← Chapters

အခန်း (၃၉၄-၃၉၆)

Vol. 27 Ch. 394-396

အခန်း (၃၉၄-၃၉၆)

Vol. 27 Ch. 394-396

အခန်း(၃၉၄) အဆုံးမဲ့ကြာဖြူက သွေးမျိုးနွယ်စုကို ဖျက်ဆီးခြင်း

ထိုစကားများဖြင့် အဆုံးမရှိသောကြာဖြူ မီးလျံသည် သွေးမျိုးနွယ်စု ရဲတိုက်တစ်ခုလုံးကို ဖုံးအုပ်ထားကာ လမ်းတစ်လျှောက်ရှိ အရာအားလုံးကို မီးလောင်ကျွမ်းသွားစေသည်။

ထိုမြင်ကွင်းကြောင့် သွေးမျိုးနွယ်အဖွဲ့ဝင်အားလုံး၏ နှလုံးသားထဲမှ ထိတ်လန့်သွားခဲ့ကြသည်။

"လူသန်ကြီး၊ မင်းက ဘယ်သူလဲ၊ ငါတို့ရဲ့ သွေးမျိုးနွယ်ကို မင်း ဘာလို့ သတ်တာလဲ”

ဝေလ်ဆင်သည် ထိတ်လန့်စွာ အော်ဟစ်၍ ခန္ဓာကိုယ်မှ ထူထဲသော သွေးအလင်းရောင်များ ဖြာထွက်ကာ ဤမီးတောက်များကို ပြင်းထန်စွာ တိုက်ထုတ်နေသည်။

"ငါဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာက မင်းတို့ တော်ဝင်သွေးမျိုးနွယ်အားလုံး ဒီနေ့သေရမယ်"

"မဟုတ်ဘူး၊ ဘုန်းကြီးတဲ့ သွေးမျိုးနွယ်က ဘယ်တော့မှ ငြိမ်းသွားမှာ မဟုတ်ဘူး၊ နိမ့်ကျတဲ့ လူသား" ဝေလ်ဆင်က ကြုံးဝါးလိုက်သည်နှင့်တစ်ပြိုင်နက် သူ့ပတ်ဝန်းကျင်မှ သွေးအလင်းရောင်များက မရေမတွက်နိုင်အောင် များပြားလာသည်။

ဝေလ်ဆင်၏ နောက်ကျော၌ ကြီးမားလှသော သွေးတောင်ပံခြောက်ခု ထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ်က လင်းနို့ပုံစံအဖြစ် ပြောင်းလဲသွားသည်။ ဤသည်ကို မြင်သောအခါ ကျန်ရှိသော ကောင်စီဝင် ၁၁ ဦးက ဒေါသတကြီး အော်ဟစ်ကာ ၎င်းတို့၏ အသီးသီးအသွင်သဏ္ဍာန် အပြည့်အစုံကို ထုတ်ဖော်လိုက်ကြသည်။

ရွှေလင်းနို့ဆယ့်နှစ်ကောင်သည် လေထဲ၌ ပျံဝဲလျက် သွေးအလင်းရောင်က အလွန်ပြင်းထန်သောကြောင့် မီးတောက်များက ထိန်းထားနိုင်ခြင်းမရှိတော့ပေ။

“လူသား မင်းက တကယ်ပဲ စွမ်းအားကြီးပါတယ် ဒါပေမယ့် ငါတို့ ကောင်စီဝင် ဆယ့်နှစ်ယောက်က ကိုင်တွယ်ရ မလွယ်ဘူး…”

စကားမဆုံးခင်၌ ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"စိတ်ဝင်စားဖို့ကောင်းပေမယ့် ဒါက ရယ်စရာပဲ”

ဤသို့ပြောကာ သူ့လက်ကို ပေါ့ပေါ့ဆဆ ဝှေ့ယမ်းလိုက်သည်။

ခန်းမအတွင်း အဆုံးမဲ့ ဓားအလင်းများ ထွက်ပေါ်လာကာ မိုးခြိမ်းသံများနှင့်အတူ စတင်တိုက်ခိုက်တော့သည်။ ဝေလ်ဆင်နှင့် အခြားသူများ တုန်လှုပ်ခြောက်ခြားသွားကြသည်။

ရွှယ်အန်း၏ အလင်းမီးတောက်များကို တွန်းလှန်ခြင်းဖြင့် အောင်ပွဲခံနိုင်မည်ဟု ထင်ခဲ့ကြသော်လည်း ရွှယ်အန်းသည် ဤကဲ့သို့သော သိုင်းကွက်မျိုးကို တတ်ကျွမ်းနေဦးမည်ဟု အနည်းငယ်မျှပင် မမျှော်လင့်ခဲ့ကြပေ။

သို့သော် နောက်ဆုံး၌ ၎င်းတို့သည် သွေးစုပ်ဖုတ်ကောင် မင်းသားများ ဖြစ်ကြကာ သွေးမျိုးနွယ်၏ သန်မာတဲ့အဖွဲ့ဝင်များဖြစ်သဖြင့် အဆုံးမဲ့ဓားအလင်းအောက်တွင်ပင် ၎င်းတို့ကိုယ်၎င်းတို့ ကာကွယ်နိုင်သည့် စွမ်းအားများရှိနေဆဲဖြစ်သည်။

သို့သော် ၎င်းတို့က ရှောင်တိမ်းနိုင်ခြင်းကြောင့် ကျန်သော သွေးမျိုးနွယ်ဝင်များကလည်း ရှောင်တိမ်းနိုင်မည်ဟု မဆိုလိုပေ။ သွေးမျိုးနွယ်၏ အင်အားအနည်းငယ်နည်းသော အဖွဲ့ဝင်များသည် ကံမကောင်းခဲ့ကြပေ။

ဤသွေးမျိုးနွယ်စုဝင်များသည် အော်ဟစ်လျက် ဓားအလင်း၏ ဝါးမျိုခြင်းခံလိုက်ကြရသည်။

ခန်းမကြီးသည် တိတ်ဆိတ်ခြင်းအတိပြီး၍ ပန်းထွက်လာသော သွေးများနှင့် အသားစိုင်များကို ခုတ်ဖြတ်သွားသော ဓားအလင်းများ၏ အသံများကိုသာ ကြားနိုင်တော့သည်။ ဓားအလင်း ပျောက်ကွယ်သွားသောအခါ

ဤ သွေးမျိုးနွယ်အဖွဲ့ဝင်များ၏ အသွေးအသားများ ပျောက်ကွယ်သွား၍ အရိုးစုများသာ ကျန်ရစ်ခဲ့သည်။

သွေးမျိုးနွယ်၏ ကြောက်မက်ဖွယ် တက်ကြွမှုသည် ၎င်းတို့အား ထိုကဲ့သို့သော အခြေအနေတွင်ပင် ရှင်သန်နိုင်စေခဲ့သည်။

သို့သော် ဆယ်လီနာသည် ဘေ့စ်ဘောရိုက်တံကို ကိုင်ဆောင်ကာ လူသတ်ရန် ကြံရွယ်ထားသည့် မျက်နှာနှင့် ချဉ်းကပ်လာသောကြောင့် ဒန်းနစ်စ်၏ ဦးခေါင်းခွံ တုန်လှုပ်သွားသည်။

ဤအချိန်၌ သူက စကားတစ်လုံးသာပြောနိုင်တော့၏။

"သက်ညှာပေ…"

သူက ဆယ်လီနာကို အသနားခံသောလည်း ပြန်ရလိုက်သည်မှာ လေထုကိုဖြိုခွင်းလာသည့် ဘေ့စ်လောရိုက်တံသာဖြစ်သည်။

