အခန်း (၃၇၆-၃၇၈)
Vol. 26 Ch. 376-378
အခန်း (၃၇၆) နတ်မိမယ်ဗိုလ်ချုပ် သေဆုံးခန်း
အကြီးအကဲ လူနာက ခေါင်းညိတ်ပြပြီးနောက် သူမဘေးမှ ယူနာကို လှည့်ကြည့်ကာပြောလိုက်သည်။
"ယူနာ သူ့ကို ပြင်ပကမ္ဘာသို့ ခေါ်ထုတ်လာတာရဲ့ အကျိုးဆက်တွေကို နင်စဉ်းစားမိရဲ့လား”
ယူနာက ရှက်စိတ်ဖြင့် ခေါင်းငုံ့လိုက်သည်။ အစ်စ်ဘဲလ်လာက အလျင်အမြန်ဝင်ပြော၏။
"အကြီးအကဲ လူနာ၊ ဒါ ကျွန်မအမှားပါ။ အပြင်ထွက်ဖို့ ကျွန်မအတင်းပြောလိုက်တာပါ။ ကျေးဇူးပြုပြီး ယူနာ့ကို အပြစ်မတင်ပါနဲ့"
အကြီးအကဲ လူနာက ကူကယ်ရာမဲ့ သက်ပြင်းချလိုက်သည်။
"သခင်မလေးက ဘာလို့ အပြင်ထွက်ဖို့ စိတ်အားထက်သန်နေတာလဲ ကျွန်မတကယ် နားမလည်ဘူး"
အစ်စ်ဘဲလ်လာ၏ မျက်နှာက အနည်းငယ် နီမြန်းလာကာ တုန်တုန်ယင်ယင်ဖြင့်ပြောလိုက်သည်။
“ကျွန်မ… သွားရည်ကျလောက်အောင် အပြင်လောကက အစားအသောက်တွေကို အရမ်းကြိုက်တယ်”
ဤအကြောင်းကြောင့် အကြီးအကဲ လူနာကိုပင် ရယ်ရခက် ငိုရခက်ဖြစ်သွားစေခဲ့သည်။ သူမလုပ်နိုင်သမျှမှာ ခေါင်းယမ်းကာ သက်ပြင်းချရုံသာဖြစ်၏။
“ကောင်းပြီ အပြင်ကမ္ဘာက ဘယ်လောက်တောင် အန္တရာယ်ရှိနိုင်တယ်ဆိုတာ အခု သိသွားရပြီပေါ့"
ထို့နောက် အကြီးအကဲ လူနာက ရွှယ်အန်းနှင့် အခြားသူများကို ပြုံးလျက်ပြောလိုက်သည်။
“လူသားတွေကြားက အားကောင်းတဲ့ စစ်သည်တော်တွေပဲ ရှင့်အကူအညီအတွက် ကျေးဇူးတင်ပါတယ်”
ရွှယ်အန်းက ပြုံးလိုက်သည်။
"ဒါက သေးငယ်တဲ့ အားထုတ်မှုသက်သက်ပါ”
"အကြီးအကဲ လူနာ၊ ဒီဆရာက အရမ်းအစွမ်းထက်တယ်။ ခရမ်းရောင်ဝတ်ထားတဲ့ လူဆိုးနှစ်ယောက်နဲ့ ကြက်သွေးရောင်အင်္ကျီဝတ်ထားတဲ့ လူဆိုးနှစ်ယောက်ကို သူတစ်ယောက်တည်း သုတ်သင်ပစ်လိုက်တာလေ" အစ်စ်ဘဲလ်လာက စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
ဤမှတ်ချက်သည် နတ်သူငယ်များစွာကို တုန်လှုပ်သွားစေသည်။ အကြီးအကဲလူနာ၏ အမူအရာပင်လျှင် အနည်းငယ်ပြောင်းလဲသွား၏။
"သူတို့နှစ်ယောက်က အရမ်းစွမ်းအားကြီးတဲ့ ကွပ်မျက်သူတွေ၊ ရှင်တို့နှစ်ယောက် အပြင်မှာ ဒီလို ကြောက်စရာကောင်းတဲ့ ပြိုင်ဘက်တွေနဲ့ ကြုံဖူးလား" ယူနာက ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့" အကြီးအကြဲ လူနာအသက်ပြင်းပြင်းရှူ၍ ရွှယ်အန်းကို လေးနက်စွာ ဦးညွှတ်လိုက်သည်။
"သန်မာတဲ့ စစ်သည်တော်၊ ရှင်က ကျွန်မတို့ အမှောင်နတ်သူငယ်မျိုးနွယ်စုရဲ့ခင်မင်လေးစားမှုကို ရရှိပါတယ်”
သူမ၏စကားနှင့်အတူ နတ်သူငယ်များအားလုံးက ရွှယ်အန်းကို ဦးညွှတ်ကြသည်။
ရွှယ်အန်းပြုံး၍ မည်သည့်စကားမျှမပြောတော့ပေ။ တစ်ဖက်တွင် အန်းယန်သည် နတ်သူငယ်များကိုကြည့်၍ အနည်းငယ် အတွေးထဲလွင့်မျောလျက်ရှိသည်။ အစ်စ်ဘဲလ်လာက ကစားရန်အတွက် နျန်နျန်နှင့် ရှန်းရှန်းတို့ကို ကစားရန် တစ်နေရာသို့ ခေါ်ဆောင်သွားသည်။ ဤကမ္ဘာကြီးတွင် အရာအားလုံးက ဖော်ရွေကာ လှပနေသဖြင့် စိတ်ပူနေရန် မလိုပေ။ အန်းယန်နှင့် ကွင်တီနာတို့ကို ဧည့်သည်များအပေါ် ဧည့်ဝတ်ပြုမှု အမြင့်မားဆုံးဖြစ်သည့် သူမ၏သစ်ပင်အခေါင်းပေါက်တွင် ကစားရန် ယူနာက ဖိတ်ကြားခဲ့သည်။ သို့သော် အကြီးအကဲလူနာက ရွှယ်အန်းကိုမူ နောက်တွင် ချန်ထားခဲ့သည်။
“သန်မာတဲ့သူရဲကောင်း ငါမင်းနဲ့ စကားနည်းနည်း ပြောချင်တယ်”
ရွှယ်အန်းက ဤသည်ကို မျှော်လင့်ထားသည့်အလား ပြုံး၍ ခေါင်းညိတ်လိုက်သည်။ ၎င်းတို့ နှစ်ဦးသာလျှင် ကောင်စီခန်းမတွင် ကျန်ရစ်ခဲ့သည်။
အကြီးအကဲက ခါးသက်စွာပြုံးလိုက်ပြီးမှ စကားစသည်။
“သန်မာတဲ့သူရဲကောင်း၊ ရှင့်ရဲ့ ကျင့်ကြံရေးအဆင့်ဘယ်လောက်မှာရှိလဲ မေးလို့ရမလား။ အင်မော်တယ်အဆင့်လား”
“အင်မော်တယ် ထက်ဝက်အဆင့်” ရွှယ်အန်းက ဘာသိဘာသာပြောလိုက်သည်။
“ကျွန်မလည်းထင်တယ်။ ရှင့်ခန္ဓာကိုယ်က ထွက်လာတဲ့ အငွေ့အသက်က နားလည်လို့မရနိုင်တဲ့ပင်လယ်နဲ့တူတယ်” လူနာက သက်ပြင်းချလျက် သူမ၏ မျက်နှာထက်တွင် ဝမ်းနည်းသော အမူအရာတစ်ခုပေါ်လာသည်။
