အခန်း (၃၈၈-၃၉၀)
Vol. 26 Ch. 388-390
အခန်း(၃၈၈) အရှိန်ဖြင့် ယှဉ်ပြိုင်ခြင်း
ထိုအချိန်တွင် ရွှယ်အန်း၏ အလျင်က အံ့ဖွယ်ကောင်းစွာဖြင့် တစ်နာရီတွင် ကီလိုမီတာ တစ်ထောင်ထိ ကျော်သွားသည်။ အရှိန်ပြင်းလွန်းလှသဖြင့် သာမန်လူများသာဆိုပါက မော်တော်ဆိုင်ကယ်ကို ထိန်းနိုင်ရန် မဆိုနှင့် ရိုက်ခတ်လာသော လေပြင်းကြောင့်ပင် လွင့်ထွက်သွားနိုင်သည်။ လမ်းနှစ်ဖက်ရှိ လမ်းမီးများက ဤအလျင်ကြောင်း မျဉ်းတစ်ကြောင်းတည်းအဖြစ် ပေါင်းစပ်သွားသည်။
သို့သော် ရွှယ်အန်းက သူ့ရှေ့ရှိ လေပြင်းများကို ထိန်းထားရန် ဓားမျှင်တစ်ချောင်းကိုသာ အေးဆေးစွာအသုံးပြု၍ မျက်လုံးအနည်းငယ်မှိတ်လျက် ခပ်တိုးတိုးပြောလိုက်သည်။
“ယန်အာ ကြောက်နေလား”
အန်းယန်က ခေါင်းယမ်း၍ ရွှယ်အန်း၏ ခါးကို သိုင်းဖက်ကာ ပြောလိုက်သည်။
“ဒါဆို ကို့ကို တင်းတင်းကြပ်ကြပ်ဖက်ထား။ မင်းယောက်ျားက မင်းကို ပျံဖို့ခေါ်သွားပေးမယ်”
ဤသည်ကို ကြားသောအခါ အန်းယန်က ရွှယ်အန်း၏ နောက်ကျောကို ဖက်၍ နှလုံးသားတစ်ခုလုံးက တည်ငြိမ်မှုအပြည့်ဖြင့်ရှိနေသည်။
ရွှယ်အန်း ရှိနေသရွေ့ မည်သည်ကိုမျှ ကြောက်နေမည်မဟုတ်ပေ။
ရွှယ်အန်းသည် အရှိန်အဟုန်ကို အကန့်အသတ်ကျော်လွန်၍ မြှင့်တင်ထာကာ အမြန်နှုန်းပြ ကိရိယာက တစ်နာရီလျှင် ကီလိုမီတာ တစ်ရာကျော်အထိ ခုန်တက်၍နောက်ဆုံးတွင် တစ်ဆယ့်နှစ်ရာခိုင်နှုန်းအထိ ရောက်လာသည်။ဤအရှိန်ဖြင့် ၎င်းတို့သည် အသံ၏ အတားအဆီးကိုပင် ကျော်ဖြတ်ပစ်နိုင်တော့မည်ဖြစ်သည်။
မော်တော်ဆိုင်ကယ်တစ်စီးလုံး အမြန်လမ်းမကြီးပေါ်မှ အရှိန်ပြင်းလှသည့် အလင်းတန်းအဖြစ် ပြောင်းလဲသွားသည်။ တဖြည်းဖြည်းနှင့်၊ ရွှယ်အန်းသည် အန်ဒရေ၏ ယာဉ်၏ နောက်မီးကို မြင်နေရပြီဖြစ်သည်။ ထိုအချိန်တွင် အန်ဒရီ၏ မျက်နှာက ရက်စက်မှုများနှင့်ပြည့်နှက်နေသည်။ သူသည်လည်း အနောက်မှ ရွှယ်အန်းက အရှိန်ပြင်းပြင်းနှင့်လိုက်လာကြောင်း ခံစားမိသဖြင့် မယုံမကြည်နိုင်ဖြစ်နေသည်။
လူသားတစ်ယောက် အမှီလိုက်တာ ခံရတာလား။
ဤသည်က ရိုးရှင်းစွာဖြင့်ပင် လက်မခံနိုင်သောအရာဖြစ်သည်။ ထို့ကြောင့် သူက အံကို တင်းတင်းကြိတ်ကာ တွန်းအားကိုမြှင့်လိုက်သဖြင့် ဧရာမ ဆိုင်ကယ်မှ ကျယ်လောင်သောအသံကြီးတစ်ခု ထွက်ပေါ်လာသည်။
ဆိုင်ကယ်တစ်စီးလုံး အရှိန်က ရုတ်တရက် သိသိသာသာ တိုးလာသည်။
ဘမ်း
ဧရာမဆိုင်ကယ်ကြီးသည် အသံအတားအဆီးကိုဖြတ်ကျော်ကာ တစ်နာရီလျှင် ကီလိုမီတာ တစ်ဆယ့်ငါးရာနှုန်းဖြင့် ထိတ်လန့်တုန်လှုပ်ဖွယ်အမြန်နှုန်းသို့ ရောက်ရှိသွားခဲ့သည်။ အန်ဒရေ၏ နှလုံးသားထဲမှ မိုက်မဲသော ရယ်သံတစ်ခု ထွက်ပေါ်လာသည်။ မည်သို့ပင်ဖြစစ်စေကာမူ လူသားများက အသံအတားအဆီးကန့်သတ်ချက်ကို ချိုးဖျက်ရန် မဖြစ်နိုင်ပေ။ ထို့အပြင် လျှို့ဝှက်နည်းပညာများစွာဖြင့် ပြုလုပ်ထားသည့် သူ၏ဆိုင်ကယ်က ရွှယ်အန်းစီးနေသော ဆိုင်ကယ်နှင့် ယှဉ်၍ မရနိုင်ပေ။ သို့သော် သူ၏ မိုက်မဲမှုက စက္ကန့်အနည်းငယ်မျှသာ ကြာခဲ့ပြီးနောက် အင်ဂျင်တစ်လုံး၏ ကျယ်လောင်သောအသံကို ကြားလိုက်ရသည်။
ထိုအခိုက်အတန့်တွင် ရွှယ်အန်း၏ ဆိုင်ကယ်က သူ့ဘေးနားမှ အလွန် အရှိန်ပြင်းသော အလင်းတန်းတစ်ခုကဲ့သို့ ဖြတ်သွာားသည်။ သို့သော သွေးမျိုးနွယ်စု၏ အလွန်ကြည်လင်ပြတ်သားသော မြင်ကွင်းကို ပိုင်ဆိုင်ထားသည့် အန်ဒရေအတွက်မူ သူ ဖြတ်ကျော်သွားစဉ်၌ လက်ကိုင်ဘားကို လက်တစ်ဖက်တည်းဖြင့် ကိုင်ထားကာ မိမိကိုပင် ပြုံးပြလိုက်သည်ကို ရှင်းလင်းစွာမြင်နိုင်ခဲ့သည်။ သို့သော် ထိုအပြုံးက စွမ်းအားကြီးသော ဧကရာဇ်မင်းက ပုရွက်ဆိတ်များကို စစ်ဆေးနေသည့်အလားပင်ဖြစ်ကာ ဤအထင်သေးမှုက အန်ဒရေကို အလွန် ဒေါသထွက်သွားစေသည်။
