အခန်း (၃၈၂-၃၈၄)
Vol. 26 Ch. 382-384
အခန်း (၃၈၂)သွေးမျိုးနွယ်စု၏ လျှို့ဝှက်အဆောင်
ရုတ်တရက် ကွင်တီနာ၏ အမူအရာ ပြောင်းသွားကာ အဝေးကို လှည့်ကြည့်လိုက်သည်။
"ဘာမှားလို့လဲ"
အန်းယန်က တစ်စုံတစ်ခု လွဲမှားနေသည်ကို သတိပြုမိကာ မမေးဘဲမနေနိုင်တော့ပေ။
ကွင်တီနာ၏ခန္ဓာကိုယ်အတွင်းမှ သွေးများတဟုန်းဟုန်းတောက်နေက သူမ၏အသားအရေသည်လည်း ပြာလဲ့သွားသည်။
"သခင် လူတစ်ယောက်က ကျွန်မရဲ့ သွေးကျွန်ကို တိုက်ခိုက်နေတယ်”
"ဘန်နီဒစ်လား" ရွှယ်အန်းက ဘာသိဘာသာပြောလိုက်သည်။
"ဟုတ်တယ်၊ ပြီးတော့ ဒါဟာ သွေးမျိုးနွယ်ရဲ့ အရမ်းအစွမ်းထက်တဲ့လူဖြစ်ရမယ်" ကွင်တီနာက လေးနက်စွာ ပြောကြားခဲ့သည်။
ရွှယ်အန်း၏ မျက်လုံးများ တောက်ပလာပြီးနောက် သူ၏ နှုတ်ခမ်းထောင့်များတွင် အပြုံးတစ်ခုပေါ်လာသည်။
"အကြာကြီး စောင့်ပြီးမှ နောက်ဆုံးတော့ သူ ဒီကို ရောက်လာပြီ”
စူးစူးဝါးဝါးအော်သံများ အခန်းတွင်း၌ ပဲ့တင်ထပ်သွားသည်။ အပြင်မှ နားထောင်နေစဉ် မားကတ်စ် နှင့် အခြားလူ၏ မျက်နှာများမှ သွေးများ စီးကျလာသည်။
“ ငါတို့ အဲ့တာကို စစ်ဆေးသင့်သလား မဟုတ်ရင် အရူးမဆယ်လီနာက ဒီသွေးကျွန်ကို သေတဲ့အထိ နှိပ်စက်နိုင်တယ်”
"မင်းသွားချင်ရင်သွားလိုက် ငါတော့ ဒီအရူးမကို ရန်မစရဲဘူး”
"ဒါပေမယ့် ဒီသွေးကျွန်သေရင် ခေါင်းဆောင်ပျောက်လိမ့်မယ်။ မြို့ဝန်အယ်လ်ဒင်တန်ကိုသတ်တဲ့ လူသတ်သမားကို ငါတို့ ဘယ်လိုရှာမလဲ"
နှစ်ယောက်သား အပြင်၌ ဆွေးနွေးနေကြစဉ် အခန်းတံခါးပွင့်လာသည်။ သွေးများ ဖုံးလွှမ်းနေသော ဆယ်လီနာက နှုတ်ခမ်းထောင့်ရှိ သွေးပုလဲကို လောဘကြီးစွာဖြင့် လျှာဖြင့်လျက်ကာ ထွက်သွားသည်။
“ဒီခံစားချက်က တကယ့်ကို ကြည်နူးစရာပဲ” ဆယ်လီနာက သက်ပြင်းချလိုက်ပြီးနောက် ဤအခိုက်အတန့်ကို အရသာခံနေသည်။
"မင်းသိသွားပြီလား" မားကတ်စ်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ဘာကိုသိရမှာလဲ” ဆယ်လီနာက အနည်းငယ်စိတ်ရှုပ်သွားသည်။
“အရေးမပါတာတွေမပြောစမ်းနဲ့။ တော်ဝင်မြို့စား အယ်လ်ဒင်တန်ကို သတ်တဲ့ ခွေးမသားက ဘယ်မှာလဲမေးတာပေါ့”
ဆယ်လီနာက အနည်းငယ် ရပ်တံ့သွားပြီးနောက် ရယ်လိုက်သည်။
“စိတ်မရှိပါနဲ့ ကျွန်မ စိတ်လှုပ်ရှားနေသေးလို့ အဲ့ကိစ္စကို မေ့သွားတယ်”
“ဘာ” မားကတ်စ်က အနည်းငယ် ကြောင်အသွားသည်။
“ဒါဆို မင်း အထဲမှာ ဒီလောက်ကြာအောင် ဘာလို့ စစ်ဆေးနေတာလဲ”
“ကျွန်မ သူနဲ့ ဂိမ်းလေးတစ်ခု ဆော့နေတာပါ” ဆယ်လီနာက စီးကရက်ကို မီးညှိလျက် ဘာသိဘာသာပြောလိုက်သည်။
“မင်းက အရူးမပဲ” မားကတ်စ်က ကြုံးဝါး၍ အခန်းထဲဝင်ရန် တံခါးကို တွန်းဖွင့်လိုက်သည်။
အတွင်းမှမြင်ကွင်းက မားကတ်စ်ကိုပင် မူးလဲ၍ နေမကောင်းဖြစ်သွားစေလောက်သည်။
“ဘုရားရေ ဆယ်လီနာ ဘာလုပ်လိုက်တာလဲ။ လူသားစားတာ သူ့ကိစ္စလား”မားကတ်စ်က ဘန်နီဒစ်လဲကျနေသော ကုတင်ကို စိုက်ကြည့်၍ စက်ဆုပ်စွာဖြင့် ပြောလိုက်သည်။
ဤအခိုက်အတန့်တွင် ဘန်နီဒစ်သည် မမှတ်မိနိုင်တော့သော အသားစိုင်များအဖြစ်ပြောင်းလဲသွားပြီဖြစ်သည်။သူ သေသွားပြီဖြစ်၍ သွေးကျွန်ဖြစ်ရန် အဆင့်အတန်း ပြည့်မီတော့မည်မဟုတ်ပေ။ သို့သော် သွေးကျွန်တစ်ယောက်၏ လူသားဆန်သော ရှင်သန်မှုသည် သူ့ကို ညှင်းပန်းနှိပ်စက်ရန် ဆယ်လီနာအတွက် ပြီးပြည့်စုံသော လက်နက်တစ်ခုဖြစ်လာခဲ့သည်။
"မင်း ဘာကို အတိအကျ မေးချင်တာလဲ၊ ငါ မင်းကို အကုန်ပြောပြမယ် ပြီးရင် ငါ့ကို သတ်လိုက်ပါ"
“မင်းသည်းခံခဲ့ရတဲ့ မတရားတဲ့ ဆက်ဆံမှုအတွက် ငါစိတ်မကောင်းပါဘူး။ တော်ဝင်မြို့စားအယ်လ်ဒင်တန်နဲ့ မြို့ဝန် စီစီယယ်တို့ကို ဘယ်သူ သတ်ခဲ့တာလဲ သိချင်ပါတယ်။ နောက်ပြီး အခု လူသတ်သမားဘယ်မှာလဲ”
ဤသည်ကိုကြားသောအခါ ဘန်နီဒစ်က ပြင်းထန်စွာ တုန်လှုပ်သွားကာ မားကတ်စ်ကို ထိတ်လန့်တကြားကြည့်လိုက်သည်။
