← Chapters

အခန်း (၃၇၉-၃၈၁)

Vol. 26 Ch. 379-381

အခန်း (၃၇၉-၃၈၁)

Vol. 26 Ch. 379-381

အခန်း (၃၇၉) နတ်စွမ်းအင်

ကွင်တီနာသည် စပျစ်ရည်ကို တစ်ကျိုက်ချင်းတစ်ကျိုက်ချင်း စတင်သောက်ချပစ်လိုက်သည်။ ရွှယ်အန်းသည် ကုလားထိုင်ပေါ်တွင် ထိုင်ကာအောက်ခြေမှ ပျော်ပါးနေသော နတ်သူငယ်များကို ကြည့်နေသည်။

သူ့သမီးနှစ်ယောက်က အစ္စဘဲလ်လာနှင့် အရူးအမူးကစားနေကြသည်။

နွေးထွေးပျော်ရွှင်သော မြင်ကွင်းက ရွှယ်အန်းပြုံးသွားစေသည်။

လွန်ခဲ့သည့်နှစ်များက အဆုံးမဲ့စကြဝဠာများတစ်လျှောက် ခရီးသွားစဉ်တွင် သူသည် နတ်သူငယ်မျိုးနွယ်စုနှင့် ကြုံတွေ့ခဲ့ရသည်။ ထိုအချိန်ကတည်းက စ၍ သူက ဤငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်မှုကို ချစ်မြတ်နိုးသော စိတ်ကောင်းနှလုံးကောင်းရှိသော လူမျိုးကို နှစ်သက်ခဲ့ကာ ကူညီပေးရန် ဆန္ဒရှိခဲ့သည်။

ရွှယ်အန်းက ဝိုင်တစ်ခွက်ကို ဖြည်းညှင်းစွာသောက်လိုက်ပြီးနောက် အပြုံးတစ်ခုဖြစ်ပေါ်လာသည်။ သို့သော် အကြင်နာဆုံး လူမျိုးများ၌ပင် ဒေါသထွက်ရသည့် အခိုက်အတန့်မျိုးရှိသည်။

ယခုကဲ့သို့ပင်ဖြစ်၏။

နတ်သူငယ်နယ်မြေ အပြင်၌ စွန့်ပစ်ထားသော ခြံကွင်းတစ်ခုရှိကာ အမှောင်နတ်တရာ တစ်စာက တိတ်ဆိတ်စွဋ

ချောင်းမြောင်းနေကြသည်။

၎င်းတို့၏ ခေါင်းဆောင် နတ်ဆရာကြီးစတုခ်လီ ဝင်လာပြီးကတည်းက ခုနစ်နာရီမှ ရှစ်နာရီကြာခဲ့ပြီဖြစ်ကာ အမှောင်နတ်ဆရာ အုပ်စုသည် အနည်းငယ် မငြိမ်မသက် ဖြစ်နေသော်လည်း မကူညီနိုင်ပေ။

“အရှင် နတ်ဆရာကြီး ဘာလို့ ကြာနေတာလဲ”” တစ်ယောက်ယောက်က သဘာဝဘာသာစကားဖြင့် ခပ်တိုးတိုးမေးသညိ။

မှော်နက်သခင်ဟုခေါ်သော ထို့ရန်သည် ထိုနတ်ဆရာများအနက် နတ်ဆရာကြီး စတုခ်လီပြီးလျှင် ဒုတိယအဆင့်သာရှိသောသူဖြစ်သည်။

ထို့ရန် လည်း အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

နောက်ဆုံးတွင် သေဆုံးသွားသော နတ်သူငယ်နတ်ဘုရားမနှင့် ရင်ဆိုင်နေးရသည်မှာ ဤမျှထိ ကြုမနေသင့်ပေ။

သို့သော်လည်း ထို့းရန် သည် စတုခ်လီကို အလွန်ယုံကြည်မှုရှိသဖြင့် သူ့အတွက် မည်သည့်အရာမျှ မဖြစ်လာနိုင်သည်ကိုယုံကြည်သောကြောင့် နက်နဲသော အသံဖြင့် ပြောလိုက်သည်။

"နတ်ဆရာကြီးက ငါတို့ကို ဒီမှာစောင့်နေဖို့ အမိန့်ပေးတဲ့အတွက် ဒေါသတကြီးမလုပ်နဲ့၊ ခဏလောက်စောင့်ရအောင်၊ မကြာခင် သူထွက်လာလိမ့်မယ်"

“ဟုတ်”

ထို့နောက်၊ နတ်ရာများထဲမှ တစ်ယောက်က ရယ်မောလိုက်သည်။

"ဟီးဟီး၊ ဒီ နတိသူငယ် တွေအားလုံး အရမ်းလှတယ်။ ဒီပြိုင်ပွဲကို ပြီးလို့ သူတို့ကိုဖမ်းမိတာနဲ့ ငါတို့ ပျော်ရလိမ့်မယ်"

သူ၏စကားများက နတ်ဆရာများစွာကို ရယ်မောစေခဲ့သည်။

ခေါင်းစဉ်က တဖြည်းဖြည်း ပိုညစ်ပတ်လာသည်။

ထို့ရန်က စကားတစ်ခွန်းမျှမပြောပေ။

နတ်ဆရာတစ်ဦးအနေဖြင့် လျှို့ဝှက်ဆန်းကြယ်မှုတို့ကို ထိန်းသိမ်းထားရမည်ဖြစ်သဖြင့် တိတ်ဆိတ်နေသည်။ သို့သော် သူ့လက်အောက်ငယ်သားများ၏ ပြောဆိုမှုကို လေးလေးနက်နက် သဘောတူသည်။

ထို လှပသော နတ်သူငယ်များကို တွေးတောရင်းဖြင့် သူ့နှလုံးခုန်နှုန်းက ပိုမို မြန်ဆန်လာသည်။ ဤနတ်ဆရာအဖွဲ့က

ရွှင်မြူးစွာ စကားစမြည်ပြောနေစဉ် ညသည် ရုတ်တရက် တိတ်ဆိတ်သွားသည်။

သူတို့အောက်ရှိ မြေပြင်မှ တုန်ခါမှု အနည်းငယ် ထွက်ပေါ်လာသဖြင့် ထို့ရန် အနည်းငယ် လန့်သွားသည်။

ထို့နောက် ပြင်းထန်သော သဘာဝ၏ တွန်းအားကို သူ ရုတ်တရက် ခံစားလိုက်ရသည်။

သူ့အမူအရာက ချက်ချင်း ပြောင်းသွားသည်။

"ငါတို့ တိုက်ခိုက်ခံနေရတယ်"

သို့သော် တုံ့ပြန်မှုက အနည်းငယ် နောက်ကျနေ၏။

အနည်းဆုံး အမှောင်နတ်ဆရာ တစ်ဒါဇင်ကို စပျစ်နွယ်ပင်များက ချက်ချင်း လွှမ်းခြုံသွားခဲ့သည်။

ညအမှောင်တွင် မရေမတွက်နိုင်သော မြွေများ သွားနေသကဲ့သို့ တွန့်လိမ်နေသည့် စပျစ်နွယ်ပင်များ တွားသွားသံကို နေရာတိုင်းတွင် ကြားနေရသည်။ ဤထိတ်လန့်စရာကောင်းသောမြင်ကွင်းသည် ထို့ရန်၏ ၏ကျောရိုးကို အေးစိမ့်သွားစေသည်။

"ငြိမ်ငြိမ်နေ"

အမိန့်အောက်တွင် ဒါဇင်ပေါင်းများစွာသော မီတာအကွာအဝေးအတွင်းမှ စပျစ်နွယ်ပင်များအားလုံး ရပ်တန့်သွားသည်။

ထို့ရန်က အသက်ပြင်းပြင်းရှူလိုက်သည်

"မင်းတို့အားလုံး အသွင်ပြောင်းကြ"