‘ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ’
ဤအဆငိ့နိမ့်သော လူသားကို သူမည်သို့ ဆုံးရှုံးနိုင်မည်နည်း။
အန်ဒရေက ဒေါသတကြီး ဟောက်လိုက်ရာ သူ့မျက်လုံးများသည် ရုတ်တရက် သွေးရောင်ရဲလာ၍ သူ့နောက်ကျောမှ အတောင်ပံသုံးစုံ ထွက်ပေါ်လာသည်။
အန်ဒရေသည် ရွှယ်အန်းကိုအနိုင်ယူရန်ဆုံးဖြတ်ထားကာ မြို့ဝန်၏ခွန်အားကိုအသုံးပြုခဲ့သည်။ သူ့ကိုယ်ပိုင်အစွမ်းအစဖြင့် သူသည် အသံ၏အမြန်နှုန်း ငါးဆအထိပင် ရောက်နိုင်သည်။ သို့သော် မော်တော်ဆိုင်ကယ်ကို ချုပ်နှောင်ထားစဉ်တွင် သူသည် ထိုမျှ လျင်မြန်စွာ မရောက်နိုင်ခဲ့ပေ။
သို့သော် အန်ဒရေ၏အင်အားအပြည့်အောက်တွင် အရှိန်သည် သိသိသာသာ မြင့်တက်နေဆဲဖြစ်၍ နောက်ဆုံးတွင် တစ်နာရီလျှင် ကီလိုမီတာ နှစ်ထောင်ကို ကျော်နိုင်ခဲ့သည်။ ဤသို့ဖြင့် ထိုအရှိန်က သာမန်စစ်လေယာဉ်များထက်ပင် ပိုမြန်သည်။ ၎င်းသည် ဆိုင်ကယ်၏ အမြန်နှုန်းကန့်သတ်ချက်သို့လည်း ရောက်ရှိခဲ့သည်။
ထို့ကြောင့် သူသည် ရွှယ်အန်း ကို အလွယ်တကူ အမှီလိုက်နိုင်ခဲ့သည်။
အန်ဒရေက လှောင်ရယ်လိုက်သည်။ အမှန်တကယ်ပင် အောင်ပွဲသည် မြင့်မြတ်သောသွေးမျိုးနွယ်မှဖြစ်သည်။
သို့သောိရွှယ်အန်းက ပြောလိုက်၏။
"မင်း တစ်ယောက်တည်း ပျံသန်းနိုင်တယ်ထင်နေလား”
သူစကားပြောနေစဉ်တွင် မရေမတွက်နိုင်သော ဓားစွမ်းအင်များ လွင့်ပျံလာကာ ဆိုင်ကယ်ကို ရစ်ပတ်လိုက်သည်
အပြိုင်စကြဝဌာများတွင် ဓားကျင့်ကြံသူ၏ ဓားထက် မည်သည်က ပိုမြန်နိုင်သနည်း။ ရွှယ်အန်းသည် တစ်ခဏအတွင်း ကြီးကျယ်သောကမ္ဘာကြီးတစ်ခုလုံးကို လူတစ်ယာက်က သတ်ပစ်သည်ကိုပင် မြင်ခဲ့ရဖူးသည်။ ထိုအင်အားအဆင့်သို့ သူပြန်မရောက်နိုင်သေးသော်လည်း အရှိန်နှင့်ပတ်သက်ပါက ဤကမ္ဘာပေါ်တွင် ရွှယ်အန်းကို ကျော်နိုင်သူ အနည်းငယ်မျှသာရှိသည်။
သူ့ဓား၏ တောက်ပမှုအောက်တွင် မော်တော်ဆိုင်ကယ်သည် အံ့အားသင့်ဖွယ်အရှိန်ဖြင့် အဖြူရောင်အလင်းတန်းတစ်ခုအဖြစ် ရုတ်တရက် ပြောင်းလဲသွားသည်။
နှစ်ထောင်…
သုံးထောင်
လေးထောင်
နောက်ဆုံးတွင်၊ ရွှယ်အန်း၏အရှိန်သည် တစ်နာရီလျှင် ကီလိုမီတာ ငါးထောင်အထိ ရောက်ရှိခဲ့သည်။ မြို့၏အဝိုင်းပတ်လမ်းတစ်ဝိုက်တွင် ရွှယ်အန်းက မျက်စိတစ်မှိတ်အတွင်း လှည့်ပတ်သွားသည်။ ယခုအခါတွင် ပွဲကြည့်စင်မှ အောက်ကိုကြည့်နေသော သွေးမျိုးနွယ်စု အဖွဲ့ဝင်များစွာကလည်း ထိတ်လန့်တကြားဖြစ်နေကြပြီဖြစ်သည်။
ယခုတော့ အဝေးပြေးလမ်းမပေါ်တွင် အလင်းတန်းနှစ်စင်းသာ မြင်နေရကာ တစ်ခုနောက်သို့ တစ်ခုက လိုက်နေသည်။
ဤအနီရောင်နှင့် အဖြူရောင်အစင်းတို့သည် မူလက ရှေ့ဆင့်နောက်ဆင့်ဖြစ်နေခဲ့သော်လည်း နောက်ပိုင်းတွင် အဖြူရောင်အလင်းရောင်က ရုတ်တရက် အရှိန်ပြင်းလာခဲ့သည်။
နောက်ဆုံးတွင် သွေးမျိုးနွယ်စုက ပင်လျှင် မည်မျှမြန်သည်ကို ပိုင်းခြား၍မရတော့ဘဲ ညကောင်းကင်ယံ၌ တိုက်လေယာဉ်တစ်စင်းကဲ့သို့ ပဲ့တင်ထပ်နေသည့် အင်ဂျင်သံကိုသာ ကြားနေရသည်။
အန်ဒရေလုံးလုံးလျားလျား အံ့ဩသွားသည်။ သူသည် ရွှယ်အန်းက ကွင်းကို သက်တောင့်သက်သာဖြင့် လှည့်ပတ်မောင်းနေသည်ကိုကြည့်ကာ သူ့စိတ်များ လွတ်ထွက်သွားသည်။
ဒါ...လူလား
ဤအချက်ကြောင့် ပြိုင်ပွဲသည် အဓိပ္ပါယ် အားလုံးကို ဆုံးရှုံးခဲ့ရသည်။ ရွှယ်အန်းသည် မျက်စိတစ်မှိတ်အတွင်း အန်ဒရေကို အကြိမ်ပေါင်းများစွာ ကျော်တက်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် အကြိမ်အနည်းငယ်ကြာပြီးနောက်၊ ရွှယ်အန်းက အနည်းငယ် ငြီးငွေ့လာသည်။
"ကောင်းပြီ၊ ကစားတာ လုံလောက်ပြီ”
