← Chapters

အခန်း (၃၈၅-၃၈၇)

Vol. 26 Ch. 385-387

အခန်း (၃၈၅-၃၈၇)

Vol. 26 Ch. 385-387

အခန်း(၃၈၅) မိန်းကလေး၊ကျေးဇူးပြုဦ နေပါ

ယနေ့ ဤမြို့ငယ်လေးတွင် စုဝေးပွဲတစ်ခုရှိ၍ လမ်းဘေးဆိုင်များတွင် ထူးဆန်းသော ပစ္စည်းမျိုးစုံကို ပြသထားသည်။ အချို့သော မထင်ရှားသော ကုန်ပစ္စည်းဟောင်းများကြားတွင် စစ်မှန်သော ရှေးဟောင်းပစ္စည်းများကို တွေ့ရှိနိုင်ကာ အလွန်မြင့်သော စျေးနှုန်းဖြင့် ရောင်းချကြသည်။ ထိုအချိန်မှစ၍ ဟောင်းနွမ်းနေသော ပစ္စည်းများကို စုဆောင်းမိသည့်အခါတိုင်း ဤအကြောင်းကို ကြားသိပြီးနောက် လူအများသည် ဤနေရာသို့ လာခဲ့ကြသည်။

ယနေ့သည်လည်း ခြွင်းချက်မရှိပေ။ လမ်းမများပေါ်တွင် လူများစွာဖြင့် စည်ကားနေကာ မြေပြင်ပေါ်တွင် ထိုင်ကာ အဖိုးတန်အရာများကို ရှာဖွေနေကြသည်။ ဆိုင်ပိုင်ရှင်များက ဂရုမစိုက်ဘဲ ကော်ဖီကိုသာ အတူတကွ သောက်သုံးနေကြ၏။

တစ်စုံတစ်ဦးမှ စျေးနှုန်းအကြောင်းမေးသောအခါတွင် ၎င်းတို့က ပြင်းထန်သော အင်္ဂလိပ်ဘာသာစကားဖြင့်သာ တုံ့ပြန်ခဲ့သည်။ ဖန်းမင်ရွှယ်က ဤအရာကို အလွန်စိတ်ဝင်စားလျက်ရှိသည်။ ဤနေရာသို့ လမ်းလျှောက်သွား၍ မြို့ငယ်လေး၏ စစ်မှန်သော အရသာကို ခံစားနိုင်သည်။

ဥပမာအားဖြင့် ဖုန်ထူသော ဤသေတ္တာလေးကို ဖွင့်လိုက်သောအခါတွင် လှပသော တေးဂီတသံ ပေါ်ထွက်လာခြင်းမျိုးဖြစ်သည်။

ဖန်းမင်ရွှယ်၏ထူးခြားသောအသွင်အပြင်ကြောင့် ဆိုင်ပိုင်ရှင်က ပြော၏။

"မိန်းမလှလေး မင်းကမျက်စိကောင်းတယ်၊ ဒီဂီတသေတ္တာကိုငါ့အဖိုးဆီကနေလက်ဆင့်ကမ်းခဲ့တာ"

"အဘိုးက ဒုတိယကမ္ဘာစစ်ရဲ့ စစ်မြေပြင်ကို သွားခါနီးတုန်းက မသွားခင်မှာ သူ့ချစ်သူက ဒီပစ္စည်းကို ပေးခဲ့တာ ဒါပေမယ့် ငါ့အဖိုးက စစ်မြေပြင်က ပြန်လာတဲ့အခါမှာတော့ စစ်ဒဏ်ကြောင့် သူ့ချစ်သူ ပျောက်ကွယ်သွားခဲ့တယ်”

"နှစ်ပေါင်းများစွာ သူ့ချစ်သူကို လိုက်ရှာခဲ့တယ်၊ ဒီအတွက်ကြောင့် အိမ်ထောင်တောင် မပြုခဲ့ဘူး၊ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက သူမသေခင် အဲ့မိန်းကလေးကို ထပ်မတွေ့ခဲ့ရဘူး"

"ဒီသေတ္တာက ငါ့အဖိုးရဲ့ ဖြူစင်တဲ့မေတ္တာကို သက်သေပြထားတယ်၊ ဒါကြောင့် ထုတ်ပြဖို့ ဆုံးဖြတ်ထားတာလေ။ တစ်ယောက်ယောက်က မေးရင် ဒီပုံပြင်ကို ငါပြောပြမယ်” ဆိုင်ပိုင်ရှင်က သက်ပြင်းချကာ ပြောသည်။

ဖန်းမင်ရွှယ်၏ အကြည့်က အနည်းငယ် တုန်ခါသွားကာ အကျိုးရလဒ်မရှိဘဲ ပြီးဆုံးသွားသော ဤအချစ်ဇာတ်လမ်းကြောင့် စိတ်လှုပ်ရှားသွားသဖြင့် သူမက ခပ်တိုးတိုး စျေးမေးလိုက်သည်။

“ဘယ်လောက်လဲ”

ဆိုင်ပိုင်ရှင်၏ မျက်လုံးများ တောက်ပလာပြီးနောက် လက်ညှိုးတစ်ချောင်းထောင်ပြသည်။

"ယူရိုတစ်ရာ”

ထို့နောက် သူက ဖန်းမင်ရွှယ်က စျေးစစ်မည်ကို စောင့်ဆိုင်းနေခဲ့သည်။

သို့သော် ဖန်းမင်ရွှယ်က ကြီးမားသော ပိုက်ဆံထုပ်ကို ထုတ်ကာ ဆိုင်ပိုင်ရှင်ထံ တစ်ရွက်ပေးလိုက်သည်။

"အချစ်က အမြဲတမ်း ဒီလိုပဲလား"

ဆိုင်ပိုင်ရှင်က ဝမ်းသာအားရဖြင့် အံ့အားသင့်သွားကာ သက်ပြင်းချလိုက်သည်။

"မိန်းကလေး၊ အချစ်ဆိုတာ ဒီလိုပဲ၊ 'တစ်ယောက်ကို စောင့်ရလောက်အောင် ကံကောင်းတဲ့လူက နည်းနည်းလေးပဲ ကံကောင်းတယ်။ ဒါပေမဲ့ ငါ့အဘိုးက တစ်သက်လုံးစောင့်ခဲ့ရပေမယ့် မသေခင်မှာ နောင်တရစရာ မရှိဘူးလို့ပြောခဲ့တယ်”

ဖန်းမင်ရွှယ်၏ မျက်လုံးများတွင် မျက်ရည်များ တလက်လက်တောက်ပလာကာ နောက်ထပ်ငွေတစ်ရွက်ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ်။ ဇာတ်လမ်းက အတုမှန်းသိပေမယ့် ကျေးဇူးတင်တယ်လို့ ပြောချင်တယ်ဎ

ထိုသို့ပြောပြီးနောက် ဖန်းမင်ရွှယ်သည် ရှက်ရွံ့နေသော ဈေးဆိုင်ပိုင်ရှင်ကို ဂရုမစိုက်တော့ဘဲ ထွက်ခွာသွားခဲ့သည်။