“မသိဘူး။သူတို့ ဘယ်မှာနေလဲ ငါတကယ်မသိဘူး”
မားကတ်စ်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
“ကံဆိုးတာပဲ မစ္စတာ သွေးကျွန်၊ မင်းက အခုထိ ခုခံဖို့ တွေးနေသေးတဲ့အတွက် ဆယ်လီနာအတွက် မင်း ဆက်ပြီး ကစားစရာလုပ်လိုက်ပါ”
ရုတ်တရက် ဘန်နီဒစ်၏ လည်ချောင်းမှ အသက်ရှူသံတစ်ခု ထွက်ပေါ်လာကာ ပါးစပ်မှ သွေးများ စီးကျလာသည်။
ဆယ်လီနာက အမြန်ပြေးလာ၍ မားကတ်စ်ကို လှမ်းအော်လိုက်သည်။
“သေစမ်း ရှင် ကျွန်မ အရုပ်ကို ဖျက်ဆီးလုနီးပါးပဲ”
သူမက ဘန်နီဒစ်၏ ပါးစပ်ကို ဖြဲကာ သူကိုယ်တိုင်ကိုက်ဖြတ်လိုက်သော လျှာကို ကျွမ်းကျင်စွာဖြင့် ဆွဲထုတ်လိုက်သည်။
သူ၏ အသက်ရှူလမ်းကြောင်းမှ သွေးခဲများကို ဖယ်ရှားလိုက်သဖြင့် ဘန်နီဒစ်က ပြန်လည်အသက်ရှူနိုင်သော်လည်း ဆယ်လီနာကို ထိတ်လန့်စွာ စိုက်ကြည့်ကာ နားမလည်နိုင်သော အသံများ ထွက်ပေါ်လာသည်။ ဆယ်လီနာက အာရုံစူးစိုက်ကာ ရယ်မော၍ဘန်နီဒစ်၏ ပါးစပ်ထဲသို့ သူမ၏ သွေးတစ်စက်ကို ချလိုက်သည်။ သွေးမျိုးနွယ်စု မြို့ဝန်၏ သွေးသည် ဘန်နီဒစ်၏ ပါးစပ်မှ ဒဏ်ရာများကို လျင်မြန်စွာ သက်သာပျောက်ကင်းစေကာ သူ့လျှာကိုပင် ပြန်လည် ရှင်သန်လာစေသည်။
“ကျွန်မ အရမ်းသိချင်နေတာ ရှင်က သနားစရာကောင်းတဲ့ သွေးကျွန်တစ်ယောက်ကလွဲလို့ ဘာမှမဟုတ်ဘဲ ဘာကို ကာကွယ်ပေးနေတာလဲ။ ဒါပေမယ့် ရှင်က ခုခံလေလေ ကျွန်မ ပိုပြီး စိတ်လှုပ်ရှားလာလေလေပဲ။ အရမ်းမိုက်တဲ့ အရုပ်တစ်ရုပ်ပဲ”
နောက်ထပ် အော်သံတစ်ခု ထွက်ပေါ်လာသည်။ မားကတ်စ်က ခပ်ဖျော့ဖျော့ကြည့်ကာ အခန်းပြင်သို့ထွက်၍ အပြင်မှ အဖော်များကို ပခုံးတွန့်ပြလိုက်သည်။
“ငါကတော့ ဒီ အရူးမနဲ့ နောက်တစ်ကြိမ် ဘယ်မစ်ရှင်မှ မလုပ်တော့ဘူး”
သူ့ပါးစပ်က စကားလုံးများထွက်လာပြီး မကြာမီ၌ပင် အလွန်ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာသည်။ ဟိုတယ်နံရံများ ပြိုကျသွားသည်။
ထို့နောက် ဖုန်မှုန့်များ ပျံ့လွင့်လာသည်။ မားကတ်စ်နှင့်အခြားသူများ အံ့ဩသွားကြသည့်အချိန်၌ ရွှယ်အန်းသည် ဖုန်မှုန့်များထဲမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာကာ မားကတ်စ်နှင့် သူ့အပေါင်းအဖော်ကို မြင်လိုက်ရသဖြင့် အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းယမ်းလိုက်သည်။
"ဒါကသွေးမျိုးနွယ်ရဲ့ မြို့စားနှစ်ယောက်တည်းလား။ပျင်းစရာကြီး!"
ထိုမှသာလျှင် မားကတ်စ်က ပြန်လည်တည်ငြိမ်လာကာ ရွှယ်အန်း၏ နောက်မှလိုက်လာသော ကွင်တီနာကို စိုက်ကြည့်လိုက်သည်။
“မင်းမှာ မြို့စား စီစီယယ်ရဲ့ အနံ့ရှိနေတယ်။ မင်း သူ့ကို သတ်လိုက်တာလား”
ကွင်တီနာက ခေါင်းညိတ်လိုက်သည်။
“မှန်တယ်"
"ဒါဆိုဒါက အယ်လ်ဒင်တန်ကိုလည်း... "
ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
“ငါသတ်လိုက်တာပဲ”
မားကတ်စ်၏ အမူအရာက လေးနက်လာသည်။ ထိုအချိန်တွင် ဆယ်လီနာက အခန်းထဲမှ ပြန်ထွက်လာ၏။
သူမကိုတွေ့သောအခါ ကွင်တီနာက စကားလုံးတချို့ကို ရေရွတ်လိုက်သည်။
”စုန်းမ ဆယ်လီနာ”
လက်ထဲတွင် သွေးများဖြင့် ဖုံးလွှမ်းနေသည့် ဆယ်လီနာက သူမ၏ ဆံပင်များကို ကိုင်၍ တခစ်ခစ်ရယ်ကာ ပြုံးလိုက်သည်။
“ငါ ဝန်ခံပါတယ်။ နင့်သွေးကျွန်က တကယ့်ကို မှတ်သားစရာပဲ။ နင့်သွေးကျွန်က တော်တော်ထူးခြားပြီး ငါ့လက်ထဲမှာ အချိန်တ်ောတော်ကြာကြာနေခဲ့တာပဲ”
ကွင်တီနာ၏ အမူအရာက မှောင်မိုက်သွားသည်။ ဤစုန်းမငယ်သည် သွေးမျိုးနွယ်စုကြား၌ အတော်အတန်နာမည်ပျက်များသူဖြစ်ကာ မြို့စား၏ ခွန်အားသာရှိသော်လည်း သူမ၏ ရူးသွပ်မှုက လူအများကို ကြောက်လန့်စေခဲ့သည်။