“သန်မာတဲ့သူရဲကောင်း ရှင်က အလင်းဘုရားကျောင်းက လူတွေကို သတ်ရဲပြီး အစ္စဘဲလ်နဲ့ ယူနာကို ကယ်ရဲတယ်ဆိုတော့ ရှင့်ဆီက ကျွန်မ မေးစရာရှိတယ်”
“အစ္စဘဲလ်ကို မင်းနဲ့အတူခေါ်သွားဖို့လား” ရွှယ်အန်းက ပေါ့ပေါ့တန်တန်ပြောသည်။
အကြီးအကဲလူနာက ခါးသက်စွာပြုံး၍ ခေါင်းညိတ်လိုက်သည်။
“သန်မာတဲ့ သူရဲကောင်း ရှင် တစ်ခုခုကို ကြိုသိသွားပြီထင်တယ်”
ရွှယ်အန်းက ပြုံး၍ ကောင်စီခန်းမ၏ မျက်နှာကျက်ကို မော့ကြည့်ကာ မျက်နှာကျက်ဟုခေါ်သော်လည်း အမှန်မှာ ရှေ့းသစ်ပင်၏ နှလုံးသားပင်ဖြစ်သည်။
“ဒီမျက်နှာကျက်က သဘာဝအတိုင်း ဒီအပင်ကြီးကဖြစ်လာတာမလား”
အကြီးအကဲလူနာက ထိတ်လန့်သော အမူအရာတစ်ခုကို လှစ်ဟပြသလိုက်သည်။
ရွှယ်အန်းက ဆက်ပြော၏။
“ဒီကမ္ဘာကြီးမှာ ဝိဉာဥ်စွမ်းအင်တွေ အရမ်းကျဲနေပြီ။ ဒီသစ်ပင်ကြီးကို ငါမမြင်ခင်အချိန်ထိ မင်းတို့ နတ်သူငယ်တွေ ဘယ်လို အသက်ရှင်ကျန်နေသေးတာလဲလို့ စဥ်းစားနေတာ”
“ဒီအပင်ကြီးက တကယ်ပဲ ကြီးထွားလာပြီး သူ့အမြစ်တွေက မသိနိုင်တဲ့ ကမ္ဘာတစ်ခုထိတောင် ရောက်နေပြီ။ ဒီနည်းနဲ့သာ နတ်သူငယ်မျက်နှာကျက်ကို ဝိဉာဥ်စွမ်းအင်နဲ့ အဆက်မပြတ် ဖြည့်စွမ်းပေးနိုင်တာကြောင့် မင်းတို့ မျိုးနွယ်စုကို ပြုစုပျိုးထောင် ကာကွယ်ပေးနိုင်တာမလား”
ရွှယ်အန်း၏စကားများကို နားထောင်ပြီးနောက် အကြီးအကဲလူနာက သူ၏ အမူအရာကို ထိန်းချုပ်မထားနိုင်တော့ပေ။
“ရှင်…”
“ငါက ဘယ်လိုသိမှာလဲဟုတ်လား။ စိတ်မပူပါနဲ့ ငါ့မှာ တခြားရည်ရွယ်ချက်မရှိပါဘူး။ မဟုတ်ရင် ယူနာနဲ့ သူ့အဖော်တွေကို ကယ်ပေးခဲ့မှာမဟုတ်ဘူး။ ဒီ ဧရာမသစ်ပင်ကြီးက… သေတော့မယ်ဆိုတာ ငါမြင်ရတယ်”
ဤစကားများက အကြီးအကဲလူနာကို မိုးကြိုးပစ်သွားသကဲ့သို့ အံ့သြသွားစေသည်။ အချိန်အတန်ကြာပြီးနောက်မှ သူမက ထုံထိုင်းစွာ ခေါင်းညိတ်လိုက်သည်။
“တကယ်တော့ ကျွန်မရဲ့ မိခင်နတ်ဘုရားမက ပြောထားတဲ့ဖြစ်ရပ်က တကယ်ဖြစ်လာပြီ။ ရှင်က တကယ်ပဲ သာမန်ထူးခြားတဲ့ သတ္တဝါမဟုတ်ဘူး”
ထို့နောက် အသက်ပြင်းပြင်ရှူ၍ ဆက်ပြောသည်။
“သခင်၊ ဒီတောင်းဆိုချက်က အရမ်း အလွန်အကျွံဖြစ်နေမယ့်ပုံပေါက်နေမယ်ဆိုတာ ကျွန်မသိပါတယ်။ ဒါပေမယ့် အစ္စဘဲလ်လာက မိခင်နတ်ဘုရားမက ပျိုးထောင်ပေးခဲ့တဲ့ နောက်ဆုံးကလေးမို့လို့ အမှောင်နတ်သူငယ်မျိုးနွယ်စုရဲ့ နောက်ဆုံးမျှော်လင့်ချက်လည်းဖြစ်ပါတယ်။ ဒီသန့်စင်တဲ့မြေက ဘယ်အချိန်ထိ ကြာကြာခံမလဲမသိပေမယ့် သူ့ကို ဒီနေရာကနေ ခေါ်သွားချင်တယ်”
သူမ စကားပြောနေစဥ် ရီဖုရိုက ဒေါသအပြည့်ဖြင့် ဝင်လာသည်။
“အကြီးအကဲလူနာ သစ္စာဖောက် အိုလိုရေ ပြန်ရောက်လာပြီး နတ်ဆရာအများအကြီးကိုလည်း တူတူ ခေါ်လာတယ်”
အကြီးအကဲလူနာက မျက်နှာဖြူဖျော့သွားသည်။
“ဘယ်နတ်ဆရာလဲ”
ထိုအချိန်တွင် အပြင်မှ ရယ်မောသံကြားလိုက်ရသည်။
"အကြီးအကဲလူနာ မတွေ့တာကြာပြီပဲ"
ဤ ရွှေဝါရောင်ဝတ်စုံဝတ်ထား၍ နားရွက်ချွန်ချွန်များရှိသော အမျိုးသားတစ်ဦးက လမ်းလျှောက်လာကာ နောက်တွယ်လည်း လူတစ်စုလိုက်ပါလာသည်။ ထွားကြိုင်းသောလူကို မြင်သောအခါ အကြီးအကဲလူနာ၏ အမူအရာက မယုံမကြည်နိုင်ဖြစ်သွားသည်။
“နတ်ဆရာများအနက် အဆင့်မြင့်ဘုန်းတော်ကြီး စတုခ်လီ”
စတုခ်လီက ပြုံးလိုက်သည်။
“အကြီးအကဲလူနာ ကျုပ်တို့ နောက်ဆုံးတစ်ကြိမ်တွေ့ခဲ့တာ လွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းကပဲ။ မင်းဒီလောက် အသက်ကြီးလာမယ်လို့ မမျှော်လင့်ထားဘူး”
ဤသည်ကိုကြားသောအခါ ရီဖုရို၏ အမူအရာက ပို၍ ဒေါသဖြစ်သွားသည်။ ၎င်းတို့အတွက် အမှောင်နတ်သူငယ်မျိုးနွယ်စုတွင် မိခင်နတ်ဘုရားမက ပထမဖြစ်ကာ အကြီးအကဲလူနာက ဒုတိယဖြစ်သည်။ ထို့ကြောင့် ဤကြီးအကဲလူနာသည် မိခင်နတ်ဘုရားမအတွက် ပြောရေးဆိုခွင့်ရှိသူဖြစ်သည်။ ယခု ဤနေရာတွင် စတုခ်လီက ထိုပြောရေးဆိုခွင့်ရှိသူအကြီးအကဲကို စော်ကားနေခြင်းက သဘာဝအလျောက်ပင် သည်းခံချင်စဖွယ်မကောင်းပေ။
ရီဖုရိုက ပေါက်ကွဲတော့မည့်အချိန်၌ အကြီးအကဲလူနာက လက်ကို ဝှေ့ယမ်းကာ စတုခ်လီနှင့် နောက်တွင်ရပ်နေသော အိုလိုရေကို စိုက်ကြည့်နေသည်။