ဈေးဆိုင်ပိုင်ရှင်သည် ထိုနေရာတွင် ခဏရပ်ကာ လေးလေးနက်နက် စဉ်းစားနေ၏။

"ငါ့ဇာတ်လမ်းမှာ ချို့ယွင်းချက်တစ်ခုခု ရှိသလား၊ အင်း၊ ကိစ္စမရှိပါဘူး၊ ငါ ပိုက်ဆံရှာနိုင်လိုက်တာပဲ"

ဤသို့ပြော၍ ဆိုင်ပိုင်ရှင်က ပထမသေတ္တာနှင့်တူသော နောက်ထပ်ဂီတသေတ္တာတစ်ခုကို ထုတ်ယူ၍ နောက်ဖောက်သည်ဆီ ထပ်တူကျသော ချစ်ခြင်းမေတ္တာကို ရောင်းချရန် စောင့်ဆိုင်းကာ စျေးခုံပေါ် တင်လိုက်သည်။

ဖန်းမင်ရွှယ်သည် သူမလက်ထဲမှ ဂီတသေတ္တာကို ကိုင်ထားလျက် အနည်းငယ် စိတ်ရှုပိထွေးနေသည်။

သူမသည် ငတုံးငအတစ်ယောက်မဟုတ်သဖြင့် ဇာတ်လမ်းထဲက ချို့ယွင်းချက်များကို သဘာဝကျကျ ရွေးထုတ်တတ်သည်။

‘သူ့အဖိုးက အချစ်ကြောင့် ညှဉ်းဆဲခံရပြီး သူ့ဘ၀မှာ အိမ်ထောင်မပြုဖူးဘူးတဲ့’

‘ဒါနဲ့ ဒီဆိုင်ပိုင်ရှင်က ဘယ်ကလာတာလဲ’

‘ကျောက်တုံးကနေ ပေါက်လာတာလား’

သို့သော် ဤအရာများက အရေးမကြီးပေခ အရေးကြီးသည်မှာ ဖန်းမင်ရွှယ်က သူ့ဇာတ်လမ်းကို သဘောကျခြင်းသာဖြစ်သည်။ ထိုအချိန်တွင် သူမက တိတ်တိတ်ဆိတ်ဆိတ် တွေးနေမိသည်။

‘ဖြစ်နိုင်ရင် နင့်အတွက် ငါ့ရဲ့ခံစားချက်တွေကို ငါ့နှလုံးသားထဲမှာ မြှုပ်နှံထားလိုက်ပြီး… တစ်သက်လုံး အုတ်ဂူစောင့်တစ်ယောက်ဖြစ်လာမယ်”

ထိုအချိန်တွင် အဘွားအိုတစ်ဦး၏ အသံက သူမနောက်မှ ထွက်ပေါ်လာသည်။

“မိန်းကလေး ခဏစောင့်ပါဦး မင်း ဗေဒင်ဟောတာကို မကြိုက်ဘူးလား”

ဖန်းမင်ရွှယ်လှည့်ကြည့်လိုက်သောအခါ အနက်ရောင် ဝတ်ရုံဝတ်ထားသည့် အဘွားအိုတစ်ဦးက ပျက်စီးနေသော တဲတစ်လုံးရှေ့တွင်ထိုင်ကာ သူမကို တိတ်တဆိတ် ကြည့်နေသည်ကိုတွေ့လိုက်ရသည်။

"ကျွန်မကိုခေါ်နေတာလား"

အဘွားအိုက ခေါင်းညိတ်ပြပြီးနောက် သူမ၏ နက်နဲသော မျက်လုံးများတွင် အလင်းရောင် တချို့ တဖျပ်ဖျပ်လတ်လာသည်။

"မိန်းကလေး၊ ငါက စုန်းတစ်ကောင်ပဲ။ မင်းကိုယ်ပေါ်မှာ လေးလံတဲ့ အတွေးတွေနဲ့ ကိုယ်အလေးချိန် ကျသွားတာကို ငါမြင်ရတယ်၊ ဖြစ်နိုင်ရင် မင်းကို လမ်းပြပေးနိုင်မယ်ထင်တယ်”

ဖန်းမင်ရွှယ်က ယခုတင် အလိမ်အညာများကို နားထောင်ခဲ့ရသဖြင့် အဘွားကြီး၏ စကားကို ကြားလိုက်သောအခါတွင် သူမက လမ်းထောင့်တိုင်းတွင် တွေ့နေရသည့် စုန်းမဟုခေါ်သော လိမ်လည်လှည့်ဖြားသူများနှင့် တူသည်ဟု ချက်ချင်းတွေးလိုက်သည်။ သို့သော် အဘွားကြီး၏ နက်နဲသော မျက်လုံးများက သူမကို လှုံ့ဆော်ပေးသည်။

ဖန်းမင်ရွှယ်က ထိန်းချုပ်ခံလိုက်ရသကဲ့သို့ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ၊ ငါ့နောက်ကို လိုက်ခဲ့"

အဘွားကြီးက မတ်တပ်ရပ်ကာ သူ့နောက်ဘက် တဲဆီသို့ လမ်းလျှောက်လာ၍ ပြောလိုက်သည်။ ဖန်းမင်ရွှယ်က အတွင်းဘက်သို့ မလိုက်မီတွင် အနည်းငယ်တုံ့ဆိုင်းလျက် သူမပတ်ဝန်းကျင်ရှိ ရှုပ်ပွနေသော မြင်ကွင်းကို ကြည့်လိုက်သည်။ တဲသည် မှောင်မဲနေကာ ပြင်းထန်သော ဟင်းသီးဟင်းရွက်ရနံ့များဖြင့် ပြည့်နေသည်။

အဘွားကြီးက ဖန်လုံးတစ်လုံးရှေ့တွင် ရပ်လိုက်သည်။

“မိန်းကလေး ကျေးဇူးပြုပြီး ဖန်လုံးပေါ်ကို မင်းလက်ကို တင်လိုက်ပါ။ ပြီးရင် မျက်လုံးတွေ မှိတ်ထားပြီး စိတ်ထဲကနေ မေးခွန်းတစ်ခုကို မေးလိုက်။ အဖြေပေးလိမ့်မယ်”

ဖန်းမင်ရွှယ်က ခေါင်းညိတ်လိုက်ပြီးနောက် သူမ၏ လက်ကို ဆန့်ထုတ်လိုက်ကာ ဖန်လုံးပေါ်သို့ ညင်သာစွာချလျက် သူမ၏ မေးခွန်းများကို တိတ်တဆိတ် တွေးတောရန် မျက်လုံးများကို မှိတ်ထားသည်။

ထိုစဥိက အဘွားကြီးက ဖန်းမင်ရွှယ်ကို စိတ်ဝင်တစား ငေးကြည့်နေသည်။ မိန်းကလေးသည် ဖြူစင်သော ရောင်ဝါရှိသော်လည်း ပို၍အရေးကြီးသည်မှာ ဖြူစင်သော အမှောင်ရောင်ဝါပါ အတူယှဉ်တွဲ၍ ရှိနေသည်။

ထို့ကြောင့် သူမက လမ်းပေါ်ရှိ ဖန်းမင်ရွှယ်ကို လှမ်းခေါ်လိုက်ခြင်းဖြစ်သည်။ အထူးသဖြင့် ယခုအခါတွင်၊ ဖန်းမင်ရွှယ် ဆုပ်ကိုင်ထားသော ဖန်လုံးမှ မှောင်မိုက်သော အမှုန်အမွှားများ စတင် ထွက်ပေါ်လာတော့သည်။