ကျန်အမှောင်နတ်ဆရာ နှစ်ဆယ် သို့မဟုတ် သုံးဆယ်သည် အမိန့်ပေးသံကြောင့် တိရစ္ဆာန်မျိုးစုံအဖြစ်သို့ ပြောင်းလဲသွားသည်။

အမှောင်ဝံပုလွေများ၊ လင်းယုန်နက်ကြီးများအပြင်

အရပ်သုံးမီတာကျော် ဝက်ဝံနက်ကြီးများအဖြစ်ပင် ပြောင်းလဲသွားသည်။ ဤသည်မှာ နတ်ဆရာများ၏ အပြင်းထန်ဆုံး စွမ်းအားဖြစ်သည့် ရုပ်ပြောင်းရုပ်လွှဲပညာပင်ဖြစ်သည်။

အကယ်၍ စတုခ်လီသည် ရွှယ်အန်းမှ စပျစ်နွယ်ပင်များကို မထိန်းချုပ်နိုင်ခဲ့ပါက အသွင်ပြောင်းခြင်းကို အသုံးပြု၍ နတ်ဘုရားမ၏ အလွယ်တကူ သတ်ပစ်ခြင်းကို ခံရမည်မဟုတ်ပေ။

ယခု ဤနတ်ဆရာများအားလုံး အသွင်ပြောင်းသွားသောအခါ ထို့ရန်က နောက်ဆုံး၌ အနည်းငယ် ယုံကြည်မှု ပိုရှိလာ၍ တန်ပြန်တိုက်ခိုက်တော့မည်ဖြစ်သည်။ တစ်ချိန်က ငြိမ်သက်နေသော စပျစ်နွယ်ပင်များသည် ရုတ်တရက် ရိုင်းစိုင်းစပြုလာကာ ယခင်ကထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာသည်။

အသွင်ပြောင်း နဆ်ဆရာ အချို့က ခဏမျှသာ ခုခံနိုင်ခဲ့၍ စပျစ်နွယ်ပင်များ၏ တိုက်ရိုက်ဖမ်းချုပ်ခြင်းခံလိုက်ရသည်။

လင်းယုန်နက်ကြီးများက ၎င်းတို့၏ အတောင်များကို ဖြန့်ကာ အဝေးသိူ့ ပျံပြေးချင်ကြသည်။ သို့သော် သွယ်လျသော နွယ်တစ်မျှင်က ၎င်းပတ်ပတ်လည်တွင် တိတ်တဆိတ် ရှိနေပြီဖြစ်၍ ရုတ်တရက် ချုပ်နှောင်လိုက်သည်။ လင်းယုန်ကြီးသည် သနားစဖွယ်ကောင်းသော အော်ဟစ်သံတစ်ခုကို ထုတ်လိုက်သည်။

လင်းယုန်ကြီး၏ ခန္ဓာကိုယ်ကို နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နေပြီဖြစ်သော သံကဲ့သို့ မာကျောသော အကိုင်းအခက်များဖြင့် ဖုံးအုပ်ထားသည်။

ထို့ရန်က ဤမြင်ကွင်းကို ကြည့်၍ စိတ်ဝိညာဉ်သည်လည်း အလွန်ထိတ်လန့်သွားကာ လက်တုံ့ပြန်ရန် စတင်အော်လိုက်သည်။ သို့သော် ခြေဖဝါးအောက်မှ

အမြစ်များစွာက သူ့ကိုရစ်ပတ်ကာ ခြေကျင်းဝတ်များကို ချုပ်နှောင်လိုက်သည်။

ထို့နောက် ထို့ရန်က မိမိမှာ လေထဲတွင် ဇောက်ထိုး ချိတ်ဆွဲခံထားရပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

ဤအချိန်တွင် ဤအမှောင်နတ်ဆရာများအားလုံး ချုပ်နှောင်ခံထားရသည်။ ထို့နောက် စပျစ်နွယ်ပင်ကြီးတစ်ခု ပေါ်လာ၍ ပန်းဖူးပွင့်ပြီးနောက် အစိမ်းရောင်ဝတ်ထားသော အမျိုးသမီးတစ်ဦးသည် လေထုထဲတွင် လွင့်မျောကာ ထို နတ်ဆရာအုပ်စုကို အေးစက်ဖွာကြည့်နေသည်။

“နတ်ဘုရားမ….နတ်ဘုရားမ” ”

အစိမ်းရောင်ဝတ်ထားသော အမျိုးသမီးက စိတ်ဆိုးနေသည့်အပြုအမူမျိုးကိုပြသ၍ အနည်းငယ်ခေါင်းညိတ်ပြလိုက်သည်။

"နတ်ဆရာတွေ မင်းတို့တကယ်ပဲဒီအတိုင်းအတာထိ နိမ့်ကျကုန်ပြီလား တူညီတဲ့သဘာဝမျိုးနွယ်ထဲက မင်းက ငါ့သားသမီးတွေကို ဒုက္ခပေးဖို့ ကြံနေတာလား။"

ထို့ရန်၏ မျက်နှာသည် ကြောက်ရွံ့မှုအပြည့်နှင့် ရှိနေသည်။ နတ်ဘုရားမပေါ်လာခြင်းက နတ်ဆရာကြီး စတုခ်လီ တစ်ခုခုဖြစ်သွားသည်ဟု ဆိုလိုနေခြင်းဖြစ်ရာ သူမည်သို့ မကြောက်ဘဲနေနိုင်လိမ့်မည်နည်း။

"အရှင်မ ကျွန်တော့်အသက်ကို ချမ်းသာပေးပါ"

နတ်သူငယ်နတ်ဘုရားမက ခဏမျှ စဉ်းစားနေ၏။ သူမသည် သတ်ဖြတ်ခြင်းကို နှစ်သက်သော နတ်ဘုရားမဟုတ်ပေ။

ဤတစ်ကြိမ်တွင် သူမသည် သူမ၏ သည်းခံစိတ် ကန့်သတ်ချက်သို့ တွန်းပို့ခြင်းမခံရပါက စတုခ်လီကို ဝါးမြိုပစ်ခဲ့မည်မဟုတ်ပေ။

ဤနတ်ဆရာများကို သစ်ပင်နှလုံးသားဖြင့် အပြစ်ပေးလျှင်ပင် ၎င်းတို့၏ ရာဇ၀တ်မှုများက သေခြင်းကို အာမခံချက်မရှိပေ။

ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် သူမလက်ကို ဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သော စပျစ်နွယ်ပင်များ တဖြည်းဖြည်းဆုတ်ခွါသွားသည်။

“ဒီတစ်ကြိမ်တော့ ငါမင်းကို သက်ညှာပေးလိုက်မယ်။ မင်းတို့ ငါ့ရဲ့ နတ်သူငယ်မျိုးနွယ်ကိုထပ်ပြီး ပစ်မှတ်ထားရဲရင် မင်းရဲ့ခန္ဓာကိုယ်ကို သဘာဝနှလုံးသားထဲက ငါ သေချာပေါက် ဖယ်ပစ်လိုက်မယ်”

"ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် နတ်ဘုရားမ"

ထို့ရန်က တုန်တုန်ယင်ယင်အသံဖြင့် ပြန်ပြောပြီးနောက် နတ်ဆရာ အုပ်စုကို ဦးတောင်က ဝရုန်းသုန်းကား ထွက်ပြေးခဲ့သည်။

သူထွက်ပြေးစဉ်တွင်၊ ထို့ရန်သည် ‘နတ်သူငယ်မျိူးနွယ်က အနိုင်ကျင့်ဖို့လွယ်တယ်လို့ ဘယ်သူပြောတာလဲ’ ဟု တွေးနေမိသည်။

ထို့အပြင် ဤနတ်ဘုရားမသည် သေနေသောသူနှင့် လားလားမျှမတူပေ။

စတုခ်လီ၏ သေဆုံးမှုနှင့်ပတ်သက်၍...