“အိုလိုရေ ရှင် နောက်ဆုံးမှာ ဒီ နတ်ဆရာတွေနဲ့ ပူးပေါင်းမယ်လို့ ကျွန်မ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ နတ်သူငယ်တွေက အမြဲတမ်း ကြားနေတွေဆိုတာ ရှင်မေ့နေပြီလား”
အိုလိုရေက အကြီးအကဲလူနာ၏ မျက်နှာကို ရင်ဆိုင်၍ ရှက်ရွံ့သော အမူအရာမျိုးပြကာ အသက်ပြင်းပြင်းရှူလိုက်သည်။
“အကြီးအကဲလူနာ၊ မင်းမှန်ပါတယ်၊ ငါတို့ နတ်သူငယ် တွေက အမြဲကြားနေသင့်ပါတယ်၊ ဒါပေမယ့် နှစ်ပေါင်းများစွာ ငါတို့ကို အလင်းဘုရားကျောင်းက ဖိနှိပ်တာခံခဲ့ရပြီး ကစားစရာတွေအဖြစ် သဘောထားခံခဲ့ရတယ်လေ"
"ငါတို့ အခုအလိုက်သင့်မနေနရင် အမှောင်နတ်သူငယ်မျိုးနွယ်စုက လုံးဝ ပြီးဆုံးသွားလိမ့်မယ်”
“ဒါဆို နတ်ဆရာအဖွဲ့မှာပါပြီး အမှောင်ကောင်စီအဖွဲ့ဝင်ဖြစ်လာရင်… ရှင်ပြောတဲ့ ပြောင်းလဲမှုက ဒါလို့ပဲထင်လား” အကြီးအကဲလူနာက အနည်းငယ် ဒေါသတကြီး ပြောလိုက်သည်။
အိုလိုရေသည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးမှ ပြောလိုက်သည်။
“ဟုတ်တယ် အနည်းဆုံး ဒီနည်းနဲ့ ငါတို့ အလင်းဘုရားကျောင်းကို ရင်ဆိုင်နိုင်တယ်"
အကြီးအကဲလူနာ၏ မျက်နှာတွင် လှောင်ပြောင်သောအပြုံးတစ်ခု ပေါ်လာသည်။ ထို့နောက် သူမက စတုခ်လီကို ကြည့်၍ ပြောလိုက်သည်။
“နတ်ဆရာကြီး စတုခ်လီ ရှင်ဘာလို့ အမှောင်ညနတ်သူငယ်တွေရဲ့ နယ်မြေဆီရောက်လာတာလဲ”
စတုခ်လီက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
“အကြီးအကဲလူနာ မင်းရဲ့အခက်အခဲကို ကျုပ်တကယ်နားလည်ပါတယ်။ မင်းတို့ နတ်သူငယ်အကာအကွယ်နဲ့ပတ်သက်တဲ့ အရာတချို့ကိုလည်း ကျုပ်သိခဲ့ရသေတးယ်”
“ကျွန်မတို့ကိစ္စဟုတ်လား”
စတုခ်လီက ခေါင်းညိတ်လိုက်သည်။
“အတိအကျပြောရရင် မင်းတို့ရဲ့မိခင်နတ်ဘုရားမ သစ်ပင်အကြောင်းလေ”
“မင်း အမြဲတမ်း ကောင်းကောင်း လျို့ဝှက်ထားနိုင်ပေမယ့် သဘာဝရဲ့ နှလုံးသားကိုနားလည်တဲ့ နတ်ဆရာကြီး တစ်ယောက်အနေနဲ့ မင်းတို့ရဲ့ ဒီ အကာအကွယ်မြေက တဖြည်းဖြည်းကျုံ့သွားတယ်လို့ ခံစားရတယ်။ ပြတ်ပြတ်သားသားပြောရရင် မင်းရဲ့မိခင်နတ်ဘုရားမသစ်ပင်ဟာ တဖြည်းဖြည်းသေဆုံးနေပြီ"
စတုခ်လီက ဘာသိဘာသာပြောလိုက်သည်။
အခန်း (၃၇၇) သဘာဝရဲ့ နှလုံးသား
“မင်း ငါတို့ရဲ့ မိခင်နတ်ဘုရားမကို ဘယ်လိုတောင်စော်ကားရဲတာလဲ။ ငါတို့ တိုက်ကြဖို့ပြောချင်တယ်” ရီဖုရိုက ကြုံးဝါးသည်။
စတုခ်လီကမူ ရီဖုရိုကို လျစ်လျူရှု့လျက် လူနာ၏ မျက်နှာကိုသာ ကြည့်နေသည်။ လူနာ၏ မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးနေသည့် အမူအရာတစ်ခု ပေါ်လာသည်။ ဤကိစ္စကို အချိန်အတော်ကြာ ဖုံးကွယ်ထား၍ ရမည်မဟုတ်ကြောင်း သူမသိသည်။ မိခင်နတ်ဘုရားမသည် ၎င်းတို့၏ ဆုတောင်းချက်များကို မတုံ့ပြန်တော့သည်မှာ အချိန်အတန်ကြာခဲ့ပြီဖြစ်ကာ သူမ နောက်ဆုံးတစ်ကြိမ် တုံ့ပြန်ခဲ့စဥ်က သူမက လူနာကို တစ်ခုသာပြောခဲ့သည်။
‘စွမ်းအားကြီးလူသားတစ်ယောက်ရောက်လာမှာမို့ အမှောင်ညနတ်သူငယ်မျိုးနွယ်စုရဲ့ မျှော်လင့်ချက်တွေကို သူ့ပေါ်ထားလိုက်ပါ’
ဤစကားကို ကြားပြီးစဥ်မှစ၍ လူနာက ထိုအချိန်ကို စောင့်ဆိုင်းနေခဲ့သည်။ သို့သော် နောက်ဆုံးတွင် ရွှယ်အန်းပေါ်လာသောအခါတွင် အံ့ဖွယ်ကောင်းစွာဖြင့် စတုခ်လီကပါ နောက်မှ လိုက်လာခဲ့သည်။
"အဲ့တော့ရော ဘာဖြစ်လဲ" လူနာက ဘာသိဘာသာပြောလိုက်သည်။
ရီဖုရိုက အနည်းငယ် ထိတ်လန့်သွားပြီးနောက် မယုံကြည်နိုင်စွာဖြင့်ပြောသည်။
“အကြီးအကဲလူနာ”
သူ့လူများနှင့် နတ်သူငယ်မျိုးနွယ်စုတစ်ခုလုံး၏ ရှင်သန်ရေးအတွက် မှီခိုအားထားရသော နတ်ဘုရားမက အမှန်တကယ်သေဆုံးသွားပြီကို သူမယုံနိုင်ပေ။
စတုခ်လီက ခပ်ပါးပါးပြုံး၍ ကောင်စီခန်းမထဲမှ သစ်ပင်နှလုံးသားကို ကြည့်ကာ လောဘတကြီးရယ်လိုက်သည်။
“သူ သေသွားပေမယ့် သစ်ပင်နှလုံးသားထဲက ပြင်းထန်တဲ့စွမ်းအင်ကို ကျုပ်ခံစားလို့ရသေးတယ်။ ကျုပ်ကို ဒီ သစ်ပင်နှလုံးသားပဲပေးလိုက်ပါ။ အမှောင်ညနတ်သူငယ်မျိုးနွယ်စုကို နေရာတစ်နေရာပေးပြီးကာကွယ်ပေးမယ်လို့ ကျုပ်တို့ နတ်ဆရာတွေက ကတိပေးပါတယ်”
