အခန်း (၃၉၁-၃၉၃)
Vol. 27 Ch. 391-393
အခန်း(၃၉၁) ဆယ်လီနာအတွက် ကောင်းချီး
သွေးတောင်တန်းက စတင်ပေါ်ထွက်လာတော့မည်ဖြစ်ရာ ကောင်းကင်ယံထက်၌ သွေးတံခါးကြီးက တဖြည်းဖြည်းချင်းပုံသဏ္ဍာန်ပေါ်လာသည်။ ရွှယ်အန်းနှင့် အဖွဲ့တို့ ရောက်ရှိလာချိန်၌ သွေးမျိုးနွယ်က
သွေးတံခါးတစ်ဝိုက်တွင် စုရုံးနေပြီဖြစ်သည်ကို တွေ့လိုက်ရသည်။ တစ်ချိန်တည်း၌ပင်
သွေးအလင်းတန်းများစွာသည် ၎င်းဆီသို့ အရှိန်ပြင်းစွာ ပျံသန်းလာခဲ့သည်။
၎င်းတို့သည် ကောင်စီသို့တက်ရောက်ရန် ပြင်ဆင်နေသည့် ဥရောပတစ်ခွင်မှ သွေးမျိုးနွယ်စုဝင်များဖြစ်သည်။
ကွင်တီနာ၊ ရွှယ်အန်းနှင့် အခြားသူများရောက်လာရှိချိန်တွင် အာရုံစူးစိုက်မှုများစွာရရှိခဲ့သည်။ တကယ်တမ်းတွင် ခဲမိတ်ကပ်ထူထူများလိမ်းခြယ်ကာ အလယ်ခေတ်ဝတ်စုံများဝတ်ဆင်ထားသည့် ရှေးဟောင်းသွေးစုပ်ဖုတ်ကောင်များနှင့် နှိုင်းယှဉ်လျှင် ကွင်တီနာသည် အလွန်ငယ်ရွယ်၍ လှပသော ပုံပေါက်သည်။
“အမျိုးသမီး မြို့ဝန်အသစ်ပဲ။ တကယ်ကို ရှားပါးပါပေတယ်” အသက်ကြီးကြီး သွေးမျိုးနွယ်စုဝင်တစ်ဦးက အေးဆေးစွာ ရယ်မော၍ ပြောလိုက်သည်။
“ဒီ အမျိုးသမီးမြို့ဝန်ကို ကြိုက်တယ်” အခြားတစ်ဦးကလည်း လောဘရမ္မက်အပြည့်နှင့်ပြောလိုက်သည်။
ထိုအချိန်တွင် သွေးစုပ်ဖုတ်ကောင်အုပ်စုကိုကြည့်နေသော ရွှယ်အန်း၏ မျက်လုံးများ တောက်ပလာသည်။
ဤသွေးစုပ်ကောင်များထဲတွင် မြို့ဝန်အဆင့်များအပြင်၊ အမှန်တကယ်တွင် မြို့စားများစွာရှိနေသည်။
ရွှယ်အန်း၏မျက်လုံးများတွင် ဤမြို့စားများသည် လမ်းလျှောက်နေသော သွေးပုလဲများသာဖြစ်ကြသည်။
“တစ်၊ နှစ်၊ သုံး…” ရွှယ်အန်းက တိတ်တဆိတ်ရေရွတ်လိုက်သည်။ သူ ဤမြို့စာတစ်ဦးကိုမျှ အလွတ်ပေးမည်မဟုတ်ပေ။ ထိုအချိန်၌ သွေးတံခါးက ဖြည်းညှင်းစွာ ပွင့်လာသည်။ ဧရာမရွှေလင်းနို့ကြီးတစ်ကောင်က ပျံထွက်လာကာ မာနကြီးသည်ထင်ရသော လူတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။
“သခင်ဟာရီမန်” သွေးမျိုးနွယ်ဝင်များက တစ်ခဲနက် ဦးညွတ်လိုက်ကြသည်။
“ဒီနေ့ ကောင်စီမှာ ကောင်စီဝင်တွေ အားလုံး တက်ရောက်ရမှာပါ” ဟာရီမန်က စူးရှသော အသံဖြင့် ကြေညာလိုက်သည်။
သွေးစုပ်ဖုတ်ကောင်များစွာတို့က မငြိမ်မသက် တုန်လှုပ်သွားကြသည်။ ၎င်းတို့အများစုက အံ့သြသွားကြသည်။ ယခင်က သွေးမျိုးနွယ်ဝင်များအတွက် ကောင်စီဝင်တစ်ဦးတက်ရောက်လျှင် လုံလောက်ခဲ့သော်လည်း ယခု ၎င်းတို့ အားလုံး တက်ရောက်ရန်လိုအပ်သည်ဟု ပြောလာသည်။
“လူတိုင်းကို အကြီးအကဲတွေရှေ့မှာ နှိမ်နှိမ်ချချနေဖို့ မျှော်လင့်ပါတယ်။ နားလည်လား” ဟာရီမန်က ပြတ်ပြတ်သားသားပြောလိုက်သည်။
“ဟုတ်ကဲ့” သွေးစုပ်ကောင်များက တညီတညွတ်တည်း တုံ့ပြန်ကြသည်။
ထို့နောက် ဟာရီမန်က ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်ပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်ရာ သွေးစုပ်ကောင်များအားလုံး စနစ်တကျဖြင့် သွေးတံခါးပေါက်ကို ဖြတ်လာကြသည်။ ကွင်တီနာ၏ အလှည့်သို့ရောက်သောအခါ ဟာရီမန်က ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။
“နေပါဦး”
ကွင်တီနာက ရပ်တန့်သွား၏။
“ငါ ဘာလို့ မင်းကို မတွေ့ဖူးတာလဲ”
“ကျွန်မက မြို့ဝန်အသစ်ပါ”
ဟာရီမန်၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။
“မြို့ဝန်အသစ်ဟုတ်လား” ထို့နောက် သူက ကွင်တီနာကို သေသေချာချာ စစ်မေးလိုက်သည်။
“မင်းနာမည်ဘယ်လိုခေါ်လဲ။ ဘယ်မိသားစုက လာတာလဲ”
“ကျွန်မက စီစီယယ်မိသားစုက ကွင်တီနာပါ”
“စီစီယယ်မိသားစုဟုတ်လား။ ဟာရီမန်က ခဏတာမျှ မျက်ခုံးပင့်၍ တွေးလိုက်သည်။
ဝေးလံခေါင်သီသော ဒေသမှ မိသားစုငယ်လေးတစ်ခုဖြစ်နိုင်သည်။ ဤသည်ကိုတွေး၍ ဟာရီမာန်က ပိုမို မာနထောင်လွှားလာသည်။
“မင်းရဲ့ အထက်လူကြီးတွေကို မျက်နှာချင်းဆိုင်နေတုန်း နှိမ့်မှိမ့်ချချနေဖို့ နားမလည်ဘူးလား”
