှင့် စနစ်ထဲမှ ရှောင်ချီကလည်း ပြေးထွက်လာကာ စူးချင်း၏အစေခံမလေးအဖြစ် သရုပ်ဆောင်နေခဲ့ပြီး စူးချင်း အလှပြင်ရန် ကူညီပေးနေခဲ့သည်။

ထို့အပြင် ရှောင်ချီ၏ပါးစပ်လေးက ပျားရည်စမ်းထားသလို ချိုမြိန်လွန်းလှပြီး မြှောက်ပင့်စကားများ တရစပ် ထွက်ပေါ်နေလေသည်။

"သခင်၊ သခင်က အရမ်းလှတယ်၊ သခင်က ကမ္ဘာပေါ်မှာ အလှဆုံးသတို့သမီးလေးပဲ"

“ဟား ဟား၊ ကျေးဇူးပဲ ရှောင်ချီ”

စူးချင်းက အပြုံးလေးဖြင့် ရှောင်ချီကို ကျေးဇူးတင်လိုက်ပြန်သည်။ သူမ၏ စိတ်အခြေအနေက အပြင်ဘက်မှ နေရောင်ကဲ့သို့ တောက်ပနေပြီး သူမ၏မိတ်ကပ်ပြင်ဆင်မှုက မြန်မြန်ဆန်ဆန် ပြီးမြောက်ခဲ့သွားခဲ့သည်။ ခဏအတွင်းမှာပင် သူမက ရေကန်ထဲတွင် ကြာပန်းလေးကဲ့သို့ မယုံနိုင်လောက်အောင် တင့်တယ်လှပသွားပြီ ဖြစ်သည်။

သူမက သူမ၏အနီရောင်တော်ကတောက် မင်္ဂလာဝတ်စုံကို ပြောင်းလဲ ဝတ်ဆင်လိုက်ပြီး သူမ၏ ဖီးနစ်ပုံ ဆံပင်အဆင်တန်ဆာကို တပ်ဆင်ကာ သတို့သမီးဝတ်ရုံကို လွှမ်းခြုံလိုက်သည်။ ထို့နောက် သူမ မှန်ထဲသို့ ကြည့်လိုက်ရာ မှန်ထဲမှ ကျက်သရေရှိပြီး ကြော့ရှင်းလှပ‌လွန်းသော မသေမျိုးလောကမှ ဆင်းသက်လာသည့် နတ်သမီးလေးက သူမကို ငေးကြည့်နေလေသည်။ စူးချင်းက သူမ၏အပြင်အဆင်ကို သူမဘာသာ သဘောကျသွားပြီး တံခါးကို ဖွင့်ကာ အပြင်သို့ ထွက်လာခဲ့သည်။

ယန်ရူရွှယ်နှင့် ယန်ရုပင်းတို့က တံခါးအပြင်ဘက်တွင် စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေခဲ့ကြပြီး စူးချင်း၏ မိတ်ကပ်လိမ်းခြယ်မှုက သူမတို့ကို အံ့အားသင့်သွားစေခဲ့သည်။

သူမတို့ရဲ့ချင်းအာက အမြဲတမ်း လှပနေခဲ့ပေမယ့် သူမက အမြဲတမ်း အေးစက်နေတတ်တာကြောင့် သူမရဲ့အလှက လူတိုင်းတဲ့ ဝေးကွာနေသလို ခံစားရစေတယ်။ အခုလည်း ချင်းအာက အံသြဖွယ်ကောင်းလောက်အောင် လှပကျက်သရေရှိနေပြီး သေမျိုးကမ္ဘာဆီကို ဆင်းသက်လာတဲ့ နတ်သမီးလေးလိုမျိုး ဖြစ်နေပြန်တယ်။ သူမက တင့်တယ်လှပလွန်းလို့ လူတွေ မပြောနဲ့ လမင်းကြီးနဲ့ ပန်းတွေတောင် သူမကို ချဥ်းကပ်ရဲကြမှာ မဟုတ်ဘူး။

"ချင်းအာက အရမ်းလှတာပဲ"

လွမ်ဟုန်ကလည်း စူးချင်း၏ပုံရိပ်ဆီမှ စွဲဆောင်ခံလိုက်ရပြီး "ကျွန်မ လက်ထပ်ရင်လည်း အစ်မ ကျွန်မအတွက် မိတ်ကပ်လိမ်းပေးရမယ်‌နော်"

"ဒီကလေး၊ မင်း လက်ထပ်ဖို့ တော်တော် စိတ်စောနေတယ်ပေါ့လေ"

ယန်ရုပင်းက သူမ၏သမီးလေးကို ခပ်ဖွဖွ လှမ်းရိုက်လိုက်သည်။

ဘယ်မိန်းကလေးက လူအများရှေ့မှာ ဒီလိုစကားမျိုး ပြောရဲလို့လဲ? အရင်တုန်းက လုံးဝ အိမ်ထောင်မပြုတော့ဘူးလို့ ယတိပြတ် ပြင်းဆန်နေခဲ့တဲ့သူက ဘယ်သူလဲ?