ဆယ်လီနာသည် နှစ်ပေါင်းများစွာ ဒေါသအမျက်ဒေါသကို ထို ဘေ့စ်ဘောရိုက်တံထဲသို့ သွင်းခဲ့သည်။ တစ်ချက်ရိုက်လိုက်ရုံဖြင့် ဒန်းနစ်စ်၏ ဦးခေါင်းခွံကွဲသွားသည်။ ဒန်းနစ်စ်သည် မြေပြင်ပေါ်သို့ လဲကျသွားသည့်အခိုက်၌ လူသတ်ရူးသွပ်မှုဖြင့် ပြည့်နေသော ဆယ်လီနာ၏ မျက်လုံးများက ပိုမိုနီရဲလာသည်။ ရှေ့သို့ လှမ်းလာပြီးနောက် သူ့ကို ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်သည်။ အော်သံများတဖြည်းဖြည်း တိုးသိမ်လာသည်။

ဆယ်လီနာ၏ ရက်စက်ကြမ်းကြုတ်သောတိုက်ခိုက်မှုသည် ဒန်းနစ်၏အရိုးများကိုပင် ဖုန်မှုန့်ဖြစ်စေခဲ့သည်။

သွေးမျိုးနွယ်စုက မသေနိုင်လျှင်ပင် ဤကဲ့သို့ ပြင်းထန်သောဒဏ်ရာများက ဒန်းနစ်စ်၏ ပြန်လည်ကုသနိုင်စွမ်းကို အနည်းငယ်နှောင့်နှေးစေသည်။

"မင်းသား၊ ကျွန်တော့်ကိုကယ်ပါ" ဒန်းနစ်စ်က အားကုန်သုံး၏ အကူညီတောင်း၏။

ဝေလ်ဆင်သည် လေထဲမှ လှမ်းကြည့်နေလျက် သူ့မျက်ခွံများ ထိန်းမနိုင်သိမ်းမရ တုန်နေသည်။ ဆယ်လီနာ၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုသည် သူ့ကို ထိတ်လန့်စေခဲ့သည်။ ထိုအခိုက်တွင် ဆယ်လီနာသည် ရပ်တန့်ကာ အနည်းငယ်အသက်ရှူ၍ သူမ၏မျက်နှာပေါ်ရှိ သွေးများကို လျှာဖြင့် လျက်လျက် ခေါင်းကိုမော့ကာ ရူးသွပ်စွာ ရယ်မောလိုက်သည်။

"ချစ်လှစွာသော မင်းသားကြီးလား စိတ်မပူပါနဲ့၊ သူလည်း နင့်နောက်ကိုလိုက်လာလိမ့်မယ်"

ဝေလ်ဆင်သည် ဆယ်လီနာ၏ မျက်လုံးများမှ ရူးသွပ်မှု ကြောင့် အလွန်ထိတ်လန့် သွားပြီး အလိုလို နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားခဲ့သည်။ ကြောက်စိတ်များ ပေါ်လာသည်ကို သိလိုက်ရသောအခါ သူ့မျက်နှာက မည်းမှောင်သွားသည်။

"အားကြီးတဲ့ ကျောထောက်နောက်ခံကြောင့် မင်း ငါ့ကို တွန်းအားပေးနိုင်မယ် မထင်နဲ့။ ငါ့သားစဉ်မြေးဆက်အနေနဲ့ ငါ သေဆိုသေ ရှင်ဆိုရှင် မင်းက ငါ့အမိန့်အတိုင်းပဲ"

ဤသို့ပြော၍ ဝေလ်ဆင်က ဆယ်လီနာကို ကြည့်ကာ

“သေစေ”ဟုပြောလိုက်သည်။ ဆယ်လီနာ၏သွေးရင်းသားရင်းဖြစ်သောသူသည် အမှန်တကယ်ပင် သူမ၏ရှင်သန်ခြင်းနှင့်သေဆုံးခြင်းကို ထိန်းချုပ်နိုင်ခဲ့သည်။ ပုံမှန်အားဖြင့် ဆယ်လီနာသည် ထိုကဲ့သို့ စကားတစ်ခွန်းဖြင့် ပြာဖြစ်ကာ သေဆုံးသွားရပေလိမ့်မည်။

သို့သော် ယခုတစ်ကြိမ်၌ ဆယ်လီနာက မျက်တောင်တစ်ချက်ခတ်၍ ဝေလ်ဆင်ကို မထီမဲ့မြင်ပြုကာ ကြည့်နေသည်၊

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ" ဝေလ်ဆင်က ကြောက်လန့်တကြား အော်၏၊

"မဖြစ်နိုင်ဘူးဆိုတာမရှိဘူး။ မင်းရဲ့မျိုးဆက်ရဲ့ဝိညာဉ်က ငါ့ကို သူ့ရဲ့သခင်အဖြစ် အသိအမှတ်ပြုအောင် လုပ်ပေးလိုက်ပြီ။ အခု မင်းရဲ့ သွေးဆက်ဆိုင်ရာ အကျိုးသက်ရောက်မှုတွေ ဆုံးရှုံးသွားခဲ့ပြီ"

ရွှယ်အန်းသည် ဤအခိုက်အတန့်တွင် ဘာသိဘာသာ ပြောလိုက်သည်။ ထိုအချိန်တွင် အဆုံးမဲ့ဓားများဖြင့် ဆေးကြောပြီးနောက် ခန်းမကြီးအတွင်းရှိ သွေးမျိုးနွယ်အဖွဲ့ဝင်အချို့သာ အသက်ရှင်ကျန်ခဲ့သည်။

သေမင်း၏တံခါးဝတွင်ရှိသော ဒန်းနစ်စ်ကဲ့သို့သော ကောင်စီဝင် ၁၂ ဦးနှင့် သွေးမျိုးနွယ်စုဝင် အနည်းငယ်သာ ကျန်ရှိတော့သည်။ ထိုအချိန်တွင် ဒန်းနစ်၏အရိုးများသည် အမှုန့်ဖြစ်သဖြင့် ၎င်းတို့ဘာသာ ပြန်လည်စုစည်းကာ ဖြည်းဖြည်းချင်း ပြန်ရွေ့လာကြသည်။ နောက်ပြန်လှည့်မကြည့်ဘဲ ဆယ်လီနာက သူမ၏ ရိုက်တံကို ပေါ့ပေါ့တန်တန် ဝှေ့ယမ်းလိုက်သည်။ ဒန်းနစ်၏ စိတ်ပျက်လက်ပျက်အော်ဟစ်သံနှင့်အတူ ထိုအရိုးများကို အမှုန့်အဖြစ်သို့ တစ်ဖန်ပြန်လည်ပြောင်းလဲသွားသည်။

ဤကဲ့သို့ သံသရာလည်ပြီးနောက် ဒန်းနစ်၏ ပြန်လည်ရှင်သန်မှု အရှိန်သည် အလွန်နှေးကွေးလာကာ သေခါနီးအခိုက်တွင် ရှိနေသည်မှာ ထင်ရှားသည်။

ဝေလ်ဆင်က အသက်ပြင်းပြင်းရှူ၍ မာနထောင်လွှားနေသော ခေါင်းကို ငုံ့လိုက်သည်။

"လူသား၊ ငါတို့ရဲ့သွေးမျိုးနွယ်ကို သက်ညှာပေးဖို့ မင်းဘာလိုချင်လဲ"

ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"မင်းတို့အားလုံးကို သွေးပုလဲတွေအဖြစ် ပြောင်းလဲဖို့ပဲလေ အရမ်းရိုးရှင်းတယ်"