ရွှယ်အန်း ပြောသည့်အခိုက်တွင် ဆိုင်ကယ်သည် အဝေးပြေးလမ်းထွက်ပေါက်ဆီသို့ အရှိန်ပြင်းစွာ ပြေးသွားခဲ့သည်။ သွေးမျိုးနွယ်စု အဖွဲ့ဝင်အုပ်စုသည် လျင်မြန်စွာချဉ်းကပ်လာသော အဖြူရောင်အလင်းကြောင့် ထိတ်လန့်သွားသည်။ ထိုကဲ့သို့ အရှိန်ဖြင့် တိုက်မိပါက ပြင်းထန်သော ဒဏ်ရာများ ခံစားရပေလိမ့်မည်။
ဒီလူ ရူးသွားပြီလား။
ထိုအချိန်တွင်ပင် အဖြူရောင်အလင်းက သိသိသာသာ အရှိန်နှေးသွား၍ အကြိမ်အနည်းငယ် လှည့်ပတ်ပြီးနောက် လူတိုင်း ရှင်းရှင်းလင်းလင်း မြင်နိုင်သည့် အရှိန်သို့ နှေးကွေးသွားသည်။
သို့သော် ထိုအချိန်တွင် အလွန်မြင့်မားသော အရှိန်ကြောင့် လေနှင့်ပွတ်တိုက်မှုများဖြစ်၍ အနီရောင် တောက်တောက်သို့ ပြောင်းလဲနေပြီဖြစ်သည်။ ရွှယ်အန်းထံ မော်တော်ဆိုင်ကယ် ငှါးထားသော သူက ဤအခိုက်အတန့်တွင် ဆွံ့အသွားရသည်။
ရုတ်တရက် သူက တစ်ခုကို သတိရကာ အော်လိုက်သည်။
“ဘရိတ်က ဘယ်ဘက်ခြေမှာ ရှိတယ်…”
ရွှယ်အန်း က ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
"မလိုပါဘူး"
သူစကားပြောနေစဉ်တွင် ရွှယ်အန်း နှင့် အန်းယန်သည် မြေပြင်ပေါ်သို့ ဆင်းသက်နေပြီဖြစ်သည်။ ထိုဆိုင်ကယ်သည်မူ အရှိန်မလျော့ဘဲ ရှေ့သို့ တိုးလာပြီးနောက် ကျယ်လောင်စွာ တိုက်မိကာ အစိတ်စိတ်အမွှာမွှာ ကွဲသွားခဲ့သည်။
သွေးမျိုးနွယ်စုဝင်က မျက်ရည်ကျလုနီးပါးဖြစ်နေသည်။
ဤဆိုက်ကယ်ကို ဖန်တီးရန် သူအလွန် ကြိုးစားခဲ့သည်။
‘ဒီအတိုင်း ပျက်ဆီးသွားတာလား’
ထိုအချိန်တွင် အန်ဒရေက ကွင်းထဲမှ မောင်းထွက်သွားကာ ဆိုင်ကယ်ကို ရပ်လိုက်၍ ရွှယ်အန်းကို စူးစူးစိုက်စိုက် စိုက်ကြည့်နေသည်။
ရွှယ်အန်း က ခပ်ဖျော့ဖျော့ပြုံးလိုက်သော်လည်း ကြောက်ရွံ့မှုအပြည့်ရှိသော ဆယ်လီနာကို လှည့်ကြည့်လိုက်သည်။
"ငါထင်တယ်... မင်းရဲ့ စိတ်ကူးယဉ်ဆန်မှုတွေ ထပ်ပြီး ပျက်သွားပုံပဲ”
ဆယ်လီနာ၏ တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။
"လူသား၊ မင်းငါ့ကို စက်ဆုပ်ဖွယ်နည်းလမ်းတွေနဲ့ အနိုင်ရခဲ့တာကွ မင်းကိုပေးဆပ်ခိုင်းမယ်”
"အနိုင်ရတာနဲ့ စက်ဆုပ်ဖို့ကောင်းတယ်လို့ ဆိုလိုလား ရှင်က တော်တော် အရေထူတာပဲ”
ရွှယ်အန်းက သူ့လက်ကို ဝှေ့ယမ်းပြကာ ကွင်တီနာကို စကားရပ်ရန် ညွှန်ပြပြီးနောက် အနည်းငယ် ပြုံးလိုက်သည်။
"ခုဏက ဆိုင်ကယ်ကို စိတ်ဝင်စားမိတယ်။ ဒါကြောင့် ငါ တူတူ ကစားဖို့ ဆုံးဖြတ်လိုက်တာ ဒါပေမယ့် အခု... ဂိမ်းက ပြီးသွားပြီ”
အန်ဒရေနှင့် အခြားသောသူများက ရယ်မောလိုက်ကြသည်။
"ဒီလိုပဲ ပြီးသွားပြီလို့ မင်းပြောနေတာက လွန်လွန်ကဲကဲကြီးပါလား..."
ကျန်စကားလုံးများက အန်ဒရေ နှင့် အခြားသူများ၏လည်ချောင်းထဲတွင် နစ်မြုပ်သွားခဲ့ကာ ဆက်မပြောနိုင်ကြတော့ပေ။
ရွှယ်အန်း၏နောက်တွင် အဖြူရောင်မီးတောက်များ ပေါ်လာသည်။
အဖြူရောင်အလင်းရောင်အောက်တွင် ရွှယ်အန်း က အေးစက်စွာပြုံးလိုက်၏။
"မင်းတို့ကို ငရဲကိုပို့ဖို့ ငါဒီရောက်လာတာပဲ”
အခန်း(၃၈၉) သူတို့က ငါ့မျိုးနွယ်တွေမဟုတ်ဘူး သူတို့စိတ်တွေက ကွာတယ်
“သူတို့က ငါ့မျိုးနွယ်တွေမဟုတ်ဘူး သူတို့စိတ်တွေက ကွာတယ်”
ဤစကားသည် မရေမတွက်နိုင်သော သွေးများဖြင့် ထုဆစ်ထားသည့် အမှန်တရားတစ်ခုဖြစ်သည်။ ထို့ကြောင့် ရွှယ်အန်းသည် ဤသွေးမျိုးနွယ်ဝင်များအပေါ် သနားညှာတာမှု တစ်စုံတစ်ရာမရှိခဲ့ပေ။ အဖြူရောင်မီးတောက်များသည် မီးပင်လယ်အဖြစ်သို့ ပြောင်းလဲသွားကာ သွေးမျိုးနွယ်စုဆီသို့ တိုက်ရိုက် ဦးတည်သွားသည်။
အန်ဒရေမှလွဲ၍ ၎င်းတို့အားလုံးသည် အားလုံးအသက်ရှူခွင့်မရဘဲ မီးတောက်များဘေးတွင် ပွဲချင်းပြီးသေကာ ပြာများအဖြစ်သို့ ပြောင်းလဲသွားသည်။