ထို့ထက် ပို၍အရေးကြီးသည်မှာ သူမသည် လျှော့တွက်မထားသော အင်အားစုဖြစ်သည့် သွေးမျိုးနွယ်စုရှိ အဓိကပုဂ္ဂိုလ်တစ်ဦး၏ ယုံကြည်စိတ်ချရသော လက်အောက်ငယ်သားတစ်ဦးဖြစ်သည်။ ထိုအချိန်တွင် ဆယ်လီနာ၏အာရုံက ရွှယ်အန်းအပေါ်၌ ရှိနေကာ သူမ၏ မျက်လုံးများမှ လောဘအငွေ့အသက်များ ထွက်ပေါ်လာသည်။
"ဒီလို ပြီးပြည့်စုံတဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ မင်းကို နမူနာပုံစံဖြစ်အောင် လုပ်လိုက်ရင် ငါ့သခင်က သဘောကျမှာ သေချာတယ်။ ဒီမိန်းမလည်း ငါ့သခင်ကို အရုပ်အဖြစ် လက်ဆောင်ပေးရင် ငါ့ကို လှလှပပ ဆုချမှာ သေချာတယ် ဟီးဟီးဟီး။"
သူမ၏ ရူးသွပ်မှုနှင့် မတူဘဲ မားကတ်စ်နှင့် အခြားသူများ၏ မျက်နှာများက လေးနက်နေသည်။ စင်စစ်သော်ကား တော်ဝင်မြို့စားကို သတ်ဖြတ်သည့် ခွန်အားရှိသော ရွှယ်အန်းကို ပေါ့ပေါ့တန်တန်သဘောမထားသင့်ပေ။
ရွှယ်အန်းက သက်ပြင်းတစ်ချက်ချလိုက်သည်။
“ဒီလို ညစ်ပတ်တဲ့ လူမျိုး”
ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် ၎င်းတို့နှင့် စကားအပိုများပြောမနေတော့ဘဲ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ မရေမတွက်နိုင်သော ဓားရောင်ခြည်များသည် လေထုထဲတွင် ထွက်ပေါ်လာသည်။
ဤမြင်ကွင်းသည် မားကတ်စ်ကို ထိတ်လန့်စေ၍ ကြောက်လန့်တကြား ထအော်စေခဲ့သည်။
“မြန်မြန် လျို့ဝှက်နည်းလမ်းကိုသုံး”
ဆယ်လီနာက တခစ်ခစ်ရယ်ကာ စာရွက်တစ်ရွက်ကို လွှင့်ပစ်လိုက်သည်။ မြို့ဝန်၏ ခွန်အားဖြင့် ဤကိစ္စကို ဆောင်ရွက်ဝံ့ခြင်းမှာ ၎င်းတို့အား သွေးမျိုးနွယ်ကောင်စီမှ လျို့ဝှက်အဆောင်တစ်ခု ပေးအပ်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ထိုထဲတွင် သွေးမျိုးနွယ်စုမင်းသား၏ စစ်မှန်သော အမိန့်စာပါရှိကာ သွေးမျိုးနွယ်ကောင်စီ၏ အမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်သည့် တော်ဝင်မြို့စားကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်စွမ်းရှိသည်။
ထိုစာလွှာက လေထုထဲတွင် သွေးရောင်ဓားတစ်ချောင်းအဖြစ်ပြောင်းလဲသွားကာ ထိုစဉ် ဆယ်လီနာက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
"အရှင်၏နာမတော်အားဖြင့်၊ မင်းတို့အားလုံးကို ဖျက်ဆီးပစ်မယ်"
ဤသို့ဖြင့် သူမက ဓားမြှောင်ကို မြှောက်ကာ ရွှယ်အန်းနှင့်အခြားသူများကို တည့်တည့် ချိန်ရွယ်လိုက်သည်။ ဓားမြှောင်သည် သေခြင်း၏ ပြင်းထန်ထူထဲသော ရောင်ဝါကို ထုတ်လွှတ်လျက်ရှိရာ လူတစ်ယောက်ကို ရိုးတွင်းခြင်ဆီများအထိ အေးခဲသွားစေနိုင်သည်။
ကွင်တီနာသည် ခြေလှမ်းပေါင်းများစွာ နောက်ပြန်ဆုတ်ခဲ့ပြီးဖြစ်သော်လည်း သွေးမျိုးနွယ်မင်းသား၏ ရောင်ဝါဖြင့် လွှမ်းခြုံထားသည့် ဤပြင်းထန်သော ထိုးနှက်ချက်မှ မလွတ်မြောက်နိုင်သေးပေ။
“သေစမ်း”ဆယ်လီနာက ရယ်မောလိုက်သည်။
အခန်း(၃၈၃) ငါဘယ်တော့မှမကြောက်ဘူး
ဓားမြှောင်က လေထဲသို့ လွင့်စင်သွားကာ ဓားအလင်းသည် တဖြည်းဖြည်း ကျသွားသည်။
သို့သော် ထိုအချိန်တွင် သွယ်လျသောလက်က သွေးအလင်းရောင်အလွှာများမှတဆင့် ကြက်သွေးရောင် ဓားကို တိုက်ရိုက်ဆုပ်ကိုင်လိုက်သည်။ မားကတ်စ်နှင့် အခြားလူများ အားလုံး အံ့အားသင့်ကုန်ကြသည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”
ဤကြက်သွေးရောင် ဓားမြှောင်သည် ဖျက်ဆီး၍မရနိုင်သော သွေးမျိုးနွယ်စု မင်းသား၏ အနှစ်သာရအသွေးမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
‘တစ်ယောက်ယောက်က လက်တစ်ဖက်တည်းနဲ့ ဘယ်လိုကိုင်ထားနိုင်မှာလဲ’
ဆယ်လီနာလည်း ထိတ်လန့်သွားသည်။
ရွှယ်အန်းက သက်ပြင်းတစ်ချက် ချလိုက်သည်။
"ဒါပဲလား။ ဘယ်လောက် ပျင်းစရာကောင်းလဲ”
စကားပြောပြီးနောက် လက်သီးကို ဆုပ်လိုက်သည်။