ဝေလ်ဆင်က ဒေါသအမျက်ထွက်ကာ အံကို တင်းတင်းကြိတ်ထားသည်။ အတွင်းစိတ်ထဲမှ ကြောက်လန့်နေသော်လည်း ယခုအချိန်တွင် သူ့ဘဝအတွက် တိုက်ပွဲဝင်ရန်မှတပါး အခြားရွေးချယ်စရာမရှိတော့ကြောင်း သူသိလိုက်ရသည်။

"ဒါဆိုသေ" ဝေလ်ဆင်သည် ရုတ်တရက် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ရွှယ်အန်းဆီ တည့်တည့် ချီတက်သွားသည်။ မျက်စိတစ်မှိတ်အတွင်း၌ပင် အသံ၏ အရှိန်ကို ဆယ်ဆကျော်ဖြတ်သွား၏။

ယင်းသည် သွေးမျိုးနွယ်မင်းသား၏ စွမ်းအားအပြည့်ဖြစ်သည်။ သို့သော် သူက ရွှယ်အန်းရှေ့သို့ တခဏချင်း ပြေးသွားသည့်အခိုက်တွင့် ရွှယ်အန်းသည် ရုတ်တရက် ယင်ကောင်တစ်ကောင်ကို မသိမသာ လှမ်းရိုက်သကဲ့သို့ သူ့လက်ကို ရုတ်တရက် ဆန့်ထုတ်လိုက်ကာ ဝေလ်ဆင်ဘက်သို့ တိုက်ရိုက် ရိုက်ချလိုက်သည်။

ခွန်အားအရဆိုလျှင် မင်းသား၏ စွမ်းအားသည် လူသား၏ အင်မော်တယ်အဆင့်နှင့် ညီမျှသည်။

ရွှေအင်မော်တယ်ကိုပင် သုတ်သင်နိုင်သော ရွှယ်အန်းအတွက် ဤစွမ်းအားက မပြောပလောက်ပေ။ ထို့ကြောင့် လက်ဖဝါးရိုက်ချက်တစ်ချက်တည်းဖြင့် ဝေလ်ဆင်သည် မြေပြင်ပေါ်သို့ တိုက်ရိုက်လဲကျသွားသည်။

ဝေလ်ဆင်က မြေပြင်ပေါ်တွင် လဲလျောင်းနေဆဲတွင် ရွှယ်အန်းက သူ့နောက်ကျောမှ အတောင်ပံများကို အတင်းဆွဲကိုင်လိုက်သည်။

ကြီးမားသောအတောင်ပံတစ်စုံကို ရွှယ်အန်းမှ ပြင်းထန်စွာ ဆုတ်ဖြဲပစ်လိုက်သည်။

ဝေလ်ဆင်သည် သနားစရာကောင်းစွာ အော်ဟစ်လျက် ပြင်းထန်သော နာကျင်မှုကြောင့် မူးလဲသွားသည်။

ဤမြင်ကွင်းသည် ကျန်ရှိသော သွေးမျိုးနွယ်အဖွဲ့ဝင်များ၏ ကျောရိုးများကို တုန်လှုပ်သွားစေခဲ့သည်။

သို့သော် ရွှယ်အန်းသည် ဤ သွေးမျိုးနွယ်မင်းသားကို သက်ညှာပေးရန် ရည်ရွယ်ချက်မရှိပေ။

အားစိုက်ထုတ်မှု အနည်းငယ်နှင့်အတူ မကြာမီတွင် သူသည် ဝေလ်ဆင်၏နောက်ကျောမှ တောင်ပံအားလုံးကို ဖယ်ရှားခဲ့သည်။

အဆုံးအထိ သူဆွဲဖြုတ်လိုက်သည့်အခိုက်တိုင်းတွင် ဝေလ်ဆင်က နာကျင်စွာ တုန်လှုပ်နေသည်။ နောက်ဆုံးတွင် ရွှယ်အန်းက လက်ခုပ်တီးကာ ခေါင်းညိတ်၍ သတ်ဖြတ်လိုစိတ်ပြည့်နေသော ဆယ်လီနာကိုပြောလိုက်သည်။

"ကဲ၊ သူက မင်းပိုင်ပြီ"

ဆယ်လီနာက ဝမ်းသာမျက်ရည်ကျကာ "ဟုတ်ကဲ့ပါ သခင်"

ဟုပြောလျက် ရှေ့သို့လှမ်းတက်ကာ ဝေလ်ဆင်၏ခြေကျင်းဝတ်ကို ဆွဲကိုင်၍ ရိုက်တံဖြင့် အကြိမ်ပေါင်းများစွာ ရိုက်ချလိုက်သည်။

ဝေလ်ဆင်သည် ရူးသွပ်ရယ်မောကာ လိမ်နေသော ဆယ်လီနာ၏မျက်နှာကို မြင်လိုက်ရ၍ ထွက်ပြေးရန်ကြိုးစားလျက် နှလုံးသားတစ်ခုလုံး အေးခဲသွားသည်။ သို့သော် ရွှယ်အန်းက သူ၏ တောင်ပံများကို

ပြင်းပြင်းထန်ထန် ဆွဲဖြုတ်ခဲ့သဖြင့် လက်ရှိအချိန်တွက် သူ၏ ခွန်အားကို ပြန်လည်မရရှိသေးပေ။

ဆယ်လီနာသည် လက်ထဲတွင် တောက်ပနေသော ဓားမြှောင်တစ်ချောင်းကို ကိုင်လျက် ရယ်မောလိုက်သည်။

"မင်းသား၊ နောက်လာမယ့်

ဂိမ်းကို ရှင်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်"

“မဟုတ်ဘူး…” ဝေလ်ဆင်သည် ဆယ်လီနာကို ညှဉ်းပန်းနှိပ်စက်ခဲ့ဖူးကာ မစတင်မီတွင်ပင် သူသည် ဤသို့ အလားတူပြောလေ့ရှိသည်ကို ရုတ်တရက် သတိရသွားသည်။

ယခု နေရာများ ပြောင်းပြန်ဖြစ်၍ နှိပ်စက်ညှဉ်းပန်းခံရသူ ဖြစ်လာခဲ့သည်။

အခန်း (၃၉၅) ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကို ဂရုမစိုက်သူ

အေးစက်သောအလင်းရောင်တစ်ခု လင်းလက်လာကာ ဓားမြှောင်တစ်ချောင်းသည် ဝေလ်ဆင်၏လက်ဖဝါးထဲသို့ ရုတ်တရက် ထိုးကျသွား၍ သူကို မြေပြင်ပေါ်တွင် ခိုင်ခံ့စွာထိုးထားသည်။

ပြင်းထန်သော နာကျင်မှုကြောင့် ဝေလ်ဆင်က ဝမ်းနည်းစွာ အော်လိုက်သည်။ ဆယ်လီနာသည် ဓားမြှောင်လက်ကိုင်ကို ကိုင်ကာ ဖြည်းညှင်းစွာ လှည့်လိုက်သည်။ လှည့်ချက်တိုင်းတွင် ဝေလ်ဆင်သည် နာကျင်မှုကြောင့် တုန်ခါသွားကာ ဆယ်လီနာ၏ ရယ်မောသံက ပို၍ ရူးသွပ်လာသည်။

"ရှင် ကျွန်မအပေါ် လုပ်ခဲ့တဲ့ နှိပ်စက်ညှဉ်းပန်းမှုကို ဒီတစ်ကြိမ်တော့ ဆယ်ဆပြန်ပေးမယ်" ဆယ်လီနာက အေးဆေးတည်ငြိမ်စွာပြောသော်လည်း သူမ၏စကားထဲတွင် နစ်မြုပ်နေသည့် အမုန်းတရားများက ကျောရိုးကို တုန်လှုပ်သွားစေခဲ့သည်။