ကွင်တီနာက ခေါင်းညိတ်လိုက်သည်။
“ဟုတ်”
သို့သော် ဟာရီမန်က ကွင်တီနာ့ကို အလွတ်မပေးဘဲ ရွှယ်အန်းကို လက်ညှိုးထိုးပြလိုက်သည်။
“ဒီနှစ်ယောက်က ဘာလုပ်နေတာလဲ”
“သူတို့က ကျွန်မရဲ့ သွေးကျွန်တွေပါ” ကွင်တီနာက ပြောသည်။
“သွေးကျွန်တွေဟုတ်လား…” ဟာရီမန်၏ မျက်နှာထက်တွင် ရွံရှာမှု အငွေ့အသက်များ ပေါ်လာသည်။
“ဒါက သွေးမျိုးနွယ်စုရဲ့ နတ်ကုန်းမြေပါ။ သွေးကျွန်လို နိမ့်ကျတဲ့သတ္တဝါတွေကို ငါတို့ ဘယ်လိုလုပ်ဝင်ခွင့်ပေးရမှာလဲ။ သူတို့ကို အခု မောင်းထုတ်လိုက်စမ်း”
ရွှယ်အန်းက မျက်ခုံးအနည်းငယ်ပင့်၍ ထိုကဲ့သို့ မာန်တက်ကာ အနိုင်ကျင့်တတ်သော လူမျိုးကို ကြုံရလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် မျက်ခုံးပင့်လိုက်သည်။ သူက တုံ့ပြန်တော့မည့်အခိုက်၌ နောက်ထပ်သော သွေးအလင်းတန်းတစ်ခု ရောက်ရှိလာကာ ရပ်တန်သွားသည့်အချိန်တွင် ဆယ်လီနာ့ကို မြင်လိုက်ရသည်။ ဆယ်လီနာသည် ယခုအချိန်တွင် သူမဝတ်နေကျ ဝတ်စုံကို ပြန်လည် ဝတ်ဆင်ထားပြီဖြစ်သည်။
သူမက ဆံပင်ကို နှစ်ဖက်ခွဲ၍ စည်းနှောင်ထားကာ သေမင်းတမန်အလား မိတ်ကပ်ကို လိမ်းခြယ်၍ တီရှပ်နှင့် ရေကူးဝတ်စုံဘောင်းဘီတိုကို ဝတ်ဆင်လျက် လက်ထဲတွင် ဘေ့စ်ဘောရိုက်တံကို ကိုင်ထားသည်။
ရွှယ်အန်းက အနည်းငယ် ထိတ်လန့်သွားသည်။ ဆယ်လီနာသည် ရွှယ်အန်းကို လေးစားသောအကြည့်ကြည့်ပြီးနောက် ပီကေကို ဝါးလျက် ဟာရီမန်ဆီသို့ ဖြည်းညှင်းစွာလျှောက်သွားသည်။ ဟာရီမန်က ဆယ်လီနာကို မြင်သောအခါ ရွံရှာစွာကြည့်လိုက်သည်။
“စုန်းမ…လေး မင်းဘာလို့ ဒီရောက်လာတာလဲ”
ဆယ်လီနာက ပီကေကို ထွေးထုတ်လိုက်ပြီးနောက် ဟာရီမာန်ကို ထိတ်လန်ဖွယ်ကောင်းဏါာ ရယ်မောလိုက်သည်။ သူမ၏ အပြုံးက ဟာရီမန်၏ နှဖူးပေါ်၌ ချွေးစေးများထွက်လာစေသည်။
ဆယ်လီနာတွင် မြို့ဝန်၏ ခွန်အားသာရှိသော်လည်း သူမတွင်သိသာထင်ရှားသော ပုဂ္ဂိုလ်တစ်ဦး ကျောထောက်နောက်ခံအဖြစ်ရှိနေသောကြောင့် ဟာရီမန်ကပင်လျှင် မနှောက်ယှက်ဝံ့ပေ။
“ရှင် ကျွန်မသူငယ်ချင်းကို ဝင်ခွင့်မပြုဘူးလို့ ကြားလိုက်တယ်” ဆယ်လီနာက ရူးနှမ်းသောအပြုံးဖြင့် ပြောလိုက်သည်။
“အာ.. ဒါက မင်းသူငယ်ချင်းမှန်း ငါတကယ် မသိခဲ့ဘူး”
စကားမဆုံးခင်၌ ဆယ်လီနာက ဘေ့စ်ဘောရိုက်တံကို တင်းတင်းကိုင်ကာ ရိုက်ချလိုက်ရာ ဟာရီမန်၏ နှဖူးတည့်တည့်သို့ ထိမှန်သွား၏။ သွေးမျိုးနွယ်မြို့ဝန်ခွန်အားရှိသူတစ်ဦးအနေဖြင့် ဤထိုးနှက်ချက်ကြောင့် အသတ်ခံရလိမ့်မည်မဟုတ်သည်မှာ သေချာသော်လည်း နှဖူးမှ သွေးများ စီးကျလာကာ ဆယ်မီတာကျော် လွင့်ပျံသွားသည်။
"မသိတာက အကြောင်းပြချက်လား" ဆယ်လီနာက အေးစက်စွာပြောသည်။
“မဟုတ်ဘူး…” ဆယ်လီနာမှ နောက်ထပ်တစ်ချက်ထပ်မံရိုက်တော့မည်ကို မြင်သောကြောင့် ကြောက်လန့်ကာ နောက်သို့ ထွက်ပြေးရန် ပြင်လိုက်သည်။
ဟာရီမန်၏ ထွက်ပြေးနေသောနောက်ကျောကို ဘတ်တံဖြင့် ချိန်ရွယ်ထားသောဆယ်လီနာက လျင်မြန်စွာဖြင့်ပင် ဘတ်တံကို လွှဲပစ်လိုက်သည်။ ဘတ်တံသည် လေထုထဲ၌ ကျော့ရှင်းစွာပျံဝဲလျက် ဟာရီမန်၏နောက်ကျောကို တည့်တည့်ထိမှန်သွားသည်။
ဟာရီမန်သည် လေထုထဲသို့ အရှိန်မြင့်စွာဖြင့် လွင့်ထွက်သွားသည်။ ဆယ်လီနာက လက်ခုပ်တီးကာ မြေပြင်ပေါ်သို့ တံတွေးတစ်ချက်ထွေး၍ ရွှယ်အန်းကို လှည့်ကြည့်လိုက်သည်။
“ကျွန်မသခင် ဘန်နီဒစ်က ရှင်အန္တရာယ်ကြုံမှာစိုးလို့ ကူညီဖို့ လွှတ်လိုက်တာပါ”
ရွှယ်အန်းက ဆယ်လီနာ၏ လေးစားပြနေသော မျက်နှာကို ကြည့်၍ အနည်းငယ်ပြုံးလိုက်သည်။
“မင်းရဲ့ စိတ်ဝိဉာဥ်က ပြင်းပြင်းထန်ထန်ပျက်ဆီးနေပြီ။ ဒီဝိဉာဥ် ချည်မှောင်မှုက မင်းဒဏ်ရာတွေကို ကုပေးပြီး ပြန်ကောင်းလာစေတာပဲ”