ရွှယ်အန်း၏ အလွန်ကြီးမားသော စွမ်းအားကြောင့် ကြက်သွေးရောင်ဓားရှည်က အပိုင်းပိုင်း ကြေမွသွားသည်။ ထို့နောက် မားကတ်စ်နှင့် အခြားသူများ၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် ရွှယ်အန်းက လက်ဖျောက်တစ်ချက်တီးလိုက်သည်။ မားကတ်စ်နှင့် ကျန်သူများက တုန်လှုပ်လျက် အတောင်များ ရုတ်တရက် ဖြန့်ကာ ထွက်ပြေးရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
ရွှယ်အန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
အလွန်ဖြူဖွေးနေသော မီးတောက်နှစ်ခုက ၎င်းတို့ပေါ်သို့ ကျသွား၏။ အော်ဟစ်သံနှင့်အတူ မီးတောက်များ ပြင်းထန်စွာ တောက်လောင်လာကာ သွေးမျိုးနွယ်မှ လူနှစ်ယောက်လုံး ဗလာနတ္ထိအဖြစ်သို့ပြောင်းလဲသွားသည်။
ထို့နောက် ရွှယ်အန်းက ဆယ်လီနာ၏ အနားသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားလိုက်သည်။
“ရှင်တကယ် စွမ်းအားကြီးတာပဲ”ဆယ်လီနာက ပြုံး၍ ပြော၏။
ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
“မင်းက နည်းနည်းမှ ကြောက်ပုံမပေါ်ဘူးပဲ”
“အဟက်အကြောက်တရားဆိုတာ အားနည်းခြင်းရဲ့ ပြယုဂ်တစ်ခုကလွဲလို့ ဘာမှမဟုတ်ဘူး။ ဒါ့ကြောင့် ငါ တစ်ခါမှမကြောက်ဖူးဘူး” ဆယ်လီနာ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုနှင့် ရူးသွပ်မှုတို့ဖြင့် ပြည့်နှက်ကာ တောက်ပနေသည်။
ထို့နောက် ရွှယ်အန်းက ကုတင်ပေါ်မှ ပြင်းထန်စွာဒဏ်ရာရနေသော ဘန်နီဒစ်ကို သတိပြုမိ၍ မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။
"မင်းဒီလိုလုပ်လိုက်တာလား"
ဆယ်လီနာက ဘာသိဘာသာ ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်၊ နိမ့်ကျတဲ့ သွေးကျွန်တစ်ယောက်ပဲ၊ ဒါပေမယ့် မင်းရဲ့ နေရာကို အဆုံးထိ မဖော်ပြဘဲ သူက တော်တော်စိတ်ရှည်တယ်”
ရွှယ်အန်းက ရယ်မောလိုက်သည်။
“နိမ့်ကျတဲ့ သွေးကျွန်ဟုတ်လား။ ကောင်းလိုက်တာ။ ငါမင်းကိုသတ်ဖို့ စဉ်းစားနေပေမယ့်… အခုတော့ စိတ်ပြောင်းသွားပြီ”
ထို့နောက် သူက အိပ်ရာပေါ်ရှိ ဘန်နီဒစ်ကို လက်ညှိုးထိုးပြလိုက်သည်။
"မင်းရဲ့သခင်အသစ်ကို တော်တော်သဘောကျလိမ့်မယ်ထင်တယ်"
"ဘာလဲ” ဆယ်လီနာ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
“ငါဆိုလိုတာက” ရွှယ်အန်းက ခေတ္တရပ်လိုက်ပြီးနောက် ပြုံး၍ ဆက်ပြောသည်။“သွေးကျွန်တွေကို မင်းက အရမ်းနှိမ့်ချနေမှတော့ ဘာလို့ တစ်ယောက်ယောက်ကို သခင်အဖြစ် တာဝန်မထမ်းဆောင်တာလဲ”
“ရွှယ်အန်း၏ ပြောဆိုချက်က ပြန်လည်သက်သာလာသော ဘန်နီဒစ်ကို တုန်လှုပ်သွားစေသည်။
“သခင်…”
ဆယ်လီနာသည် ရယ်စရာကောင်းသော ဟာသတစ်ခုကို ကြားလိုက်ရသည့်အလား မောက်မောက်မာမာ ရယ်မောနေတော့၏။
“သူ့ကို ငါ့သခင်အဖြစ် သဘောထားရမယ်ဟုတ်လား။ ငါက… မြင့်မြတ်တဲ့ သွေးမျိုးနွယ်စုက မြို့ဝန်ပဲ။ငါက သွေးကျွန်တစ်ယောက်ကို သခင်အဖြစ် ခစားရမယ်ဟုတ်လား”
သူမစကားမဆုံးခင် ရွှယ်အန်းက ဆယ်လီနာ၏ နဖူးကို လက်ညိုးထိုးလိုက်ရာ သူ့လက်ထဲ၌ အလင်းတန်းတစ်ခု ပေါ်လာသည်။ ထို့နောက် ထိုအလင်းတန်းကို ပေါ့ပါးစွာဖြင့် ဘန်နီဒစ်၏ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းသွား၏။ အလင်းထွက်ပေါ်လာသည်နှင့်အမျှ ဘန်နီဒစ်၏ ဒဏ်ရာများက လျင်မြန်စွာ သက်သာလာကာ ရောင်ရမ်းဒဏ်ရာအားလုံး တည်ငြိမ်လာသည်။
ထိုအချိန်တွင် ဆယ်လီနာက သူမ’၏ ဝိဉာဉ်အစိတ်အပိုင်းကို ဆွဲထုတ်ခံလိုက်ရသဖြင့် ထိတ်လန့်တကြား အော်လိုက်သည်။
"နင် ငါ့ကို ဘာလုပ်လိုက်တာလဲ"
"သဘာဝအတိုင်း၊ မင်းကို သူ့ရဲ့ သခင်အဖြစ် လုပ်ထားပြီးပြီ။ မင်းရဲ့ဝိညာဉ်က သူ့လက်ထဲမှာရှိတယ်။ သူ မင်းအသက်ရှင်ဖို့ ဆန္ဒရှိတယ်ဆိုရင် မင်းအသက်ရှင်လိမ့်မယ်။ သူမင်းကိုသေစေချင်ရင် မင်းသေလိမ့်မယ်။ နားလည်လား။"