မှော်နက်စုန်းမက သူမကို ဆက်ခံမည့်သူအား ရွေးချယ်သည့်အခါ ဤသည်က လိုအပ်သော ထုံးတမ်းတစ်ခုပင်ဖြစ်သည်။

အခိုးအငွေ့များက များလေလေ ထိုသူ၏ အရည်အချင်းက ပိုကောင်းလေလေဖြစ်သည်။ မကြာမီတွင် နတ်ဆိုးအခိုးအငွေ့များက ဖန်လုံးတစ်ခုလုံးကို ပြည့်သွားသည့်တိုင် အရူးအမူး များပြားလာနေဆဲဖြစ်နေသေးသည်။

ထိုအချိန်တွင် ဖန်လုံးက ခံနိုင်ရည်မရှိတော့သည့်ပုံဖြင့် အက်ကြောင်းတစ်ခုပေါ်လာသည်။ အဘွားကြီး၏ မျက်လုံးများက စိတ်အားထက်သန်စွာဖြင့် တောက်ပလာလျက်ရှိသည်။

ဤမိနိးကလေး၏ အရည်အချင်းများက သူမထင်ထားသည်ထက် များစွာပိုကောင်းသည်။ ဖန်းမင်ရွှယ်က စိတ်ရှုပ်ထွေးစွာဖြင့် မျက်လုံးဖွင့်လိုက်သည်။ သူမက စိတ်ထဲတွင် အကြီးမားဆုံးသံသယကို တိတ်တဆိတ် ရွတ်ဆိုနေခဲ့သည်။ သို့သော် မည်သည်ကိုမျှ မခံစားရဘဲ သူမ၏လက်ထဲမှ တုန်ရီမှုကို ခံစားလိုက်ရသဖြငိ့ မျက်လုံးဖွင့်လိုက်သောအခါမှသာ ဖန်လုံးက အမှန်တကယ်ကွဲအက်သွားသည်ကို သူမ သိလိုက်ရသည်။

ဖန်းမင်ရွှယ်သည် လှည့်စားမှုကို ကြုံတွေ့ရမည်ကို စိုးရိမ်သောကြောင့် စိတ်ထဲလေးလံသွားသော်လည်း အချိန်နှောင်းသွားသဖြင့် သူမ ခါးသက်သက်သာ ပြုံးနိုင်ခဲ့သည်။

"တောင်းပန်ပါတယ် ဒီ ဖန်လုံးကို ခွဲလိုက်တာ ဘယ်လောက်လဲ လျော်ကြေးပေးပါ့မယ်”

သို့သော် အဘွားကြီးက ဖန်လုံးကိုပင်မကြည့်ဘဲ ဖန်းမင်ရွှယ်ကို စူးရဲစွာ စိုက်ကြည့်နေသည်။ ဖန်းမင်ရွှယ်၏ နှလုံးသားတစ်ခုလုံး အေးခဲသွားသည်။ ဤလျှို့ဝှက်ဆန်းကြယ်သော အဘွားကြီးသည် စိတ်မနှံ့သူ ဖြစ်နိုင်ပါသလား။

ထိုအချိန်တွင် တဲအတွင်းမှ အမှောင်ထုက ရုတ်တရက် ပြင်းထန်လာကာ အပြင်လောကမှ အသံများ ပျောက်ကွယ်သွား၍ တိတ်ဆိတ်ခြင်းသာ ကျန်ရစ်ခဲ့သည်။

အဘွားကြီးကို လိုက်ရှာသောအခါ မမြင်ရတော့သဖြင့်

ဖန်းမင်ရွှယ် အံ့သြသွားသည်။

‘ မဟုတ်ဘူး၊ ထောင်ချောက်ထဲ ကျသွားခဲ့တာလား’

ထိုအချိန်တွင် အမှောင်ထုအလယ်၌ မြူခိုးများဝိုင်းနေသော နေရာတွင် အမျိုးသမီးတစ်ဦးက ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။

အမျိုးသမီးသည် ထင်ရှားပေါ်လွင်သော စုန်း ဝတ်စုံကို ၀တ်ဆင်ထားကာ ထူးထူးခြားခြား ရှည်လျားသော ခြေတံများကို ပြသနိုင်သည့် ဒေါက်မြင့်ဖိနပ်များကို ၀တ်ဆင်ထားသည်။ သူမ၏ ခြေလှမ်းတိုင်းက ယိမ်းနွဲ့၍ ဆွဲဆောင်မှုအပြည့်ရှိသည်။

ဖန်းမင်ရွှယ်အနည်းငယ် အံ့အားသင့်သွားသည်။

"ရှင်…ရှင်…”

အမျိုးသမီးက ခပ်ပါးပါး ရယ်လိုက်သည်။

“မိန်းကလေး အချစ်ကြောင့် ဒုက္ခရောက်နေသလား”

ဖန်းမင်ရွှယ်သည် ယနေ့တွင် တကယ့် စုန်းမတစ်ကောင်နှင့် တွေ့ကြုံနေရခြင်းဖြစ်ကြောင်း နောက်ဆုံးတွင် သိလိုက်ရကာ သူမ၏ နှလုံးသားက ပြန်လည် တည်ငြိမ်သွားခဲ့သည်။

"ရှင်...ဘယ်လိုသိလဲ"

"မင်းရဲ့ နှလုံးသားထဲ စိမ့်ဝင်နေတဲ့ နာကျင်မှုနဲ့ ရှုပ်ထွေးမှုတွေကို ငါခံစားနိုင်တယ်၊ အချစ်ကြောင့်မဟုတ်ရင် မင်းလိုမိန်းမတစ်ယောက်ကို ဘယ်အရာက မလွတ်မြောက်နိုင်အောင် လုပ်နိုင်မှာလဲ"

အခန်း(၃၈၆) အမှောင်ကိုလှည့်ခြင်း

ဖန်းမင်ရွှယ်က ခေါင်းညိမ့်ပြလိုက်သည်။

“ရှင်ပြောတာ မှန်ပါတယ်၊ ကျွန်မ အခု စိတ်အရမ်းရှုပ်နေပြီ၊ ရှင်ကျွန်မကို ကူညီဖို့ နည်းလမ်းရှိလား"

မှော်နက်စုန်းမက သက်ပြင်းတစ်ချက် ချလိုက်သည်။

"ဒီကမ္ဘာမှာ မဖြေရှင်းမရတဲ့ အရာနှစ်ခုရှိတယ်၊ တစ်ခုက ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း၊ ​​နောက်တစ်ခုက အချစ်ပဲ၊ ငါတောင်းပန်ပါတယ် မင်းကို ငါမကူညီနိုင်ဘူး”

ဖန်းမင်ရွှယ်၏အမူအရာက ညှိုးငယ်သွားသည်၊ အကြောင်းမှာ သူမသည် ဤရလဒ်ဖြစ်လာမည်ကို တလျှောက်လုံး သိထားသောကြောင့်ဖြစ်သည်။