ဆယ်လီနာသည် တခစ်ခစ်ရယ်၍ ယခင်က ရူးသွပ်မှုများအားလုံး ပျောက်ကွယ်လျက် ကျေးဇူးတင်စွာကြည့်လိုက်သည်။ ရွှယ်အန်းက ပြောသည့်အတိုင်းပင် ဆယ်လီနာသည် ငယ်စဥ်ကတည်းက စ၍ လွန်ကဲစွာ ညှင်းပန်းနှိပ်စက်ခြင်းခံခဲ့ရကာ နှစ်တစ်ရာတိုင်တိုင် ကြာခဲ့သည်။ သို့သော် ဤကဲ့သို့ အလွန်ပြင်းထန်သော ညှင်းဆဲမှုများသည် ဆယ်လီနာကို ဆိုးရွားလာစေခဲ့ကာ မြို့ဝန်ဖြစ်လာသောအခါမှသာ ထိုအရိပ်ဆိုးမှ လွတ်မြောက်နိုင်ခဲ့သည်။
ထိုသို့သော ပြင်းထန်သော နှိပ်စက်မှုက သူမကို ချိုးနှိမ်ကာ ပင်ကိုယ်စရိုက်မျိုးစုံကို ဖြစ်ပေါ်လာစေခဲ့သည်။ ထို့ကြောင့် သူမ၏ အပြုအမူက အလွန်ဆိုးရွားလာခဲ့ကာ ကြောက်ရွံ့မှုကိုပင် မသိတော့ခြင်းဖြစ်သည်။ ဤသို့ဖြင့် သူမသည် “စုန်းမလေး”ဟူသော နာမည်ပြောင်ကို ရရှိခဲ့သည်။ သို့သော် ရွှယ်အန်း၏ ဝိညာဥ်ချည်နှောင်၍ ဝင်ရောက်စွက်ဖက်မှုသည် ထိုကြမ်းတမ်းသော ကိုယ်ရည်ကိုယ်သွေးများကို အံ့ဖွယ်နည်းဖြင့် ချေမှုန်းပစ်လိုက်သည်။
ယခုအချိန်တွင် ဆယ်လီနာသည် ပြန်လည်မွေးဖွားလာသကဲ့သို့ပင် ခံစားခဲ့ရကာ တစ်ချိန်က အကွဲကွဲအပြားပြားဖြစ်နေခဲ့သော သူမ၏ ဝိညာဥ်သည်လည်း ပြန်လည် ပေါင်းစည်းလာခဲ့သည်။
"အားလုံးအတွက် ကျေးဇူးတင်ပါတယ် သခင်" ဆယ်လီနာက လေးလေးနက်နက် ပြောသည်။
ရွှယ်အန်းက ပေါ့ပေါ့ပါးပါး ပြုံးလိုက်၏။
"ကောင်းပြီ၊ အထဲဝင်ဖို့ အချိန်ရောက်ပြီ၊ မင်းရဲ့သခင်ဟောင်း မင်းပြန်လာတာကို စောင့်နေလောက်ပြီပေါ့"
ဤအကြောင်းပြောသောအခါ ဆယ်လီနာ၏ ခန္ဓာကိုယ်က တုန်လှုပ်၍ သူမ၏ မျက်လုံးများက အကန့်အသတ်မဲ့သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။ သူမကို ရာစုနှစ်တစ်ခုစာ ညှင်းပန်းနှိပ်စက်၍ ကျွန်အဖြစ်စေခိုင်းခဲ့သူမှာ သူမ၏ အဖိုး သွေးမျိုးနွယ်လွှတ်တော်၏ ဂုဏ်သိက္ခာရှိသော မင်းသားဝေလ်ဆင်ဖြစ်သည်။ အစပိုင်းတွင် ဆယ်လီနာ၏ ဝိညာဥ်က သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိခဲ့၍ သူမသည် ဤရက်စက်ကြမ်းကြုတ်သောအနိုင်ကျင့်သူကို ဘုရားကဲ့သို့ကိုးကွယ်ခဲ့သည်။
ယခု သူမ၏ ဝိညာဉ်က သက်သာလာပြီဖြစ်၍ ဝေလ်ဆင်ကို မုန်းတီးနေပြီဖြစ်သည်။
"သခင်၊ ကျွန်မ ဝေလ်ဆင်ကို အပိုင်းတစ်ထောင်လောက်ပိုင်းဖြတ်ပစ်ချင်တယ်။ သွေးတောင်တန်း လုပ်ကြံသတ်ဖြတ်မှုမှာ ရှင့်ကို ကူညီပေးပါမယ်” ဆယ်လီနာက မုန်းတီးစွာ ပြောလိုက်သည် ။
ရွှယ်အန်းက အားပါးတရ ရယ်မောကာ သွေးတံခါးဝသို့ လျှောက်သွားလိုက်သည်။
အခန်း(၃၉၂) ပြောဆိုသူ ဆယ့်နှစ်ယောက်
သွေးတောင်တန်း။
ဤသည်မှာ တိမ်တိုက်များထဲ ရောက်ရှိနေသည့် မြင့်မားသော တောင်တန်းတစ်ခုဖြစ်သည်။ သွေးစုပ်ဖုတ်ကောင် လျှို့ဝှက်နယ်မြေတစ်ခုလုံးက ဤတောင်တန်းကြီးကို သိမ်းပိုက်ထားသည်ဟုပြောလျှင်ပင် မှားမည်မဟုတ်ပေ။ ၎င်းတောင်စောင်းတစ်လျှောက်၌ ရှေးဟောင်းရဲတိုက်များစွာကို ဆောက်တည်ထားသည်။
ဤရဲတိုက်များ၏ ပိုင်ရှင်များမှာ အဓိကအားဖြင့် သွေးမျိုးနွယ် တော်ဝင်မြို့စားများဖြစ်ကြသည်။ ထို့အပြင် တောင်ထိပ်သည် သွေးကောင်စီဌာနတည်ရှိရာဖြစ်သည်။
ရွှယ်အန်းက သွေးတောင်တန်းပေါ်သို့ ခြေချလိုက်သည်နှင့် မရေမတွက်နိုင်အောင်များပြားလှသော သွေးအလင်းတန်းများလည်းလိုက်ပါလာသည်ကို မြင်လိုက်ရသည်။
အလွန်ပြင်းထန်သော ရောင်ဝါများက ကောင်းကင်ယံသို့ ဖြတ်သန်းသွားသဖြင့် ရွှယ်အန်း၏ မျက်လုံးများက အံ့သြစွာဖြင့် လင်းလက်သွားသည်။
‘ဒါတွေအားလုံးက သွေးပုလဲတွေပဲ’
တောင်ထပ်ရှိ ခန်းမကြီးထဲသို့ ရောက်ရှိသွားသောအခါတွင် သွေးမျိုးနွယ်စုများ အများအပြား စုရုံးနေပြီဖြစ်သည်။
ဤ သွေးမျိုးနွယ်အဖွဲ့ဝင်များအားလုံးသည် သပ်ရပ်စွာ ၀တ်စားဆင်ယင်ထားကြကာ သုံးယောက် သို့မဟုတ် ငါးယောက် အုပ်စုဖွဲ့၍ ပြေပြစ်စွာစကားပြောဆိုနေကြသည်။ ရွှယ်အန်းနှင့် အခြားလူများ ထိုနေရာတွင် ပေါ်လာသောအခါတွင် စူးစမ်းလိုစိတ်ရှိသူများစွာ သူတို့သွားရာလမ်းကို လှမ်းကြည့်ကြသည်။ အထူးသဖြင့် ရှေ့တန်း၌ လမ်းလျှောက်နေကြသည့် ဆယ်လီနာနှင့် ကွင်တီနာတို့ကို မြင်သောအခါ အလွန်ထူးဆန်းစွာကြည့်နေကြသည်။
“မင်းသားဝေလ်ဆင်ရဲ့ ကစားစရာ ဆယ်လီနာမဟုတ်ဘူးလား” လူတစ်ယောက်က ခပ်တိုးတိုးပြောသည်။