ဆယ်လီနာ၏ တစ်ကိုယ်လုံး တုန်လှုပ်သွားပြီးနောက် ဘယ်သောအခါကမျှ မသိခဲ့သော အကြောက်တရားများက နှလုံးသားကို ဖုံးလွှမ်းသွားသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ။ သွေးမျိုးနွယ် မြို့စားရဲ့ ဝိညာဉ်ကို နင်ဘယ်လိုလုပ် ထိန်းချုပ်နိုင်မှာလဲ။ ငါမယုံဘူး”
ရွှယ်အန်းက သူမ၏ စကားများကို ဥပက္ခာပြုကာ စိတ်ရှုပ်နေသော ဘန်နီဒစ်ကို ပြုံး၍ပြောလိုက်သည်။
"ကဲ၊ သူက မင်းပိုင်တယ်။ မင်းကို သူလုပ်ခဲ့သမျှအတွက် မင်းလက်စားချေနိုင်တယ်"
ဘန်နီဒစ်သည် တစ်ကိုယ်လုံး တုန်လှုပ်နေသော ဆယ်လီနာကိုကြည့်ကာ အတွေးတစ်ခုတည်းဖြင့် သူ့နှလုံးသားထဲသို့ လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်တစ်ခု တိုးဝင်လာကာ သူမ၏စိတ်ဝိညာဉ်ကို လေထဲတွင် လွင့်သွားစေနိုင်သည်။
ဆယ်လီနာသည်လည်း ဤခံစားချက်ကို ခံစားမိသည်။ သူမ၏ မျက်လုံးထဲတွင် ဘန်နီဒစ်သည် မြင့်မြတ်သော နတ်ဘုရားတစ်ပါးနှင့်တူနေသည်။ ကွင်တီနာက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
“ဘန်နီဒစ် သခင်ကို ကျေးဇူးတင်ရမှာမဟုတ်ဘူးလား။ သူနင့်ကို လက်စားချေခွင့်ပေးနေတာလေ”
ဘန်နီဒစ်က တုန်လှုပ်သွားပြီးနောက် ချက်ချင်းရိုသေစွာ ဒူးထောက်ချလိုက်သည်။
“ကျေးဇူးတင်ပါတယ်ဆရာ”
ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံးကာ လှည့်ထွက်သွားသည်။
“သူ့ကို သေတဲ့အထိ မကစားနဲ့၊ အသက်ရှင်အောင်ထား ငါသူ့ကိုသုံးစရာရှိသေးတယ်”
“ဟုတ်ကဲ့”ဘန်နီဒစ်က လေးစားရိုသေစွာဖြင့် တုံ့ပြန်လိုက်ပြီးနောက် သူ့ခေါင်းကိုဆယ်လီနာဘက်သို့ လှည့်လိုက်ရာ တဖြည်းဖြည်းနှင့် ရက်စက်သော အကြည့်တစ်ခု ပေါ်လာသည်။
“ဆရာပြောတာမှန်တယ်။ ဒီနေ့ မင်းငါ့ကို ကျူးလွန်ခဲ့တဲ့အပြစ်အတွက် နှစ်ဆ ပြန်ပေးဆပ်ရမယ်”
အခန်းထဲမှ အော်သံများ ထပ်မံထွက်ပေါ်လာသည်။ ထိုအချိန်တွင် ရွှယ်အန်းသည် အန်းယန်နှင့် အခြားအခန်းတွင် လက်ဖက်ရည်သောက်နေပြီဖြစ်သည်။
ကွင်တီနာက တစ်ဖက်တွင်ရပ်ကာ စကားပြောရန် ပါးစပ်ကို အကြိမ်ကြိမ်ဖွင့်၍ ရပ်တန့်လိုက်သည်။
“ဘာပြောချင်လို့လဲ” ရွှယ်အန်းက လက်ဖက်ရည်ခွက်ကိုချကာ ထူးမခြားနားမေးလိုက်သည်။
“ဆရာ ဆယ်လီနာရဲ့ ကျင့်ကြံရေးအဆင့်က သိပ်မမြင့်ပါဘူး။ ဒါပေမယ့် သူက သွေးမျိုးနွယ်ကောင်စီရဲ့ ဂုဏ်သိက္ခာကို ကိုယ်စားပြုတယ်။ အခု ဆရာက သူ့ကို ဘန်နီဒစ်ဆီ အတင်းအကြပ် လက်အောက်ခံခိုင်းလိုက်တာဟာ သွေးကောင်စီရဲ့ မျက်နှာကို ပါးရိုက်လိုက်သလိုပါပဲ”
ကွင်တီနာ၏ မျက်နှာပေါ်တွင် စိုးရိမ်သော အကြည့်တစ်ခု ပေါ်လာသည်။ သွေးမျိုးနွယ်ကောင်စီသည် သွေးမျိုးနွယ်စု၏ မရေမတွက်နိုင်သော အင်အားကြီးမားသော အဖွဲ့ဝင်များ နေထိုင်ရာ သွေးမျိုးနွယ် နတ်ကုန်းမြေ၏ အဓိက အုတ်မြစ်ဖြစ်သည်။
ထို့ကြောင့် ရွှယ်အန်း၏ လုပ်ရပ်က အပြတ်အသတ်ဒေါသဖြစ်စရာပင်ဖြစ်၏။
သဘာဝကျစွာပင် ကွင်တီနာက စိုးရိမ်လျက်ရှိသည်။ သို့သော် ရွှယ်အန်းက အနည်းငယ်ပြုံးလိုက်၏။
"သူတို့မျက်နှာကို ပါးရိုက်သလိုပဲဟုတ်လား မဟုတ်ဘူး၊ ကိစ္စတွေက ဒီလောက်ရိုးရှင်းမှာမဟုတ်ဘူး။ ဆယ်လီနာက အရေးကြီးတဲ့ သဲလွန်စတစ်ခုဖြစ်ပြီး၊ သွေးမျိုးနွယ်ကောင်စီရဲ့ တည်နေရာအတိအကျကို ငါရှာဖို့ ရည်ရွယ်ထားတယ်။"
"ဘာကြီး” ကွင်တီနာ အံ့သြသွားသည်။ ရွှယ်အန်းသည် သွေးမျိုးနွယ်ကောင်စီဝင်များကို ဖြားယောင်းသွေးဆောင်ကာ တစ်ယောက်ကိုတစ်ယောက် ဖြုတ်ချချင်သည်ဟု သူမထင်ခဲ့သည်၊ သို့သော် သူသည် တကယ်တမ်း၌ သွေးမျိုးနွယ်၏ နတ်ကုန်းမြေကို ချေမှုန်းရန်အတွက် စီစဉ်နေခြင်းဖြစ်သည်။
"မင်းပြောတဲ့အတိုင်း သွေးမျိုးနွယ်ကောင်စီက မြို့စားတွေနဲ့ ပြည့်နှက်နေပြီး မင်းမျိုးမင်းနွယ်တွေတောင် ပထမမျိုးဆက်က ပေါက်ဖွားလာတာဆိုတော့ အဲ့တာက သွေးပုလဲတွေအရမ်းများမယ့် ကြီးမားလှတဲ့ ရတနာတစ်ခုလိုပါပဲ။ ဒါ့ကြောင့် ငါအဲ့တာတွေ လိုချင်တယ်”"