သို့သော် မှော်နက်စုန်းမက ဆက်ပြောသည်။

"ဒါပေမယ့် ငါ မင်းကို တစ်ခုပြောချင်တယ် မိန်းမတစ်ယောက်အတွက် အရေးကြီးဆုံးအရာက သူ့ကိုယ်သူ ကြံ့ခိုင်အောင် အရင်လုပ်ဖို့ပဲ။ ဒီလိုလုပ်မှသာလျှင် မင်းနှလုံးသားထဲက ယောက်ျားနဲ့ တန်းတူ ရပ်တည်နိုင်မှာပါ”

ဖန်းမင်ရွှယ်က လုံးဝ တုန်လှုပ်သွားသည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

မှော်နက်စုန်းမက ပြုံးလိုက်၏။

"မဖြစ်နိုင်တာ ဘာရှိလို့လဲ။ တစ်နေ့မှာ မင်းဟာ ကမ္ဘာတစ်ခုလုံးကို ထိန်းချုပ်နိုင်လောက်အောင် အစွမ်းထက်လာတဲ့အခါ ရှေ့မှာရပ်နေတဲ့သူက ဘယ်သူပဲဖြစ်ဖြစ် မင်းကို သဘောကျတဲ့ မျက်လုံးတွေနဲ့ ကြည့်ရမှာပဲ။ အဲ့အချိန်ရောက်ရင် အချစ်ဆိုတာ မင်းတောင်းတနေရာတဲ့ အရာမဟုတ်တော့ဘဲ မင်းရတဲ့ အရာတစ်ခုဆိုတာ မင်းသဘောပေါက်လိမ့်မယ်"

ဖန်းမင်ရွှယ်၏ မျက်နှာက အံ့ဩမှုအပြည့်ရှိနေသည်။ သူမသည် ဤအရာများအကြောင်းကို ယခင်က တစ်ခါမျှ မတွေးခဲ့ဖူးသော်လည်း အမှောင်စုန်းမ၏ စကားများကြောင့် အနည်းငယ် တွေဝေမိသွားသည်။

သူမသာ အမှန်တကယ် အားကောင်းလာလျှင် ရွှယ်အန်း၏ အနားတွင် ရှိနေကာ ကူညီပေးနိုင်မည်လား။

ဖန်းမင်ရွှယ်က ရွှယ်အန်း၏ ဇစ်မြစ်အကြောင်း သိသည်။

အနှေးနှင့်အမြန်ဆိုသကဲ့သို့ပင် သူက ကမ္ဘာမြေမှ ထွက်ခွါသွားတော့မည်ဖြစ်ရာ ထိုအချိန်၌ သူမတွင် လုံလောက်သော စွမ်းအားရှိပါက သူနှင့်အတူ လိုက်သွားနိုင်သည်။ မဟုတ်လျှင် သူမတစ်ယောက်တည်း ဤကမ္ဘာတွင် အသက်ကြီးလာလိမ့်မည်။ တွေးတောရင်းဖြင့် ဖန်းမင်ရွှယ်က တဖြည်းဖြည်း စိတ်လှုပ်ရှားလာသည်။

"ရှင် ကျွန်မကို ကူညီပေးနိုင်မလား"

မှောနက်စုန်းမက ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းလာသည်။

“ကောင်မလေး မင်းရဲ့အရည်အချင်းက လွန်ခဲ့တဲ့နှစ်ရာပေါင်းများစွာက ငါမြင်ဖူးသမျှလူတွေထဲမှာ အသန်မာဆုံးပဲ"

"မင်းဆန္ဒရှိရင် ငါ မင်းကို ဒီကမ္ဘာမှာ မြင်ဖူးသမျှထဲ စွမ်းအားအရှိဆုံး မှော်နက်စုန်းမဖြစ်လာအောင် လုပ်ပေးမယ်။"

ဖန်းမင်ရွှယ်က တုံ့ဆိုင်းမနေဘဲ ခေါင်းကို အနည်းငယ်ညိတ်ပြသော်လည်း သူမက ရှုပ်ထွေးမှုများဖြင့် မေးလိုက်သည်။

"ဒါဆို... ရှင်က ဘယ်သူလဲ"

ဤသည်ကိုကြားသောအခါ မှော်နက်စုန်းမက ရယ်မောလိုက်ရာ သူမ မျက်နှာပေါ်ရှိ အညိုရောင် အငွေ့အသက်များအားလုံး တဖြည်းဖြည်း ကွယ်ပျောက်သွားသည်။ ပေါ်လွင်နေသော မျက်နှာသည် အံ့ဖွယ်ကောင်းလောက်အောင်ပင် ကလေးတစ်ယောက်နှင့်တူနေသည်။ ၎င်းသည် သူမ၏ ရင့်ကျက်သော အသွင်အပြင်နှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်ကာ အနည်းငယ် ရယ်စရာပင်ကောင်းသည်။

ဖန်းမင်ရွှယ်၏ ပါးစပ်ထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။

မှော်နက်စုန်းမက ဤသည်ကို သတိပြုမိသဖြင့်ပြောလိုက်၏။

"မရယ်နဲ့! ငါက အနှစ်တစ်ရာကျော် အုပ်စိုးခဲ့တဲ့ မှော်နက်စုန်းတွေရဲ့ ဘုရင်မပဲ၊ ငါက အခု အမှောင်ကောင်စီရဲ့ မဟာအဓိပတိလည်း ဖြစ်တယ်။ ငါ့နာမည်အရင်းက... အန်နာစတေးရှား”

"အမှောင်ကောင်စီဟုတ်လား”

အန်နာစတေးရှားက ဖန်းမင်ရွှယ်၏အမူအယာကို သဘောကျကာ ပြုံး၍ ခေါင်းညိတ်လိုက်သည်။

"မှန်တယ် ဒီကမ္ဘာက အပြင်ပိုင်းမှာ မြင်ရတာထက် ပိုရှုပ်ထွေးပါတယ်။ အခု မျက်နှာစာအောက်က လျှို့ဝှက်ကမ္ဘာတွေအကြောင်း ပြောပြပါရစေ"

ဖန်းမင်ရွှယ်က သူမချစ်သောလူသည် ကမ္ဘာ၏ဘုရင်ဖြစ်နေပြီဟု အန်နာစတေးရှား အား မပြောခဲ့ပေ။

ဤအခိုက်အတန့်တွင် သူမသည် အလွန် စိတ်ဆန္ဒပြင်းပြလာခဲ့သည်။

အနည်းဆုံးအနေဖြင့်… သူ့အကာအကွယ်ကိုသာယူနေသူမဟုတ်ဘဲ ရွယ်အန်း၏နောက်တွင် ရပ်တည်နိုင်ရန် လုံလောက်သော ကြံ့ခိုင်မှုရှိချင်သည်။

တဲထဲမှ ဖန်းမင်ရွှယ် ထွက်သွားသောအခါ ကောင်းကင်သည် လုံးဝမှောင်နေပြီဖြစ်သည်။ ဖန်းမင်ရွှယ် ပြန်လာသည့်လမ်းတွင် မျက်လုံးထဲမှ အနက်ရောင်အလင်းတန်းများ တဖြည်းဖြည်း ထွက်ပေါ်လာသည်။ သူမနောက်ကလမ်းကို နက်နဲသောအမှောင်ထုက တဖြည်းဖြည်းဖုံးလွှမ်းသွားသည်။