ထို့ရန်သည် သူ၏ နှလုံးသားထဲတွင် လျှို့ဝှက်သော ထိတ်လန့်မှုတစ်ခုကို ခံစားလိုက်ရသည်။

‘သူသေသွားတာက ပိုကောင်းတာပေါ့၊ အခု ငါ အာဏာရဖို့ အခွင့်အရေးရပြီ’

ထိုအချိန်တွင် နတ်သူငယ် နယ်မြေအတွင်း ရွှယ်အန်းသည် အနည်းငယ်ပြုံးကာ သူ၏ဝိုင်ဖန်ခွက်ကိုချလိုက်သည်။

"တကယ်တော့ မင်း သူတို့ကို အလွတ်မပေးသင့်ဘူး"

နတ်ဘုရားမက ရွှယ်အန်းဘက်သို့ ပြန်သွားကာ သက်ပြင်းတိုးတိုးချလိုက်သည်။

"တူညီတဲ့ သဘာဝ ဆွေမျိုးသားချင်းတွေအနေနဲ့ ဒါကို လုပ်ဖို့ မစွမ်းဆောင်နိုင်သေးဘူး။"

"ဒါပေမယ့် သူတို့ကတော့ မင်းတို့မျိုးနွယ်ကို သိမ်းပိုက်ရာမှာ တူညီတဲ့ သဘာဝ ဆွေမျိုးပေါက်ဖော်ဆိုတဲ့ အချက်ကို မစဉ်းစားခဲ့ကြဘူး" ရွှယ်အန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည် ။

"ထားပါတော့ စတုခ်လေတစ်ယောက်ကိုသတ်တာက သူတို့ အကြောက်တရားကို နားလည်ဖို့ လုံလောက်မှာပါ”

ရွှယ်အန်းက ရယ်သည်။ ဤသည်မှာ နတ်သူငယ်မျိုးနွယ်စု၏ ပုံမှန်နည်းလမ်းဖြစ်သည်။

ထို့ ကြောင့် တစ်ချိန်က အင်အားကြီးသော ဤမျိုးနွယ်သည် နောက်ပိုင်းတွင် အဆုံးမဲ့ စကြဝဠာအတွင်း၌ အလွန်ညံ့ဖျင်းခဲ့သည်။

တခြားသူများကို တတ်နိုင်သလောက် သက်ညှာပေးနေကြသော်လည်း တခြားသူများက ဤကဲ့သို့ တွေးနေမည်မဟုတ်ပေ။

"သခင်၊ အခုကစပြီး ရှင် ကျွန်မကို ခလော်ရစ်လို့ ခေါ်ပါ။ ဒါက ကျွန်မနာမည်အရင်းပါ" နတ်သူငယ်နတ်ဘုရားမက ရုတ်တရက် ပြောလိုက်သည်။

"တောနတ်ဘုရားမလား”

ခလော်ရစ်က ခေါင်းညိတ်လိုက်သည်။

"နတ်ဘုရားဆည်းဆာပြီးနောက်၊ သစ်တောနတ်ဘုရားမရဲ့ နတ်ဝိဉာဉ်က ကွဲအက်သွားတယ်။ ဒီသစ်ပင်ကြီးပေါ်ကို ဝိဉာဉ် အပိုင်းအစတစ်ခု ပြုတ်ကျပြီး နောက်မှ အဲ့ကနေ ကျွန်မ တဖြည်းဖြည်းကြီးထွားလာခဲ့တာ"

ရွှယ်အန်းက ပြုံးလိုက်သည်။

"နတ်ဆရာက မင်းရဲ့သစ်ပင်နှလုံးသားကို ရအောင်ယူဖို့ အရမ်းစိတ်အားထက်သန်နေတာ အံ့သြစရာမဟုတ်ဘူး။ မင်းရဲ့နတ်အဆင့်နဲ့ဆို သူက သဘာဝနတ်ဘုရားအဖြစ် အဆင့်တက်ဖို့ အခွင့်အရေးရလိမ့်မယ်"

အခန်း (၃၈၀) ကျေးဇူးပြုပြီး ခြေထောက်ဆေးပါ အရှင်

ညသည် ပိုမို နက်ရှိုင်းလာ၍ နောက်ဆုံးတွင် မီးပုံပွဲကြီးလည်း ပြီးဆုံးသွားခဲ့သည်။ နတ်သူငယ်များ အားလုံးနီးပါး ယစ်မူးနေကြသည်။ လှဲလျောင်းသူများ ကျောခင်းသူများသည် မြေကြီးပေါ်တွင် နေရာအနှံ့ ပြန့်ကျဲနေ၍ ပြင်းထန်စွာ တခေါခေါ ဟောက်နေလေ၏။

အကြီးအကဲလူနာ ရောက်ရှိလာ၍ လေးစားစွာ ပြောလိုက်သည်။

“အရှင်၊ အရှင့်အတွက် တည်းခိုဖို့နေရာ စီစဉ်ပြီးပါပြီ၊ ကျေးဇူးပြုပြီး အနောက်က လိုက်ခဲ့ပေးပါ"

ရွှယ်အန်းက ခေါင်းညိတ်လိုက်ပြီးနောက် အန်းယန်ကို ပွေ့ချီ၍ အနောက်ကို လိုက်သွားလေသည်။ ရှန်းရှန်းနှင့် နျန်နျန်တို့ နှစ်ဦးသည် အစ်ဘဲလ်လာနှင့်အတူ အနားယူနေကြပြီဖြစ်သည်။ ကလေးမလေးသုံးဦး ယနေ့ အလွန် ပျော်ရွှင်ခဲ့ကြသော်လည်း အလွန် ပင်ပန်းနွမ်းနယ်နေသောကြောင့် ညစာကို အိပ်ရာမဝင်ခင် ထိရုံသာ ထိတွေ့ခဲ့သည်။

ရွှယ်အန်းက အနည်းငယ် ရယ်ချင်နေမိသည်၊ အကယ်၍ ဤငါးနှစ် သို့မဟုတ် ခြောက်နှစ်အရွယ် အစ်ဘဲလ်လာသည် အသက်တစ်ရာကျော်နေကြောင်း ရှန်းရှန်းနှင့် နျန်နျန်တို့သာ သိသွားပါက ၎င်းတို့၏ အမူအရာများ မည်သို့ဖြစ်သွားမည်ကို သူ သိချင်နေမိသည်။

ရွှယ်အန်းသည် တည်းခိုရာနေရာသို့ ပြန်ရောက်သောအခါ အန်းယန်ကို သစ်သားကုတင်ပေါ်သို့ ဂရုတစိုက် တင်လိုက်သည်။ သို့သော် လူနာသည် မထွက်သွားသေးဘဲ ပြုံး၍ ပြောလိုက်သည်။

"အရှင်၊ ကျွန်မတို့ဆီမှာ ဒီအခန်းက လွဲပြီး တခြားသင့်တော်တဲ့ အခန်းတွေ မရှိလို့ စိတ်မရှိပါနဲ့။ ဒါရဲ့ ဘေးအခန်းမှာ နေရင်ရော ဘယ်လိုလဲ"

"ကောင်းပြီ" ရွှယ်အန်းက ပြောလိုက်သည်။

ရွှယ်အန်း အခြေကျနေကြောင်း မြင်ပြီးနောက် လူနာက လှည့်ထွက်သွားသည်။ ရွှယ်အန်းသည် သဘာဝအတိုင်း ဖွဲ့စည်းထားသော သစ်ပင်အခေါင်းပေါက်အတွင်း ထိုင်ကာ နောက်ခန်းမှ အန်းယန်၏ အသက်ရှူသံကို နားထောင်၍ ပြုံးလိုက်မိသည်။

'ဒီကောင်မလေးကတော့နော်၊ တစ်ခါတလေ ချစ်စရာကို ကောင်းလွန်းတယ်'