“ဟီးဟီး အဲ့ စုန်းမပဲ။ အာ ဒီတစ်ခါ ကောင်စီကို တက်မယ်လို့ ငါမထင်ထားဘူး”
“သူ့ဘေးက အမျိုးသမီးမြို့ဝန်ကို နည်းနည်း စိမ်းနေသလိုပဲ”
"လူသစ်ဖြစ်မယ်ထင်တယ်။ ဟဲ ဟဲ၊ သူက အရမ်းလှတယ်၊ အခုတော့ အကြီးအကဲတွေ ကစားဖို့ တစ်ယောက်ထပ်ရပြီပေါ့”
ဤတီးတိုးပြောသံများအကြားတွင် ဆယ်လီနာက ပီကေဝါးလျက် အေးစက်သော မျက်နှာကို ဆင်မြန်းထားဆဲဖြစ်သည်။
ထုံးတမ်းစဉ်လာအရ ကောင်စီမစတင်မီ အကျဉ်းချုံးပွဲတစ်ခု ပြုလုပ်ခဲ့သည်။ ဤသို့ဖြင့် မကြာခင်၌ပင် ထူးခြားသော ဟင်းပွဲမျိုးစုံကို သယ်ယူလာကြသည်။ သို့သော် လူအများ၏ အာရုံစိုက်ခြင်းခံရသည်မှာ သွေးရောင်တောက်နေသည့် ဝိုင်ပုလင်းများပင်ဖြစ်သည်။ ဤပုလင်းများကို မြင်သောအခါ ရွှယ်အန်း၏ မျက်လုံးများတွင် အေးစက်သော အငွေ့အသက်များ ပေါ်လာသည်။
ဤဝိုင်များကို မည်သည့်နေရာမှ ရရှိသနည်း။
၎င်းတို့သည် ရှင်းလင်းစွာပင် လူသားများ၏ သွေးလတ်လတ်ဆက်ဆက်များမှ ထုတ်ယူထားသော သွေးအနှစ်သာရကို သန့်စင်ထားခြင်းဖြစ်သဖြင့် တစ်ပုလင်းတွင် ရာနှင့်ချီသောလူများ၏ အသက်များပါရှိနိုင်သည်။ သို့ထိတိုင် ၎င်းတို့က ဤသွေးမျိုးနွယ်စုဝင်တစ်ဦးစီအတွက် ဝိုင်နီများကို တိုက်ကြသည်။
“ဆရာ” ရွှယ်အန်းဆီမှ ထွက်လာသည့် မှေးမှိန်သော လူသတ်ရောင်ဝါကို အာရုံခံမိသဖြင့် ဆယ်လီနာက တိုးညှင်းစွာ ပြောလိုက်သည်။
“အမ်”
“အခုအချိန်မကျသေးဘူး။ တကယ့်ရိုက်ချက်ကြီးတွေ ထွက်မလာသေးဘူး”
“အင်း နားလည်ပြီ”
စကားစမြည်ပြောနေကြစဥ်တွင် အဆုံးမဲ့ဒေါသများပြည့်လျှံနေသည့် အသံတစ်ခု ထွက်ပေါ်လာသည်။
“ချစ်လှစွာသော ဆယ်လီနာ ငါမင်းလာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး”
ဤအသံကို ကြားလိုက်သည်နှင့် ဆယ်လီနာ၏ မျက်လုံးထဲတွင် သွေးရောင်များတောက်ပလာသည်။
"ငါ့အချစ်ဆုံးအစ်ကို၊ ဒီလိုကြီးကျယ်ခမ်းနားတဲ့ကောင်စီပွဲအတွက် ငါလာကိုလာရမှာပေါ့"
ပြောလာသူသည် မင်းသားဝေလ်ဆင်၏ တန်ဖိုးအထားရဆုံးမျိုးနွယ်စုဝင် ဖခင်တစ်ဦးတည်းမှမွေးလာသည့် ဆယ်လီနာ၏ ဖအေတူမကွဲအစ်ကိုဖြစ်သူ၊ ဒန်းနစ််စ်မှလွဲ၍ အခြားသူမဟုတ်ပေ။ ဤသည်ကိုကြားသောအခါ
ဒန်းနစ်က မောက်မာမှုအပြည့်ဖြင့် ရယ်မောလိုက်သည်။
"မိသားစုရဲ့ ကစားစရာ မင်းက ငါ့ကို ဘာလို့ ဒီလိုလေသံနဲ့ ပြောရဲရတာလဲ ဆိုတာကို ငါ တော်တော် အံ့ဩမိတယ်"
ဆယ်လီနာက မတုံ့ပြန်ဘဲ အေးစက်စွာ နှာခေါင်းရှုတ်လိုက်သည်။
ဒန်းနစ်စ်၏ အကြည့်က ဘေးနားရပ်နေသော ကွင်တီနာဆီသို့ ရောက်သွားကာ ဝိုင်ခွက်ကို လက်ထဲတွင်ကိုင်လျက် ပြေပြစ်စွာ ဦးညွှတ်လိုက်သည်။
"လှပတဲ့အမျိုးသမီး၊ မင်းကိုတွေ့ရတာဝမ်းသာပါတယ်။ ငါက နှစ်တစ်ထောင်သက်တမ်းရှိ မြင့်မြတ်တဲ့ ဝေလ်ဆင်မိသားစုက ဆင်းသက်လာတဲ့ ဒန်းနစ်စ်ပါ။ မင်းရဲ့အလှတရားက တကယ့်ကို မမေ့နိုင်စရာပါပဲ"
ကွင်တီနာက မတုံ့ပြန်ဘဲ ခြေလှမ်းတစ်ဝက်ကို နောက်ပြန်ဆုတ်ကာပြောလိုက်သည်။
"ဒါပေမယ့် ကျွန်မတော့ ရှင်နဲ့တွေ့ရတာ ဝမ်းမသာဘူး”
ဤတုံ့ပြန်မှုကြောင့် ဒန်းနစ်၏အမူအရာပြောင်းလဲသွားကာ မျက်လုံးများ ဂနာမငြိမ်ဖြစ်၍ ဒေါသအလင်းရောင်ဖြင့် တဖျပ်ဖျပ်လက်နေသည်။
"မင်းဘယ်သူနဲ့စကားပြောနေတာလဲဆိုတာ မင်းနားလည်မယ်လို့မျှော်လင့်ပါတယ်"
ဤသို့ပြောနေစဉ် သူ့နောက်ကျော၌ သွေးတောင်ပံသုံးချောင်းနှင့်တစ်ဝက်ထွက်ပေါ်လာသည်။
အနီးနားရှိလူများက အံ့အားသင့်သွားကြသည်။
"တကယ်တော့ သူက တော်ဝင်မြို့စားအဆင့်ကို ဖြတ်ကျော်လုနီးဖြစ်နေပြီ"
“သခင်ဝေလ်ဆင်ရဲ့ အမျိုးအနွယ်က တကယ့်ကို ထူးထူးခြားခြားပါပဲ”
ဤဆွေးနွေးမှုများကြားတွင် ဒန်းနစ်၏မျက်နှာတွင် မာနနှင့်မောက်မာမှုအပြည့်ရှိသည်။
"အမျိုးသမီးမြို့ဝန် မင်းရဲ့သဘောထားအတွက် အခုပဲ တောင်းပန်ပြီး ငါ့အပေါ်သစ္စာစောင့်သိနေသမျှ ငါမင်းကို ခွင့်လွှတ်ဖို့ ဆန္ဒရှိပါတယ်"
ကွင်တီနာက သူမ၏ ခေါင်းကို ခါယမ်းလိုက်သည်။