သူ့စကားလုံးများက ခန်းမတစ်ခုလုံးကို တိတ်ဆိတ်ခြောက်ကပ်သွားစေသည်။ လူနာက အမူအရာကင်းမဲ့စွာဖြင့်ထိုင်နေစဥ် ရီဖုရိုက ကြောင်အစွာ မတ်တပ်ရပ်နေ၏။
“အိပ်မက်ဆက်မက်နေလိုက်။ ငါတို့ မိခင်နတ်ဘုရားမက ဘယ်တော့မှမသေနိုင်ဘူး။ အရေးမပါတာတွေပြောနေတာ မင်းတို့အကုန်သေဖို့ပြင်ထားကြစမ်း”
ဤသို့အော်၍ ရီဖုရိုက လေးကို မြှောက်ကာ မြှားများကို ပစ်လိုက်သည်။
စတုခ်လီကမူ ခေါင်းခါ၍ လှောင်ပြုံးတစ်ခုသာပြုံးလိုက်၏။ မြှားများက သူ့ဆီသို့ မရောက်ခင်၌ပင် ရပ်တန့်သွားကာ ရီဖုရိုက စတင်၍ လွင့်မျောကာ ခြေလက်လေးဘဘက်လုံးကို မည်သည့်နေရာက ပေါ်လာမှန်းမသိသော သစ်နွယ်များက ဖမ်းချုပ်သွားသည်။
“မင်း ခွန်အားဘယ်လောက်ဆုံးရှုံးသွားပြီလဲဆိုတာ သိလား” စတုခ်လီက ခပ်ပါးပါး ရယ်လိုက်သည်။
လေထဲ၌ ချိတ်ဆွဲခြင်းခံရထားရသော ရီဖုရိုက စိတ်ပျက်လက်ပျက်ဖြစ်နေ၏။ အချိန်ကြာလာသည်နှင့်အမျှ သူသည် အမှန်တကယ်ပင် အင်အားနည်းလာကာ ဤအခြေအနေမျိုးသို့ဖြစ်လာလိမ့်မည်ဟု တစ်ခါမျှမတွေးခဲ့ဖူးပေ။
လူနာက ရုတ်တရက် သူ့လက်များကို ဝှေ့ယမ်းလိုက်သည်။
“လုံလောက်ပြီ”
ရီဖုရိုကို ချုပ်နနှောင်ထားသော စပျစ်နွယ်ပင်များက သူမ၏ အမိန့်ကြောင့် ပြတ်ထွက်ကုန်သည်။ ရီဖုရိုက လေထုထဲမှ အောက်သို့ ပြုတ်ကျသွားသည်။
ထိုမှသာလျှင် လူနာက စတုခ်လီကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
“နတ်ဆရာကြီး ရှင်က အမှောင်ညနတ်သူငယ်မျိုးနွယ်စုတစ်ခုလုံးကို ရှင့်လက်အောက်ခံဖြစ်လာဖို့ အကြံပေးနေတာလား”
“အဲ့တာဆို တစ်ခုတည်းသော နည်းလမ်းပဲ” စတုခ်လီက ပြန်ဖြေသည်။
လူနာက အိုရိုရေအားကဲ့ရဲ့လှောင်ရယ်ကာ ပြော၏။
“အိုရိုရေ ဒါက ရှင်ပြောတဲ့ လိုက်လျောညီထွေအောင်လုပ်ရမယ့်နည်းလား။ အလင်းဘုရားကျောင်းရဲ့ နှိပ်စက်ဖိနှိပ်ခံနေရာကနေ နတ်ဆရာတွေ ဖိနှိပ်တာ ခံရုံကလွဲပြီး ဘာမှမထူးခြားဘူး”
စတုခ်လီက အေးစက်စွာပြောလိုက်သည်။
“လူနာ ငါတို့ရဲ့ အတိတ်က ဆက်ဆံရေးကို ထည့်တွေးလိုက်ရင် နတ်ဆရာတွေနဲ့ နတ်သူငယ်တွေဆိုတာ သဘာဝတရားကဖြစ်ပေါ်နေတဲ့မျိုးနွယ်စုတွေပြမို့ မင်းတို့ အမှောင်ညနတ်သူငယ်တွေ ငြိမ်းငြိမ်းချမ်းချမ်းနေစေရမယ်လို့ ကျုပ် ကတိကဝတ်ပြုပါတယ်”
သို့သော် လူနာက ခေါင်းကို ပြတ်ပြတ်သားသားခါလိုက်သည်။
"စကားတွေ မပြောတော့ဘူး၊ အမှောင်ညနတ်သူငယ်တွေက ကျွန်မတို့ရဲ့ မိခင်နတ်ဘုရားမကို ဘယ်တော့မှ ထားခဲ့မှာ မဟုတ်ဘူး။ သူတကယ် သေဆုံးသွားခဲ့ရင်တောင် ကျွန်မတို့မျိုးနွယ်တွေ မပျက်သုဉ်းသွားသရွေ့ အဆုံးထိ ကာကွယ်သွားမှာပါ။"
"ဟုတ်တယ်၊ ငါတို့မျိုးနွယ်စု မျိုးသုဉ်းရမယ်ဆိုရင်တောင်" ရီဖုရိုက ခပ်တည်တည်ပြောလိုက်သည်။
““အခု အခြေအနေက မင်းထိန်းချုပ်မှုကို ကျော်လွန်သွားပြီ”
ဤသို့ဖြင့် ကောင်စီခန်းမတစ်ခုလုံးကို အလွန်ပြင်းထန်သော အငွေ့အသက်များက ဝန်းရံသွားသည်။
"လုနာ မင်းက အရင်က ငါနဲ့ ယှဉ်နိုင်တယ် ဒါပေမယ့် အခု မင်း ငါ့အတွက် လုံးဝကို ပြိုင်ဘက်တစ်ယောက်မဟုတ်ဘူး။ ဒီလို အဓိပ္ပာယ်မဲ့တဲ့ ခုခံမှုကို စွန့်လွှတ်လိုက်၊ ငါ မင်းကို မထိခိုက်စေချင်ဘူး” စတုခ်လီက ကြုံးဝါးသည်။
လူနာက နောက်ဆုံးတွင် ခေါင်းခါလိုက်သည်။
"ဒါက လုံးဝမဖြစ်နိုင်ဘူးဆိုတာ ရှင်သိပါတယ်"
ထို့နောက် သူမသည် ရွှယ်အန်းကို အသနားခံသည့်အကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။ ရွှယ်အန်းက အစ္စဘဲလ်လာနှင့် ယူနာကို အမြန်ခေါ်ဆောင်သွားလိမ့်မည်ဟု မျှော်လင့်နေ၏။
စတုခ်လီသည် ရွှယ်အန်း၏ တည်ရှိမှုကို ယခုပင် သတိပြုမိသော်လည်း သူ့အတွက် လူသားတစ်ဦးမှာ စိုးရိမ်စရာမရှိပေ။ သို့သော် ရွှယ်အန်းက အနည်းငယ်ပြုံး၍ လူနာကို ဘာသိဘာသာခေါင်းညိတ်ပြလိုက်သည်။
"တောင်းပန်ပါတယ် ဒါပေမယ့် အစ္စဘဲလ်လာကို ငါ ခေါ်မသွားနိုင်ဘူး"
လူနာက အံ့အားသင့်သွားကာ စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။