သူ ထိုသို့တွေးနေစဉ် သစ်သားတံခါးက ပွင့်လာခဲ့သည်။ ရွှယ်အန်း အနည်းငယ် လန့်သွားခဲ့သည်။ ပြီးနောက် ယူနာသည် ပါးပြင်ထက်တွင် ရှက်သွေးဖြာမှုများဖြင့် သူမ​၏ ဦးခေါင်းကို ငုံ့ထားကြောင်း တွေ့လိုက်ရသည်။ သူမ လက်ထဲတွင်လည်း ရေအင်တုံတစ်ခုကို သယ်ဆောင်ထားသည်။

"အရှင်​​၊ ကျေးဇူးပြုပြီး ခြေ​ထောက်​​ဆေး​ပါ"

ရွှယ်အန်းက ပြုံးလိုက်သည်။

"ကောင်းပြီ၊ ဒီမှာထားခဲ့လိုက်"

ယူနာက ခေတ္တတုံ့ဆိုင်းသွားသော်လည်း ထွက်မသွားခဲ့ပေ။

"ကျွန်မ အရှင့်ကို ကူပေးပါရစေ"

ရွှယ်အန်းက ခေါင်းခါလိုက်သည်။

"မလိုဘူး၊ ကိုယ်တိုင်လုပ်လို့ရတယ်။ ကျေးဇူးပါ"

မှန်ကန်စွာပြောရမည်ဆိုလျှင် ရွှယ်အန်းသည် သူ​၏ခြေထောက်များကို ဆေးကြောရန် မလိုအပ်ပေ၊ သူသည် ယဉ်ကျေးစွာ အလိုက်အထိုက် ပြုမူနေခြင်းသာ ဖြစ်သည်။ ယူနာက ထွက်မသွားသေးပေ။

"တခြား ဘာကိစ္စရှိသေးလဲ" ရွှယ်အန်းသည် သူ​၏ မျက်လုံးများကို အမူမထားဘဲ ပင့်တင့်၍ မေးလိုက်သည်။

ယူနာသည် လောင်ကျွမ်းနေသော ဖယောင်းတိုင်ကဲ့သို့ ပို၍ နီမြန်းသော အရောင်ဘက်သို့ ရောက်ရှိသွားသည်။ ပြီးနောက် ခြင်တစ်ကောင်ကဲ့သို့ ပျော့ပျောင်းသော လေသံဖြင့် ထစ်ငေါ့စွာ ပြောလိုက်သည်။

“အရှင် … အရှင်၊ ကျွန်မ အရှင့်ကို... အဖော်ပြုပေးဖို့... လာတာပါ”

ရွှယ်အန်းသည် သူ​၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"ကောင်းပြီ၊ ထပ်ပြောစရာ မလိုဘူး။ စေတနာအတွက် ကျေးဇူးတင်ပေမယ့် ကျုပ်မှာက မိသားစုရှိတယ်၊ မင်းတို့ကို ပေးခဲ့တဲ့ အကူအညီက ဘာတုံ့ပြန်မှုမှ မမျှော်လင့်ထားဘူးဆိုတဲ့အကြောင်း ပြန်သွားပြီး အကြီးအကဲလူနာကို ပြောလိုက်"

ယူနာက အံ့ဩသွားသည်။ ဤသည်မှာ ညနေပိုင်းတွင် သူမကို အကြီးအကဲလူနာ ကိုယ်တိုင်ကိုယ်ကျ ပြောပြခဲ့သော အရာဖြစ်သည်။ ယူနာသည် ထိုအချိန်တွင် အလွန်ရှက်ရွံ့နေခဲ့သည်။ အသက်အရွယ်အရဆိုလျှင် သူမသည် လူသားများ​၏ အခေါ်အဝေါ်အရ ဆယ့်ခုနစ်နှစ် သို့မဟုတ် ဆယ့်ရှစ်နှစ်အရွယ် မိန်းကလေးနှင့်သာ ညီမျှမည်ဖြစ်သည်။ သို့သော် အကြီးအကဲလူနာသည် ယူနာကို အလွန် လေးနက်စွာ ပြောကြားခဲ့သည်။

ရွှယ်အန်းသည် အမှောင်နတ်သူငယ်မျိုးနွယ်စု တစ်ခုလုံး​၏ ကျေးဇူးရှင်ဖြစ်သည်။ သူသာမရှိလျှင် မျိုးနွယ်စုတစ်ခုလုံး ပျက်သုဉ်းသွားပေလိမ့်မည်။ ကျေးဇူးဆပ်ရန်အတွက် မျိုးနွယ်စုတွင် အလှဆုံးမိန်းကလေးဖြစ်သည့် ယူနာက စတေးရမည်ဖြစ်သည်။ ဤစကားကိုကြားပြီးနောက် ယူနာသည် လေးနက်တည်ကြည်လာ၍ သဘောတူ ခေါင်းညိတ်လိုက်သည်။

ရွှယ်အန်းအပေါ်ထားရှိသော ယူနာ၏ ခံစားချက်များသည်လည်း အနည်းငယ် ရှုပ်ထွေးနေသည်။ အကယ်၍ ယနေ့တွင် ရွှယ်အန်း၏ စွက်ဖက်မှုကြောင့်သာ မဟုတ်ပါက သူမနှင့် အစ်ဘဲလ်လာတို့သည် အလင်းရောင်ဘုရားကျောင်း၏ လက်ထဲသို့ ကျရောက်နေပြီဖြစ်သည်။ ထို့ကြောင့် ယူနာသည် ရွှယ်အန်းကို အလွန်ကျေးဇူးတင်နေမိသည်။

ထို့အပြင် ဆွဲဆောင်မှုအရှိဆုံး နတ်သူငယ် ထက်ပင် ချောမောလှသော ဤလူသားမျိုးနွယ်​၏ အမျိုးသားသည် မယုံကြည်နိုင်ဖွယ်ကောင်းသည်အထိ အစွမ်းထက်လှ၍ မိခင်နတ်ဘုရားမ ကိုယ်တိုင်ကပင် သူ့ကို လေးစားစွာ ဆက်ဆံခဲ့သည်။ ဤအချက်များအားလုံး ပေါင်းစပ်လိုက်သောအခါ ရွှယ်အန်းသည် ဤ နတ်သူငယ်မျိုးနွယ်စု​၏ မိန်းကလေးကို အလွန် ဆွဲဆောင်သွားစေသည်။ ထို့ကြောင့် သူမသည် ရွှယ်အန်း​၏ အခန်းသို့ အလိုက်တသိ လာရောက်ခဲ့သည်။ သို့သော် မမျှော်လင့်ထားဘဲ ရွှယ်အန်းက သူမကို ငြင်းဆန်ခဲ့သည်။

ရှုံးနိမ့်မှု ခံစားချက်မျိုးဖြင့် ပြည့်နှက်သွားသော ယူနာသည် ခေါင်းငုံ့နေစဉ် သူမ​၏ အဝတ်အစားများကို သွယ်လျသော လက်ချောင်းများဖြင့် ဆော့ကစားလိုက်သည်။

"အရှင်၊ အရှင့်မှာ မိသားစုရှိတယ်ဆိုတာ ကျွန်မ သိပါတယ်၊ ဒါပေမယ့် ကျွန်မက အိပ်ခန်းထဲမှာ ခစားပြီးတာနဲ့ မိုးလင်းရင် ထွက်သွားမှာပါ"

သူမ စကားများ​၏ အဓိပ္ပါယ်သည် အလွန် ရိုးရှင်းလှသည်။ သူမသည် အခြား မဟုတ်မမှန်သော အကြံအစည်မျိုးမရှိဘဲ အိပ်ရာထဲတွင်သာ ခစားရန် ဖြစ်သည်။