“အိပ်မက်မက်နေလိုက်လေ”
ဘမ်း
ကွင်တီနာ၏ သဘောထားကြောင့် ပတ်ဝန်းကျင်ရှိလူတိုင်း ထိတ်လန့်သွားကြသည်။
ဒန်းနစ်ကို မြို့ဝန်၏ ခွန်အားဖြင့် စိန်ခေါ်ရဲခြင်း။
ဒန်းနစ်၏ မျက်နှာသည် ဒေါသကြောင့် မည်းမှောင်လာသည်။
"ကောင်းပြီလေ အမျိုးသမီးမြို့ဝန်။ ငါမင်းကိုသတိရနေမယ် ကောင်စီပြီးရင် မင်းနဲ့နောက်ထပ်စကားပြောကြတာပေါ့"
ဤသို့ဖြင့် သူက နောက်လှည့်ကာထွက်သွားသည်။
ကွင်တီနာ၏ အတွင်းစိတ်ထဲ၌ သက်ပြင်းတစ်ချက်ကို ရှိုက်လိုက်သည်။ ယခုတင် ဒန်းနစ်ဆီမှ ထွက်လာသော အငွေ့အသက်များကြောင့် သူမ အတော်အတန် ဖိနှိပ်ခံခဲ့ရသည်။
သို့သော် သူ့သခင်အတွက် သူမ ခေါင်းမငုံ့နိုင်ပေ။
ထို့နောက် ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံးကာပြောလိုက်သည်။
"နှမျောစရာပဲ"
ကွင်တီနာနှင့် အခြားသူများသာ ရွှယ်အန်း၏ ထိုနှမျောတသဖြစ်ခြင်းကို သိသည်။
မြို့စား သည် မြို့စားမဟုတ်ပေ။ ထို့ကြောင့် ၎င်းက ပေါင်းထားသော သွေးပုလဲကို အသုံးမပြုနိုင်ပေ။
ဤသည်က ရွှယ်အန်း နှမျောနေမှု၏ အကြောင်းပြချက်ပင်ဖြစ်သည်။ ထိုအချိန်တွင် အရှေ့တွင် ရုန်းရင်းဆန်ခတ်ဖြစ်နေကြသည်။ သွေးမျိုးနွယ်ခန်းမရှိ ကုလားထိုင်ဆယ့်နှစ်ခုအပေါ်၌ ပုဂ္ဂိုလ်များ တဖြည်းဖြည်း ပေါ်လာသည်။
သွေးမျိုးနွယ်ကောင်စီ၏ ကောင်စီဝင် ဆယ့်နှစ်ယောက်စလုံး အမှန်ပင်ရှိနေသည်။ သွေးမျိုးနွယ်အဖွဲ့ဝင်များအားလုံး တညီတညွတ်တည်း ဦးညွတ်လိုက်ကြသည်။
“မင်္ဂလာပါ ကောင်စီဝင်များ”
အလယ်ဗဟိုတွင် မင်းသားဝေလ်ဆင်က ခန်းမတစ်ခုလုံးကို ဝေ့ဝိုက်ကြည့်နေသည်။ နှစ်ထောင်ပေါင်းများစွာ နေထိုင်လာခဲ့သည့် မင်းမျိုးမင်းနွယ်တစ်ဦးအနေဖြင့် သူ၏ ခွန်အားနှင့် ဂုဏ်ဒြပ်တို့သည် အံ့သြဖွယ်ကောင်းလှသည်။
သွေးမျိုးနွယ်ရဲ့အဖွဲ့ဝင်တစ်ယောက်မှ သူနှင့်အကြည့်ချင်းမဆုံဝံ့ဘဲ သူ့အကြည့်များရောက်သွားသည့်အခိုက်တိုင်းတွင် အားလုံးက ခေါင်းညိမ့်ပြလိုက်ကြသည်။
ခြွင်းချက်အနေဖြင့် ဆယ်လီနာက ပီကေဝါးမြဲဝါးလျက် ထောင့်တစ်နေရာကို ငေးကြည့်ကာ ဘာသိဘာသာရပ်နေသည်။
သူမက ဝေလ်ဆင်ကို အေးစက်စက် ပြုံးပြလျက် တစ်စုံတစ်ခုကို ငြိမ်သက်စွာ ရေရွတ်ကာ လက်ခလယ်ကို ဆန့်ထုတ်လိုက်သည်။
မကြားရသော်လည်း၊ သူမ၏ ပါးစပ်ပုံသဏ္ဍာန်အရ ၎င်းသည် သာယာဖွယ်မရှိဟု မည်သူမှ မပြောနိုင်ဘဲနေလိမ့်မည်မဟုတ်ပေ။
ဝေလ်ဆင်၏နှ လုံးခုန်နှုန်းများ မြန်ဆန်သွားစည်။
ဆယ်လီနာ၏ လက်ရှိအမူအရာကို လုံးလုံးလျားလျား မမျှော်လင့်ထားပေ။ သို့သော် ချက်ချင်းပင် အေးစက်သော အပြုံးတစ်ခု သူ့နှုတ်ခမ်းထက်၌ ပေါ်လာသည်။
ဆယ်လီနာသည် သူ့အကြိုက် အရုပ်ဖြစ်ခဲ့ဖူးကာ နှစ်ပေါင်းတစ်ရာကျော် နှိပ်စက်ညှဉ်းပန်းခံခဲ့ရပြီးမှ သူ့ထံ လင်အောက်ခံခဲ့ခြင်းဖြစ်သည်။ သို့သော် အရုပ်တစ်ခုက လက်အောက်ခံလိုက်သည်နှင့် သူ၏ စိတ်ဝင်စားမှုလျော့နည်းသွားသည်။ ထို့ကြောင့် ဝေလ်ဆင်သည် သူမကို အချိန်အတော်ကြာ စိတ်မဝင်စားခဲ့ပေ။
ယနေ့ဆယ်လီနာက ဤအခြေအနေတွင် ရှိနေသည်ကို မြင်လိုက်ရသောခါ သူ့အပေါ် သူ၏ စိတ်ဝင်စားမှုက တစ်ဖန် ထွက်ပေါ်လာပြန်၏။
ကောင်စီက တရားဝင်စတင်သောအခါ ပထမဆုံး စကားပြောသည်ကား ရှေးရိုးဆန်၍ အလယ်ခေတ်ကို အလေးပေးသော အဝတ်အစားမျိုးဝတ်ဆင်ထားသည့် အန်ဒရူးပင်ဖြစ်သည်။
"လေးစားအပ်ပါသော ကောင်စီဝင်များ၊ မနေ့က ငါ့သားမြေး သေဆုံးသွားလို့ စုံစမ်းစစ်ဆေးမှုအရ ငါတို့ သွေးမျိုးနွယ်အများအပြားကို သူနဲ့အတူ အသတ်ခံလိုက်ရတယ်လို့ သိခဲ့ရပါတယ်။ ဒါက ငါတို့ရဲ့ သွေးမျိုးနွယ်ကို ဦးတည်တိုက်ခိုက်တာလို့ ယုံကြည်ပါတယ်” သူ့စကားကြောင့် အနည်းငယ် တုန်လှုပ်သွားသည်။
"အလင်းအသင်းတော်က လုပ်ခဲ့တာလား” သွေးမျိုးနွယ်မှ အခြားအဖွဲ့ဝင်တစ်ဦးက ကျယ်လောင်စွာမေးသည်။