သွေးမျိုးနွယ်၏ကျန်အဖွဲ့ဝင်များက ဒေါသတကြိးအော်၍ ဝေလ်ဆင်ကို ကယ်တင်ရန် ကြိုးပမ်းလျက် တညီတညွတ်တည်း ရှေ့သို့ တိုးလာကြသည်။

ဘမ်း

၎င်းတို့ ရှေ့သို့ အရှိန်ပြင်းစွာ ပြေးလာသောအခါတွင် မရေမတွက်နိုင်သော ဖြူစင်သော မီးတောက်များက သူတို့အတွင်း၌ ခိုင်မြဲစွာ နေရာယူထားသည်။

ရွှယ်အန်း၏ အကြည့်များ ဖျတ်ခနဲ တောက်လာသည်။ "အလျင်စလို မလုပ်နဲ့၊ တစ်ယောက်ပြီးတစ်ယောက် သတ်ရအောင်"

ထိုစကားကြောင့် မီးတောက်များသည် သွေးမျိုးနွယ်ဝင်များအားလုံးကို ဝါးမြိုသွားခဲ့သည်။

၎င်းတို့အနက်မှ ခွန်အားကြီးသူများသည် မီးတောက်၏တိုက်ခိုက်မှုကို တွန်းလှန်ရန် ကြိုးစားသော်လည်း ၎င်းတို့၏ ခုခံမှုက ရထားကို ရပ်တန့်ရန် ကြိုးစားနေကြသည့် ခြင်တစ်ကောင်နဲ့ တူကာ ပြင်းထန်စွာ ဖြိုခွဲခံလိုက်ရသည်။

အော်ဟစ်သံများက သွေးမျိုးနွယ်ခန်းမတစ်ခုလုံးတွင် ပဲ့တင်ထပ်ကာ ရုတ်တရက် ရပ်တန့်သွားသည်။

ကောင်စီဝင်အားလုံးကို ရွှယ်အန်း၏မီးတောက်များဖြင့် သွေးပုလဲများအဖြစ် ပြောင်းလဲပြီးနောက် ရွှယ်အန်းက တစ်လုံးကို ကောက်ယူ စစ်ဆေးကာ ကျေနပ်စွာ ခေါင်းညိတ်သည်။

မင်းသားဆီမှ သန့်စင်ထားသော သွေးပုလဲများသည် မြို့စားများထက် များစွာကြီးမားကာ ၎င်းတို့တွင်ရှိသော အုပ်ချုပ်မှုစွမ်းအားက ပိုမိုအားကောင်းသည်။

ယခုအချိန်တွင် ရွှယ်အန်းတွင် မြို့စားသွေးပုလဲ ဒါဇင်များစွာနှင့် မင်းသား၏သွေးပုလဲ ခုနစ်လုံး သို့မဟုတ် ရှစ်လုံးနီးပါးရှိသည်။

ထို့အပြင် ဤမြင်ကွင်းက ဝေလ်ဆင်၏ နောက်ဆုံးစိတ်ကူးကို ပွက်လောရိုက်သွားစေသည်။

ဤလူသည် သွေးမျိုးနွယ်တစ်ခုလုံးကို သတ်ကာ မျိုးသုဉ်းစေသည့် နတ်ဆိုးတစ်ကောင်နှင့်တူသည်။ ရွှယ်အန်းသည် အနည်းငယိပြုံး၍ တုန်လှုပ်နေသော ဝေလ်ဆင်ကို ကြည့်လိုက်သည်။

ရုတ်တရက် ဝေလ်ဆင်၏ မျက်လုံးများတွင် ကြက်သွေးရောင် အလင်းတန်းတစ်ခု ပေါ်လာကာ ရုတ်တရက် စွမ်းအားများ ပြည့်ဝအားကောင်းလာသည်။

"ငါ့အမျိုးအနွယ်ကို ဘယ်သူသတ်ရဲတာလဲ"

အသံက ပဲ့တင်ထပ်နေချိန်တွင် ဝေလ်ဆင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် လေထုထဲသို့ လွင့်မျောသွား၍ သူ၏ ရောင်ဝါက လျင်မြန်စွာ မြင့်တက်၍ ၎င်း၏တောင်ပံများသည်လည်း မူလအခြေအနေသို့ ချက်ချင်းပြန်လည်ရောက်ရှိသွားရုံသာမက သတ္တမမြောက်အတောင်ပံများလည်း ထွက်ပေါ်လာသည်။

"ဒါက သွေးမျိုးနွယ် ဒုတိယမျိုးဆက်" ကွင်တီနာက ထိတ်လန့်စွာ ထအော်သည်။

ရွှယ်အန်း၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားကာ စိတ်ဝင်တစား စောင့်ကြည့်၍ ခဏတာအကြာ၌ ဝမ်းနည်းစွာ ခေါင်းယမ်းလိုက်သည်။

"ပြကွက်တစ်ခုပါလား နှမျောစရာပဲ"

ဝေလ်ဆင်က အနည်းငယ် ထိတ်လန့်သွားသည်။

"သေမျိုးက ငါတို့မျိုးနွယ်စုရဲ့ စွမ်းအားတွေကို သိနေတာ တကယ် အံ့ဩစရာပဲ၊ တကယ်ပါပဲ ငါကိုယ်တော်ရဲ့ ခန္ဓာကိုယ်က သွေးနယ်ပယ်အတွင်းမှာတည်ရှိနေတယ်။ ဒါပေမယ့် ငါ့ သားစဉ်မြေးဆက်တွေအများကြီးကို သတ်ပစ်တာက သည်းခံလို့ရတဲ့အတိုင်းအတာကို အများကြီး ကျော်သွားပြီ။ ငါ လာကိုလာရတောါတာပေါ့”

ဤသို့ပြောနေစဉ် ဝေလ်ဆင်က ဆယ်လီနာကို ငုံ့ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

"သွေးမျိုးနွယ်စုဝင်တစ်ယောက်အနေနဲ့ မင်းသခင်ကို ဆန့်ကျင်ရဲလား။ မင်းရဲ့အပြစ်ကို မင်းသိလား"

ဆယ်လီနာက မကြောက်မရွံ့ အေးစက်စက် ရယ်မောလိုက်သည်။

"ငါ့အပြစ်ကိုတော့ သတိထားမိတယ်ပေါ့။ ငါ ညှဉ်းပန်းနှိပ်စက်ခံရတုန်းက နင်တို့အားလုံး ဘယ်ရောက်နေလဲ၊ အခုကျမှ မင်းအပြစ်ကိုသိလားလို့ မေးဖော်ရတယ်ပေါ့”

"မင်းက အဆင့်နိမ့်မြို့ဝန်ပဲ ငါ့ကို ဒီလိုပြောရဲလား"

သွေးမျိုးနွယ်စုဝင် ဒုတိယမျိုးဆက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ ဤသည်ကိုကြားသောအခါ ဆယ်လီနာက အေးစက်စွာ အော်ဟစ်၍ လက်နှစ်ချောင်းကို ပြင်းပြင်းထန်ထန် ဆန့်ထုတ်လိုက်သည်။

"ဒါက ငါ့ရဲ့တုံ့ပြန်မှုပဲ"

ဝေလ်ဆင်၏ မျက်နှာက တဖြည်းဖြည်း မည်းမှောင်လာကာ “အထူအပါးနားမလည်တဲ့ ငမိုက်မ” ဟု အေးစက်စွာ ဟစ်အော်လိုက်သည်။

သူ့စကားသံ ထွက်ပေါ်လာသည်နှင့်အမျှ သွေးအလင်းတန်းများက ဆယ်လီနာဆီသို့ တည့်တည့်တိုးဝင်လာသည်။