တစ်ဖက်တွင်မူ စတုခ်လီက ရွှယ်အန်းက သူ၏ဖိအားကို အရှုံးပေးသည်ဟု ထင်ကာ အေးစက်စွာရယ်လိုက်သည်။
ရွှယ်အန်းပြောလာသော နောက်ထပ်စကားများက သူ့ကို အံ့အားသင့်စေခဲ့သည်။
"တကယ်တော့ မင်းမိခင်နတ်ဘုရားမနဲ့ ငါ အခုလေးတင် အဆက်အသွယ်လုပ်ထားတာ၊ အခု တကယ်အားနည်းနေပေမယ့် မသေသေးဘူး"
ဤစကားက လူနာကို အံ့အားသင့်စေခဲ့သည်။
"ဘာ"
သူမသည် မိခင်နတ်ဘုရားမနှင့် အချိန်အတန်ကြာ အဆက်အသွယ်မလုပ်ခဲ့ပေ။ ဤလူက နတ်ဘုရားမနှင့် မည်သို့ ဆက်သွယ်နိုင်မည်နည်း။
စတုခ်လီ၏ မျက်နှာက မည်းမှောင်သွားသည်။
"လူသား၊ မင်းကိုယ့်ကိစ္စမဟုတ်ဘဲ ဝင်မပါဖို့ ငါအကြံပေးတယ်။ မဟုတ်ရင်…"
"မဟုတ်ရင် ဘာဖြစ်လဲ၊ ဒီသန့်စင်တဲ့မြေရဲ့အပြင်ဘက်မှာ အမှောင်နတ်ဆရာတွေ အားလုံးက မင်းရဲ့နောက်လိုက်တွေပဲ မဟုတ်ဘူးလား၊ ငါတို့ သဘောတူလို့ မရရင် အမှောင်ညနတ်သူငယ်အားလုံးကို သတ်ပစ်ဖို့ စီစဉ်နေတာမလား"
ဒီစကားက စတုခ်လီ၏ မျက်နှာကို သိသိသာသာ ပြောင်းလဲသွားစေသည်။
“မင်း … မင်း” "
ထို့နောက် သူက အံကြိတ်လျက် မုန်းတီးစွာ ပြောသည်။
"သူ မသေသေးဘူးလို့ ပြောတာလား။ ဒါဆို ဘာလို့ သူမ ပေါ်မလာသေးတာလဲ မင်းသိလား။ ငါ အခု သူ့ပြောရေးဆိုခွင့်ရှိသူကို ရန်စနေတာလေ သူထွက်လာရမှာပေါ့"
စတုခ်လီ၏ စကားများက လှောင်ပြောင်သရော်မှုများ ပြည့်နှက်နေသည်။
သို့သော် ရွှယ်အန်းက သူ့ကို မတုံ့ပြန်ဘဲ လျှို့ဝှက်ဆန်းကြယ်သော မန္တန်ကို ရေရွတ်၍ လက်ညှိုးတစ်ချောင်းဖြင့် ကောင်စီခန်းမခေါင်းမိုးသို့ ပေါ့ပါးစွာ ထိုးပြလိုက်သည်။
ဘမ်း
အနည်းငယ်တုန်ခါသွားပြီးနောက် ပင်ပန်းနွမ်းနယ်နေသော အမျိုးသမီးအသံတစ်ခုထွက်လာကာ ရောက်ရှိလာသူအားလုံးအံ့ဩသွားကြသည်။
" လူနာ၊ မင်း ဒီရက်တွေမှာ အခက်တွေ့နေရတယ် "
ဤစကားကိုကြားသောအခါ လူနာတုန်လှုပ်သွားသဖြင့် စိတ်လှုပ်ရှားစွာ မျက်ရည်ကျမိသည်။ ရီဖုရိုလည်း စိတ်လှုပ်ရှားစွာဖြင့် ဒူးထောက်လိုက်သည်။
“ကြီးမြတ်သောမိခင်နတ်ဘုရားမ”
သို့သော် စတုခ်လီ၏ အမူအရာကမူ ပြောင်းလဲသွားသည်။ ရွှယ်အန်းပြောသည့်အတိုင်းပင် သူ အပြည့်အဝပြင်ဆင်လာခဲ့သည်။
သဘောတူညီချက်တစ်ခုရနိုင်လျှင် အကောင်းဆုံးဖြစ်မည်မှန်သော်လည်း သဘောမတူလျှင် ကိုယ်တိုင်သိမ်းပိုက်ပစ်မည်။ သို့သော် ရွှယ်အန်းက အားလုံး၏ အလယ်၌ ရုတ်တရက်ပေါ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
မိခင်နတ်ဘုရားမ ပြန်လည် ပေါ်ထွန်းလာခြင်းသည် သူ၏အကြံအစည်အားလုံးကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။
တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ပြင်းထန်သောရက်စက်မှုတစ်ခုသည် စတုခ်လီ ၏မျက်နှာပေါ်တွင် ဖြည်းညှင်းစွာပေါ်လာသည်။
"သူမသေရင်တောင် ဘာကွာခြားသွားသလဲ။ သူ့အသက်ရှင်သန်မှုက ဒီအတိုင်းအတာအထိ ယိုယွင်းနေပြီ။ အသက်ရှင်နေသေးသလား၊ သေသလား၊ ဘာကွာသလဲ သူက မင်းရဲ့ အမှောင်နတ်သူငယ် မျိုးနွယ်စုကို မကာကွယ်နိုင်သေးဘူး"
"ဒါဆို ဒီတစ်ခါတော့ သစ်ပင်ရဲ့ နှလုံးသားက ငါ့ဟာပဲ”
ထို့နောက် စတုခ်လီ၏ ခန္ဓာကိုယ်သည် လေထဲသို့ ပျံတက်သွားကာ မရေမတွက်နိုင်သော သစ်ကိုင်းများနှင့် နွယ်ပင်များ ပေါ်လာသည်။
"သူတို့အားလုံးကိုသတ်ပစ်" သူက အေးစက်စွာ အမိန့်ပေးလိုက်သည်။
အိုရိုရေလည်း လန့်သွား၏။
"နတ်ဆရာ ခင်ဗျား နတ်သူငယ်မျိုးနွယ်ကို မထိခိုက်စေဘူးလို့ ကတိပေးထားတယ်"
ဘမ်း
မြွေကဲ့သို့ လျင်မြန်သော စပျစ်နွယ်ပင်သည် လည်ပင်းကို ချက်ချင်း ရစ်ပတ်ကာ လေထဲသို့ မြှောက်၍ အားအပြည့်ဖြင့်ညှစ်လိုက်သည်။
ခေါင်းတစ်လုံး မြေပြင်ပေါ်ကျသွား၏။
စတုခ်လီက အော်လိုက်သည်။
"ငါ မင်းကို ကတိပေးခဲ့သလား၊ ဒီနေ မနာခံတဲ့လူအကုန် သေရလိမ့်မယ်"
ဤသွေးထွက်သံယိုမြင်ကွင်းကြောင့် လူနာနှင့် နတ်သူငယ်တို့အားလုံး တပြိုင်နက် ထိတ်လန့်သွားကြသည်။
လူနာက ပို၍ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။
"အံဩစရာပဲ ရှင်က သဘာဝတရားရဲ့ နှလုံးသားနဲ့ လုံးဝ မထိုက်တန်ဘူး"