ရွယ်အန်းသည် သူ၏ အခြွေအရံများနှင့်အတူ S နိုင်ငံ၏ပြည်သို့ ခြေချခဲ့သည်။ အလျင်လိုစရာမရှိသောကြောင့် ရွှယ်အန်း နှင့် သူ၏အဖွဲ့သည် ဤနေရာသို့ ရထားဖြင့် ခရီးထွက်လာခဲ့သည်။

ခရီးစဉ်အတွင်း ရွှယ်အန်းက နတ်သူငယ်နယ်မြေသို့ သွားရောက်လည်ပတ်ခဲ့ကာ ရှန်းရှန်းနှင့် နျန်နျန်တို့ လုံခြုံစွာဖြင့် အစ္စဘယ်လာနှင့် ညီအစ်မအရင်းများကဲ့သို့ ရင်းနှီးလာခဲ့ကြသည်။

ဤနိုင်ငံသည် အလွန်သေးငယ်သော နိုင်ငံဖြစ်သည်။ အကျယ်အဝန်းအရ၊ ပေကျန်းနှင့်ပင် မယှဉ်နိုင်ပေ။ သို့သော် ဤနေရာ၏ ရှုခင်းများက လှပကာ ရာသီဥတုသည်လည်း သာယာသောကြောင့် နှစ်စဉ် ကမ္ဘာလှည့်ခရီးသည်များက အလည်အပတ်လာလေ့ရှိသည်။

အန်းယန်သည် လမ်းမများကို လှည့်ကြည့်ကာ ရွှယ်အန်း၏ လက်ကို ဆုပ်ကိုင်ထားလျက် သူမ၏မျက်နှာက စိတ်လှုပ်ရှားမှုနှင့် စူးစမ်းလိုစိတ်များ ပြည့်နှက်နေသည်။

"ချစ်သူ၊ ဒီမှာ အရမ်းအသက်ဝင်တယ်”

" ဟိုမှာကြည့်၊ အဲ့လူက အရမ်းမိုက်တာပဲ!"

နျန်နျန် နှင့် ရှန်းရှန်းတို့ အနီးတွင်မရှိသောကြောင့် အန်းယန်သည် မိခင်တစ်ဦးအဖြစ် ခေတ္တအနားယူထားရာ လွန်ခဲ့သည့်ရက်အနည်းငယ်ကစ၍ ရွှယ်အန်းအပေါ် ချစ်ခြင်းမေတ္တာကို လွန်ကဲစွာ ပြသ၍ အလွန်တွယ်ကပ်နေခဲ့သည်။

သို့သော် ရွှယ်အန်းက ၎င်းကို သဘောကျကာ ပြုံးလိုက်သည်။

"ဟုတ်ပါ့ အသားမည်းလိုက်တာ သူပြုံးလိုက်တာ မသိရင် သွားတွေပဲ အသက်ရှင်နေသလိုလို"

ရွှယ်အန်း၍ စကားများက လူတိုင်းကို သတိလက်လွတ်ဖြစ်ကာ မရယ်မောမိစေရန် ထိန်းထားကြရသည်။

အန်းယန်သည်မူ အလွန် ရယ်မောလျက် ခပ်တိုးတိုးပြောလိုက်သည်။

“ယောက်ျား ရှငိ တစ်ခါတလေ အရမ်းအကျင့်ပုတ်တာပဲ”

ရွှယ်အန်းက သူ့လက်တွေများကို ဖြန့်လိုက်သည်။

"အဲ့တော့ ဘာဖြစ်လဲ၊ သူက တရုတ်စကား နားမလည်ဘူးလေ"

သို့သော် ထိုအချိန်၌ အရပ်ရှည်၍ ပိန်ပိန်ပါးပါးနှင့် လူမည်းက ဒေါသတကြီး လှည့်၍ပြောလိုက်သည်။

“မင်းကလည်း သွားတွေရှိပြီး အသက်ရှင်နေတဲ့လူပဲလေ”

ပြီးပြည့်စုံသော တရုတ်စကားပြောတတ်သူ။

"မင်းက တရုတ်စကား တကယ်ပြောတတ်တာလား”

"အဓိပ္ပာယ်မရှိ ငါ ငယ်ငယ်ကတည်းက ဟွာရှား မှာ ကြီးပြင်းခဲ့တာကွ။ ငါ့သွားတွေ တကယ်ဖြူနေသလား" လူမည်းက အနည်းငယ် စိတ်ဆိုးသွားသည်။

ရွှယ်အန်းက အနည်းငယ် ထိတ်လန့်သွားသည်။

"အိုး... မဆိုးပါဘူး၊ တကယ်လှတယ်”

ဤသည်ကိုကြားသောအခါ လူမည်းက ကျေနပ်စွာဖြငိ့ ထွက်သွားသည်။ သူထွက်သွားပြီးနောက် အန်းယန်၊ ကွင်တီနာနှင့် အခြားသူများလည်း သည်းမခံနိုင်တော့ဘဲ ရယ်မောလိုက်ကြသည်။

ရွှယ်အန်းလည်း မပြုံးဘဲမနေနိုင်တော့ပေ။

‘ဘဝရဲ့ အရသာက ဒီလိုပါပဲ၊ နတ်ဘုရားအဖြစ်ဟိတ်ဟန်နဲ့ အမြဲနေလို့မရဘူး မဟုတ်လား”

ထူးဆန်းစွာဖြင့် မိတ်ကပ်များကို ဆေးချကာ ကျောင်းသားတစ်ယောက်ကဲ့သို့ ၀တ်ဆင်ထားသော ဆယ်လီနာတစ်ယောက်၏ မျက်လုံးများတွင်သာ ရူးသွပ်မှု အရိပ်အယောင်များ ရှိနေသည်။

‘ရှင်တကယ်လာပြီး ကိုယ့်သေတွင်းကိုယ် တူးချင်နေမှတော့ ကျွန်မ ရှင့်ကို သေခွင့်ပေးရမှာပေါ့” ဆယ်လီနာက စိတ်ထဲမှ တွေးလိုက်သည်။

သွေးမျိုးနွယ်ကောင်စီသည် ဤနိုင်ငံတွင်တည်ရှိကြောင်း ဆယ်လီနာ၏ စိတ်ထဲမှ ရွှယ်အန်းက သိရှိခဲ့သော်လည်း သွေးတောင်တန်းသို့ဝင်ရန် လပြည့်ညတစ်ညကို စောင့်ရမည်ဖြစ်သည်။

ရွှယ်အန်းနှင့် သူ့အဖွဲ့သည် လပြည့်ညကို စောင့်မျှော်၍ ဤနိုင်ငံရဲ့ အကြီးဆုံးမြို့၌အခြေချနေထိုင်ခဲ့ကြသည်။