သွေးအလင်းရောင်အတွင်းပါရှိသော ဧရာမစွမ်းအင်သည် ၎င်းဖြတ်သန်းသွားသည့်နေရာကိုပင် ဂယက်ရိုက်စေသည်။

ပြင်းထန်သောတိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း ဆယ်လီနာသည် မကြောက်တော့ဘဲ နှုတ်ခမ်းများက မထီမဲ့မြင်ပြုကာ ပြုံးပြနေသည်။

ဤသည်က...သူမကို စုန်းမလေးဟု ခေါ်ရသည့် အကြောင်းအရင်းဖြစ်သည်။ ထိုအချိန်တွင် ဓားအလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၍ သွေးအလင်းရောင်ကို ဖြိုခွင်းလိုက်သည်။

ထို့နောက် ရွှယ်အန်း၏ လျစ်လျူရှုသောအသံ ထွက်ပေါ်လာသည်။

"ဒီမင်းသားတွေလို့ ခေါ်တဲ့ကောင်တွေလောက်က သွေးမျိုးနွယ်ရဲ့ မာန်မာနကို နှစ်ပေါင်းများစွာ မထောက်ပံ့ထားပေးနိုင်လောက်ဘူးလို့တော့ ငါထင်ခဲ့တာကြာပြီ။ မျှော်လင့်ထားသလိုပဲ၊ သူတို့နောက်ကွယ်မှာ ဒုတိယမျိုးဆက်လို့ ခေါ်တဲ့ မင်းတို့က ထောက်ပံ့ပေးထားတာမလား"

ဝေလ်ဆင်က လေးနက်စွာကြည့်လိုက်သည်။ ဤအချိန်၌ သူ၏ ရောက်ရှိလာခြင်းမှာ အလျင်စလိုဖြစ်နေခဲ့သဖြင့် သိသာထင်ရှားသော စွမ်းအင်အရင်းအမြစ်များအတွက် ကြိုတင်ပြင်ဆင်မှုမရှိနိုင်ခဲ့ပေ။

ထို့ကြောင့် သူသည် ဤသွေးမျိုးနွယ်ဝင်များကို စည်းကမ်းများသင်ကြားပေး၍ ရွှယ်အန်းနှင့်ရင်ဆိုင်ရန် စိတ်ကူးခဲ့သည်။ သို့သော် ရွှယ်အန်း၏ ကြီးစိုးမှုနှင့် အင်အားသည် သူထင်ထားသည်ထက် များစွာကျော်လွန်သွားခဲ့သည်။

"လူသား၊ ငါ့ရဲ့ သွေးမျိုးနွယ်ရဲ့ စစ်သည်တော်တွေ အများကြီးကို သန့်စင်ပြီး သွေးပုလဲထုတ်တဲ့ကိစ္စအတွက်တောင် အပြစ်မပေးရသေးဘူး။ အခု မင်း ငါ့ သွေးမျိုးနွယ်ရဲ့ အရေးကို ဝင်စွက်ဖက်ဖို့ စီစဉ်နေတာလား" ဝေလ်ဆင်က အေးစက်စွာပြောသည်။

"မင်း တစ်ခုခုမှားနေပြီ။ ငါ ဒီ သွေးတောင်တန်းကိုလာခဲ့တာ မင်းတို့ ထိပ်တန်း စွမ်းအားရှင်တွေအတွက်ပဲ”

ယင်းနှင့်အတူ မရေမတွက်နိုင်အောင်များပြားလှသည့် ဓားအလင်းတန်းများသည် ကောင်းကင်ဆီသို့ ပျံ့လွင့်သွားကာ လေထဲ၌ရှိသော ဝီလ်ဆင်ဆီသို့ ဦးတည်သွားလေသည်။

“စိတ်ကြီးဝင်နေတာပဲ”

ဝေလ်ဆင် ၏ကိုယ်ခန္ဓာထဲသို့ ဆင်းသက်လာသော ဒုတိယမျိုးဆက် သွေးမျိုးနွယ်ဝင်သည် နောက်ဆုံးတွင် ဒေါသဖြစ်ခဲ့သည်။ ထူထပ်၍ ကြီးမားစော သွေးရောင် အလင်းတန်းတစ်ခုက ကြီးမားလှသော လက်သီးချက်တစ်ခုအဖြစ်ပြောင်းလဲ၍ ထွက်ပေါ်လာသော ဓားအလင်းများကိုရင်ဆိုင်ခဲ့သည်။

စူးစူးဝါးဝါးအော်သံတွေ ဆက်တိုက်ထွက်ပေါ်လာကာ ဓားမီးရောင်များ တဖြည်းဖြည်း မှိန်သွားသည်။

ဒုတိယမျိုးဆက် သွေးမျိုးနွယ်ဝင်၏ အပြုံးက တဖြည်းဖြည်းသိသာလာသည်။ ထို့နောက် သူက တစ်ခုခုပြောရန် အဆင်သင့်ဖြစ်နေသည့်အခိုက်တွင်

ရုတ်တရက် နောက်မှ လက်သီးချက်ထွက်ပေါ်လာ၏။

သူက တုန်လှုပ်သွားသဖြင့် ရှောင်ရန်ကြိုးစားလိုက်သော်လည်း ထိုအချိန်တွင် သူ့နားနားမှ တိုးညှင်းသောအသံတစ်ခု ပဲ့တင်ထပ်လာသည်။

“ကောင်းကင်နဲ့ မြေကြီးကို… ရွေ့စေ”

ဘမ်း

သူလုံးဝမရှောင်နိုင်ခဲ့ပေ။

လက်သီးက သူ့နောက်ကျောကို တိုက်ရိုက်ထိုးဖောက်ကာ ရင်ဘတ်မှတစ်ဆင့် ပေါက်ထွက်သွားသည်။

ဒုတိယမျိုးဆက်သည် နာကျင်စွာအော်ဟစ်ကာ ရုတ်တရက် လက်သီးကို ငုံ့ကြည့်၍ ပြော၏။

"လူသား၊ သွေးဘိုးဘေးတွေပြန်လာနေပြီ။ ငါတို့က ဒီကမ္ဘာပေါ်ကို မကြာမီ ပြန်လည်ဆင်းသက်ရတော့မှာ။ အဲ့အချိန်ရောက်ရင် မင်း ပေးဆပ်ရလိမ့်မယ်"

"တိတ်စမ်း” ရွှယ်အန်းက အေးစက်စွာပြောသည်။

ထိုအချိန်တွင် ဝေလ်ဆင်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် လေထဲတွင် သဲများကဲ့သို့ လွင့်ပါးလာ၍ တဖြည်းဖြည်း ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားတော့သည်။

ဤသို့ဖြင့် သွေးတောင်တန်းပေါ်ရှိ သွေးမျိုးနွယ်၏အဖွဲ့ဝင်တိုင်းကို ရွှယ်အန်းတစ်ယောက်တည်း သတ်ပစ်လိုက်သည်။

လန်ဒန်မြို့။

ဂယ်ရီ နှင့် အယ်လ်လွန်ဆိုတို့သည် လယ်ကွင်း၏အစွန်ဘက်သို့ ခြေရာခံ၍ လမ်းလျှောက်လာကြသည်။ အယ်လ်လွန်ဆိုသည်

ဧရိယာအား စစ်ဆေးရန် ချုံပုတ်များတွင် ထိုင်ကာ မတ်တပ်ရပ်လျက် ရှုပ်ထွေးသော အမူအရာဖြင့် ညင်သာစွာ မြေကြီးကို လက်ဖြင့် ဖွနေသည်။

“ဒီမှာ သဘာဝရဲ့ စွမ်းအားနှစ်ခု ထိပ်တိုက်တွေ့တဲ့ ခြေရာတွေရှိတယ်”