ကွင်တီနာက ဆက်မပြောရဲတော့သဖြင့် ခေါင်းငုံ့လိုက်သည်။ သူမ ခံစားနိုင်သမျှသည် ရူးသွပ်မှုသာဖြစ်သည်။
သို့သော် တစ်ချိန်တည်းမှာပင် သူမ၏ နှလုံးသားထဲတွင် မျှော်လင့်ခြင်း နှင့် စိတ်လှုပ်ရှားခြင်း ခံစားချက်များ ထွက်ပေါ်လာသည်။ နာရီအနည်းငယ်ကြာပြီးနောက် ဘန်နီဒစ်သည် စိတ်လှုပ်ရှားစွာဖြင့် အခန်းတွင်းမှ ထွက်သွားသောအခါ ဆယ်လီနာက နောက်မှ တုန်လှုပ်ချောက်ချားစွာဖြင့် ထွက်လာခဲ့သည်။
ယခုမူ ဆယ်လီနာသည် သူမ၏ ကနဦး မောက်မာမှုနှင့် စိတ်အားထက်သန်မှုတို့ကို မပြသတော့ဘဲ ကြောက်ရွံ့မှုနှင့် အရှက်တရားများကိုသာ ပြသတော့မည်ဖြစ်သည်။
"ဘယ်လိုလဲ၊ မင်း အခု နာခံနေပြီလား" ရွှယ်အန်းက ဘာသိဘာသာမေးလိုက်သည်။
ဘန်နီဒစ်က စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်ကာ “ဒူးထောက်” ဟုအော်၍ လှည့်ကြည့်လိုက်သည်။
ထိုအခါ ဆယ်လီနာက တုန်ယင်စွာဖြင့် ဒူးထောက်ထိုင်ချလိုက်၏။ သူမ မခုခံချင်ခြင်းမဟုတ်ပေ။ လတ်တလောပင် သတ်သေရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း
ရွှယ်အန်း၏ စိတ်ဝိညာဉ်အပေါ် အလွန်လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းကြောင့် သူမကိုယ်သူမသတ်သေနိုင်ဘဲ ဘန်နီဒစ်၏ သက်ညှာမှုကြောင့် ရှင်သန်နေဆဲဖြစ်သည်။
“ငါ့ကို သခင်လို့ခေါ်”
“သခင်”ဆယ်လီနာက ကျယ်လောင်စွာ အော်ခေါ်လိုက်သည်။
ရွှယ်အန်းက ခေါင်းညိတ်လိုက်ပြီးနောက် ဆယ်လီနာကို စိတ်ဝင်တစားကြည့်လိုက်၏။
"အခု ငါသိချင်တာက မင်းရဲ့ သွေးမျိုးနွယ်ကောင်စီက ဘယ်မှာလဲ"
အခန်း(၃၈၄) တစ်ကြိမ်တည်းဖြင့် ဖမ်းခြင်း
ဆယ်လီနာက တုန်လှုပ်သွားကာ သူမ၏ လစ်လပ်နေသော မျက်လုံးများက တဖြည်းဖြည်း ရှင်းလင်းလာသည်။
"ရှင် ဘာလုပ်ချင်လို့လဲ"
“ကောင်မ မင်းက အကြီးအကဲကို ဒီလိုပြောရဲတယ်ပေါ့" ဘန်နီဒစ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူမ၏ ပြင်းထန်သော နာကျင်မှုကြောင့် ဆယ်လီနာကို တုန်လှုပ်သွားစေခဲ့သော်လည်း သူမက ရွှယ်အန်းကို စိုက်ကြည့်နေဆဲဖြစ်သည်။
"အယ်လင်တန်ကိုသတ်ပြီးတော့ သွေးမျိုးနွယ်ကောင်စီက သခင်တွေပေါ်လာတာကို စောင့်နေခဲ့တယ်။ ဒါပေမယ့် ရလဒ်ကတော့ စိတ်ပျက်စရာပါပဲ။ ရောက်လာတာ ကြောင်လေးအနည်းငယ်ပဲရှိသေးတယ်"
"ငါ့ရဲ့စိတ်ရှည်သည်းခံမှုဟာ သိပ်ကြာကြာမခံဘူး။ ဒါကြောင့် သွေးမျိုးနွယ်ကောင်စီကိုသွားပြီးတော့ သွေးမျိုးနွယ်တစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့ ပြင်ဆင်နေတယ်”
ရွှယ်အန်း၏ လျစ်လျူရှုသော စကားလုံးများသည် ဆယ်လီနာကို ခဏတာ ထိတ်လန့်သွားစေခဲ့ကာ လှောင်ပြောင်သော အပြုံးတစ်ခု သူမ၏ မျက်နှာပေါ်တွင် တဖြည်းဖြည်း ပေါ်လာသည်။
"ကျွန်မ ဝန်ခံပါတယ်၊ ရှင်က တကယ်ပဲ စွမ်းအားကြီးတယ် ဒါပေမယ့် ရှင်တစ်ယောက်တည်းက သွေးမျိုးနွယ်ကောင်စီတစ်ခုလုံးကို ချေမှုန်းပစ်နိုင်တယ်ထင်လို့ မာန်တက်နေတာလား”
"ပါးစပ်ပိတ်ထား” ဘန်နီဒစ်က ကြုံးဝါးသည်။
နာကျင်မှုက ဆယ်လီနာက ဆက်ဦ စကားမပြောနိုင်သော်လည်း မျက်လုံးထဲမှ သရော်လှောင်ပြောင်မှုများက ပိုပြင်းထန်လာခဲ့သည်။
ရွှယ်အန်းက ဖြည်းညှင်းစွာထရပ်ကာ ဆယ်လီနာ၏ အနီးသို့ လျှောက်သွားသည်။
“မင်းမယုံဘူးလား။ ဒါဆို ဒီတစ်ခါ မင်းရဲ့သွေးမျိုးနွယ်ကောင်စီကို ငါဘယ်လိုသတ်မလဲဆိုတာ မင်းမျက်လုံးနဲ့ကြည့်ခွင့်ပေးမယ်။"
ဤသို့ပြောနေစဉ် ရွှယ်အန်း၏ နတ်အာရုံက ဆယ်လီနာ၏အသိစိတ်ပင်လယ်ကိုတိုက်ရိုက်ကျူးကျော်ဝင်ရောက်ကာ သူလိုအပ်သောအချက်အလက်များကိုရှာဖွေရန် ဖရိုဖရဲရုပ်ပုံများစွာကိုဖြတ်သန်းခဲ့သည်။
"ဟင် ဒီနိုင်ငံလား" ရွှယ်အန်းက ခပ်တိုးတိုး ပြောလိုက်သည်။