ညနေရောက်သောအခါ အပြင်၌ ပို၍ပင် အသက်ဝင်လာသည်။ ဤနိုင်ငံက အလွန်လွတ်လပ်သောနိုင်ငံဖြစ်သဖြင့် ကန့်သတ်ချက်အနည်းငယ်သာရှိသည်။ ထို့ကြောင့် ညမိုးချုပ်သောအခါတွင် ကမ္ဘာတစ်ဝှမ်းမှ ခရီးသွားများ စူးစမ်းလိုစိတ်အပြည့်နှင့် တောက်ပသောနေရာများတွင် လည်ပတ်ကြသည်။ ဤသို့သောညမျိုး၌ ဟိုတယ်တွက် အိပ်နေခြင်းက တကယ်ပင် အလဟသဖြစ်လိမ့်မည်။

ရွှယ်အန်းသည် အန်းယန်နှင့်အခြားသူများကို ဦးဆောင်၍ လမ်းမပေါ်သို့ နောက်တစ်ကြိမ် ထွက်လာခဲ့သည်။ ဤနေရာ၌ အစားအသောက်များကလည်း နာမည်ကြီးသည်။ အနည်းဆုံးအနေဖြင့် လန်ဒန်ထက် များစွာ ပိုကောင်းသည်။ ရွှယ်အန်းသည် ညစာစားရန် လူတိုင်းကို ကောင်းမွန်သော စားသောက်ဆိုင်သို့ ခေါ်သွားခဲ့သည်။

ထို့နောက် ဆယ်လီနာက လျှို့ဝှက်လေလှိုင်းဖြင့်ပြောလိုက်၏။

"သခင် အရမ်းပျော်စရာကောင်းပြီး စိတ်လှုပ်ရှားစရာနေရာတစ်ခုကို ကျွန်မသိတယ် ရှင်သွားချင်လား"

"အဲ့တာ ဟိုလို နေရာမျိုးဆိုရင် မေ့လိုက်ပါ၊ ငါ စိတ်မဝင်စားဘူး"

"ဒါပေါ့ အဲ့လိုနေရာမဟုတ်ပါဘူး ကျွန်မပြောတာ ညဘက်မှာ ဥရောပတစ်ခွင်လုံးမှာ စိတ်လှုပ်ရှားစရာအကောင်းဆုံးနဲ့ သွေးတွေသွန်တဲ့နေရာပဲ"

ရွှယ်အန်းက လျှို့ဝှက်ဆန်းကြယ်သော ဆယ်လီနာကို ကြည့်၍ ဖြည်းညှင်းစွာပြုံးလိုက်သည်။

"ကောင်းပြီ ဒါဆို သွားကြည့်ရအောင်”

အခန်း(၃၈၇) သွေးမျိုးနွယ်နှင့် ယှဉ်ပြိုင်ခြင်း

ဤသည်မှာ မြို့တော်၏ ဆင်ခြေဖုံးရပ်ကွက်များတွင် တည်ရှိသော ကွင်းလမ်းဖြစ်သည်။ ဤနိုင်ငံ၏လူဦးရေသည် မများပြားသောကြောင့် ညဘက်ရောက်သည်နှင့်အမျှ ဝေးလံခေါင်သီသောနေရာများက လူသူကင်းမဲ့လုနီးပါးဖြစ်လာသည်။

သို့သော် ယခုအချိန်နှောင်းပိုင်းတွင် ဤအဝေးပြေးလမ်းသည် လှုပ်ရှားမှုများဖြင့် စည်ကားနေသည်။ တောက်ပစေဋ ရှာဖွေရေးမီးများသည် နေ့ခင်းဘက် ဧရိယာကို လင်းထိန်စေသည်။ တမူထူးခြားစွာဖြင့် မော်တော်ဆိုင်ကယ် အစီးရေ အနည်းဆုံး ရာဂဏန်းက ဤနေရာတွင် စုဝေးနေသည်။

၎င်းတို့၏ အင်ဂျင်သံများက အဆက်မပြတ် ထွက်ပေါ်လာသဖြင့် လေထဲတွင် တာယာရာဘာ၏ ညှော်နံ့နှင့် လေးလံသော အိတ်ဇောငွေ့များဖြင့် ပြည့်နေသည်။ ဘီးများပေါ်ရှိ လူများမှာ မာနကြီးကာ ခံစားချက်ကင်းမဲ့နေသော အမူအရာမျိုးဖြင့် လူငယ်များဖြစ်ကာ ရံဖန်ရံခါ ကျော့ရှင်းလှပသော မိန်းကလေးများကို တင်ဆောင်လာတက်ကြသည်။ ဆယ်လီနာက ရွှယ်အန်း နှင့် အခြားသူများကို ဤနေရာသို့ ဦးဆောင်သွားသောအခါ ပြင်းထန်သောအကြည့်များစွာကို ဆွဲဆောင်နိုင်ခဲ့သည်။

ဆယ်လီနာက ဤလူများကို ဂရုမစိုက်ဘဲ အော်လိုက်သည်။

"အန်ဒရေ၊ နင်ဒီမှာရှိနေတာ ငါသိတယ်၊ ဘာလို့ ကိုယ့်ကိုကိုယ်မပြတာလဲ"

သူမ၏စကားနောက်တွင် လူအုပ်ကြီးက လမ်းဖယ်ပေးလိုက်ကြရာ သုံးမီတာရှည်သော ဧရာမဆိုင်ကယ်ကြီးသည် ၎င်းတို့ဆီသို့ အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်လာသည်။ ဆယ်လီနာက လုံးဝမထိတ်လန့်ဘဲ ရူးသွပ်မှုနှင့် စိတ်လှုပ်ရှားမှု အရိပ်အမြွက်များပင် ပြသနေသည်။

ဆိုင်ကယ်က ဆယ်လီနာနှင့် မီတာအနည်းငယ်အကွာတွင် ရပ်တန့်သွားကာ ရှေ့ဘီးက သူမ၏အဝတ်အစားများနှင့် ပွတ်တိုက်လုနီးပါးဖြစ်လျက် နောက်ဆုံးတွင် ရပ်တန့်သွားခဲ့သည်။

ထို့နောက် ဆိုင်ကယ်မောင်းသူထံမှ နူးညံ့သော အသံထွက်လာသည်။

"တကယ်ပဲ မင်းပဲ ဆယ်လီနာ မင်းဘာလို့ ဒီင်္အကျီဝတ်ထားတာလဲ"

ပြောလာသူမှာ မော်တော်ဆိုင်ကယ်ပေါ်ထိုင်ကာ ပြောင်ပြောင်လက်လက် အဆင့်မြင့်ဝတ်စုံကို ၀တ်ဆင်ထားသော ရွှေရောင်ဆံပင်နှင့် အမျိုးသားတစ်ဦးဖြစ်သည်။

ဆယ်လီနာက စိတ်အားထက်သန်စွာ ရယ်မောလိုက်သည်။ "ဘာလဲ၊ ကြည့်လို့မလှဘူးလား"

အန်ဒရေက ခေါင်းခါလိုက်သည်။

"ရိုးရိုးသားသားပြောရရင် ဒါဟာ ရွံရှာစရာပဲ"

ထို့နောက် သူသည် ရွှယ်အန်းနှင့် ဆယ်လီနာနောက်တွင် ရပ်နေသော အခြားလူများဆီသို့ ပြင်းထန်စွာကြည့်လိုက်သည်။