အန်ဒရေသည် သွေးမျိုးနွယ်၏ ပြန်လည်ထူထောင်ရေးဆိုင်ရာ နည်းလမ်းများစွာကို လျင်မြန်စွာ အသုံးပြုခဲ့သော်လည်း မီးတောက်တစ်ခုကြောင့် စွန်းထင်းခဲ့သည်။ သို့သော် ဆွေးမြေ့နေသောအသားမှ ပိုးကောင်များကဲ့သို့ မီးတောက်များသည် သူ၏အကာအကွယ်သွေးများကိူ လောင်ကျွမ်းသွား၍ လျှင်မြန်စွာပျံ့နှံ့လာသည်။
အန်ဒရေက အလွန်ထိတ်လန့်သွားကာ ရွှေရောင်ဖျော့ဖျော့စာရွက်တစ်ရွက်ကို အမြန်ပစ်ချလိုက်သည်။
"ဖေဖေ၊ ကယ်ပါဦး"
ဘမ်း
ခမ်းနားထည်ဝါသော တည်ရှိမှုတစ်ခုက ကမ္ဘာကြီးကို လွှမ်းခြုံသွားကာ ရွှေတောင်ပံငါးစုံပါသော သွေးမျိုးနွယ်စုတစ်ခု၏ အရိပ်က လေထဲတွင် ပေါ်လာသည်။
ဤသည်က အန်ဒရေ၏ အသက်ကယ်ဝှက်ဖဲဖြစ်သည်။ သွေးမင်းသားအဆင့်ပုဂ္ဂိုလ်ကို ခေါ်ယူနိုင်သော လျို့ဝှက်အဆောင်။ ၎င်းသည် အရိပ်တစ်ခုမျှသာဖြစ်သော်လည်း ၎င်း၏လွှမ်းမိုးသော ရောင်ဝါသည် ကွင်တီနာ နှင့် ဆယ်လီနာတို့ကို နောက်ဆုတ်ရန် တွန်းအားပေးခဲ့သည်။
အန်ဒရေက ပြုံးလိုက်သည်။
"စက်ဆုပ်ဖွယ်လူသား မင်းတကယ်ပဲ အလင်းမီးလျှံကို ပိုင်ဆိုင်ထားလို့ မင်းကို အပိုင်းအစတွေအထိ ငါ ကိုက်ဖြတ်ပစ်လိုက်မယ်”
ဤသို့ဖြင့် သွေးမင်းသား၏အရိပ်က အတောင်ပံများက ခတ်လိုက်ရာ အရှိန်က အချိန်နှင့်အတူ ရွေ့လျားသွားသည့်အလား မြန်ဆန်လှသည်။ ထို့နောက် အရိပ်သည် ၎င်း၏တောင်ပံများကို သိမ်းလိုက်သဖြင့် မရေမတွက်နိုင်သော သွေးရောင်ခြည်တန်းများက ရွှယ်အန်းကို ဖုံးအုပ်ထားသည်။
"ဆရာ” ကွင်တီနာက အချက်ပေးသံဖြင့် အော်ဟစ်ခဲ့သည်။
ဆယ်လီနာက သက်ပြင်းတစ်ချက်ချလိုက်သည်။
သူသေရင်ကောင်းမှာပဲ
ဒီလူသေသွားရင် ငါအပေါ်ရောက်နေတဲ့ ဝိညာဉ်ချည်နှောင်မှုကို အလွယ်တကူ ရုတ်သိမ်းသွားနိုင်တယ်။
သို့သော် ထိုအချိန်တွင် သွေးမင်းသား၏ ကြောက်မက်ဖွယ်ကောင်းသော အရိပ်သည် ပြင်းထန်စွာ ပေါက်ကွဲသွားသည်။ မရေမတွက်နိုင်သော သွေးအပိုင်းအစများကို အဖြူရောင်မီးဖြင့် လောင်ကျွမ်းစေခဲ့သည်။
ရွှယ်အန်းသည် အတွင်းမှ ဖြည်းညှင်းစွာ လျှောက်သွားကာ ကြောက်မက်ဖွယ်ကောင်းသော အန်ဒရေကို ပြုံးပြလိုက်သည်။
"ဒါဟာ အရိပ်တစ်ခုမို့ နှမျောစရာပဲ မဟုတ်ရင် သွေးပုလဲကို ငါ ရမှာကို”
အန်ဒရေက တဆတ်ဆတ်တုန်ကာ ထွက်ပြေးလာသည်။ သို့သော် ရွှယ်အန်းက သူ့လက်ကို ပေါ့ပါးစွာဆုပ်ထားလိုက်ငည်။
“သဘောတူလား”
"မဖြစ်ဘူး... ငါ့အဖေက သွေးမျိုးနွယ်ကောင်စီဝင်တစ်ယောက်ပါ၊ မင်းငါ့ကိုသတ်ရဲရင် မင်းကိုလွှတ်ပေးမှာမဟုတ်ဘူး"
အန်ဒရေသည် ရွှယ်အန်း ဖြည်းညှင်းစွာချဉ်းကပ်လာသည်ကို ကြည့်လျက် ပြင်းထန်စွာ အော်ဟစ်လိုက်သည်။
ရွှယ်အန်းက ခေါင်းယမ်း၍ မျက်လုံးများ မှိတ်ထားသည်။
"မင်းအဖေ လာရှာတာ အတိအကျ ငါမျှော်လင့်နေတာပဲ”
ယင်းနှင့်အတူ အဆုံးမဲ့မီးတောက်များက ရွှယ်အန်း၏ လက်တစ်ဖက်ဆီ၌ပေါ်လာ၍ အန်ဒရေကို လွှမ်းခြုံသွားကာ သွေးပုလဲတစ်စေ့ပေါ်လာသည်။
နောက်ထပ် မြို့ဝန်အဆင့်သွေးပုလဲဖြစ်သည်။
ရွှယ်အန်းသည် ၎င်းကို မကြည့်ဘဲ ဆယ်လီနာကိုကြည့်၍ ကွင်နီနာဆီသို့ ပစ်ပေးလိုက်သည်။ ရွှယ်အန်း၏ လျစ်လျူရှုသော မျက်လုံးများကို မြင်လိုက်ရသောအခါ ဆယ်လီနာ သည် အေးခဲသွားသည့်အလား ခံစားလိုက်ရသည်။
"ငါ့ကိုသတ်လိုက်ပါ...ငါ့ကိုသတ်လိုက်ပါ”
ဆယ်လီနာက သေခြင်းကို မကြောက်ခဲ့ပေ။ သူမကြောက်သောအရာမှာ ရွှယ်အန်း၏ အဆုံးမရှိ နတ်ဆိုးနှင့်တူသော နည်းလမ်းများဖြစ်သည်။
ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။
"တစ်ခုခုတော့ ငါမှားနေပြီထင်တယ်၊ မင်းရဲ့ ဝိညာဉ်က ငါ့အတွက် ချည်နှောင်ထားလောက်အောင် မခိုင်မာဘူး"
“မဟုတ်ပါဘူး၊ ကျေးဇူးပြုပြီး ငါ့ကိုသတ်လိုက်ပါ…” ဆယ်လီနာက ကြောက်လန့်တကြား တောင်းပန်လိုက်သည်။