"ဒါက သေချာမသိရသေးဘူး။ ဒါပေမယ့် ငါတို့ သတိကြီးကြီးထားသင့်တယ်လို့ ငါယုံကြည်တယ်။ သိပ်မကြာခင်က တော်ဝင်မြို့စားအယ်လ်ဒင်တန် သေဆုံးသွားတယ်။ အသားအစအနတောင် မကျန်တော့ဘူး၊ အခုတော့ ငါ့သားမြေးတွေ တိုက်ခိုက်ခံလိုက်ရပြီ။ ဒီအဖြစ်အပျက်တွေက ငါတို့ရဲ့ သွေးမျိုးနွယ်ကို ရှင်းရှင်းလင်းလင်း ပစ်မှတ်ထားနေတဲ့လူတွေ အရိပ်ထဲမှာရှိနေတယ်လို့ သက်သေပြနေတာပဲ”
"ဒါ့ကြောင့် ငါတို့ရဲ့သွေးကောင်စီက ဒီကိစ္စနဲ့ပတ်သက်ပြီး သတိထားသင့်တယ်လို့ အဆိုပြုပါတယ်” အန်ဒရူး၏အကြံပြုချက်ကို များစွာသောအဖွဲ့ဝင်များက သဘောပေါက်သွားကြသည်။
"သခင် အန်ဒရူး အရှင့်ရဲ့ အဆိုပြုချက်က မှန်ပါတယ်။ တော်ဝင်မြို့စားအယ်လ်ဒင်တန် သေဆုံးရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့ ဆယ်လီနာကို တစ်ခါက စေလွှတ်ခဲ့တယ်။ အခု သူ့မှာ ဖြေရှင်းချက်တွေ ရှိသင့်ပါပြီ"
ဝေလ်ဆင့်ထံမှ ဤစကားလုံးများထွက်ပေါ်လာသောအခါ
မျက်လုံးများစွာက ဆယ်လီနာကို အာရုံစိုက်လာကြသည်။
အခန်း(၃၉၃) သွေးတောင်တန်းတွက် သတ်ဖြတ်ခြင်း
ဆယ်လီနာသည် ကြီးမားစွာသော ပီကေပူပေါင်းကို ပေါက်သည်အထိ မှုတ်လိုက်ပြီးနောက် ဖြည်းဖြည်းချင်း ပြန်စားလိုက်သည်။
ဒန်းနစ်က မျက်မှောင်ကြုတ်၍ အေးစက်သောလေသံဖြင့်ပြောလိုက်သည်။
"ဆယ်လီနာ၊ မင်းသားလေး မင်းကိုမေးနေတယ်၊ မင်းချက်ချင်းဖြေရမယ်"
ဆယ်လီနာက အားပါတရရယ်မောကာ ဘေ့စ်ဘောရိုက်တံကို ကောက်ကိုင်လိုက်၍ ပြောလိုက်သည်။
“ကျွန်မ တကယ်ပဲ စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ပြီးတော့ အံ့သြစရာကောင်းတဲ့ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိခဲ့တယ်”
"အိုး ဟုတ်လား ဘာလျှို့ဝှက်ချက်လဲ" ဝေလ်ဆင်၏ စိတ်ဝင်စားမှုမြင့်တက်သွားသည်။
"အဲ့တာက အယ်လ်ဒင်တန်ကိုသတ်ခဲ့တဲ့လူပဲ"
"လူသားလား မဖြစ်နိုင်တာ" သွေးမျိုးနွယ်အဖွဲ့ဝင်များသည် တုန်လှုပ်ချောက်ချားစွာဖြင့် မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်လာသည်။
၎င်းတို့၏ မျက်လုံးထဲတွင် တော်ဝင်မြို့စားက လူသား၏ လက်၌သေဆုံးသွားကြောင်းဝန်ခံမည့်အစား လုပ်ကြံ တိုက်ခိုက်သတ်ဖြတ်ခဲ့သည်ဟုယုံကြည်ရန်ပိုမိုလွယ်ကူသည်။
"ဟဲဟဲ၊ ဒါဆို ငါ့ကို ပြောစမ်းပါဦး။ ဒီလူက ဘာလို့ ငါတို့ သွေးမျိုးနွယ်ကို ပစ်မှတ်ထားရတာလဲ" ဒန်းနစ်က အေးစက်စွာ ရယ်မောရင်းဖြင့် မေးသည်။
"ရိုးရှင်းပါတယ်။ အရေးကြီးတဲ့ သွေးမျိုးနွယ်ဝင်တွေက အတော်လေး စိတ်အနှောက်အယှက်ဖြစ်စေလို့ပဲ။ မြို့စားအယ်လ်ဒင်တန်ရဲ့ အသားအစအနတောင် ဘာလို့မကျန်ခဲ့တာလဲဆိုတာ ရှင်သိလား"
"ဘာလို့လဲဆိုတော့ ဒီလူသားစွမ်းအားရှင်က မြို့စားကို သွေးပုလဲတစ်ခုအဖြစ် ပေါင်းထည့်ထားလို့ပဲ"
ဤပြောဆိုချက်ကြောင့် မြို့စားအများအပြား၏ မျက်နှာများ ပြောင်းလဲသွားသည်။
"အလင်းအသင်းတော်ရဲ့လမ်းစဉ်" ဝေလ်ဆင်က ရေရွတ်လိုက်သည်။
အမှန်စင်စစ် အတိတ်တွင် အလင်းအသင်းတော်၏ ခြုံခိုတိုက်ခိုက်မှု၌ ကျဆုံးခဲ့သော တော်ဝင်မြို့စားများရှိခဲ့ကာ သွေးပုလဲအဖြစ်သို့ ပေါင်းစည်းခံရ၍ အသင်းတော်၏ စစ်စွမ်းပကားဆုဖလားများ ဖြစ်လာခဲ့သည်။ သို့သော် ဤနည်းလမ်းပြန်ပေါ်လာလိမ့်မည်ဟု မည်သူကမျှ မမျှော်လင့်ထားခဲ့ပေ။
"ဒီလူက ဘယ်သူလဲ၊ သေချာစုံစမ်းပြီးပြီလား" ဒန်းနစ်က အသံနက်ကြီးဖြင့် မေးသည်။
"သေချာပါတယ် ကျွန်မစုံစမ်းပြီးပြီ သူ့ကို ကျွန်မသခင်အဖြစ်တောင် အသိအမှတ်ပြုပြီးပြီ" ဆယ်လီနာက ဤသို့ပြောလျက် စိတ်လှုပ်ရှားလာသည်။
သူမ၏စကားများက လူအုပ်ကြားကို တုန်လှုပ်ချောက်ချားစေခဲ့သည်။ ဆယ်လီနာရူးသွားပြီဟု လူများစွာက ထင်နေကြသည်။
ဒန်နစ်စ်က ဒေါသတကြီး ဟစ်အော်လိုက်၏။
"နိမ့်ကျတဲ့ လူသားမျိုးနွယ်ကို မြို့ဝန်က သခင်အဖြစ် အသိအမှတ်ပြုနေတာလား။ မင်းက တော်ဝင်သွေးမျိုးနွယ်ရဲ့ ဂုဏ်သိက္ခာကို ညစ်ညူးစေတယ်"
ဆယ်လီနာက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“တော်ဝင်သွေးမျိုးနွယ်ဟုတ်လား။ ငါ့မျက်လုံးထဲမှာ နင်တို့ တစ်ယောက်ချင်းစီက ဝက်တွေ ခွေးတွေနဲ့တောင်မယှဉ်နိုင်ဘူး"