အန်းယန်၏ မျက်နှာပေါ်မှာ စူးရဲရဲအကြည့်နှင့် ကွင်တီနာ၏ လေးနက်သော အမူအရာကို မြင်သောအခါ မျက်လုံးများတောက်ပလာပြီးနောက် သူက အေးစက်စွာ ပြောလိုက်သည်။

"သူတို့ဘယ်သူတွေလဲ"

ဆယ်လီနာက တခစ်ခစ်ရယ်လိုက်သည်။

"သူတို့အားလုံးက ငါ့သူငယ်ချင်းတွေပဲ”

"သူငယ်ချင်းဟုတ်လား" ကွင်တီနာကို ညွှန်ပြ၍ အန်ဒရီ၏ နှုတ်ခမ်းဖျား၌ လှောင်ပြောင်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။

"ဒီ သွေးမျိုးနွယ် မူးမတ်ကလွဲရင် ကျန်တဲ့သူတွေက နိမ့်ကျတဲ့လူသားတွေပဲ၊ သူတို့အားလုံးက မင်းရဲ့သူငယ်ချင်းတွေလို့ မင်းတကယ်ပြောတာလား။ သွေးမျိုးနွယ်စုထဲက မြို့ဝန်ဆိုပြီး နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဆယ်လီနာက ဘယ်အချိန်ကတည်းက အရမ်းဖော်ရွေနေတာလဲ”

အန်ဒရေ၏ လေသံက အလွန်မာနထောင်လွှားနေသည်။ ဤဆိုင်ကယ်စီးသူအားလုံးသည် အမှန်တကယ်ပင် သွေးမျိုးနွယ်အဖွဲ့ဝင်များဖြစ်သည်။ သူတို့အားလုံးတွင် အနည်းဆုံး မူးမတ်အဆင့် အတော်အတန် ခွန်အားရှိကြသည်။

အန်ဒရီဆီကမူ စွမ်းအားကြီးသော မြို့ဝန်ရောင်ဝါ ဖြာထွက်လျက် ရှိသည်။ ထိုသို့သော ရောင်ဝါကြောင့် ကွင်တီနာ နှင့် အခြားသူများ၏ မျက်နှာကို အရောင်ဖျော့သွားစေသည်။ ဆယ်လီနာသည် ရွှယ်အန်းက မည်ကဲ့သို့ တုံ့ပြန်မည်ကို သိချင်စိတ်အားထက်သန်စွာဖြင့် လျှာသပ်လိုက်သည်။

သူမသည် ရွှယ်အန်းနှင့် အခြားသူများကို ဤနေရာသို့ ရည်ရွယ်ချက်ရှိရှိ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်၏။

အန်ဒရေက မြို့ဝန်၏ ခွန်အားကိုသာ ပိုင်ဆိုင်ထားသော်လည်း သူ၏ဖခင်သည် သွေးမျိုးနွယ်ကောင်စီတွင် အဓိကကျသော ပုဂ္ဂိုလ်ဖြစ်သည်။ ဆယ်လီနာက ရွှယ်အန်းကို ဖယ်ရှားရန် အန်ဒရေကို နည်းလမ်းအဖြစ် အသုံးပြုနိုင်ရန် မျှော်လင့်ခဲ့သည်။

သို့သော် ရွှယ်အန်းက အန်ဒရေ၏ စကားကို မတုံ့ပြန်ဘဲ သူ့ခြေထောက်ကြားမှ ဆိုင်ကယ်ကို စိတ်ဝင်တစား ကြည့်နေသည်။

"သွေးစုပ်ဖုတ်ကောင်တွေ ပြိုင်ပွဲအတွက် နေ့တိုင်း ဒီမှာ စုဝေးနေကြတာလား။ ဘယ်လောက် ရယ်စရာကောင်းလဲ။"

သွေးစုပ်ဖုတ်ကောင်များထဲမှ တစ်ယောက်ကပြောလိုက်သည်

"လူသား၊ ငါတို့ သွေးမျိုးနွယ်ပြိုင်ပွဲတွေက မင်းတို့ဟာ နဲ့အတူတူပဲလို့ မင်းထင်လား။ ဒီဘီးတွေကို ကြမ်းကြမ်းတမ်းတမ်း ပြုပြင်ထားတယ်။ သူတို့ရဲ့ မြန်နှုန်းက ပုံမှန်ဆိုင်ကယ်တွေထက် အဆပေါင်းများစွာ မြန်တယ်။ မင်းလို နုနယ်တဲ့ လူတွေက အဲ့တာတွေကို ကိုင်တွယ်လို့ မရဘူး။"

"အိုး ဟုတ်လား" ရွှယ်အန်းက မျက်ခုံးပင့်တင်ကာ အံ့အားသင့်စွာ ပြောလိုက်သည်။

ထိုအချိန်တွင် အန်ဒရေက ရွှယ်အန်းကို ရုတ်တရက် ပြောလိုက်သည်။

"လူသား၊ မင်းက ငါနဲ့ စိန်ခေါ်ဖို့ စိတ်ဝင်စားလား"

"ဘာအတွက် စိန်ခေါ်မှုလဲ"

"ထုံးစံအတိုင်း၊ မော်တော်ဆိုင်ကယ်တွေပြိုင်တာပါပဲ။ ငါအနိုင်ရရင် မင်းရဲ့အဖော်နဲ့ သွေးမျိုးနွယ်မူးမတ်က နေခဲ့ရမယ်" အန်ဒရေက အေးစက်စွာပြောသည်။

"ငါအနိုင်ရရင်ရော" ရွှယ်အန်းက တည်ငြိမ်စွာပြောသည်။

ရွှယ်အန်း၏ အမေးကို လှောင်ရယ်ရယ်မောလိုက်ကြသည်။

"တကယ်ကို အန်ဒရေကို နိုင်မယ်ထင်နေတာလား”

"ဟား ဒီလူသားက သခင်အန်ဒရေရဲ့ ဘီးနောက်မီးတွေကို မြင်ဖို့ အခွင့်အရေးတောင်ရမှာမဟုတ်ဘူး!"

ဤအသံများကြားတွင် အန်ဒရေက ဂုဏ်ယူစွာ ပြောလိုက်သည်။

"ငါရှုံးရင် မင်းလုပ်ချင်တာလုပ်လို့ရတယ်"

ရွှယ်အန်းက အနည်းငယ် ပြုံးကာ ခေါင်းညိတ်လိုက်ပြီးနောက် ဆယ်လီနာကို လေးလေးနက်နက် ကြည့်လိုက်သည်။

"မင်းပြောသလိုပဲ ဒီနေရာက မဆိုးဘူး"

မူလက ယုံကြည်မှု အနည်းငယ် ခံစားရသော်လည်း ရွှယ်အန်း၏ အပြုံးကို မြင်လိုက်ရသောအခါ ဆယ်လီနာ၏ နှလုံးသားက အာမခံချက် အချို့ ပျောက်ဆုံးသွားခဲ့သည်။

ထို့နောက် ရွှယ်အန်းက ခေါင်းလှည့်၍ ယန်အာကို ကြည့်လိုက်သည်။

“ယန်အာ၊ ကို မင်းကို လေညှင်းခံဖို့ ခေါ်သွားမယ်"