"အစ်မက အရမ်းလှတာပဲ"

ရှောင်ချန်ကတော့ သူ့အစ်မဆီသို့ ပြေးသွားပြီး အစ်မဖြစ်သူ၏ခြေထောက်ကို ပွေ့ဖက်လိုက်သည်။ ကလေးလေးက သတို့သမီးကို မော့ကြည့်နေကာ အလွန်ဂုဏ်ယူနေပုံရသည်။

ဘယ်သူမှာ ဒီလောက်လှတဲ့ အစ်မရှိလို့လဲ?

"ကောင်းပြီ၊ လာ... မြန်မြန် လာထိုင်"

ယန်ရူရွှယ်က သူမ၏မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်လိုက်ပြီး စူးချင်းကို ကုတင်ပေါ်တွင် ပြန်ထိုင်ခိုင်းပြီး အခန်းထဲသို့ တွန်းပို့လိုက်သည်။ သူမက အစေခံတစ်ယောက်ကို အနီရောင်မျက်နှာလွှားပုဝါ ယူဆောင်လာရန် ညွှန်ကြားပေးလိုက်ပြီး ထိုအနီရောင်ပုဝါစကို စူးချင်း၏မျက်နှာပေါ်သို့ ဖုံးအုပ်ပေးလိုက်ရာ စူးချင်းက အခြားသူများ၏ခြေထောက်များကိုသာ မြင်နိုင်တော့သည်။

သူမ၏ ဦးခေါင်းပေါ်ရှိ ဖီးနစ်ခေါင်းဆောင်က အလွန်လေးလံနေပြီး ထိုခေါင်းဆောင်က ရှောင်းကျဲယွိ၏လူများ လာပို့ပေးသွားခဲ့ခြင်း ဖြစ်သည်။ ထိုဖီးနစ်ခေါင်းဆောင်ကို ရွှေဖြင့် ပုလုပ်ထားပြီး အဖိုးတန် ကျောက်မျက်ရတနာများ ဖုံးလွှမ်းနေအောင် တန်ဆာဆင်ထားသည့်အတွက် ထိုဖီးနစ်ခေါင်းဆောင်က ကြီးကျယ်ခန်နားမှုကို ဖော်ပြနေကာ တချိန်တည်းမှာပင် ‌မြင့်မြတ်သော ရောင်ဝါများ တလျှပ်လျှပ်တောက်ပနေသလို ခံစားရစေသည်။

စူးချင်းကတော့ ခုတင်ပေါ်တွင် မတ်မတ်ထိုင်နေရပြီး သူမ၏ဗိုက်က ဆာလောင်နေပြီဖြစ်သည်။

ရှေးခေတ်က လူတွေရဲ့အိမ်ထောင်ရေးဆိုတာ သာမန်လူတွေ ခံနိုင်ရည်ရှိတဲ့အရာ မဟုတ်ဘူးဟ။ သူတို့က သတို့သမီးကို ထမင်းတောင် မကျွေးကြဘူး။

"ရှောင်ချီက သခင်အတွက် အရသာရှိတာလေး လုပ်ပေးနိုင်ပါတယ်"

ရှောင်ချီ၏ ဂရုစိုက်မှုများ ပြည့်လျှံနေသည့် အသံလေးက စူးချင်း၏နားထဲတွင် ထွက်ပေါ်လာပြီး စူးချင်းက သူမ၏နှုတ်ခမ်းလေး တွန့်သွားသည်ဆိုရုံ ပြုံးနေခဲ့သည်။

ဘာပဲဖြစ်ဖြစ် ရှောင်ချီက အကောင်းဆုံးဖြစ်နေဆဲပဲ။

စူးချင်း ရှောင်ချီကို ချီးမွမ်းရန် ပါးစပ်ဟလိုက်စဥ်မှာပင် တံခါးအပြင်ဘက်မှ အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"သတို့သား ရောက်လာပါပြီ!"

All Chapters