"ဟေး သဘာဝတရားရဲ့ နှလုံးသားဆိုတာ ဘာလဲ၊ စစ်မှန်တဲ့ သဘာဝတရားက အားနည်းတဲ့သားကောင်တွေကို သန်မာတဲ့ လူတွေက အနိုင်ယူတာပဲ"
ဤသို့ပြောလိုက်သည့်အခိုက်တွင် လူနာဆီသို့ မရေမတွက်နိုင်သော စပျစ်နွယ်ပင်များ စတင်တိုက်ခိုက်တော့သည်။
အခန်း(၃၇၈) ငါ့ရှေ့မှာ အရာခပ်သိမ်း အရှုံးပေးရမယ်
ယင်းတို့အနက် တစ်ပင်က ရွှယ်အန်းကို ပစ်မှတ်ထားသည်။
စတုခ်လီသည် ရွှယ်အန်းအပေါ် ကြီးမားသော မုန်းတီးမှုကို ဖုံးကွယ်ထားသည်။ သူ့ကြောင့်မဟုတ်ပါက ရှုပ်ထွေးမှုများစွာရှိမည်မဟုတ်ပေ။
၎င်းတို့အားလုံးကိုသတ်၍ မြင့်မြတ်သောအဆင့်အတန်းကိုရရှိရန် သစ်ပင်၏နှလုံးကို သိမ်းပိုက်ပြီးနောက်၊ သူသည် နတ်ဆရာများ၏ စစ်မှန်သော ဘုရားသခင်ဖြစ်လာမည်ဖြစ်သည်။
မဟုတ်သေး၊ သဘာဝတရား၏ ဘုရားသခင်ဟု ဆိုရပေမည်။
ထိုအတွေးဖြင့် စတုခ်လီ၏ ပါးစပ်ထောင့်တွင် မှင်သက်သော အပြုံးတစ်ခု ပေါ်လာသည်။ သို့သော် နောက်တစ်စက္ကန့်၌ သူ့အပြုံးက အေးခဲသွားသည်။
အကြောင်းမူကား၊ တဟုန်းဟုန်းတောက်နေသော စပျစ်နွယ်ပင်များ အားလုံးသည် လေထဲတွင် ရုတ်တရက် ရပ်သွားကြခြင်းကြောင့်ဖြစ်သည်။ ထို့နောက် ပကတိဘုရင်ကို တွေ့ကြုံရသကဲ့သို့၊ ၎င်းတို့အားလုံးက မြေပြင်ပေါ်တွင် ဦးညွတ်ကာ ညှိုးနွမ်းနေသော အကိုင်းအခက်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။
"ဘာ... ဘာဖြစ်နေတာလဲ" စတုခ်လီက သူ့မျက်လုံးများကို မယုံနိုင်ဘဲ ကျယ်လောင်စွာ အော်လိုက်သည်။
သို့သော် ရွှယ်အန်းက ညှိုးနွမ်းနေသောသစ်ကိုင်းများပေါ်တက်ကာ ဖြည်းညှင်းစွာချဉ်းကပ်လာ၏။
"မင်း သဘာဝကို ထိန်းချုပ်ထားပြီး ကိုယ့်ကိုကိုယ် စွမ်းအားအကြီးဆုံးလို့ယုံနေပေမယ့် ငါ့ရှေ့မှာတော့ အရာအားလုံးက အရှုံးပေးရလိမ့်မယ်ဆိုတာ မင်းမသိဘူး"
ထိုသို့ပြောပြီးနောက် ရွှယ်အန်းက လက်ဖျောက်တစ်ချက်တီးလိုက်သည်။
ကြီးမား၍ အားကြီးသော စွမ်းအားတစ်ခု သူ့ထံရောက်လာသည်ကို စူးစူးရဲရဲ ခံစားလိုက်ရပြီးနောက် ထိတ်လန့်တုန်လှုပ်စွာဖြင့် ချက်ချင်းပင် သူ့ကိုယ်သူ စပျစ်နွယ်ပင်အလွှာများဖြင့် ရစ်ပတ်ကာကွယ်လိုက်သည်။ သို့သော် ယင်းက မည်သို့မျှ မစွမ်းဆောင်နိုင်ခဲ့ပေ။
ထိုတစ်ချက်တည်းသော စွမ်းအားက သူ့ပတ်ဝန်းကျင်တွင် ရစ်ပတ်နေသော နွယ်ပင်များအားလုံးကို ကွဲကြေသွားစေသည်။
“မဖြစ်ဘူးးး” စူးစူးဝါးဝါးအော်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ထွက်ပြေးရန် ကြိုးစားသည်။
သို့သော် မရေမတွက်နိုင်သော စပျစ်နွယ်ပင်များက ၎င်းတို့၏သခင်ကို ဆန့်ကျင်ကာ လေထဲတွင် အခိုင်အမာ ချုပ်နှောင်ပစ်လိုက်ကြသည်။
"အခုတော့ သတ်ဖို့ပဲဖြစ်ဖြစ် သက်ညှာပေးဖို့ပဲဖြစ်ဖြစ် ခင်ဗျားအပေါ်ပဲ မူတည်တယ်”
“ဟူး”
ခပ်တိုတို သက်ပြင်းသံတစ်သံသည် ရှိနေသူအားလုံး၏ နှလုံးသားအတွင်း၌ ပဲ့တင်ထပ်နေသည်။
“မိခင်နတ်ဘုရားနကြီး ကျွန်တော် ကိုယ့်အမှားကိုယ်နားလည်ပြီ ကျွန်တော့်ကို စာနာ သနားပါ”
"နတ်ဆရာ မင်းရဲ့ သဘာဝတရားရဲ့ နှလုံးသားဟာ တိမ်မြုပ်သွားပြီ။ မင်းသိထားသင့်တာက သဘာဝတရားဟာ အသန်မာဆုံးလူက ရှင်သန်ခြင်းအတွက်သာ မဟုတ်ဘဲ အလှတရားနဲ့ တက်ကြွမှုတွေနဲ့ ပြည့်နှက်နေတယ်။ မင်းနဲ့ငါ နှစ်ယောက်လုံးက သဘာဝက ပေါက်ဖွားလာတာမို့ အခုပဲ ငါ့ဆီ ပြန်လာခဲ့"
ထိုသို့ပြောပြီးနောက် မရေမတွက်နိုင်အောင်များပြားသော စပျစ်နွယ်ပင်များက စတုခ်လီကို လွှမ်းခြုံသွားသည်။
အော်ဟစ်ပြီးနောက် စပျစ်နွယ်ပင်များ ပြန့်ကျဲသွားကာ စတုခ်လီ သည် လေထုထဲတွင်မရှိတော့ဘဲ ရွှေရောင်၀တ်ရုံသာ ကျန်ခဲ့သည်။ လူနာနှင့် နတ်သငယ်များအားလုံး ကြောင်အစွာ ကြည့်နေကြသည် ။
မိခင်နတ်ဘုရားမသည် အမြဲတစေ အလွန်တရာ ကြင်နာသနားတတ်သူဖြစ်သည်။ သို့သော် မမျှော်လင့်ဘဲ သူမသည် ဤတစ်ကြိမ်တွင် သတ်ဖြတ်ပစ်ခဲ့သည်။
သို့သော် ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်သည်။
"ကောင်းပြီ၊ အနည်းဆုံး ခင်ဗျား ခုခံဖို့ သင်ယူပြီးပြီ၊ နောက်ပြီး ခင်ဗျားကို နောက်တစ်ခေါက်လောက် ကူညီပါရစေ"