'အခု အရှင် သဘောတူလောက်ပြီ' ယူနာက တိတ်တဆိတ် တွေးနေလိုက်သည်။

သူမသည် နတ်သူငယ် မိန်းကလေးတစ်ဦးအနေဖြင့် လူသားမျိုးနွယ်​၏ အမျိုးသားများအတွက် မည်မျှ စွဲဆောင်မှုရှိသည်ကို ကောင်းစွာ သဘောပေါက်ထားသည်။ ညအချိန်တွင် အံ့မခန်းလှပသော နတ်သူငယ် မိန်းကလေးတစ်ဦးက သင်​၏ တံခါးဝသို့ ရောက်လာကာ သူမသည် သင့်ဆီမှ တစ်စုံတစ်ရာကို ပြန်မတောင်းဆိုဘဲ အိပ်ရာပေါ်တွင်သာ ခစားပေးလိုသည်ဟု ထပ်ခါတလဲလဲ ပြောနေခြင်းကို စိတ်ကူးကြည့်လျှင် ဤကဲ့သို့ တာဝန်ယူရန်မလိုအပ်သော ပြင်းထန်သည့် သွေးဆောင်မှုမျိုးကို မည်သည့်အမျိုးသားမျှ မငြင်းဆန်နိုင်ပေ။ သို့သော် ရွှယ်အန်းသည် ခြွင်းချက်တစ်ခုဖြစ်သည်။

သူသည် ခပ်ဖျော့ဖျော့ ပြုံးပြ၍ ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည်။

"ကျုပ် ပြောပြီးပြီပဲ၊ ဆုလာဘ်အတွက် လောဘတက်လို့ မဟုတ်ဘဲ မင်းတို့ နတ်သူငယ်မျိုးနွယ်စုကို ချစ်ခင်မြတ်နိုးတာကြောင့် မင်းတို့ကို ကယ်တင်ခဲ့တာ၊ မင်း ပြန်သင့်ပြီ"

ရွှယ်အန်းသည် ဖြောင့်မတ်ဟန်ဆောင်၍ အလေးမထားစွာ ပြုမူနေခြင်း မဟုတ်ဘဲ လေးလေးနက်နက် ပြောနေကြောင်း ယူနာက နောက်ဆုံးတွင် နားလည်သွားသည်။

“အ…အရှင်” ယူနာသည် ငြင်းဆန်မှုက အမှန်တကယ်ဖြစ်နေကြောင်းကို မယုံကြည်နိုင်ဖြစ်နေသည်။

ရွှယ်အန်းသည် သူ​၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"အခု သွားတော့၊ အနောက်က တံခါးကို ပိတ်ခဲ့ဖို့ မမေ့နဲ့ဦး။ ကျေးဇူးပါ"

ယူနာသည် ရွှယ်အန်း၏အခန်းထဲမှ အံ့အားသင့်နေသော အကြည့်မျိုးဖြင့် ထွက်သွား၍ အပြင်ဘက်မှ တံခါးကို ပိတ်ပြီးနောက် တိမ်တိုက်ထဲထိ မြင့်မားစွာ ရောက်ရှိနေသော သစ်ပင်ကြီးကို မျှော်ကြည့်ကာ ရေရွတ်လိုက်သည်။

"ကျွန်မက အရမ်း ရုပ်ဆိုးနေလို့ပါလား၊ မိခင်နတ်ဘုရားမ"

ထိုအချိန်တွင် သစ်ပင်ရိပ်များတွင် ပုန်းအောင်းနေသည့် ရီဖုရိုသည် ရွှယ်အန်း​၏ အခန်းထဲမှ ယူနာ ထွက်လာခြင်းကို မြင်လိုက်ရသောအခါ ထိတ်လန့်သွားပြီးနောက် နာကျင်သော အမူအရာမျိုး ပေါ်ပေါက်လာသည်။ သူသည် ယူနာကို ယခင်ကတည်း ကြိုက်နှစ်သက်ခဲ့သည်။ ရွှယ်အန်း၏အခန်းသို့ ယူနာ သွားရောက် ခစားမည့် ယနေ့ည​၏ အဖြစ်အပျက်ကို နတ်သူငယ် မျိုးနွယ်စုမှ လူများစွာသိရှိခဲ့ကြသည်။ ပြီးနောက် ၎င်းတို့အားလုံးသည် ဆုံးဖြတ်ချက်ကို လက်ခံခဲ့ကြသည်။

ရီဖုရိုသည်လည်း သိရှိပြီးနောက် တွန့်ဆုတ်မှုများဖြင့် ပြည့်နှက်နေသော်လည်း ဤဖြစ်စဉ်သည် မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်ကြောင်း သူ သိထားသည်။ မိန်းကလေးတစ်ဦးတည်းဖြင့် ထိုကဲ့သို့ အင်အားကြီးမားသော ပုဂ္ဂိုလ်ကို သိမ်းသွင်းခြင်းက အမှောင်နတ်သူငယ်မျိုးနွယ်စုအတွက် အကောင်းဆုံး သဘောတူညီချက်ဖြစ်သည်။

သို့သော် တစ်ဦးတစ်ယောက်​၏ စစ်မှန်သော ခံစားချက်များကို တုပ၍မရနိုင်ပေ။ ခပ်လှမ်းလှမ်းတွင် ပုန်းနေ၍ ရွှယ်အန်း​၏ အခန်းထဲသို့ ယူနာ ဝင်သွားခြင်းကို ကြည့်ပြီးနောက် သူ​၏နှလုံးသား နာကျင်မှုသည် ရူးသွပ်လုနီးပါးဖြစ်စေခဲ့သည်။ သို့သော် သူ မမျှော်လင့်ထားသည့်မှာ ယူနာက အမှန်တကယ် ပြန်ထွက်လာခြင်းဖြစ်သည်။ ရီဖုရို၏ မျက်နှာပေါ်ရှိ နာကျင်မှုသည် တဖြည်းဖြည်း မှိန်ဖျော့သွား၍ ရွှယ်အန်း၏ အခန်းဆီသို့ လှမ်းကြည့်မိသော သူ​၏မျက်လုံးများတွင် စစ်မှန်သော လေးစားမှုများ ပြသနေသည်။

ပြီးနောက် အကြီးအကဲလူနာ​၏ အခန်းထဲ၌ နတ်ဘုရားမ ခလိုရစ် သည် လေထုထဲတွင် ဝဲပျံနေစဉ် ခေါင်းခါ၍ ညင်သာစွာ သက်ပြင်းချလိုက်သည်။

"လူနာ၊ မင်း ဒီလို မလုပ်ခဲ့သင့်ဘူး"

လူနာက မဲ့ရွဲ့၍ ပြုံးလိုက်သည်။

"လူတွေအားလုံးက အတူတူပဲလို့ ကျွန်မ ထင်ခဲ့မိတာ၊ ဒါပေမယ့် ဒီအရှင်က ဒီလောက်တည်ကြည်လိမ့်မယ်လို့ ကျွန်မ မမျှော်လင့်ထားဘူး"

“မမြဲတဲ့နှလုံးသားနဲ့ အင်အားကြီးပုဂ္ဂိုလ်မျိုး ဘယ်နှစ်ယောက်ရှိမှာလဲ။ ဒီအရှင်က သူ့မိန်းမကို အလွန်အမင်း စွဲလန်းနေတာ အသိသာကြီးပဲ။ တကယ့်ကို အားကျစရာကောင်းတဲ့ အချစ်မျိုးပဲ” ခလိုရစ် က တီးတိုး ပြောလိုက်သည်။

“မိခင်နတ်ဘုရားမ၊ ဒီအရှင်က ဘယ်သူများလဲ” လူနာသည် မထိန်းချုပ်နိုင်ဘဲ စူးစမ်းစွာ မေးလိုက်သည်။

ခလိုရစ် ခေါင်းယမ်းလိုက်သည်။

“ငါ သူ့အကြောင်း သေချာ မမြင်နိုင်ပေမယ့် ငါ့ရဲ့ မဟာဟောကိန်းအရဆိုရင် သူက တုနှိုင်းမရတဲ့ ကံကြမ္မာကို သယ်ဆောင်လာတဲ့ ပုဂ္ဂိုလ်မျိုးလို့ ပြောထားတယ်”