"ဒန်းနစ်၊ သူ့ကို ဖယ်ရှားလိုက်ပါ သူ ရူးသွားပြီ" ဝေလ်ဆင်က ဘာသိဘာသာ ပြောလိုက်သည်။
“ဟုတ်”
ဒန်းနစ်က သူမထံသို့ ချဉ်းကပ်လာစဉ် ပြင်းထန်စွာ ပြုံးပြလိုက်သည်။ ထိုအချိန်မှာပင် သွေးမျိုးနွယ်အဖွဲ့ဝင်အားလုံး၏ နားထဲတွင် တည်ငြိမ်သော အသံတစ်ခု ပဲ့တင်ထပ်လာသည်။
"အားလုံးဒီမှာရှိနေတယ်မလား"
ဤအသံကြောင့် သွေးအုပ်စုဝင်များ အံ့အားသင့်သွားကြသည်။
သို့သော်လည်း ဆယ်လီနာသည် အလွန်အမင်းလေးစားမှုရှိသောအကြည့်ဖြင့် တလေးတစား ဦးညွှတ်ပြလိုက်၏။
"သခင်၊ အားလုံးနီးပါး ဒီမှာပါ"
"ကောင်းတယ်"
ရွှယ်အန်းက အန်းယန်ကို ဦးဆောင်ကာ ရှေ့သို့ တိုးလာသည်။
"လူသားတွေ" သွေးမျိုးနွယ်ဝင်များစွာက အော်လိုက်ကြသည်။
ကွင်တီနာသည်လည်း ရွှယ်အန်းနောက်သို့ အနီးကပ်လိုက်ခဲ့သည်။
“ဒီစက်ဆုပ်ဖွယ်ကောင်းတဲ့ လူသားတွေက ငါတို့ကြားကို ဘယ်လို ရောက်လာတာလဲ။ ဟာရီမန်၊ သွေးတံခါးကို မင်း ဘယ်လို ကာကွယ်ခဲ့တာလဲ” သွေးမျိုးနွယ်အဖွဲ့ဝင်တစ်ယောက်က ဒေါသစိတ်အပြည့်ဖြင့် အံ့သြစွာ အော်လိုက်သည်။
ဆယ်လီနာ၏ ရိုက်နှက်ခြင်းခံရ၍ အညိုအမည်းစွဲနေသော ဟာရီမန်က ဤစကားများကြောင့် တုန်လှုပ်ခြောက်ခြားစွာပြောလိုက်သည်။
“အဲ့တုန်းက အမျိုးသမီး ဆယ်လီနာက ကျွန်တော့်ကို သူ့သူငယ်ချင်းဖြစ်ကြောင်း ထပ်ခါတလဲလဲ အာမခံခဲ့ပြီး မဝင်ရဘူးလို့ပြောတော့ သူ ကျွန်တော့်ကို ရိုက်နှက်ခဲ့ပါတယ်”
"ဆယ်လီနာ မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ" ဒန်းနစ်က ဒေါသတကြီးအော်လိုက်သည်။
"ငါ ဘာလုပ်ဖို့ ကြိုးစားနေတာလဲဟုတ်လား။ ထုံးစံအတိုင်းပဲလေ လွန်ခဲ့သည့်ရာစုနှစ်တစ်ခုက ငါခံစားခဲ့ရတဲ့ အရှက်တရားတွေကို တစ်နည်းနည်းနဲ့ ပြန်လည်ရယူဖို့ ဒီကိုရောက်လာတာ”
ဤစကားအဆုံး၌ ဝေလ်ဆင်၏မျက်နှာက မည်းမှောင်သွားသည်။
"မင်း ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ"
ဤအသံနှင့်အတူ ကြီးမားသော သွေးအလင်းတန်းက သွေးမျိုးနွယ်ခန်းမကြီးထဲမှ ဆယ်လီနာဆီသို့ အရှိန်ပြင်းပြင်းဖြင့် ဦးတည်လာသည်။
မင်းသားတစ်ဦး၏ စွမ်းအားကို အားလုံးမြင်တွေ့နိုင်ပေသည်။
သို့သော် ထိုအချိန်တွင် သွယ်လျသောလက်နှစ်ချောင်းက သွေးစွန်းသောအလင်းရောင်၏ရှေ့တွင် ရုတ်တရက် ပေါ်လာကာ ညင်သာစွာဖြင့် ဖမ်းလိုက်သည်။
ထို့နောက် ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။
"အယ်လ်ဒင်တန်က ငါ့ကြောင့် သေသွားတာ"
သွေးမျိုးနွယ်အဖွဲ့ဝင်များ၏ မျက်နှာများက ချက်ချင်းပြောင်းလဲသွားသည်။ ရွှယ်အန်းက အန်ဒရူးဘက်သို့ လှည့်လိုက်၏။
"မင်းရဲ့သားမြေးကိုလည်း ငါသတ်လိုက်တာ"
အန်ဒရူး၏ မျက်နှာက ပြာဝေသွားသည်။
ရွှယ်အန်းသည် လက်ရှိသွေးမျိုးနွယ်စုဝင်အားလုံးကို ကြည့်လျက် မျက်လုံးထဲမှ သွေးအလင်းရောင်များ ပိုမို ရဲတောက်လာသည်။
"ဒီနေ့ ငါလာရတဲ့ အကြောင်းအရင်းက မင်းတို့ရဲ့ ညစ်ညမ်းတဲ့ သွေးတောင်တန်းကို သုတ်သင်ဖို့ပဲ"
ထိုစကားကြောင့် အခန်းတွင်း တိတ်ဆိတ်သွားကာ ဒေါသသံများ ထွက်ပေါ်လာသည်။
"နိမ့်ကျတဲ့လူ မင်းရဲ့မာနအတွက် မင်းပေးဆပ်ရလိမ့်မယ်"
သွေးမျိုးနွယ်က ကြုံးဝါး၍ ရူးသွပ်စွာ လှုပ်ရှားခဲ့သည်။ ထို့နောက် ခိုက်ခိုက်တုန်အောင် အေးစက်နေသော လူသတ်ရောင်ဝါ ထွက်ပေါ်လာ၏။
သွေးများက ရွှယ်အန်းဆီသို့ တည့်တည့်တိုးလာသည်။
သို့တိုင် ဤပြင်းထန်သော ထိုးစစ်များကြားတွင် ရွှယ်အန်းသည် သူ၏လက်ကို အသာအယာ မြှောက်လိုက်၏။
“ကြာဖြူ… မီးလျှံ”
သူ့စကားများ ပဲ့တင်ထပ်လာချိန်တွင် ဖြူစင်သော မီးတောက်များနှင့် ပန်းပွင့်များ လေထဲ၌ ပေါ်လာသည်။
ထိုကြာဖြူများရှေ့တွင် သွေးများ တောက်ပနေကာ နေအောက်တွင် ဆီးနှင်းများကဲ့သို့ တိတ်တဆိတ် ပျော်ကျလာသည်။
ဝေလ်ဆင်က ရုတ်တရက် ထရပ်လိုက်သည်။
"ဒါက ကြာဖြူ မီးလျှံပဲ၊ သူ့ကို သတ်ပစ်လိုက်၊ ရအောင်သတ်ပစ်လိုက်”