ထို့နောက် သူက လူနာကိုလှည့်ကြည့်၍ ပြောလိုက်သည်။
"ကျေးဇူးပြုပြီး ငါ့မိန်းမကို ပြန်ခေါ်ပေးပါ"
လူနာက ခေါင်းညိတ်ပြလိုက်ပြီးနောက် ရီဖုရိုက
ချက်ချင်းပြောသည်။
"ကျွန်တော် သူ့ကို ခေါ်လိုက်မယ်"
ခဏအကြာ၌ အန်းယန်ပြန်ရောက်လာသည်။
ယူနာနှင့် တခြားများက ဤသတင်းကိုကြားကာ ပြေးလိုက်ကြသည်။ ရွှယ်အန်းက အန်းယန်ဝတ်ထားသော မုန်ညင်းစေ့လက်စွပ်ထဲမှ ကျောက်စိမ်းကျောက်ရုပ်တချို့ကို ယူလိုက်သည်။
ဤအရာများကိုမြင်သောအခါ မိခင်နတ်ဘုရားမ၏ အံ့ဩထိတ်လန့်နေသော အသံထွက်ပေါ်လာ၏။
"မင်း... မင်းမှာ တကယ်ရှိလား"
ရွှယ်အန်းက ပြုံးရုံပြုံးကာ နှုတ်ဆိတ်နေပြီးနောက် ဝိညာဉ်ကျောက်တုံးများစွာကို ထုတ်ကာ အကာအကွယ် တစ်ခုကို ညင်သာစွာဆွဲလိုက်သည်။
ထို့နောက် သူက လက်ကိုဝှေ့ယမ်းလိုက်သောအခါ
စူးရှတောက်ပသော အဖြူရောင်အလင်းတန်းတစ်ခု ကောင်းကင်သို့ ထွက်ပေါ်သွားသည်။ များပြားလှသော ဝိညာဉ်စွမ်းအင်များက သစ်ပင်မှ တိုက်ရိုက်ဝင်ရောက်လာသည်။ သစ်ပင်ကြီးသည်
ငိုက်မျဉ်းရာမှ နိုးလာသည့်အလား အနည်းငယ်တုန်ခါကာ အော်ဟစ်သံများထွက်လာသည်။
ထို့နောက် နတ်သူငယ်များအားလုံး၏ ခွန်အားများ တဖြည်းဖြည်း ပြန်ရောက်လာသည်ကို ခံစားခဲ့ရသည်။
နတ်သူငယ်နယ်မြေတစ်ခုလုံးသည်လည်း တဖြည်းဖြည်းချင်း မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွား၍ ကြွယ်ဝသော ဝိညာဉ်စွမ်းအင်များ တဖြည်းဖြည်း ပြန်လည်ရောက်ရှိသွားသည်။
ဤဖြစ်စဉ်ကြောင့် အလိုအလျောက်ပင် မရေမတွက်နိုင်သော ရွှင်မြူးအော်သံများ ဖြစ်ပေါ်လာသည်။ ထို့နောက် ကောင်စီခန်းမနံရံမှ စပျစ်နွယ်ပင်တစ်ပင်သည် ပန်းဖူးပွင့်၍ အဆုံးသတ်သွားသည်။ အဖူးက အကြိမ်အနည်းငယ် လှုပ်သွားပြီးနောက် ရုတ်တရက် ပွင့်လာသည်။ ပန်းပွင့်၏ အလယ်ဗဟိုတွင် ရင်သပ်ရှုမောဖွယ် လှပ၍ အစိမ်းရောင်ဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ထွက်ပေါ်လာသည်။
သူမ၏ အသွင်အပြင်က အနည်းငယ် မှုန်ဝါးနေသော်လည်း သူမဆီမှ ပြင်းထန်သော သဘာဝစွမ်းအားတစ်ခု ဖြာထွက်နေသည်။
နတ်သူငယ်များအားလုံး ဝမ်းသာပီတိဖြစ်ကာ ဒူးထောက်လိုက်ကြသည်။
"မိခင်နတ်သမီးကြီး"
ပေါ်လာသော အမျိုးသမီးမှာ ဤဧရာမသစ်ပင်၏ ဝိညာဉ်ဖြစ်သည်။ သူမသည် မြေပြင်ပေါ်သို့ သပ်ရပ်စွာ ဆင်းသက်ပြီးနောက် ရွှယ်အန်းကို ဦးညွတ်လိုက်သည်။
"သခင်လေး၊ ကူညီပေးလို့ ကျေးဇူးတင်ပါတယ်"
နတ်သူငယ်များအားလုံးကလည်း ရွှယ်အန်းကို တစ်ခဲနက် ဦးညွတ်လိုက်ကြသည်။
"ကျေးဇူးတင်ပါတယ် သခင်"
ဤမြင်ကွင်းက နောက်ကျမှရောက်လာသော ရှန်းရှန်း၊ နျန်နျန် နှင့် အစ္စဘဲလ်လာတို့ကို အံ့ဩစေသည်။
"ဖေဖေ၊ ဘာဖြစ်နေတာလဲ" ကောင်မလေးနှစ်ယောက်က စိတ်ဝင်တစားမေးသည်။
ရွှယ်အန်းက ပြုံးပြကာ စကားမပြောရသေးခင်တွင် အမျိုးသမီးသည် နတ်ဂါထာကို ညင်သာစွာ ရွတ်ဆိုကာ အလွန်နူးညံ့သော နတ်စွမ်းအင်များက ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့ကို လွှမ်းခြုံသွားသည်။
ရွှယ်အန်းက အနည်းငယ် လန့်သွားကာ ပေါ့ပေါ့ပါးပါး ရယ်လိုက်သည်။
"ဒါက… မင်းသဘောကောင်းလိုက်တာ"
"ဒါ ကျွန်မတာဝန်ပါ" သစ်ပင်ဝိဉာဉ်က လေးလေးစားစား ပြောသည်။
လူနာက တုန်ယင်နေသော အသံဖြင့်ပြော၏။ "သဘာဝနတ်ဘုရားမရဲ့ အကာအကွယ်လား"
အမှန်စင်စစ် ရွှယ်ရှန်း နှင့် ရွှယ်နျန်တို့ကို လွှမ်းခြုံထားသည့် နတ်စွမ်းအင်သည် မိခင်နတ်ဘုရားမ၏ အဆုံးစွန်သောအကာအကွယ်တစ်ခုဖြစ်သည်။မိခင်နတ်ဘုရားမ တည်ရှိနေသရွေ့ ကလေးနှစ်ယောက်လုံးကို တိုက်ခိုက်ခြင်းမှ ခြွင်းချက်မရှိ အကာအကွယ်ပေးလိမ့်မည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် ဤသည်က ရွှယ်အန်းအပေါ် ကျေးဇူးပြန်ဆပ်ရန်သာဖြစ်သည်။
"ဒီဝိဉာဉ်ကျောက်တုံးအကာကွယ်က မင်းရဲ့ လက်ရှိ ပြဿနာတွေကို ဖြေရှင်းနိုင်ပေမယ့် မူလဇစ်မြစ်က မင်းရဲ့ဝိညာဥ်အမြစ်နဲ့ တည်ရှိနေတယ်"
သစ်ပင်ဝိညာဉ်က ခါးသက်စွာပြုံး၏။