ထိုအချိန်တွင် ခလိုရစ် ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပေါ်ပေါက်လာသည်။ သူမ သိမြင်ခဲ့သော လူများအနက် ဤမျှကြီးကျယ်ခမ်းနား၍ အကန့်အသတ်မဲ့သော ကံကြမ္မာမျိုးကို လူတစ်ဦးတစ်ယောက်တည်းတွင် တစ်ခါမျှ မမြင်တွေ့ဖူးပေ။ သူမ၏ မဟာဟောကိန်း မြင်တွေ့ခဲ့သောအရာသည် အပိုင်းပိုင်း ပြတ်တောက်နေသည့် အမြင်အာရုံတချို့သာဖြစ်သည်။ ဤသို့ဆိုလျှင်ပင် သူ့ကို လေးလေးနက်နက် ဆက်ဆံရန် လုံလောက်နေပြီဖြစ်သည်။

ယူနာ ထွက်သွားပြီးနောက် အိမ်ထဲတွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသော အန်းယန်သည် သူမ၏နှုတ်ခမ်းထောင့်များကို ခပ်ဖျော့ဖျော့ ကောက်ကွေး၍ တစ်ဖက်သို့ လှည့်ပြီးနောက် ပြန်လည် အိပ်ပျော်သွားပြန်သည်။ နောက်တစ်နေ့တွင် ရွှယ်အန်းက သူ့အခန်းထဲမှ ထွက်လာခဲ့သည်။ သူနှင့် ဆုံတွေ့ခဲ့သော နတ်သူငယ်တိုင်းသည် လမ်းဘေးတွင် လေးလေးစားစား မတ်တပ်ရပ်၍ ခေါင်းညွှတ်နေကြသည်။

အထူးသဖြင့် နတ်သူငယ်မိန်းကလေးတိုင်းသည် ရွှယ်အန်းကို အံ့ဩမှင်သက်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။ ယမန်ညက အဖြစ်အပျက်များ ပျံ့နှံ့နေပြီဖြစ်သည်။ ရွှယ်အန်း​၏ အပြုအမူသည် ဤအမှောင်နတ်သူငယ်များ၏ နှလုံးသားကို အလေးအနက် ရရှိသွားပုံပေါ်သည်။

အခန်း (၃၈၁) စုန်းမလေး ဆယ်လီနာ

ရွှယ်အန်းက နတ်သူငယ်များ​၏ ခိုလှုံရာ တွင် ရှိနေစဉ် လန်ဒန်မြို့၌ ဆံပင်နှစ်ခွစီးထား၍ ထူထဲသော မိတ်ကပ်များ လိမ်းကျံကာ အံကိုက်ဖြစ်သော တီရှပ်နှင့် ဘီကီနီဘောင်းဘီတို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် ဘေ့စ်ဘောရိုက်တံကို ကိုင်ဆောင်လျက် ဟိုတယ် ဝင်ပေါက်ဆီသို့ စိမ်ပြေနပြေ လျှောက်သွားလေသည်။ သူမသည် ဟိုတယ်ကြီး၏ တံခါးဝကို လှမ်းကြည့်လိုက်သည်။

"စက်ဆုပ်ဖို့ကောင်းတဲ့ သွေးမျိုးနွယ်စု ကျေးကျွန်တွေရဲ့ အငွေ့အသက်တွေကို ရတယ်ဆိုတော့ ဒီဟိုတယ်ပဲ ဖြစ်ရမယ်" သူမသည် ပါးစပ်ထဲမှ ပီကေများကို ပူဖောင်းမှုတ်၍ အရေးမထားစွာ ပြောလိုက်သည်။

သူမ နောက်ကွယ်ရှိ အရိပ်အယောင်များမှ သပ်ရပ်ကျနစွာ ဝတ်စားဆင်ယင်ထားသော လူနှစ်ယောက် ထွက်ပေါ်လာသည်။ ၎င်းတို့ထဲရှိ တစ်ယောက်သည် ဖြစ်လိုရာဖြစ်ဟူသော အမူအရာဖြင့် ပြောလိုက်သည်။

"သောက်ကျိုးနည်းတဲ့မှပဲ၊ မင်းက သွေးမျိုးနွယ်စုရဲ့ မြို့ဝန်နော် ဆယ်လီနာ။ ချဲလ်ဆီးက လူမိုက်တစ်ယောက်လို မဝတ်ပါနဲ့လား"

ဆယ်လီနာသည် မူရာမာယာများစွာ မျက်စောင်းထိုးပြီးနောက် ရိုင်းပျသော လက်ဟန်အပြုအမူမျိုး ပြသလိုက်သည်။

"မားဂတ်၊ ရှင် ကျွန်မကို ဒီလို တန်းတူပုံစံနဲ့ ဆက်ပြောနေမယ်ဆိုရင် ရှင့်ရဲ့အတောင်ပံတွေကို ဆုတ်ဖြဲပြီး သရေစာအဖြစ် မကင်ရမချင်း ပျော်ရွင်မှာမဟုတ်ဘူးဆိုရင် ရှင် ယုံမလား"

သူမသည် ထိုသို့ပြောပြီးနောက် မထီမဲ့မြင်ပြုသော မျက်နှာအမူအရာဖြင့် ဟိုတယ်ထဲသို့ ၀င်သွားခဲ့သည်။ သူမ အနောက်က လူနှစ်ဦးက အကြည့်ချင်းဖလှယ်နေကြသည်။

သူတို့ထဲက တစ်ယောက်က မချိပြုံး ပြုံး၍ ပြောလိုက်သည်။

"မားဂတ်၊ သူ့ကို သွေးမျိုးနွယ်စုရဲ့ တခြားအဖွဲ့ဝင်တွေလိုမျိုး မဆက်ဆံဖို့ ငါပြောဖူးတယ်။ အဲ့ဒီဆယ်လီနာက... "

သူသည် သူ​၏ခေါင်းကို တောက်ပြလိုက်သည်။

"ဒီနေရာမှာ ဝက်အူတစ်ခု ကျွတ်နေလောက်တယ်"

စကားမဆုံးမီတွင် လေထုကို ဖြိုခွင်းလာသည့် ဘေ့စ်ဘောရိုက်တံ​၏ စူးရှသော အသံသည် လေထုထဲတွင် ပြည့်နှက်သွားကာ အမျိုးသား​၏ ဦးခေါင်းကို ထိမှန်သွားလေသည်။

ထိုအမျိုးသားသည် စူးရှစွာ အော်ဟစ်၍ နောက်ပြန်လန်ကျပြီးနောက် သူ​၏ခေါင်းတွင် ထင်ရှားစွာ မြင်တွေ့နိုင်သည့် ဒဏ်ရာတစ်ခုပေါ်လာခဲ့သည်။

"ဆယ်လီနာ၊ မင်းတော့ တော်တော် ရူးနေပြီပဲ"

“ချီးမွမ်းတဲ့အတွက် ကျေးဇူးပဲ” ဆယ်လီနာသည် လှည့်မကြည့်ဘဲ ပြန်ပြောလိုက်သည်။

သူမသည် ဧည့်ခန်းထဲသို့ ဝင်သွားကာ တုန်လှုပ်ခြောက်ခြားနေသော မျက်နှာများကို ပြုံးပြလိုက်သည်။

"လူကြီးမင်းတို့ အမျိုးသမီးတို့၊ ဒီနေရာက ပိတ်သွားပြီမို့လို့ စိတ်တော့မရှိပါနဲ့။ မြန်မြန်ထွက်သွားကြတော့"

သူမ၏စကားများသည် ရုန်းရင်းဆန်ခတ်များ ဖြစ်သွားစေကာ လူအများက ဆယ်လီနာကို မယုံကြည်နိုင်စွာ စိုက်ကြည့်ကြ၍ လုံခြုံရေးအစောင့်နှစ်ဦးက သူမထံ အမြန်ချဉ်းကပ်ကြသည်။

"မိန်းကလေး၊ ကျေးဇူးပြုပြီး အသံကို လျှော့ပေးပါ၊ ဒါမှမဟုတ်ရင် ကျွန်တော်တို့..."