ကြာဖြူမီးလျှံသည် သွေးမျိုးနွယ်ကို ကြီးမားစွာခြိမ်းခြောက်နိုင်သော နတ်မီးလျှံတစ်မျိုးဖြစ်သည်။
သွေးမျိုးနွယ်သည် ၎င်းကို သေစေတတ်သော ရန်သူအဖြစ် အမြဲ မြင်ခဲ့သည်။ ယခု ရွှယ်အန်းက ဤသိုင်းကွက်ကို ထုတ်ဖော်ပြသလိုက်ရာ သဘာဝအလျောက် လူများစွာ၏ ပစ်မှတ်ဖြစ်လာခဲ့သည်။
သွေးမျိုးနွယ်စုဝင်အားလုံး အတူတကွ တိုက်ခိုက်ခဲ့ကြကာ မရေမတွက်နိုင်သော သွေးပင်လယ်ကြီးက ရွှယ်အန်းဆီသို့ စီးဆင်းလာသည်။ ကွင်တီနာနှင့် ဆယ်လီနာ၏မျက်နှာများ ဖြူဖျော့သွားကာ ခြေလှမ်းပေါင်းများစွာ နောက်သို့ ဆုတ်၍ ဤပူးတွဲတိုက်ခိုက်မှုကြောင့် သိသာထင်ရှားစွာ လွှမ်းမိုးခံလိုက်ရသည်။
သို့သော် ရွှယ်အန်းက ဟက်ဟက်ပက်ပက် ရယ်မော၍ ရှေ့သို့ ခြေတစ်လှမ်းတိုးလာသည်။
“စည်းမျဉ်းအားလုံးကို ချိုးဖျက်တဲ့ ကြာဖြူ”
ဘမ်း
ကြာဖြူမီးတောက်များ မရေမတွက်နိုင်အောင် များပြားလာကာ ခန်းမတစ်ခုလုံးကို ရုတ်တရက် ဖုံးလွှမ်းသွားသည်။
မီးတောက်များက ကောင်းကင်ကို ဖုံးလွှမ်းသွားရာ
မရေမတွက်နိုင်သော သွေးမျိုးနွယ်စုဝင်များက ညည်းတွားရန် အခွင့်အရေးပင် မရလိုက်ဘဲ လောင်ကျွမ်းသွားကြသည်။
ဒန်းနစ်စ်က ကြောက်လန့်တကြားအော်လိုက်သည်။
“သခင်၊ ကျွန်တော့်ကို ကယ်ပါ”
ဝေလ်ဆင်က ဒေါသတကြီး ကြုံးဝါးလိုက်ရာ သွေးအလင်းတန်းများထွက်လာ၍ ဒန်းနစ်စ်ကိုကယ်တင်လိုက်သည်။ သို့သော် ဟာရီမန်ကမူ ဤမျှထိ ကံမကောင်းဘဲ မီးတောက်များက သူ့ကို လောင်ကျွမ်းသွားရာ ဗလာနတ္ထိအဖြစ်သို့ ပျောက်ကွယ်သွားသည်။
မရေမတွက်နိုင်အောင်များပြားလှသော မြို့ဝင်များနှင့် မြို့စားများ၏ သွေးပုလဲများက ရွှယ်အန်း၏လက်ထဲသို့ ရေကဲ့သို့ ကျလာသည်။ ရွှယ်အန်းက ပြုံး၍ အန်းယန်ဘက်သို့လှည့်ကာပြောလိုက်သည်။
"မိန်းမ ဒါတွေ ယူသွား”
အန်းယန်က ခေါင်းညိတ်ပြ၍ မုန်ညင်းစေ့ကွင်းကိုဖွင့်ကာ သွေးပုလဲအားလုံးကို တိုက်ရိုက်သိမ်းယူလိုက်သည်။ ဤမြင်ကွင်းက ဝီလ်ဆင်နှင့် အခြား သွေးမျိုးနွယ်စုဝင်များ၏ မျက်လုံးများကို ဒေါသနှင့် ပေါက်ကွဲလုနီးပါး ဖြစ်စေခဲ့သည်။
"အတူတူတိုက်ခိုက်၊ ဖျက်ဆီးပစ်" ဝေလ်ဆင်က အမိန့်ပေး၏။
ဤလူသားသည် ရိုးရှင်းစွာပင် ကြောက်မက်ဖွယ်ကောင်းလှကာ သွေးမျိုးနွယ်စု၏နှလုံးသားအတွက် ပြင်းထန်သောခြိမ်းခြောက်မှုတစ်ခုဖြစ်သည့် ကြာဖြူမီးလျံလည်းရှိသဖြင့် ဖယ်ရှားပစ်ရမည်ဖြစ်သည်။
ကောင်စီဝင် ၁၂ ဦးသည် အနည်းဆုံး မြို့စား အဆင့်တွင်ရှိ၍ ကျန်သူများသည် မင်းသားထက်နိမ့်သည်။ အန်ဒရူးကဲ့သို့သော ထိပ်တန်း တော်ဝင်မြို့စားများနှင့် လက်တွဲလုပ်ဆောင်ခြင်းနှင့် ဤသွေးမျိုးနွယ်စု အင်အားကြီးများ၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင်
ဝေလ်ဆင်က လှောင်ရယ်လိုက်သည်။
"ငရဲမီးသွေး"
ဘမ်း
အဆုံးမဲ့သွေးအလင်းတန်းများက ရွှယ်အန်းနှင့် အခြားအရာများကို တစ်ထပ်ခြင်း ဖုံးအုပ်ထားသည်။
ဝေလ်ဆင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။
"မင်း ဘယ်လောက်ပဲ သန်မာနေပါစေ ငါ့ရဲ့ ငရဲမီးရောင်မှာ မင်းဟာ သွေးအိုင်အဖြစ် ပြောင်းလဲသွားလိမ့်မယ်"
ဤသို့ပြောလျက် ဝေလ်ဆင်၏နှလုံးသားသည် အောင်ပွဲများနှင့်ပြည့်နေသည်။ သူသာ ဤလူ့စွမ်းအားကို သိမ်းပိုက်နိုင်ခဲ့ပါက ၎င်းသည် သူ၏ကိုယ်ပိုင် ကျင့်ကြံရေးအဆင့်ကို များစွာအကျိုးရှိစေမည်ဖြစ်သည်။
သို့သော် သူ၏ စိတ်လှုပ်ရှားမှုသည် စက္ကန့်အနည်းငယ်မျှသာ ကြာမြင့်ခဲ့ပြီးနောက် တည်ငြိမ်သောအသံတစ်ခုထွက်ပေါ်လာ၏။
"ဒါပဲလား ဒါပေမယ့် ငါ့အမြင်အရတော့ အဲ့တာက သာမန်ထက် ဘာမှ မပိုဘူး"
ထိုစကားများဖြင့် သွယ်လျ ဖြူစင်သောလက်တစ်စုံကို ဆန့်ထုတ်ကာ သူ့ပတ်ဝန်းကျင်တွင် ရစ်ပတ်နေသော သွေးအလင်းရောင်ကို ဖြိုခွဲပစ်လိုက်သည်။ ထို့နောက် ရွှယ်အန်းသည် အတွင်းမှ အံ့အားသင့်သွားသော ဝေလ်ဆင် နှင့်အခြားသူများကို ပြုံးပြလိုက်သည်။
"ဒီနေ့ မင်းတို့ထဲက တစ်ယောက်မှ လွတ်မြောက်မှာ မဟုတ်ဘူး"