"အိုး ဟူတ်လား ဒါဆို တခြားအင်အားစုတွေနဲ့ အမှောင်ညနတ်သူငယ်တွေကြားက ပဋိပက္ခတွေ ရှိနေပြီလား"

"ထင်ရတာပဲ"

"ဥရောပမှာ၊ နတ်သူငယ် မျိုးနွယ်စုကလွဲရင် နတ်ဆရာတွေကပဲ သဘာဝရဲ့စွမ်းအားကို ပိုင်ဆိုင်ထားတယ်၊ အမှောင်ကောင်စီကလည်း ဒီကိစ္စမှာ သူတို့ကိုယ်တိုင် ပါဝင်ပတ်သက်နေသလား" ဂယ်ရီက မျက်ခုံးပင့်ကာ ပြောလိုက်သည်။

"အမှောင်ညနတ်သူငယ်တွေက ပိုပိုပြီး ဆုတ်ယုတ်လာတယ်၊ တော်တော်များများက သူတို့ကို သိမ်းပိုက်ချင်ကြတာ သဘာဝပါပဲ။ ထားပါတော့ အခုချက်ချင်း ဘေးမဲ့တောထဲကို မြန်မြန်ရှာလိုက်တာ ပိုကောင်းမယ်"

ဂယ်ရီက ခေါင်းညိတ်ပြကာ မျက်လုံးများကို ခဏမှိတ်ထား၍ သစ်ပင်ကြီးကို ညွှန်ပြလိုက်သည်။

"ဝင်ပေါက်က ဒီမှာပဲရှိရမယ်"

အယ်လွန်ဆို၏ မျက်လုံးများ တောက်ပလာသည်။

"ကောင်းပြီ၊ ဝင်ပေါက်ကို ရှာတွေ့တာနဲ့ ကျန်တာတွေက လွယ်လိမ့်မယ်"

“ဘုရားသခင် မိန့်တော်မူသည်မှာ၊ ဘုန်းအသရေရှိသမျှသည် ငါ၏ဥစ္စာဖြစ်လိမ့်မည်တဲ့” အယ်လွန်ဆိုက ခပ်တိုးတိုး ရွတ်ဆိုသည်။

ထို့နောက် သန့်ရှင်းသော အလင်းဓားတစ်လက် သူ့လက်ထဲတွင် ပေါ်လာ၍ ပြင်းပြင်းထန်ထန် ထိုးစိုက်လိုက်သည်။

သစ်ပင်ကြီးက သန့်ရှင်းသပ်ရပ်စွာ နှစ်ပိုင်းကွဲသွားသည်။

ဖောက်ထွင်းဖွင့်ထားခဲ့သည့်အရာမှာ နတ်သူငယ် လျှိဝှက်မြေဆီသို့ လမ်းကြောင်းဖြစ်သည်။

အခန်း(၃၉၆) လမင်းကိုယ်စား မင်းကို အပြစ်ပေးမယ်

နတ်သူငယ်သီးခြားမြေ။

ရွှယ်ရှန်း၊ နျန်နျန်နှင့် အစ်ဇဘယ်လာ တို့သည် တောထဲတွင် တူတူပုန်းတမ်း ကစားနေကြသည်။

ယခုတစ်ကြိမ်သည် အစ်ဇဘယ်လာက ရှာဖွေရမည့်အလှည့်ဖြစ်သည်။

"ဘယ်လာ နင် အခု ချောင်းကြည့်လို့ မရဘူး" နျန်နျန်က ရွှတ်နောက်နောက်ပြောလိုက်သည်။

အချိန်အတန်ကြာ ကစားပြီးနောက်တွင် သူမသည် အကြိမ်အများဆုံးဖမ်းမိခြင်းခံခဲ့ရသောကြောင့် အထူးသတိပေးမိခြင်းဖြစ်သည်။

အစ်စဘယ်လာက ပြုံး၍ ခေါင်းညိတ်လိုက်၏။

"ကောင်းပြီ၊ ငါ သေချာပေါက် ချောင်းကြည့်မှာ မဟုတ်ဘူး"

“စတင်”

အစ်စဘယ်လာက သူမ၏မျက်လုံးများကိုမှိတ်ထားကာ ငါးဆယ်အထိ ခပ်တိုးတိုးရေတွက်ပြီးနောက် မျက်လုံးများကိုဖွင့်၍ ခပ်ပါးပါးပြုံးလျက် ပတ်ပတ်လည်ကို ကြည့်လိုက်သည်။

"သြော်... ဒီတစ်ခါတော့ အားလုံးက ဘယ်မှာ ပုန်းနေကြပြီလဲ"

အစ်စဘယ်လာက တောနက်ထဲကို လျှောက်သွားကာ ပြောလိုက်သည်။ သူမမြက်ခင်းပြင်တစ်ခုသို့ရောက်သောအခါ ရယ်မော၍ ငြိမ်သက်စွာရပ်လိုက်သည်။

"နျန်နျန် ငါနင့်ကို တွေ့ပြီ။ ဘာလိုထွက်မလာတာလဲ”

ချုံများက ရွေ့သွားရမည့်အစား အနီးနားရှိ သစ်ပင်အတွင်းမှ နျန်နျန်က နှုတ်ခမ်းစူကာ ထွက်လာသည်။

"ဘာလို့လဲ၊ ငါက ဘာလို့ အမြဲတမ်း ပထမဆုံး ဖမ်းခံရတာလဲ"

ဤတစ်ကြိမ်တွင် အစ်စဘယ်လာက အံ့ဩသွားရသည်။

"အိုး၊ ငါ့အမှားပဲ။ နင် ချုံပုတ်ထဲမှာ ပုန်းနေတာလို့ ထင်နေတာလေ။ နာမည်ခေါ်ရုံနဲ့ နင်ထွက်လာမယ်လို့ ဘယ်သူထင်မှာလဲ"

အစ်စဘယ်လာ၏ စကားကိုကြားသောအခါ နျန်နျန်က ပို၍ပင် စိတ်ဆိုးလာကာ သူမ၏ ထွားကျိုင်းသော ပါးပြင်များ တဆတ်ဆတ် တုန်လာသည်။

"လူဆိုးတွေ ၊ နင်တို့အားလုံးက လူဆိုးတွေ နတ်သူငယ်တွေလည်း လိမ်နိုင်တယ် ဆိုတာ ငါမယုံနိုင်ဘူး "

အစ်စဘယ်လာက ရယ်ရခက် ငိုရခက်ဖြစ်နေ၏။

"နင့်ကို လှည့်စားဖို့ မရည်ရွယ်ပါဘူး။ ငါက လှမ်းအော်တာနဲ့ နင်ကထွက်လာစရာလား။ ဒါ ငါ့အပြစ်မဟုတ်ဘူး"

"ဟမ်" နျန်နျန်သည် မျက်နှာလွှဲသွားကာ ဒေါသထွက်လျက် တိတ်ဆိတ်နေ၏။

"ထူးဆန်းတယ် ရှန်းရှန်းက ဘယ်မှာပုန်းနေတာလဲမသိဘူး" အစ်စဘယ်လာသည် ရွှယ်ရှန်း၏ ပုန်းအောင်းနေသည့်နေရာကို ရှာရန် ကြိုးစားကာ လှည့်ပတ်ကြည့်နေသည်။

သို့သော် နျန်နျန်၏ နုံအပုံနှင့် နှိုင်းယှဉ်ကြည့်လျှင် ရွှယ်ရှန်းက ဂိမ်းများတွင် ပို ရင့်ကျက်သည်။

အစ်စဘယ်လာက အချိန်အတန်ကြာရှာပြီးနောက် မတွေ့ရသည့်နောက်ဆုံးတွင်ပြောလိုက်သည်။

"ကောင်းပြီ၊ ငါလက်လျှော့လိုက်ပြီ။ ရှန်းရှန်းအခု ထွက်သွား"