အန်းယန်က မဆိုင်းမတွ ခေါင်းညိတ်လိုက်သည်။

ထိုအချိန်တွင် သွေးမျိူးနွယ်၏အဖွဲ့ဝင်တစ်ဦးသည် ၎င်း၏ဆိုင်ကယ်ကို ပေးလာ၏။ ၎င်းသည် နှစ်မီတာရှည်လျားသော အနီရောင် မော်တော်ဆိုင်ကယ်ဖြစ်ကာ အင်ဂျင်၏ နက်ရှိုင်းသောအသံက ကြောက်မက်ဖွယ်စွမ်းဆောင်ရည်ကို ပြသရန် လုံလောက်သည်။

ရွှယ်အန်းက ဆိုင်ကယ်ပေါ်တက်လိုက်သောအခါး အန်းယန်က သူ့နောက်တွင် နာခံစွာထိုင်သည်။ ရွှယ်အန်းက လက်ကိုင်ကို အနည်းငယ်လှည့်လိုက်သောအခါ အင်ဂျင်က ချက်ချင်းပင် အသက်ဝင်သွားသည်။

ရွှယ်အန်း၏ မျက်လုံးများ အနည်းငယ် တောက်ပလာကာ စိတ်ဝင်တစား ပြောလိုက်သည်။

"မော်တော်ဆိုင်ကယ်တွေကို ပြုပြင်မွမ်းမံရာမှာ အစီအရင်တွေသုံးထားတာ မင်းတို့ တကယ် ဆန်းသစ်တာပဲ”

ရွှယ်အန်း၏ စကားကြောင့် အန်ဒရေ အနည်းငယ် ထိတ်လန့်သွားကာ သူ့အမူအရာမှာ အနည်းငယ် ပိုလေးနက်လာသည်။

‘ဒီဆိုင်ကယ်တွေရဲ့ လျှို့ဝှက်ချက်တွေကို တကယ်ပဲ ပိုင်းခြားသိမြင်နိုင်တယ်၊ သာမန်လူတစ်ယောက်တော့ မဟုတ်ဘူး’

ရွှယ်အန်း ပြောခဲ့သည့်အတိုင်းပင် ဤမော်တော်ဆိုင်ကယ်များ၏ အဓိကအစိတ်အပိုင်းများကို သွေးမျိုးနွယ်၏ အစီအရင်များရေးထိုးထားကာ အင်ဂျင်ကဲ့သို့ အဓိကအစိတ်အပိုင်းများတွင်ပင် လျှို့ဝှက်နည်းပညာအမျိုးမျိုးကို ပေါင်းစပ်ထားသည်။

ထိုမှသာလျှင် ဤစွမ်းဆောင်နိုင်သော ဆိုင်ကယ်များကို ဖန်တီးနိုင်ခဲ့သည်။

ဤအခိုက်အတန့်တွင် အန်ဒရေက လေးလံသောအသံဖြင့်ပြောလိုက်သည်။

“မင်းအဆင်သင့်ဖြစ်ပြီလား”

ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်၏။

"ခဏစောင့်”

ထို့နောက် ဆိုင်ကယ်ငှားပေးသော သွေးမျိုးနွယ်စု အဖွဲ့ဝင်ထံသို့ လှည့်၍ပြောလိုက်သည်။

"ခွင့်လွှတ်ပါ ဘရိတ်က ဘယ်မှာလဲ"

ဤမေးခွန်းသည် ပတ်ဝန်းကျင်ရှိ လူများကို တိတ်ဆိတ်သွားစေကာ ခဏအကြာတွင် သွေးမျိုးနွယ် အဖွဲ့ဝင်များအားလုံး ဝုန်းခနဲ ရယ်မောလိုက်ကြသည်။

“ဘုရားရေ ဒီလူက လာနောက်နေတာလား”

"ဘာကိုမှမသိဘဲ သခင်အန်ဒရေကို ပြိုင်ရဲတာလား။ သူတကယ် သေချင်နေတာပဲ"

ရွှယ်အန်းကို မူလက ယုံကြည်မှုအပြည့်ရှိခဲ့သော ကွင်တီနာ ပင်လျှင် မျက်တောင်များအနည်းငယ် လှုပ်ယန်းသွားသည်။ အန်းယန်တစ်ယောက်သာလျှင် လုံးဝဂရုမစိုက်သကဲ့သို့ နေနေ၏။

ထိုအချိန်တွင် သွေးမျိုးနွယ်အဖွဲ့ဝင်ကပြောလိုက်သည်။

"ဒီဆိုင်ကယ်မှာ ဘရိတ်လုံးဝမရှိပါဘူး"

ဤသည်မှာ သွေးမျိုးနွယ်အဖွဲ့ဝင်မှ ရည်ရွယ်ချက်ရှိရှိ ပြောခဲ့သည့် စကားဖြစ်သည်။

သို့သော်လည်း ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်သည်။

"ကောင်းပြီ”

ထို့နောက် အန်ဒရေကို ကြည့်ရန် ခေါင်းကို လှည့်လိုက်သည်။

"ငါအဆင်သင့်ဖြစ်ပြီ၊ စလိုက်ရအောင်"

အန်ဒရေက ရွှယ်အန်းသည် ကိုယ့်သေတွင်းကိုယ်တူးနေသည်ဟု ယုံကြည်ကာ အေးစက်စွာ ဟစ်အော်လိုက်သည်။

သို့သော် အန်းယန်၏ ထိတ်လန့်တုန်လှုပ်ဖွယ် အလှက သူ့ကို စိတ်ထိန်းထားရန် ခက်ခဲစေသောကြောင့် ရက်စက်စွာ ပြုံး၍ ပြောလိုက်သည်။

"မင်းသေရင် ငါ့ကို အပြစ်မတင်နဲ့”

သူပြောနေစဉ် လူတစ်ယောက်က စတင်ရေတွက်လိုက်သည်။

"သုံး”

"နှစ်•

"တစ်”

“သွား!”

ထိုစကားများအဆုံး၌ အန်ဒရေ၏ ဆိုင်ကယ်က လေးမှထွက်လာသော မြှားတစ်စင်းကဲ့သို့ ချက်ချင်းဆိုသကဲ့သို့ပင် ထွက်ပေါ်လာသည်။

သို့သော် ရွှယ်အန်းက တစ်စက္ကန့် နှေးသွားသည်။

တစ်နာရီလျှင် အနည်းဆုံး ကီလိုမီတာ တစ်ထောင်နှုန်းဖြင့် မောင်းနှင်နိုင်သော ကြောက်မက်ဖွယ် ဆိုင်ကယ်များရှေ့တွင် တစ်စက္ကန့်၏ ကွာခြားချက်မှာ ချောက်နက်တစ်ခုလိုပင်ဖြစ်၏။ သွေးမျိုးနွယ်စုဝင် များစွာက ရွှယ်အန်း သေချာပေါက် ရှုံးပြီဟုတွေးကာ လှောင်ပြောင်ရယ်မောခဲ့ကြသည်။

ဆယ်လီနာက သက်ပြင်းတစ်ချက်ချလိုက်သည်။

ရွှယ်အန်းသာ ဤပြိုင်ပွဲတွင် ရှုံးနိမ့်သွားသရွေ့ မျက်နှာပြောင်တိုက်ကာ အန်ဒရေကို အကူအညီတောင်းနိုင်သည်။

All Chapters