"ဘာ... ရှင် ကျွန်မကို ဘာလုပ်လိုက်တာလဲ ရှင်က နတ်ဆိုးတစ်ကောကလွဲလို့ ဘာမှမဟုတ်ဘူး” ဆယ်လီနာက ရွှယ်အန်း သူမကို လုပ်ခဲ့သောအရာကို သဘောပေါက်နားလည်၍ ကြောက်လန့်တကြား အော်ငေါက်လိုက်သည်။
ဤလူက သူမ၏ စိတ်ဝိညာဉ်ကို လက်အောက်ခံစေကာ သူမ၏မှတ်ဉာဏ်များကို အတင်းအကြပ်ရှာဖွေခဲ့သဖြင့် ဤနည်းလမ်းများသည် နတ်ဆိုးများထက် ပို၍ပင် ယုတ်မာသည်။ ရွှယ်အန်းက ရှေ့သို့ အနည်းငယ် တိုး၍ ငုံ့ကာ ပြုံးလိုက်သည်။
"သွေးမျိုးနွယ်ကနေ နတ်ဆိုးလို့ ခေါ်ခံရတာကို ဂုဏ်ယူမိပါတယ်"
ဤသည်မှာ မပြီးဆုံးသေးသော ဘုရားကျောင်းဟု လူသိများသည့် အင်္ဂလန်နိုင်ငံရှိ ခမ်းနားသော ဇိမ်ခံဘုရားကျောင်းတစ်ခုဖြစ်သည်။ ဤဘုရားကျောင်းကို အလယ်ခေတ်ကတည်းက စတင်တည်ဆောက်ခဲ့ရာ ယခုထိ မပြီးသေးပေ။
ဘုရားကျောင်း၏ အမိုးခုံးအောက်တွင် မရေမတွက်နိုင်သော လျှို့ဝှက်နည်းပညာဖြင့် သန့်စင်ထားသော မှန်ချပ်များသည် မြင့်မြတ်သောခန်းမကဲ့သို့ တောက်ပနေသည်။ ထိုသို့သောမြင်ကွင်းသည် မရေမတွက်နိုင်သောယုံကြည်သူများကို အလင်းဘုရားသခင်၏ တန်းခိုးအာနုဘော်ဟု တွေးတောကြစေခဲ့ငည်။ သို့သော် ဤနေရာ၌ဖြစ်ပျက်နေသည်များကို ဘုန်းတော်ကြီး ဂယ်ရီကကသာ သိသည်။
“နောက်တစ်ကြိမ် သန့်ရှင်းတဲ့ အလင်းနည်းပညာကို မကြာခဏ မသုံးပါနဲ့။ သတိရပါ။ နောက်ဆုံးတော့ ယုံကြည်ကိုးကွယ်သူအများစုကသာ သန့်ရှင်းတဲ့အလင်းကို မြင်ဖို့ထိုက်တန်တယ်”
“ဟုတ်ပါတယ် ဒါပေမဲ့ ဂိုဏ်းချုပ်က ဘယ်သူက အကြည်ညိုဆုံးလို့ ပြောနိုင်မှာလဲ” လက်အောက်ငယ်သားတစ်ယောက်ကို မေးသည်။
"ငွေများများလှူလေ အလင်းဘုရားသခင်ကို ယုံကြည်လေလေ၊ နားလည်လေလေပါပဲ။"
“ဟုတ်”
သူ့လက်အောက်ငယ်သားက ခေါင်းညိတ်ပြပြီးနောက် ကျေကျေနပ်နပ်ဖြင့် ပြန်ထွက်သွားသည်။ ဂယ်ရီက မတ်တပ်ထရပ်ကာ အိပ်ခန်းထဲပြန်ဝင်ရန် အဆင်သင့် ဖြစ်နေသည်။ ထို့နောက် လျှို့ဝှက်နည်းပညာဖြင့် တံဆိပ်ခတ်ထားသော စာတစ်စောင်ကို သူ့ထံ ပေးပို့ခဲ့သည်။
ဖွင့်ကြည့်လိုက်ပြီးနောက် သူ့မျက်နှာက အနည်းငယ် ပြာမှုန်သွားသည်။ အချိန်အတော်ကြာပြီးနောက်
နောက်ဆုံးတွင်ပြောလိုက်၏။
"အယ်လ်လွန်ဆို ကိုခေါ်လိုက်ပါ”
အယ်လ်လွန်ဆိုသည် အရက်သောက်နေသဖြင့် အချိန်အတန်ကြာမှ ရောက်လာထဲ့သည်။
"ဂယ်ရီ ဘာလို့ငါ့ကိုလိုတာလဲ”
၎င်းအယ်လ်လွန်ဆိုသည် တစ်ချိန်က အလင်းတန်းသူရဲခေါင်းအဖွဲ့၏ ဒု-တပ်မှူးဖြစ်ခဲ့သော်လည်း အများသူငှာ ဒေါသဖြစ်စေသော လောဘလွန်ကဲမှုကြောင့် ရာထူးမှ နုတ်ထွက်ခဲ့ရကာ နောက်ဆုံးတွင် အင်္ဂလန်နိုင်ငံသို့ စေလွှတ်ခြင်းခံခဲ့ရသည်။
ဂယ်ရီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
အဆင့်အရ သူသည် ပြည်နှင်ဒဏ်ခံရသော အယ်လ်လွန်ဆိုထက် မြင့်သည်။ သို့သော် အယ်လ်လွန်ဆိုသည် တစ်ချိန်က အလင်းသူရဲကောင်းအဖွဲ့တွင် ပါ၀င်ခဲ့ကာ နတ်သူရဲကောင်း၏ အလင်းဘုရားကျောင်းလေးခု အနက်မှ လက်အောက်ခံတစ်ဦးဖြစ်ခဲ့သောကြောင့် သူသည် အမြဲတမ်းလွတ်လွတ်လပ်လပ် ပြောဆိုခဲ့ကာ ဂယ်ရီအပေါ် တစ်ခါမျှ လေးစားမှုမပြခဲ့ပေ။ သို့သော် ယခုအချိန်က ဤအသေးစိတ်အချက်အလက်များကို လေ့လာရန်အချိန်မဟုတ်ပေ။ သူက အယ်လ်လွန်ဆိုအား စာတစ်စောင် ပေးလိုက်သည်။
အယ်လ်လွန်ဆိုက တစ်ချက်ကြည့်လိုက်ပြီးနောက် အနည်းငယ် ထိတ်လန့်သွားသည်။
“ခရမ်းရောင်ဝတ် ကြေးစားနဲ့ အနီရောင်ဝတ် သတ်ဖြတ်သူ သေသွားပြီလား။”
ဂယ်ရီက လေးနက်စွာ ခေါင်းညိတ်သည်။
"ထူးဆန်းတယ် လန်ဒန်မှာ ဒီလိုမျိုး အစွမ်းသတ္တိမျိုး ဘယ်သူ့မှာရှိလဲ။ အမှောင်ကောင်စီထဲက အမှောင်စုန်းမ ဒါမှမဟုတ် တိုက်တန်လား ဒါမှမဟုတ် သွေးမျိုးနွယ်ထဲက တစ်ယောက်ယောက်များ ဖြစ်ကောင်းဖြစ်နိုင်မလား" အယ်လ်လွန်ဆိုက အံ့ဩသွားသည်။
"နောက်ဆုံးသတင်းအရတော့ အမှောင်ညနတ်သူငယ် နှစ်ယောက်ကိုဖမ်းဖို့ ဒီသုံးယောက်ကိုလွှတ်လိုက်တာတဲ့!"