သူ့လက်ချောင်းများကို တစ်ချက်လှုပ်ရှားလိုက်ရာ ဆယ်လီနာ၏ နှဖူးမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ဘန်နီဒစ်၏ စိတ်ထဲသို့ တိုက်ရိုက် ပျံသန်းသွားသည်။ ဆယ်လီနာ၏ မျက်နှာက ချက်ချင်းပင် ရှုပ်ထွေးမှုများ ပေါ်လာပြီးနောက် တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာသည်။
ထို့နောက် သူမသည် ဘန်နီဒစ်ရှေ့၌ လေးလေးစားစား ဒူးထောက်ကာ သူ့ဖိနပ်ကို ညင်သာစွာ နမ်းလိုက်သည်။
"သခင်"
သူမ၏ အသံက ယခင်က မောက်မာမှုနှင့် ပုန်ကန်မှု ကင်းမဲ့နေသည်။
သွေးတောင်တန်းအတွင်း။
သွေးမင်းသား အန်ဒရူးသည် ရုတ်တရက် တုန်လှုပ်သွား၍ မျက်လုံးများ၌ တုန်လှုပ်ခြောက်ခြားဖွယ် သွေးစွန်းနေသော အလင်းတန်းများ ပေါ်လွင်နေသည်။
"သခင်လေး၊ ဘာတွေ ဒေါသထွက်နေတာလဲ" အစာင့်က ချဉ်းကပ်ကာ တိုးတိတ်စွာမေးသည်။ အန်ဒရူး၏အမူအရာက မထင်မှတ်ဘဲ ပြောင်းလဲသွားသည်၊
"လူတစ်ယောက်က ငါ့အမျိုးအနွယ်ကို သတ်ပစ်လိုက်ပြီ၊ အန်ဒရေ"
"မိသားစုခေါင်းဆောင်၊ ဒေါသကို ထိန်းပါ အဲ့တာ အလင်းဘုရားကျောင်းရဲ့ လုပ်ရပ်များဖြစ်နိုင်မလားဎ "
"မသေချာပေမယ့် သွေးမျိုးနွယ်မှာ မကြာသေးမီက အဆက်မပြတ် အဖြစ်အပျက်တွေ ရှိခဲ့တယ်။ လပြည့်ညမှာ ကောင်စီအစည်းအဝေး ခေါ်ယူတဲ့အခါ ဒီကိစ္စကို ထင်ရှားတဲ့ ကောင်စီဝင်တွေကို ကျွန် ရှင်းပြရမှာပေါ့။" အန်ဒရူးက လေးနက်စွာပြောသည်။
လန်ဒန်။
ဂယ်ရီကဟိုတယ်ပြတင်းပေါက်ရှေ့တွင် ရပ်ကာ တောက်ပနေသော ဤမြို့ကို ငုံ့ကြည့်၍ သက်ပြင်းချလိုက်သည်။
"မြို့တစ်မြို့လုံး ခေါင်းကိုက်စရာပဲ။ တစ်ချိန်တည်းမှာပဲ၊ ညစ်ညမ်းမှုနဲ့ အကျင့်ပျက်ခြစားမှုတွေအတွက် ပုန်းအောင်းတဲ့နေရာ"
အယ်လ်တိုလွန်က ဤသဘောထားကို လေးလေးနက်နက် သဘောတူခဲ့သည်။ လန်ဒန်သည် အလင်းနှင့် အမှောင်တို့ ထိပ်တိုက်တွေ့သည့် အဓိက စစ်မြေပြင်ဖြစ်သည်။
မည်သည့်ဂိုဏ်းကမျှ ထိန်းချုပ်၍ မရပေ။ ရရှိနိုင်သော တစ်ခုတည်းသောအရာမှာ သိမ်မွေ့သော ဟန်ချက်ညီမှုကို ထိန်းသိမ်းခြင်းဖြစ်သည်။
ထို့ကြောငိ့ အလင်းစွမ်းအားများ အားကောင်းသည့် အခြားမြို့များနှင့် နှိုင်းယှဉ်ပါက လန်ဒန်တွင်၊ အလင်းဘုရားကျောင်း၏ ကာဒီနယ်တစ်ဦးအဖြစ် ဂယ်ရီ ၏ အဆင့်က ဤနေရာတွင် အသုံးမဝင်လှပေ။
"ငါတို့ အချိန်ယူ စုံစမ်းကြည့်ရအောင်” ဂယ်ရီကပြောသည်။
“ဟုတ်ပြီ”
ဥရောပရှိ မြို့ငယ်လေးတစ်မြို့။
“ကျိန်စာ” ဖန်းမင်ရွှယ်၏ လက်ဝါးမှ မီးခိုးရောင်အလင်းတန်းတစ်ခု ပျံသန်းသွားသည်။
အန်နာစတေးရှားသည် သဘောကျမှုအပြည့်ရှိသော မျက်နှာဖြင့် လက်ခုပ်တီးကာ လမ်းလျှောက်လာခဲ့သည်။
"နင်ရွှယ် မင်းရဲ့အရည်အချင်းက ငါမြင်ဖူးသမျှထဲမှာ အသန်မာဆုံးပဲ။ ရက်အနည်းငယ်အတွင်းမှာပဲ မင်းဟာ ကျိန်စာနည်းပညာကို အလယ်အလတ်အဆင့် စုန်းမတစ်ယောက်လို အသုံးပြုနိုင်ခဲ့ပြီ။"
ဖန်းမင်ရွှယ်က အနည်းငယ် ရှက်သွားပုံဖြင့်ဖြေ၏။
"ဒီမှော်နက်ပညာတွေက ကျွန်မကို တော်တော်နာခံနေသလို ခံစားရတယ်”
အန်နာစတေးရှားက ခပ်ဖွဖွ ရယ်လိုက်သည်။
"အဲတာ မင်းရဲ့ အရည်အချင်းက အစွမ်းထက်နေလို့လေ။ သာမန်လူတစ်ယောက်ဆိုရင်၊ သူတို့ဟာ အမှောင်နဲ့ ဆက်သွယ်ဖို့ နှစ်ပေါင်းများစွာ လိုအပ်ပြီး တစ်သက်လုံး အောင်မြင်ဖို့တောင် မဖြစ်နိုင်ဘူး"
နှစ်ယောက်သား အခန်းထဲတွင် စကားပြောနေကြသည်။ ဟန်ယောင်းကသည် ဒေါသနှင့် ပြည့်နှက်နေသော မျက်နှာဖြင့် ဝင်လာခဲ့သည်။
"မင်ရွှယိ ရုပ်ရှင်အစည်းအရုံးက ချီးထုပ်အိုကြီးက မင်းကို လူကိုယ်တိုင်လာကြည့်ဖို့ တောင်းဆိုတယ်။ သူရူးနေတာ သေချာတယ်”
ဟန်ယောင်းသည် ဆိုဖာပေါ်တွင် ထိုင်နေသော အန်နာစတေးရှားကို တစ်ချက်မျှပင် မကြည့်ဘဲ သူမမရှိသည့်အလားဖြစ်နေသည်။