အစောင့်နှစ်ယောက်​၏ ဦးခေါင်းများ ပြင်းပြင်းထန်ထန် ပေါက်ကွဲသွားသောကြောင့် ၎င်းတို့​၏ စကားများ တုံးတိဖြစ်သွားလေသည်။ ကြောက်လန့်တကြား အော်သံများကြားတွင် သွေးများ လွင့်စဉ်ကျလာသည်။ လူတိုင်းက ကြောက်ရွံ့တုန်လှုပ်သွားကြသည်။ သို့သော်လည်း ဆယ်လီနာသည် ပီကေများကို ဆက်ဝါး၍ ရူးသွပ်စွာ ရယ်မောလိုက်သည်။

"ဘယ်လောက် ကြည်နူးစရာကောင်းလိုက်တဲ့ အော်သံလဲ။ အခု ကျွန်မ သုံးအထိ ရေတွက်မယ်၊ ပြီးတဲ့အထိ ဒီမှာ လူတွေ ရှိနေသေးရင် သူတို့ကံကြမ္မာက ဒီအစောင့်လိုပဲ ဖြစ်သွားလိမ့်မယ်"

“တစ်” ဆယ်လီနာက စိတ်တည်ငြိမ်စွာ ရေတွက်လိုက်သည်။

ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသော လူအုပ်ကြီးသည် ထွက်ပေါက်ဆီသို့ အရူးအမူးပြေးလွှားနေကြ၍ အမျိုးသမီးများသည်လည်း ၎င်းတို့၏ ဒေါက်မြင့်ဖိနပ်များနှင့် ဂုဏ်သိက္ခာကို လွှတ်ချကာ တံခါးဆီသို့ ထွက်ပြေးနေကြသည်။ သို့သော် အဝင်ဝသို့ ရောက်သောအခါ ငိုယိုသံများနှင့် အော်ဟစ်သံများကြားတွင် အားလုံး ပြည့်ကျပ်၍ ပိတ်မိနေကြလေသည်။

"သုံး" ဆယ်လီနာက သုံးအထိ ကျော်၍ ရေတွက်ပြီးနောက် ခပ်ပါးပါး ပြုံးလိုက်သည်။

"စိတ်မရှိပါနဲ့၊ ဒါပေမယ့် ကြည့်ရတာ ရှင့်တို့အားလုံး ထွက်မသွားနိုင်ပုံပဲ။ အခု ရှင်တို့ရဲ့သွေးကို သိမ်းယူပါရစေ"

ဆယ်လီနာ၏မျက်လုံးများသည် သူမ စကားပြောနေစဉ် သွေးနီရောင်သန်းလာ၍ သူမ၏နောက်ကျောတွင် အတောင်ပံသုံးခု ဖြန့်ထုတ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော အရောင်အဝါများသည် အခန်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ အမျိုးသားနှစ်ဦးသည် ယခုအခါမှ ဟိုတယ်ထဲသို့ ဝင်လာခဲ့ကြ၍ ဆယ်လီနာ​၏ အတောင်ပံများကို မြင်သောအခါ အလွန် ဒေါသထွက်သွားကြလေသည်။

"ချီးပဲ၊ သူတော့ ထပ်ဖောက်ပြန်ပြီ။ ဒါက လူတွေအားလုံးကို သတ်ပစ်ဖို့ စီစဉ်နေတာလား။ ဒီလိုလုပ်ရင် အလင်းရောင်ဘုရားကျောင်းက အာရုံစိုက်လာကြလိမ့်မယ်"

ဆယ်လီနာကမူ ၎င်းတို့​၏ စိုးရိမ်မှုများကို ဂရုမစိုက်ခဲ့ပေ။ သူမသည် လူသားများကို တိုက်ခိုက်တော့မည်ဖြစ်သည်။

ဘန်နီဒစ်သည် ရုန်းရင်းဆန်ခတ်သံများ ကြားသောကြောင့် အလျင်အမြန် ပြေးထွက်လာခဲ့သော်လည်း ဆယ်လီနာကို မြင်သောအခါ တုန်လှုပ်ခြောက်ခြားစွာဖြင့် လှည့်ထွက်ပြေးလေသည်။

ဆယ်လီနာက အနည်းငယ် ပြုံးဖြီးလိုက်သည်။ "အသုံးမကျတဲ့ သွေးကျွန်တွေ၊ ငါ့ကိုတွေ့ပြီး ပြေးဖို့ စဉ်စားနေတာလား"

သူမသည် စကားပြောနေစဉ် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွား၍ ဘန်နီဒစ်ကို မြေပြင်ပေါ်သို့ လဲကျသွားသည်အထိ ချီတက်လိုက်သည်။

ဘန်နီဒစ်သည် ကြောက်ရွံ့မှုဖြင့် တုန်ရင်နေသည်​။

"အရှင်မြို့ဝန်၊ ကျွန်တော့်အသက်ကို သက်ညှာပေးပါ"

ဆယ်လီနာသည် သူမ၏အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီးနောက် ဘန်နီဒစ်၏နားကို ဖြည်းညှင်းစွာ တိုးကပ်၍ တီးတိုးပြောလိုက်သည်။

"မြို့စားကိုသတ်တဲ့လူ ဘယ်မှာရှိလဲဆိုတာ ပြောပြ၊ ရှင်ကို ကျွန်မ မြန်မြန် သတ်ပေးနိုင်တယ်"

ဘန်နီဒစ်က ခေတ္တတုံ့ဆိုင်းသွားသည်။

ဆယ်လီနာသည် အားသုံး၍ ဘန်နီဒစ်၏လက်မောင်းတစ်ခု ရက်ရက်စက်စက် ချိုးလိုက်ပြီးနောက် ရွှင်မြူးစွာ ပြောလိုက်သည်။

"ရှင် ကျွန်မ မေးခွန်းကို မဖြေတော့ အရမ် ဝမ်းသာတာပဲ"

ဘန်နီဒစ်သည် နောက်ဆုံးတွင် တစ်ခုခုကို သတိရသွားသည်။

"မင်းက စုန်းမ ဆယ်လီနာပဲ"

ဆယ်လီနာသည် အနည်းငယ် ခါးမတ်မတ် ရပ်တန့်ပြီးနောက် ဂုဏ်ကျက်သရေရှိစွာ ပြောလိုက်သည်။

"ကျွန်မကို မှတ်မိတဲ့အတွက် ဝမ်းသာပါတယ်။ ကျွန်မ ရှင့်ကို အကောင်းဆုံး အရုပ်အဖြစ် ဆက်ဆံပေးသွားမှာပါ၊ နောက်လာမယ့် ဂိမ်းကို ပျော်ပျော်ကြီး ရှုစားလိုက်ပါ"

……

"ရှန်းရှန်းနဲ့ နျန်နျန်တို့ သွားဖို့အချိန်ရောက်ပြီ။ မေမေတို့ နောက်တော့မှ ဘဲလ်လာနဲ့ ကစားဖို့ ပြန်လာကြမယ်လေ ဟုတ်ပြီလား" အန်းယန်က ပြောလိုက်သည်။

ရှန်းရှန်းနှင့် နျန်နျန်တို့က စူပုပ်နေကြသည်။

“မရဘူး၊ သမီးတို့ ဘဲလ်လာနဲ့ ဆက်ကစားချင်သေးတယ်”