"အမှောင်ည နတ်သူငယ်လား" အယ်လ်လွန်ဆို၏ မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။
"စွဲဆောင်မှုရှိတဲ့ နတ်သမီးလေးတွေက ဒီသုံးယောက်ကို ဘယ်လိုသတ်နိုင်မှာလဲ"
"အဲ့တာကြောင့် တရားသူကြီးချုပ်က ဒေါသတကြီးနဲ့ ဒီကိစ္စကို သေသေချာချာ စုံစမ်းစစ်ဆေးဖို့ တင်းတင်းကျပ်ကျပ် အမိန့်ပေးလိုက်တာပဲ”
စကားသုံးခွန်းကိုကြားလိုက်သောအခါ တရားသူကြီးအယ်လ်လွန်ဆိုက တုန်လှုပ်သွားပြီး နောက်ဆုံးတွင် မျက်နှာထက်၌ ရိုသေမှုအရိပ်အယောင်များ ထွက်ပေါ်လာသည်။
“ဝတ်ရုံနီသတ်ဖြတ်သူ တစ်ယောက်တည်းက တရားသူကြီးချုပ်ကို ဘယ်လို ထိတ်လန့်စေတာလဲ”
"ဟာဟား၊ အဲ့၀တ်စုံနီသတ်ဖြတ်သူက တရားသူကြီးရဲ့ ဆွေမျိုးသားချင်းမို့လို့ တရားစီရင်ရေးမှူးက ဒေါသထွက်သွားတာ"
"နားလည်ပါပြီ၊ ငါ အခု လန်ဒန်ကို သွားရမှာလား"
"အလျင်မလိုပါနဲ့ ငါမင်းနဲ့လိုက်ခဲ့မယ်။ ဒီအဖြစ်အပျက်က အခွင့်အရေးပဲ၊ အမှောင်ညနတ်သူငယ်တွေက ပိုပိုပြီး ကောက်ကျစ်လာပြီး ဖမ်းရခက်လာတယ်။ ငါတို့မှာ လတ်ဆတ်တဲ့ ကုန်ပစ္စည်းတွေမရှိတာ အချိန်အတော်ကြာလာပြီမို့ အဆင့်မြင့်အရာရှိတွေက မကျေမနပ်ဖြစ်နေကြပြီ”
"ဒါကြောင့်၊ ငါတို့ အမှောင်ညနတ်သူငယ်အားလုံးကို တစ်ရှိန်ထိုးဖမ်းဖို့ ဒီအခွင့်အရေးကို ယူရမယ်လို့ ငါဆုံးဖြတ်ခဲ့တယ်” ဤသို့ပြောနေစဉ်ဂယ်ရီ၏ မျက်လုံးများက လောဘဇောများဖြင့် တောက်ပနေသည်။
ညအမှောင်နတ်သူငယ်တိုင်းသည် မှောင်ခိုဈေးကွက်တွင် မတန်တဆ ဈေးယူနိုင်သည်။ မရေမတွက်နိုင်သော သူဌေးကြီးများသည် သိမ်မွေ့ လှပ၍ ဤလျှို့ဝှက်ဆန်းကြယ်ကာ အသက်ရှည်သော သတ္တဝါများကို နက်နက်နဲနဲ စိတ်ဝင်စားကြသည်။
အထူးသဖြင့် အလင်းဘုရားကျောင်း၏အဆင့်မြင့်တန်းများတွင် သြဇာကြီးမားသောပုဂ္ဂိုလ်အများအပြားသည် အမှောင်ညနတ်သူငယ်များကို အလွန်စိတ်ဝင်စားကြသည်။
ဂယ်ရီသည် အနီရောင်ဝတ်ဘုန်းတော်ကြီးအဖြစ် ရာထူးကောင်းများစွာကို အရယူ ပူဇော်သက္ကာများစွာကို လက်ခံခဲ့သည်။ တကယ်တမ်းတွင် သူ၏အရည်အချင်းတစ်ခုတည်းဖြင့် ဘုန်းတော်ကြီးဖြစ်ရန် အရည်အချင်းမပြည့်မီပေ။ ထို့ကြောင့် လူများစွာက သူ့ကို နတ်သူငယ်ဘုန်းတော်ကြီးဟု အရွှန်းဖောက်ကြသည်။
ဤအချက်ကြောင့်လည်း အယ်လ်လွန်ဆိုက သူ့အပေါ် လေးစားမှု လျော့နည်းနေခြင်းဖြစ်သည်။ ရလဒ်အနေဖြင့် ဂယ်ရီက ခိုင်မာသောသန္နိဋ္ဌာန်ကိုချထားသည်။
‘ဒီတစ်ကြိမ်၊ ငါ နတ်သူငယ် အားလုံးကို တစ်ကြိမ်တည်း ဖမ်းပြီး ဒီအောင်မြင်မှုတွေနဲ့အတူ ငါ နောက်ထပ်တစ်လှမ်းတက်မယ်။ နောက်ကျရင် ဘယ်သူက ငါ့ကို ရယ်ရဲမလဲဆိုတာ ငါတို့ ကြည့်ကြတာပေါ့’
ထိုအချိန်တွင် ဥရောပရှိ မြို့ငယ်လေးတစ်မြို့၌။
ဖန်းမင်ရွှယ်က ဒါရိုက်တာလုပ်၍ သရုပ်ဆောင်သော ဇာတ်ကားအပြီးတွင် ခန်းမထဲ၌ ကျယ်လောင်သော လက်ခုပ်သံများ ထွက်ပေါ်လာသည်။ နာမည်ကျော် ရုပ်ရှင်ဝေဖန်ရေးဆရာ အများအပြားက မတ်တပ်ရပ်ကာ ဝေးကွာသော အရပ်မှ ဤအမျိုးသမီးကို အလေးအနက်ထား ဂုဏ်ပြုခဲ့ကြသည်။
"အတောက်ပဆုံး လုံးဝကို အတောက်ပဆုံး၊ ဒီဇာတ်ကားက ဒီနှစ်မှာ ငါမြင်ဖူးသမျှ အတောက်ပဆုံးဇာတ်ကားပဲ”
"မင်းပြောတာကို ငါသဘောမတူဘူး၊ ငါ့အမြင်အရ၊ ဒါက ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း အတောက်ပဆုံးလို့ မှတ်ယူသင့်တယ်။ ရိုးရိုးသားသားပြောရရင် ဒီဇာတ်ကားဟောင်းတွေကို ငြီးငွေ့နေပြီ။ မိန်းကလေးဖန်းရဲ့သရုပ်ဆောင်ပုံက တကယ့်ကို စွဲမက်စရာပဲ”
ဤခမ်းနားသော ချီးကျူးစကားများသည် ဖန်းမင်ရွှယ်ကို နစ်မြုပ်သွားစေနိုင်လုနီးပါး များပြားလှသည်။
ဖန်းမင်ရွှယ်ကို အင်တာဗျူးရန် မျှော်လင့်နေသည့် မရေမတွက်နိုင်သော ဂျာနယ်လစ်များက ရှေ့သို့ အရူးအမူး ချီတက်လာကြသည်။ သို့သော် ဖန်းမင်ရွှယ်သည် ခေါင်းညိတ်ပြရုံ ညိတ်ပြ၍ လူတိုင်းကို ယဉ်ကျေးစွာ ပြုံးပြကာ ဟန်ယောင်းကမူ ရူးသွပ်နေသော မီဒီယာများနှင့် ရင်ဆိုင်လျက်ရှိသည်။
အဝတ်လဲခန်းသို့ပြန်ရောက်ပြီးနောက် ပေါ့ပေါ့ပါးပါးအ၀တ်အစားများပြောင်းကာ နေကာမျက်မှန်ကြီးတပ်၍ ဖန်းမင်ရွှယ်သည် ခန်းမမှထွက်ခွါလာခဲ့သည်။ သူမက မီးမောင်းထိုးပြခြင်းခံရသည်ကို မကြိုက်ပေ။ ထို့ကြောင့် လူအများဆီမှ အာရုံစိုက်ခံရမည်ကို တတ်နိုင်သမျှရှောင်သည်။ ယခုအခါ သူမသည် အလုပ်မှ ရှားပါးသော အားလပ်ချိန်များကို ခံစား၍ ဤစစ်မှန်သော ဥရောပမြို့လေးတစ်ဝိုက်တွင် လမ်းလျှောက်ထွက်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။