"မင်ရွှယ် ဒီလို အဘိုးကြီး အခွင့်ကောင်းယူတာမခံချင်ရင် ငါတို့ အဲ့ဆုကို စွန့်လွှတ်ကောင်း စွန့်လွှတ်ရလိမ့်မယ်”
ဖန်းမင်ရွှယ်က ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ နားလည်ပြီ အစ်မယောင်း ကျွန်မ သတိထားပါ့မယ်။"
ဟန်ယောင်း ထွက်သွားပြီးနောက် အန်နာစတေးရှားက ခပ်ဖျော့ဖျော့ ပြုံးလိုက်သာ်။
"မင်းရဲ့ အေးဂျင့်က မင်းကို အရမ်းဂရုစိုက်တယ်"
သူမသည် ဟန်ယောင်းမမြင်နိုင်စေရန် မှော်နက်ပညာကို အသုံးပြုခဲ့၏။
"အစ်မယောင်းက ကျွန်မအပေါ် တကယ်ကောင်းပါတယ်”
"မင်း ဒီကိစ္စအတွက် အရမ်းစိတ်ရှုပ်နေပုံပဲ"
ဖန်းမင်ရွှယ်က တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။
"မင်းက အခု အမှောင်ထုထဲမှာ ကျင်လည်နေတဲ့ စုန်းမတစ်ကောင်ပဲဆိုတာ သတိရလိုက်ပါ၊ ဒီယုတ်မာတဲ့စိတ်နဲ့ လူတွေကို ဆက်ဆံဖို့ မင်းကို ငါ ဘယ်လို သင်ပေးရမလဲ”
အန်နာစတေးရှား၏ မျက်နှာက ပြင်းထန်မှု အရိပ်အယောင် ပေါ်လာသည်။ ဖန်းမင်ရွှယ်ခဏတုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်လိုက်သည်။
"မိနိးကလေးဖန်း မင်းရဲ့ ဒါရိုက်တာစွမ်းရည်နဲ့ သရုပ်ဆောင်စွမ်းရည်အတွက် အရိုးသားဆုံး အသိအမှတ်ပြုမှုကို ငါဖော်ပြရမှာပေါ့။"
ပေါ့ပေါ့ပါးပါး လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ကြီးကြီးကျယ်ကျယ် အမူအရာဖြင့် ပြောလိုက်သည်။
ဖန်းမင်ရွှယ်က ပြုံးကာ လေသံကို အတတ်နိုင်ဆုံးထိန်း၍ ပြောလိုက်သည်။
“ဥက္ကဌ ကျွန်မ ရုပ်ရှင်က ရရှိခဲ့တဲ့ ဆုအကြောင်း မေးချင်ပါတယ်….”
ထိုလူက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
“မိန်းကလေးဖန်း ဇာတ်ကားက ဆုရတာနဲ့ ထိုက်တန်ပါတယ်၊ ဒါပေမယ့်….”
"မင်း တစ်ခုခု ပေးဆပ်ရမယ်”
အခန်း(၃၉၀) သွေးဖြင့်ဖန်တီးထားသော ပလ္လင်
ဖန်းမင်ရွှယ်သည် အသက်ပြင်းပြင်းရှူကာ ပေါ့ပါးသောအပြုံးဖြင့် ထိုလူကို စိုက်ကြည့်နေသည်။
"ဥက္ကဠ ရှင် အတိအကျ ဘာပြောချင်နေတာလဲ”
"မိန်းကလေးဖန်း မင်း ဒီ လုပ်ငန်းမှာ နှစ်အတော်ကြာကြာနေခဲ့ပြီးပြီလေ ကိစ္စတွေဘယ်လို အလုပ်လုပ်လဲဆိုတာ မင်းနားလည်မယ်လို့ ငါယုံကြည်တယ်။ ငါ့ကို တစ်ခေါက်ပဲ လိုက်လျောလိုက်ရင် ကြီးကျယ်တဲ့ဆုက မင်းအတွက်ဖြစ်မယ်ဆိုတာ ငါအာမခံတယ်၊ ပြီးတော့ မင်းကိုကူညီဖို့ ငါ့ရဲ့အရင်းအမြစ်အားလုံးကို ငါသုံးနိုင်တယ်”
ထိုလူ၏မျက်နှာက သူ၏အောင်မြင်မှုမှာ သေချာနေသကဲ့သို့ ဆုံးဖြတ်ချက်ခိုင်မာမှုအပြည့်ရှိသည်။ သူ့အမြင်တွင် ဖန်းမင်ရွှယ်က ငြင်းစရာအကြောင်းမရှိပေ။
သို့သော် သူ့စကားကြားသောအခါတွင် ဖန်းမင်ရွှယ်၏အကြည့်များက အေးစက်လာ၍ သူမက ဖြည်းညှင်းစွာထလိုက်သည်။
"တောင်းပန်ပါတယ် ဥက္ကဌ၊ ရှင်လူရွေးမှားသွားပြီ နှုတ်ဆက်ပါတယ်”
ဖန်းမင်ရွှယ်က ဤသို့သောလူမျိုးနှင့် ဆက်လက်၍ မဆက်ဆံချင်တော့ပေ။
‘ဒါ က ရုပ်ရှင် ဆု ပဲ၊ ဒီလောက်မတန်ဘူး’
ဖန်းမင်ရွှယ်၏ ပြတ်ပြတ်သားသား ငြင်းဆိုချက်ကိုကြားသောအခါ ထိုလူက ဆက်ပြောသည်။
"မိန်းကခေးဖန်း မင်း ဒါကို သေချာစဉ်းစားဖို့ မျှော်လင့်ပါတယ်။ ငါပြောရင် မင်းရဲ့ရုပ်ရှင်တွေကို ဥရောပမှာ ထပ်ပြတော့မှာ မဟုတ်ဘူး။ နားလည်လား။"
ဖန်းမင်ရွှယ်က ညစ်ညမ်းသောမျက်နှာရှိလူကို စိုက်ကြည့်လိုက်ရာ သူမ၏မျက်လုံးများတွင် မှောင်မိုက်နေသော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ သူမသည် အစပိုင်းတွင် အဆိုပါကိစ္စကို ငြိမ်းချမ်းစွာဖြေရှင်းရန် ကြိုးစားခဲ့သော်လည်း ကံမကောင်းစွာဖြင့် လူအချို့က ကိုယ့်သေတွင်းကိုယ် တူးချင်ကြသည်။
"အိုမင်းစမ်း!"