အစ်ဘဲလ်လာသည် ၎င်းတို့၏လက်များကို လွှတ်ပေးရန် ဝန်လေးနေခဲ့သည်။ သူမသည် နတ်သူငယ်များ​၏ ရိပ်မြုံတွင် တစ်ဦးတည်းသော ကလေးငယ်ဖြစ်သောကြောင့် အထီးကျန် နေ့ရက်များစွာကို ခံစားခဲ့ရသည်။ ကစားဖော်နှစ်ဦးဖြစ်သော ရှန်းရှန်းနှင့် နျန်နျန်တို့ ရောက်ရှိလာခြင်းသည် သူမ​၏ ကာလကြာရှည်စွာ ပျောက်ဆုံးသွားသည့် ပျော်ရွှင်မှုများကို ယူဆောင်လာစေသောကြောင့် ၎င်းတို့နှင့် ဝေးကွာရန် ဝန်လေးစေသည်။

အန်းယန်သည် အနည်းငယ် စိတ်သောကရောက်နေပုံဖြင့် ရွှယ်အန်းကို စိုက်ကြည့်လိုက်သည်။

ရွှယ်အန်းသည် အပြုံးဖြင့် ထိုင်ချလိုက်ပြီးနောက် ကလေးမလေး နှစ်ဦးကို ကြည့်လိုက်သည်။

"ဒါဆိုကောင်းပြီ ဖေဖေနဲ့ မေမေတို့ ပြန်တော့မယ်၊ သမီးတို့ နှစ်ယောက် ဒီမှာပဲ နေခဲ့ပြီး ဆော့နေချင်လား"

ကလေးမလေးနှစ်ဦးက တုံ့ဆိုင်းသွားကြသည်။

ထိုအချိန်တွင် နတ်သူငယ်မျာစ​၏ မိခင်နတ်ဘုရားမ ခလိုရစ် ပေါ်ပေါက်လာ၍ လေးစားစွာ ပြောလိုက်သည်။

"အရှင်၊ သခင်မလေးနှစ်ယောက်ကို ဒီမှာပဲနေခဲ့ပြီး ဆော့ကစားခွင့်ပေးလိုက်တာ ကောင်းပါတယ်၊ သူတို့တွေ နည်းနည်းလေးမှ မထိခိုက်စေဘူးလို့ ကျွန်မ၊ ခလိုရစ် က ကတိပေးပါတယ်"

သူမ စကားပြောနေစဉ်အတွင်း အလင်းအစက်နှစ်စက်သည် လေထုထဲတွင် လွင့်ပျံလာသည်။

"အရှင်၊ ဒါက ဒီလျှို့ဝှက်နယ်မြေရဲ့ အမှတ်အသားပါ။ ဒါကို အရှင်နဲ့ အရှင့်ဇနီး ယူသွားလို့ရပါတယ်၊ ပြီးရင် အချိန်မရွေး ပြန်လာနိုင်ပါတယ်"

ရွှယ်အန်းသည် အန်းယန်ကို ကြည့်ပြီးနောက် ခေါင်းညိတ်သည်။

ကလေးမလေးနှစ်ဦးက ဝမ်းသာအားရ ခုန်ပေါက်နေကြသည်။

"ဖေဖေ မေမေ၊ သမီးတို့အတွက် စိတ်မပူပါနဲ့"

ရွှယ်အန်းက ပြုံးပြပြီးနောက် ကလေးမလေး နှစ်ဦး​၏ ဦးခေါင်းကို ညင်သာစွာ ပုတ်လိုက်သည်။

"ကောင်းပြီ၊ သမီးတို့ နှစ်ယောက် ဒီမှာ ကစားနေကြ၊ ဖေဖေ နောက်ရက်ကျရင် လာခေါ်မယ်"

"ဟုတ်၊ ဟုတ်" ကလေးမလေးက ခေါင်းညိတ်လိုက်သည်။

အစ်ဘဲလ်လာသည် ပို၍ပင် ကျေးဇူးတင်မိသွားကာ ရွှယ်အန်းကို လေးလေးနက်နက် ဦးညွှတ်၍ ပြောလိုက်သည်။

"အရှင် ရှန်းရှန်းရယ် နျန်နျန်ရယ် သမီးရယ်က သူငယ်ချင်းကောင်းတွေပါ၊ သမီး သူတို့ကို သေချာဂရုစိုက်ပါ့မယ်"

ပြီးနောက် ရွှယ်အန်းသည် ခလိုရစ် ၏ နှုတ်ဆက်စကားများဖြင့် အန်းယန်၊ ကွင်တီနာတို့နှင့်အတူ နတ်သူငယ်များ ခိုနားရာနေရာမှ ထွက်ခွာသွားခဲ့သည်။

လန်ဒန်မြို့၏လမ်းများဆီသို့ ရောက်သည်အထိ အန်းယန်သည် အနည်းငယ် စိတ်မသက်မသာ ဖြစ်နေသေးသည်။

"ယောက်ျား၊ အဆင်ပြေပါ့မလား"

ရွှယ်အန်းက ပြုံးလိုက်သည်။

"စိတ်မပူပါနဲ့ ဒီနတ်သူငယ်တွေက ပင်ကိုယ်စရိုက်အရ ကြင်နာတတ်တဲ့ သတ္တဝါတွေ၊ နောက်ပြီး ကိုယ်တို့သမီး နှစ်ယောက်က ကိုယ်တို့ရဲ့ လက်ပါးစေတွေ မဟုတ်ဘူး။ သူတို့တွေ တဖြည်းဖြည်း ကြီးပြင်းလာပြီဆိုတော့ သူတို့မှာ သူငယ်ချင်းတွေနဲ့ အပေါင်းအဖော်တွေ ရှိနေမှာ။ သူတို့ရဲ့ ရွေးချယ်မှုတွေကို လေးစားရမယ်လေ"

ရွှယ်အန်းက ထိုသို့ ပြောခဲ့သော်လည်း အန်းယန်သည် အနည်းငယ် ကျင့်သားမရသည့်အပြင် တစ်စုံတစ်ခု ဆုံးရှုံးသွားသကဲ့သို့ ခံစားနေရသည်။ ကလေးမလေးနှစ်ဦးသည် သူမ ပြန်ရောက်ကတည်းက သူမအနားတွင်သာ အမြဲတစေ ရှိနေခဲ့သည်။

ရွှယ်အန်းက ပြုံး၍ အန်းယန်​၏ နားထဲသို့ တီးတိုးပြောလိုက်သည်​။

"ဒါ့အပြင် ကိုယ်တို့ပြန်ရောက်ကတည်းက ကိုယ်ပိုင်ကမ္ဘာလေး မရှိသေးဘူး။ အခု ကိုယ်တို့မှာ အခွင့်အရေးရနေပြီ၊ ကိုယ်တို့ရဲ့ ဒုတိယမြောက် ဟန်းနီးမွန်းခရီးစဉ်ကို ဆင်နွှဲသင့်တယ် မဟုတ်ဘူးလား"

အန်းယန်၏ မျက်နှာအမူအရာ နီမြန်းလာပြီးနောက် သူမက တီးတိုးပြောလိုက်သည်။

"ရှင် ဒါကို တစ်ချိန်လုံး ကြံစည်နေခဲ့တာ ဟုတ်တယ်မလား"

ရွှယ်အန်းက ရယ်၍ ခေါင်းညိတ်လိုက်သည်။

"ရှင်က လူဆိုးကြီးပဲ" အန်းယန်သည် တံတွေးဖြင့် ခပ်ပါးပါး ထွေးလိုက်ပြီးနောက် ရွှင်မြူးစွာ ပြုံးရယ်လိုက်သည်။

၎င်းတို့နှစ်ဦးသည် ၎င်းတို့၏ ချစ်မေတ္တာကို လူတိုင်းအရှေ့တွင် ပျော်ရွှင်စွာ ပြသနေကြသည်။ ကွင်တီနာသည် အားကျစိတ်အပြည့်ဖြင့် အနောက်မှ လိုက်ပါသွားခဲ့သည်။

All Chapters