ရွှယ်ရှန်း၏ တခစ်ခစ်ရယ်သံက သစ်ပင်ပေါ်မှ ထွက်ပေါ်လာပြီးနောက် စကားသံကြလိုက်ရသည်။

အစ်စဘယ်လာ နှင့် နျန်နျန်တို့သည် ရွှယ်ရှန်းက သစ်ပင်ကြီးတစ်ပင်၏ထိပ်တွင် ရပ်လျက် ကျေနပ်စွာ ငုံ့ကြည့်နေသည်ကို မြင်လိုက်ရသည်။

"ဝိုး မမ အရမ်းအံ့သြဖို့ကောင်းတာပဲ၊ တကယ် သစ်ပင်မှာ ပုန်းနေတယ်" နျန်နျန်က ချီးကျူးစကားဆိုသည်။

အစ်စဘယ်လာသည် အနည်းငယ် မှင်တက်သွား၍ မြင့်သောသစ်ပင်ကြီးကို စိုက်ကြည့်ကာ "နင်ဘယ်လိုတက်သွားတာလဲ" ဟုမေးလိုက်သည်။

သစ်ပင်ထိပ်၌ရပ်နေသော ရွှယ်ရှန်းက ဂုဏ်ယူစွာရယ်မောလိုက်၏။

"လွယ်ပါတယ်၊ ဒီသစ်ပင်တွေက အရမ်းနာခံတယ်"

ဤသို့ပြောနေစဉ် သစ်ကိုင်းကြီးက ရွှယ်ရှန်း ခြေထောက်ထားရန် အကိုင်းအခက်တစ်ခုကို ဆန့်ထုတ်လိုက်ကာ သူမကို မြေပေါ်သို့ ဖြည်းညှင်းစွာ ချလိုက်လေသည်။

"ဟယ် နင် အခု သစ်ပင်တွေကို ထိန်းနိုင်ပြီလား" အစ်စဘယ်လာက အံ့ဩသွားသည်။

"ဟုတ်​တယ်​ မ​နေ့ကမှသိလိုက်တာ​"

"မမ ဘယ်လိုလုပ်တာလဲ၊ သင်ပေးလို့ရမလား"

"ဒါက တကယ်ကို ရိုးရှင်းပါတယ်၊ စိတ်ထဲကနေ ဒီသစ်ပင်တွေကို စကားပြောလိုက်"

ဤသည်ကိုကြားသောအခါ နျန်နျန်က ချက်ချင်းပင် သစ်ပင်ကြီးတစ်ပင်ကို လှည့်ကာ မျက်လုံးမှိတ်၍ အာရုံစူးစိုက်မှု စတင်လိုက်သည်။

ထို့နောက် စိတ်ပျက်သောအမူအရာဖြင့် သူမကပြော၏။

“မမ ဘာဖြစ်လို့ အလုပ်မလုပ်တာလဲ”

ရွှယ်ရှန်းလည်း အံ့အားသင့်သွားသည်။

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ တကယ်ရိုးရှင်းပါတယ်။ နင်ဘာပြောလိုက်တာလဲ"

"ရေခဲမုန့်စားချင်တယ်လို့ပြောပြီး သစ်ပင်ကြီးအစ်ကိုကြီးကို ငါ့အတွက် တစ်ခုလုပ်ပေးခိုင်းတာ”

ရွှယ်ရှန်းက စိတ်ပျက်လက်ပျက်ဖြင့် ပြော၏။

"ဟာသပဲ နျန်နျန် သစ်ပင်အကြီးအကဲက နင့်ကို ရေခဲမုန့် ဘယ်လို လုပ်ပေးရမှာလဲ"

“အိုး” နျန်နျန်က ခဏတာမျှတွေး၍ စိတ်လှုပ်ရှားစွာကြည့်ကာပြောသည်။

"ဒါဆို ဟမ်ဘာဂါ ဘယ်လိုလဲ"

: "...."

: "...."

၎င်းတို့ သုံးယောက် ကစားနေကြစဉ်

သူတို့အထက်တွင် မည်းမှောင်နေသော အငွေ့ထုကြီး ရုတ်တရက် ပေါ်လာသည်။

ဂယ်ရီ၊ အယ်လ်လွန်ဆိုနှင့် ၎င်းတို့၏ လက်အောက်ငယ်သားများ ထွက်ပေါ်လာသည်။ ဂယ်ရီသည် မြေပြင်ပေါ်တွင် ရပ်နေသော မိန်းကလေး သုံးယောက်ကို ပြုံးကာ ငုံ့ကြည့်နေသည်

"ဒီနေရာက လှလိုက်တာ၊ ငါတို့ ဝင်လာတာနဲ့ ကောင်မလေး သုံးယောက်ကို တွေ့ရတာ အရမ်းလှတယ်"

"ရှင်ကဘယ်သူလဲ၊ ဘာလို့ဒီကိုရုတ်တရက်ပေါ်လာတာလဲ။" အစ်စဘယ်လာ၏အမူအရာမှာ မည်းမှောင်သွားကာ သူမနောက်တွင် ရွှယ်ရှန်း နှင့် နျန်နျန် တို့ကို အကာအကွယ်ပေးလျက် အေးစက်စွာ မေးလိုက်သည်။

“ငါတို့…” ဂယ်ရီ၏ မျက်နှာက သန့်ရှင်းသောအလင်းရောင်ဖြင့် တောက်ပနေ၏။

“တမန်တွေက မင်းကို အလင်းပေးနေတာလေ”

အလင်းရောင်ရှိနေသည်ကို ခံစားလိုက်ရသော အစ္စဘယ်လာ၏မျက်နှာက သိသိသာသာ ပြောင်းလဲသွားသည်။

“ဒါက အသင်းတော်ရဲ့ လူဆိုးတွေပဲ။ ပြေးကြ”

သူမစကားပြောနေစဉ်တွင်

ထိတ်လန့်နေသောငှက်တစ်ကောင်ကဲ့သို့ အစ္သဘယ်လာသည် ရွှယ်ရှန်းကို လက်တစ်ဖက်နှင့်ဆွဲကိုင်လိုက်ကာ နျန်နျန်ကို နောက်တစ်ဖက်နှင့်ဆွဲကာ မိခင်သစ်ပင်ဆီသို့ ပြေးသွားခဲ့သည်။

ဂယ်ရီက ခပ်တိုးတိုးသက်ပြင်းချလိုက်သည်။

" ငါတို့က ဘုရားသခင်ရဲ့ ကျေးကျွန်တွေကို မင်းက ငါတို့ကို လူဆိုးလို့ခေါ်တယ်ပေါ့”

အယ်လ်လွန်ဆိုသည် ယခုအခါ ထိန်းမနိုင်သိမ်းမရဖြစ်လျက် ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့ကိုစူးစိုက်ကြည့်နေသည်။

"ဂယ်ရီ ဒီနှစ်ယောက်ဟာ နတ်သူငယ် မျိုးနွယ်ကမှ မဟုတ်တ်တာ၊ လူသားအမြွှာတစ်စုံပါပဲ။ အံ့သြစရာကောင်းလိုက်တာ၊ ဒီနှစ်ယောက်က ငါ့ဟာပဲ"

ဂယ်ရီက ခေါင်းညိတ်လိုက်သည်။

အယ်လ်လွန်ဆိုသည် ၎င်းတို့၏ လမ်းကြောင်းကို ပိတ်ဆို့ကာ ထွက်ပြေးသွားသည့် သုံးဦး၏ ရှေ့တွင်ရပ်၍ အော်လိုက်သည်။