ဖန်းမင်ရွှယ်က အေးစက်စွာ ရေရွတ်လိုက်သည်။ထို့နောက် မီးခိုးရောင်အလင်းတန်းတစ်ခုက ထိုလူဆီသို့ ပစ်ခတ်သွား၏။
အစပိုင်းတွင် ထိုလူက ယုံကြည်ခြင်းမရှိပေ။
“မိန်းကလေးဖန်း ဒီလိုဟာတွေကို ကျုပ် ဘယ်တုန်းကမှ မယုံခဲ့ဖူးဘူး…”
သို့သော် ထိုသူက စကားမဆုံးခင်တွင် သူ့တစ်ကိုယ်လုံးမှ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသဖြင့် သူ့လက်မောင်းကို မြှောက်လိုက်သောအခါတွင် အရေပြားက ခြောက်သွေ့ ရှုံ့မဲ့သွားသည်။ ဤသို့ဖြင့် သေဆုံးခါနီး အဘိုးကြီးတစ်ယောက်ကဲ့သို့ ဖြစ်လာသည်ကို သူတွေ့လိုက်ရသည်။
“မင်းငါ့ကို ဘာလုပ်လိုက်တာလဲ…. မဖြစ်ဘူး.” ထိုသူက ကြောက်လန့်တကြား အော်လိုက်သည်။
ထိုအမျိုးသားသည် သူ့မျက်နှာပေါ်မှ တစ်စုံတစ်ရာ ကျဆင်းသွားသည်ကို ခံစားရသဖြင့် ၎င်းကို ထိလိုက်သောအခါတွင် သေနေသော အရေပြားကြီးတစ်ခု ကွာကျလာသည်ကို မြင်လိုက်ရသည်။
ဤအခိုက်အတန့်တွင် သူကအော်ရန်ပင် အားမရှိတော့ဘဲ ဖန်ရနင်ရွှယ်ကို စူးစိုက်ကြည့်ရုံကြည့်၍ သူသည် မြင်နိုင်သောနှုန်းဖြင့် အသက်ကြီးလာခဲ့သည်။ သူသည် အရေခွံဖြင့် ရစ်ပတ်ထားသော အရိုးစုတစ်ခုဖြစ်လာကာ နာကျင်စွာဖြင့် သေဆုံးခဲ့သည်။
ဖန်းမင်ရွှယ်က မတ်တပ် ထရပ်လိုက်သည်။
အန်နာစတေးရှားသည် နှစ်သက်သဘောကျသောအကြည့်ဖြင့် အခန်းထဲသို့ ဖြည်းညှင်းစွာဝင်လာသည်။
"ကောင်းလိုက်တာ။ ဒါပေမယ့် နောက်တစ်ခါ ဒီလိုလူတွေကို လေကုန်ခံပြီးပြန်ပြောနေစရာ မလိုဘူးထင်တယ်"
သို့သော် သူမ၏ စကားမဆုံးလိုက်ခင်၌ ဖန်းမင်ရွှယ်က ဆက်လက်၍ ထိန်းမထားနိုင်တော့ပေ။ ရုတ်တရက် ဗိုက်ထဲမှ ကြွက်သားများနာကျင်မှုကို ခံစားရ၍ တဖြည်းဖြည်း နာကျင်မှု နှစ်ဆတိုးလာသာ်။ တစ်စုံတစ်ဦးကို သူမ၏ လက်ဖြင့် သတ်ခြင်းသည် ဤသည်ကား ပထမဆုံးအကြိမ်ဖြစ်သည်။
ထို့အပြင် သူမက မှော်နက်ပညာကို အသုံးချခဲ့သည်။ ထို့ကြောင့် သူမအပေါ် သက်ရောက်မှုက ကြီးမားလှသည်။
အန်နာစတေးရှားသည် ကြမ်းပြင်ပေါ်တွင် ဝပ်နေသော ဖန်းမင်ရွှယ်ကို စာနာစိတ်ဖြင့် ငုံ့ကြည့်လိုက်သည်။
"ပထမအကြိမ် လူသတ်တာက အမြဲတမ်း ဒီလိုပါပဲ။ မင်း အသားကျသွားလိမ့်မယ်။ ငါ့ကို ယုံပါ၊ မင်း ဒီခံစားချက်ကို နောက်ဆုံးမှာ သဘောကျလာလိမ့်မယ်။"
ဖန်းမင်ရွှယ်က သူမကို မော့ကြည့်လျက် မျက်ရည်များဝဲလာသည်။
"လူတစ်ယောက်ကို သတ်ရတဲ့ ခံစားချက်ကို ကျွန်မ ဘယ်တော့မှ နှစ်သက်မှာ မဟုတ်ဘူး။"
"ငါ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက ပထမဆုံး အကြိမ်သတ်လိုက်တာက ဘုန်းကြီးတစ်ပါးပဲ၊ ငါ့ရဲ့ မှော်ပညာနဲ့ တိုက်ခိုက်ခံရပြီးတဲ့ နောက်မှာ ငါ့ရှေ့မှာပဲ သေဆုံးသွားတယ်။ သူ့မျက်လုံးထဲက မုန်းတီးမှုကို ငါ မှတ်မိနေသေးတယ်။ အဲ့တုန်းက ငါ့ရဲ့ တုံ့ပြန်မှုက မင်းထက် ပိုတောင်ဆိုးသေးပေမယ့် ငါ ဆက်ပြီး ရှင်သန်နေခဲ့တယ်"
ဤသို့ပြော၍ အန်နာစတေးရှား၏ အမူအရာက တဖြည်းဖြည်း ပိုလေးနက်လာသည်။
"မင်း အမှောင်လမ်းကို လျှောက်ပြီဆိုတည်းက မင်းဟာ တခြားသူတွေနဲ့ မတူဘူးဆိုတာ မှတ်ထား။ မင်းဟာ မှော်နက်စုန်းမတွေရဲ့ ရာဇပလ္လင်ကို တက်နိုင်ဖို့ ရည်မှန်းထားတယ်။ ဒါပေမဲ့ အဲ့ပလ္လင်ကို သွေးနဲ့ဖန်တီးထားတာ၊ မင်းမှာ ရွေးချယ်စရာမရှိဘူး”
ဖန်းမင်ရွှယ်သည် ခေါင်းငုံ့ကာ အခြားအရာတစ်ခုကိုတွေးနေသည်။
"ဥက္ကဠက တော်တော် သြဇာကြီးတယ်။ အခု သူသေသွားပြီ၊ နောက်ဆက်တွဲကို ဘယ်လိုဖြေရှင်းရမလဲ" ဖန်းမင်ရွှယ်က မေးသည်။
အန်နာစတေးရှားက ခေါင်းညိတ် ထောက်ခံလိုက်သည်။
"အရမ်းကောင်းတယ်၊ အရည်အချင်းရှိတဲ့ အမိုက်စား စုန်းမက တကယ်ပဲ တည်ငြိမ်နေသင့်တယ်”
ထို့နောက် ကုတင်ပေါ်ရှိ အရိုးစုကို မထီမဲ့မြင်ပြုကာ ကြည့်နေလေသည်။
"ဥရောပမှာ၊ အဲ့ အလင်းမျိုးနွယ်နဲ့ သွေးမျိုးနွယ်လင်းနို့တွေအပြင်၊ အမှောင်ကောင်စီကို ဘယ်သူကမှ မယှဉ်နိုင်ဘူး။ အသင်းဥက္ကဌကိုတောင် ငါ ကိုင်တွယ်ပြီးပြီ။ သန့်ရှင်းရေးတာဝန်ယူတဲ့လူတွေကို ငါအကြောင်းကြားထားတယ်။ အခုကစပြီး၊ သူက ဘယ်တုန်းကမှ မရှိသလိုပဲ၊ ဒီကိစ္စကို ဘယ်သူကမှ လိုက်ရှာမှာမဟုတ်ဘူး"