"အရှင် မှန်ပါတယ်၊ ကျွန်မရဲ့ ဝိညာဉ်အမြစ်က လျှို့ဝှက် နယ်ပယ်တစ်ခုမှာ စိုက်ပျိုး ထားပေမယ့် အကြောင်းတစ်ခုခုကြောင့် လူတစ်ယောက်က ထိခိုက်စေခဲ့လို့ ကျွန်မ သေလုမျောပါးဖြစ်ခဲ့ရတယ်”
"လျှို့ဝှက်နယ်မြေ၊ ဘယ်လျှို့ဝှက်နယ်မြေလဲ" ရွှယ်အန်းက မေးသည်။
"ကျွန်မ ဒီအကြောင်းကို သိပ်ရှင်းရှင်းလင်းလင်းမသိရပေမယ့် အဲ့လျှို့ဝှက်နယ်မြေက အရမ်းကျယ်ပြောပြီး ဝိညာဉ်စွမ်းအင်တွေ ကြွယ်ဝလို့ အဲ့မှာနေထိုင်တဲ့ သတ္တဝါအများစုက နတ်ဆိုးမျိုးနွယ်ဝင်တွေပဲ"
ရွှယ်အန်း၏ စိတ်ဝင်စားမှုမှာမြင့်တက်လာသည်။
"နတ်ဆိုးမျိုးနွယ်စုရဲ့ လျို့ဝှက်နယ်မြေလား"
“ဟုတ်ပါတယ် အရှင်"
"ဒါက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ်။ ဒီလျှို့ဝှက်နယ်မြေကို ရှာတွေ့သေးလား"
သစ်ပင်ဝိညာဉ်က ခေါင်းခါလိုက်သည်။
"ကျွန်မရဲ့ဝိညာဉ်ရေးအမြစ်ကို ဖျက်ဆီးပြီးတဲ့ နောက်မှာ ထပ်ရှာဖို့ကြိုးစားခဲ့ပေမယ့် မရခဲ့ဘူး။ အဆက်အသွယ်ပြတ်တောက်သွားရုံပဲရှိပေမယ့် လျှို့ဝှက်နယ်မြေက ကမ္ဘာပေါ်မှာရှိနေတုန်းပဲ၊ ဒါပေမယ့် မတွေ့နိုင်တော့ဘူး"
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
ထိုညတွင် ရွှယ်အန်းမိသားစုသည် နတ်သူငယ်နယ်မြေတွင် တည်းခိုခဲ့သည်။ မိခင်နတ်ဘုရားမ ပြန်လာခြင်းသည် နတ်သူငယ်များ အားလုံးကို ပျော်ရွှင်စေခဲ့သည်။
ထို့ကြောင့် ၎င်းတို့က အလွန်ခမ်းနားသော မီးပုံပွဲကျင်းပခဲ့သည်။
ဂုဏ်အရှိဆုံးဧည့်သည်အဖြစ် ရွှယ်အန်းသည် စားပွဲ၏ခေါင်းရင်းတွင် ထိုင်ရသည်။
ထမင်းစားချိန်ရောက်သောအခါ ရွှယ်အန်းသည် အစ္စဘဲလ်လာနှင့် ယူနာတို့ အဘယ်ကြောင့် ဤမျှလောက်စွန့်စားရန် ဆန္ဒရှိနေကြသည်ကို ရုတ်တရက် သိလိုက်ရသည်။
နတ်သူငယ်နယ်မြေရှိ အစားအစာက အရသာမရှိသောကြောင့်ဖြစ်သည်။
ဤနေရာ၌ နေရာတိုင်းတွင် အမျိုးမျိုးသော တိရစ္ဆာန်ငယ်များ ရှိသော်လည်း သဘာဝအတိုင်း သဘောထားကြီးသော နတ်သူငယ်များက ၎င်းတို့ကို မသတ်ဖြတ်ဝံ့ကြပေ။
ထို့ကြောင့် အသီးအနှံများကိုသာ စားနိုင်ကြသည်။
အသီးကို ကိုက်ပြီးချိန်၌ အသီးက ကောင်းသည်ဟု ထင်ရသော်လည်း အနည်းငယ်ဝါးပြီးလျှင် အရသာ မရှိလှတော့ပေ။
ရွှယ်အန်းနှင့် အခြားသူများက အပြင်မှ အစားအစာများနှင့် အသားကျနေကြသောကြောင့် မျိုချရန် အနည်းငယ် ခက်ခဲနေကြသည်။
သို့သော် ဤနေရာ၌ ဝိုင်က အလွန်ကောင်းသည်။
သစ်ပင်ရည်နှင့် ရောစပ်ထားသော သဘာဝ တောရိုင်းအသီးအနှံ သက်သက်ဖြင့် ပြုလုပ်ထားသောကြောင့် ချိုမြိန်ကာ ကလေးငယ်များပင် အနည်းငယ် သောက်သုံးနိုင်သည်။
အန်းယန်က ဤအရသာကို အလွန်ကြိုက်နှစ်သက်သဖြင့် တစ်ထွက်ပြီးတစ်ခွက် သောက်လျက်ရှိသည်။ သူမသောက်သည်ကိုမြင်သောအခါ နတ်သူငယ်များစွာက တခစ်ခစ်ရယ်ကြသည်။
အန်းယန်သည်လည်း ဤနတ်သူငယ်များက မည်သည့်အရာများကို တီးတိုးပြောနေကြခြင်းဖြစ်သည်ကို တွေးကာ အံ့ဩလျက်ရှိသည်။
ထိုစဉ် သူမ၏ဗိုက်ထဲမှ သစ်သီးဝိုင်များက ရုတ်တရက် မူးဝေမူးယစ်ခြင်းသို့ ပြောင်းလဲသွားသည်။ အန်းယန်က မျက်တောင် ပုတ်ခတ်ပုတ်ခတ်ဖြင့် မူးယစ်ကာ မြေပြင်ပေါ်သို့ ခုန်ဆင်းသွားသည်။
ရွှယ်အန်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော အန်းယန်ကို ကြည့်၍ ပြုံးကာ မချီ၍ သူ့ဘေးရှိ ဧည့်ကုလားထိုင်ပေါ်တွင် တင်လိုက်သည်။
“ဒီအရူးမလေးက ဒါကို အချိုရည်လို့ တကယ်ထင်နေတာလား တစ်အိုးလုံးသောက်လိုက်တယ်”
"သခင်၊ ဤအသီးအနှံဝိုင်မှာ သဘာဝစွမ်းအားတွေပါပါတယ်။ မူးပြီးရင် အပြည့်အဝပြန်ကောင်းဖို့ အိပ်ဖို့ပဲလိုပြီး မိန်းကလေးရဲ့ အသားအရည်နဲ့ ကျန်းမာရေးအတွက် အကျိုးကျေးဇူး အများကြီးရတယ်။ ဒါ့ကြောင့် မူးမှာကို စိတ်မပူနဲ့နော်”
ထိုစကားကိုကြားသောအခါ ရွှယ်အန်းက မည်သည့် အမူအရာမျှမပြပေ။
သို့သော် အရက်တစ်စက်မျှမသောက်ဘဲ ဘေးမှာထိုင်နေသည့် ကွင်တီနာက ချက်ချင်းဆိုသကဲ့သို့ပင် စားပွဲကို ရိုက်ကာ အော်လိုက်သည်။
"ကျွန်မကို တစိအိုးယူလာပေးပါလား"
"မသောက်တတ်ဘူးထင်နေတာ" ယူနာက စိတ်ဝင်တစား မေးသည်။
"ဒီနေ့ ခြွင်းချက်ထားလိုက်ပြီလေ”