"သမီးလေးတို့ အေးအေးဆေးဆေး လက်လျှော့လိုက်ပါ ဦးလေး မင်းကို မထိခိုက်စေချင်ဘူး"

အယ်လ်လွန်ဆို၏ အပြုံးက အလွန်ကြင်နာတတ်သည်ဟု ထင်ရသည်။ သို့သော် ကောင်မလေးသုံးယောက်၏ မျက်လုံးထဲတွင် ဤလူ၏အပြုံးက ရိုးရှင်းစွာပင် ရွံရှာစရာကောင်းလှသည်။

ပြတ်သားသောမိန်းကလေး ရွှယ်ရှန်းက တံတွေးထွေး၍ပြောလိုက်၏။

"ထွီး နင်က ဦးလေးမဟုတ်ဘူး၊ လူဆိုးကြီးပဲ"

သဘာဝအတိုင်း ရိုးရိုးသားသားနှင့် မဆဲရေးတတ်သော နျန်နျန်ကလည်းဝင်ပြောသည်။

“မမ မှန်တယ် မမမှန်တယ်”

အယ်လံန်ဆိုက ဆိုးရွားစံာ ရယ်မောလိုက်သည်။

"ဟဲ ဟဲ၊ ဆက်ပြီး ကျိန်ဆဲလေ၊ ကျိန်ဆဲလေလေ၊ ငါ ပိုစိတ်လှုပ်ရှားလေ"

ထို့နောက် လက်ဝှေ့ယမ်းလိုက်သောအခါ

အလင်းတန်းများစွာက သုံးယောက်ဆီသို့ အရှိန်အဟုန်ဖြင့် ရောက်ရှိလာသည်။ မူလက အစ်စဘယ်လာ အသုံးပြုသည့်နည်းပညာမှာ ဤတစ်ခုဖြစ်သော်လည်း ယခုအခါ အယ်လွန်ဆို၏လက်ထဲတွင် ၎င်းသည် ပိုမိုအားကောင်းလာခဲ့သည်။

အစ်စဘယ်လာက စပျစ်နွယ်ပင်ပေါင်း ဒါဇင်ပေါင်းများစွာကို ထုတ်လွှတ်၍ ခုခံရန် ကြိုးစားနေစဉ်တွင် ကျယ်လောင်စွာ အော်လိုက်သည်။ သို့သော် အားကိုးရာမဲ့စွာဖြင့် သူမ၏ ခွန်အားမှာ အလွန်အားနည်းနေသေးသဖြင့် အယ်လွန်ဆိုနှင့် မယှဉ်နိုင်ပေ။

စပျစ်နွယ်ပင်များသည် တခဏအတွင်း ပြာများအဖြစ်သို့ ပြောင်းလဲသွားသည်။

အယ်လွန်ဆိုက သူ့လက်ထဲတွင် အောင်ပွဲရှိနေပြီဟု ထင်နေချိန်တွင် ရွှယ်ရှန်းနှင့် နျန်နျန်တို့က

၎င်းတို့အဖေပေးထားသည့် ဒယ်ပြားကို တပြိုင်တည်း ဆွဲထုတ်လိုက်ကာ နှစ်ယောက်စလုံးက အော်လိုက်သည်။

"မှော်ဆန်တဲ့ မိန်းကလေးအသွင်ပြောင်း"

အယ်လွန်ဆို၊ ဂယ်ရီနှင့် အခြားသူများက ရယ်မောကာ ဤသည်ကား ကလေးနှစ်ယောက်၏ ရူးနှမ်းသော စကားများမှတပါး မည်သည့်အရာမျှ ဖြစ်မလာနိုင်ဟု ယူဆကြသည်။

သို့သော် မထင်မှတ်ဘဲ လေပြင်းများတိုက်ခတ်လာကာ ဒယ်ပြားသည် အဆမတန်ကြီးထွားလာ၍ ကြီးမားသော အပြာရောင်ဒယ်ပြားကြီးအဖြစ် ချက်ချင်းပြောင်းလဲသွားသည်။

၎င်းတို့က ထိုချည်တက်လာသောအလင်းတန်းများကို ဖြိုခွင်းကြသည်။

ဘမ်း

အယ်လွန်ဆို၏ အံ့အားသင့်နေသော အကြည့်အောက်တွင် အလင်းတန်းများ ပြတ်တောက်သွားခဲ့သည်။

ဒယ်ပြားများကို လက်ထဲတွင်ကိုင်ထားသည့် ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့က ဂုဏ်ယူစွာဖြင့် မေးစေ့များကို မော့ထားသည်။

"လူဆိုးကြီး၊ ဒီနေ့ ငါတို့ညီအစ်မတွေက နင့်ကို လရဲ့နာမည်နဲ့ အပြစ်ပေးလိမ့်မယ် အူထရာမန်း တိုက်ခိုက်"

ဘန်း

အယ်လွန်ဆို ဆီသို့ တည့်တည့်တိုးဝင်နေသော ပြင်းထန်သော ရောင်ဝါနှင့်အတူ ဒယ်ပြားက ရုတ်တရက် ပျံတက်လာသည်။ အယ်လွန်ဆို၏ ခန္ဓာကိုယ် တုန်လှုပ်သွားကာ ထိုဒယ်ပြားတိုက်ခိုက်မှုကို ရှောင်တိမ်းခဲ့သည်။

သို့သော် သူရှောင်တိမ်းနိုင်ပြီးမကြာမီ၌ ချက်ချင်းပင် ဒယ်ပြားက ပြန်ပေါ်လာ၍ ထပ်မံရိုက်နှက်ပြန်သည်။

အယ်လွန်ဆိုသည် မြေပြင်ပေါ်သို့ လဲကျသွားသည်။

ထို့နောက် ဒယ်ပြားကြီးက ကျယ်လောင်သော မိုးခြိမ်းသံနှင့်အတူ ကျလာသည်။

အယ်လွန်ဆိုက ကြောက်လန့်တကြား အော်လိုက်၏။

“ယုံကြည်ခြင်းအားဖြင့် မသေနိုင်ဘူးလို့ ဘုရားသခင် မိန့်တော်မူတယ်”

ဘမ်း

အဖြူရောင်အတားအဆီးတစ်ခုသည် ဒယ်ပြားကို တားဆီးနိုင်ခဲ့သည်။

သို့သော် သူ့အသက်မရှုနိုင်ခင်၌ နျန်နျန်က သူမ၏ လက်ကိုမြှောက်၍ အော်လိုက်သည်။

"အာထရာမန်း လူဆိုးကြီးကို အနိုင်ယူသွား"

ဒယ်ပြားသည် ချက်ခြင်းပင် ပြေးသွားကာ အတားအဆီးကို ဖြိုချလိုက်သည်။

ဒယ်ပြားနှစ်ခု တစ်ပြိုင်နက် စတင်တိုက်ခိုက်သည်။

ပြင်းထန်သော လှိုင်းလုံးကြီးတစ်ခုပြီးနောက်၊ မြေပြင်သည် လူပုံသဏ္ဍာန် ကျွင်းပေါက်တစ်ခုမှလွဲ ဘာမျှမကျန်တော့ပေ။

"အစ်မ၊ လူဆိုးကြီးသေပြီလား" နျန်နျန်က မေးသည်။

"ငါလည်းမသိဘူး" ရွှယ်ရှန်းက ခေါင်းခါလိုက်သည်။

ထိုအချိန်တွင်၊ မီးလောင်ကျွမ်းနေသော အယ်လွန်ဆိုသည် မြေပြင်မှ ပေါက်ကွဲထွက်လာ၍ ဒေါသသံအပြည့်ဖြင့် အော်လိုက်သည်။

"မင်းတို့ အားလုံးကို ငါသတ်မယ်"

All Chapters