အန်နာစတေးရှားပြောသည်မှာမှန်သည်။ ရာစုနှစ်များစွာ သြဇာလွှမ်းမိုးလာပြီးနောက် အမှောင်ကောင်စီသည် ဥရောပ၏မရဏကမ္ဘာတွင် စံပြဖြစ်လာခဲ့သည်။ ဤအသေးအမွှားဥက္ကဌနှင့် ဆက်ဆံရသည်မှာ သဘာဝအားဖြင့် လွယ်ကူသော အလုပ်တစ်ခုဖြစ်သည်။
ဟိုတယ်တစ်ခုအတွင်း ကွင်တီနာသည် ရွှယ်အန်း မှသူမအားပေးအပ်သော မြို့ဝန်သွေးပုလဲကို မျိုချလိုက်သည်။ သူမ၏ယခင်က ရပ်တန့်နေသည့် ကျင့်ကြံရေးအဆင့်က တစ်ဖန် လျင်မြန်စွာ တိုးတက်လာပြန်သည်။
နောက်ဆုံးတွင် မိုးခြိမ်းသံနှင့်အတူ ကွင်တီနာ၏နောက်ကျောမှ အတောင်များ အပြည့်အ၀ ဆန့်ထွက်ခဲ့သည်။ ယခင်အတောင်ပံတစ်စုံနှင့်တစ်ခြမ်းသည် သုံးစုံဖြစ်သွားသည်။ ထို့နောက် သူမမျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ကာ ခဏအကြာတွင် ကြက်သွေးရောင်သို့ပြောင်း၍ တဖြည်းဖြည်း မှေးမှိန်သွားသည်။
ထိုအချိန်တွင်၊ ဘန်နီဒစ်သည် မြေပြင်ပေါ်တွင် စိတ်လှုပ်ရှားစွာ ဝပ်နေသည်။
“တော်ဝင်အမျိုးသမီး ကွင်တီနာ နောက်ဆုံးတော့ မြို့ဝန်အဆင့်ကို ရောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်"
ကွင်တီနာက အနည်းငယ် ခေါင်းညိတ်လိုက်ပြီးနောက် မတ်တပ်ရပ်ကာ ရွှယ်အန်း၏ အခန်းဆီသို့ ဦးတည်သွားသည်။
"သခင်” ကွင်တီနာက လေးစားစွာ ပြောကြားခဲ့သည်။
ရွှယ်အန်း နှင့် အန်းယန်တို့သည် ကြမ်းပြင်ပေါ်တွင် ထိုင်ကာ ဂိမ်းဆော့နေကြစဉ် ကွင်တီနာ ဝင်လာသောအခါ ရွှယ်အန်းက ခပ်ပါးပါးပြုံး၍ ခေါင်းလှည့်ကြည့်လိုက်သည်။
"မင်း မြို့ဝန်အဆင့်ကို ရောက်သွားတာလား"
"ဟုတ်ကဲ့၊ သခင့်ရဲ့ အကူအညီ အားလုံးအတွက် ကျေးဇူးပါပဲ” ကွင်တီနာက လေးနက်စွာဖြင့် ပြောသည်။
ရွှယ်အန်းက မည်သည့်စကားမျှပြန်မပြောဘဲ အန်းယန်နှင့်သာ ဂိမ်းဆက်ဆော့နေ၏။ နောက်ဆုံးတွင် အနီးကပ်ဂိမ်းကို အရှုံးပေးပြီးမှသာ ရွှယ်အန်းက မတ်တတ်ထရပ်၍ ပြောလိုက်သည်။
“သွေးတောင်တန်းဖွင့်ဖို့ ဘယ်နှစ်ရက်ကျန်သေးလဲ”
"မနက်ဖြန်ညက လပြည့်ပါ”
"အရမ်းကောင်းတယ်" ရွှယ်အန်းက ကျေနပ်စွာ ခေါင်းညိတ်သည်။
"သခင် ကျွန်မ ပြောစရာရှိသေးတယ်"
"ဟမ်”
“သွေးမျိုးနွယ်စုမှာ မြို့ဝန် ဖြစ်လာပြီးရင် သွေးတောင်တန်းမှာ ကောင်စီအစည်းအဝေးတွေ တက်ရောက်ခွင့် ရပါတယ်။ ဒီနည်းနဲ့ ကျွန်မတို့ ပွင့်ပွင့်လင်းလင်း အကြောင်းပြချက်ကောင်းနဲ့ အဲ့ကိုဝင်နိုင်ပါတယ်”
ရွှယ်အန်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
"ဒါက တကယ်လိုအပ်လို့လား။ တန်းပြီး ဝင်တိုက်ရင် ပိုကောင်းမှာ မဟုတ်ဘူးလား"
“အင်း…” ကွင်တီနာက ရွှယ်အန်း၏ စကားကြောင့် အနည်းငယ် ဆွံ့အသွားသည်။
ထို့နောက် ရွှယ်အန်းက ပြော၏။
“နောက်တာပါ၊ ကောင်းပြီ၊ အဲ့ကျရင် ငါတို့က မင်းရဲ့ သွေးကျွန်တွေအဖြစ် အသွင်ပြောင်းပြီး ဒီသွေးမျိုးနွယ်ရဲ့ နတ်ကုန်းမြေက ဘယ်လိုမျိုးလဲဆိုတာ သိဖို့ သွေးတောင်တန်းကို အတူတူဝင်ကြမယ်”
ရွှယ်အန်းက ထိုသို့ပြောခဲ့သော်လည်း ကွင်တီနာသည် ရွှယ်အန်း ၏မျက်နှာပေါ်မှ စိတ်လှုပ်ရှားမှုကိုမြင်လိုက်ရသောအခါတွင် သူမ၏စိတ်ထဲတွင် ပုံမှန်မဟုတ်သော အတွေးတစ်ခု ထွက်ပေါ်လာသည်။
‘ငါ့အရှင်… သွေးတောင်တန်းကို တိုက်ရိုက်ဝင်စီးဖို့ စဉ်းစားနေတာမဟုတ်ဘူးလား’
နောက်နေ့။
ည၏ လရောင်က ကမ္ဘာမြေပေါ်သို့ ကျရောက်လာသည်နှင့်အမျှ၊ မြို့တော်အထက်တွင် နက်နဲသော ကြက်သွေးရောင် ဗဟိုချက်ဖြင့် တိမ်တိုက်များကို လှုပ်ယမ်းပစ်လျက်ရှိသည်။
ကြောက်မက်ဖွယ်ကောင်းသော ကြက်သွေးရောင်နယ်မြေကို ညွှန်ပြလျက် ကွင်တီနာက ပြောလိုက်သည်။
"သခင်၊ အဲဒါ သွေးတောင်တန်းရဲ့ ဝင်ပေါက်ပဲ”
ရွှယ်အန်း က ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ၊ အခုသွားကြရအောင်"
ကွင်တီနာက ခေါင်းညိတ်ပြီးနောက် အန်းယန်ကို နီးကပ်စွာ ဆုပ်ကိုင်ထားသော ရွှယ်အန်းနှင့်အတူ ရှေ့သို့ အပြေးအလွှားသွားနေသော သွေးတန်းတစ်ခုအဖြစ်ပြောင်းလဲသွားသည်။